ယူရိုဗိုလ်လုပွဲကို လေ့လာကြည့်ခြင်း

ယူရိုဗိုလ်လုပွဲကို လေ့လာကြည့်ခြင်း စပိန် Vs အင်္ဂလန် [14 Jul 24 - 01:30 hrs]

ယူရိုဗိုလ်လုပွဲကို လေ့လာကြည့်ခြင်း နှစ်သင်းစလုံးမှာ မျှော်လင့်ချက်အပြည့် ဆုပ်ကိုင်ထားတာချင်းတူတယ် ချန်ပီယံနေရာအတွက် မျှော်မှန်းထားကြပါတယ် စပိန်အသင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းပြီး ထိရောက်မှုရှိတယ် အင်္ဂလန်တို့ကျတော့ သိပ်ပြီး အဆင်မပြေသေးပါဘူး ဒါပေမယ့်လည်း အဆင်ပြေအောင် စွမ်းဆောင်နိုင်ကြပါတယ် အခုနောက်ပိုင်း နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် စပိန်ဘက်က ပိုကြည့်ကောင်းတယ် ၈ ပွဲဆက်တိုက်အနိုင်ရရှိထားပြီဖြစ်ပါတယ် အင်္ဂလန်အသင်းကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၂ ပွဲသရေ ဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ မနိုင်မရှုံးလေးတော်တော်ဖြစ်ပြီး တစ်ယောက် ၂ ပွဲစီ အနိုင်ရသွားကြတယ် ပြီးရင် ၁ ပွဲ သရေကျသွားပါတယ် ဒီပွဲ ပွဲစစလာချင်း နှစ်သင်းစလုံးကပဲ တိုက်စစ်ဆင်ပြီး ကစားလိမ့်မယ် စပိန်ဘက်က စွမ်းဆောင်ရည် အရမ်းတက်ကြွပေမယ့် ဒီအဆင့်ကို ၂ နှစ်ဆက်တိုက် အတွေ့အကြုံရရှိထားတဲ့အင်္ဂလန်ကိုတော့ လွယ်လွယ်လေးနဲ့ တက်ကြိတ်နိုင်မယ်မထင်ပါဘူး နောက်ပြီး အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း သတိထားဖို့လိုနေတယ် နည်းနည်းမှားမိတာနဲ့ တန်းခံရမှာကျိန်းသေတယ် စပိန်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းတာထက် ပြီးပြည့်စုံနေပါတယ် ကစားသမားအသီးသီးတွေကလည်း တော်တော်အဆင်ပြေတယ် အင်္ဂလန်အသင်းကသိပ်ပြီး မကောင်းပေမယ့် အဆင်ပြေအောင်တော့ စွမ်းဆောင်နိုင်ကြပါတယ် ကံကောင်းတာလည်းပါပါတယ် ဒီပွဲ အရမ်းကြည့်လို့ကောင်းလိမ့်မယ် အသင်းကြီးတွေရဲ့ ပြိုင်ပွဲလည်းဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကစားသမားတွေရဲ့ တိုက်ခိုက်မှုကို ကြည့်ရမှာဖြစ်ပါတယ် နည်းစနစ်အမျိုးမျိုးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ ခန့်မှန်းရခက်ပါတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ စပိန်အသင်းက Pressing ဆွဲပြီး ကပ်နိုင်သွားမယ်လို့ ထင်မြင်ထားပါတယ်။

Spain – ပြီးခဲ့တဲ့တစ်ပွဲဆုန်းက စပိန်အသင်းက အရမ်းခက်တဲ့ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ပွဲ ပြင်သစ်ဘက်က ပထမ ၉ မိနစ်မှာ တစ်ဂိုးအရင်ဦးနိုင်ခဲ့ပါတယ် အဲ့ကနေပြီးတော့ ၂၁ မိနစ်မှာ စပိန်ဘက်က အသက် ၁၆ နှစ်မှ ၁၇ နှစ်အဝင် Lamine Yamal ရဲ့ဂိုးသွင်းချက်ကြောင့် ချေပဂိုးပြန်ရသွားတယ် ပြီးရင် ၂၅ မိနစ်မှာ စပိန်ဘက်ကပဲ နောက်ထပ်တစ်ဂိုးရသွားပြီး အဲ့ဒီပွဲရလဒ်ကို မိနစ် ၉၀ ပြည့်အောင် ထိန်းကစားလာပါတယ် ပြင်သစ်ကို ၂-၁ နဲ့ နိုင်ပြီး ဒီအဆင့်ကို တက်ရောက်လာတယ် စပိန်အသင်းမှာ ဘာပြသာနာမှမရှိပါဘူး ဒါပေမယ့် ဒီပွဲ ၁၆ သင်းအဆင့်တုန်းက ဒဏ်ရာရသွားတဲ့ Pedri ပဲ မရှိသေးတာပါ ခံစစ်မှူးဖြစ်တဲ့ Dani Carvajal နဲ့ Robin Le Normand တို့ကျတော့ ဒီပွဲ ပြန်လာပါပြီ ဒီပွဲအသင်းနည်းပြက သူ့အသင်းကို ၄-၃-၃ စနစ်နဲ့ ကစားခိုင်းပြီး ဂိုးသမားနေရာ Unai Simon ကို တာဝန်ပေးထားလိမ့်မယ် ညာဘက်ခံစစ်ကျတော့ Dani Carvajal ကိုထားပြီး ကွင်းလယ်ခံစစ်နေရာမှာ Aymeric Laporte, Robin Le Normand တို့ကို တွဲထားလိမ့်မယ် Marc Cucurella ကျတော့ ညာဘက်ခြမ်းမှာ တာဝန်ယူထားလိမ့်မယ် Rodri ကျတော့ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားပွဲဖန်တီးဖို့နဲ့ ထိန်းချုပ်ဖို့ တာဝန်ရှိပြီး နောက်ဆုံးတစ်ပွဲတုန်းက ဂိုးသွင်းနိုင်တဲ့ Dani Olmo ဟာ Fabian Ruiz နဲ့အတူ တိုက်စစ်ဆင်ကစားဖို့ လှုပ်ရှားလိမ့်မယ် အသက် ၁၆ နှစ်နဲ့ ယူရိုအစီစဉ်မှ အသက်အငယ်ဆုံး တောင်ပံကြယ်ပွင့်လေး Lamine Yamal ကျတော့ Alvaro Morata နဲ့ Nico Williams တို့နဲ့အတူ ဂိုးသွင်းဖို့ တာဝန်ယူထားလိမ့်မယ်။

 

England – အင်္ဂလန်အသင်းကျတော့ အရင်တစ်ပွဲတုန်းက သိပ်မထက်တဲ့နယ်သာလန်နဲ့ တစ်လှည့်ကျ တိုက်စစ်ဆင်ကစားခဲ့ကြပါတယ် အဲ့ပွဲ နယ်သာလန်ဘက်က စောစောစီးစီး ပထမ ၇ မိနစ်ကတည်းက တစ်ဂိုးအရင်ဦးနိုင်တယ် ဒါပေမယ့် မကြာဘူး အင်္ဂလန်ဘက်က မရသင့်တဲ့ပင်နယ်တီကို ရပြီး ဟယ်ရီကိန်းရဲ့ကန်ချက်ကြောင့် ချေပဂိုးရသွားပါတယ် ပွဲပြီးခါနီးအချိန်မှာ အင်္ဂလန်ဘက်က အရန်ကစားသမားကို ဆင်းကစားခိုင်းပြီး ဂိုးထပ်သွင်းနိုင်တယ် Cole Palmer ရဲ့ အကူအညီနဲ့ Ollie Watkins က ဂိုးပိတ်သွင်းလိုက်ပါတယ် ဒီပွဲ စပိန်ဘက်က အနိုင်ရသွားလို့ရှိရင် ယူရိုချန်ပီယံ စတုတ္ထအကြိမ် ဖြစ်လာလိမ့်မယ် ဒါပေမယ့် အင်္ဂလန်ဘက်က အနိုင်ရသွားရင်တော့ ယူရိုချန်ပီယံ ပထမဦးဆုံးအကြိမ် ဖြစ်လာလိမ့်မယ် ဒီပွဲ အင်္ဂလန်အသင်းမှာ ဘာပြသာနာမှမရှိပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ဒဏ်ရာအနည်းငယ်ရသွားတဲ့ ဟယ်ရီကိန်းဟာ ဒီပွဲ ဆင်းဖို့ အဆင်သင့်ဖြစ်ပါတယ် ဆောက်ဂိတ်က ဒီပွဲ သူ့အသင်းကို ၃-၄-၂-၁ စနစ်နဲ့ ဂိုးသမားနေရာ အဲဗာတန်မှ Jordan Pickford ကိုပဲ တာဝန်ပေးပြီး Kyle Walker၊ John Stones၊ Mark Gehi တို့ကိုကျတော့ Center Half အနေနဲ့ ဆင်းကစားလိမ့်မယ် Bukayo Saga ကတော့ ညာဘက် တောင်ပံခံစစ်မှာ တာဝန်ရှိပြီး ပွဲတိုင်း သူ့ position နဲ့သူ စွမ်းဆောင်ရည်ကောင်းတဲ့ Kieran Trippier ကျတော့ ညာဘက်တောင်ပံ့ခံစစ်နေရာမှာ တာဝန်ယူထားလိမ့်မယ် အဲ့နေရာ လုရောပြန်လာပြီဆိုပေမယ့် အခွင့်အရေး မရလောက်သေးပါဘူး ကွင်းလယ်နေရာကနေ ကစားပွဲထိန်းချုပ်ဖို့ကျတော့ Kobby Mainoo, Declan Rice တို့ကို တာဝန်ပေးထားလိမ့်မယ် ရီးရဲလ်မက်ဒရစ်မှ ခြေစွမ်းကောင်း Jude Bellingham ကို ပရီးမီးယားလိဂ်မှ အရမ်းကောင်းတဲ့ကစားသမား Phil Foden နဲ့ တိုက်စစ်ကနေ ကစားပွဲလှုပ်ရှားလိမ့်မယ် ဂိုးသွင်းဖို့ Striker နေရာကျတော့ ဟယ်ရီကိန်းကိုပဲ တာဝန်ပေးထားလိမ့်မယ်

11 Players

Spain (4-3-3) : Simon; Carvajal, Le Normand, Laporte, Cucurella; Ruiz, Rodri, Olmo; Yamal, Morata, Williams

England (3-4-2-1) : Pickford; Walker, Stones, Guehi; Saka, Mainoo, Rice, Shaw; Bellingham, Foden; Kane

 

Missing Players

Spain – Pedri (Inner ligament stretch of the knee)

England – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook