ကမ္ဘာ့ချန်ပီယံလောင်း 1

ကမ္ဘာ့ချန်ပီယံလောင်း

၂၀၂၂ ကမ္ဘာ့ချန်ပီယံလောင်း 
ကာတာတွင်ကျင်းပသော ၂၀၂၂ ကမ္ဘာ့ဖလားဟာ ၂၀ ရက်နေ့ နိုဝင်ဘာလမှစတင်ကျင်းပသွားမှာဖြစ်ပြီး အသင်းအသီးသီးတွေရဲ့ အသင့်ပြင်ဆင်မှုအသီးသီးကို ဌာနအသီးသီးတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ အသင်းဝင်ကစားသမားတွေက နည်းပြချမှတ်ထားတဲ့စနစ်အတိုင်း လုပ်နိုင်ကြမလားမသိသေးပါ။ တကယ့်ထိပ်တန်းအသင်းတွေရော ဂရုအဆင့်ကို ပစ်မှတ်တင်ထားတဲ့အတိုင်း ဖြတ်ကျော်နိုင်မလားဆိုတာ ufamm888 မှတစ်ဆင့် ချန်ပီယံလောင်းဖြစ်တဲ့ အသင်း ၃ သင်းကို ကြိုတင်ခန့်မှန်းထားပါတယ်။ ၂၀၂၂ ကမ္ဘာ့ချန်ပီယံလောင်းတွေထဲမှာ ဘယ်အသင်းတွေပါလဲဆိုတာ ကြည့်ကြရအောင်။

ကမ္ဘာ့ချန်ပီယံလောင်း နံပါတ် ၁

Brazil ဘရာဇီးတို့ရှိနေတဲ့ဂရုက တော်တော်မလွယ်ဘူးဗျ၊ အဲ့ဂရုထဲကအသင်းတိုင်းပဲ အရမ်းသတိထားပြီး ကစားကြပါတယ်။

ကင်မရွန်းတို့ ဆားဗီးယားနဲ့ ဆွစ်ဇာလန်တို့ပါပဲ။ ဒါပေမယ့်လည်း ဘရာဇီးနဲ့ယှဉ်ကြည့်ရင်တော့ ဘရာဇီးဘက်က တော်တော်ပဲပိုသာပါတယ်။ အဲ့ဒီတော့ ဒီဂရုအဆင့်ပွဲမှာ ဘရာဇီးအတွက် စိတ်ပူစရာမရှိပါဘူး။ ၁၆ သင်းအချီမှာကျတော့ အမျိုးမျိုးထွက်ရှိလာနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်အမြင်နဲ့ဆိုရင်တော့ ဘရာဇီးတို့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ပါတယ်။ နောက်ဆုံး ၈ သင်းအချီကိုပဲ ကျော်ကြည့်လို့တောင်ရတယ်။ အဲ့အဆင့်ရောက်တော့ ဘယ်အသင်းမဆို ရှိတာအကုန်ချလုပ်သွားကြမှာပဲ။ လက်ရှိ အတွေ့ကြုံနဲ့ ကစားသမားအသီးသီးရဲ့ Form ကိုယူပြီးပြောရင်တော့ ဘရားဇီးလောက်ဘယ်အသင်းမှ မကောင်းသေးပါဘူး။

ကစားသမား ၂၆ ယောက်ရဲ့ သုံးသပ်ချက် – ပါဝင်တဲ့ကစားသမား ၂၆ ယောက်ကျေညာတုန်းက လွဲချော်မှုနည်းနည်းရှိပါတယ်။ ဒါပေမယ့် ဘာမှတော့မဖြစ်ပါဘူး။ ဘရာဇီးအသင်းရဲ့ Position တိုင်းက တောင့်တင်းမှုရှိနေပြီးသားပါ။ ဂိုးသမားကစ ကြမ်းပါတယ်။ Ederson နဲ့ Alisson တို့က တကယ့်ကမ္ဘာ့ပြိုင်ဘက်ကြီးတွေပါဗျာ။ ခံစစ်ပိုင်းကျတော့ လူဟောင်းတွေရှိသလို လူသစ်တွေလည်းရှိပါတယ်။ ဆေးလ်ဗား၊ Millitao နဲ့ Bremer တို့ပေါ့။ ကွင်းလယ်ပိုင်းကျတော့ နည်းနည်းနာမည်ကြီးနေတဲ့ Guimarães ရှိမယ်၊ ပြီးတော့ Casemiro နဲ့ Fred တို့အတွဲပဲဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကတော့ အရမ်းတက်ကြွပြီး အပြေးမြန်တဲ့ Vinicius တို့ နေမာတို့ ပြီးတော့ Martinelli တို့ပဲ ဖြစ်ပါတယ်။

အားသာချက် – တိုက်စစ်ပိုင်းမှ လက်နက်အစုံဆုံးပဲလို့တောင်ပြောနိုင်ပါတယ်။ တိုက်စစ်မှူးအသီးသီးမှာ စကေးကောင်းပြီး အပြေးမြန်တယ်။ ဂိုးသွင်းချက်မှာလည်း ပြတ်သားမှုရှိတယ်။ ကွင်းထဲက နေရာသိပ်မရပေမယ့် အဆင်ပြေအောင် ပြုပြင်နိုင်တယ်။ ဘောလုံးကို လွယ်လွယ်လေးနဲ့မဆုံးရှုံးတတ်ဘူး။ ဘရာဇီးရဲ့ လက်ရှိကစားသမားတွေက ပြောစရာမရှိလောက်အောင် ပြည့်စုံနေပါတယ်။

အားနည်းချက် – နည်းနည်းတော့မြင်ခဲ့ရပါတယ်။ လက်ရှိဘရာဇီးရဲ့ Wing-Back နေရာက သိပ်ပြီးမတက်ကြွဘူးဗျ။ ခံစစ်ပိတ်လို့သိပ်မကောင်းသလို တိုက်စစ်ဆင်ဖို့လည်း မထိမရောက်ဖြစ်နေတယ်။ ဒါကတော့ လျှို့ဝှက်ပေါက်ကနေ လှမ်းမြင်တာပေါ့နော်။ ဒါပေမယ့်လည်း သူတို့က ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ဖို့အနေနဲ့ တိုက်စစ်တွေ ရှယ်ဆင်ခဲ့ကြလိမ့်မယ်။

ကမ္ဘာ့ချန်ပီယံလောင်း နံပါတ် ၁ ­- ဘရာဇီ

ကစားစနစ် – 4-3-3/ 4-2-3-1  

တောင့်တင်းမှု – 9.0/10.0

Road to Final အခက်ခဲ – 7/10

အသင်းနည်းပြ (8.0/10.0)  – Tite

Tite ဟာ၂၀၁၆ ခုနှစ်တုန်းကမှ ကားလို့စ်ဒွန်ဂါနေရာ အစားထိုးပြီး ဝင်ရောက်လာခဲ့ပါတယ်။ Tite လက်အောက်ရောက်သွားတာနဲ့ ဘရာဇီးနိုင်ငံအသင်းကို ဦးဆောင်ပြီး ၂၀၁၈/၁၉ ခုနှစ် ကိုပါအမေရိကချန်ပီယံရအောင် လုပ်နိုင်တယ်။ တောင်အမေရိကတိုက်ထဲတွင် နံပါတ် ၁ ဖြစ်တဲ့အသင်းဟာ ဘရာဇီးတို့ပဲဖြစ်ပါတယ်။ Tite က ဘရာဇီးအသင်းကို ၇၆ ပွဲ အုပ်ချုပ်ခဲ့ပြီး အနိုင် ၅၈ ပွဲ သရေ ၁၃ ပွဲနဲ့ အရှုံး ၅ ပွဲလေးပဲရရှိခဲ့တယ်။ တစ်ပွဲနဲ့တစ်ပွဲမှာ ရမှတ်နှုန်းက ၂.၄၆ တောင် ပြထားပါတယ်။ Tite ရဲ့စတိုင်လ်က တိုက်စစ်ပိုင်းကို ဦးစားပေးပါတယ်။ ဘရာဇီးအသင်းက တစ်ပွဲနဲ့တစ်ပွဲမှာ သွင်းဂိုး ၂.၁၅ နှုန်းတောင် ရှိပါတယ်။ တိုက်စစ်ပိုင်းကိုဦးစားပြီး ခံစစ်ပိုင်းညံ့နေတာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ခံစစ်ပိုင်းက တစ်ပွဲနဲ့တစ်ပွဲမှာ သွင်းခံထိတဲ့ဂိုးစံနှုန်းက ၀.၃၈ ထဲပဲရှိပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပွဲထဲပါဝင်မယ့်ကစားသမားတွေကြည့်ပြီး တော်တော်ကြမ်းမယ့်ပုံပဲလို့ ယူဆထားပါတယ်။ ဘာလို့လည်းဆိုတော့ ကစားသမားတိုင်းက တစ်သက်မှာ အကောင်းဆုံးအချိန် ဖြစ်နေပြီမို့လို့ပါ။ ပြီးတော့ အသင်းနည်းပြမှာလည်း အတွေ့ကြုံတော်တော်များနေတယ်။ ဒီနှစ် သူတို့အတွက် တော်တော်ဟုတ်နေပါတယ်။

ပထမကစားသမား ၁၁ ယောက် – Allison – Millitao – Marquinhos – Alex Sandro – Bremer – Casemiro – Fred – Paqueta – Neymar – Jesus – Vinicius

ကမ္ဘာ့ချန်ပီယံလောင်း 4
ကမ္ဘာ့ချန်ပီယံလောင်း 5
ကမ္ဘာ့ချန်ပီယံလောင်း 6
ကမ္ဘာ့ချန်ပီယံလောင်း 7

ကမ္ဘာ့ချန်ပီယံလောင်း အဓီကဆုံးကစားသမား Neymar

ဂိုးသွင်းချက်နဲ့ ထိုးပေးချက်က ပြောစရာမရှိအောင် ကောင်းနေတယ်။ PSG ကလပ်မှာ တိုက်စစ်ပိုင်းကို မက်ဆီ၊ အမ်ဘတ်ပီနဲ့ နေမာတို့ကို ၃ ယောက်တွဲထားတော့ ဘယ်သူမှ ဝင်မတားနိုင်တော့ပါဘူး။ နေမာရဲ့ Form က ဒီနှစ်မှာ အသက်ပြန်ဝင်သွားပါပြီ။ အဲ့တာနဲ့ပဲဘရာဇီးရဲ့အခြေနေကို ပိုကြည့်ကောင်းလာစေပါတယ်။ ပြီးတော့ ဒီနှစ်အတွင်း Martinelli နဲ့ Vinicius တို့ကလည်း ခြေစွမ်းတော်တော်ပြနိုင်နေတယ်။ အဲ့ဒီတော့ သူတို့နှစ်ယောက်ကောင်းနေရင် နေမာအတွက် ပိုကြမ်းစေလိမ့်မယ်။ နေမာဟာ ဘရာဇီးနိုင်ငံအသင်းနဲ့ ၁၂၁ ပွဲ ဆင်းကစားပြီး သွင်းဂိုး ၇၅လုံးနဲ့ Assist ၅၄ ကြိမ် လုပ်ထားနိုင်ပါတယ်။ အဲ့စံချိန်က အရမ်းကြမ်းတဲ့ထဲရှိပါတယ်။ ဒီကမ္ဘာ့ဖလားပွဲထဲမှာ သူ့ Form က PSG နဲ့ ကစားသလိုမျိုး ကောင်းနေရင်တော့ ဘရာဇီးတို့ ချန်ပီယံရသွားဖို့ တော်တော်သေချာနေပါတယ်။

France လက်ရှိ ပြင်သစ်တို့ ပါဝင်ထားတဲ့ဂရုမှာ Easy group လို့တောင် ယူဆနိုင်ပါတယ်။ အဲ့ဒီတော့ ဒီအဆင့်ကိုကျော်ကြည့်ပြီး ဂရု C ရဲ့ နံပါတ် ၂ ကိုပဲ ကြည့်ပါ၊ မှားယွင်းမှုမရှိရင် လီဝန်ဒေါ့စကီးရှိနေတဲ့ ပိုလန်ပဲ ဖြစ်လိမ့်မယ်။ မဲနှိုက်ပွဲတုန်းက ထွက်လာတဲ့ပြိုင်ဘက်တွေနဲ့ပတ်သက်ပြီး ပြင်သစ်တို့အတွက် တော်တော်ကံကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ၃၂ သင်းအချီမှာနဲ့ ၁၆ သင်းအချီမှာ သူတို့ အေးအေးဆေးဆေး တက်ကျော်သွားနိုင်လောက်ပါတယ်။ စိတ်ပူစရာမလိုပဲ နောက်ဆုံး ၈ သင်းအချီ တက်‌ရောက်သွားလိမ့်မယ်။ ပြင်သစ်အသင်းရဲ့ အစစအရာရာကြည့်ပြီးပြောရင် သူတို့ကစားသမားတွေက အတွေ့ကြုံရှိတဲ့အတွက်နောက်ဆုံး ၄ သင်းအချီအထိ တက်ရောက်သွားနိုင်လိမ့်မယ်။

ကစားသမား ၂၆ ယောက်ရဲ့ သုံးသပ်ချက် – ပြင်သစ်နိုင်ငံအသင်းဝင်ကစားသမား ၂၆ ယောက် ထွက်ကျေညာတုန်းက ထင်ထားတာတွေ တော်တော်မှန်ပါတယ်။ ဂိုးသမားကစ Hugo Lloris ဖြစ်တယ်။ ဘယ်သူမှ ယှဉ်လို့မရတဲ့ နံပါတ် ၁ ဂိုးသမားပါ။ ခံစစ်မှူး ၃ ယောက်မှာလည်း ဘိုင်ယန်အသင်းဆီက Pavard Hernandez နဲ့ Upamecano တို့ပါပဲ၊ သူတို့မှာ တစ်ယောက်နဲ့တစ်ယောက်က သိကျွမ်းပြီးသားဖြစ်နေကြပါတယ်။ ကွင်းလည်းပိုင်းကျတော့ နည်းနည်းစိတ်ပူရပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Pogba နဲ့ အရင်နှစ်က အရမ်းကြမ်းခဲ့တဲ့ ကန်တေကြီးက ဒဏ်ရာရထားတဲ့အတွက် မဆင်းနိုင်လို့ပါ။ အဲ့ဒီတော့ ရီးရဲလ်အသင်းဆီက Tchouaméni နဲ့ Camavinga တို့ ခြေစွမ်းဘယ်လောက်ထိပြနိုင်မလဲပဲ စောင့်ကြည့်ရတော့မယ်။ တိုက်စစ်ပိုင်းကျတော့ ပြောစရာမလိုလောက်ပါဘူး၊ တိုက်စစ်မှူးတွေက အကုန်လုံးပဲ ကြမ်းနေကြပါတယ်။

အားသာချက် – တိုက်စစ်ပိုင်းက ပြတ်သားမှုရှိတယ်။ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေလည်း အများကြီးရှိတယ်။ အမ်ဘတ်ပီတို့ ပြီးတော့ အခုမှ Ballon d’or ဆုရထားတဲ့ Karim Benzema တို့ပဲဖြစ်ပါတယ်။ သူတို့အားလုံးက အခွင့်ရေးတွေ မဖြုန်းတီးတတ်ပါဘူး။ အခွင့်ရေးနည်းနည်းပါးပါးရတာနဲ့ ရင်ခုန်နိုင်ပါတယ်။

အားနည်းချက် – သိပ်မမြင်ရပါဘူး၊ ကွင်းလယ်ပိုင်းက နည်းနည်းစိတ်ပူရတယ်ဆိုပေမယ့် အဲ့လောက်ထိတော့ ညံ့မနေပါဘူး။ လူဟောင်းမရှိပေမယ့် လူသစ်တွေမှာလည်း ခြေစွမ်းကောင်းကြပါတယ်။ အတွေ့ကြုံပိုင်း အစားထိုးနိုင်ပါတယ်။ Tchouaméni နဲ့ Camavinga တို့က ဒီစိန်ခေါ်မှုကို တက်ကျော်ရမှာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကွင်းလယ်အတွဲပါ ဖြစ်သွားနိုင်ပါတယ်။

ကမ္ဘာ့ချန်ပီယံလောင်း နံပါတ် ၂ ­- ပြင်သစ်

အသင်းနည်းပြ (8.0/10.0)  – Didier Deschamps

ကစားစနစ် – 4-4-1-1/ 4-2-3-1

တောင့်တင်းမှု – 9.0/10.0

Road to Final အခက်ခဲ – 7/10

Deschamps ဆိုတဲ့အသင်းနည်းပြဟာ အရင်တုန်းက ပြင်သစ်နိုင်ငံအသင်းရဲ ကွင်းလယ်ကစားသမားပါပဲ၊ နည်းပြဘဝကို မိုနာကိုအသင်းနဲ့ အရင်စတင်ပြီး နာမည်ကြီးဂျူဗင်တပ်စ်ကိုလည်း သွားရောက် အုပ်ချုပ်ဖူးပါတယ်။ နောက်ဆုံးမှာတော့ မာဆေးလ်အသင်းနဲ့ ကလပ်အဆင့်ကို ပြီးသွားပါတယ်။ ကလပ်အဆင့် ပြီးသွားတော့ ၂၀၁၂ ခုနှစ်မှာပဲ ပြင်သစ်နိုင်ငံအသင်းကို တက်အုပ်ချုပ်ခဲ့ပါတယ်။ အခု ၂၀၂၂ ခုနှစ်ရှိသွားပြီဆိုတော့ သူ့မှာ ပြင်သစ်နိုင်ငံအသင်းကို ၁၀ နှစ်တိတိ အုပ်ချုပ်လာခဲ့ပါတယ်။ အဲ့ဒီတော့ သူက ပြင်သစ်ကစားသမားတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်နေပါတယ်။ သူက ကစားသမားအသီးသီးရဲ့ စတိုင်လ်ကိုလည်း တော်တော်သိကျွမ်းထားပါတယ်။ ယူဖာနေရှင်ပြိုင်ပွဲတုန်းက ညာဏ်ရည်မပြသေးပေမယ့် အခုအစီစဉ်ကျတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဖြစ်နေတော့ ပြိုင်ပွဲချင်းမတူပါဘူး။ သူက ကမ္ဘာ့ဖလားကို အရင်တစ်ခါကမှ တက်ယူခဲ့ဖူးပြီးပြီ။ သူတို့က ချန်ပီယံဟောင်းအနေနဲ့ ရောက်လာပါတယ်။

ပထမကစားသမား ၁၁ ယောက် (4-3-3) – Hugo Lloris – Benjamin Pavar – Kounde – Hernandez – Upamecano – Fofana – Tchoumani – Camavinga  Mabappe – Benzema – Coman

ကမ္ဘာ့ချန်ပီယံလောင်း 13
ကမ္ဘာ့ချန်ပီယံလောင်း 12

ကမ္ဘာ့ချန်ပီယံလောင်း အဓီကဆုံးကစားသမား Mbappe

အမ်ဘတ်ပီရဲ့ခြေစွမ်းက တကယ်ကောင်းပါတယ်။ အခုအချိန်အထိ ငြင်းမယ့်လူမရှိလောက်တော့ပါဘူး။ သူ့မှာ အသက် ၁၆ နှစ်ကတည်းကစပြီး ကျော်ကြားလာပါတယ်။  အသက် ၁၆ နှစ်ထဲနဲ့ မိုနာကိုအသင်းကြီးထဲပါဝင်ပြီး အခုလက်ရှိ PSG အသင်းနဲ့ နေနေပါတယ်။ သူ့အတွက် ဘာမှပြောစရာမရှိတော့ပါဘူး၊ အောင်မြင်မှု သေးသေးလေးကနေ ကြီးမားတဲ့အထိ အကုန်လုံးပဲ ခံယူခဲ့ဖူးပြီးပြီ။ UCL ပဲကျန်တော့တယ်။ သူ့ရဲ့ ကစားသမားဘဝတစ်ခုလုံးမှာ မရပဲမနေလောက်ပါဘူး။ အမ်ဘတ်ပီဟာ နိုင်ငံအသင်းနဲ့ ၅၉ ပွဲ ဆင်းကစားဖူးပြီး သွင်းဂိုး ၂၈ လုံးနဲ့ Assist ၂၁ ခါ လုပ်ထားနိုင်ခဲ့ဖူးပါတယ်။

Argentina အာဂျင်တီးနားတို့ရှိနေတဲ့ဂရုက ခက်တဲ့ထဲမရှိပါဘူး။ ဂရုအဆင့်ကို အေးအေးဆေးဆေး တက်ကျော်သွားနိုင်လိမ့်မယ်။ သူတို့ရှိနေတဲ့ဂရုထဲမှာ ရမှတ် ၉ မှတ်လေးနဲ့ ဂရုရဲ့ နံပါတ် ၁ ဖြစ်ပြီး ဆန်ကာတင်သွားသင့်ပါတယ်။ ဂရုရဲ့နံပါတ် ၁ အနေနဲ့ နောက်တစ်ဆင့် ဆန်ကာတင်သွားတဲ့အတွက် နောက်ဆုံး ၁၆ သင်းမှာ တွေ့ရမယ့်ပြိုင်ဘက်ကိုကြည့်ပြီး ဒီအဆင့်မှာလည်း ဂရု D နဲ့ တွေ့ရမှာဆိုတော့ အေးအေးဆေးဆေး ဖြတ်ကျော်သွားနိုင်ဦးမှာပါပဲ။ အဲ့ဒီတော့ နောက်ဆုံး ၈ သင်းအချီမှာပဲ ရင်ခုန်ရလိမ့်မယ်။ နောက်ဆုံး ၈ သင်းအချီအထိ တက်ရောက်နိုင်တဲ့အခါမှာ အဲ့အဆင့်ကိုရောက်လာနိုင်တဲ့အသင်းတွေက အကုန်လုံးပဲ စွမ်းဆောင်ရည်ကောင်းလို့သာ ရောက်ရှိလာကြတယ်။ အဲ့ဒီတော့ ဘယ်အသင်းအတွက်မှမလွယ်ပါဘူး။

ကစားသမား ၂၆ ယောက်ရဲ့ ခန့်မှန်းချက် – အာဂျင်တီးနားတို့ရဲ့ ပါဝင်ကစားမယ့် ကစားသမားတွေကို ကျေငြာတုန်းက ထင်ထားတာတွေချည်းဖြစ်နေတော့ အံ့ဩစရာမရှိပါဘူး။ လီယွန်နယ်မက်ဆီက ဦးဆောင်ပြီး တိုက်စစ်ဆင်ကစားခြင်းအားလုံးကို ထိန်းချုပ်သွားလိမ့်မယ်။ တိုက်စစ်ပိုင်းမှ တိုက်စစ်မှူး ၃ ယောက်ကတော့ မက်ဆီ၊ လော်တာရိုနဲ့ မာတီနက်ဇ်တို့ပဲဖြစ်ပါတယ်။ နောက်ဆုံးပိတ်ကတော့ အိန်ဂျယ်ဒီမာရီယာကိုပဲ ထားထားလောက်တယ်။ သူက မက်ဆီကို တိုက်စစ်ဆင်ဖို့အတွက် အထောက်ကူလုပ်ပေးရလိမ့်မယ်။ ကွင်းလယ်ပိုင်းကျတော့ တကယ့်သူတွေချည်းပဲ ပြိုင်ဘက်ကို တော်တော်ထုထောင်းလိမ့်မယ်။ ခံစစ်ပိုင်းအတွက်တော့ နည်းနည်းစိတ်ပူရပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ယောက်မှ အကောင်ကြီးတာမရှိဘူး။ သေးပေမယ့် ဘေးမကင်းဘူးပေါ့လေ။ Lisandro Martinez က hardcore ကြီးနဲ့ ခံစစ်မှူးပါဗျာ၊ ဘယ်သူပဲလာလာ ဝင်လုံးလိမ့်မယ်။ ဂိုးသမားကလည်း လက်ရည်ကောင်းတယ်။ မာတဲ့ထဲရှိတယ်။ အဆင်ပြေလောက်ပါတယ်။ အဲ့ဒီတော့ သူတို့ရဲ့တိုက်စစ်ပိုင်းက တကယ်ဆော်မှရမယ် နို့မို့ဆို ပင်ပန်းနိုင်ပါတယ်။

အားသာချက် – အသင်းရဲ့အားချက်ကတော့ တိုက်စစ်ဆင်ကစားခြင်းပါပဲ၊ လိမ့်ဘောကောင်းကောင်း ကစားနိုင်ကြတယ်။ တိုက်စစ်မှူးရဲ့ လျင်မြန်တဲ့အပြေးကို အားကိုးပြီး ဂိုးဝင်သွင်းသွားတာ သူတို့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ ပြီးတော့ နောက်တစ်ခုကျတော့ Free-Kick ကန်တဲ့နေရာပါပဲ၊ အကွာအဝေးကွက်တိဖြစ်နေရင် အမြဲရင်ခုန်ခဲ့ရတတ်ပါတယ်။ မက်ဆီနဲ့ ဒီမာရီယာတို့က ကောင်းကောင်းလေး ဝှိုက်ကန်တတ်ကြတယ်။

အားနည်းချက်က – အာဂျင်တီးနားရဲ့အားနည်းချက်ကတော့ ခံစစ်ပိုင်းပါပဲ။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ခံစစ်မှူးတွေက အကောင်သေးပြီး မြောက်ဘောနေရာ သိပ်အဆင်မပြေကြပါဘူး။ ဒါပေမယ့် ဘောလုံးဝင်လုတဲ့နေရာကတော့ စိတ်ပူစရာမရှိပါဘူး။ အဲ့ဒီတော့ သူတို့ရဲ့အားသာချက်က တာဝန်ကျေရင် အားနည်းချက်ကို အဆင်ပြေစေပါတယ်။

ကမ္ဘာ့ချန်ပီယံလောင်  နံပါတ် ၃အာဂျင်တီးနားအသင်

အသင်းနည်းပြ (6.0/10.0) – Lionel Scaloni

ကစားစနစ် – 4-3-3/ 4-4-2

တောင့်တင်းမှု – 8.5/10.0

Road to Final အခက်အခဲ – 7/10

ဒီနည်းပြက အခုမှလက်သစ်ကြီးပါလို့တောင် ယူဆနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက အခုမှ အသင်းနည်းပြအတည်ပြုပြီး ပထမဦးဆုံး အုပ်ချုပ်တာဖြစ်ပါတယ်။ ဂျော့ခ်ျဆမ်ပါလီရဲ့ လက်အောက်ကနေ တက်လာတယ်။ သူတို့နှစ်ယောက်က ၂၀၁၆ ခုနှစ် ဆီဗီလာမှာနေကတည်းက အတူတူစလုပ်လာကြတယ်။ ပြီးတော့မှ နိုင်ငံအသင်းဆီ ရောက်လာကြပြီး နိုင်ငံအသင်းကြီးကို တက်အုပ်ချုပ်သွားပါတယ်။ ဒီနည်းပြရဲ့ ကြီးမားတဲ့ပြိုင်ပွဲတွေထဲက အရည်အချင်းကို မမြင်ဖူးသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ PPM ရမှတ်ကတော့ တစ်ပွဲနဲ့ တစ်ပွဲမှာ ၂.၇၅ မှတ်နှုန်း ပြသထားပါတယ်။ အဲ့စံချိန်နဲ့ဆိုရင် စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကမ္ဘာ့ဖလားထဲမှာပဲ ကျော်ကြားသွားရင် ကျော်ကြားသွားလိမ့်မယ်။

ပထမကစားသမား ၁၁ ယောက် – (၄-၃-၃) – Emililano Martinez – Montiel – Pezzella – Lisandro Martinez – Romero – Palacios – de Paul – Paredes – Di Maria – Lautaro Martinez – Messi

ကမ္ဘာ့ချန်ပီယံလောင်း 19

ကမ္ဘာ့ချန်ပီယံလောင်း အဓီကဆုံးကစားသမား Messi

လီယွန်နယ်မက်ဆီကို အသင်းထဲက အရေးကြီးဆုံးကစားသမားပါလို့ပြောရင် ဘယ်သူမှငြင်းမနေလောက်ပါဘူး။

ဒီနှစ် အာဂျင်တီးနားအသင်း ဘယ်အဆင့်ထိတက်ရောက်သွားမလဲဆိုတာ သူ့အပေါ်ပဲမူတည်လိမ့်မယ်။ ဒီနှစ်ကမ္ဘာ့ဖလားပွဲက မက်ဆီရဲ့နောက်ဆုံးအကြိမ်ပါပဲ။ အဲ့ဒီတော့ အသင်းကပ္ပတိန်အနေနဲ့ ဆင်းကစားမယ့်ပွဲတိုင်း သူ့မှာ အကောင်းဆုံးလုပ်ဆောင်သွားလိမ့်မယ်။ ဒီနှစ် သူ့ရဲ့ ရွှေဘယ်ခြေထောက်က ဘောလုံးကို ပိုက်ကွန်ထဲဘယ်နှစ်ခါ ပိတ်သွင်းမလဲဆိုတာ စောင့်ကြည့်ကြပါ။ မက်ဆီဟာ နိုင်ငံအသင်းအတွက် ၁၆၄ ပွဲ ဆင်းကစားခဲ့ဖူးပြီး သွင်းဂိုး အလုံး ၉၀ နဲ့ Assist ၅၁ ခါ လုပ်ထားနိုင်ခဲ့ဖူးပါတယ်။