ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး 1

ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘယ်အသင်းကဖလား ဆွတ်ခူးနိုင်မလဲ၊ ဘယ်သူက ဂိုးသွင်းအများဆုံးနဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ အမြင့်ဆုံး သီးသန့်ဆုဖြစ်တဲ့ ရွှေဖိနပ်ကို ဘယ်သူဆွတ်ခူးနိုင်မလဲ။ လူတိုင်းသိသလို ဒီနှစ်ကမ္ဘာ့ဖလားပွဲထဲ ပါဝင်ယှဉ်ပြိုင်တဲ့ထဲမှာ နာမည်ကြီးတဲ့ ကစားသမားအများကြီးရှိနေပါတယ်။ အချို့နာမည်ကြီးတဲ့ကစားသမားတွေတောင် မပါလိုက်ရပါဘူး။ အချို့က ဒဏ်ရာကြောင့် အချို့က လက်ရွေးစင်ရွေးပွဲကို မကျော်ဖြတ်နိုင်တာတို့ဘာတို့ပေါ့။ ဥပမာ နော်ဝေမှ ဟာလန်း အီဂျစ်မှဆာလက်တို့လိုပေါ့ဗျာ၊ နောက်ဆုံးမှာတော့ ဘန်ဇီမာလည်း ဒဏ်ရာရထားလို့ နောက်တစ်ယောက် နှုတ်ထွက်သွားပါပြီ။ အခုပြောလိုက်တဲ့နာမည်ရှင်တွေက မူရင်းအသင်းအဖွဲ့ချုပ်နဲ့ ခြေစွမ်းတော်တော်ကောင်းနေကြပါတယ်။ သူတို့သာပါနိုင်လို့ကတော့ တစ်ယောက်မဟုတ်ရင် တစ်ယောက် ရွှေဖိနပ်ရမယ့်စာရင်းထဲ ပါဝင်သွားလိမ့်မယ်။ ပြီးတော့ သူတို့ပါနိုင်ခဲ့ရင်လည်း တော်တော်ပဲ ကြည့်ကောင်းလိမ့်မယ်။ ဒီနှစ်မှာတော့ ဘယ်ကစားသာမားက ကမ္ဘာ့ဖလားရဲ့ ထိပ်တန်းဂိုးဖန်တီးရှင် ၅ ဦးဖြစ်မလဲဆိုတာ သွားကြည့်ကြရအောင်။

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၁ Harry Kane ( England )

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၁ Harry Kane ( England )

ဒီစပါးနဲ့ အင်္ဂလန်အသင်းရဲ့ သမိုင်းဝင်ကစားသမားဟာ ရွန်းနီရဲ့ သွင်းဂိုးစံချိန်ကိုမှီဖို့ ၃ လုံး ထဲပဲလိုတော့တယ်။ Kane က နောက်ထပ် ဂိုး ၃ လုံးမက ထပ်သွင်းနိုင်ရင်တော့ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းအသစ် ရေးသားသွားလိမ့်မယ်။ ဒါပေမယ့် ဘယ်အရာက Kane ကို ၂ နှစ်ဆက်တိုက် ရွှေဖိနပ်ရအောင် ပံ့ပိုပေးနိုင်မလဲ၊ အရင်တစ်ခါတုန်းက ဂိုး ၆ လုံးသွင်းနိုင်ပြီး ဆီမီးဖိုင်နယ်အထိ ဝင်ရောက်သွားနိုင်တယ်။ သူ့ရဲ့ သွင်းဂိုး ၆ လုံးထဲက ၃ လုံးမှာ ပနားမားနဲ့တွေ့ပြီး သွင်းနိုင်တဲ့ဂိုးအရေတွက် ဖြစ်ပါတယ်။ တကယ်တမ်းတော့ သူ့မှာ ဂရုအဆင့်ပွဲတုန်းက သွင်းဂိုး ၅ လုံး ရရှိခဲ့ပြီး Knockout အဆင့်မှာကျတော့ တစ်လုံးလေးပဲ ထပ်သွင်းနိုင်ပါတယ်။ ပြီးတော့ ကိန်းကို ဂိုးဖန်တီးရှင်ဖြစ်စေတဲ့အရာတစ်ခုကတော့ အင်္ဂလန်နိုင်ငံဟာ ဗိုလ်လုပွဲအထိတွေဘာတွေ တက်ရောက်ဖို့လိုလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့ပြိုင်ဘက်ရဲ့အရည်သွေးကို ကြည့်ရသေးတယ်။ ဒီနှစ်မှာတော့ အင်္ဂလန်တို့ရှိနေတဲ့ဂရုထဲမှာ ဆန်မာရီနိုလို ညံ့တဲ့အသင်းမျိုးမရှိပါဘူး။ အရင်နှစ်တုန်းက ဆန်မာရီနိုအသင်း အင်္ဂလန်ကို ဂိုး ၁၀ လုံးတောင် ခံခဲ့ရပါတယ်။ အဲ့ပွဲ ကိန်းတစ်ယောက်ထဲနဲ့ ဂိုး ၄ လုံးတောင် သွင်းသွားပါတယ်။ တစ်ခုကောင်းတာ ကိန်းက အင်္ဂလန်အသင်းရဲ့ ပင်နယ်တီဂိုးသွင်းသူပါဖြစ်နေတယ်။ အဲ့နေရာ သူ့ကို တော်တော်အကျိုးပေးပါတယ်။ ကိန်းက စပါးအသင်းနဲ့ ဒီရာသီထဲမှာ ပွဲ ၂၀ ဆင်းပြီး ဂိုး ၁၇ လုံး သွင်းထားနိုင်ပါတယ်။ ကိန်းက ကမ္ဘာ့ဖလားပွဲထဲ ဂိုးဖန်တီးရှင်ဖြစ်မယ့်ထဲပါပေမယ့် ဘယ်သူကမှ ရွှေဖိနပ်ကို ၂ နှစ်ဆက်တိုက်မရခဲ့ဖူးသေးပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၂ Kylian Mbapp ( Fance )

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၂ Kylian Mbapp ( France )

အမ်ဘာပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားနဲ့ပွဲတွင် ၆၅ မိနစ်မှာ ဂိုးထသွင်းနိုင်တဲ့အတွက် ပီလီပြီးနောက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီအသက် ၂၃ နှစ်နဲ့ကစားသမားဟာ အဲ့နှစ်တုန်းက ဂိုး ၄ လုံးတောင် သွင်းနိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက သွင်းဂိုးအများဆုံးကစားသမားပါ ၄ ရာသီဆက်တိုက် ဖြစ်လာပါတယ်။ အဲ့တော့ ဒီနှစ်မှာ ပြင်သစ်တို့က ဒီအစီစဉ်ထဲကို ဗိုလ်လုပွဲတွေအထိ တက်ရောက်သွားနိုင်ခဲ့ရင်တော့ အမ်ဘတ်ပီမှာ ရွှေဖိနပ်ရဖို့ တော်တော်သေချာလိမ့်မယ်။ မက်ဆီနဲ့ ဒိုလေးတို့ခေတ်ကုန်သွားရင် ဟာလန်းခေတ်နဲ့ အမ်ဘတ်ပီခေတ် စတင်သွားလိမ့်မယ်။ ဒါပေမယ့် ဟာလန်းက ဒီနှစ်ကမ္ဘာ့ဖလားပွဲထဲ မပါရသေးပဲ အမ်ဘတ်ပီက ပြင်သစ်နဲ့ ချန်ပီယံတက်ခူးနေရပါပြီ။ အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ ၄ နှစ်တုန်းက ဂိုး ၄ လုံးသွင်းနိုင်ပြီး အခုမှတက်လာတဲ့ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ဖို့နာမည်ပါသွားသေးတယ်။ အဲ့ကနေစပြီး အမ်ဘတ်ပီက တစ်နေ့တစ်ခြား ပိုကြမ်းလာပါတယ်။ မကြာမီ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ဖို့ရှိလိမ့်မယ်။ ဒီ PSG အသင်းရဲ့ တိုက်စစ်မှူးက ဒီနှစ်ကမ္ဘာ့ဖလားပွဲပြီးသွားရင် သူ့မှာ အသက် ၂၄ နှစ်နဲ့ ၂ ရက် ဖြစ်သွားလိမ့်မယ်။ ပြီးခဲ့တဲ့ ၄ နှစ်မှစပြီး အခုထိ PSG အသင်းနဲ့ ဂိုး ၁၆၉ လုံး သွင်းထားနိုင်ပါတယ်။ ဒီအတောတွင်း သူ့ထက်သွင်းဂိုးများတာ လီဝန်ဒေါ့စကီးပဲရှိပါတယ်။ အမ်ဘတ်ပီဟာ ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီအတွင်းမှာလည်း ဥရောပရဲ့ ထိပ်တန်းလိဂ်တွေထဲက အားလုံးထဲမှာ သွင်းဂိုးအများဆုံးနဲ့ကစားသမားပါဖြစ်နေတယ်။ သူ့ရဲ့သွင်းဂိုးက ၄၃ လုံးဖြစ်ပြီး လီဝန်ဒေါ့စကီးထက် ၅ လုံးများပါတယ်။ လက်ရှိ ၂၀၂၂-၂၃ ခုနှစ်ရာသီမှာလည်း PSG နဲ့ ပွဲ ၂၀ ဆင်းပြီး ဂိုး ၁၉ လုံး သွင်းနိုင်ပါတယ်။ သူ့ခြေထောက်က ၈၈ မိနစ်တိုင်း ဂိုး ၁ လုံး သွင်းနိုင်နေပါတယ်။ သူ့ထက်သွင်းဂိုးများတာကျတော့ ဟာလန်းပဲရှိပါတယ်။ သူက အခုအချိန်မှာ ဂိုးအလုံး ၄၀ သွင်းထားပြီးပြီ။ အမ်ဘတ်ပီဟာ အသက် ၂၃ နှစ်နဲ့ ၃၁၇ ရက်သာရှိပြီး အဆိုပါပွဲတွင် ပင်နယ်တီကန်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အဲ့နေရာ အသက် ၂၄ နှစ်နဲ့ ရက် ၁၃၀ ရှိတဲ့ မက်ဆီရဲ့အသက်အငယ်ဆုံး ပင်နယ်တီဂိုးသွင်းသူစံချိန်ကို တက်ကျော်သွားပါပြီ။ သူက ပြင်သစ်ရဲ့ ရွေးချယ်စရာ ထိပ်ဆုံးမှာဖြစ်ပြီး PSG အသင်းနဲ့ ပြသတဲ့ခြေစွမ်းတွေက ကမ္ဘာ့ဖလားပွဲထဲမှာ တော်တော်အသုံးဝင်ပါတယ်။ ဂရုအဆင့်ပွဲမှာ တူနီးရှားနဲ့ဩစတြေးလျတို့ အညံ့ဆုံးပါပဲ။ နည်းနည်းကောင်းတဲ့အသင်းကျတော့ ဒိန်းမတ်ပေါ့။ အဲ့တာနဲ့ပဲ ပြင်သစ်အသင်း ဂရုဒီရဲ့ နံပါတ် ၁ အနေနဲ့ နောက်တစ်ဆင့် ဆန်ကာတင်သွားလိမ့်မယ်။

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၃ Lionel Messi ( Argentina )

သူတို့နိုင်ငံထဲမှာကျတော့ မက်ဆီက အကောင်းဆုံးဖြစ်တယ်။ လက်ရွေးစင်ရွေးပွဲတုန်းက သူ့မှာဂိုး ၇ လုံး သွင်းနိုင်ပါတယ်။ အဲ့ဒီသွင်းဂိုးပမာဏက လော်တာရို မာတီနက်ဇ်နဲ့ တူတူပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ခြေစမ်းပွဲ ၃ ပွဲတုန်းက ဂိုး ၉ လုံးသွင်းထားနိုင်ပါတယ်။ အဲ့ဒီသွင်းဂိုး ၉ လုံးထဲက ၅ လုံးမှာ အက်စ်တိုးနီးယားနဲ့တွေ့ပြီး ၅ လုံးပိတ်သွင်းနိုင်ခဲ့ပါတယ်။ သူက ၂၀၂၁ ကိုပါအမေရိကချန်ပီယံရအောင် ဦးဆောင်ခဲ့တယ်။ အဲ့တာ သူ့ရဲ့ ပထမဦးဆုံး နိုင်ငံတကာဆုဖြစ်ပြီး Louis Diaz နဲ့အတူ ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးနဲ့ကစားသမားပါ ဖြစ်သွားပါတယ်။ ဘိုလီးဗီးယားနဲ့ပွဲတုန်းက ဂိုး ၄ လုံးသွင်းနိုင်တဲ့ထဲက ၃ လုံးမှာ ပင်နယ်တီစည်းအပြင်ဘက်ကနေ ပိတ်သွင်းထားပါတယ်။ နောက်တစ်လုံးကျတော့ ပင်နယ်တီကန်ပြီးသွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအသက် ၃၅ နှစ်နဲ့ကစားသမားရဲ့ပစ်မှတ်ကတော့ ရုရှားမှာကျင်းပတုန်းကဟာနဲ့တူတူပဲ အဲ့တာ ချန်ပီယံရအောင် လုပ်မယ်တွေးထားပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပွဲဟာ မက်ဆီအတွက် နောက်ဆုံးအကြိမ်ပဲဖြစ်လိမ့်မယ်။ အဲ့တော့ သူ့ရဲ့ခြေစွမ်းကို ငါတို့တွေ ကောင်းကောင်းမြင်ရလိမ့်မယ်။ သူက ကမ္ဘာ့ချန်ပီယံတစ်ခါမှမရဖူးသေးပါဘူး။ မက်ဆီဟာ အာဂျင်တီးနားနိုင်ငံအသင်းနဲ့ ဂိုး ၉၁ လုံး သွင်းထားနိုင်ပါတယ်။ သူက အာဂျင်တီးနားနိုင်ငံထဲမှာ သွင်းဂိုးအများဆုံးဖြစ်ပြီး နံပါတ် ၂ ထက် သွင်းဂိုး ၂ ဆလောက်တောင် ပိုများနေပါတယ်။ ဆော်ဒီနဲ့တွေ့ပြီး သွင်းဂိုးတွေ ထပ်မံတိုးချဲ့ဖို့အစီစဉ်ရှိလောက်တယ်။ နောက်တစ်ဆင့်ကျရင် ပြင်သစ်နဲ့မတွေ့ရဖို့အရေး ဂရုချန်ပီယံအနေနဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ထဲ ရောက်အောင်လုပ်မှရမယ်။ knock out အဆင့်မတိုင်ခင် မက်ဆီ ၄ ပွဲကစားရဦးမယ်။ ဒါပေမယ့် မက်ဆီက ကမ္ဘာ့ဘောလုံးပွဲတစ်နှစ်မှာ အခုထိ ဂိုး ၄ လုံးထက် ပိုမသွင်းနိုင်သေးပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၄ Neymar ( Brazil )

၂၀၂၂ ကမ္ဘာ့ဖလားထဲ ပါဝင်ကစားတဲ့နာမည်ကြီးကစားသမားဖြစ်ပြီး ခြေစွမ်းကောင်းတဲ့ထဲမှာ နေမာရှိပါတယ်။ ဒီအသက် ၃၀ နဲ့ကစားသမားဟာ PSG အသင်းနဲ့ ၂၄ ပွဲဆင်းပြီး ဂိုး ၁၉ လုံး သွင်းထားနုင်ပါတယ်။ နောက်ဆုံး ပွဲထဲမှာ ဂိုး လုံး သွင်းနိုင်ခဲ့ပါတယ်။ နေမာဟာ ဘရာဇီးအသင်းနဲ့ ၁၂၁ ပွဲဆင်းပြီး ဂိုး ၇၅ လုံး သွင်းနိုင်ပါတယ်။ သူ့မှာ အသက် ၁၈ နှစ်တုန်းကစပြီး နိုင်ငံအသင်းနဲ့ နေလာပါတယ်။ အသက် ၂၂ နှစ်ရောက်တော့ ဘရာဇီးအသင်းရဲ့ မျှော်လင့်ချက်ကြီးဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ကမ္ဘာ့ဖလားပွဲမှာ ဆီမီဖိုင်နယ်မတိုင်ခင်တစ်ပွဲတုန်းက ကိုလံဘီယာအပေါ် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ရောက်တော့ ဂျာမနီကိုရှုံးသွားပါတယ်။ အဲ့အချိန် လူတွေတော်တော်များများ သူ့ကိုစိတ်ပျက်နေကြကုန်တယ်။ အဲ့ပွဲ ဂိုး ဂိုးနဲ့ ရှုံးသွားတဲ့အတွက် သမိုင်းဝင်ထဲက အရှက်ဆုံးစံချိန်တင်သွားပါတယ်။ ရုရှားမှာကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပွဲတုန်းက သူ့မှာ ပွဲလေးပဲဆင်းရပါတယ်။ အဲ့နှစ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ရောက်တော့မှ အပယ်ခံထိသွားပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကျတော့မတူတော့ပါဘူး။ ဘရာဇီးအသင်းက လောလောဆယ် ကမ္ဘာ့ထိပ်တန်းအသင်းကြီးဖြစ်နေပါပြီ။ နေမာဟာ အရင်နှစ်တုန်းက ချန်ပီယံလိဂ်ထဲမှာ ဂိုး ၁၃ လုံးထဲပဲသွင်းနိုင်တယ်။ ဒီရာသီကျတော့ ခြေစွမ်းတော်တော်ပြနိုင်နေတယ်။ ဒီအသက် ၃၀ နဲ့ကစားသမားက ဒီ ၂၀၂၂၂၃ ခုနှစ်ထဲမှာ ရာသီမကုန်သေးပဲ သွင်းဂိုး ၁၅ လုံးတောင်ရှိသွားပါပြီ၊ အရင်ရာသီထက် လုံးပိုများနေတယ်။ မက်ဆီနဲ့တူတူပဲ။ နေမာရဲ့ လက်ရွေးစင်ရွေးပွဲတုန်းက သူ့မှာ ၁၁၂ မိနစ်တိုင်း ဂိုး လုံးသွင်းနိုင်ပါတယ်။ ဒီနှစ် ကာတာတွင်ကျင်းပတဲ့ကမ္ဘာ့ဖလားပွဲက သူ့အတွက် ခြေစွမ်းပြမယ့်အလှည့်ရောက်လာပြီထင်တယ်။ ပီလီထက်သွင်းဂိုးများအောင် နောက်ထပ် လုံးလေးပဲလိုတော့တယ်။

၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင်ဖြစ်မယ့် ၅ ဦး

နံပါတ် ၅ Cristiano Ronaldo (Protugal)

ခရစ္စတီနိုရော်နယ်ဒို သိုမဟုတ် CR7 ဟာ လက်ရှိခေတ်မှာ အကောင်းဆုံးထဲကကစားသမားဖြစ်ပါတယ်။ သူက အနိုင်လိုချင်စိတ်နဲ့ အရည်အချင်းကို တောက်လျှောက်ထုတ်ဖော်နိုင်တယ်။ ဒီနှစ်ကမ္ဘာ့ဖလားဟာ သူ့အတွက် ၅ ကြိမ်မြောက်ဖြစ်သွားပါပြီ။ ဒိုလေးမှာ အသက် ၃၇ နှစ်ရှိသွားပြီဆိုပေမယ့် ပေါ်တူဂီနိုင်ငံအသင်းရဲ့အဓိကကစားသမားတော့ ဖြစ်နေတုန်းပဲ။ သူက ပေါ်တူဂီအသင်းကို ဂိုး ၁၁၇ လုံး သွင်းပေးဖူးတယ်။ ရုရှားတွင်ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာ သူ ဂိုး ၄ လုံး သွင်းနိုင်တယ်။ အဲ့နှစ်ကမ္ဘာ့ဖလားမှာပဲ စပိန်နဲ့တွေ့ပြီး Hat-Trick ပါ သွင်းသွားသေးတယ်။ အဲ့ဒီဖြစ်ရပ်က သမိုင်းဝင်စံချိန်တောင်ဖြစ်သွားခဲ့တယ်။ ပွဲပြီးတော့ ၃-၃ နဲ့ သရေကျသွားပါတယ်။ အဲ့ဒီလိုနဲ့ပဲ ၂၀၂၂ ကမ္ဘာ့ဖလားထိပ်တန်း အကောင်းဆုံးကစားသမားနဲ့ ဂိုးဖန်တီးရှင် ၅ ဦးစာရင်းထဲ သူ့နာမည် သွင်းမထားလို့မရပါဘူး။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတွေထဲက ရွှေဖိနပ်ပိုင်ဆိုင်ဖူးတဲ့ကစားသမားများ။

2018 Harry Kane (အင်္ဂလန်) – သွင်းဂိုး 6 လုံး

2014 James Rodríguez (ကိုလံဘီယာ) –  သွင်းဂိုး 6 လုံး

2010 Thomas Müller (ဂျာမနီ) – သွင်းဂိုး 5 လုံး

2006 Miroslav Klose (ဂျာမနီ) – သွင်းဂိုး 5 လုံး

2002 Ronaldo (ဘရာဇီး) – သွင်းဂိုး 8 လုံး

1998 Davor Suker (ခရိုအေးရှား) – သွင်းဂိုး 6 လုံး

1994 Oleg Salenko (ရုရှား) & Hristo Stoichkov (ဘူလ်ဂေးရီးယား) – သွင်းဂိုး 6 လုံး

1990 Salvatore Schillaci (အီတလီ) – သွင်းဂိုး 6 လုံး

1986 Gary Lineker (အင်္ဂလန်) – သွင်းဂိုး 6 လုံး

1982 Paolo Rossi (အီတလီ) – သွင်းဂိုး 6 လုံး