Platinum Club MM

Platinum Club MM မှာဆိုရင် Traditional ဂိမ်းအ‌နေနဲ့ Hi Lo , Sic Bo ,Bai Buu , Bai Cao ,6ကောင်ဂျင် , ရှမ်းကိုးမီး shan koe mee စသဖြင့် ဂိမ်းပေါင်းများစွာရှိပါတယ်

ဒီထဲကမှ ရှမ်းကိုးမီးအကြောင်းကို အကျယ်တဝင့် ပြောပြပေးသွားမှာဖြစ်ပါတယ်

shan koe mee ရှမ်းကိုးမီးဆိုတာဘာလဲ

shan koe mee ရှမ်းကိုးမီးဆိုတာ ဆော့ရလွယ်ကူပြီး နားလည်ရလွယ်တဲ့ဖဲဂိမ်းတစ်ခုပဲဖြစ်ပါတယ်

အခုဆိုရင် ရှမ်းကိုးမီးဖဲကို အပြင်မှာဆော့ရတာထပ် ဝဘ်ဆိုဒ်မှာပိုပြီးအဆော့များလာကြပါတယ်

ဒါကြောင့်လည်းကိုယ်ဆော့ကစားတဲ့ဝဘ်ဆိုဒ်က အလျော်အစား မှန်ကန်ဖို့လည်းလိုအပ်ပါတယ်

ရှမ်းကိုးမီးဖဲဂိမ်းကို စဆော့တော့မယ်ဆိုရင် သိထားရမယ့် အခြေခံအချက်လက်လေးတွေရှိပါတယ်

  • အနည်းဆုံး လူ ၅ယောက်ကနေ 10ယောက်အထိ စ ကစားနိုင်ပါတယ်
  • အပေါက် အရဆိုရင် ကြီးစဉ်ငယ်လိုက်ရှိပါတယ်
  • A (Ace)
  • J (Jack)
  • Q (Queen)
  • K (King) တို့ဖြစ်ပြီး ကျန်တဲ့ဂဏန်းမျာသည် 9 မှ 2 အထိ , ဘူ (10) တို့ဖြစ်ပါတယ်
  • ပွင့်ချပ် အရဆိုရင် 4မျိုးရှိပါတယ်
  • Spade (စပိတ်)
  • Heart (အသည်း)
  • Diamond (ဒေါင့်)
  • Clubs (ညှင်း)
  • Shan 8 နဲ့ Shan 9 ဆိုပြီးရှိပါတယ်
  • မြန်မာအခေါ်အရ 8ဒို နဲ့ 9ဒိုလို့လည်းခေါ်ပါသေးတယ် အဲ့နောက်မှ 7,6,5,4,3,2,1 ဆိုပြီးခေါ်ဝေါကြပါတယ်

ရှမ်းကိုးမီးဖဲက 2ကဒ်ဝေ ပြီး 1ကဒ်ဆွဲ ရတဲ ဖဲဂိမ်းတစ်ခုဖြစ်ပါတယ်

အကယ်၍ မိမိလက်ထဲရှိတဲ့ ဖဲ2ကဒ်ရဲ့ ရလဒ်ကိုစိတ်တိုင်းကျပြီဆိုရင် ထပ်မဆွဲလည်းရပါတယ်

** ဆွဲလိုက်ပါက ပြန်ချခွင့်မရှိပါဘူး **

အခုတစ်ခါမှာတော့ ရှမ်းကိုးမီးဖဲမှ ဒိုင်အကြောင်းကို အကျယ်တဝင့် ပြောပြပေးသွားမှာဖြစ်ပါတယ်

ရှမ်းကိုးမီးဖဲကဆိုရင် ဒိုင်နဲကစားသမားယှဉ်ပြီးဆော့ရတဲ့ ဖဲဂိမ်းတစ်ခုပဲဖြစ်ပါတယ်

  • ဒိုင်အဖြစ် အဖွဲ့ဝင်ကစားသမားတစ်ဦးချင်းစီအလှည့်ကျ လုပ်ဆောင်ခွင့်ရှိပါတယ်
  • ဒိုင်ဖြစ်သူက ထိုးသားများရဲ့ လောင်းကြေးထက် 10 လောက်ရှိရပါမယ်
  • ဥပမာ – 1,000 ကြေးဆိုရင် ဒိုင်က 10,000 ရှိရပါမယ်
  • ကစားသမားက ဒိုင်ထက် အပွင့်ပါဝါသေးနေရင် ကစားသမားရဲ့ပိုက်ဆံတွေကို ဒိုင် မှရပါတယ်
  • ဒိုင်က ကစားသမားထက် အပွင့်ပါဝါသေးနေရင် ဒိုင်က ပိုက်ဆံလျော်ပေးရပါတယ်
  • အကယ်၍ ဒိုင်လက်ထဲက ပိုက်ဆံ 10,000 ထည့်ထားပြီး 10,000 ကနေ 3ဆ 30,000 ဖြစ်သွားရင် ဝမ်တိန် (Warning) စခေါ်လို့ရပါပြီ
  • ဝမ်တိန်ခေါ်ပြီး 3ပွဲဆော့ပေးရပါတယ် အကယ်၍ 2ပွဲအပြီး ဒိုင်ဖြစ်သူရဲ့လက်ထဲမှာ ပိုက်ဆံမကျန်တော့ဘူးဆိုရင် (လျော်စရာမရှိတော့ဘူး ) ကစားပွဲက အော်တိုရပ်သွားမှာဖြစ်ပါတယ်
  • အကယ်၍ နောက်ဆုံးဝမ်တိန်ပြီးသွားတဲ့အခါ ဒိုင်လက်ထဲမှာ ပိုက်ဆံကျန်ရှိနေသေးတယ်ဆိုရင် ဒိုင်ဖြစ်သူမှ အကုန် ရရှိမှာဖြစ်ပါတယ်
  • ဒိုင်လက်ထဲမှာ ပိုက်ဆံမကျန်တော့ပါက ဒိုင်ဖြစ်သူမှ ရရှိတော့မည်မဟုတ်ပါ
  1. 3ကဒ်ကိုင်ဆောင်ထားတဲ့ ကစားသမားတွေကို အရင်ဖမ်းသင့်ပါတယ်
  2. 2ကဒ်ကိုင်ဆောင်ထားတဲ့ ကစားသမားတွေကို ဖမ်းဖို့အတွက် မိမိ ဖဲနှစ်ချပ်ပေါင်းရလဒ်ကိုစိတ်တိုင်းမကျသေးဘူးဆိုပါက ဒိုင်မှ နောက်တစ်ကဒ်ထပ်ဆွဲခွင့်ရှိပါတယ်
  3. ဒိုင်မှ နောက်တစ်ကဒ်ဆွဲပြီးပါက ကျန်နှစ်ကဒ်ကစားသမားများက မိမိဖဲချပ်များကို ဖွင့်ပြပေးရမှာဖြစ်ပါတယ်
  4. အဲ့နောက်မှ ဒိုင်က မိမိဖဲချပ်ရလဒ်ပေါ်မူတည်ပြီး အလျော်အစားလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်
  • ဒိုင်က ထိုးသားထက် အပွင့်ကြီးနေရင် ဒိုင်က စားရမှာဖြစ်ပါတယ်
  • ထိုးသားက ဒိုင်ထက် အပွင့်ကြီးနေရင် ဒိုင်က လျော်ပေးရမှာဖြစ်ပါတယ်
  • ဒိုင်နဲ့ထိုးသား 7ပေါက်ချင်းတူနေခဲ့ပါက
    • နံပါတ်အကြီးအသေးတိုင်းရမှာဖြစ်ပါတယ် ( Jack – 7 နဲ့ 10 – 7 မှာဆိုရင် K,Q,J &10 ကြီးစဉ်ငယ်လိုက်အရ Jack – 7 က အနိုင်ရမှာဖြစ်ပါတယ် )
    • နံပါတ်ချင်းတွေတူနေရင် eg . Jack , Queen . King ပါတူနေမယ်ဆိုရင် အပွင့်ကို ပြန်ပြီးတိုင်းပေးရပါတယ်
    • စပိတ် ၊ ဟတ် ၊ ဒေါင့် ၊ ညှင်း အစသဖြင့် ကြီးစဉ်ငယ်လိုက် တိုင်းပေးရပါမယ်
  •  

ရှမ်းကိုးမီး ဘယ်လိုတွေရှိလဲ ?

 

  • ရှမ်းကိုးမီးမှာ နှစ်ဆ ၊ သုံးဆ ၊ ငါးဆ ဆိုပြီးရှိပါတယ်
  • နှစ်ဆ ဆိုတာ အပွင့်တူ နှစ်ချပ်ရှိရင် နှစ်ဆ ရပါတယ်
  • သုံးဆ ဆိုတာ အပွင့်တူ သုံးချပ်ရှိရင် သုံးဆ ရပါတယ်
  • ငါးဆ ဆိုတာကတော့ အချပ်ရေ သုံးလုံးတူရင် ငါးဆရပါတယ်
    • ဥပမာ – 10သုံးလုံး ၊ J သုံးလုံး ၊ Q သုံးလုံး ၊ K သုံးလုံး အစသဖြင့်ပေါ့
  • ရှမ်းကိုးမီးမှာ နောက်ဆုံးနဲ့အမိုက်ဆုံးတစ်ခုက Jackpot ပဲဖြစ်ပါတယ်
  • ဥပမာ – A သုံးလုံးပူးသွားတဲ့အချိန်ပေါ့

 

အခုပြောပြပေးသွားတာလေးတွေကတော့ ရှမ်းကိုးမီးကစားတဲ့အခါမှာ သိထားသင့်တဲ့ အခြေခံအချက်အလက်လေးတွေပဲဖြစ်ပါတယ် ။