worldcup 2022 1

worldcup 2022

worldcup 2022 ဒီ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်ပြီး အမျိုးသားနိုင်ငံအသင်းအချင်းချင်း ပြိုင်ဆိုင်ကြတာဖြစ်ပါတယ်။ ဒီဖီဖာဖလားပြိုင်ပွဲဟာ ၄ နှစ်တစ်ကြိမ် ကျင်းပတယ်။ ဒီနှစ်မှာတော့ ကာတာနိုင်ငံအတွင်း ၂၀ ရက်နေ နိုဝင်ဘာလမှစပြီး ၁၈ ရက်နေ့ ဒီဇင်ဘာလအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပတဲ့နေရာက မကျင်းပခဲ့ဖူးသေးတဲ့ အာရပ်တွင် ကျင်းပသွားမှာဖြစ်ပြီး အာရှတိုက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသွားမှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်တုန်းကတော့ ၂၀၀၂ ခုနှစ်တုန်းက တောင်ကိုးရီးယားနဲ့ ဂျပန်တို့ Host ဖြစ်တဲ့နှစ်ပဲ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၄၈ သင်းအထိ တိုးလာမှာဖြစ်လို့ ပြိုင်ပွဲမှာ ၃၂ သင်း ပါဝင်မယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အရင်တစ်ခါတုန်းကတော့ ချန်ပီယံရသွားတဲ့အသင်းက ပြင်သစ်ဖြစ်ပါတယ်။ ခါတိုင်း ကမ္ဘာ့ဘောလုံးပွဲက နှစ်အလယ်မှာ ကျင်းပတတ်ပေမယ့် ဒီတစ်ခါတော့ ကာတာနိုင်ငံက အပူရှိန်မြင့်တဲ့နိုင်ငံဖြစ်တဲ့အတွက် သူတို့ရဲ့နွေရာသီကိုရှောင်ပြီး နှစ်ကုန်ခါနီးအချိန်မှ ကျင်းပခဲ့လိုက်ရပါတယ်။ အဲ့တာနဲ့ပဲ ဒီနှစ်လယ်မှာ ပထမဆုံးအကြိမ် မကျင်းပဖြစ်ခဲ့ပါဘူး။ ပြိုင်ပွဲရက်ကျတော့ ၂၉ ရက် ကြာသွားမှာ ဖြစ်ပါတယ်။ဘောလုံးပွဲ လောင်းရန်

worldcup 2022 စတင်တဲ့နေ့

worldcup 2022 ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ ဝင်ပြိုင်မယ့်အသင်းများ ၃၂ သင်း အဖြေထွက်လာပြီးနောက် ကမ္ဘာ့တစ်ဝန်းလုံးမှာရှိတဲ့ ဘောလုံးပရိသတ်တွေကို ၂၀ ရက်နေ့ နိုဝင်ဘာလကနေ စတင်အားပေးနိုင်ပါပြီ။ ပထမနေ့ ဆင်းပြိုင်မယ့်အသင်းက ကာတာဆိုတဲ့ Host အသင်းနဲ့ အီကွေဒေါအသင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်သင်းအပြင် အခြားသော ဂရုအေ နဲ့ ဂရုဘီမှ အသင်း ၃ သင်းတို့လည်း ကာတာထက် နည်းနည်းနောက်ကျပြီး ဆင်းပြိုင်သွားမှာဖြစ်ပါတယ်။ အောက်ပါအတိုင်း ဆင်းပြိုင်မယ့်ရက်နေ့နဲ့ အချိန်ကို ထိုင်းနာရီဖြင့် တင်ပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးပွဲရဲ့ ရက်အစောဆုံး ဆင်းပြိုင်မယ့်အသင်းများ။

ဂရုအေ
(၁) ကာတာ Vs အီကွေဒေါ ပြိုင်ရက် ၂၀/၁၁/၂၂ တနင်္ဂနွေနေ့ ပွဲချိန် ည ၁၁.၀၀ နာရီ။ Al Bayt Stadium ကွင်း
(၂) ဆီနီဂေါ Vs နယ်သာလန် ပြိုင်ရက် ၂၁/၁၁/၂၂ တနင်္လာနေ့ ပွဲချိန် ည ၁၁.၀၀ နာရီ။ Al Bayt Stadium ကွင်း

ဂရုဘီ
(၃) အင်္ဂလန် Vs အီရန် ပြိုင်ရက် ၂၁/၁၁/၂၂ တနင်္လာနေ့ ပွဲချိန် ည ၀၈.၀၀ နာရီ။ Khalifa International Stadium ကွင်း
(၃) USA Vs Wales ပြိုင်ရက် ၂၂/၁၁/၂၂ အင်္ဂါနေ့ ပွဲချိန် မနက် ၀၂.၀၀ နာရီ။ Ahmad Bin Ali Stadium ကွင်း

worldcup 2022 ကျင်းပတဲ့နေရာ

worldcup 2022

ဒီ worldcup 2022 သမိုင်းအသစ် ဖြစ်ပေါ်သွားမှာဖြစ်ပြီး ကမ္ဘာ့တစ်ဝန်းလုံးမှာရှိတဲ့ ဘောလုံးချစ်သူများ ရက်နီးလေ ရင်ခုန်လေပဲ ဖြစ်နေကြလောက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနှစ်ကမ္ဘာ့ပြိုင်ပွဲက အရှေ့အလယ်ပိုင်းဒေသတွင် တစ်ခါပဲကျင်းပဖူးသေးသောကြောင့်ပါ။ ကျင်းပခဲ့ဖူးတဲ့ တစ်ခါတုန်းကကျတော့ ၂၀၀၂ ခုနှစ်တုန်းက တောင်ကိုးရီးယားနဲ့ ဂျပန်တို့ လက်တွဲ Host ဖြစ်တဲ့နှစ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်တော့ ကြာသွားပါပြီ။

ခါတိုင်းဆိုရင် ကမ္ဘာ့ဘောလုံးပွဲက နှစ်အလယ်မှာ ကျင်းပတတ်ပါတယ်။ ဒါပေမယ့် ကာတာနိုင်ငံတွင် အဲ့အချိန်မှာ အပူရှိန်အရမ်းမြင့်တဲ့အတွက် နှစ်ကုန်ခါနီး ၁၁ လပိုင်းကနေ ၁၂ ပိုင်းအထိ အချိန်ပြောင်းလိုက်ရပါတယ်။

ဒီနှစ် Host ဖြစ်တဲ့ကာတာအသင်း ၂၀၂၂ ပွဲချိန်မတိုင်မီ ၅ မြို့တော်ထဲက အားကစားကွင်း ၈ ကွင်း တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ အားကစားကွင်း ၈ ကွင်းမှာ ဒိုဟာမြို့တော်နဲ့ ၅၅ ကိလိုမီတာထက် မဝေးပါဘူး။ ဒီ့အပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် မီးရထားနဲ့ အရေးကြီးတဲ့ပွဲကို မှီအောင် သယ်ယူပို့ဆောင်ရေးစနစ် ကောင်းကောင်း စီစဉ်ထားပေးပါတယ်။ အဓိကကျတဲ့ Al Bayt အားကစားကွင်းမှာ စတင်မယ့် ၂၀ ရက်နေ နိုဝင်ဘာလကနေ Lusail Iconic အားကစားကွင်းမှာ ပြီးဆုံးမယ့် ၁၈ ရက်နေ့ ဒီဇင်ဘာလအတွက် သေသေချာချာ စီစဉ်ပေးထားပါတယ်။

Town

Stadium

Capacity

Lusail

Lusail Stadium

80,000

Al Khor

Al Bayt Stadium

60,000

Doha

Stadium 974

40,000

Doha

Al Thumama Stadium

40,000

Al Rayyan

Education City Stadium

45,350

Al Rayyan

Ahmad Bin Ali Stadium

44,740

Al Rayyan

Khalifa International Stadium

40,000

Al Wakrah

Al Janoub Stadium

40,000

worldcup 2022 နောက်ဆုံးအကျော့တွင် စုစုပေါင်း ၃၂ သင်းဖြင့် တိုက်ကြီးဇုန်များကို အောက်ပါအတိုင်း ပိုင်းခြားထားသည်။

Europe (13 အသင်း ) – Belgium , Croatia, Denmark ,England , France, Germany, Netherlands, Poland, Portugal , Serbia, Spain, Switzerland, Wales
Asia (6 အသင် ) – Qatar, Iran , Japan , Saudi Arabia , South Korea , Australia
South America (4 အသင် ) – Argentina, Brazil, Ecuador, Uruguay
Africa (5 အသင်) – Cameroon, Ghana, Morocco, Senegal, Tunisia
Concacaf (4 အသင် ) – Canada, Mexico, USA, Costa Rica

ကမ္ဘာဖလားပွဲအတွက် ဘယ်အသင်းက ဘယ်ဂရုမှာနေရမလဲဆိုတဲ့ မဲနှိုက်ပွဲ ၁ ရက်နေ့ ၄ လပိုင်းတုန်းက ပြီးဆုံးသွားပါပြီ၊ အဲ့ဒီတော့ ဘယ်ဂရုက ဂရုချန်ပီယံဖြစ်ပြီး နောက်တစ်ဆင့် ဆန်ကာတင်သွားမလဲဆိုတာ ကြိုတင်ခန့်မှန်းပေးသွားမယ်။

Group A A1: Qatar A2: Ecuador A3: Senegal A4: Netherlands
Group B B1: England B2: Iran B3: USA B4: Wales
Group C C1: Argentina C2: Saudi Arabia C3: Mexico C4: Poland
Group D D1: France D2: Australia D3: Denmark D4: Tunisia
Group E E1: Spain E2: Costa Rica E3: Germany E4: Japan
Group F F1: Belgium F2: Canada F3: Morocco F4: Croatia
Group G G1: Brazil G2: Serbia G3: Switzerland G4: Cameroon
Group H H1: Portugal H2: Ghana H3: Uruguay H4: South Korea

Group A နဲ့ အရင်စပြောပါမယ်။ ဒီဂရုထဲမှာ ပါဝင်တဲ့အသင်းတွေက ကာတာ၊ နယ်သာလန်၊ ဆီနီဂေါ၊ အီကွေဒေါ

ဒီဂရုထဲမှာ ချန်ပီယံဖြစ်မယ့်အသင်းကတော့ နယ်သာလန်၊ ဆီနီဂေါပဲ ဖြစ်ပါတယ်။

ကာတာအသင်း

Manager – Félix Sánchez Bas

ကစားစနစ် – 5 – 3 – 2 / 3 – 5 – 2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Meshaal Barsham, Salah Zakaria, Saad Al-Sheeb

Defenders – Tarek Salman, Pedro Miguel, Bassam Al-Rawi, Boualem Khoukhi, Abdelkarim Hassan, Homam Ahmed, Musab Khoder, Ahmed Fadel,

Midfielders – Jassem Gaber Abdulsallam, Abdulaziz Hatem, Mohammed Waad, Mustafa Mashaal, Ali Asad, Akram Afif, Abdelrahman Moustafa, Khalid Muneer Mazeed, Hasan Al-Haydos

Forwarder – Mohammed Muntari, Ahmed Alaaeldin, Almoez Ali

လက်ရွေးစဉ်ရွေးပွဲ – အိမ်ရှင်အနေနဲ့ ဝင်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီအဆင့်ကိုတက်ရောက်လာတာ ပွဲစီမံသူဖြစ်တဲ့အနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးက တစ်ခါမှမဖြစ်ဖူးသေးပါဘူး။ ဘယ်စည်းကမ်းသတ်မှတ်ချက်တွေက ဒီလိုမျိုးမရှိဖူးသေးဘူး။ ပြိုင်ပွဲကျင်းပမယ့်ရက်ကိုလည်း နှစ်အလယ်ကနေ ပြောင်းလိုက်သေးတယ်။ အဲ့တာနဲ့ပဲ လိဂ်အားလုံးကို ထိခိုက်သွားပါတယ်။ ရာသီဥတုက အရမ်းပူလို့ ပြိုင်ပွဲရက်ကို ရွှေ့လိုက်တာပါပဲ။ အိမ်ရှင်ဖြစ်နေပေမယ့် နောက်တစ်ဆင့် ဝင်ရောက်ဖို့ဆိုတာ မရှိပါဘူး၊ သူတို့ရဲ့ အခြေခံခြေစွမ်းတွေက အခြားအသင်းကိုမမှီသေးလို့ပါ။ အဲ့တာနဲ့ပဲ ဒီပထမအချီမှာပဲ ပြီးသွားလိမ့်မယ်။ worldcup 2022

အရေးကြီးဆုံးကစားသမား – ကြောက်စရာတစ်ယောက်မှမရှိပါ။

အဆင့်သတ်မှတ်ချက် – Top အသင်းထဲမပါဘူး။

ဆီနီဂေါအသင်း

Manager – Aliou Cissé

ကစားစနစ် – 4 – 3 – 3 / 4 – 4 – 2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Seny Dieng, Alfred Gomis, Mory Diaw

Defenders – Kalidou Koulibaly, Moussa Niakhaté, Abdou Diallo, Pape Abou Cissé, Ismail Jakobs, Fodé Ballo-Touré, Formose Mendy

Midfielders – Pape Gueye, Nampalys Mendy, Cheikhou Kouyaté, Pape Matar Sarr, Idrissa Gueye, Pathé Ciss, Ismaïla Sarr, Krépin Diatta, Iliman Ndiaye

Forwarder – Sadio Mané, Bamba Dieng, Demba Seck, Boulaye Dia

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကဇုန်မှ ဝင်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – Africa Nation Cup Champion (၁ ကြိမ်)

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီနှစ်မှာတော့ အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင် ပထမအချီကိုကျော်ဖြတ်ပြီး နောက်ဆုံး ၁၆ သင်းမှာပဲ အပြီးသတ်သွားလိမ့်မယ်။ သူတို့ရဲ့ ခြေစွမ်းတွေက အရင်ထက်တိုးတက်လာပေမယ့် အဲ့အဆင့်မှာပဲ ပြီးသွားလောက်ပါတယ်။ သူတို့ရဲ့ ကစားသမားအသီးသီးက ဥရောပဇာတ်ခုံထဲ ပါဝင်နေကြပေမယ့် Fifa world ranking ရဲ့ အဆင့်သတ်မှတ်ချက်ကိုကြည့်လိုက်ရင်တော့ သူတို့မှာ အဆင့် ၁၈ တောင် ဖြစ်နေတယ်။ ဒီနှစ် သူတို့ရှိနေတဲ့ ဂရုက သူတို့အတွက် သိပ်မခက်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသရဲ့ မိုးလေဝသက သူတို့နဲ့ မထိခိုက်လောက်ဘူး။ ဆီနီဂေါမှာလည်း အပူပြင်းတဲ့ဒေသမို့လို့ပါ။ အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်ကတော့ ရှယ်ကောင်းနေတယ်၊ ဘာလို့လည်းဆိုတော့ အခုမှ Africa Nation Cup ဖလားကို ပထမဦးဆုံးအနေနဲ့ ပိုင်ဆိုင်လာခဲ့ကြလို့ပါ။ အသင်းထဲက အရေးကြီးဆုံးကစားသမားကတော့ ဆာဒီယို မာနေးပဲဖြစ်ပါတယ်။

အရေးကြီးဆုံးကစားသမား – ဆာဒီယို မာနေး

ပြောမယ်ဆို သူက အသင်းရဲ့ မျှော်လင့်လို့အရဆုံးကစားသမားပဲလို့တောင်သတ်မှတ်နိုင်တယ်။ မာနေးက လီဗာပူးလ်ကနေ ဘိုင်ယန်အသင်းဆီရွှေ့ပြောင်းပြီး လီဗာပူးလ်မှာနေတုန်းကလောက် ခြေစွမ်းမပြနိုင်သေးပါဘူး။ ဘိုင်ယန်မှာနေရတဲ့တာဝန်နဲ့ လီဗာပူးလ်မှာနေရတဲ့တာဝန်က တူညီမှုမရှိလို့နေမယ်။ လီဗာပူးလ်မှာနေတုန်းက စနစ်တကျပိုကစားနိုင်ပါတယ်။ ဘိုင်ယန်ထဲ စစရောက်ချင်းတုန်းကဆိုရင် နေသားကျအောင် တော်တော်လုပ်ခဲ့ရပါတယ်။ အခုလက်ရှိမှာတော့ တော်တော်အဆင်ပြေနေပါပြီ။ အဲ့တော့ ဒီနှစ်ကမ္ဘာဖလားပွဲမှာ ဆီနီဂေါရဲ့ အားကိုးရာက မာနေးပဲဖြစ်လိမ့်မယ်။ သူ့အပြေးက ပြိုင်ဘက်ကို worldcup 2022 တိုက်ပတ်အောင်လုပ်နိုင်လိမ့်မယ်။

အဆင့်သတ်မှတ်ချက် – Top အသင်းထဲမပါဘူး။

အီကွေဒေါအသင်း

Manager – Gustavo Alfaro

ကစားစနစ် – 4 – 3 – 3 / 4 – 2 – 3 – 1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Moisés Ramírez, Hernán Galíndez, Gonzalo Valle

Defenders – Piero Hincapié, Jackson Porozo, William Pacho, Pervis Estupiñán, Diego Palacios, Byron Castillo, Angelo Preciado, Xavier Arreaga

Midfielders – Carlos Gruezo, Jhegson Méndez, Patrickson Delgado, Moisés Caicedo, Jeremy Sarmiento, Nilson Angulo, Anthony Valencia, Romario Ibarra, José Cifuentes

Forwarder – Michael Estrada, Enner Valencia, Enner Valencia

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကဇုန်မှ ဝင်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – တောင်အမေရိကရဲ့ နံပါတ် ၄ အသင်းနဲ့ ဒီအဆင့်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီအသင်းမှာ လူငယ်တွေရှိနေတဲ့အသင်းဖြစ်တဲ့အတွက် စောင့်ကြည့်ချင်စရာကောင်းပါတယ်။ အသင်းထဲက အသက်အရွယ် ပျမ်းမျှလိုက်ရင် ၂၄ နှစ်ထဲပဲရှိပါတယ်။ အသင်းထဲက စိတ်ဝင်စားစရာအကောင်းဆုံးကစားသမားကတော့ ဘရိုက်တန်အသင်းထဲမှာရှိနေတဲ့ ကွင်းလယ်ကစားသမား Moisés Caicedo ပဲဖြစ်ပါတယ်။ အဲ့တော့ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို ထိန်းချုပ်ပေးမယ့်ကစားသမားက သူပဲ။ ဒီဂရုထဲက မထင်မှတ်တဲ့အရာဆိုရင် အီကွေဒေါပဲဖြစ်လိမ့်မယ်။ မပြောမရှိနဲ့ ဂရုရဲ့ နံပါတ် ၂ အနေနဲ့တောင် ဆန်ကာတင်သွားရင် တင်သွားလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Moisés Caicedo

သူက box to box ပုံစံနဲ့ ကွင်းလယ်ကစားသမားပါ၊ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်တစ်ယောက်ပါပဲ။ သူက ကွင်းလယ်ပိုင်းကို သေသေချာချာထိန်းချုပ်ပေးနိုင်တယ်။ ဘောလုံးဖြတ်ယူတာတို့ဘာတို့လည်း တော်တော်ကောင်းတယ်။ ပြီးတော့ တိုက်စစ်ဆင်ကစားတဲ့နေရာ ဝင်ဖြည့်ပေးတာတို့ဘာတို့လည်း တော်တော်အဆင်ပြေနေတယ်။ ဒီနှစ်ဒီကမ္ဘာ့ဖလားပွဲမှာပဲ သူတော်တော်ကျော်ကြားသွားလိမ့်မယ်။ အသင်းတိုင်းပဲ သူ့ကို စောင့်ကြည့်နေကြလောက်တယ်။

အဆင့်သတ်မှတ်ချက် – Top အသင်းထဲမပါဘူး။

နယ်သာလန်အသင်း

Manager – Louis van Gaal

ကစားစနစ်  – 3 – 4 – 3 / 3 – 5 – 2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Mark Flekken, Jasper Cillessen, Kjell Scherpen

Defenders – Matthijs de Ligt, Jurrien Timber, Virgil Van Dijk, Stefan de Vrij, Nathan Ake, Tyrell Malacia, Hans Hateboer, Jordan Teze

Midfielders – Frenkie de Jong, Denzel Dumfries, Teun Koopmeiners, Jerdy Schouten, Davy Klaassen, Guus Til, Steven Berghuis

Forwarder – Steven Bergwijn, Memphis Depay, Noa Lang, Cody Gakpo, Wout Weghorst

လက်ရွေးစဉ်ရွေးပွဲ – လက်ရွေးဆင်ရွေးပွဲကို G ဂရုရဲ့ ချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ဥရောပချန်ပီယံရှစ် 1987-88 (၁ ကြိမ်)

ကမ္ဘာ့ဖလားအောင်မြင်မှု – နယ်သာလန်အသင်းဟာ Total football စနစ်ကို စတင်တည်ထွင်တဲ့အသင်း ဖြစ်ပါတယ်။ အဲ့စနစ်က တိုက်စစ်ပိုင်းကို ဦးစားပေးပြီး ကစားသမားအသီးသီးက တိုက်စစ်ဆင်လို့ရသလို တစ်ခါထဲ ခံစစ်ပိတ်ပါ ကစားနိုင်ပါတယ်။ အခြေနေအရပေါ်မူတည်ပြီး တိုက်စစ်-ခံစစ် ကစားနိုင်ပါတယ်။ နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားပွဲထဲ နှစ်တိုင်းပဲပါပေမယ့် ကမ္ဘာ့ဖလားကိုတော့ တစ်ခါမှမရဖူးသေးပါဘူး။ သူတို့ရဲ့ အကောင်းဆုံးအောင်မှုက ဒုတိယအဆင့်ပဲဖြစ်ပါတယ်။ ဒုတိယအဆင့်နဲ့ ပြီးသွားတဲ့ခုနှစ်ကတော့ ၂၀၀၉-၂၀၁၀ ခုနှစ်တုန်းကပါပဲ၊ ၂၀၁၃ – ၂၀၁၄ ခုနှစ်ရောက်ပြန်တော့လည်း တတိယအဆင့်နဲ့ပဲ ပြီသွားပါတယ်။ ကမ္ဘာ့ဘောလုံးပွဲစတင်လာကတည်းက အဲ့တာ သူတို့ရဲ့အကောင်းဆုံးပဲ ဖြစ်ပါတယ်။ worldcup 2022 ကမ္ဘာ့ဖလားပွဲမှာပဲ မအောင်မြင်တာမဟုတ်ပါဘူး၊ နိုင်ငံတကာအဆင့်နဲ့ဖလားပွဲတွေမှာလည်း အောင်မြင်မှုမရဖူးသေးပါဘူး။ ဥရောပချန်ပီယံရှစ်ရတုန်းကဆိုရင် ဟိုးအရင်တုန်းက ၁၉၈၇-၈၈ ခုနှစ်ဖြစ်ပါတယ်။ ကြာလွန်းလို့ မေ့တောင်မေ့နေကြပါပြီ။ ဒီနှစ်မှာတော့ သူတို့ဆီမှာရှိတဲ့ အင်အားတွေက ထင်သလောက်အဆင်သင့်မဖြစ်သေးပါဘူး ပါဝင်မယ့်ကစားသမားစာရင်းကိုကြည့်ပြီးပြောရင် ကွင်းလယ်ပိုင်းနဲ့ ခံစစ်ပိုင်းက အဆင်ပြေပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းကသာ ကြောက်စရာမကောင်းဘူး၊ ကံကောင်းလို့ ဒီဂရုထဲမှာ သူတို့အတွက် သိပ်မခက်ပါဘူး။

အရေးကြီးတဲ့ကစားသမား – Virgil Van Dijk နဲ့ Frankie De Young ဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ပတ်သက်ပြီး သူ့အရေးကြီးမှုကို ပြောမနေတော့ပါဘူး။ သူက နယ်သာလန်နဲ့ လီဗာပူးလ်ရဲ့ အရေးကြီးဆုံးခံစစ်မှူးပါ။ ဗန်ဒိုက်က ဘယ်ဇာတ်ခုံမှာပဲဖြစ်ဖြစ် တောင့်တင်းမှုတက်ပြဖူးပြီးပြီ။ အဲ့တာနဲ့ပဲ ခံစစ်ပိုင်းက မာနေရင် တိုက်စစ်ပိုင်းကလည်း စိတ်ချလို့ရတာပေါ့။ အဲ့တော့ နယ်သာလန်ရဲ့အောင်မြင်မှုက ဒီခံစစ်မှူးရဲ့ ဦးဆောင်ချက်အပေါ်ပဲ မူတည်သွားလိမ့်မယ်။ Frankie De Young နဲ့တစ်ယောက်ကျတော့ ဘာစီလိုနာရဲ့ တိုက်စစ်မှူးကြီးပါ။ ကမ္ဘာ့ဖလားပွဲမစခင် အသင်းပြောင်းလိုက်ပြီလားတော့မသိဘူး၊ သူ့အရည်အချင်းကတော့ စုံလုံစိနေတာပဲ၊ ခံစစ်ပိတ်တာရော တိုက်စစ်ဆင်တာရော၊ သူရဲ့ တိုက်စစ်ဆင်ကစားခြင်းက ဘူးမသိဘားမသိ ရှေ့တိုးဖို့ပဲ ကြိုးစားတာမျိုးမဟုတ်ပါဘူး။ ဘောလုံးကို ညာဏ်ရည်ရှိရှိနဲ့ ထိုးပေးတာမျိုးဖြစ်ပါတယ်။ တိုက်စစ်ဆင်ဖို့နဲ့ ခံစစ်ပိတ်ဖို့အတွက်လည်း ကွက်တိဖြစ်အောင် ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ အဲ့တော့ နယ်သာလန်ရဲ့ အောင်မြင်မှုကို ဒီနှစ်ယောက်ရဲ့အပေါ်ပဲ မူတည်သွားလိမ့်မယ်။ ချန်ပီယံရမယ့်အထိမဟုတ်တာတောင် တော်တော်ဝင်ရောက်သွားနိုင်လိမ့်မယ်။

အဆင့်သတ်မှတ်ချက် –  Top6 ထဲမှာပါမယ့်အသင်း ဖြစ်လိမ့်မယ်။

Group B အတွင်းမှ အသင်းများ – အင်္ဂလန်၊ အီရန်၊ အမေရိက၊ Wales

ဒီဂရုထဲက ဆန်ကာတင်သွားမယ့်အသင်း – အင်္ဂလန်နဲ့ Wales

အင်္ဂလန်အသင်

Manager – Gareth Southgate

ကစားစနစ် – 3 – 4 – 3 / 3 – 4 – 2 – 1 

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Aaron Ramsdale, Dean Henderson, Nick Pope

Defenders – Eric Dier, John Stones, Fikayo Tomori, Marc Guéhi, Ben Chilwell, Luke Shaw, Trent Alexander-Arnold, Kieran Trippier, Harry Maguire,

Midfielders – Declan Rice, Jude Bellingham, Jordan Henderson, Phil Foden, , Bukayo Saka, Jarrod Bowen, Mason Mount, Jack Grealish

Forwarder – Harry Kane, Ivan Toney, Raheem Sterling

လက်ရွေးစဉ်ရွေးပွဲ – I ဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – 1965/1966 ခုနှစ် World Cup ချန်ပီယံ၊ 2020/2021 ခုနှစ် ယူရိုဒုတိယချန်ပီယံ

ကမ္ဘာ့ဖလားအောင်မြင်မှု -အင်္ဂလန်နိုင်ငံအသင်းဆိုသည်မှာ အရင်ကတည်းက ကျော်ကြားပြီးသားအသင်းဖြစ်ပါတယ်။ ဒီအဆင့်မှာ ကစားတဲ့နှစ်တိုင်းလိုလို နောက်တစ်ဆင့် အမြဲဆန်ကာတင်သွားပေမယ့် နောက်ဆုံးမှာတော့ ဘယ်မှမရောက်နိုင်ခဲ့ပါဘူး။ အင်္ဂလန်နိုင်ငံအသင်းဝင်တွေ လူသိများတဲ့ကစားသမားတွေချည်းပဲဖြစ်နေတယ်။ အင်္ဂလန်အသင်း ဒီနှစ်မှာတော့ Reece James၊ Kyle Walker နဲ့ Calvin Phillips တို့ မပါဘူး၊ သူတို့ ၃ ယောက်က အသင်းအတွက် အရမ်းအကျိုးပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ အသင်းဝင်ကစားသမားစာရင်းကိုကြည့်ပြီးဝေဖန်မယ်ဆိုရင် နောက်တစ်ဆင့်ဆန်ကာတင်ဖို့ အေးဆေးပဲ၊ Nation League ထဲက Form တွေ သုံးစားလို့မရပေမယ့် ဒီလို ဂရုတိုက်ပွဲတွေမှာကျတော့ အဲ့လောက်ထိခက်မနေပါဘူး။ အေးအေးဆေးဆေး တက်သွားလိမ့်မယ် နောက်ဆုံး ၄ အသင်းအချီအထိ တက်ရောက်သွားလောက်တယ်။ အဲ့တာနဲ့ သူတို့ကို Top4 ထဲ ထည့်ထားပါတယ်။

အရေးကြီးဆုံးကစားသမား – Bukayo Saka, Phil Foden, Harry Kane

၃ ယောက်ပေးထားပါတယ်၊ အင်္ဂလန်အသင်းကို အောင်မြင်မှုရအောင်လုပ်ပေးမယ့် တိုက်စစ်မှူးတွေဖြစ်ပါတယ်။ အသင်းကပ္ပတိန်ဖြစ်တဲ့ Harry Kane က ဘောလုံးအနားယူပေးနိုင်သလို ဂိုးလည်းပိတ်သွင်းပေးလိမ့်မယ်။ Harry Kane ရဲ့ ဂိုးသွင်းချက်က ပြတ်သားမှုရှိပြီး ဘောလုံးထိုးပေးချက်ကလည်း တော်တော်ထိရောက်ပါတယ်။ Foden နဲ့ Saka တို့ရဲ့ ထိုးဖောက်မှုအရည်အချင်းက ကောင်းပြီးသားပါ၊ နောက်ပြီး သူတို့ ၂ ယောက်စလုံးက အပြေးလည်းမြန်ကြတယ်။ အပြေးမြန်ပြီး ကိုယ်ပိုင်စကေးကောင်းကောင်းလေးနဲ့ဆိုရင် သူတို့ကိုဖမ်းလို့တောင်ရမှာမဟုတ်ဘူး၊ အဲ့တော့ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူး ၃ ယောက်က တော်တော်အဆင်ပြေနေရင် ဘယ်အသင်းကိုမှကြောက်စရာမလိုဘူး။

အဆင့်သတ်မှတ်ချက် – Top4

အီရန်အသင်

Manager – Carlos Queiroz

ကစားစနစ် – 4 – 1 – 4 – 1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Alireza Beiranvand, Amir Abedzadeh, Alireza Beiranvand

Defenders – Majid Hosseini, Hossein Kanaani, Morteza Pouraliganji, Armin Sohrabian, Milad Mohammadi, Ehsan Hajsafi, Ramin Rezaeian, Sadegh Moharrami,

Midfielders – Milad Sarlak, Roozbeh Cheshmi, Saeid Ezatolahi, Ahmad Nourollahi, Mohammad Khodabandelou, Ali Karimi, Saman Ghoddos, Mehdi Torabi, Alireza Jahanbakhsh, Ali Gholizadeh

Forwarder – Mehdi Taremi, Karim Ansarifard

လက်ရွေးစဉ်ရွေးပွဲ – အာရှဇုံမှတက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – Asian Cup ဖလား ၃ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – သူတို့ကျတော့ အာရှလက်ရွေးစဉ်ရွေးပွဲဇုံကနေ တက်ရောက်လာပါတယ်။ သူတို့ရဲ့ အဓိကပြသာနာကတော့ ဒီနှစ်မှာ Sardar Azmoun မရှိဘူး။ သူ့မှာ ဒဏ်ရာရရှိထားလို့ပါ၊ ဆေးကုသမှု ခံယူနေပါတယ်။ အဲ့တော့ အသင်းအတွက် ရုန်းပေးမယ့်ကစားသမားက ပေါ်တိုအသင်းမှာနေနေတဲ့ Mehdi Taremi ပဲဖြစ်လိမ့်မယ်။ ကျန်တာတော့ နာမည်နည်းနည်းပါးပါးပဲကြားဖူးပါတယ်၊ ဥပမာ Ali Karimi တို့ပေါ့ ဒါပေမယ့် အခု သူ့မှာအဲ့လောက်ထိကောင်းမနေတော့ပါဘူး။ သူတို့လည်း ဒီဂရုရဲ့ အမှတ်ဝေစက်ပဲ ဖြစ်သွားလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Mehdi Taremi

ပေါ်တိုအသင်းရဲ့ အရေးကြီးတဲ့တိုက်စစ်မှူးဖြစ်သလို အီရန်နိုင်ငံအသင်းရဲ့ အရေးကြီးဆုံးကစားသမား ဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာဖလားပွဲမှာ သူတစ်ယောက်ထဲပဲတက်ရုန်းပေးရလိမ့်မယ်။ Taremi က ဒီနှစ်အတွင်း ပေါ်တိုအတွက် ၁၇ ပွဲဆင်းပေးပြီး ဂိုး ၁၂ လုံး သွင်းထားနိုင်ပါတယ်။ အဲ့ဒီ သွင်းဂိုး ၁၂ လုံးထဲက ၅ လုံးမှာ UCL ပွဲစဉ်မှ သွင်းထားပါတယ်။ ပြီးတော့ ပေါ်တိုအသင်းကိုဦးဆောင်ပြီး နောက်တစ်ဆင့် ဆန်ကာတင်သွားသေးတယ်။ နောက်ပြီး ဂရုရဲ့ နံပါတ် ၁ ကြီးနဲ့ ဆန်ကာတင်သွားတာဗျ။ သူ့ Form ကတော့ တော်တော်ကောင်းနေတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားအတွက် အသင်းထဲက သူငယ်ချင်းတွေကျတော့ သူ့လောက်ကြမ်းမနေဘူး၊ အဲ့တော့ သူ့မှာ နိုင်ငံအသင်းပြိုင်ပွဲတွင် worldcup 2022 ခြေစွမ်းသိပ်ပြနိုင်မယ်မထင်ဘူး။ ဒါပေမယ့်လည်း အတိကျပြောလို့မရသေးပါဘူးလေ။

အဆင့်သတ်မှတ်ချက် – မရှိ

USA အသင်း

Manager – Gregg Berhalter

ကစားစနစ် – 4 – 3 – 3 / 4 – 2 – 3 – 1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Matt Turner, Sean Johnson,    Ethan Horvath

Defenders – Mark McKenzie, Walker Zimmerman, Aaron Long, Erik Palmer-Brown, Sam Vines, Sergiño Dest, Reggie Cannon, Joe Scally

Midfielders – Tyler Adams, Kellyn Acosta, Luca de la Torre, Johnny, Giovanni Reyna, Brenden Aaronson, Malik Tillman, Jordan Morris, Paul Arriola

Forwarder – Jesús Ferreira, Pulisic, Josh Sargent

လက်ရွေးစဉ်ရွေးပွဲ – CONCACAF Group 1 ဇုန်မှတက်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – 7-times Gold Cup winner, 1 time Concacaf Nation League

ကမ္ဘာ့ဖလားအောင်မြင်မှု- ဒီအဆင့်မရောက်ခင် မနည်းရုန်းခဲ့ရပြီးတက်ရောက်လာပါတယ်။ သူတို့ရဲ့ရမှတ်က ဂရုရဲ့ နံပါတ် ၄ နဲ့တူတူပဲ ဒါပေမယ့် HTH နဲ့ သွင်းဂိုး-ပေးဂိုးစံချိန်ကပိုကောင်းနေလို့သာ Play-Off ပွဲ ကစားစရာမလိုပဲ တက်ရောက်လာပါတယ်။ ဒီနှစ်မှာလည်း အရင်နှစ်တွေလိုပဲဖြစ်လိမ့်မယ်။ ပြည်သူလူထုက အရမ်းများနေပေမယ့် တော်တော်များများက ဘောလုံးထက် NBA နဲ့ Baseball ကို ပိုဦးစားပေးပါတယ်။ နိုင်ငံထဲမှာ ခြေစွမ်းကောင်းကစားသမားပေါ်မလာသေးပါဘူး၊ ကိုယ်နိုင်ငံထဲကလိဂ်တွေ ထင်သလောက် တောင့်တင်းမှုမရှိသေးဘူး။ ပြီးတော့ နာမည်ကြီးကစားသမားတွေက သူတို့ဆီရောက်သွားတဲ့အချိန် အသက်တော်တော်ကြီးကုန်ကြပြီ။ အဲ့တာနဲ့ပဲ လိဂ်ရဲ့အရည်သွေးကို မပင့်ပေးနိုင်သေးပါဘူး။ သူတို့ရဲ့ ခြေစွမ်းကောင်းကစားသမားတွေက ပြည်ပအထိ သွားရောက်ကစားနိုင်ခဲ့ကြပေမယ့် နိုင်ငံအသင်းထဲကိုပါဝင်ကစားနိုင်ဦးမလာမသိသေးပါဘူး။ အဲ့တာနဲ့ ဒီအဆင့်မှာပဲ အပြီးသတ်သွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – Giovanni Reyna, Brenden Aaronson, Pulisic

ဒီကစားသမားတွေက သူတို့ရဲ့ တိုက်စစ်မှူး ၃ ယောက်ပါပဲ၊ Reyna ဆိုတဲ့တစ်ယောက်က ဒေါ့မွန်အသင်းအတွက် ကစားပေးနေပြီး ကျန်တဲ့ ၂ ယောက်ကျတော့ လိဒ်စ်နဲ့ ချယ်လ်ဆီးမှာ သွားနေကြပါတယ်။ ဒီ ၃ ယောက်ထဲမှာ Aaronson က ပထမကစားသမားအနေနဲ့ ဆင်းရလောက်တယ်။ ဘာလို့လည်းဆိုတော့ သူက ကွင်းထဲ ခန ခန ဆင်းခွင့်ရနေလို့ပါ၊ Reyna က ဒေါ့မွန်မှာနေရပေမယ့် ဒေါ့မွန်အသင်းအတွက် ပထမကစားသမားအနေနဲ့ ၈% လေးပဲ ဆင်းပေးခဲ့ရပါတယ်။ အဲ့တာ စိတ်ပူစရာကောင်းပါတယ်။ ပထမကစားသမားအနေနဲ့ ဆင်းရမယ်ဆိုရင်တော့ အခြေနေအဆင်ပြေပါ့မလားမသိသေးဘူး။ Pulisic မှာလည်း ဒဏ်ရာရလိုက် ဆင်းလိုက် နားလိုက်ပဲမြင်နေရတယ်။ အဲ့တော့ သူတို့ ၃ ယောက်မှာ ခြေစွမ်းပြနိုင်မယ်မထင်ပါဘူး။ ဒီအဆင့်မှာပဲ အပယ်ခံထိသွားလောက်တယ်။

အဆင့်သတ်မှတ်ချက် – မရှိ

Wales အသင်း

Manager – Robert Page

ကစားစနစ် – 3 – 4 – 2 – 1 / 3 – 5 – 2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers –  Danny Ward, Wayne Hennessey, Tom King

Defenders – Ethan Ampadu, Joe Rodon, Ben Cabango, Chris Mepham, Rhys Norrington-Davies, Neco Williams, Connor Roberts, Chris Gunter,

Midfielders – Matt Smith, Dylan Levitt, Joe Morrell, Jonathan Williams, Luke Harris, Daniel James, Sorba Thomas, Gareth Bale, Rabbi Matondo

Forwarder – Kieffer Moore, Brennan Johnson, Tyler Roberts

လက်ရွေးစဉ်ရွေးပွဲ – Play-Off ပွဲနဲ့ တက်‌ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဟိုမရောက် ဒီမရောက်တဲ့အခြေနေကြီးနဲ့ တက်ရောက်လာတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂရုရဲ့ နံပါတ် ၂ ကိုပေးထားတာကျတော့ အစစအရာရာကြည့်ပြီး အခြား ၂ သင်းထက် ကောင်းတာရှိသေးလို့ပါ။ သူတို့ရဲ့ ကစားသမားအသီးသီးက ဂိုးသမားကစ တိုက်စစ်မှူးအထိ ဥရောပဇာတ်ခုံထဲက အသင်းတွေနဲ့ နေနေကြတဲ့သူတွေချည်းဖြစ်နေလို့ပါ။ ဒီနှစ်မှာတော့ Gareth Bale ကိုအားကိုးနိုင်မလားမသိသေးဘူး။ ဒီကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးအကြိမ်ပဲဖြစ်ပါတယ်။ သူ့မှာ ဒဏ်ရာရထားတော့ ပါဝင်မယ့် ကစားသမား ၂၃ ယောက်ထဲ ရှိနိုင်မလားမသိသေးဘူး။ ဒီအသင်းရဲ့ အစစအရာရာခြုံကြည့်ရင် အဆင်ပြေပါတယ်။ ဒီအဆင့်ကို Play-Off ကြီးနဲ့ ရုန်းပြီးတက်လာခဲ့ရပေမယ့် မဆိုးပါဘူး။ သူတို့ ဒီအဆင့်ကိုတက်ကျော်ပြီး နောက်ဆုံး ၁၆ အသင်းမှာပဲ အပြီးသတ်သွားလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Kieffer Moore

ဒီကစားသမားက တစ်ချက်ကန်တစ်လုံးဂိုးတဲ့အမျိုး ဖြစ်ပါတယ်။ အခုနောက်ပိုင်း တော်တော်ပြတ်သားလာတယ်။ နေသားကျသွားပြီလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပွဲဆိုတော့ ဘာမဆို ဖြစ်နိုင်ပါတယ်။ သူ့အရပ်ကတော့ ၁၉၅ cm တောင်ရှိနေတယ်။ အဲ့တော့ သူ့ရဲ့ မြောက်ဘောကလည်း အလိုလိုကောင်းသွားပါတယ်။ Wales အသင်းရဲ့အားသာချက်က မြောက်ဘောပဲဗျ။ အဲ့တော့ ဘာမှတွေးမနေနဲ့တော့ ဆင်းကစားမယ် ခံစစ်သေချာပိတ်မယ်၊ Set Piece ကို သေချာဂရုစိုက်မယ် အဲ့တာတွေ Kieffer Moore စီစဉ်ပေးသွားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

Group C အတွင်းမှပါဝင်သောအသင်းများ – အာဂျင်တီးနား၊ ပိုလန်၊ ဆော်ဒီအာရေဗျ၊ မက္ကဆီကို

နောက်တစ်ဆင့် ဆန်ကာတင်သွားမ့်အသင်း – အာဂျင်တီးနားနဲ့ ပိုလန်

အာဂျင်တီးနားအသင်း

Manager – Lionel Scaloni

ကစားစနစ် – 4 – 3 – 3 / 4 – 4 – 2 

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Emiliano Martínez, Gerónimo Rulli, Franco Armani

Defenders – Lisandro Martínez, Facundo Medina, Nehuén Pérez, Germán Pezzella, Nicolás Tagliafico, Nahuel Molina, Gonzalo Montiel, Guido Rodríguez

Midfielders – Rodrigo de Paul, Enzo Fernández, Alexis Mac Allister, Thiago Almada, Papu Gómez, Ángel Correa, Ángel Di María, Leandro Paredes

Forwarder – Lionel Messi, Joaquín Correa, Lautaro Martínez, Julián Álvarez

လက်ရွေးစဉ်ရွေးပွဲ – တောင်အမေရိကဇုံမှ ဒုတိယအဆင့်နဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – World Cup ချန်ပီယံ ၂ ကြမ်၊ ကိုပါအမေရိကချန်ပီယံ ၁၅ ကြိမ်၊ Confederation ချန်ပီယံ ၁ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီနှစ်မှာတော့ အာဂျင်တီးနားတို့အတွက် တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ မက်ဆီရဲ့ နောက်ဆုံးအကြိမ်မို့လို့ဖြစ်ပါတယ်။ အာဂျင်တီးနားတို့မှာ တော်တော်အဆင်သင့်ဖြစ်နေကြပါတယ်။ မက်ဆီရဲ့ ကိုယ်ပိုင် Form ကလည်း လက်လှမ်းလို့တောင်မမှီတော့ဘူး၊ မက်ဆီအပြင် အခြားခြေစွမ်းကောင်းတဲ့ကစားသမားတွေလည်းရှိသေးတယ်။ ဥပမာ Julián Álvarez နဲ့ Thiago Almada တို့ပေါ့၊ ဒီနှစ် အာဂျင်တီးနားတို့ နောက်ဆုံး ၄ သင်းအချီအထိ တက်ရောက်သွားလိမ့်မယ်။ အဲ့တော့ သူတို့ကို Top 3 ထဲ ပါလောက်တယ်လို့ ခန့်မှန်းထားပါတယ်။

အရေးကြီးဆုံးကစားသမား – Lionel Messi

ဒီကစားသမားကို ဘာမှသိပ်ပြီး ပြောပြစရာမလိုပါဘူး။ နတ်ပြည်က ဘောလုံးကစားဖို့သက်သက် ဖန်ဆင်းထားတာနေမယ်။ သူ့ရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်က ကိစ္စမရှိဘူး၊ ပထမနေ့ကတည်းက အရှေ့ကိုလျင်မြန်စွာ တိုးဝှေ့နိုင်သလို အခုထိလည်း လျင်မြန်နေတုန်းဖြစ်ပါတယ်။ မက်ဆီမှာ Form ကျဆင်းသွားတဲ့အချိန်တောင် ရှိမှန်းမသိလိုက်ဘူး။ သူ့အသက်က သူ့အတွက် ပြသာနာမဟုတ်ဘူး။ ကစားပွဲကြိုတင်ခန့်မှန်းချက်ကလည်း ရှယ်ကောင်းတယ်။ ဂိုးသွင်းချက်ကလည်း ပြတ်သားတယ်။ ဘောလုံးထိုးပေးမှုကောင်းပြီး အမြင်လည်း တော်တော်တိကျတယ်။ အဲ့တာနဲ့ပဲ ဒီနှစ်မှာ သူ့ကိုမှတ်သားလောက်အောင် လုပ်ပြသွားလိမ့်မယ်။ သူ့ဘယ်ဘက်ခြေထောက်က ကော်ကပ်ထားသလို ဘောလုံးနဲ့ကပ်ပြီး အပြေးပါမြန်တယ်။ worldcup 2022 သူ့ခေတ်ကုန်သွားနဲ့ ဘယ်သူအစားလာထိုးနိုင်မလဲတောင်မသိသေးဘူး။

အဆင့်သတ်မှတ်ချက် – Top 3

ဆော်ဒီအာရေဗျအသင်

Manager – Hervé Renard

ကစားစနစ် – 4 – 3 – 3 / 4 – 2 – 3 – 1 

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Mohammed Al-Rubaie, Nawaf Al-Aqidi, Amin Al-Bukhari

Defenders – Hassan Tambakti, Ali Al-Boleahi, Yasser Al-Shahrani, Ahmed Bamsaud, Sultan Al-Ghannam, Mohammed Al-Burayk, Saud Abdulhamid, Ali Al-Hassan, Abdullah Madu

Midfielders – Mohamed Kanno, Salman Al-Faraj, Abdulelah Al-Malki, Salem Al-Dawsari, Abdulrahman Al-Obood, Hattan Bahebri, Ayman Yahya, Sami Al-Najei

Forwarder – Saleh Al-Shehri, Firas Al-Buraikan, Abdullah Al-Hamdan

လက်ရွေးစဉ်ရွေးပွဲ – အာရှဇုံမှ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာရှဖလား ၃ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – သူတို့ အာရှလက်ရွေးစဉ်ရွေးပွဲကနေ တက်ရောက်လာပါတယ်။ စိတ်ဝင်စားစရာ ဘာမှသိပ်မရိပါဘူး။ သူတို့ရဲ့ ခြေစွမ်းအကောင်းဆုံးကစားသမားတွေက ကိုယ့်နိုင်ငံအတွင်းရှိ လိဂ်တွေနဲ့ပဲ ကစားပေးနေကြတယ်။ ဒီနှစ်ကမ္ဘာဖလားပွဲကျင်းပတဲ့ဒေသက အပူပြင်းတဲ့ဒေသဖြစ်ပေမယ့် သူတို့နဲ့သိပ်ပြီး မထိခိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့နိုင်ငံမှာလည်း အပူပြင်းတာချင်းတူနေလို့ပါ၊ အဲ့တော့ အပူရှိန်မြင့်တဲ့နေရာမှာ ဘောလုံးကစားရတာ သူတို့အတွက် ဘာမှမဖြစ်လောက်ဘူး။ သူတို့ရဲ့ခြေစွမ်းနဲ့ဆိုရင် ဒီအဆင့်မှာပဲပြီးသွားလောက်တယ်။ စောစောစီးစီးအပယ်ခံထိမယ့်အသင်းပါ၊ အမှတ်ဝေစက်နဲ့အသင်းတစ်သင်းပဲလို့ ယူဆထားပါတယ်။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတ်ချက် – မရှိ

မက္ကဆီကိုအသင်း

Manager – Gerardo Martino

ကစားစနစ် – 4 – 3 – 3 

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Guillermo Ochoa, Rodolfo Cota, Alfredo Talavera

Defenders – César Montes, Johan Vásquez, Néstor Araújo, Héctor Moreno, Jesús Angulo, Jesús Gallardo, Kevin Álvarez, Jorge Sánchez

Midfielders – Edson Álvarez, Luis Chávez, Carlos Rodríguez, Érick Sánchez, Érick Gutiérrez, Alexis Vega, Hirving Lozano, Roberto Alvarado, Uriel Antuna, Diego Lainez

Forwarder – Henry Martín, Santiago Giménez

လက်ရွေးစဉ်ရွေးပွဲ – CONCACAF ဇုံမှ နံပါတ် ၂ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ -မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီဂရုထဲက စိတ်ဝင်စားစရာကောင်းတဲ့အသင်းတစ်သင်းပါဗျ။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့ ပိုလန်နဲ့တောင် တက်လုနိုင်တယ်။ သူတို့အခြေနေ နောက်တစ်ဆင့်ဝင်ရောက်ဖို့ ၅၀/၅၀ ပါပဲ။ မက္ကဆီကိုအသင်းဆိုသည်မှာ အင်အားသုံးတတ်တဲ့အသင်းမျိုးဖြစ်ပြီး ကြောက်စရာကောင်းပါတယ်။ ဘောလုံးကို အားကြီးနဲ့ဝင်လုတတ်တယ်။ ပြီးတော့ သူတို့ရဲ့အားသာချက်က လိမ့်ဘောဖြစ်နေတယ်။ လက်ရှိ အသင်းထဲကကစားသမားတွေ ဥရောပဇာတ်ခုံထဲ ပါဝင်တဲ့သူတွေချည်းဖြစ်နေတယ်။ ဥပမာ ပေါ်တူဂီတို့ ဟော်လန်တို့ စပိန်နဲ့ အီတလီထဲမှာတောင် သွားရောက်ကစားကြပါတယ်။ အဲ့တော့ သူတို့ရဲ့အတွေ့ကြုံနဲ့ပတ်သက်တာ စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် ကျွန်တော့်အတွေးနဲ့ဆိုရင် ပိုလန်ကိုတက်မကျော်နိုင်လောက်ဘူး။ ဆန်ကာတင်သွားနိုင်ရင်တောင် နောက်ဆုံး ၁၆ သင်းမှာပဲ အပြီးသတ်သွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – Hirving Lozano

သူ့မှာ ငယ်ငယ်ကတည်းက အသင်းရဲ့အရေးကြီးဆုံးဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ အသက် ၂၇ နှစ်ရှိပြီး နာပိုလီအသင်းထဲမှာ ကစားနေပါတယ်။ ဒါပေမယ့် အဓိကတော့မဟုတ်တော့ပါဘူး Khvicha Kvaratskhelia နဲ့ နေရာလုယက်ရပြီး Kvaratskhelia ကိုဆုံးရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း Lozano ရဲ့ အခြေခံခြေစွမ်းက ဘောလုံးကို ကောင်းကောင်းပိုင်ဆိုင်နိုင်ပါတယ်။ လျင်မြန်ပြီး စကေးပါကောင်းတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ အံ့ဩဖို့ကောင်းလောက်အောင် ခြေစွမ်းမျိုးရှိတယ်လို့ဆိုပါတော့။ သူက ဒဏ်ရာ ခန ခန ရနေတာကြောင့် ခြေစွမ်းတွေ ဖြစ်သင့်သလောက် မဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း ပြိုင်ဘက်ကို အန္တရာယ်တော့ပေးနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက် – မရှိ

 ပိုလန်အသင်း

Manager – Czeslaw Michniewicz

ကစားစနစ် – 4 – 3 – 3 / 4 – 2 – 3 – 1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Wojciech Szczesny, Bartlomiej Dragowski, Lukasz Skorupski

Defenders – Jan Bednarek, Jakub Kiwior, Mateusz Wieteska, Bartosz Bereszynski, Robert Gumny, Kamil Glik, Grzegorz Krychowiak, Jakub Piotrowski

Midfielders – Szymon Zurkowski, Karol Linetty, Mateusz Klich, Mateusz Legowski, Przemyslaw Frankowski, Nicola Zalewski, Piotr Zielinski, Sebastian Szymanski, Jakub Kaminski

Forwarder – Robert Lewandowski, Arkadiusz Milik, Krzysztof Piatek

လက်ရွေးစဉ်ရွေးပွဲ – Play-Off ပွဲနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဆွီဒင်အပေါ်အနိုင်ရရှိပြီး ဒီအဆင့်ကိုရောက်လာပါတယ်။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့ကျတော့ ၅၀/၅၀ ပါပဲ။ ဒါပေမယ့် အာဂျင်တီးနားကလွဲပြီး အခြားအသင်းနဲ့ယှဉ်ကြည့်ရင် အဲ့လောက်ထိဆိုးမနေပါဘူး။ ပိုတောင်ကြည့်ကောင်းသေးတယ်။ သူတို့ရဲ့ကစားသမားတော်တော်များများက ဥရောပဇာတ်ခုံထဲ ပါဝင်ကစားနေကြပါတယ်။ အသက် ၃၄ နှစ်နဲ့ Robert Lewandowski နဲ့ဦးဆောင်ပြီး ခြေစွမ်းတွေတက်ပြနေကြပါတယ်။ Lewandowski ရဲ့အသက်ကသာ ၃၄ နှစ်နော် သူ့ခြေစွမ်းက ၂၇ နှစ် ကြီးကျနေတာပဲ Form အရမ်းကောင်းတယ်။ ကျန်တဲ့ကစားသမားတွေလည်း တော်တော်ခြေစွမ်းကောင်းကြတယ်။ ဒီနှစ်မှာတော့ သူတို့ရဲ့ပြိုင်ဘက်က သိပ်မမာသေးတဲ့အတွက် ဒီအဆင့်ကို ကျော်ဖြတ်နိုင်လောက်တယ်။ နောက်ဆုံး ၁၆ အသင်းမှာပဲ ပြီးသွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – Robert Lewandowski

ဒီဂိုးသွင်းသမားကြီးက ပိုလန်ရဲ့အရေးကြီးဆုံးကစားသမားဖြစ်သလို ဘာစီလိုနာတို့ရဲ့မျှော်လင့်ချက်လည်း ဖြစ်နေတယ်။ Lewandowski မှာ ဘာစီအင်္ကျီနဲ့ ၁၇ ပွဲဆင်းကစားပြီး ဂိုး ၁၈ လုံးနဲ့ Assist ၄ ခါ လုပ်ထားပြီးပါပြီ။ သူက တကယ့်ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးကြီးပါဗျာ။ ဘာစီအသင်းက အခုလက်ရှိအခြေနေ အရင်တုန်းကလောက်မကြမ်းတော့ပါဘူး။ အဲ့တော့ သူ့ဆီ ဘယ်သူမှဘောလုံးကောင်းကောင်းပို့မပေးနိုင်ပေမယ့် သူက ကိုယ့်ဘာသာ အခွင့်ရေးတွေဖန်တီးပြီး ကိုယ့်ဘာသာဂိုးသွင်းယူသွားတတ်တယ်။ အဲ့စကေးနဲ့ သူ့မှာ သွင်းဂိုးတွေ အများကြီးရရှိခဲ့တယ်။ ဒီကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးပါပဲ။ နောက်ဆုံးအနေနဲ့ ဂိုးလေးဘာလေး သွင်းပြီး ရာသီပိတ်သွားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

Group D ထဲတွင် ပါဝင်သောအသင်းများ – ပြင်သစ်၊ သြစတြေးလျ၊ ဒိန်းမတ်၊ တူနီးရှား

ဒီဂရုမှ ဆန်ကာတင်သွားမယ့်အသင်း – ပြင်သစ်၊ ဒိန်းမတ်

ပြင်သစ်အသင်း

Manager – Didier Deschamps

ကစားစနစ် – 3-4-1-2 / 4-4-2  

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Alban Lafont, Alphonse Areola, Steve Mandanda

Defenders – William Saliba, Dayot Upamecano, Raphaël Varane, Benoît Badiashile, Ferland Mendy, Adrien Truffert, Benjamin Pavard, Jules Koundé

Midfielders – Aurélien Tchouameni, Eduardo Camavinga, Mattéo Guendouzi, Youssouf Fofana, Ousmane Dembélé, Christopher Nkunku, Jordan Veretout, Jonathan Clauss

Forwarder – Antoine Griezmann, Kylian Mbappé, Randal Kolo Muani, Olivier Giroud

လက်ရွေးစဉ်ရွေးပွဲ – ဥရောပခြေစစ်ပွဲဇုံမှ ဂရု D နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – World Cup ချန်ပီယံ ၂ ကြိမ်၊ ဥရောပချန်ပီယံ ၂ ကြိမ်၊ UEFA Nations League ချန်ပီယံ ၁ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်နိုင်ငံအသင်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ယူဖာနေရှင်လိဂ်ပြိုင်ပွဲတုန်းက စွမ်းဆောင်ရည်သိပ် အဆင်မပြေပေမယ့် လက်ရှိ ကစားသမားအသီးသီးတွေရဲ့ခြေစွမ်းတွေကတော့ တော်တော်တက်ကြွနေပါတယ်။ ခံစစ်ပိုင်းကစပြီး တိုက်စစ်ပိုင်းအထိ တော်တော်ခြေစွမ်းပြနိုင်နေတယ်။ အဲ့တာနဲ့ပဲ သူတို့ ဒီနှစ်မှာ Top2 တောင်ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ Top1 မဖြစ်တာလည်းဆိုရင် ကစားသမားအသီးသီးတွေ ညံ့လို့တော့မဟုတ်ပါဘူး၊ အတွေ့ကြုံကသာ နည်းနေလို့ပါ။ ဒါပေမယ့် ပြင်သစ်အသင်းရဲ့ အစစအရာရာကတော့ ကြောက်စရာတော်တော်ကောင်းပါတယ်။ ကမ္ဘာ့ဖိုင်နယ်ပွဲအထိ တက်ရောက်သွားလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Kylan Mbappe

ဒီကစားသမားက ရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်ကုန်သွားရင် တက်လာမယ့်ထဲမှာ သူပဲဖြစ်ပါတယ်။ သူ့အပြေးကတော့ အရမ်းမြန်တယ်၊ worldcup 2022 ဂိုးသွင်းချက်ကလည်း ပြတ်သားမှုရှိတယ်။ ဒီရာသီ ၁၈ ပွဲဆင်းကစားပြီး သွင်းဂိုး ၁၈ လုံးဖြစ်ပါတယ်။ သူ့ခြေစွမ်းက Top form ဖြစ်နေတယ်။ သူ့ရဲ့ ဘောလုံးဆွဲတက်ချက်က ရှယ်ပဲ ပြိုင်ဘက်ခံစစ်မှူးက နည်းနည်းငှေးမိတာနဲ့ ခံရတတ်ပါတယ်။ သူ့ခြေထောက်က ကမ္ဘာ့ထိပ်တန်းထဲက အမြန်ဆုံးတစ်ယောက်ပဲလို့တောင် သတ်မှတ်လို့ရတယ်။ ဒီနှစ်ကမ္ဘာ့ဖလားပွဲထဲမှာ သူ တော်တော်ကျော်ကြားလိမ့်မယ်။ နောက်နှစ်ကျရင် Ballon d’Or ဆုက သူ့အတွက်တောင် ဖြစ်သွားနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက် – Top2

သြစတြေးလျအသင်း

Manager – Graham Arnold

ကစားစနစ် – 4-2-3-1/ 4-4-2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Mathew Ryan, Mitchell Langerak, Andrew Redmayne

Defenders – Milos Degenek, Trent Sainsbury, Harrison Delbridge, Thomas Deng, Aziz Behich, Joel King, Nathaniel Atkinson, Fran Karacic

Midfielders – Connor Metcalfe, Cammy Devlin, Aaron Mooy, Jackson Irvine, Riley McGree, Denis Genreau, Mathew Leckie, Marco Tilio, Martin Boyle

Forwarder – Mitchell Duke, Adam Taggart, Jamie Maclaren

လက်ရွေးစဉ်ရွေးပွဲ – အာရှဇုံမှတက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – သြစတြေးလျအသင်းရဲ့ကစားသမားတွေ ရှင်းရှင်းပြောရင် အဆင်ပြေမယ့်ပုံမပေါ်ပါဘူး။ ခြေစွမ်းထူးခြားတာတစ်ယောက်မှမရှိဘူး။ ကစားသမားတော်တော်များများက ကိုယ့်နိုင်ငံထဲမှာပဲ ကစားနေကြပါတယ်။ အဲ့တာနဲ့ပဲ သူတို့ ဒီဂရုရဲ့ နံပါတ် ၃ မဟုတ်ရင် နံပါတ် ၄ နဲ့ ပြီးသွားလောက်တယ်။ သူတို့စတိုင်လ်က နောက်ဆုံး ဧရိယာအထိ ရောက်သွားအောင် ရှယ်ရုန်းရုံပဲရှိပါတယ်။ ကျန်တာ ဘာမှမရှိတော့ပါဘူး။ ဒီဂရုရဲ့ အမှတ်ဝေစက်ပဲဖြစ်သွားလိမ့်မယ်။ တူနီးရှားနဲ့အတူတူ မုန့်စိန်ဖြစ်သွားလိမ့်မယ်။ အပယ်ခံထိမှာ သေချာပေါက်။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတ်ချက် – မရှိ

ဒိန်းမတ်အသင်း

Manager – Kasper Hjulmand

ကစားစနစ် – 4-2-3-1/ 3-4-1-2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Oliver Christensen, Frederik Rönnow, Kasper Schmeichel

Defenders – Andreas Christensen, Joachim Andersen, Simon Kjaer, Victor Nelsson, Joakim Maehle, Rasmus Kristensen, Alexander Bah, Jens Stryger Larsen

Midfielders – Pierre-Emile Höjbjerg, Philip Billing, Mathias Jensen, Thomas Delaney, Daniel Wass, Christian Eriksen, Andreas Skov Olsen, Jesper Lindström, Mikkel Damsgaard

Forwarder – Kasper Dolberg, Rasmus Höjlund, Andreas Cornelius

လက်ရွေးစဉ်ရွေးပွဲ – ဂရု F ရဲ့ နံပါတ် ၁ အနေနဲ့ တက်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ဥရောပချန်ပီယံ ၁ ကြိမ်၊ ကွန်ဖက်ဒရေးရှင်းချန်ပီယံ ၁ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒိန်းမတ်တို့ရဲ့ ကစားသမားတွေ ဒီနှစ်မှာ အရင်နှစ်တွေထက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘရိုင်ယန်နဲ့ Michael Laudrup တို့ညီအစ်ကိုနှစ်ယောက်ခေတ် ကုန်သွားကတည်းက ဒိန်းမတ်အသင်းမှာ အရင်လိုတောင့်တင်းမှုမရှိတော့ပါဘူး။ ဒိန်းမတ်တို့ရဲ့ ခြေစွမ်းအထူးခြားဆုံးကစားသမား ဒီနှစ်မှာတစ်ယောက်မှမရှိပါဘူး။ ကစားသမားတိုင်းပဲ အားကိုးလို့ရနေပါတယ်။ ကစားခွင့်ရတာနဲ့ ကောင်းကောင်းတာဝန်ကျေအောင် လုပ်ဆောင်နိုင်ကြတယ်။ ဒိန်းမတ်ရဲ့ ဒီ ကစားသမားအဖွဲ့ဟာ လက်တွဲကစားလာတာကြာပါပြီ၊ အသင်းထဲက ကစားသမားအားလုံးရဲ့ အသက်အရွယ်က ပျမ်းမျှလိုက်ရင် ၂၅-၂၆ နှစ်ရှိပါတယ်။ နာမည်ကျော်ကြားကစားသမားမရှိပေမယ့် ကစားသမားအားလုံးကတော့ ဥရောပဇာတ်ခုံပေါ်မှာပဲ ခြေစွမ်းတက်ပြနေကြပါတယ်။ အဲ့တော့ ဘာမှစိတ်ပူစရာမရှိပါဘူး။ အဓိက ကွင်းလယ်ပိုင်းဆိုရင် တော်တော်တောင့်တင်းမှုရှိတယ်။ သူတို့ နောက်ဆုံး ၈ သင်းအချီအထိ တက်ရောက်သွားနိုင်မယ်ထင်ပါတယ်။

အရေးကြီးဆုံးကစားသမား – Pierre-Emile Höjbjerg နဲ့ Christian Eriksen

ဒိန်းမတ်တို့ရဲ့ကွင်းလယ်ပိုင်းက ဒီနှစ်ယောက်နဲ့ လှုပ်ရှားသွားလိမ့်မယ်။ Höjbjerg မှာ ဘောလုံးကို အနောက်ကနေ အရှေ့အထိ တင်ပေးတတ်တဲ့သူဖြစ်တယ်။ box to box စတိုင်လ်ကစားနိုင်တယ်။ Eriksen ကျတော့ လျင်မြန်စွာထိုးတက်မယ် သို့မဟုတ် တိုက်စစ်အမျိုးမျိုး ပြောင်းဆင်တာမျိုးလည်း လုပ်တတ်ပါတယ်။ သူ့စတိုင်လ်က deep lying playmaker လိုပုံစံမျိုးပေါ့။ သူတို့နှစ်ယောက်က တွဲကစားလာတာကြာပြီ လူငယ်အသင်းမှာနေကတည်းက တွဲကစားလာကြပါတယ်။ အဲ့တော့ နားလည်မှုပိုင်း လုံးဝစိတ်ချရပါတယ်။ ဒီနှစ် ဒိန်းမတ်တို့ ဘယ်အထိတက်သွားနိုင်မလဲဆိုတာ သူတို့နှစ်ယောက်ပေါ်ပဲမူတည်သွားမယ်။ မထင်မှတ်ပဲ တော်တော်ရောက်သွားမယ့်အသင်းမျိုး ဖြစ်သွားနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက် – မရှိ

တူနီးရှားအသင်း

Manager – Jalel Kadri

ကစားစနစ် – 4-1-4-1 / 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Bechir Ben Said, Aymen Dahmen, Mohamed Sedki Debchi

Defenders – Dylan Bronn, Montassar Talbi, Nader Ghandri, Bilel Ifa, Ali Abdi, Ali Maâloul, Yan Valery, Mohamed Dräger

Midfielders – Ellyes Skhiri, Anis Slimane, Aïssa Laïdouni, Ferjani Sassi, Ghaylen Chaaleli, Hannibal Mejbri, Naïm Sliti, Saîf-Eddine Khaoui, Youssef Msakni

Forwarder – Wahbi Khazri, Issam Jebali, Seifeddine Jaziri

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကမှတက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – African Nations Cup champion ၁ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – သူတို့ ခါတိုင်းဆိုရင် လက်ရွေးစဉ်ရွေးပွဲမှာပဲ ပြီးသွားတတ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားထဲပါဖူးတဲ့နှစ်က ၂၀၀၅/၂၀၀၆ ခုနှစ်တုန်းကဖြစ်ပါတယ်. အဲ့တာ ၁၆ နှစ်တောင်ကြာသွားပါပြီ။ ဒီနှစ် ထပ်ပြန်လာပြီ၊ အသင်းထဲက ကစားသမားအသီးသီးတွေ ဘယ်သူတွေမှန်းမသိပါဘူး၊ ဒါပေမယ့် နာမည်နည်းနည်းကြားဖူးတာကတော့ Hannibal နဲ့ Khazri တို့လောက်ပဲရှိတယ်၊ ကျန်တာ မသိပါဘူး။ အာဖရိကဇုံထဲက ဒီအဆင့်ရောက်လာတဲ့ထဲမှာ တူနီးရှားအသင်းက အညံ့ဆုံးပဲလို့တောင်ပြောနိုင်တယ်။ အဲ့တော့ သူတို့ ဘယ်မှမရောက်ပဲ ပြီးသွားလိမ့်မယ်။ ဒိန်းမတ်နဲ့တွေ့ရသလို ပြင်သစ်နဲ့ပါ တွေ့ရမှာဆိုတော့ ၃ ပွဲကစားပြီးတာနဲ့ အဖြေတန်းသိလောက်တယ်။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတ်ချက် – မရှိ

Group E အတွင်းမှ ပါဝင်သောအသင်းများ – ဂျာမနီ၊ စပိန်၊ ဂျပန်၊ ကော့စတာရီကာ

နောက်တစ်ဆင့် ဆန်ကာတင်သွားမယ့်အသင်း – ဂျာမနီ၊ စပိန် (Group of Deads ဟု သတ်မှတ်ထားပါတယ်)

စပိန်အသင်း

Manager – Luis Enrique

ကစားစနစ် – 4-2-3-1/ 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Robert Sánchez, Unai Simón, David Raya

Defenders – Pau Torres, Eric García, Diego Llorente, José Gayà, Jordi Alba, Daniel Carvajal, César Azpilicueta

Midfielders – Rodri, Hugo Guillamón, Sergio Busquets, Pedri, Gavi, Marcos Llorente, Carlos Soler, Koke, Ferran Torres, Marco Asensio, Nico Williams, Pablo Sarabia

Forwarder – Álvaro Morata, Borja Iglesias

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံမှ ဂရု B ရဲ့နံပါတ် ၁ အနေနဲ့ ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ကမ္ဘာ့ချန်ပီယံ ၁ ကြိမ်၊ ဥရောပချန်ပီယံ ၃ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – စပိန်အသင်း ဒီအဖွဲ့ရဲ့စွမ်းဆောင်ရည်က ၅၀/၅၀ ပဲ ဖြစ်နေတယ်။ ဂရုရဲ့ နံပါတ် ၁ အနေနဲ့ တက်ရောက်လာပေမယ့် အခြား Top ဖြစ်မယ့်အသင်းတွေလောက်တော့ ခြေစွမ်းမပြနိုင်သေးပါဘူး။ Xavi၊ အင်နီယေစတာ၊ ဗီလာ၊ တောရက်စ်နဲ့ ဆေးလ်ဗားတို့ခေတ်ကုန်သွားတာနဲ့ သူတို့နေရာ အစားထိုးဖို့ကစားသမား မွေးဖွားမလာသေးပါဘူး။ အသင်းထဲက နည်းနည်းကြည့်ကောင်းတဲ့ကစားသမားဆိုရင် Gavi နဲ့ Pedri တို့လောက်ပဲရှိပါတယ်။ အရင်တုန်းက ခြေစွမ်းပြဖူးတဲ့ စပိန်တိုက်စစ်မှူးဟာ အခုလက်ရှိအချိန် ပြန်ကြည့်လိုက်ရင် နှမြောစရာကောင်းပါတယ်။ ဒီနှစ်မှာတော့ စပိန်တို့က နောက်ဆုံး ၈ သင်း အချီမှာပဲပြီးသွားလောက်တယ်။ ခြေစွမ်းထူးခြားတဲ့ကစားသမားက မရုန်းပေးနိုင်လောက်ပါဘူး။ ပြီးတော့ သူတို့ရဲ့ဂိုးသမားကလည်း အကောင်းဆုံးနေရာမှ ဆင်းသက်မလာပါဘူး။ အလယ်အလတ်အဆင့်လောက်ပဲ ရှိနေတယ်။ ဒီနှစ်အဆင်မပြေပေမယ့် နောက်တစ်ခါကျမှ ပြောင်းလဲမှုတွေ မြင်ကြရလောက်တယ်။

အရေးကြီးဆုံးကစားသမား – Gavi နဲ့ Pedri

ဘာစီလိုနာအသင်းမှ ကွင်းလယ်ကစားသမားအတွဲပါ။ အခုမှတက်ရောက်လာပေမယ့် အသင်းကိုဦးဆောင်ပြီး တိုက်ခိုက်နေရပါပြီ၊ Xavi နဲ့ အင်နီယေစတာတို့လိုမျိုး ဦးဆောင်ရပါမယ်။ တန်းကောင်းမယ်လို့တော့မထင်သေးပါဘူး၊ အတွေ့ကြုံလိုပါသေးတယ်။ သူတို့အရိုးတွေ ဒီထက်မာဖို့လိုပါသေးတယ်။ သူတို့နှစ်ယောက်က ဘာစီအတွက် လိဂ်ရဲ့ချန်ပီယံယူပေးရမယ့်အဓိကကစားသမား ဖြစ်ပါတယ်။ ဖလားပွဲမှာတော့ အပယ်ခံထိပြီး ယူရိုပါလိဂ်ထဲပါဝင်ဖို့ Play-Off ပွဲ ကစားနေရပါတယ်။ ကျွန်တော်ပြောသလိုပါပဲ ကြီးမားတဲ့ဇာတ်ခုံပေါ်မှာ တိုက်ခိုက်ဖို့ ဒီနှစ်ယောက်က အတွေ့ကြုံလိုသေးတယ်။ ဒါပေမယ့်လည်း ဒီအချိန် မဖြစ်မနေ အသုံးပြုရမှာပါပဲ။ တစ်ယောက်က ဘောလုံးကို holding လုပ်မယ် နောက်တစ်ယောက်ကျတော့ တိုက်စစ်ဆင်ကစားခြင်းအတွက် ထောက်ကူပေးမယ်။ မပြောမရှိနဲ့ သူတို့နှစ်ယောက်က ဒီကမ္ဘာ့ဖလားထဲမှာပဲ ကျော်ကြားသွားနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက် – Top5

ကော့စတာရီကာအသင်း

Manager – Luis Fernando Suárez

ကစားစနစ် – 5-4-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Keylor Navas, Esteban Alvarado, Patrick Sequeira

Defenders – Francisco Calvo, Juan Pablo Vargas, Óscar Duarte, Kendall Waston, Ronald Matarrita, Bryan Oviedo, Keysher Fuller, Carlos Martínez

Midfielders – Daniel Chacón, Yeltsin Tejeda, Douglas López, Youstin Salas, Celso Borges, Roan Wilson, Gerson Torres, Jewison Bennette, Joel Campbell

Forwarder – Anthony Contreras, Johan Venegas, Anthony Hernández

လက်ရွေးစဉ်ရွေးပွဲ – ကွန်ကာကဖ်ဇုံမှတက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ဗဟိုအမေရိကချန်ပီယံ ၈ ကြိမ်၊ ကွန်ကာကဖ်ချန်ပီယံ ၃ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ကော့စတာရီကာတို့ ဒီအဆင့်ကို မရောက်လာတာ တော်တော်ကြာပြီ၊ သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲထဲပါဖူးတာ ၂၀၀၅/၀၆ တုန်းကပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၆ နှစ်တုန်းကပေါ့။ ကော့စတာရီကာအသင်းဟာ  လက်ရွေးစဉ်ရွေးပွဲတုန်းက ကွန်ကာကဖ်ဇုံရဲ့နံပါတ် ၄ အနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ Play-Off ပွဲမှာ နယူးဇီလန်အပေါ် ၁ ဂိုး ၀ နဲ့ ကပ်နိုင်လာခဲ့တာဖြစ်ပါတယ်။ အသင်းထဲက နာမည်ကောင်းရထားတဲ့ကစားသမားကတော့ Joel Campbell နဲ့ Celso Borges တို့လောက်ပဲရှိပါတယ်။ ကျန်တာ မသိတော့ပါဘူး။ ဒီအဆင့်အထိ တက်ရောက်နိုင်တော့ မလွယ်ဘူးပဲလို့သတ်မှတ်ထားပါတယ်။ worldcup 2022 သူတို့ ဆင်းကစားတဲ့စံချိန်တွေထဲမှာ ဂိုးသိပ်သွင်းခံမထိခဲ့ဘူး၊ ခံစစ်ပိုင်းက တောင့်တင်းမှုရှိနေတယ်။ သူတို့က အမှတ်ထုတ်ယူလို့အရမ်းခက်တဲ့ အမှတ်ဝေစက် ဖြစ်ချင်ဖြစ်လိမ့်မယ်။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတ်ချက် – မရှိ

ဂျာမနီပသင်း

Manager – Hansi Flick

ကစားစနစ် – 3-4-1-2 / 4-2-3-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Marc-André ter Stegen, Kevin Trapp, Oliver Baumann

Defenders – Antonio Rüdiger, Niklas Süle, Nico Schlotterbeck, Thilo Kehrer, Matthias Ginter, Armel Bella-Kotchap, David Raum, Benjamin Henrichs

Midfielders – Joshua Kimmich, Ilkay Gündogan, Maximilian Arnold, Robin Gosens, Jamal Musiala, Kai Havertz, Leroy Sané, Serge Gnabry, Jonas Hofmann, Robin Gosens

Forwarder – Lukas Nmecha, Thomas Müller

လက်ရွေးစဉ်ရွေးပွဲ -ဥရောပဇုံမှ ဂရု J ရဲ့နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်၊ ဥရောပချန်ပီယံ ၃ ကြိမ်၊ ကွန်ဖက်ဒရေးရှင်းချန်ပီယံ ၁ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ဂျာမနီတို့ရဲ့ လက်ရှိကစားသမားအဖွဲ့က Position တိုင်းပဲကောင်းနေတယ်။ ဒါပေမယ့် အားနည်းချက်က ဂိုးသွင်းတဲ့အပိုင်းဖြစ်နေတယ်။ လက်ရှိဂျာမနီအသင်းက အခုမှတက်လာတဲ့ခြေစွမ်းကောင်းကစားသမားရှိသလို အတွေ့ကြုံများတဲ့ကစားသမားတွေလည်းရှိနေတယ်။ အဲ့တာနဲ့ပဲ သူတို့ကို ဘရာဇီးနဲ့အတူ Top1 နေရာ မြှင့်တင်ထားပါတယ်။ ဘရာဇီးနဲ့အတူတူ ကြောက်စရာကောင်းပါတယ်။ အသင်းထဲက ကစားသမားတိုင်း အရည်ချင်းရှိတယ်။ ပြီးတော့ ကစားသမားတော်တော်များများက ဘောလုံးကလပ်အသီးသီးရဲ့ Key man ပါဖြစ်နေကြတယ်။ ဒီဂရုကတော့ Group of dead လို့ပဲ သတ်မှတ်ထားပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဂရုထဲမှာရှိတဲ့အသင်းတွေက လွယ်လွယ်လေးနဲ့ မရှုံးတတ်ကြပါဘူး။ စပိန်တို့ ဂျပန်တို့ တော်တော်မလွယ်ဘူးဗျ။ နောက်ပြီး ကော့စတာရီကာဆိုသည်မှာလည်း မုန့်စိန်မဟုတ်ပါဘူးနော်။ ဂျာမနီအသင်း ဒီနှစ်မှာတော့ အနည်းဆုံး worldcup 2022 နောက်ဆုံး ၄ သင်းအချီအထိ တက်ရောက်သွားလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Jamal Musiala

တကယ်တမ်းတော့ ရွေးစရာတွေကများနေတယ်။ ဂျာမနီအသင်းအတွက် ကစားသမားတိုင်းပဲ Key man ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီ Jamal Musiala ကိုပေးရမှာပဲ၊ ဘာလို့လည်းဆိုတော့ သူ့စကေးက ရှယ်ကောင်းနေလို့လေ။ ဘောလုံးပိုင်ဆိုင်ပြီဆိုတာနဲ့ လွယ်လွယ်လေးပြန်မရှုံးတတ်ဘူး။ ကစားပွဲရဲ့ ကြိုတင်ခန့်မှန်းချက်ကလည်းရှိတယ်။ ဂိုးသွင်းချက်မှာလည်း တော်တော်ထိရောက်ပြီး တော်တော်ပြတ်သားမှုရှိတယ်။ သူက ဘိုင်ယန်အသင်းမှာနေပြီး ဒီရာသီ ၁၉ ပွဲ ဆင်းကစားခဲ့ပြီးပါပြီ။ ၁၉ ပွဲကစားပြီး ဂိုး ၁၀ လုံးနဲ့ Assist ၈ ခါ လုပ်ထားနိုင်ပါတယ်။ အသက် ၁၉ နှစ်လေးနဲ့ အရမ်းကောင်းနေတဲ့ ကွင်းလယ်တိုက်စစ်မှူးလေးပါ။ အခုတော့ ကလပ်မှာရော နိုင်ငံအသင်းမှာရော အဓိကဆုံးဖြစ်နေတယ်။

အဆင့်သတ်မှတ်ချက် – Top1 ထဲကအသင်းတစ်သင်း

ဂျပန်အသင်

Manager – Hajime Moriyasu

ကစားစနစ် – 4-2-3-1/ 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Daniel Schmidt, Shuichi Gonda, Eiji Kawashima

Defenders – Ko Itakura, Shogo Taniguchi, Yuta Nakayama, Hiroki Ito, Takehiro Tomiyasu, Hiroki Sakai, Miki Yamane, Yuto Nagatomo

Midfielders – Wataru Endo, Hidemasa Morita, Ao Tanaka, Gaku Shibasaki, Daichi Kamada, Takumi Minamino, Kaoru Mitoma, Daizen Maeda, Yuki Soma, Takefusa Kubo

Forwarder – Ayase Ueda, Takuma Asano

လက်ရွေးစဉ်ရွေးပွဲ – ဂရု ၆ ရဲ့နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာရှချန်ပီယံ ၄ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီဆာမူရိုင်းသွေးသားတွေ တကယ့်ဖိုက်တာတွေပါဗျာ၊ ပွဲတိုင်းပဲ အရမ်းပြေးကြတယ်။ ဂျပန်အသင်းဟာ အာရှတိုက်ထဲက ကမ္ဘာ့ဖလားပွဲထဲအမြဲပါဝင်နိုင်တဲ့ ကိုယ်စားလှယ်အသင်းဖြစ်နေပြီ။ ဒီနှစ် လက်ရွေးစဉ်ရွေးပွဲတုန်းက ဂရု ၆ ရဲ့ နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။ အဲ့ဂရုအဆင့်ပွဲတုန်းက ဂိုးအပေးအယူ ၄၄ လုံးတောင် ဖြစ်ပေါ်ခဲ့တယ်။ ဂိုးတွေ ပွဲတိုင်းပဲ ပိုးစိုးပက်စက် သွင်းနိုင်နေကြပါတယ်။ သူတို့ရဲ့ အာရှတိုက်ထဲကအသင်းတွေနဲ့ယှဉ်ကြည့်ရင် အရမ်းပဲသာသွားပါပြီ။ နိုင်ငံထဲက လိဂ်အသီးသီးတွေ တောင့်တင်းမှုရှိလာကြတဲ့အတွက် သူတို့ရဲ့ကစားသမားအသီးသီးတွေကလည်း အလိုလို တောင့်တင်းမှုရှိလာကြတယ်။ သူတို့ရဲ့ ကစားသမားတော်တော်များများ ဥရောပဇာတ်ခုံထဲ ပါဝင်ကစားပြီး အောင်မြင်မှုနည်းနည်းပါးပါးပဲ ရရှိပေမယ့် အနည်းဆုံး တိုးတက်မှုတော့ရသွားပါတယ်။ ဂျပန်အသင်းမှာ ဘာမှစိုးရိမ်စရာမလိုပါဘူး သူတို့က အရမ်းပြေးတတ်ပြီးသားပါ၊ ဒါပေမယ့်လည်း သူတို့ နောက်တစ်ဆင့် ထပ်မတိုးနိုင်လောက်သေးပါဘူး၊ ဒီအဆင့်မှာပဲ အပယ်ခံထိသွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတ်ချက် – မရှိ

Group F တွင် ပါဝင်သောအသင်းများ – ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ခရိုအေးရှား၊ မော်ရိုကို

ဒီအသင်းမှ ဆန်ကာတင်သွားမယ့်အသင်း – ဘယ်လ်ဂျီယံ – ခရိုအေးရှား

ဘယ်လ်ဂျီယံအသင်း

Manager – Roberto Martínez

ကစားစနစ် – 3-4-2-1 / 3-4-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Thibaut Courtois, Koen Casteels

Defenders – Wout Faes, Arthur Theate, Jason Denayer, Zeno Debast, Brandon Mechele, Toby Alderweireld, Timothy Castagne, Thomas Meunier

Midfielders – Amadou Onana, Leander Dendoncker, Axel Witsel, Youri Tielemans, Kevin De Bruyne, Charles De Ketelaere, Hans Vanaken, Yannick Carrasco, Leandro Trossard, Eden Hazard, Thorgan Hazard

Forwarder – Michy Batshuayi, Romelu Lukaku

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံမှ ဂရု E ရဲံ နံပါတ် ၁ အနေနဲ့ ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားပွဲထဲက အအောင်မြင်ဆုံးစံချိန်ကတော့ နံပါတ် ၃ နဲ့ပြီးသွားတာပဲဖြစ်ပါတယ်။ အရင်တစ်ခါတုန်းက သူတို့ကစားသမားတွေ ခြေစွမ်းအကာင်းဆုံးအချိန် ဖြစ်နေကြလို့ပါ၊ ကမ္ဘာ့ဖလား အရင်တစ်ခါတုန်းက ၄ နှစ်ကြာသွားပါပြီ၊ အဲ့ဒီနောက်ဆုံးနှစ်တုန်းက ခြေစွမ်းပြနိုင်တဲ့ကစားသမားတွေမှာ Eden Hazard၊ Romelu Lukaku၊ Witsel၊ Thorgan၊ Kevin De Bruyne နဲ့ Meunier တို့ပဲ ဖြစ်ပါတယ်။ အခုပြောတဲ့အားလုံးထဲမှာ အခုထိကြမ်းတာ Kevin De Bruyne တစ်ယောက်ထဲပဲကျန်တယ်။ ကျန်တဲ့သူတွေက အသက်အရွယ်နဲ့ ကျဆင်းသွားနေပါတယ်။ ဘယ်လ်ဂျီယံတို့မှာ အသက်ကြီးတဲ့ကစားသမားနေရာ အစားထိုးမယ့်သူ သိပ်မရှိပါဘူး။ အဲ့တော့ ဒီနှစ်မှာ သူတို့ ကြောက်စရာမကောင်းပါဘူး။ နောက်ဆုံး ၈ သင်းအချီမှာပဲ ပြီးသွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – Kevin De Bruyne

ဒီအချိန် သူ့ကို ကမ္ဘာ့နံပါတ် ၁ ကွင်းလယ်ကစားသမားလို့ခေါ်ရင် ဘယ်သူမှငြင်းမနေလောက်ပါဘူး။ Kevin De Bruyne ဆီက အံ့ဩစရာ ဘောလုံးထိုးပေးချက်ကို ခန ခန မြင်ရပါတယ်။ သူ့ကလပ်မှာ ဟာလန်းနဲ့တွဲပြီးကတည်းက ခြေထောက်နာတဲ့အထိ ဂိုးသွင်းနေကြရတယ်။ သူထိုးပေးတဲ့ ဝှိုက်ဘောကြီးဟာ ပရီးမီးယားလိဂ်ထဲကအသင်းတွေ အကုန်ပဲ ကြုံခဲ့ဖူးပြီးပြီ။ သူ့နေရာ နည်းနည်းလွှတ်ပြီဆိုတာနဲ့ ဂိုးအမြဲပိတ်သွင်းတတ်တယ်။ လှပတဲ့ Free-Kick တွေလည်း မနည်းဘူး။ အဲ့တာနဲ့ပဲ ဘယ်သူမှ သူနဲ့မယှဉ်နိုင်ဘူးလို့ပြောချင်ပါတယ်။ ကစားပွဲခန့်မှန်းချက်ကလည်း ဆရာကြီး၊ မျက်လုံးလေးနဲ့ကြည့်ပြီး စိတ်ကူးတတ်တယ်။ ဘယ်လိုထိုးပေးပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာ ခေါင်းထဲမှာ မြင်ယောင်ပြီးသားပါ။ ဘောလုံးက သူ့ခြေထောက်ကနေ ထွက်သွားပြီဆိုတာနဲ့ ဂိုးဖြစ်ဖို့ ၅၀/၅၀ ပဲ။ ဒီနှစ်မှာ ဒီကစားသမားက ကမ္ဘာ့ဖလားပွဲတွင် ခြေစွမ်းတက်ပြသွားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ကနေဒါအသင်း

Manager – John Herdman

ကစားစနစ် – 4-4-2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Maxime Crépeau, Dayne St. Clair, James Pantemis

Defenders – Kamal Miller, Joel Waterman, Lukas MacNaughton, Doneil Henry, Raheem Edwards, Alistair Johnston, Richie Laryea, Zachary Brault-Guillard

Midfielders – Samuel Piette, Liam Fraser, Ismaël Koné, Mark-Anthony Kaye, Jonathan Osorio, Mathieu Choinière, Jayden Nelson, Jacob Shaffelburg,

Forwarder – Ayo Akinola, Lucas Cavallini

လက်ရွေးစဉ်ရွေးပွဲ – ကွန်ကာကဖ်ဇုံမှ နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ကွန်ကာကဖ်ချန်ပီယံ ၁ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ပြီးခဲ့တဲ့လက်ရွေးစဉ်ရွေးပွဲတုန်းက သူတို့မှာ ခြေစွမ်းတော်တော်ပြနိုင်ခဲ့ကြပါတယ်။ ကွန်ကာကဖ်ပွဲစဉ်တုန်းက ၁၄ ပွဲဆင်းကစားပြီး ရမှတ် ၂၈ မှတ် သိမ်သွားနိုင်ခဲ့ပါတယ်။ ဂိုးအပေး-အယူ ၁၆ လုံး ရှိပြီး ကွန်ကာကဖ်ဇုံမှ နံပါတ် ၁ အနေနဲ့ တက်‌ရောက်လာပါတယ်။ ကွန်ကာကဖ်ဇုံနဲ့ တက်ရောက်လာတဲ့ အသင်းအားလုံးထဲမှာ သူတို့ရဲ့ Form က အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒီကမ္ဘာ့ဖလားပွဲထဲမပါနိုင်တာ တော်တော်ကြာပြီ၊ နောက်ဆုံး ကမ္ဘာ့ဖလားပွဲထဲပါတဲ့ခုနှစ်က ၁၉၈၅/၈၆ ဖြစ်ပါတယ်။ အဲ့တာ ၃၆ နှစ်တောင်ကြာသွားပါပြီ။ အကြိမ်အရေနဲ့ပြောရင် ၉ ကြိမ်ဆက်တိုက် မပါလိုက်ရပါဘူး။ အခု ပါနိုင်ပြီဖြစ်တဲ့အတွက် ကောင်းပါတယ်။ အသင်းရဲ့အားသာချက်ကတော့ ခံစစ်ပိုင်းပါပဲ။ ပြိုင်ပွဲတော်တော်များများထဲမှာ ဂိုးတစ်လုံးထက် ပိုသွင်းခံထိတာ ခပ်ရှားရှားပါ။ Clean-Sheet တွေ တော်တော်ရထားပါတယ်။ ဒါပေမယ့်လည်း အဲ့စံချိန်က ကိုယ့်ဒေသခံအချင်းချင်းနဲ့ တွေ့ခဲ့ရတဲ့စံချိန်မို့လို့ သိပ်ကြွားလို့မရသေးပါဘူး။ ကမ္ဘာ့ဖလားပွဲက ဒီကနေစပြီး ကျားတွေ နဂါးတွေနဲ့ ဆက်တိုက်တွေ့ရတော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူတို့ ဆက်ပြီး ဆန်ကာတင်မသွားနိုင်လောက်ပါဘူး။

အရေးကြီးဆုံးကစားသမား – မရှိ

အဆင့်သတ်မှတန်ချက် – မရှိ

မော်ရိုကိုအသင်း

Manager – Walid Regragui

ကစားစနစ် – 4-3-3/ 4-1-4-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Bono, Munir, Ahmed Reda Tagnaouti

Defenders – Romain Saïss, Achraf Dari, Samy Mmaee, Jawad El Yamiq, Yahia Attiat-Allah, Achraf Hakimi, Noussair Mazraoui, Fahd Moufi

Midfielders – Sofyan Amrabat, Yahya Jabrane, Azzedine Ounahi, Hakim Ziyech, Amine Harit, Ilias Chair,

Selim Amallah, Abdelhamid

Forwarder – Younès Belhanda, Sofiane Boufal, Youssef En-Nesyri, Munir El Haddadi

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကဇုန်မှတက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာဖရိကချန်ပီယံ ၁ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – မော်ရိုကိုအသင်း အရင်ထက် ပိုပြီးတိုးတက်လာပါတယ်။ သူတို့ရဲ့ အချို့ကစားသမားတွေ ကြီးမားတဲ့အသင်းတွေနဲ့ သွားနေတာတွေ့ရပါတယ်။ ဥပမာ Hakimi၊ Nesyri နဲ့ Hakim Ziyech တို့ပေါ့။ သူတို့တွေက အသင်းအတွက် အထောက်အကူ တော်တော်ပေးနိုင်ပါတယ်။ အဲ့တာနဲ့ပဲ မော်ရိုကိုအသင်းက အရင်ထက်ပိုပြီး တိုးတက်သွားပါပြီ။ ဒီနှစ်မှာတော့ သူတို့ရှိနေတဲ့ဂရုထဲမှာ ခရိုအေးရှား ကနေဒါ ပြီးတော့ ဘယ်လ်ဂျီယံတို့ရှိပေမယ့် အဲ့အသင်းတွေက မော်ရိုကိုအသင်းထက် အများကြီးသာမနေပါဘူး။ အနိုင်ပါ တက်ယူသွားချင်ရင် တက်ယူသွားနိုင်တယ်။ ဒီဂရုထဲမှာတော့အဖြေအမျိုးမျိုးထွက်နိုင်ပါတယ်။ မော်ရိုကိုတို့ မထင်မှတ်ပဲ ၁၆ သင်းအချီအထိ ရောက်သွားမယ်လို့ ထင်မြင်ထားပါတယ်။

အရေးကြီးဆုံးကစားသမား – Achraf Hakimi, Hakim Ziyech

သူတို့ကို အသင်းထဲက အကောင်းဆုံးပဲလို့ ပြောချင်လည်း ပြောနိုင်ပါတယ်။ Hakimi က ခံစစ်မှူးနေရာ ကစားနိုင်သလို တောင်ပံ့နေရာမှာလည်း ကစားနိုင်ပါတယ်။ သူ့အရည်အချင်းက တိုက်စစ်ဆင်ကစားဖို့နေရာလည်း အသင်းကို တော်တော်ထောက်ကူပေးနိုင်တယ်။ ခံစစ်ပိတ်တဲ့အခါမှာလည်း တော်တော်အဆင်ပြေတယ်။ အပြေးမြန်ပြီး တောင့်တင်းမှုပါရှိနေပါတယ်။ အဲ့တော့ မော်ရိုကိုရဲ့ ညာဘက်ခြမ်းမှ တိုက်စစ်ဆင်ကစားခြင်းကို သေချာကြည့်နေမှရမယ်။ Hakim Ziyech နဲ့အတူ စည်းဘေးမှာ တွဲနေတတ်တယ်။ တစ်ယောက်က ကျော်တက်မယ်။ တစ်ယောက်က စည်းဘေးကနေ ပြေးတက်မယ်။ တော်တော်ကြည့်ကောင်းလောက်တယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ခရိုအေးရှားအသင်း

Manager – Zlatko Dalić

ကစားစနစ် – 4-1-4-1/ 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Dominik Livakovic, Ivica Ivusic

Defenders – Josko Gvardiol, Josip Sutalo, Martin Erlic, Dejan Lovren, Borna Sosa, Borna Barisic, Josip Stanisic, Josip Juranovic

Midfielders – Marcelo Brozovic, Mateo Kovacic, Luka Sucic, Luka Modric, Ivan Perisic, Mario Pasalic, Lovro Majer, Nikola Vlasic, Mislav Orsic

Forwarder – Ante Budimir, Bruno Petkovic, Marko Livaja, Andrej Kramaric

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံမှ ဂရု H ရဲ့ နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ခရိုအေးရှာအသင်း ဥရောပဇုံထဲက ဂရု H ရဲ့ ချန်ပီယံအနေနဲ့ ဒီအဆင့်ကိုတက်ရောက်လာပါတယ်။ သူတို့ရဲ့ Form နဲ့ စွမ်းဆောင်ရည်ကတော့ တော်တော် တောင့်တင်းမှုရှိပါတယ်။ အရင်တစ်ခါတုန်းက ကမ္ဘာ့ဖလားရဲ့ ဒုတိယအဆင့်နဲ့ပြီးသွားပါတယ်။ အဲ့ဒီဒုတိယအဆင့်ဟာ ဒီနှစ်မှာ ဘယ်အထိ တက်ရောက်သွားနိုင်မလဲတော့မပြောတတ်သေးဘူး။ ဒါပေမယ့် worldcup 2022 လက်ရှိကစားသမားတွေကိုကြည့်ပြီး ပြောရင်တော့ မလွယ်တော့ပါဘူး။ ကစားသမားတော်တော်များများက ကိုယ့်ရဲ့ အကောင်းဆုံးအချိန်ကို ကျော်ဖြတ်ပြီးနေပါပြီ။ ခံစစ်မှူးတွေ အသက်ကြီးလာကြကုန်ပြီ။ ကွင်းလယ်ပိုင်းမှာ Luka Modric တစ်ယောက်လေးပဲ အားကိုးနိုင်တယ်။ Ivan Perisic ကျတော့ ချယ်လ်ဆီးထဲရောက်သွားကတည်းက ဒီနှစ်မှာ ခြေစွမ်းတော်တော်ကျဆင်းသွားပါတယ်။ အဲ့တာနဲ့ပဲ သူတို့ ဒီအဆင့်ကိုကျော်ဖြတ်နိုင်ပေမယ့် နောက်တစ်ဆင့်မှာပဲ ပြီးသွားလောက်တယ်။ ဒါမှမဟုတ် အဲ့ဒီ နောက်ဆုံး ၁၆ သင်းအချီကျော်နိုင်သေးတယ်ဆိုရင် နောက်ဆုံး ၈ သင်းအချီမှာပဲ မဖြစ်မနေ အပယ်ခံထိသွားမှာပဲ။

အရေးကြီးဆုံးကစားသမား – Luka Modric

သူ့မှာလည်း ကမ္ဘာ့ထိပ်တန်းကွင်းလယ်ကစားသမားပါပဲ။ အသက်ကသာ ၃၇ နှစ်ရှိပြီဖြစ်နေတာတောင် အမြဲဆင်းကန်နိုင်နေသေးတယ်။ နိုင်ငံအသင်းထဲမှာ ပါဝင်ကစားခဲ့ရသလို ကလပ်ပွဲစဉ်တွေမှာလည်း အမြဲပါဝင်နေပါတယ်။ သူက ခရိုအေးရှားရဲ့ အရေးကြီးဆုံးပဲလို့ သတ်မှတ်ထားပါတယ်။ သူ့လို အသက်အရွယ် ၃၇ နှစ်နဲ့ ကွင်းလယ်ပိုင်းကို ကောင်းကောင်းထိန်းနိုင်သေးတယ်ဆိုတာ ခပ်ရှားရှားပါဗျ။ Modric ဟာ ဒီရာသီ ၁၆ ပွဲဆင်းကစားပြီး ပထမကစားသမားအနေနဲ့ ဆင်းရတာ ၇၇% တောင်ရှိပါတယ်။ သူ့ကျန်းမာရေးက ဘယ်လောက်ထိကောင်းနေလည်းတော့မသိဘူး။ ဒီနှစ်ကမ္ဘာ့ဖလားပွဲဟာ သူ့အတွက်နောက်ဆုံးအကြိမ်ပါပဲ။ ဒီအဆင့်ကို တက်ကျော်နိုင်လောက်တယ်။ နောက်ဆုံး ၈ သင်းမှာပဲ အပယ်ထံထိသွားလောက်တယ်။

အဆင့်သတ်မှတ်ချက် – မရှိ

Group G အတွင်းမှ ပါဝင်သောအသင်းများ – ဆွစ်ဇာလန်၊ ကင်မရွန်း၊ ဆားဗီးယား၊ ဘရားဇီး

နောက်တစ်ဆင့် ဆန်ကာတင်သွားမယ့်အသင်း – ဘရာဇီး – ဆွစ်ဇာလန် – ဆားဗီးယား (Group of Deaths ဟု သတ်မှတ်ထားတယ်)

ဘရားဇီးအသင်း

Manager – Tite

ကစားစနစ် – 4-3-3/ 4-2-3-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Alisson, Ederson, Weverton

Defenders – Marquinhos, Éder Militão, Roger Ibañez, Thiago Silva, Renan Lodi, Alex Telles, Danilo, Bremer

Midfielders – Bruno Guimarães, Fabinho, Casemiro, Fred, Lucas Paquetá, Vinicius Junior, Neymar, Antony, Rodrygo, Raphinha

Forwarder – Pedro, Roberto Firmino, Matheus Cunha

လက်ရွေးစဉ်ရွေးပွဲ – တောင်အမေရိကဇုန်မှ ဂရုချန်ပီယံ

နိုင်ငံတကာအောင်မြင်မှုများ – ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်၊ ကိုပါအမေရိကချန်ပီယံ ၉ ကြိမ်၊ ကွန်ဖက်ဒရေးရှင်းချန်ပီယံ ၄ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီနှစ်ကမ္ဘာ့ဖလား Top1 ဖြစ်မယ့်အသင်းက ဘရာဇီးပဲလို့ ခန့်မှန်းထားပါတယ်။ ဘရာဇီးရဲ့ Position တိုင်းက တကယ်ခြေစွမ်းကောင်းကြတယ်။ လက်ရွေးစဉ်ရွေးပွဲတုန်းကဆိုရင် ဂိုးတွေပိုးစိုးပက်စက် သွင်းနိုင်ခဲ့ကြတယ်။ တိုက်စစ်ပိုင်းက ကမ္ဘာ့နံပါတ် ၁ ပဲလို့တောင်သတ်မှတ်လို့ရသလို ခံစစ်ပိုင်းကလည်း တော်တော် တောင့်တင်းမှုရှိနေကြပါတယ်။ နံပါတ် ၁ ဂိုးသမားနဲ့ နံပါတ် ၂ ဂိုးသမားတို့ အရမ်းပဲမာပါတယ်။ အရမ်းမခက်တဲ့ဂိုးသွင်းချက်ဆိုရင် သူတို့လက်စွမ်းကို မကျော်နိုင်ပါဘူး။ သူတို့ရဲ့တိုက်စစ်မှူးတွေက အပြေးမြန်တယ်။ လွတ်ပေါက်လည်း အရမ်းရှာတတ်ပြီး သူတို့ကိုဖမ်းဖို့ဆိုတာ ဘယ်ခံစစ်မှူးမှမလုပ်နိုင်သေးပါဘူး။ မှားယွင်းမှုမရှိရင်တော့ ၆ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရသွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – မရွေးနိုင်ပါဘူး လူတိုင်းပဲရှယ်ကောင်းနေလို့ပါ။

တိုက်စစ်ပိုင်းမှာ နေမာတို့ Vinicius နဲ့ Antony တို့က အပြေးအရမ်းမြန်ပြီး စကေးအရမ်းကောင်းနေကြပါတယ်။ ဂိုးပြတ်သားမှုရှိတဲ့ကစားသမားကိုပြောမယ်ဆိုရင် Cunha မှာ တာဝန်ယူပေးနိုင်ပါတယ်။ false nine ပုံစံနဲ့ ကစားပွဲ ကြိုတင်ခန့်မှန်းနိုင်တဲ့သူကိုပြောမယ်ဆိုရင် ဖာမီနိုရှိတယ်။ ကွင်းလယ်ပိုင်းက Casemiro မှာ အနောက်တန်းအထိ ဝင်ထိန်းပေးနိုင်တယ်။ Paquetá နဲ့ playmaker ဆိုတဲ့သူတွေမှာလည်း Marquinhos နဲ့ Militão တို့လည်း တော်တော် တောင့်တင်းမှုရှိပါတယ်။ ဂိုးသမားဖြစ်တဲ့ Ederson နဲ့ Alisson တို့မှာလည်း ကမ္ဘာ့ထိပ်တန်းတွေချည်းဖြစ်နေတယ်။ ကစားသမားအားလုံးက Key Man တွေချည်းဖြစ်နေတော့ ဘယ်သူ့ကို ရွေးရမလဲတောင်မသိတော့ပါဘူး။

အဆင့်သတ်မှတ်ချက် – Top1

ဆားဗီးယားအသင်း

Manager – Dragan Stojkovic

ကစားစနစ် – Dragan Stojkovic

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Marko Dmitrovic, Vanja Milinkovic savic, Marko Ilic

Defenders – Strahinja Pavlovic, Milos Veljkovic, Strahinja Erakovic, Srdjan Babic, Stefan Mitrovic, Aleksa Terzic

Midfielders – Nemanja Maksimovic, Uroš Racic, Nemanja Gudelj, Sergej Milinkovic-Savic, Saša Lukic, Ivan Ilic, Filip Kostic, Dusan Tadic, Filip Djuricic, Andrija Zivkovic, Nemanja Radonjic

Forwarder – Dušan Vlahovic, Aleksandar Mitrovic, Luka Jovic

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံမှ ဂရု A ရဲ့ နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဆားဗီးယားအသင်း လက်ရှိအခြေနေ ခံစစ်ပိုင်းကစ တိုက်စစ်ပိုင်းအထိ ကြောက်စရာကောင်းပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက လက်နက်တော်တော်စုံပါတယ်။ Vlahovic တို့ Mitrovic တို့ရှိနေတယ် အရံကစားသမားဖြစ်တဲ့ Jovic လည်းရှိသေးတယ်။ ကွင်းလယ်ပိုင်းကလည်း တော်တော်စုံတယ်။ Milinkovic နဲ့ Dusan Tadic တို့က နေရာအစုံပဲ ကစားနိုင်နေကြပါတယ်။ စနစ်ရှိရှိနဲ့ လိမ့်ဘောကစားမယ်။ worldcup 2022 မြောက်ဘောနေရာမှာလည်း တော်တော်အဆင်ပြေတယ်။ သူတို့ကိုကြည့်ရတာ နောက်တစ်ဆင့် ဆန်ကာတင်ဖို့ လုယက်မယ့်ထဲရှိလိမ့်မယ်။ ဒီဂရုက ကြည့်ချင်စရာလေးပါ။ ၃ ပွဲစလုံး တော်တော်ကြည့်ကောင်းလိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Dušan Vlahovic, Aleksandar Mitrovic တို့အတွဲ။

ဒီနှစ် ကမ္ဘာ့ဖလားပွဲထဲမှာ စိတ်ဝင်စားစရာတိုက်စစ်မှူးအတွဲလေးပါ။ ဆားဗီးယားတို့ ဘယ်အထိတိုးနိုင်မလဲဆိုတာ ဒီနှစ်ယောက်ပေါ်ပဲမူတည်သွားလိမ့်မယ်။ သူတို့နှစ်ယောက်စလုံးက မြောက်ဘောကျွမ်းကျင်တယ်။ အဲ့ထက်ကောင်းတာ လိမ့်ဘောပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ဘောလုံးနားလို့ရတယ်။ သူတို့အပြေးက သိပ်မမြန်ပေမယ့် ပြတ်သားမှုကတော့ ဘယ်သူ့ထက်မှ ညံ့မနေပါဘူး။ အဲ့တော့ ဒီနှစ် Top Form ဖြစ်မယ်ဆိုရင် မထူးဆန်းပါဘူး။ နောက်ဆုံး ၈ သင်းအချီအထိ တက်ရောက်နိုင်လောက်တယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ဆွစ်ဇာလန်အသင်း

Manager – Murat Yakin

ကစားစနစ် – 4-2-3-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Yann Sommer, Yvon Mvogo, David von Ballmoos

Defenders – Nico Elvedi, Fabian Schär, Ricardo Rodríguez, Eray Cömert, Kevin Mbabu, Silvan Widmer,

Midfielders – Denis Zakaria, Ardon Jashari, Fabian Frei, Granit Xhaka, Djibril Sow, Remo Freuler, Rubén Vargas, Xherdan Shaqiri, Dan Ndoye, Renato Steffen

Forwarder – Breel Embolo, Haris Seferovic, Cedric Itten, Zeki Amdouni

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံမှ ဂရု C ရဲ့နံပါတ် ၁ အနေနဲ့ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – မရှိ

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီနာရီမြို့တော်နဲ့ဆွစ်ဇာလန်အသင်းဟာ လက်ရွေးစဉ်ရွေးပွဲတုန်းက စွမ်းဆောင်ရည်တော်တော်ကောင်းပါတယ်။ အီတလီကို Play-Off ပွဲအထိကျသွားအောင် တက်ကြိတ်ပြီး ဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။ သူတို့ခြေစွမ်းတွေ တော်တော်ကောင်းပါတယ်။ တစ်ပွဲနဲ့တစ်ပွဲ ကစားတဲ့နေရာမှာ စိတ်ပါလက်ပါ ကစားနေကြတယ်။ သူတို့ကစားသမားတော်တော်များများက ကမ္ဘာ့ဖလားပွဲထဲ ပါဝင်ခဲ့ဖူးပြီပြီ။ အဲ့တော့ သူတို့မှာ အတွေ့ကြုံတော်တော်များနေကြပါတယ်။ ကွင်းလယ်ပိုင်းမှ အသင်းကပ္ပတိန်ကြီးကလည်း အခုတလော Form တွေအရမ်းတက်ကြွနေတယ်။ ကွင်းလယ်ပိုင်းကို သေသေချာချာ ထိန်းချုပ်နိုင်တယ်။ ဆွစ်ဇာလန်တို့ရဲ့အားသာချက်ကတော့ Team Work ပါပဲ။ မထင်မှတ်ပဲ နောက်ဆုံး ၈ သင်းအချီအထိ ရောက်သွားနိုင်ပါတယ်။

အရေးကြီးဆုံးကစားသမား – Granit Xhaka

တော်တော်များများ ထင်မထားတဲ့ Granit Xhaka ကြီးဖြစ်နေတယ်၊ ဘာလို့လည်းဆိုတော့ သူ့ခြေစွမ်းက အရင်ရာသီကတည်းက အခြေခံရှိရှိ ကစားနိုင်နေလို့ပါ။ အာဆင်နယ်အသင်း အခုထိ နံပါတ် ၁ နေရာရောက်ရှိနေတာ သူ့ကြောင့်ပါပဲ။ သူရဲ့ အရေးကြီးဆုံးတာဝန်ကတော့ holding ball ပါပဲ ကစားပွဲကို ထိန်းချုပ်နိုင်တဲ့အရည်အချင်းပေါ့။ သူက အဲ့နေရာသီးသန့်ပဲကြည့်တာမဟုတ်ပါဘူး ကွင်းလယ်ခံစစ်ကနေ ခံစစ်ပိုင်းအထိ ထိန်းချုပ်ပေးပါတယ်။ အဲ့ဒီတော့ Xhaka က ဒီဖလားပြိုင်ပွဲထဲမှာ ခြေစွမ်းပြနိုင်လို့ကတော့ ဆွစ်ဇာလန်အသင်း တော်တော်ကြောက်စရာကောင်းသွားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ကင်မရွန်းအသင်း

Manager – Rigobert Song

ကစားစနစ် – 4-3-3/ 4-4-2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – André Onana, Devis Epassy, Simon Ngapandouetnbu

Defenders – Christopher Wooh, Jean-Charles Castelletto, Nicolas N’Koulou, Oumar Gonzalez, Nouhou, Darlin Yongwa, Olivier Mbaizo, Collins Fai

Midfielders – Jean Onana, Martin Hongla, Samuel Oum Gouet, Pierre Kunde, Olivier Ntcham, Karl Toko Ekambi, Bryan Mbeumo, Nicolas Moumi Ngamaleu, Georges-Kevin N’Koudou

Forwarder – Vincent Aboubakar, Jean-Pierre Nsame, Léandre Tawamba

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကဇုံမှ တက်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာဖရိကချန်ပီယံ ၅ ကြိမ်

ကမ္ဘာ့ဖလားအောင်မြင်မှု – ကင်မရွန်းအသင်း ကမ္ဘာ့ဖလားပွဲထဲ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီနှစ်အတွင်း ရွေးချယ်အသုံးပြုထားတဲ့ကစားသမားတွေက အရင်ထက်ကြည့်ကောင်းတယ်။ သူတို့ရဲ့ အပြေးက မြန်ပြီးသား အားလည်းတော်တော်ကောင်းတယ်။ အသင်းထဲက ခြေစွမ်းကောင်းကစားသမားမှာတော့ ဘရန့်ဖိုတ်အသင်းမှာနေနေတဲ့ Bryan Mbeumo ပဲဖြစ်ပါတယ်။ ကင်မရွန်းရဲ့ ကစားသမားအသီးသီးမှာ ထိပ်တန်းဖြစ်တဲ့လိဂ်ထဲ ပါဝင်ကစားနေကြပါတယ်။ ဂိုးသမားကစ တိုက်စစ်မှူးတွေအထိပဲဖြစ်ပါတယ်။ အဲ့တော့ အတွေ့ကြုံပိုင်း လုံးဝစိတ်ချရပါတယ်။ ဒါပေမယ့် ဒီဂရုက တကယ့်အသင်းတွေနေတဲ့ဂရုကြီးဖြစ်နေတော့ ပွဲတိုင်းပဲခက်ခဲလိမ့်မယ်။ သူတို့က ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ပြန်လှန်ခုခံနိုင်ပါတယ်။ ပြတ်သားမှုချင်း ယှဉ်ကြရလိမ့်မယ်။ ဒီတိုင်းကြည့်ရင် ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ကိုတော့ မမှီလောက်သေးပါဘူး။

အရေးကြီးဆုံးကစားသမား – Bryan Mbeumo

သူ့မှာ စိတ်ဝင်စားစရာကောင်းပါတယ်။ အခုတလော ဘရန့်ဖိုတ်အသင်းနဲ့ တော်တော်အဆင်‌ပြေနေတယ်။ သေးငယ်တဲ့အသင်းဖြစ်နေပေမယ့် Mbeumo က ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့အခွင့်ရေး ခန ခန ဖန်တီးပေးတတ်ပါတယ်။ ဒီရာသီ ဘရန့်ဖိုတ်အသင်းနဲ့ ၁၄ ပွဲဆင်းကစားပြီး ဂိုး ၃ လုံးသွင်းယူထားနိုင်တယ်။ အဲ့ထက်ကောင်းတာသူ့မှာ ပထမကစားသမားအနေနဲ့ ၁၄ ပွဲစလုံး ဆင်းကစားခဲ့ရပါတယ်။ ဒီနှစ်ဖလားပွဲထဲမှာ တော်တော်ကျော်ကြားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

Group H အတွင်းမှ ပါဝင်သောအသင်းများ – ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယား

နောက်တစ်ဆင့် ဆန်ကာတင်သွားမယ့်အသင်း – ပေါ်တူဂီ – ဂါနာ/ဥရုဂွေး (Group of dead)

ပေါ်တူဂီအသင်

Manager – Fernando Santos

ကစားစနစ် – 4-2-3-1/ 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Diogo Costa, José Sá, Rui Patrício

Defenders – Rúben Dias, Tiago Djaló, Nuno Mendes, Mário Rui, João Cancelo, Diogo Dalot, Periera

Midfielders – Rúben Neves, João Palhinha, William Carvalho, Matheus Nunes, Vitinha, João Mário, Bernardo Silva, Bruno Fernandes

Forwarder – João Félix, Christiano Ronaldo, Ricardo Horta, Rafael Leão

လက်ရွေးစဉ်ရွေးပွဲ – ဥရောပဇုံအတွင်း Play-Off ပွဲမှ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ဥရောချန်ပီယံ ၁ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ပေါ်တူဂီအသင်းဟာ Play-Off ပွဲတုန်းက တူရဂီနဲ့တွေ့ပြီး အနိုင်ရရှိလာပါတယ်။ အခုလက်ရှိအခြေနေ တော်တော်ကောင်းနေပါတယ်။ ပေါ်တူဂီဟာ Nation League မှ အုပ်စု ၂ တွင် ဒုတိယအဆင့်နဲ့အသင်းဖြစ်ပါတယ်။ အသင်းထဲက အထူးခြားဆုံးနေရာကတော့ ကွင်းလယ်ပိုင်းပဲဖြစ်ပါတယ်။ ပြောမယ်ဆိုရင် လက်ရှိကွင်းလယ်ကစားသမားတွေက အရင်ကွင်းလယ်ကစားသမားတွေထက် တောင့်တင်းမှုရှိပါတယ်။ ကွင်းလယ်ကစားသမားတိုင်းက ကလပ်အသီးသီးတွေရဲ့ အဓိကကစားသမားတွေလည်း ဖြစ်နေကြပါတယ်။ အဆင်မပြေတဲ့အပိုင်းကတော့ တိုက်စစ်ပိုင်းပဲဖြစ်လိမ့်မယ်၊ ရော်နယ်ဒိုရဲ့ခြေစွမ်းက ကျဆင်းသွားပါပြီ။ ဒါပေမယ့် အန္တရာယ်တော့ ပေးနိုင်ပါသေးတယ်။ အဲ့ဒီတော့ ကွင်းလယ်ပိုင်းက ဒိုလေးဆီ ဘောလုံးကောင်းကောင်းထိုးပေးနိုင်ရင်တော့ ဂိုးဖြစ်ဖို့ရှိပါတယ်။ ဒီဂရုထဲကအသင်းတွေ တောင့်တင်းမှုရှိနေကြပေမယ့် ပေါ်တူဂီနဲ့ယှဉ်ကြည့်ရင်တော့ ပေါ်တူဂီတို့ ပိုသာပါတယ်။ အဲ့ဒီလိုနဲ့ပဲ ပေါ်တူဂီတို့ ဒီအဆင့်ကို အေးအေးဆေးဆေး တက်ကျော်သွားနိုင်လိမ့်မယ်။

အရေးကြီးဆုံးကစားသမား – Bernado Silva

Bernado Silva ဟာ သူ့ကိုမသိပဲမနေလောက်ဘူး၊ သူနေတဲ့ကလပ်ကြီးကလည်း ဆရာကြီးဖြစ်တဲ့ မန်စီးတီးဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စကေးကတော့ ရှယ်ပဲ။ စောက်ရမ်းကောင်းတယ်။ ခြေထောက်နဲ့ ဘောလုံးကို ကောင်းကောင်းလေး ခေါ်သွားနိုင်တယ်။ ဘောလုံးထိုးပေးချက်ကလည်း တော်တော်ပြတ်သားတယ်။ အဲ့ဒီတော့ သူ့မှာ ပေါ်တူဂီအသင်းရဲ့ လှုပ်ရှားမှုတိုင်း ပါဝင်လုပ်ဆောင်ပေးမယ့်ကစားသမားဖြစ်လိမ့်မယ်။ ဒိုလေးဂိုးသွင်းဖို့ သူ့အနောက်မှာ João Félix ကို ခံထားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ဂါနာအသင်း

Manager – Otto Addo

ကစားစနစ် – 4-3-3/ 4-4-2

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Richard Ofori, Abdul Nurudeen, Joe Wollacott

Defenders – Mohammed Salisu, Daniel Amartey, Alexander Djiku, Joseph Aidoo, Joseph Aidoo, Gideon Mensah, Abdul-Rahman Baba, Tariq Lamptey

Midfielders – Thomas Partey, Elisha Owusu, Iddrisu Baba, Mohammed Kudus, Kamaldeen Sulemana, Andre Ayew, Osman Bukari, Ransford-Yeboah Konigsdorffer

Forwarder – Jordan Ayew, Iñaki Williams, Antoine Semenyo, Felix Afena-Gyan

လက်ရွေးစဉ်ရွေးပွဲ – အာဖရိကဇုံမှ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာဖရိကချန်ပီယံ ၄ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ဂါနာအသင်းဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အသင်းဝင်ကစားသမားတော်တော်များများက အမြင့်ဆုံးလိဂ်တွေမှာ ပါဝင်ကစားနေကြလို့ပါ။ Salisu တို့ Amartey တို့ Lamptey၊ Partey ပြီးတော့ Baba၊ Kudus နဲ့ Williams တို့ စတဲ့ကစားသမားတွေက ဥရောပဇာတ်ခုံအတွင်းရှိ အမြင့်ဆုံးလိဂ်တွေထဲမှာ ပါဝင်ကစားနေကြပါတယ်။ ပြောမယ်ဆို ဒီနိုင်ငံအသင်းရဲ့ထက်ဝက်လောက်က ဖြစ်နေပါတယ်။ အဲ့ဒီတော့ သူတို့ရဲ့ အတွေ့ကြုံပိုင်း လုံးဝ စိတ်ချရပါတယ်။ ဂါနာတို့ရဲ့အားသာချက်ကတော့ ခန္ဓာကိုယ်တောင့်တင်းတယ်၊ တော်တော်နဲ့မမောတတ်ဘူး ပြီးတော့ အပြေးလည်းတော်တော်မြန်တယ်။ ဒီအသင်းရဲ့ တန်ပြန်တိုက်စစ်က တော်တော်ကြောက်စရာ‌ကောင်းပါတယ်။ ဒီအသင်းက ဒီဂရုရဲ့ နံပါတ် ၂ အနေနဲ့ ဆန်ကာတင်သွားနိုင်ပါတယ်။

အရေးကြီးဆုံးကစားသမား – Mohammed Kudus

သူ့မှာ ရှယ်ကြီးမဟုတ်ပေမယ့် စိတ်ဝင်စားစရာတော်တော်ကောင်းပါတယ်။ သူက အရမ်းလျင်မြန်တဲ့ Play Maker ပါ၊ ကိုယ်ပိုင်စကေးကလည်းတော်တော်ကောင်းတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်က တော်တော်တောင့်တင်းနေပါတယ်။ သူ့မှာ ဒီထက်ကျော်ကြားနိုင်ပါသေးတယ်။ Kudus ဟာ ဒီရာသီ ၁၈ ပွဲ ဆင်းကစားခဲ့ပြီး ဂိုး ၅ လုံးနဲ့ Assist ၃ ခါ လုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီတော့ ဒီနှစ် အသင်းရဲ့အကောင်းဆုံးကစားသမားက သူပဲဆက်ဖြစ်သွားလိမ့်မယ်။

အဆင့်သတ်မှတ်ချက် – မရှိ

ဥရုဂွေးအသင်း

Manager – Diego Alonso

ကစားစနစ် – 4-4-2/ 4-3-3

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Sergio Rochet, Fernando Muslera,

Defenders – Ronald Araujo, Agustin Rogel, Sebastian Caceres, Leandro Cabrera, Mathias Olivera, Matias Vina, Guillermo Varela, Damian Suarez

Midfielders – Manuel Ugarte, Lucas Torreira, Fedrico Valverde, Rodrigo Bentancur, Nicolas de la Cruz, Matias Vecino, Giorgian de Arrascaeta, , Agustin Canobbio, Facundo Pellistri, Brian Ocampo

Forwarder – Darwin Nunez, Luis Suarez, Martin Satriano

လက်ရွေးစဉ်ရွေးပွဲ – တောင်အမေရိကဇုံမှ နံပါတ် ၂ အနေနဲ့ ဝင်ရောက်လာပါတယ်။

နိုင်ငံတကာအောင်မြင်မှုများ – ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ဒီငကြမ်းကြီးနဲ့ဥရုဂွေးအသင်းဟာ ငကြမ်းကြီးလို့ နာမည်ပြောင်ရထားအောင် ဇရှိရှိနဲ့ ဝင်လုံးရဲလို့သာ ရလာပါတယ်။ ဘောလုံးကို လျင်မြန်စွာဝင်ဖြတ်တတ်ပြီး အားကြီးနဲ့ ဝင်လုတတ်ပါတယ်။ ဥရုဂွေးအသင်းက  ဒီကမ္ဘာ့ဖလားပွဲထဲအမြဲပါတတ်ပါတယ်။ လူဟောင်းတွေကို အစားထိုးနိုင်တဲ့ လူသစ်တွေက နှစ်တိုင်းပဲ ဖြစ်ပေါ်တတ်တယ်။ ဒီအဆင့်ရောက်လာတာနဲ့ နောက်တစ်ဆင့် ထပ်တိုးဖို့ အမြဲလုပ်နိုင်ကြပါတယ်။ အဲ့တာနဲ့ပဲ ဒီနှစ် တကယ့်ကောင်းတဲ့အသင်းတွေနဲ့ နေခဲ့ရရောပဲ။ ပေါ်တူဂီရယ် ဂါနာရယ် ပြီးတော့ တောင်ကိုးရီးယားတို့နဲ့ တိုက်ခိုက်ရမှာဆိုတော့ မလွယ်တဲ့အလုပ်ပါဗျ။ သူ့တို့မှာ ပြတ်သားမှုသိပ်မရှိတဲ့အတွက် တော်တော်ရုန်းရလိမ့်မယ်။ အခွင့်ရေးတွေ ဖြုန်းတီးတတ်ပေမယ့် ကွင်းလယ်ပိုင်းက အခြေနေကောင်းနေတော့ နည်းနည်းပဲ စိတ်ပူရပါတယ်။ ဒီအဆင့်မှာ ပြတ်သားမှုတွေ ထိန်းနိုင်ဖို့လိုလိမ့်မယ်။ အဓိက Darwin Nunez မှာ ပြတ်သားမှုရှိဖို့လိုနေတယ်။ အဲ့ဒီတော့ သူတို့ နောက်တစ်ဆင့် ထပ်တိုးနိုင်မလားဆိုတာ သိပ်မသေချာသေးပါဘူး။

အရေးကြီးဆုံးကစားသမား – Fedrico Valverde

အခုတလော နာမည်တော်တော်ကြီးနေပါတယ်။ အန်ဆယ်လော့တီမှာတောင် ဒီကစားသမားက သွင်းဂိုး ၁၅ လုံးထက်နည်းရင် နည်းပြဘဝကိုစွန့်လွတ်ပစ်မယ်လို့တောင် ပြောထားသေးတယ်။ ဒီရာသီ ကလပ်အသင်းနဲ့ ၁၈ ပွဲဆင်းကစားပြီး သွင်းဂိုး ၈ လုံးနဲ့ Assist ၄ ခါ လုပ်ထားနိုင်ပါတယ်။ Valverde ရဲ့ဘောလုံးစတိုင်လ်က box to box ပါပဲ၊ ရှင်းရှင်းပြောရင် တောင်ပံနေရာမှာတောင် နေခိုင်းလို့ရတယ်။ သူ့လိမ့်ဘောအရည်အချင်းက အရမ်းမြင့်ပါတယ်။ Kevin De Bruyne နဲ့ စတိုင်လ်ချင်း တူတူပဲလို့တောင် ပြောနိုင်ပါတယ်။ အဝေးကနေ ဂိုးသွင်းတတ်တယ်။ ဒုတိယအတန်းကနေ ဝင်ဖြည့်ပေးတဲ့ဟာလည်း ရှယ်ပဲ။ ပြီးတော့ Killer Pass အချိန်မှာလည်း တော်တော်ထိရောက်ပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။

အဆင့်သတ်မှတ်ချက် – မရှိ

တောင်ကိုးရီးယားအသင်း

Manager – Paulo Bento

ကစားစနစ် – 4-1-4-1/ 4-2-3-1

ကမ္ဘာဖလားပွဲထဲ ပါဝင်မယ့် ကစားသမား ၂၃ ယောက် (ခန့်မှန်းချေ)

Goalkeepers – Bum-keun Song, Seung-gyu Kim, Dong-jun Kim

Defenders – Min-jae Kim, Kyung-won Kwon, Yu-min Cho, Young-gwon Kim, Jin-su Kim, Chul Hong, Tae-hwan Kim, Moon-hwan Kim, Jong-gyu Yoon

Midfielders – Jun-ho Son, Woo-young Jung, In-beom Hwang, Seung-ho Paik, Kang-in Lee, Jae-sung Lee, Heung-min Son, Sang Ho na, Chang-Hoon Kwon,

Forwarder – Ui-jo Hwang, Woo-yeong Jeong, Hee-chan Hwang

လက်ရွေးစဉ်ရွေးပွဲ – အာရှဇုံမှ တက်ရောက်လာတယ်။

နိုင်ငံတကာအောင်မြင်မှုများ – အာရှချန်ပီယံ ၂ ကြိမ်။

ကမ္ဘာ့ဖလားအောင်မြင်မှု – ကမ္ဘာ့ဖလား Host ဖြစ်ပြီးကတည်းက ကမ္ဘာ့ပြိုင်ပွဲထဲ နှစ်တိုင်းလိုလိုပဲ အမြဲပါနိုင်ခဲ့တယ်။ တောင်ကိုးရီးယားတို့ စီးရီးကားအရှည်တွေနဲ့ idol အသီးသီးတွေပဲ ထုတ်လုပ်မနေတော့ပါဘူး၊ ဘောလုံးလောကကြီးကိုလည်း ပိုမိုဦးစားပေးလာတယ်။ သူတို့နိုင်ငံထဲကကစားသမားတွေ ဥရောပဇာတ်ခုံအထိ သွားရောက်ကစားခြင်း ပိုမိုများပြားလာပါတယ်။ လက်ရှိ အသင်းထဲက စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားကတော့ Son Heung-min ပဲဖြစ်ပါတယ်။ အရင်နှစ်တုန်းကတောင် မိုဆာလက်နဲ့အတူတူ သွင်းဂိုးအများဆုံးနဲ့ကစားသမားတောင် ဖြစ်သွားသေးတယ်။ ကျန်တဲ့ကစားသမားတွေမှာဆိုရင် Min-jae Kim ပေါ့၊ သူကတော့ နာပိုလီအသင်းရဲ့ အဓိကကစားသမားဖြစ်ပါတယ်။ သူတို့ရဲ့ ကစားသမားအချို့က နာမည်ကြီးနေကြပေမယ့် အစစအရာရာကတော့ ဒီဂရုထဲကအသင်းတွေထက် ညံ့ပါသေးတယ်။ အဲ့ဒီလိုနဲ့ပဲ သူတို့ ဒီအဆင့်နဲ့ ပြီးသွားလောက်တယ်။

အရေးကြီးဆုံးကစားသမား – Heung Min Son

စပါးအသင်းမှာနေတဲ့ Son ကြီးပါ။ ပြီးခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပဲလို့သတ်မှတ်ထားပါတယ်။ အဲ့နှစ် မိုဆာလက်နဲ့အတူတူ သွင်းဂိုးအများဆုံးနဲ့ကစားသမားဖြစ်သွားပါတယ်။ ဒါပေမယ့် အဲ့ကနေပြီးတာနဲ့ ဒဏ်ရာရထားပြီး ပြန်လာတဲ့အချိန်မှာ Form တွေ ကျဆင်းသွားပါတယ်။ အဲ့တာနဲ့ပဲ တောင်ကိုးရီးယားတို့ တော်တော်ဒုက္ခရောက်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ မျှော်လင့်ချက်အားလုံးက သူ့အပေါ် ပုံချသွားမှာဖြစ်သောကြောင့်ပါ၊ Son မှာ ခြေစွမ်းမပြနိုင်ရင်တော့ ဒီအဆင့်လေးနဲ့ အပယ်ခံထိသွားလောက်တယ်။

အဆင့်သတ်မှတ်ချက် – မရှိ