ZingPlay

လီဗာပူးလ် Vs ဖူဟမ် [ 3 May 23 - 01:30 hrs]

ZingPlay  ယာဂင်ကလော့ပ်နည်းပြလက်ထဲက လီဗာပူးလ်အသင်း အန်ဖီးလ်ကွင်းနဲ့ ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ နောက်ဆုံးတစ်ပွဲကမှ အိမ်ကွင်းနဲ့ စပါးအပေါ်  ၄-၃ အနိုင်ရလာပါတယ်။ UCL ဇုန်ရဲ့ အနောက်ကနေ ၇ မှတ်ကွာဟနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Calvin Ramsey, Naby Keita, Bobby Firmino နဲ့ Stefan Bajcetic တို့မရှိသေးပါဘူး။ အားလုံးက ဒဏ်ရာရထားခဲ့ကြပါတယ်။ တိုက်စစ်ပိုင်းနေရာ Louis Diaz ကိုအနားပေးထားပြီး Diego Chota ကို ဆင်းကစားခိုင်းဖို့ရှိပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ ၄-၃-၃ စနစ်ပဲ စီစဉ်ထားပြီး တိုက်စစ်ပိုင်းနေရာ Salah, Gakpo နဲ့ Jota တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Marco Silva နည်းပြလက်ထဲက ဖူဟမ်အသင်းကျတော့ ပွဲစုံ ၉ ပွဲတုန်းက ၇ ပွဲတောင် ရှုံးသွားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တစ်ပွဲမှ Clean sheet မလုပ်နိုင်သေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ မန်စီးတီးကိုရှုံးလာပါတယ်။ ဒါပေမယ့် လီဗာပူးလ်နဲ့တွေ့ဖူးတဲ့စံချိန်ထဲမှာကျတော့ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် တစ်ပွဲမှမရှုံးသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း ၂-၂ နဲ့ပဲ သရေကျလာပါတယ်။ အဲ့ထက် နောက်ဆုတ်ပြီးကြည့်ရင် အရင်ရာသီတုန်းက အန်ဖီးလ်ကွင်းနဲ့ လီဗာပူးလ်ကို ၁-၀ နိုင်သွားခဲ့ဖူးပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Tim Ream, Andreas Pereira နဲ့ Layvin Kurzawa တို့ ပါဝင်ကစားရန်မရှိသေးပါဘူး။ အားလုံးပဲ ဒဏ်ရာရထားကြပါတယ်။ Alexander Mitrovic ကျတော့ ဘန်းခံထိထားလို့ ဆင်းကစားခွင့်မရှိသေးပါဘူး။ ဒီပွဲ သူတို့ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Vinicius ကိုပဲ တာဝန်ပေးပြီး Wilson, Tom Cairney နဲ့ Bobby de Cordova-Reid တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

လီဗာပူးလ်အသင်း လောလောဆယ်ခြေစွမ်းတွေတက်ကြွနေပါတယ်။ သူတို့ရဲ့ Top4 ကိစ္စက မလွယ်တော့ပေမယ့် လောလောဆယ် ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အဆင့် ၅ အထိတော့ တက်ရောက်လာပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းကမှ အိမ်ကွင်းနဲ့စပါးအပေါ် အနိုင်ရလာပါတယ်။ Top4 ထဲမှာရှိတဲ့ မန်ယူရဲ့အနောက်ကနေ ၇ မှတ် ကွာဟနေပါတယ်။ ဒါပေမယ့် မန်ယူထက် ၁ ပွဲပိုကစားထားပါတယ်။ ဖူဟမ်တို့ကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေတော်တော်ကျဆင်းနေပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ဆုံး ၉ ပွဲကစားပြီး ၇ ပွဲတောင် ရှုံးသွားလို့ပါ။ ၂ ပွဲလေးပဲ ပြန်နိုင်ထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် စီးတီးကိုရှုံးလာသေးတယ်။ အဲ့တာနဲ့ သူတို့လက်ထဲမှာ ၄၅ မှတ် ပိုင်ဆိုင်ထားပြီး အဆင့် ၁၀ အထိ ကျဆင်းသွားပါပြီ။ သူတို့ရဲ့ အားနည်းချက်က တိုက်စစ်ပိုင်းဖြစ်ပါတယ်။ Mitrovic မရှိတော့တဲ့နောက်ပိုင်း တော်တော်အားနည်းသွားတာမြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်းက နည်းနည်းပါးပါး ရုန်းပေးနိုင်ပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၄ ပွဲတုန်းကကျတော့ ဖူဟမ်ဘက်က ဂိုး ၂ လုံးထက်ပိုပြီးမရှုံးသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်တောင် ၂-၂ ပဲ သရေကျလာပါတယ်။ ဒါပေမယ့် လောလောဆယ် အခြေနေမတူတော့ပါဘူး။ လီဗာပူးလ်တို့က UCL ဇုန်ထဲ ပါချင်ချင်ဖြစ်နေလို့ပါ။ ပြီးတော့ သူတို့ရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေ အကုန်နီးပါးပြန်ရောက်နေကြပါပြီ။ ကွင်းလယ်ပိုင်းကလည်း ခြေစွမ်းပြန်ပြနိုင်နေကြပါတယ်။ အဲ့တော့ ဒီပွဲ လီဗာပူးလ်ဘက်ကပဲ တိုက်စစ်ဆင်ပြီးကစားခဲ့ကြလိမ့်မယ်။ ဖူဟမ်တို့ကျတော့ ခံစစ်ပိတ်ပြီး နောက်တော်တော်ဆုတ်ထားလောက်တယ်။ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ ဒီပွဲ လီဗာပူးလ်ဘက်က ကိုယ့်အမှားကိုမလုပ်မိရင် အေးအေးဆေးဆေး အနိုင်ရသွားလောက်ပါတယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Henderson, Fabinho, Jones; Salah, Gakpo, Jota

Fulham: (4-2-3-1) : Leno; Tete, Diop, Adarabioyo, Robinson; Reed, Palhinha, Cairney; Wilson, Vinicius, Solomon

Missing Players

Liverpool  : Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle),Firmino (Muscle Injury), N.Keita (Muscle Injury)

Fulham : Willian (Torn Muscle Fibre), Layvin Kurzawa (Sideband tear), Andreas Pereira (Ankle Injury), Tim Ream (Fractured Arm)

Facebook

အိမ်ရှင်မန်စီးတီးအသင်း အခုတလော ဘဝတွေတော်တော်သာယာနေပါတယ်။ အခုလက်ရှိစွမ်းဆောင်ရည်က တော်တော်ပဲကောင်းနေပါတယ်။ ခြေစွမ်းတွေ ပွဲတိုင်းပဲပြနိုင်တယ်။ တစ်ရာသီလုံးနီးပါး အာဆင်နယ်ရဲ့နောက်ကနေ လိုက်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကျော်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်တို့က ချယ်လ်ဆီးကိုလက်ခံကစားရမှာဖြစ်ပြီး နောက်တစ်ပွဲ သရေကျသွားရင်တော့ မန်စီးတီးအတွက် တော်တော်ကောင်းလိမ့်မယ်။ ဘာလို့လည်းဆိုတော့ စီးတီးဘက်က ဒီပွဲ အနိုင်ရသွားခဲ့လို့ရှိရင် အာဆင်နယ်ထက် ၃ မှတ် သာသွားလိမ့်မယ်။ နောက်ပြီး အာဆင်နယ်ဘက်က သူတို့ထက် ၁ ပွဲ ပိုကစားထားသေးတယ်။ အဲ့ဒီလက်ကျန်ပွဲပါ ၃ မှတ်ကောက်နိုင်ရင်တော့ စီးတီးဘက်က အာကြီးထက် ၆ မှတ် သာသွားလိမ့်မယ်။  အခုလက်ရှိ စီးတီးတို့ရဲ့ ချန်ပီယံလမ်းခရီးက တော်တော်ပဲသာယာပါတယ်။ ပြောမယ်ဆိုရင် သူတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က  တစ်ရာသီလုံးမှ အကောင်းဆုံးဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီပွဲမှာတော့ ကစားသမားအချို့နေရာကို Rotation ရှိလောက်တယ်။ နောက်ပွဲကျရင် လိဒ်စ်နဲ့တွေ့ရမှာဖြစ်ပြီး လိဒ်စ်က သူတို့အတွက် ခက်တဲ့အလုပ်မဟုတ်ပါဘူး အဲ့တာနဲ့ပဲ ဒီပွဲ ဒီဘရိုင်းပြန်ဆင်းရလောက်တယ်။ ဆေးလ်ဗာနဲ့ဖိုဒန်းတို့လည်း ဒီပွဲ ဆင်းကစားခွင့်ရကြလောက်ပါတယ်။ စီးတီးတို့ရဲ့အားသာချက်ကတော့ တိုက်စစ်ပိုင်းနေရာပါပဲ။ အဓိက အိမ်ကွင်းနဲ့ပါကစားခဲ့ရရင် ဂိုး ၃ လုံးမှအထက်ပဲ သွင်းနိုင်ခဲ့ကြလိမ့်မယ်။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က ဒီနှစ်အတွင်း ခြေစွမ်းသိပ်မကောင်းတဲ့ဝက်စ်ဟမ်းပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ စီးတီးတို့အတွက် ဘာမှမခက်ပါဘူး။ ပက်က ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ပဲ စီစဉ်ထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုပဲ တာဝန်ပေးထားတယ်။ ဒီဘရိုင်းနဲ့ ဆေးလ်ဗား ပြီးတော့ Gundogan တို့က ဟာလန်းရဲ့အနောက်ကနေ support လုပ်ပေးဖို့ တာဝန်ပေးထားလောက်ပါတယ်။ သွက်လက်တဲ့ Pressing လေးနဲ့ ကစားလိမ့်မယ်။ နောက်ပြီး ပြိုင်ဘက်ရဲ့ ကစားပွဲကိုဖျက်ဆီးဖို့ Rodri ကို ချထားလောက်ပါတယ်။ ဒီပွဲကတော့ စီးတီးတို့အတွက် ဘာမှစိတ်ပူစရာမရှိပါဘူး။ ပထမပိုင်းကတည်းက ဂိုးအပြတ်နဲ့တောင် နိုင်သွားလောက်ပါပြီ။

ZingPlay  ဝက်စ်ဟမ်းတို့ကျတော့ အခု အတန်းဆင်းမယ့်ဇုန်းထက် နည်းနည်းသာနေတဲ့အတွက် အသက်ရှူလို့ဝနေတုန်းဖြစ်ပါတယ်။ အတန်းဆင်းမယ့်ထဲကအသင်းတွေ သူတို့ထက် ၁ ပွဲပိုကစားထားပြီး သူတို့ရဲ့အနောက်ကနေ ၄ မှတ် ကွာဟနေပါတယ်။ ပြီးတော့ အဲ့ဒီ အတန်းဆင်းရမယ့်အသင်းတွေထက် သွင်းဂိုးစံချိန်လည်း ပိုကောင်းနေပါတယ်။ အဲ့တာနဲ့ပဲ သူတို့ ဒီပွဲ ရှုံးသွားရင်တောင် အရမ်းထိခိုက်သွားမနေသေးပါဘူး။ သူတို့က တန်းတူအသင်းတွေထက် ၄ မှတ်သာပြီး ပြိုင်စရာ ၄ ပွဲလည်း ကျန်ပါသေးတယ်။ ပြိုင်စရာပွဲထဲက ပြိုင်ဘက်ကိုကြည့်ပြီးပြောရင် လိဒ်စ်နဲ့ လက်စတာတို့ကို မရှုံးအောင်ထိန်းရုံနဲ့ အဆင်ပြေပါပြီ။ ဒါပေမယ့်လည်း သူတို့ ဒီပွဲ မရှုံးတာအကောင်းဆုံးပါပဲ။ လုပ်နိုင်မလား မန်စီးတီးရဲ့ တက်ကြွမှုကို ခံနိုင်ပါ့မလားဆိုရင် အရမ်းခက်တယ်လို့ပြောချင်ပါတယ်။ မန်စီးတီးအသင်းဆိုသည်မှာ စကြမ်းပြီဆိုတာနဲ့ ဆက်တိုက်ပဲ ခြေစွမ်းပြသွားတတ်လို့ပါ။ နောက်ပြီး ရာသီရဲ့ နောက်ဆုံးကာလထဲ ကျရောက်လာပြီဖြစ်တဲ့အတွက် ပိုတောင်ကြမ်းပြလိမ့်မယ်။ သူတို့ရဲ့အတွေ့ကြုံက နှစ်တိုင်းလိုလို လီဗာပူးလ်နဲ့ တိုက်ခိုက်တတ်ကြပါတယ်။ ဝက်စ်ဟမ်းတို့က ဒီပွဲမှာ အဆင်ပြေချင်တယ်ဆိုရင် ခံစစ်ပိုင်းကို တောင့်တင်းမှုရှိအောင် စီစဉ်ထားဖို့လိုပါတယ်။ အာရုံစိုက်နိုင်ရမယ်။ အရှေ့ကို အရမ်းထိုးမတက်ရဘူး။ direct football ပုံစံနဲ့ပဲ ထိန်းကစားရမယ်။ ပြီးတော့မှ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်ရင်ရပါပြီ။ ဒါပေမယ့်လည်း Etihad ကို ရောက်ခဲ့တဲ့အသင်းတိုင်းက အဲ့လိုမျိုးပဲ စီစဉ်တတ်ကြပြီး နောက်ဆုံးမှာတော့ မြင်တဲ့အတိုင်းပဲ ဖြစ်သွားကြပါတယ်။ ဒီပွဲကတော့ စီးတီးဘက်က ၃ လုံးမှအထက်ပဲ သွင်းနိုင်လိမ့်မယ်။ ခံစစ်ပိတ်ထားရင် ဂိုးသွင်းခံထိဖို့ စောင့်နေသလို ခံစစ်မပိတ်ပဲ ဝင်လုံးကျပြန်တော့လည်း ကိုယ့်ကိုယ်ကိုသတ်သေတယ်လို့ပြောခံထိပြန်ရော။ ဒီပွဲကတော့ ဝက်စ်ဟမ်းတို့ရဲ့ အဓိကနေရာက ခံစစ်ပိတ်တဲ့နေရာမဟုတ်ပါဘူး၊ တန်ပြန်တိုက်စစ်ဆင်တဲ့နေရာကသာ အဓိကဖြစ်ပါတယ်။ လုပ်နိုင်ရင်တော့ သရေကျဖို့ရှိပါတယ်။ အရမ်းတော့ခက်လိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ ဝက်စ်ဟမ်းရဲ့အိမ်ကွင်းနဲ့ ပထမကျော့တုန်းက စီးတီးဘက်ကပဲ ၂-၀ အရင်နိုင်ထားပါတယ်။ ဒီပွဲ စီးတီးရဲ့အိမ်ကွင်း ပြန်ဖြစ်သွားပြီဖြစ်တဲ့အတွက် အဲ့တစ်ပွဲထက်ပိုဆိုးလိမ့်မယ်။ စီးတီးတို့ရဲ့ လက်ရှိအခြေနေကတော့ အဆင့် ၁ ဖြစ်သွားပါပြီ။ အာဆင်နယ်က သူတို့ထက် ၁ ပွဲ ပိုကစားထားပေမယ့် စီးတီးဘက်က ၁ မှတ် ပိုသာပါတယ်။ အခုအချိန်မှာ စီးတီးဘက်က ကိုယ့်ဘဝကို ကြိုက်သလို ဖန်တီးလို့ရနေတယ်။ ဒီပွဲအပါအဝင် ပြိုင်စရာ ၆ ပွဲတောင်ကျန်ပါသေးတယ်။ အခုအချိန်မှာ ဘယ်အသင်းကမှ စီးတီးနဲ့ တိုက်ခိုက်လို့မရတော့ပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ပြိုင်စရာပွဲတွေကြည့်ပြီးပြောရင်တော့ ကစားသမားလဲလှယ်ဖို့ရှိပါသေးတယ်။ ဘာလို့လည်းဆိုတော့ ၉ ရက်နေကျရင် ရီးရဲလ်အသင်းနဲ့ တိုက်ခိုက်ဖို့ရှိနေသေးလို့ပါ။ ပြောမယ်ဆိုရင် စီးတီးတို့ရဲ့အမြင်ဟာ အဲ့ဖလားပွဲက ပရီးမီးယားလိဂ်ဖလားထက်တောင် အရေးကြီးလိမ့်မယ်။ စီးတီးတို့ရဲ့ထူးခြားချက်ကတော့ အပြည့်ပါပဲ။ တိုက်စစ်ပိုင်းကောင်းသလို ခံစစ်ပိုင်းလည်းကောင်းတယ်။ ဒီဘရိုင်းက အဓိကနေရာပဲလို့ ယူဆနိုင်ပါတယ်။ သူက ဟာလန်းရဲ့ အခွင့်ရေးဖန်တီးရှင်ပဲဖြစ်ပါတယ်။ ဟာလန်းက အသက် ၂၂ နှစ်ဆိုပေမယ့် စံချိန်အသီးသီးကို ကျော်ဖြတ်မယ့်အခြေနေရှိနေတယ်။ အခု သူ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုထဲ ပွဲ ၃၀ ဆင်းကစားပြီး ဂိုး ၃၄ လုံးတောင် သွင်းထားနိုင်ပါတယ်။ စီးတီးအသင်း တစ်သင်းလုံးရဲ့ အိမ်ကွင်းနဲ့ သွင်းဂိုးအရေအတွက်က ၅၄ လုံးဖြစ်ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် ဝက်စ်ဟမ်းတို့ ဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်မလဲမသိသေးပါဘူး။ ဝက်စ်ဟမ်းတို့က အခုနောက်ပိုင်း အခြေနေပြန်ကောင်းပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် ရှုံးထားတဲ့အတွက် ပြန်ဆိုးသွားပါပြီ။ အတန်းဆင်းမယ့်ထဲ ရုန်းနိုင်ဖို့အခြေနေရှိနေပါသေးတယ်။ ဒီပွဲ သူတို့ရဲ့ထူးခြားချက်ကတော့ Declan Rice ပဲ ဖြစ်လိမ့်မယ်။ သူက စီးတီးရဲ့ တိုက်စစ်ဆင်ကစားခြင်းကို ဝင်ဖျက်ရမယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာဟာ စီးတီးဘက်က တော်တော်ပဲပိုသာနေပါတယ်။ အဲ့ဒီတော့ စီးတီးတို့ ဂိုး ၃ လုံးမှအထက် သွင်းပြီး အနိုင်ရသွားလောက်ပါတယ်။

11 Players

Manchester City (3-4-2-1) – Ederson – Dias – Akaji – Laporte – Stone – Rodri – Grealish – Foden – Bernado Silva – De Bruyne – Haaland

Westham United (4-5-1) – Fabianski  – Aguerd – Zouma – Coufal – Rice – Soucek – Cresswell – Fornals – Bowen – Antonio – Paqueta

Missing Players

Manchester City – ဒဏ်ရာနဲ့ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Westham United – ဒဏ်ရာနဲ့ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Facebook