Yeebet

Yeebet မန်စီးတီး vs အင်တာ [ 10 Jun 23 - 01:30 hrs]

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မရှိခဲ့ဖူးသေးပါဘူး။ အဲ့တော့ ပထမဦးဆုံးဖြစ်ပြီး အပီဝင်လုံးခဲ့ကြလိမ့်မယ်။ ဒီပွဲ ဗဟိုကွင်းနဲ့ တူရဂီမှာဆုံခဲ့ကြလိမ့်မယ်။ မန်စီးတီးတို့က အခုမှ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာပါတယ်။ FA ဖလားနဲ့တစ်ပွဲကလည်း မန်ယူနဲ့တွေ့ပြီး ဖလားရသွားပါတယ်။ စီးတီးတို့ရဲ့ ဒီရာသီအတွင်း အခြေနေအရမ်းကောင်းပါတယ်။ လေ့ကျင့်ခန်းနေရာ ထိန်းပေးတဲ့နည်းပြတွေက အရမ်းအဆင်ပြေတယ်။ ဒဏ်ရာရသွားတဲ့ကစားသမားတွေ အခြေနေပြန်ကောင်းတာနဲ့ ခြေစွမ်းကျဆင်းမသွားပါဘူး။ ပြီးတော့ အသင်းထဲက အပြိုင်အဆိုင်တွေကလည်း ဆူဆူပူပူပဲ ဖြစ်နေပါတယ်။ ကစားသမားတိုင်းပဲ ကိုယ်ပိုင် စွမ်းဆောင်ရည်ကောင်းနေကြပါတယ်။ အကောင်းဆုံးကတော့ ကိုဘီလူးကြီးနဲ့ဟာလန်းပဲ ဖြစ်ပါတယ်။ သူ့ကြောင့် ဒီပွဲ အင်တာတို့ရှုံးသွားလိမ့်မယ်။ ဟာလန်းက ဒီလောက်ကောင်းအောင် အသင်းဝင်ကစားသမားတွေကိုလည်း ချီးကျူသင့်ပါတယ်။ အဓိက ဒီဘရိုင်းနဲ့တစ်ယောက်ဆိုရင် တစ်ရာသီလုံးကိုမှ တည်မြဲမှုရှိနေတယ်။ ဒီရာသီအတွင်း Assist ၂၈ ကြိမ်တောင် လုပ်ပြီးသွားပြီ။ တစ်လုံးနဲ့တစ်လုံးမှာ ရှယ်ကောင်းတဲ့ထိုးပေးချက်ဖြစ်တယ်။ သူ့ရဲ့ထိုးပေးချက်က ဒီလောက်ထိ ပြတ်သားနိုင်မယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒီပွဲ အဓိကဖြစ်မယ့် နောက်တစ်ယောက်ကတော့ ဆေးလ်ဗားပေါ့။ ရီးရဲလ်နဲ့ Playoff ပွဲတုန်းက ရီးရဲလ်ကို ၂ လုံးကျွေးသွားပါတယ်။ စီးတီးတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်ဟာ ဘယ်အသင်းကမှ သူတို့ကိုမယှဉ်နိုင်ပါဘူး။ အင်တာတို့ကျတော့ အဆင်သင့်ပိုင်း အဓိကဖြစ်တဲ့ Mkhitaryan နဲ့ Skriniar တို့ မပါနိုင်သေးပါဘူး။ သူတို့နှစ်ယောက် မရှိသေးတဲ့အတွက် အရည်အသွေးကျဆင်းလိမ့်မယ်။ Playoff နဲ့တစ်ပွဲတုန်းက အေစီနဲ့တွေ့ပြီး အိမ်ကွင်း-အဝေးကွင်း ၂ ပွဲစလုံးပဲ အနိုင်ရရှိလာပါတယ်။ ဂိုးတစ်လုံးမှတောင် ပြန်သွင်းခံမထိခဲ့ပါဘူး။ အသင်းရဲ့ အဓိကနေရာကတော့ Bastoni ပဲ ဖြစ်ပါတယ်။ သူက သံအုတ်တံတိုင်းလုပ်ပေးလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာ Mkhitaryan မရှိသေးတော့ Brozovic ပဲ Barella နဲ့အတူ တွဲဆင်းကစားလိမ့်မယ်။ အသင်းရဲ့ အထူးခြားဆုံးနေရာကတော့ Martinez ပဲ ဖြစ်လောက်တယ်။ ဒီရာသီအတွင်း သူ့မှာ ဂိုး ၂၈ လုံး သွင်းထားနိုင်ပါတယ်။ ချန်ပီယံလိဂ်ထဲမှာ ၃ လုံးလေးပဲသွင်းနိုင်ပေမယ့် အန္တရာယ်ရှိတဲ့ တိုက်စစ်မှူးတော့ ဖြစ်နေတုန်းဖြစ်ပါတယ်။ ဒီပွဲကတော့ မန်စီးတီးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ Possesion ball ပုံစံလေးနဲ့ကစားမယ်။ အတတ်နိုင်ဆုံး ဘောလုံးပိုင်ဆိုင်ထားတာ သူတို့ရဲ့အခြေခံကစားနည်းဖြစ်ပါတယ်။ အင်တာတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ ပြောထားတဲ့အတိုင်း လုပ်နိုင်ရင်တော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း စီးတီးတို့က ဒီဖလားကို အရမ်းလိုချင်တဲ့အတွက် အင်တာတို့ ဒုက္ခရောက်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်မြို့လုံး အပြာရောင်ဖြစ်ဖို့များပါတယ်။

မန်စီးတီး

အိမ်ရှင်မန်စီးတီးအသင်း ဒီနှစ်အတွင်း စွမ်းဆောင်ရည်တွေ မထင်မှတ်ပဲတော်တော်ကောင်းနေပါတယ်။ ကစားသမားသစ်ဝယ်ဖြည့်တဲ့နေရာ တော်တော်မှန်ကန်ခဲ့တယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်းက အရင်ကတည်းက ကြမ်းနေရင်းနဲ့ ဟာလန်းပါရောက်ချလာတော့ ပိုပြီးကြမ်းသွားပါတယ်။ မန်စီးတီးအသင်းဟာ နဂိုက တက်ကြွပြီးသားဆိုပေမယ့် ကွင်းဘေးမှာ ပက်ဂွာဒီယိုလာပါရှိနေတော့ ကစားသမားတွေ တစ်ကွင်းလုံးပတ်ပြေးအောင် တိုက်တွန်းနိုင်တယ်။ စီးတီးရဲ့ကစားပုံကစားနည်းက အတတ်နိုင်ဆုံး ဘောလုံးပိုင်ဆိုင်ထားမယ်။ ဘောလုံးဆုံးရှုံးတဲ့အခါမှာ ပြန်ယူဖို့ ချက်ချင်းပဲဝင်လုတတ်ပါတယ်။ ပြိုင်ဘက်ကို ကစားခွင့်မပေးဘူး။ ဒီပွဲမှာတော့ စီးတီးတို့ ၃-၄-၂-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ နောက်ခံ ၃ ယောက်က ကွင်းလယ်လိုမျိုး အရှေ့တော်တော်တိုးထားလိမ့်မယ်။ စည်းဘေးနှစ်ယောက်မှာလည်း တိုက်စစ်မှူး ၃ ယောက်လိုမျိုး အရှေ့တိုးထားလိမ့်မယ်။ အဲ့တော့ သူတို့ တိုက်စစ်ဆင်ပြီး ပြိုင်ဘက်ရဲ့ပင်နယ်တီစည်းထဲ ရောက်တဲ့အခါ သူတို့ကစားသမားက ၆ ယောက်တောင် ဝင်ရောက်သွားပါလိမ့်မယ်။ စီးတီးရဲ့ လက်ရှိ ကစားသမားအဖွဲ့အစုက ထိုးစစ်ပိုင်းပဲကောင်းတာမဟုတ်ပါဘူး။ ဒုတိယလှိုင်းဆီ ဘောလုံးရောက်သွားရင်လည်း အဝေးကနေ ဂိုးသွင်းပေးဖို့ ဒီဘရိုင်းတို့ Gungogun ပြီးတော့ Rodri တို့ရှိနေပါတယ်။ ပြောမယ်ဆိုရင် လက်နက်တော်တော်စုံလင်ပါတယ်။ အဲ့တာနဲ့ သူတို့ ဒီနေ့ ၃-၄-၂-၁ နဲ့ပဲ ကစားမယ်လို့ သေချာပါတယ်။ တိုက်စစ်ပိုင်းနေရာ ၃ ယောက်ထားပြီး အဓိက Akanji ကို တာဝန်ပေးထားလိမ့်မယ်။ သူက ကစားခွင့်ရတိုင်း ခြေစွမ်းပြနိုင်တယ်။ ကွင်းလယ်ပိုင်းကျတော့ ၄ ယောက်ထားမယ်။ အဲ့အပိုင်း Rodri က ဦးဆောင်ပြီး Stones နဲ့အတူ ဆင်းထိန်းပေးလိမ့်မယ်။ စည်းဘေးနှစ်ယောက်ကျတော့ ညာဘက် Silva ဘယ်ဘက် Grealish ဖြစ်ပါလိမ့်မယ်။ သူက ရီးရဲလ်နဲ့တစ်ပွဲတုန်းကဆိုရင် ဘောလုံးဆွဲခေါ်ပြီး ပိတ်ကျွေးခဲ့ဖူးပြီးပြီ။ တိုက်စစ် ဒုတိယလှိုင်းမှာကျတော့ ဒီဘရိုင်းကလွဲပြီး ဘယ်သူမှ ကစားခွင့်မရလောက်ပါဘူး။ နောက်တစ်ယောက်ကျတော့ Gungogun ကို အရင်ဆင်းခိုင်းပြီး တိုက်စစ်ရှယ်ဆင်တော့မှ Julian Alvarez ကို ပြောင်းဆင်းခိုင်းလိမ့်မယ်။ ဒီပွဲကတော့ ပက်က ဒီဖလားကို အရမ်းပိုင်ဆိုင်ချင်ပါတယ်။ စီးတီးတို့ လက်ထဲမရောက်ဖူးသေးတာ ဒီဖလားတစ်လုံးပဲ ဖြစ်နေပါတော့တယ်။ ရသွားလို့ကတော့ နည်းပြနဲ့ ကစားသမားတွေ ပြီးတော့ ဖန်တွေအတွက် အရမ်းပဲ ကောင်းပါလိမ့်မယ်။

အင်တာ

အင်တာအသင်းကျတော့ လိဂ်ထဲမှာ အဆင့် ၃ နဲ့ပဲ ပြီးသွားပါတယ်။ သူတို့က ရာသီရဲ့နောက်ဆုံးတိုက်ပွဲမှာ တိုရီနိုနဲ့ တွေပြီး အနိုင်ကောက်ရသွားပါတယ်။ နောက်နှစ် UCL ကစားခွင့်တော့ သေသေချာချာ ပိုင်ဆိုင်သွားပါပြီ။ အင်တာတို့ ဒီနှစ် ချန်ပီယံလိဂ် ပွဲစဉ်ဇယားထဲမှာ Group of the Dead ဖြစ်ပါတယ်။ အဲ့ဂရုထဲမှာ ဘိုင်ယန်နဲ့ ဘာစီတို့ရှိနေပါတယ်။ ဒါပေမယ့်လည်း အဆင်ပြေအောင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လက်ရွေးစဉ်ရွေးပွဲကို ကျော်လာတော့ အင်တာတို့အတွက် သိပ်ပြီး မခက်တော့ပါဘူး။ တစ်မြို့တည်းသော အေစီနဲ့ playoff တစ်ပွဲလောက်ပဲ ခက်ပါတယ် အဲ့ပွဲ အင်တာဘက်က ၂ ပွဲစလုံး အနိုင်ရသွားပါတယ်။ ဂိုးတစ်လုံးမှတောင် ပြန်သွင်းခံမထိခဲ့ပါဘူး။ အင်တာတို့က ချန်ပီယံလိဂ်ဖလား နောက်ဆုံး ပိုင်ဆိုင်ဖူးတာ ၂၀၀၉-၂၀၁၀ ခုနစ်တုန်းကဖြစ်ပါတယ်။ အဲ့တုန်းက အသင်းနည်းပြ မော်ရင်ဟိုအုပ်ချုပ်ပေးပါတယ်။ သူက အင်တာနဲ့ ၁၃ နှစ်တိတိ နေထိုင်ခဲ့ဖူးပါတယ်။ ဒီပွဲကတော့ အင်တာဘက်က မန်စီးတီးလိုပဲ အပီကစားလိမ့်မယ်။ ပြိုင်ပွဲက တစ်ပွဲလေးဖြစ်ပြီး အင်တာဘက်က မန်စီးတီးလောက်မကောင်းပေမယ့် ဘာမဆို ဖြစ်နိုင်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကလည်း မန်စီးတီးလောက် အဆင်သင့်မဖြစ်သေးပါဘူး။ ဒဏ်ရာရထားတဲ့ အဓိက ကစားသမား ၂ ယောက်တောင် ရှိနေသေးတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ မဆိုးပါဘူး။ ဒီပွဲ သူတို့ ၃-၅-၂ စနစ်နဲ့ ကစားမယ်ထင်တယ်။ စီးတီးတို့လိုမျိုး ကွင်းလယ်ပိုင်းကို အဓိက ထိန်းချုပ်မယ်။ ဒါပေမယ့် စည်းဘေးနှစ်ယောက်ကတော့ တောင်ပံခံစစ်စတိုင်လ်နဲ့ ကစားတတ်ပါတယ်။ စီးတီးနဲ့မတူဘူး စီးတီးတို့ရဲ့ တောင်ပံကစားသမားတွေက အရှေ့တော်တော်တိုးထားပါတယ်။ ဒီလိုမျိုးနဲ့ အင်တာတို့ ခံစစ်အရင်ပိတ်ပြီး အခွင့်အရေးကြုံတော့မှ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ်။ အခွင့်ရေးမရှိရင်လည်း စိတ်အေးအေးလေးနဲ့ ကစားလိမ့်မယ်။ လောပြီး မှားရင်တော့ ခံရလိမ့်မယ်။ အဲ့တာနဲ့ သူတို့အတွက် ၃-၅-၂ စနစ်က အကောင်းဆုံးပဲဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းနေရာ Brozovic – Calhanoglu – Barella တို့ကိုပဲ အဓိက တိုက်စစ်ဆင်ဖို့ တာဝန်ပေးထားလိမ့်မယ်။ စည်းဘေးနှစ်ယောက်ကျတော့ Dimarco နဲ့ Dumfries တို့မှာ အဓိက ခံစစ်ပိတ်ဖို့နေရာ ပိုအားစိုက်ထားလောက်တယ်။ ခံစစ်မှူး ၃ ယောက်နေရာ Bastoni နဲ့ D’Ambrosio နဲ့ ဦးဆောင်လိမ့်မယ်။ အင်တာတို့ မလောတတ်ရင်တော့ ဒီပွဲ တော်တော်ကာကွယ်နိုင်လောက်ပါတယ်။ ဒါပေမယ့်လည်း စီးတီးရဲ့ တိုက်စစ်ဆင်ကစားခြင်းကို လွယ်လွယ်လေးနဲ့ ကာကွယ်နိုင်မယ်လို့တော့ မထင်ပါဘူး။

11 players

Manchester city (3-4-2-1) – Ederson – Dias – Akanji – Laporte – Rodri – Stones – Grealish – Silva – Gungogun – De Bruyne – Haaland

Inter Milan (3-5-2) – Onana – Bastoni – Acerbi – D’Ambrosio – Dimarco – Brozovic – Calhanoglu – Barella – Dumfries – Martinez – Dzeko

 

Missing Players

Manchester City – Benjamin Mendy (Suspended), Nathan Aké (Hamstring Injury)

Inter Milan – Henrikh Mkhitaryan (Hamstring Injury), Joaquín Correa (Calf Injury), Milan Skriniar (Lumbar Vertebra Fracture), Dalbert (Cruciate Ligament Injury)

Facebook