yas bet

yas bet ဖူဟမ် Vs စပါး [ 23 Jan 23 - 02:30 hrs]

yas bet အိမ်ရှင်ဖူဟမ်အသင်း ဒီနှစ်မှာ မထင်မှတ်ပဲ အခြေနေတော်တော်ကောင်းနေကြပါတယ်။ စွမ်းဆောင်ရည်တွေ အရမ်းပဲကောင်းနေကြပါတယ်။ ကစားသမားစာရင်းကိုယူကြည့်ရင် နာမည်နည်းနည်းကြီးတဲ့ကစားသမားက Mitrovic ဖြစ်ပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ B အရည်သွေးအဆင့်လောက်ပဲရှိနေကြတယ်။ ဒါပေမယ့် ကစားသမားတိုင်းရဲ့ခြေစွမ်းတွေကတော့ အရမ်းပဲကောင်းနေကြပါတယ်။ ကိုယ့်အခြေခံနဲ့ကိုယ် တာဝန်ကျေနေကြတာဖြစ်ပါတယ်။ ဖူဟမ်အသင်းရဲ့စတိုင်လ်ကတော့ direct football ပါပဲ။ တိုက်စစ်မှူးတွေက ခန္ဓာကိုယ်ကြီးထွားတယ်။ ဘောလုံးနားနေလို့လည်းကောင်းတယ်။ ပြီးတော့ လိမ့်ဘောနေရာလည်း တော်တော်အဆင်ပြေအောင် ကစားနိုင်ခဲ့ကြပါတယ်။ Pressing ဖြစ်တဲ့ ကွင်းလယ်ပိုင်းက အလုပ်ကြိုးစားတတ်တော့ သူတို့ကို တော်တော်နဲ့ကျော်တက်လို့မလွယ်ပါဘူး။ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်ကစားခြင်းက သူတို့ရဲ့ခံစစ်ပိုင်းမရောက်ခင် ဘောလုံးဖြတ်ဖို့ အရမ်းကြိုးစားတတ်ပါတယ်။ ပွဲဦးဆောင်သူကတော့ Ream နဲ့ Diop တို့အတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်အတွဲက တော်တော်လေး အဆင်ပြေတယ်။ အသုံးပြုမယ့်ဂိုးသမားကလည်း ကြည့်ကောင်းတဲ့ထဲရှိပါတယ်။ ဒီပွဲ သူတို့ဘက်က နယူးကာဆယ်နဲ့တွေ့တုန်းကလိုစတိုင်လ်မျိုးနဲ့ပဲ စောင့်နေလိမ့်မယ်။ အရမ်းကြီးဝင်မလုံးဘူး။ ကွင်းလယ်ပိုင်းကို Pressing နဲ့ ထိန်းကစားလိမ့်မယ်။ ပြီးတော့မှ ပြိုင်ဘက်ရဲ့အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ် ဆင်ခဲ့ကြလိမ့်မယ်။ မြောက်ဘောက သူတို့အတွက် အားသာချက်ပဲလို့ ယူဆနိုင်ပါတယ်။ စံချိန်အရထဲမှာ ဖူဟမ်တို့ရှုံးရင် ဂိုးအပြတ်နဲ့ သိပ်မရှုံးပါဘူး။ ပြီးတော့ ဧည့်သည်အသင်းက လောလောဆယ် စွမ်းဆောင်ရည်တွေ ကျဆင်းနေပါတယ်။ အဲ့တော့ ဖူဟမ်တို့ အမှတ်ရရှိအောင်တော့ ထိန်းကစားနိုင်မယ်ထင်ပါတယ်။

စပါးတို့ကျတော့ ဒီနှစ်အတွင်း စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိသေးပါဘူး။ ရာသီစစလာချင်းတုန်းက ကောင်းမလိုလိုနဲ့ မကောင်ဘူးဖြစ်နေတယ်။ ကစားသမားတွေက အမြဲလိုလို ကောင်းမနေကြဘူး။ အသစ်ဝယ်ဖြည့်လိုက်တဲ့ကစားသမားက မှန်ကန်ပေမယ့် ထင်သလောက်အဆင်မပြေသေးပါဘူး။ အရင်ရာသီတုန်းက ခြေစွမ်းအရမ်းပြနိုင်တဲ့ကစားသမားကလည်း ဒီနှစ်မှာ ခြေစွမ်းမပြနိုင်ဘူးဖြစ်နေတယ်။ ကောင်းကောင်းမြင်ရတာတော့ ဆွန်ဟောင်မင်ပေါ့။ သူ့အပြေးက မြန်နေတုန်းဆိုပေမယ့် သူနဲ့ တွေ့တဲ့အသင်းတိုင်းက အရင်ထက်ပိုပြီး သတိထားလာကြပါတယ်။ အဲ့တာနဲ့ပဲ သူ့မှာ ဂိုးသွင်းဖို့အရေး အရမ်းခက်ခဲသွားပါတယ်။ Hojbjerg ဆိုတဲ့တစ်ယောက်ရောပဲ သူ့ရဲ့ခြေစွမ်းကို စပါးအရမ်းအားကိုးချင်ပါတယ်။ သူက ကွင်းလယ်ပိုင်းရဲ့ အဓိကဖြစ်နေတယ်။ အသင်းရဲ့ အစစအရာရာကိုထိန်းချုပ်ပေးတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ထင်သလောက် သိပ်မကောင်းနိုင်သေးပါဘူး။ Bentancur နဲ့ Kulusevsky တို့ကျတော့ ဒီရာသီအတွင်း ဒဏ်ရာတွေ ခန ခန ရနေပါတယ်။ အသစ်ရောက်လာတဲ့ Richarlison ဟာလည်း ကစားပွဲထဲမှာ ပါဝင်မှုသိပ်မရှိသေးပါဘူး။ အဲ့တာနဲ့ပဲ စပါးရဲ့အခြေနေက မြင်တဲ့အတိုင်း ဖြစ်နေရော။ ဟယ်ရီးကိန်းတစ်ယောက်ထဲနဲ့ စပါးကို အောင်မြင်အောင်မရုန်းပေးနိုင်ပါဘူး။ အရင်တစ်ပွဲကိုပဲကြည့်ပေါ့၊ ဂိုး ၂ လုံး အရင်ဦးခဲ့တာတောင် နောက်ဆုံးမှာတော့ ၄ ဂိုးဆက်တိုက် ပြန်သွင်းခံထိခဲ့ရော။ ခံစစ်ပိုင်းက အားရစရာမကောင်းဘူး။ အဓိက ဘယ်ဘက်ခြမ်း တိုက်စစ်ဆင်ခဲ့တဲ့ စီးတီးရဲ့ Mahrez ဆိုတဲ့တစ်ယောက်က ဖူဟမ်ရဲ့ခံစစ်ပိုင်း တစ်ပိုင်းလုံးကို အနှောက်ယှက်တော်တော်ပေးနိုင်ခဲ့တယ်။ ဒီပွဲ ဖူဟမ်ရဲ့ဧည့်သည် သွားလုပ်ရတဲ့အလုပ်က မလွယ်ပါဘူး။ ဖူဟမ်က လောလောဆယ် စွမ်းဆောင်ရည်တွေကောင်းနေကြတယ်။ ဒီပွဲ စပါးတို့ ထိုးစစ် ခန ခန ဆင်နိုင်ပေမယ့် ဂိုးဘယ်လောက်ထိပြတ်သားနိုင်မလဲတော့မသိသေးပါဘူး။ အရင်တစ်ပွဲကိုကြည့်ပြီးပြောရင်တော့ စိတ်ချလို့မရသေးပါဘူး။ အဲ့ဒီတော့ တစ်မှတ်လေးနဲ့ပြန်သွားခဲ့ရရင်တောင် အဆင်ပြေနေပါပြီ။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟိုးအရင်တုန်းကစံချိန်ကိုပါ ထည့်တွက်လို့ပါ။ ၂၀၁၄ ခနှစ်တုန်းက ဖူဟမ်တို့အတန်းဆင်းသွားခဲ့ပြီး အဲ့ကနေ ပရီးမီးယားလိဂ်ထဲ ပြန်ရောက်လာကတည်းက ၅ ပွဲတွေ့ခဲ့ဖူးတဲ့နေရာမှာ ဖူဟမ်ဘက်က စပါးကို တစ်ပွဲမှမနိုင်ခဲ့ဖူးသေးပါဘူး။ အရှုံး ၄ ပွဲနဲ့ သရေ ၁ ပွဲပဲ လုပ်နိုင်ခဲ့ပါတယ်။ အဲ့တာ မထူးဆန်းပါဘူး။ ကစားသမားအရည်သွေးကစ ကွာဟမှုရှိနေလို့ပါ။ ဧည့်သည်ဘက်က ကစားသမားအရည်သွေးပိုသာပေမယ့် အနိုင်ရသွားတဲ့ပွဲ တော်တော်များများထဲမှာ ကပ်နိုင်သွားတာများပါတယ်။ အခုနောက်ပိုင်း နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကတော့ ဖူဟမ်ဘက်က ပိုကြည့်ကောင်းနေတယ်။ ဖူဟမ်တို့ နယူးကာဆယ်နဲ့မတွေ့ခင် ၅ ပွဲဆက်တိုက် အနိုင်ရထားခဲ့ဖူးပါတယ်။ အဲ့ပွဲ ပွဲပြီးခါနီးမှ ဂိုးသွင်းခံထိသွားတာ နှမြောစရာတော်တော်ကောင်းပါတယ်။ ကိုယ့်ဘက်က ပင်နယ်တီရပြန်တော့လည်း ချော်လဲသွားတဲ့အတွက် ဂိုးဖြစ်မသွားခဲ့ပါဘူး။ ဒါပေမယ့်လည်း အခုတလော နယူးကာဆယ်နဲ့တိုက်ခိုက်ရတာ မလွယ်ပါဘူး။ စပါးတို့ကျတော့ ကောင်းလိုက် ဆိုးလိုက်နဲ့ အလှည့်ကျဖြစ်နေတယ်။ အနိုင်တစ်ပွဲ သရေတစ်ပွဲ အရှုံးတစ်ပွဲနဲ့ ဒစ်လည်နေတုန်း ဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ဖန်တွေက UCL တိုက်ပွဲထဲပါဖို့အတွက် စိတ်ကုန်နေကြလောက်ပြီ။ အရင်တစ်ပွဲတုန်းက ကောင်းမလိုလိုနဲ့ နောက်ဆုံးမှာတော့ ရှုံးလာရော။ စပါးတို့က ဖူဟမ်နဲ့တွေ့ဖူးတဲ့ထဲမှာ အနိုင်တွေရတတ်ပေမယ့် လက်ရှိ စွမ်းဆောင်ရည်နဲ့ဆိုရင်တော့ နိုင်ဖို့မရှိပါဘူး။ သရေကျရုံပဲ ပြီးသွားလိမ့်မယ်။

11 Players

Fulham (4-2-3-1) – Leno – Kurzawa – Ream – Diop – Tete – Reed – Palhinha – Willian – Pereira – De corDova – Mitrovic

Tottenham Hotspur (3-4-1-2) – Lloris – Dier – Romero – Davies – Perisic – Hojbjerg – Bentancur – Emerson – Kulusevski – Kane – Son

Missing players

Fulham FC – Neeskens Kebano (Achilles tendon rupture)

Tottenham Hotspur – Richarlison (Hamstring Injury)

Facebook