yadanar city gaming

စပါး Vs ချယ်လ်ဆီး  [ 25 Feb 23 - 20:00 hrs]

yadanar city gaming စပါးအသင်းဟာ သူတို့ရဲ့ပုံမှန်အဆင့်သူတို့ရဲ့ပုံမှန်က အဆင့် ၄ ပဲ ဖြစ်ပါတယ်။ နယူးကာဆယ်ထက် အမှတ်များပြီး ပြိုင်ပွဲအရေအတွက်လည်း ၁ ပွဲ ပိုများနေပါတယ်။ ဒါပေမယ့် ဘာမှတော့ စိတ်ပူစရာမလိုပါဘူး ဘာလို့လည်းဆိုတော့ နယူးကာဆယ်တို့ အခုတလော ခြေစွမ်းတွေကျဆင်းနေကြလို့ပါ။ စပါးတို့ နောက်ဆုံးတစ်ပွဲ ဝက်စ်ဟမ်းနဲ့တွေ့ပြီး ၂ ဂိုး ၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲံပွဲအဲ့ပွဲ အနိုင်ရသွားပေမယ့် ခြေစွမ်းတက်ကြွတဲ့ထဲတော့မရှိသေးပါဘူး။ အခုလက်ရှိ အသုံးပြုလို့မရသေးတဲ့ကစားသမားတွေမှာ Hugo Lloris, Bissouma, Sessegnon နဲ့ Bentancur တို့လောက်ပဲရှိပါတယ်။ အသင်းရဲ့အခြေနေနဲ့ အများကြီးထိခိုက်မသွားလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ စပါးတို့မှာ ခြေစွမ်းကောင်းတဲ့ကစားသမားတွေ အများကြီးရှိနေပါသေးတယ်။ စပါးရဲ့ လက်ရှိစွမ်းဆောင်ရည်က အဆင်ပြေပါတယ်။ အရှုံးပွဲတွေမကင်းနိုင်သေးပေမယ့် နောက်ဆုံး ၅ ပွဲထဲမှာ အနိုင် ၃ ပွဲတောင် ရရှိသွားပါတယ်။ ဒီအလိုအခြေနေမျိုးကဒီလိုအခြေနေမျိုးက Top4 ထဲ ပါဖို့ရှိပါတယ်။ သူတို့ရဲ့တိုက်စစ်မှူး ကိန်းနဲ့ဆွန်က အရည်အချင်းပြည့်စုံကြပါတယ်။ ဘောလုံးထိုးပေးချက်ကောင်းသလို ဘောလုံးအနားပါယူလို့ရတယ်။ နောက်ပြီး ဂိုးပါသွင်းပေးနိုင်ခဲ့ကြပါတယ်။ ခေါင်းနဲ့ပဲသွင်းသွင်း ခြေထောက်နဲ့ပဲသွင်းသွင်း အဆင်ပြေတယ်။ ဒါပေမယ့် စပါးတို့ အခု ဘာချန်ပီယံမှမရသေးတာ နှမြောစရာတော်တော်ကောင်းပါတယ်။ ဆွန်ဟောင်မင်ဟာ အရင်နှစ်တုန်းက အရမ်းတွေကြိုးစားခဲ့လို့ ဒီနှစ်မှာ တက်ကြွမှုတွေ လျော့နည်းသွားတာ မြင်ခဲ့ရပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကတော့ တော်တော်အဆင်ပြေပါတယ်။ လွတ်ပေါက်တွေရှာတတ်ပြီး ဂိုးတော်တော်ပြတ်သားခဲ့တယ်။ အဲ့ပွဲပြီးသွားတော့ ယုံကြည်မှုပြန်လာလောက်ပြီ။ ဒီပွဲ ကွန်တီက သူ့ကို ပထမ ၁၁ ယောက်စာရင်းထဲ သွင်းထားလောက်ပါတယ်။ အဲ့တော့ တိုက်စစ်ပိုင်းနေရာ Son, Kulusevski နဲ့ Kane တို့ ၃ ယောက် ဖြစ်လိမ့်မယ်။ သူတို့ ၃ ယောက်က ကြမ်းတဲ့အချိန်ဆို ဘယ်အသင်းကိုမှကြောက်စရာမလိုပါဘူး။ ကွင်းအလယ်ပိုင်းမှာ Bentan မရှိပေမယ့် ထင်သလောက်တော့ မဆိုးလောက်ပါဘူး။ လက်ရှိချယ်လ်ဆီူနဲ့လက်ရှိချယ်လ်ဆီးနဲ့ အေးအေးဆေးဆေး တိုက်ခိုက်နိုင်ကြလောက်ပါတယ်။ စပါးရဲ့ခံစစ်ပိုင်းက ချယ်လ်ဆီးရဲ့ခံစစ်ပိုင်းထက် ပိုအားကောင်းပါတယ်။ အစစအရာရာကပါပိုကောင်းနေတော့ အနိုင်ရသွားမှာ ပိုသေချာပါတယ်။

ချယ်လ်ဆီးတို့ကျတော့ တကယ့်မုန့်စိန်ပါဗျာ။ ငွေတွေအများကြီးသုံးပြီး တစ်ယောက်မှအဆင်မပြေခဲ့ကြပါဘူး။ ဂိုးဖန်တီးရှင်မရှိပဲ စည်းဘေးကစားသမားတွေ ပြည့်လျှံနေတယ်။ ကွင်းလယ်တိုက်စစ် ခံစစ်တွေကလည်း B C D အရည်အသွေးအဆင့်လောက်ပဲရှိနေကြတယ်။ ဈေးနှုန်းကျတော့ အရမ်းကြီးပါတယ်။ အသင်းရဲ့စွမ်းတောင်ရည်ကလည်း ကစားလေဆိုးလေဖြစ်နေတယ်။ ယုံကြည်မှုတွေပါ ပျောက်ဆုံးနေကြကုန်ပြီ။ ချယ်လ်ဆီးတို့ကျတော့ တကယ့်မုန့်စိန်ပါဗျာ။ ငွေတွေအများကြီးသုံးပြီး တစ်ယောက်မှအဆင်မပြေခဲ့ကြပါဘူး။ ဂိုးဖန်တီးရှင်မရှိပဲ စည်းဘေးကစားသမားတွေ ပြည့်လျှံနေတယ်။ ကွင်းလယ်တိုက်စစ် ခံစစ်တွေကလည်း B C D အရည်အသွေးအဆင့်လောက်ပဲရှိနေကြတယ်။ ဈေးနှုန်းကျတော့ အရမ်းကြီးပါတယ်။ အသင်းရဲ့စွမ်းတောင်ရည်ကလည်း ကစားလေဆိုးလေဖြစ်နေတယ်။ ယုံကြည်မှုတွေပါ ပျောက်ဆုံးနေကြကုန်ပြီ။ ကစားသမားတစ်ယောက်ချင်းစီထောက်ကြည့်မယ်ဆိုရင် ပြောလို့ကုန်မှာမဟုတ်ဘူး။ ဒါပေမယ့် အညံ့ဆုံးကိုပြောမယ်ဆိုရင်တော့ ဘယ်ဘက်ခြမ်းခံစစ်နဲ့ Cucurella ပဲ ဖြစ်ပါတယ်။ အခုမှာတော့ ပထမ ၁၁ ယောက်စာရင်းကနေ ပြုတ်သွားပါပြီ။ သူ့အတွက် ကွင်းထဲဆင်းခွင့်မရတာ အကောင်းဆုံးပါ အသင်းအတွက် ဘာအကျိုးမှမပေးနိုင်ပါဘူး။ ခံစစ်ပိတ်ကစားတဲ့နေရာ ဒီုလိုပဲ တိုက်စစ်ဆင်ကစားတဲ့အခါမှာလည်း တော်တော်ဆိုးပါတယ်။ ဘယ်ဘက်တောင်ပံ Mudryk လည်း Chilwel နဲ့ တွဲကစားလိုက်တဲ့အခါမှာ ကြမ်းမနေပါဘူး။ ဝယ်လာတုန်းကကျတော့ ဈေးအရမ်းကြီးပါတယ်။ ကွင်းလယ်ပိုင်းမှ ကောင်းတာကတော့ Joao Felix နဲ့ Enzo Fernandes တို့ပဲ ဖြစ်ပါတယ်။ သူတို့တကယ်ကောင်းတယ်။ သူတို့က ဂိုးဖန်တီးရှင်မဟုတ်တာပဲရှိတယ်။ အသင်းထဲက ဂိုးဖန်တီးရှင်တွေ တကယ့်အစစ်မဟုတ်ဘူး။ Havertz က အရှေ့တန်းဆိုပေမယ့် ကွင်းလယ်ရဲ့ ရှေ့မှာပဲ နေသင့်ပါတယ်။ felix ကို တောင်ပံနေရာအထိ ရွှေ့ကစားခိုင်းလို့တောင်ရတယ်။ ပြီးရင် ညာဘက်ခြမ်းမှ လိုအပ်တဲ့နေရာ Jame ကို ပေးဝင်ခိုင်းပြီး ကွင်းလယ်အတွဲ Mason Mount နဲ့ Enzo Fernandes တို့ကို တာဝန်ပေးထားလို့တောင်ရပါတယ်။ ဒါပေမယ့် ကွင်းဘေးမှာရှိတဲ့သူက အရင်အတိုင်းပဲ လုပ်လုပ်နေတော့ ကွဲပြားခြားမှုရှိတဲ့အဖြေကို ဘယ်လိုလုပ်ပြီးရနိုင်မလဲ။ ကစားသမားရဲ့အပြေးကတော့ မြန်ပါတယ်။ ဒါပေမယ့် ပေါင်းပြီးကစားတဲ့အပိုင်းကျတော့ အချိန်လိုသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေက ပေါ်တာကိုအချိန်ထပ်မပေးနိုင်လောက်တော့ပါဘူး။ ပထမ ၅ ပွဲ ၆ ပွဲကိုကြည့်ပြီး ဘယ်တစ်ပွဲမှအဆင်မပြေခဲ့ပါဘူး။ လီဗာပူးလ်က အခြေနေဆိုးနေရင် ချယ်လ်ဆီးက သေလုနီးဖြစ်နေပါပြီ။ နည်းစနစ်မရှိဘူး။ မထင်မှတ်ပဲ ဂိုးသွင်းခံထိတတ်တယ်။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးတို့ ဘယ်ပွဲအစီစဉ်ကိုမှ သွားဖို့မရှိပဲနေလိမ့်မယ်။ ဒီနှစ် နံပါတ် ၁၀-၁၂ မှာပဲ ပြီးသွားလိမ့်မယ်။ ဒီပွဲ စပါးကိုခံရမှာသေချာတယ်။ ဒီပွဲပြီးသွားလို့ သတင်းစာပင်မမျက်နှာမှာ Hot New, Sack Graham Potter တန်းပေါ်လိမ့်မယ်။
အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က စပါးရဲ့ငယ်နိုင်လိုမျိုး အမြဲပဲပိုသာခဲ့ဖူးပါတယ်။ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် မိနစ် ၉၀ အတွင်း စပါးဘက်က အနိုင်တစ်ပွဲမှမရခဲ့ဖူးသေးပါဘူး။ အရှုံး ၇ ပွဲတောင်ရရှိသွားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အခြေနေချင်းတူမနေတော့ပါဘူး။ စွမ်းဆောင်ရည်ကစ ကွဲပြားသွားပါတယ်။ စပါးတို့က အခုတလော နံပါတ် ၄ နေရာပိုင်ဆိုင်ဖို့ကြိုးစားနေကြတယ်။ သူတို့လမ်းခရီးက အဆင်ပြေနေတုန်း ဖြစ်ပါတယ်။ စပါးအသင်းကို ကောင်းအောင် ဟယ်ရီကိန်းဦးဆောင်နေပါတယ်။ သူက အရှေ့တန်းကစားသမားဖြစ်ပြီး တိုက်စစ်ပိုင်းအားလုံးကို ထိန်းချုပ်ပေးတဲ့သူဖြစ်တယ်။ ပြောမယ်ဆိုရင် အသင်းရဲ့အဓိကဆုံးကစားသမားလို့တောင် သတ်မှတ်လို့ရပါတယ်။ ဒီရာသီအတွင်း ဂိုး ၁၇ လုံး သွင်းထားနိုင်ပြီးပြီ။ ဒီတစ်ယောက်ကလွဲပြီး ကျန်တာမရှိတော့ဘူး။ ဆွန်ဟောင်မင်က ဒဏ်ရာရထားမှုနဲ့ လုံးထွေးနေပါတယ်။ အခုတော့ သက်သာသွားပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းကတောင် ပွဲသိမ်းဂိုးပါထသွင်းပေးခဲ့သေးတယ်။ ဆွန်က ဒီထက်ကြမ်းနိုင်ရင်တော့ လီဗာပူးလ်ကို ယူရိုပါဖလားအထိ ကန်ချနိုင်လိမ့်မယ်။ အဲ့ဒီတော့ ဒီပွဲ စပါးရဲ့ အဓိကဆုံးနှစ်ယောက် ကိန်းနဲ့ ဆွန်ပဲဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်ကကျတော့ တစ်သင်းလုံးမှ စာမေးပွဲအောင်တာ Joao Felix ပဲ ရှိပါတယ်။ အခြားကစားသမားတွေထက် ကိုယ်ပိုင်အရည်အချင်းကောင်းတယ်။ အငှါးစာချုပ်သက်တမ်းကုန်သွားတာနဲ့ အခြားအသင်းပြောင်းဖို့ စိတ်ကူးထားလောက်ပါတယ်။ သူကလွဲပြီး ကျန်တာ အရမ်းရိုးရှင်းတဲ့ ကစားသမားတွေချည်းဖြစ်နေတယ်။ နည်းနည်းပါးပါးကောင်းတဲ့သူကို ပြောရမယ်ဆိုရင် James ကိုပဲပြောမယ်။ ကျန်တာ လုံးဝအဆင်မပြေပါဘူး။ အဓိက ဂရေဟမ်ပေါ်တာဆိုရင် ကွင်းထဲဆင်းစရာမလိုပဲ အသင်းကိုဆိုးကျိုးပေးနိုင်တယ်။ သူက အလယ်အလတ်အသင်းတွေလောက်ပဲ အုပ်ချုပ်သင့်ပါတယ်။ သူ့ကို စာချုပ်ဖျက်သိမ်းမယ်ဆိုရင် လျော်ကြေးသန်း ၅၀ ပေးရမယ်ဆိုလားပဲ။ ချယ်လ်ဆီးရဲ့ လက်ရှိစွမ်းဆောင်ရည်က ခံစစ်ပိုင်းညံ့သလို တိုက်စစ်ပိုင်းလည်း ရှယ်ညံ့နေပါတယ်။ သူတို့တိုက်စစ်ပိုင်း ဂိုး ၂ လုံး သွင်းနိုင်တဲ့ပွဲ ရှာကြည့်မယ်ဆို ပြီးခဲ့တဲ့ ၁၂ လပိုင်းတုန်းကပဲရှိပါတယ်။ ဘယ်လောက်ထိဆိုးနေမှန်း ကိုယ့်ဘာသာပဲစဉ်းစားလိုက်ပါ။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် စပါးထက်စွမ်းဆောင်ရည်ကောင်းနေတာတောင် အနိုင်ရမယ်မထင်သေးပါဘူး။ ချယ်လ်ဆီးတို့ရဲ့ လက်ရှိအခြေနေက အောက်ဆုံးအဆင့် ၂၀ အသင်းနဲ့တွေ့ခဲ့ရရင်တောင် ရှုံးသွားလောက်ပါတယ်။ ရှုံးလည်းရှုံးသွားပါပြီ။ ဒီပွဲ စပါးတို့ မနိုင်ပဲမနေပါဘူး။

11 Players
Tottenham Hotspurs (3-4-2-1) – Forster – Romeo – Dier – Lenglet – Skipp – Hojbjerg – Perisic – Emerson – Son – Kulusevski – Kane

Chelsea (4-2-3-1) – Kepa – Chilwell – Koulibaly – Silva – James – Fernandez – Mount – Felix – Havertz – Mudryk – Gallagher

Missing Players
Tottenham Hotspur – Yves Bissouma (Ankle Fracture), Hugo Lloris (Knee Injury), Ryan Sessegnon (Hamstring Injury), Rodrigo Bentancur (Cruciate Ligament Rupture)

Chelsea FC – Raheem Sterling (Knee Problems), Christian Pulisic (Knee Problems), Edouard Mendy (Shoulder Injury), Armando Broja (Cruciate Ligament Rupture)

Facebook

တန်ဟက်နည်းပြလက်ထဲကမန်ယူအသင်း အခုမှ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ကျော်ဖြတ်လာပြီး အဲ့ပွဲ ဘာစီလိုနာအပေါ် အနိုင်ရရှိလာပါတယ်။ ဒီပွဲမုတိုင်ခင် ၂ ရက်ထဲပဲ အနားရယူထားခဲ့ကြတယ်။ ဒီပွဲ မန်ယူဘက်က အနိုင်ရသွားခဲ့ရင်တော့ ကာရာဘောင်းဖလား ဖိုင်နယ်ကို ပထမဆုံး တာဝန်ယူတဲ့ နယ်သာလန် မန်နေဂျာ အဖြစ် သမိုင်းဝင် ဖြစ်လာလိမ့်မယ်။ ဒီပွဲအတွက် Anthony Martial၊ Donny van de Beek နဲ့ Christian Eriksen တို့ ဒဏ်ရာရထားတုန်းဖြစ်တဲ့အတွက် မပါနိုင်သေးပါဘူး။ ဒီပွဲ တန်ဟက်က Striker နေရာ ရက်ဖိုဒ့်ကို တာဝန်ယူခိုင်းမယ်ထင်ပါတယ်။ ဒီပွဲ မန်ယူ ၄-၂-၃-၁ စနစ်နဲ့ ကွင်းလယ်တိုက်စစ် Bruno Fernandes၊ Woot Weghorst နဲ့ Jadon Sancho တို့ကို စီစဉ်ထားလောက်တယ်။ ကွင်းလယ်ခံစစ်နေရာကျတော့ ကာစီမီရိုနဲ့ဖရက်တို့ကို တာဝန်ပေးထားလောက်ပါတယ်။ ခံစစ်ပိုင်း‌နေရာကျတော့ အရင်အတိုင်းပဲ ဖြစ်ဖို့များပါတယ်။

yadanar city gaming နယူးကာဆယ်တို့ကျတော့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး ကြိုးကြာနီတို့ကိုရှုံးလာခဲ့ပါတယ်။ နောက်ပြီး အဲ့ထက်ဆိုးတာ ဒီပွဲ နံပါတ် ၁ ဂိုးသမားကို အသုံးပြုလို့မရသေးဘူးဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲတုန်းကမှ အနီကဒ်ထိထားလို့ပါ။ နံပါတ် ၂ ဂိုးနဲ့တစ်ယောက်ကလည်း ဆင်းဖို့အဆင်မပြေသေးတော့ နံပါတ် ၃ ဂိုးသမား Karius ကိုပဲ အသုံးပြုခဲ့ရလိမ့်မယ်။ ဒီပွဲ နယူးကာဆယ်ဘက်က အနိုင်ရသွားခဲ့ရင်တော့ Eddie Howe မှာ အင်္ဂလန်မန်နေဂျာဖြစ်ပြီး ကာရာဘောင်းဖလားကို ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးစွတ်ခူးနိုင်သူ ဖြစ်သွားလိမ့်မယ်။ ၂၀၀၃ ခုနှစ်မတိုင်ခင် Steve McClaren လုပ်နိုင်ခဲ့ဖူးပါတယ်။ ဒီပွဲ နယူးကာဆယ်တို့ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ ကွင်းလယ်ပိုင်းနေရာ Bruno Guimaraes ပြန်လည်ရောက်ရှိလာပါပြီ။ Emil Kraft နဲ့တစ်ယောက်ကတော့ အကြာကြီးနားရဦးမယ်။ Joe Willock ကတော့ ဒဏ်ရာသက်သာလာပြီဖြစ်တဲ့အတွက် အနည်းဆုံး အရန်စာရင်းထဲ ပါသွားလောက်တယ်။ တိုက်စစ်ပိုင်းနေရာ အခုမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ Miguel Almiron က Callum Wilson နဲ့ Allan Saint-Maximin တို့နဲ့အတူ ဆင်းကစားခဲ့ရလိမ့်မယ်။

ဒီကာရာဘောင်းဖလားဟာ အနိုင်ရမယ့်အသင်းက မန်ယူဖြစ်ဖို့တော်တော်များပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူတို့ရဲ့စွမ်းဆောင်ရည်က တော်တော်တက်ကြွနေလို့ပါ။ နောက်ဆုံးတစ်ပွဲတုန်းက ဂျိုးလ်သားအသင်း ဘာစီလိုနာအပေါ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိလာပါတယ်။ မန်ယူအသင်းဟာ အခုတလော အင်္ဂလန်ကျွန်းပေါ်မှာ ဖလား ၄ ခုပိုင်ဆိုင်ဖို့အခြေနေ ရှိနေပါတယ်။ မန်ယူတို့ ဒီအစီစဉ်ထဲက တစ်ပွဲနဲ့တစ်ပွဲမှာ ဂိုး ၂ လုံးမှအထက် ပုံမှန်သွင်းနိုင်နေကြပါတယ်။ Clean sheet ၄ ခါတောင်ရသွားသေးတယ်။ ဒီဖလားပွဲရဲ့ ဗိုလ်လုပွဲကို ဒီတစ်ခါက ၁၀ ကြိမ်မြောက် တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီဖလားအစီစဉ်ကို ဖလား ၅ ခါ ရသွားခဲ့ဖူးပါတယ်။ နယူးကာဆယ်တို့ကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းသွားပေမယ့် ဘာစိတ်ဖိအားမှမရှိတဲ့အတွက် အပီကစားဖို့ရှိပါတယ်။ နောက်ပြီး ဒီပွဲက တစ်ပွဲထဲပဲပြိုင်ကစားရမှာဆိုတော့ ရှိတာ အကုန်ချလုပ်သွားလိမ့်မယ်။ ဒီပွဲအခြေနေကတော့ မန်ယူဘက်က ဘောလုံးပိုပိုင်နိုင်ပြီး တိုက်စစ်ပိုဆင်ခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း နယူးကာဆယ်တို့ရဲ့ စည်းဘေးမှ တိုက်စစ်ဆင်ကစားခြင်းကို သတိထားဖို့လိုလိမ့်မယ်။ အဓိက Allan Saint Maximin နဲ့တစ်ယောက်ဆိုရင် တော်တော် ကြောက်စရာကောင်းပါတယ်။ ဒီနာမည်က လူတိုင်းသိပါတယ်။ ဒါပေမယ့် နယူးကာဆယ်တို့ရဲ့ခံစစ်ပိုင်းက စိတ်ပူစရာရှိပါတယ်။ နံပါတ် ၁ ဂိုးလည်းမရှိဘူး။ နံပါတ် ၂ ဂိုးသမားရောပဲ မအားဘူး။ ဒါပေမယ့်လည်း မန်ယူအသင်းအတွက် မလွယ်ပါဘူး။ အချင်းချင်းတွေ့ခဲ့တဲ့နောက်ဆုံး ၂ ပွဲတုန်းကဆိုရင် မနိုင်မရှုံးလေးနဲ့ ၂ ပွဲစလုံး သရေကျသွားပါတယ်။ အဲ့တော့ နယူးကာဆယ်တို့ ပင်နယ်တီကန်တဲ့အထိ အချိန်ဆွဲနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာကတော့ မန်ယူဘက်က ပိုပြီးတက်ကြွနေတဲ့အတွက် မိနစ် ၉၀ အတွင်း ကပ်နိုင်သွားမယ်ထင်ပါတယ်။ မန်ယူတို့ အခုမှ ဥရောပတိုက်ပွဲကျော်ဖြတ်လာပေမယ့် ဒီပွဲ အလျှော့မပေးပဲ ကစားခဲ့ကြလိမ့်မယ်။

11 Players

Manchester United (4-2-3-1): De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Fred; Antony, Fernandes, Sancho; Rashford

Newcastle United (4-3-3): Karius; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Joelinton; Almiron, Wilson, Saint-Maximin

Missing Players

 Manchester United : Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Newcastle United :  Matty Longstaff (Knee Injury),E. Krafth (Ligament injury),Joelinton (Thigh injury),J. Willock (Thigh Injury)

Facebook