www ibet789 net

ဖူဟမ် Vs ချယ်လ်ဆီး [10 Sep 22 - 06:00 PM]

အိမ်ရှင်ဖူဟမ်အသင်း ရင်းနှီးမြှုပ်နှံသူတွေတော်တော်ကြိုက်တဲ့အသင်းတစ်သင်းဖြစ်ပါတယ် ဒီပွဲ အိမ်ကွင်းလေးနဲ့ ချယ်လ်ဆီးကို ကြိုဆိုရမှာဖြစ်ပါတယ် ဖူဟမ်အသင်း ရာသီစတင်တုန်းက ကောင်းကောင်းလေး www ibet789 net ခြေစွမ်းပြနိုင်ပါတယ် အရှုံးပွဲရှိပေမယ့် လွယ်လွယ်လေးနဲ့တော့ အရှုံးမပေးခဲ့ကြပါဘူး အခုလက် ၆ ပွဲကစားခဲ့ပြီး လက်ထဲမှာ အမှတ် ၆ မှတ် ယူထားနိုင်ပါတယ် အသင်းထဲက ကစားသမားတွေ ဖိုက်တာစိတ်ရှိနေကြပါတယ် ကွင်းလယ်ကစားသမားတွေက ပြိုင်ဘက်ရဲ့နောက်ကနေ တကောက်ကောက်ပြေးလိုက်တတ်တယ် Mitrovic ဆိုတဲ့တိုက်စစ်မှူးဆိုရင် အသင်းအတွက် အရေးကြီးတဲ့အမှတ်တွေရအောင် ဂိုးသွင်းပေးနိုင်တယ် အာဆင်နယ်နဲ့ လီဗာပူးလ်တို့တောင် သူတို့နဲ့ တွေ့ခဲ့ဖူးပြီးပြီ ဒီနေ့ ချယ်လ်ဆီးတို့အလှည့်ကျသွားပြီပေါ့လေ ချယ်လ်ဆီးတို့ရဲ့ ခံစစ်ပိုင်းက ကောင်းမလိုလိုနဲ့ ဂိုးသွင်းခံထိဖို့ကျ တော်တော်အဆင်သင့်ဖြစ်နေရော ဒီပွဲ ဖူဟမ်ဘက်က ဘောလုံးထိန်းပြီး ကွင်းလယ်မှာပဲ Pressing ပြုလိမ့်မယ် ပြီးရင် တိုက်စစ်ဆင်ဖို့ မြောက်ဘောကို အားကိုးလိမ့်မယ် ပထမ မိနစ် ၃၀ အထိ အချိန်ဆွဲနိုင်ရင်တော့ သတင်းကောင်းကြားရလိမ့်မယ်

ချယ်လ်ဆီးတို့ကျတော့ ထူးထူးဆန်းဆန်း ငွေတွေရှယ်သုံးပြီး ထင်သလောက် ခြေစွမ်းမပြနိုင်သေးပါဘူး ရာသီဈေးတုန်းက ပေါင်သန်း ၂၅၀ အထိ အသုံးပြုတယ် နောက်ဆုံးရောက်လာတဲ့ကစားသမားက ပေါင်သန်း ၈၀ နဲ့ Fofana ပါဗျ ကမ္ဘာ့စံချိန်ကြေးကြီးဖြစ်ပြီး ခြေစွမ်းကျတော့ ကြည့်ဖို့လိုနေသေးတယ် ဒါပေမယ့် အဆင်ပြေမယ်ထင်ပါတယ် Aubameyang ကျတော့ ကွင်းထဲဆင်းခွင့်မရသေးပါဘူး Cucurella က ရွှေ့ပြောင်းလာပြီး ဒီထက်ကောင်းသင့်ပါတယ် Sterling ကျတော့ ဂိုးတွေသွင်းနိုင်ပြီး အသင်းအတွက် အနိုင်ယူပေးနိုင်ပေမယ့် အခြေနေအားလုံးခြုံကြည့်ရင်တော့ impact သိပ်မရှိဘူးလို့ ထင်မြင်ထားပါတယ် Koulibaly ကတော့ အတွေ့ကြုံများပြီးသား စိတ်ပူစရာမရှိပါဘူး ချယ်လ်ဆီးတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းကအခြေနေကိုကြည့်ပြီး ဝေဖန်မယ်ဆိုရင် ဒီထက်မတိုးတက်တော့ဘူးဆိုရင်တော့ ချန်ပီယံဖြစ်ဖို့စိတ်ကူးမနေနဲ့တော့ မှားယွင်းမှုတွေ အရမ်းများတယ် အခွင့်ရေးလည်း အကျိုးရှိရှိ အသုံးမပြုနိုင်ဘူး Aubameyang ကို ခေါ်လာတဲ့အတွက် ဘယ်လောက်ထိကောင်းနိုင်မလဲဆိုတော့ ကြည့်ဖို့လိုသေးတယ် ပြီးတော့ စိတ်ပူစရာကောင်းတဲ့နောက်တစ်နေရာကတော့ Mendy ဆိုတဲ့ဂိုးသမားပါပဲ ပွဲတိုင်းပဲ လန့်ခဲ့ရပါတယ် အခု ၂ ပွဲ ၃ ပွဲဆက်တိုက် မှားယွင်းမှုဖြစ်နေတာတောင် ဆင်းနေရသေးတယ် နောက်ဆုံးတစ်ပွဲတုန်းက VAR ကယ်သွားလို့သာအဆင်ပြေတာ ဒီအခြေနေနဲ့ဆိုရင် ဖူဟမ်ကို မကြုံးနိုင်ပါဘူး

အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲ စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က ပိုကောင်းခဲ့ပါတယ် Home-Away ဘယ်ဟာမဆို ပိုသာတယ် ဥပမာ နောက်ဆုံး ၇ ပွဲတုန်းကဆိုရင် ဖူဟမ်ဘက်က ချယ်လ်ဆီးကို ဘယ်လိုမှ ပြန်လှန်မခုခံနိုင်ခဲ့ပါဘူး အဲ့ ၇ ပွဲစလုံးရှုံးသွားပါတယ် ဒီပွဲ ချယ်လ်ဆီးဘက်က အကျော ၁ လုံးပေးထားတယ် ချယ်လ်ဆီးရဲ့ အခုလက်ရှိအခြေနေနဲ့ဆိုရင်တော့ သူတို့နဲ့လက်မတွဲရင်ပိုကောင်းပါတယ် ဘာလို့လည်းဆိုတော့ သူတို့ရဲ့ အခုပွဲတိုင်းပွဲတိုင်းမှာ မနည်းရုန်းနေရတယ် အချို့ပွဲတွေဆို အသကုန်လုပ်ရတယ် ဖူဟမ်နဲ့တခြားစီပဲ အသင်းကသာသေးတာ စိတ်ကတော့ ရှယ်ကြီးပါတယ် ကွင်းလယ်ပိုင်းဆိုပိုဆိုး ဘယ်သူ့ကိုမှကြောက်မနေဘူး တိုက်စစ်မှူးနဲ့ Mitrovic ဆိုရင် ပွဲတိုင်းပဲဂိုးသွင်းနိုင်နေတယ် Top scorer တောင် ရင်ခုန်နိုင်မယ်ထင်တယ် ဒီပွဲ ချယ်လ်ဆီးတို့အတွက် မလွယ်ဘူးဗျ ချယ်လ်ဆီးအသင်းရဲ့အခြေနေက တိုက်စစ်ကညံ့ပြီး ခံစစ်ကလည်း ပျော့နေတယ် ငွေသာရှယ်သုံးပြီး ဘာရေရေရာရာမှမရှိသေးဘူး ပိုက်ဆံကုန်ကျိုးမနပ်သလိုဖြစ်နေတယ် အဲ့တော့ ဒီပွဲ ဖူဟမ်ဘက်က အိမ်ကွင်းနဲ့ကစားရမှာဖြစ်ပြီး ယုံကြည်မှုကပါ ပြည့်ဝနေတော့ ချယ်လ်ဆီးတို့ တိုင်တော်တော်ပတ်သွားလောက်တယ်

11 Players –

Fulham (4-2-3-1) – Leno – Ream – Adarabioyo – Tete – Robinson – Palhinha – Reed – Pereira – Kebano – Reid – Mitrovic

Chelsea (3-4-2-1) – Kepa – Silva – Koulibaly – Fofana – Jorginho – Kovacic – Cucurella – James – Mount – Havertz – Sterling

Missing Players –

Fulham FC  – Antonee Robinson (Ankle Injury), Harry Wilson (Knee Injury), Manor Solomon (Knee Surgery)

Chelsea FC – N’Golo Kanté (Muscular problems), Pierre-Emerick Aubameyang (Head Injury)

www ibet789 net အိမ်ရှင်လက်စတာအသင်း အခုတလောခြေစွမ်းတွေ အရမ်းစိတ်ပျက်စရာကောင်းနေပါတယ် အခု Fofana လည်းမရှိတော့ဘူး သူ့ကိုရောင်းလိုက်တဲ့ ပေါင်သန်း ၈၀ ထဲက ၁၀ သန်းထဲပဲ အသုံးပြုခဲ့ရပါတယ် အဲ့တာ Wout Faes ဆီက အနောက်တန်းကစားသမားကို ဝယ်ယူခြင်းဖြစ်တယ် အဲ့ခံစစ်မှူးရဲ့ခြေစွမ်းကို ကျွန်တော်မမြင်ဖူးသေးပါဘူး အဲ့တော့ စောင့်ကြည့်ကြပေါ့ ဒါပေမယ့် သေချာတာကတော့ အသင်းအဖွဲ့ချုပ်က သန်း ၆၀ ကျော်ကျော်အမြတ်ရထားပါတယ် ကျန်တဲ့ Position ကတော့ မရှိတော့ပါဘူး ကံကောင်းတာ နံပါတ် ၁ ဂိုးသမားနဲ့ အရေးကြီးကွင်းလယ်ကစားသမားကျန်နေသေးလို့ပဲ ဆက်လက်ရုန်းပေးပေါ့ လက်စတာတို့ နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုရှုံးလာပါတယ် အဲ့ပွဲ ပြန်မခုခံနိုင်တာတောင်မဟုတ်ပါဘူး ဘောလုံးပိုင်ဆိုင်မှုကတောင် မန်ယူထက်များသေးတယ် ဂိုးသွင်းဖို့အခွင့်ရေးလည်းပိုများတယ် ဒါပေမယ့် ကစားပွဲကို လာပင့်ပေးမယ့်လူမရှိတော့ တိုင်ပတ်ပြီပေါ့ အဲ့ပွဲ ဗာဒီကတောင် ဘာမှမတတ်နိုင်ခဲ့ပါဘူး Ayoze Perez တော့ရှိပါတယ် ဒါပေမယ့် ရော့ဂျာနဲ့ အဆင်မပြေလို့နေမယ် ဒီအချိန် အလုပ်ပြုတ်မယ့်ထဲက နံပါတ် ၁ မှာ လမ်ပတ်မဟုတ်သလို ဂျရတ်လည်းမဟုတ်တော့ပါဘူး ရော့ဂျာပဲဖြစ်နေတယ် ဒီပွဲသာရှုံးသွားတာနဲ့ ပြုတ်နေလောက်ပြီ ဒါပေမယ့်လည်း နည်းပြကိုပဲ အပြစ်ပြောလို့မရပါဘူး ဒါရိုက်တာဘုတ်အဖွဲ့က အရင်းနှီးမှထုတ်မပေးတာဗျ

အက်စတွန်ဗီလာတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ငါတို့ကို စပရိုက်တိုက်သွားသေးတယ် အဲ့ပွဲ မန်စီးတီးနဲ့ သရေကျသွားတယ်တဲ့ဗျ ၁-၁ နဲ့ အရမ်းကံကောင်းနေရော တကယ့်တကယ်လေ အဲ့ဒီ မိနစ် ၉၀ လုံးလုံးမှာ မန်စီးတီးဘက်က ဂိုး ၄ လုံးမက ရသင့်ပါတယ် ဒါပေမယ့် Martinez ဆိုတဲ့ ဂိုးသမားကြီးက အရမ်းမာလို့ အဲ့နေ့  Pickford ထက်တောင်မာတယ် မန်စီးတီးဘက်က သွင်းသလောက်မောတာပဲအဖက်တင်တယ် Haaland တောင် ထပ်ခါ ထပ်ခါသွင်းခဲ့တာပဲ နှမြောဖို့အကောင်းဆုံးကတော့ De Bruyne ရဲ့ ဂိုးသွင်းချက်ပဲ ကပ်ကပ်လွဲနေတာ ဂိုးဘောင်နဲ့သာတည့်ရင်တော့ ဂိုးဖြစ်လောက်တယ် သူ့ကန်ချက်က တော်တော်အားပါပြီး ထောင့်တွေပဲ စိုက်ဝင်နေလို့ပါ အဲ့ပွဲ အက်စတွန်ဗီလာဘက်က ကြမ်းတယ်ဆိုလို့ ဂိုးသမားပဲရှိပါတယ် ကျန်တာ ပုံမှန်ပါပဲ ဒီပွဲ လက်စတာနဲ့တွေ့ရမှာဆိုတော့ အရင်ပွဲတွေထက် လွယ်ကူပါတယ် လက်စတာအသင်းက အခုတလော ကြောက်စရာမကောင်းပါဘူး အက်စတွန်ဗီလာတို့ကတောင် ပိုကြည့်ကောင်းသေးတယ် Watkins က အခုမှအသစ်ဖြစ်နေပြီး ဘောလုံးတော်တော်ပိုင်ဆိုင်နိုင်တယ် foul လည်းယူတတ်တယ် ကော်တင်ဟိုလည်း အခြေနေနည်းနည်းပြန်ကောင်းလာပါပြီ အဲ့တော့ ဒီပွဲ အက်စတွန်ဗီလာဘက်က အနိုင်ရသွားလောက်တယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ လက်စတာဘက်က ပိုသာခဲ့ပါတယ် ဒါပေမယ့် နောက်ဆုံး ၁၀ ပွဲစံချိန်ကိုကြည့်ပြီးပြောရင်တော့ မနိုင်မရှုံးပါပဲ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ၂ ပွဲမှာကျတော့ အက်စတွန်ဗီလာဘက်က ပိုသာတယ် အနိုင် ၁ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဒီပွဲ လက်စတာဘက်က အထက်ကြေးဖြစ်နေပါတယ် ဘာလို့လည်းဆိုတော့ နှစ်သင်းစလုံးရဲ့ အခြေနေချင်း ထပ်တူထပ်မျှဖြစ်နေတာကြောင့်ပါ အဲ့တော့ ၀.၂၅ အကျောပေးထားပါတယ် အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form ကိုကြည့်ပြီး ပြောရင် အက်စတွန်ဗီလာဘက်က နည်းနည်းပိုကြည့်ကောင်းပါတယ် သူတို့ အမှတ်ဇယားထဲမှာ အဆင့် ၁၇‌ ရောက်ရှိနေပြီး လက်စတာတို့ကျတော့ အဆင့် ၂၀ ဖြစ်နေတယ် ဒါပေမယ့် ပြိုင်ပွဲကတော့ အက်စတွန်ဗီလာထက် တစ်ပွဲနည်းနေသေးတယ် ၂ သင်းစလုံးရဲ့ ကစားပုံကစားနည်းကလည်း ခပ်ဆင်ဆင်ပဲ ဒါပေမယ့် လတ်ဆတ်မှုကိုယှဉ်ကြည့်ရင်တော့ အက်စတွန်ဗီလာဘက်က ပိုလတ်ဆတ်ပါတယ် အသက်လည်းပိုငယ်တယ် ပြီးတော့ လက်စတာတို့က အခုမှ တောင့်တင်းမှုရှိတဲ့ ခံစစ်မှူးကို ရောင်းပစ်လိုက်တော့ ခံစစ်ပိုင်း အားနည်းနေမှာပဲ fofana ကိုရောင်းလိုက်တဲ့ငွေကို တန်အောင်လည်း အသုံးမပြုသေးပါဘူး အမြတ်တော့ ရှယ်ရထားပါတယ် အက်စတွန်ဗီလာတို့ကျတော့ ထွက်သွားတဲ့ကစားသမားနဲ့ ဝင်လာကစားသမားက ခြေစွမ်းသိပ်မကွာကြပါဘူး စိတ်ပူစရာလည်းမရှိဘူး ဒီပွဲ ဝံပုလွေလေးက အမြီးပြတ်သွားမယ်ထင်ပါတယ်

11 Players

Leicester City (4-1-4-1) – Ward – Thomas – Evans – Ndidi –Justin – Tielemans – Dewbury – Maddison – Barnes – Vardy – Soumare

Aston Villa (4-3-3) – Martinez – Digne – Mings – Konsa – Cash – Kamara – Doughlas Luiz – McGinn – Bailey – Ramsey – Watkins

Missing Player –

Leicester City  – Ricardo Pereira (Achilles tendon rupture)

Aston Villa  – Diego Carlos (Achilles tendon rupture), Jed Steer (Achilles tendon problems)

လီဗာပူးလ်အသင်း ဒီရာသီကို အခြေခံထက်နိမ့်စွာနဲ့စတင်ခဲ့တာဖြစ်ပါတယ် အခု ၆ ပွဲကစားခဲ့ပြီး အမှတ် ၉ မှတ်ထဲပဲရှိနေတယ် အဲ့ဒီ ၆ ပွဲထဲမှာ အနိုင် ၂ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၁ ပွဲ ဖြစ်ပါတယ် သရေကျသွားတဲ့ပွဲတုန်းက အမှတ် ၃ မှတ်တောင်ရည်ရွယ်လို့ရရက်သားနဲ့ မရခဲ့ဘူး အဲ့ထက်ဆိုးတာ အခုထိ ကိုယ့်အခြေခံခြေစွမ်းကို မထိန်းနိုင်ကြသေးဘူးဖြစ်နေတယ် ဒါပေမယ့် ဒီကိစ္စက ဘုန်းမောက်နဲ့တွေ့တုန်းကပွဲကိုကြတော့ ဖယ်ထားပေါ့ အဲ့ပွဲ ကြိုက်သလိုသွင်းလို့ရနေတာ ကျန်တဲ့ ၅ ပွဲကတော့ သူတို့ရဲ့ကွင်းလယ်နေရာက အဆင်မပြေပါဘူး အဲဗာတန်နဲ့တွေ့တုန်းကပွဲဆိုရင် ကွင်းလယ်ပိုင်းက အဲဗာတန်ကိုမနိုင်ဘူး အနောက်တန်းကနေ အရှေ့တန်းကိုတိုက်ရိုက်ပို့နေရပါတယ် အဲ့ပွဲ တိုက်စစ်ပိုင်းကတော့ တာဝန်ကျေပါတယ် ဒါပေမယ့် Pickford ဆိုတဲ့ဂိုးသမားက တကယ်မာနေလို့ပါ အဲ့ပွဲ လီဗာပူးလ်ရဲ့အနောက်တန်းတွေလည်း သိပ်အဆင်မပြေပါဘူး ကစားပွဲကို မထိန်းချုပ်နိုင်ဘူး ဘာလို့လည်းဆိုတော့ ကွင်းလယ်က ဘောလုံးမပိုင်နိုင်လို့နေမယ် အဲ့တော့ တိုက်စစ်ဆင်ဖို့အရေးကလည်း အဆင်ပြေမနေဘူး ဒီပွဲ ဝုလ်ဗ်နဲ့တွေ့ရမှာဆိုတော့ လီဗာပူးလ်တို့အတွက် ခက်ခဲလိမ့်မယ် ဒါပေမယ့်လည်း အန်ဖီးလ်ကွင်းနဲ့ကစားရမှာဆိုတော့ အမှတ် ၃ မှတ်ရဖို့ရှိပါတယ်

ဝုလ်ဗာဟမ်တန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဆောက်သမ်တန်အပေါ် အနိုင်ရလာပါတယ် အဲ့ပွဲ မနည်းရုန်းပြီး အနိုင်ရလာပါတယ် ဆောက်သမ်တန်ဘက်က သိပ်မကျွမ်းလို့ ကံကောင်းသွားတာပါ ဒီပွဲ ဝုလ်ဗ်တို့ အများကြီးစဉ်းစားစရာမလိုပါဘူး ခံစစ်ပိတ်ကစားပြီး ကွင်းလယ်ပိုင်းကို Pressing လုပ်ခိုင်းလိုက် သူတို့ရဲ့အားနည်းချက်ကို ထိုးကျွေး အဲ့တာနဲ့တင် ပြီးပြီ ဘာလို့လည်းဆိုတော့ လီဗာပူးလ်ရဲ့ အခုလက်ရှိ ကွင်းလယ်ကစားသမားတွေက စကေးမကောင်းဘူး သီယာဂိုမရှိတော့တဲ့အတွက် တကယ်ထိခိုက်နေပါတယ် အဲ့တော့ ဝုလ်ဗ်တို့ရဲ့ အရေးကြီးဆုံး Position က Neves ရဲ့နေရာပဲဖြစ်လိမ့်မယ် သူ့ရဲ့ box to box ပုံစံက ကစားပွဲကို လှုပ်ရှားမှုပေးသွားလိမ့်မယ် ပြီးတော့ Moutinho ကလည်း အသင်းအတွက် ဘောလုံးထိန်းပေးဖို့ deep lying playmaker လုပ်သွားလိမ့်မယ် ပြီးရင် ကစားသမားသစ်နဲ့ Matheus ကို အခွင့်ရေးဖန်တီးခိုင်းလိမ့်မယ် နောက်ဆုံး လီဗာပူးလ်ကို အလုပ်ရှုပ်အောင်လုပ်မယ့်ကစားသမားကတော့ Traore ပဲဖြစ်လိမ့်မယ် သူ့ရဲ့အားသာချက်က ငါတို့သိတဲ့အတိုင်းပဲ တောင့်မှုရှိပြီး လျင်မြန်တယ် သူက အရှေ့တိုးထားတဲ့ လီဗာပူးလ်ရဲ့ Wing-back နဲ့ တည့်တည့်ဝင်လုံးမယ် ဒီနည်းလမ်းအတိုင်းဆိုရင် ဝုလ်ဗ်တို့ အမှတ်ရသွားနိုင်ပါတယ် ဒါပေမယ့် ဒီနေ့ အန်ဖီးလ်ကွင်းဖြစ်နေတော့ အန်ဖီးလ်ကွင်းဖြစ်တိုင်း သူတို့ဘက်က ဘယ်လောက်ထိပဲ ကောင်းနေပါစေ အရှုံးရသွားတတ်ပါတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာခဲ့ဖူးပါတယ် အဓိက နောက်ဆုံး ၁၀ ပွဲစံချိန်ကိုကြည့်ပြီးရင် လီဗာပူးလ်ဘက်က ၈ ပွဲဆက်တိုက် အနိုင်ရထားဖူးတယ် အဲ့တော့ ဒီပွဲ လီဗာပူးလ်ဘက်က အကျော ၁.၇၅ တောင် ပေးထားပါတယ် နည်းနည်းများသွားတယ် လီဗာပူးလ်ဘက်က အနိုင်ရသွားတာများပေမယ့် ဝုလ်ဗ်တို့ကလည်း လုံးဝအပြတ်ရှုံးသွားတာတော့မဟုတ်ပါဘူး www ibet789 net လီဗာပူးလ်ကို ပြန်လှန်ခုခံနိုင်ပါတယ် ပြီးတော့ ဒီနှစ်လီဗာပူးလ်တို့ရဲ့ Form က အရင်လိုမျိုး ဂိုးတွေ ပက်ပက်စက်စက် သွင်းနိုင်တဲ့ထဲမရှိတော့ပါဘူး ဘာလို့လည်းဆိုတော့ သူတို့ရဲ့ကွင်းလယ်ကစားသမားတွေက အဲ့လောက်ထိ အရည်အချင်းမရှိလို့လေ Elliot ကိုပဲ အားကိုးမယ်ဆိုရင် သူ့မှာ အဲ့လောက်ထိအတွေ့ကြုံမရှိသေးပါဘူး ကျန်တဲ့ အားကိုးရာတွေကလဲ ဆေးရုံရောက်နေကုန်ပြီ ဒီပွဲ လီဗာပူးလ်ဘက်က ဝုလ်ဗ်တို့ကို အကျောပေးထားတာထက် ဘယ်လိုမှ ဂိုးပိုမသွင်းနိုင်လောက်ပါဘူး ဝုလ်ဗ်တို့က ခံစစ်ပိတ်ကစားတတ်တဲ့ အသင်းပါဗျ ဘယ်အသင်းမဆို လီဗာပူးလ်နဲ့တွေ့ရင် ခံစစ်ပိတ်ကစားခြင်းပဲ ဦးစားတတ်ကြပါတယ် လီဗာပူးလ်တို့အတွက် ဒီပွဲ မလွယ်ဘူးဗျ ဒါပေမယ့် ဒီနေ့ အနည်းဆုံးက အန်ဖီးလ်ကွင်းဖြစ်နေတဲ့အတွက် အမှတ် ၃ မှတ်လေးတော့ ရအောင်လုပ်နိုင်မယ်ထင်ပါတယ်

11 Players –

Liverpool (4-3-3) – Allison – Trent Arnolds – Matip – Van Dijk – Robertson – Fabinho – Milner – Elliot – Salah – Nunez – Diaz

Wolvehamton (3-5-2) – Sa – Kilman – Toti – Ait Nouri – Otto – Neves – Moutinho – Matheus – Podence – Neto – Traore

Missing Players –

Liverpool FC  – Thiago (Hamstring Injury), Alex Oxlade-Chamberlain(Hamstring Injury), Naby Keïta (Muscle Injury)

Wolverhampton Wanderers  – Chiquinho (Cruciate Ligament Injury)

မန်ချက်တာမြို့တော်မှ ရှယ်ကြမ်းတဲ့မန်စီးတီးအသင်း ဒီနှစ် ကစားသမားသစ်ဝယ်ယူတဲ့နေရာ အရမ်းကောင်းတယ် အသင်းထဲ Haaland ရောက်လာတဲ့အတွက် သူ့မှာ ခြေစွမ်းအရမ်းပြနိုင်ပြီး ပွဲတိုင်းပဲ ဂိုးသွင်းနိုင်တယ် ဒါပေမယ့်သူက www ibet789 net ရုန်းပေးတာတော့မဟုတ်ဘူး သူက ပြိုင်ပွဲကိုအပြီးသတ်တဲ့သူပါ သူက De Bruyne ရဲ့ ဘောလုံးပေးပို့မှုကို အောင်မြင်အောင် လုပ်ပေးတဲ့သူဖြစ်ပါတယ် အသင်းရဲ့ အခုလက်ရှိ Form က ကမ္ဘာပေါ်မှာအကြမ်းဆုံးဖြစ်နေပါတယ် ဘောလုံးအပေးအယူကောင်းပြီး ကစားသမားတစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိနေကြတယ် သူတို့ရဲ့ ကွင်းထဲက လှုပ်ရှားမှုတိုင်းဟာ သူတို့ဘယ်လောက်ထိ အလုပ်ကြိုးစားထားလဲဆိုတာ ပြသခဲ့ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာနဲ့ သရေကျလာပေမယ့် အဲ့ပွဲရဲ့ ကစားပုံကစားနည်းကတော့ အက်စတွန်ဗီလာထက် အများကြီးသာပါတယ် အက်စတွန်ဗီလာရဲ့ဂိုးသမားက အရမ်းကောင်းလို့  သရေကျသွားတာပါ ဒီနေ့ ကိုယ်နဲ့တခြားစီဖြစ်တဲ့ စပါးနဲ့တွေ့ရမှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ ဘောလုံးစတိုင်လ်က လုံးဝမတူဘူး စပါးတို့က စည်းဘေးကနေ တိုက်စစ်ဆင်တယ် Kane ကို ဘောလုံးနားပြီး Son နဲ့ Kulusevski တို့ရဲ့ လျင်မြန်မှုကို အားကိုးတယ် အဲ့တော့ ပတ်က စပါးတို့ ဒီပွဲ နည်းဗျူဟာပြောင်းကစားမှာပဲလို့ ကြိုသိနေလောက်ပြီ မန်စီးတီးတို့က ဒီပွဲ ကွင်းလယ်ခံစစ် ၂ ယောက် ခံထားလိမ့်မယ် De Bruyne ကို ထိန်းချုပ်ခိုင်းမယ် Bernardo Silva ကို အရှေ့တိုးခိုင်းလိမ့်မယ် ဒီပွဲ သူတို့ဘက်က ဂိုးစောစောရရင် နောက်တစ်လုံးကလည်း ကပ်ပါလာလိမ့်မယ် မန်စီးတီးဘက်က အဓိကသူတွေ စုံစုံလင်လင်ဖြစ်ရင်တော့ အနိုင်ရတဲ့အထိရည်ရွယ်နိုင်ပါတယ်

စပါးတို့ကျတော့ ဒီနှစ် ရင်းနှီးလိုက်တဲ့ငွေသားနဲ့ ရလာတဲ့ကစားသမားတွေအတွက် တန်ပါတယ် ဒီနှစ်မှာပဲ ပိုက်ဆံအများကြီးသုံးခဲ့တယ်လို့တောင် သတ်မှတ်လို့ရတယ် ရောင်းပစ်တဲ့အပြင် ငွေမောက် ပေါင်သန်း ၁၃၀ ထပ်ထုတ်လိုက်ရသေးတယ် အသင်းက ပိုမိုကြီးမားသွားတော့ တန်ပါတယ် ကြိုက်သလို လူလဲကစားလို့ရတယ် အချို့အရံကစားသမားဆိုရင် အခြားအသင်းရဲ့ အဓိက ကစားသမားတောင်ဖြစ်နိုင်တယ် ဒီနှစ် စပါးတို့ရဲ့ ရွှေနှစ်ပဲလို့ ယူဆထားပါတယ် ဒါပေမယ့် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က မန်စီးတီးဖြစ်နေတော့ မလွယ်သေးဘူးဗျ မန်စီးတီးတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းပဲ တက်ကြွနေတယ် သူတို့တိုက်စစ်ပိုင်းကျတော့ သုံးစားလို့ရလောက်ရုံပဲ ရှိပါတယ် ကစားပုံကစားနည်းအမျိုးမျိုး ပြောင်းကစားနိုင်ပေမယ့် မန်စီးတီးလောက်တော့ အရည်သွေးမရှိသေးပါဘူး အဲ့တော့ ဒီပွဲ သူတို့က မန်စီးတီးကို မခံနိုင်ပါဘူး ဂိုးဘယ်နှလုံးသွင်းခံထိမလဲပဲ စောင့်ကြည့်ရလိမ့်မယ် ဒါပေမယ့် ကွန်တီစတိုင်လ်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်တာဆိုတော့ ပိုးစိုးပက်စက်မရှုံးလောက်ပါဘူး Kane မှာ ဘောလုံးနားမယ် Son က ဂိုးသွင်းမယ် ဒါပေမယ့် Son က အခုထိ ဂိုးတစ်လုံးမှမသွင်းနိုင်သေးပါဘူး ဒီပွဲမှာပဲ သွင်းချင်သွင်းလိမ့်မယ် သူက မန်စီးတီးရဲ့ဂိုးကို အမြဲသွင်းချင်နေတဲ့သူပါဗျ

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်အားလုံးထဲမှာ စပါးဘက်က မန်စီးတီးထက် ပိုသာပါတယ် မန်စီးတီးတို့က စပါးအပေါ် အနိုင်သိပ်မရဘူးဖြစ်နေတယ် ငယ်နိုင်လိုမျိုးဖြစ်နေပါတယ် ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် မန်စီးနီးဘက်က လိဂ်ရဲ့ ချန်ပီယံဖြစ်သွားတာတောင် စပါးကို Home ရော Away ပါ ရှုံးသွားသေးတယ် စံချိန်က ဒီလိုမျိုးဖြစ်နေပေမယ့် ဒီနေ့ မန်စီးတီးဘက်က အကျော ၁.၂၅ တောင် ပေးထားပါတယ် မနည်းဘူးနော် ဒါပေမယ့် မန်စီးတီးက အခုတလော အရမ်းကြမ်းနေတော့ ပြောလို့မရသေးပါဘူး စပါးဘက်က ကစားသမားသစ်တွေ မတရားဝယ်ယူထားပေမယ့် ကွန်တီပြောသလို သူတို့က ချန်ပီယံလုရမယ့်ထဲမရှိသေးပါဘူး  ရာသီဈေး အနည်းဆုံး ၃ ရာသီလောက်တော့ ကျော်ဖြတ်ဖို့လိုသေးတယ် အဲ့တော့မှ သူလိုချင်တဲ့အသင်းမျိုး ဖြစ်သွားမှာတဲ့ အဲ့တာ သူသက်သက်ကြိုပြောထားတာလားမသိပါဘူး နှစ်သင်းစလုံးရဲ့ Form ကိုယှဉ်ကြည့်ပြီး လက်ထဲက ပိုင်ထားတဲ့အမှတ်ပါ တူနေပေမယ့် မန်စီးတီးရဲ့ တိုက်စစ်ပိုင်းကတော့ စပါးထက်ကြမ်းနေမှန်း ဝန်ခံရမှာပါပဲ မန်စီးတီးတို့ နောက်ဆုံးတစ်ပွဲကမှ သရေကျလာပေမယ့် သူတို့ရဲ့တိုက်စစ်ပိုင်းက ညံ့မသွားပါဘူး အဲ့ပွဲ သရေကျပေမယ့် မနှမြောပါဘူး ဒီပွဲ မန်စီးတီးရဲ့တိုက်စစ်ပိုင်းက ဆက်ပြီး ကြမ်းပြလိမ့်မယ်

11 Players

Manchester City (4-3-3) – Ederson – Cancelo – Walker – Stones – Dias – Rodri – Phillips – De Bruyne – Bernado Silva – Foden – Haaland

Tottenham Hotspur (3-4-2-1) – Lloris – Tanganga – Sanchez – Lenglet – Sessegon – Bentancur – Hojbjerg – Emerson – Son – Kulusevski – Kane

Missing Players –

Manchester City – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်

Tottenham Hotspur – Lucas Moura (Calf Injury), Bryan Gil (Unknown Injury)