wwbetmm

wwbetmm လက်စတာ Vs လီဗာပူးလ် [15 May 23 - 01:30 hrs]

wwbetmm ဒင်းစမစ်နည်းပြရဲ့လက်စတာအသင်း နောက်ဆုံးတစ်ပွဲကမှ ဖူဟမ်ကို ၅-၃ နဲ့ ရှုံးလာပါတယ်။ အခုလက်ရှိ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။ ဒီနှစ်အတွင်း ၃၅ ပွဲကစားပြီး အမှတ် ၃၀ ကောက်သိမ်းနိုင်တယ်။ အဲ့ဒီ ၃၅ ပွဲထဲမှာ ၈ ပွဲအနိုင် ၆ ပွဲသရေနဲ့ ၂၁ ပွဲအရှုံး ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထဲက နောက်ဆုံး ၅ ပွဲထဲမှာ ၁ ပွဲအနိုင် ၂ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ တော်တော်အားနည်းနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ James Justin ကို အသုံးပြုလို့မရသေးပါဘူး။ J.Vestergaard ဆိုတဲ့တစ်ယောက်မှာလည်း ခြေထောက်ဒဏ်ရာရထားတုန်းဖြစ်ပါတယ်။ K. Iheanacho နဲ့ Ryan Bertrand တို့လည်း ဒီပွဲ ပါဖို့အဆင်သင့်မဖြစ်ကြသေးပါဘူး။ စမစ်နည်းပြက ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားခိုင်းမယ်ထင်ပါတယ်။ ဂိုးသမားနေရာ Iversen ကိုပဲတာဝန်ပေးထားပြီး နောက်ခံ ၃ ယောက်ကိုကျတော့ Wout Faes၊ Soyuncu နဲ့ Harry Souttar တို့ပဲဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းနေရာ Castagne၊ Youri Tielemans၊ Wilfred Ndidi နဲ့ Danilo Pereira တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းက တိုက်စစ်မှူး ၃ ယောက်နေရာဆိုရင် Maddison၊ Barnes နဲ့ Vardy တို့ကိုပဲ တာဝန်ယူခိုင်းထားလောက်ပါတယ်။

ယာဂင်ကလော့ပ်နည်းပြလက်ထဲက ကြိုးကြာနီလီဗာပူးလ်ကျတော့ နောက်ဆုံးတစ်ပွဲကမှ ဘရန်ဖိုတ့်ကို ၁-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ လီဗာပူးလ်အသင်းမှာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ အဲ့ထက်ကောင်းတာ အဲ့ဒီ ၈ ပွဲထဲမှာ အနိုင် ၆ ပွဲတောင် လုပ်နိုင်ခဲ့ကြပါတယ်။ အခုတလော အဆင့် ၅ မှာရပ်တည်နေပြီး အဆင့် ၄ မှာရှိတဲ့မန်ယူကိုကျော်တက်နိုင်ပါသေးတယ်။ လီဗာပူးလ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ ကလော့ပ်က အခုနောက်ပိုင်း ကစားပွဲကောင်းတဲ့ရလဒ်ကိုရအောင် ပိုပြီးအားစိုက်နေတာ တွေ့ရပါတယ်။ အရင်လို သတိထားမှုသိပ်မရှိပဲ ဝင်လုံးတာမျိုးမဟုတ်တော့ပါဘူး။ လောလောဆယ် ၂ ပွဲဆက်တိုက် clean sheet ပါ ကောက်ထားနိုင်ပါတယ်။ မှားယွင်းမှုကို သေသေချာချာစီမံနေပါတယ်။ အခုလက်ရှိ တိုက်စစ်မှူးတွေ ခြေစွမ်းတော်တော်ပြနိုင်နေကြပါတယ်။ ပွဲတိုင်းပဲဂိုးသွင်းဖို့ ရင်ခုန်နိုင်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Thiago Alcántara၊ Calvin Ramsay နဲ့ Stefan Bajčetić တို့မရှိသေးပါဘူး။ ၃ ယောက်စလုံး ဒဏ်ရာရထားလို့ အနားယူနေတုန်းဖြစ်ပါတယ်။ ဖာမီနိုနဲ့ Naby Keita တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။ ဒီပွဲ ကလော့ပ်က ၄-၃-၃ စနစ်နဲ့ပဲ ရောက်ချလာမယ်ထင်ပါတယ်။ ခံစစ်ပိုင်းနေရာ Alexander-Arnold၊ Konate၊ Van Dijk နဲ့ Robertson တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Jones နဲ့ Henderson တို့ကိုပဲ အဓိကတာဝန်ပေးထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာကျတော့ Salah၊ Gakpo နဲ့ Jota တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

အိမ်ရှင်လက်စတာအသင်း အခုတလော ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ သူတို့အခြေနေကတော့ နံရံကပ်ပြီး နောက်ဆုတ်လို့မရတော့ပါဘူး။ ဒီပွဲထပ်ရှုံးသွားလို့ကတော့ အတန်းဆင်းဖို့တော်တော် သေချာသွားလိမ့်မယ်။ နောက်ဆုံးတစ်ပွဲကမှ ဖူဟမ်ကိုရှုံးလာတဲ့အတွက် အဆင့် ၁၈ မှာ ရပ်တည်နေပြီး လက်ထဲမှာ အမှတ် ၃၀ လေးပဲ ရှိနေပါတယ်။ လုံခြုံမှုရှိတဲ့ဇုန်ရဲ့နောက်ကနေ ၂ မှတ် ကွာဟနေတယ်။ ဒီပွဲကတော့ သူတို့အတွက် ၃ မှတ်ရတာထက် ရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။ ဒီပွဲကစပြီး လက်ကျန် ၂ ပွဲပါ ခြေစွမ်းပြနိုင်ရင်တော့ နောက်နှစ် ဒီအဆင့်မှာပဲ ဆက်ကစားခွင့်ရသွားလိမ့်မယ်။ လီဗာပူးလ်တို့ကျတော့ နောက်ဆုံးတစ်ပွဲကမှ ဘရန်ဖိုတ့်အပေါ် ၁-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ သူတို့ရဲ့ Top4 နေရာပိုင်ဆိုင်ဖို့အတွက် အခွင့်ရေးပိုများလာပါပြီ။ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ အရင်ထက် ပိုကောင်းလာပါတယ်။ အဓိက တိုက်စစ်ပိုင်းမှာရှိတဲ့ တိုက်စစ်မှူးတွေဆိုရင် ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ ဒီပွဲ အဝေးကွင်းနဲ့ ကစားရမှာဆိုပေမယ့် ယုံကြည်မှုရှိရှိနဲ့တော့ ရောက်ချလာလိမ့်မယ်။ ပြီးတော့ သူတို့ ဒီပွဲဆီက ၃ မှတ်ယူပြီး မန်ယူနဲ့ ပိုနီးအောင်လုပ်ချင်နေကြပါတယ်။ မန်ယူတို့က လောလောဆယ် လီဗာပူးလ်ထက် ၄ မှတ် သာပါသေးတယ်။ လီဗာပူးလ်နဲ့ လက်စတာတို့ အချင်းချင်းတွေ့ဖူးတဲ့ ပွဲပေါင်း ၁၂၀ ထဲမှာ လက်စတာဘက်က ၄၁ ပွဲ အနိုင်ရခဲ့ဖူးပြီး ၂၅ ပွဲ သရေကျသွားခဲ့ဖူးပါတယ်။ လီဗာပူးလ်ဘက်ကကျတော့ ၅၄ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်း ၃၀ ရက်နေ့တုန်းက အန်ဖီးလ်ကွင်းနဲ့ လက်စတာကိုနိုင်လာပါတယ်။ အဲ့ပွဲ လက်စတာရဲ့ နောက်ခံလူ Wout Faes ရဲ့ အိပ်မက်ဆိုးကြီးတောင်ဖြစ်သွားပါတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာ ကံတော်တော်ဆိုးပြီး ကိုယ့်ဂိုးကို ၂ လုံးတောင် သွင်းမိသွားလို့ပါ။ အဲ့ပွဲ လီဗာပူးလ်ဘက်က အေးအေးဆေးဆေး ၃ မှတ် ကောက်ရသွားလေရော။ ဒီပွဲအခြေနေကတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ လက်စတာတို့ကျတော့ ဖိအားလိုက်ပေးရုံနဲ့ လီဗာပူးလ်ရဲ့အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ လီဗာပူးလ်ဘက်က အစစအရာရာ ပိုသာပေမယ့် အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဘာမဆို ဖြစ်နိုင်ပါတယ်။ လက်စတာတို့က ဒီပွဲ မနားမတမ်းပဲ တစ်ကွင်းလုံးပတ်ပြေးဖို့ရှိလောက်ပါတယ်။ ဒီလို ရာသီရဲ့ နောက်ဆုံးကာလတွင်း ကျရောက်လာပြီဖြစ်တဲ့အတွက် ဘာမဆို ဖြစ်နိုင်ပါတယ်။ မထင်မှတ်တဲ့ စပရိုက်ပါတိုက်သွားနိုင်ပါတယ်။ ဒီပွဲ နှစ်သင်းစလုံးအတွက် မလွယ်ပါဘူး။ ဒါပေမယ့် သေသေချာချာကြည့်လိုက်ရင်တော့ လီဗာပူးလ်ဘက်က ခရီးစဉ်ပြီး အနိုင်ရသွားမှာ ပိုသေချာပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်ဘက်ကပဲ ၃ မှတ်ရသွားမယ်လို့ ယုံကြည်ထားပါတယ်။

11 Players

Leicester City (4-2-3-1) : Iversen; Pereira, Faes, Soyuncu, Castagne; Ndidi, Dewsbury-Hall; Tete, Maddison, Barnes; Vardy

Liverpool (4-3-3): Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Gakpo, Diaz

Missing Players

Leicester City : Ryan Bertrand (Knee Surgery), Jonny Evans (Calf Injury), James Justin (Achilles tendon rupture),J.Vestergaard(Calf Injury), K. Iheanacho(Gorin Injury)

Liverpool : Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle),Thiago(Hip Injury),Firmino(Muscle Injury),N.Keita(Muscle Injury)

Facebook