wukong 12bet

မန်ယူ Vs လက်စတာ [19 Feb 23 - 20:30 hrs]

wukong 12bet  မန်ယူအသင်း အခုနောက်ပိုင်း ပြန်လည်သက်ဝင်လာပြီဖြစ်ပါတယ်။ ဖာဂူဆန်နည်းပြမရှိတော့တဲ့နောက်ပိုင်း နည်းပြထိုင်ခုံက ကွင်းဘေးမှာမရှိတော့ပဲ stand ပေါ်ရောက်သွားပါတယ်။ နည်းပြအသီးသီးပြောင်းလဲပြီး အချို့က ယာယီ အချို့ကအတည် ဒါပေမယ့် ဖန်တွေဆီက အခုလိုမျိုး အားပေးတာမခံခဲ့ရပါဘူး။ တန်ဟက်ဆိုတဲ့နည်းပြက မန်ယူအသင်းကို စနစ်တကျနဲ့ အခြေခံဖွဲ့စည်းတယ်။ ကစားသမား Position တိုင်းကို အကျိုးရှိရှိ အသုံးပြုနိုင်တယ်။ အရည်သွေးအရမ်းကောင်းလာစေပါတယ်။ အသစ်ခေါ်သွင်းလိုက်တဲ့ ကစားသမားတွေ အသင်းကိုချက်ချင်းပဲထောက်ကူပေးနိုင်တယ်။ ဒီလိုမျိုးမမြင်ရတာ တော်တော်ကြာပြီ။ ကစားသမားဝယ်ယူမှုအောင်မြင်ပြီး သရဲနီးသွေးသားမဟုတ်ပေမယ့် သရဲနီကိုအသက်ဝင်လာအောင် လုပ်နိုင်တယ်။ ရက်ဖိုဒ့်ရဲ့ခြေစွမ်းကိုခေါ်ဆောင်နိုင်တယ်။ ပြီးတော့ Wan-Bissaka ရဲ့တောင့်တင်းမှုကိုလည်း ပြန်ပေါ်အောင်လုပ်နိုင်တယ်။ လုရှောဆိုတဲ့တစ်ယောက်မှာလည်း မထင်မှတ်ပဲကောင်းလာတယ်။ တကယ့် အံ့ဩစရာကောင်းပါတယ်။ မအောင်မြင်တဲ့ကစားသမားဆိုလို မက်ကွိုင်းယားပဲရှိပါတယ်။ သူက ကွန်တန့်ရဖို့လောက်ပဲစိတ်ကူးနေတာ။ အဲ့တော့ ကွင်းဘေးမှာပဲ သူ့အတွက်အကောင်းဆုံးဖြစ်ပါတယ်။ ကစားသမား ၁၁ ယောက်ထဲကြည့်ပြီး မန်ယူကို အဆင့် ၃ အထိ ပင့်ပေးတဲ့ကစားသမားက ကာစီမီရိုပဲဖြစ်ပါတယ်။ သူက ပြိုင်ဘက်ရဲ့ကစားပုံကစားနည်းကို ဝင်ဖျက်တတ်တယ်။ တိုက်စစ်ဆင်ကစားခြင်းကနေ ခံစစ်ပိတ်တာအရမ်းမြန်တယ်။ သူက တကယ့်ကမ္ဘာ့အဆင့်ရှိတဲ့ ကွင်းလယ်ခံစစ်ကြီးပါ။ ဘောလုံးကို အတိကျဝင်ဖျက်နိုင်တယ်။ လွယ်လွယ်လေးနဲ့မမှားတတ်ဘူး။ သူ့ကို လွယ်လွယ်လေးမကျောတက်နိုင်ပါဘူး။ ပြီးတော့ သူက လိုအပ်တဲ့နေရာ ဝင်ဖြည့်ပေးတာလည်းအရမ်းမြန်တယ်။ သူ့အရည်အချင်းက အရမ်းစုံပါတယ်။ ဒါပေမယ့် ဒီပွဲ သူမရှိလောက်ပါဘူး။ အဲ့တော့ မန်ယူရဲ့ကွင်းအလယ်ပိုင်းက အရည်သွေးကျဆင်းသွားလိမ့်မယ်။ ဆောင်းတွင်းရာသီဈေးတုန်းက အသစ်ခေါ်ခဲ့တဲ့ Sabitzer က ကာစီမီရိုအစား တာဝန်ကျေနိုင်မလားဆိုတာ ဒီပွဲမြင်ရလိမ့်မယ်။ Fred နဲ့ McTom တို့ကိုအားကိုးဖို့ စိတ်မကူးတာတော့ ပိုကောင်းလောက်တယ်။ ဒီနှစ်ယောက်ကို ကျော်ကြည့်တာ အကောင်းဆုံးပါ။ အဲ့တော့ မန်ယူရဲ့ကွင်းလယ်ပိုင်းက လိဒ်စ်နဲ့ပွဲတုန်းကလိုမျိုးကစားပြီး ဘောလုံးလွယ်လွယ်လေးနဲ့ဆုံးရှုံးခဲ့ရင်တော့ သရေကျဖို့သာပြင်ထားရလိမ့်မယ်။ ဒီပွဲဆရာကြီးဖြစ်တဲ့ ရက်ဖိုဒ့်က တစ်ချက်ကန် ဂိုးတစ်လုံးဖြစ်အောင်ကြိုးစားရမယ်။ လက်စတာတို့ ဒီပွဲ ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ်။

လက်စတာတို့ကျတော့ ဆောင်းတွင်းရာသီဈေးကျော်လာတော့မှ အသစ်ဝယ်ဖြည့်လိုက်တဲ့ကစားသမား တော်တော်အဆင်ပြေခဲ့ပါတယ်။ လက်စတာအသင်း အခုတလော ကစားကွင်းရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပြီး အကြွေးတွေဘာတွေမရှိတော့ပါဘူး။ အခြေခံဖွဲ့စည်းပုံ ခိုင်မာသွားပါပြီ။ အဲ့ဒီတော့ ကြမ်းတော့မယ်ထင်ပါတယ်။ ဒီအပိုင်း King Power ရဲ့လုပ်ဆောင်ချက်ကို ချီးကျူးရမှာဖြစ်ပါတယ်။ ဒီလိုအခြေနေမျိုးဖြစ်အောင် ဖန်တွေကိုလည်း အကောင်းပြောရမှာပေါ့။ သူတို့ကအားတင်းပြီး စိတ်ပျက်မသွားကြဘူး။ ပြီးတော့ ရော်ဂျာကိုနားလည်ပေးတဲ့ ဒါရိုက်တာအဖွဲ့ဘုတ်တို့ကိုလည်း ကျေးဇူးတင်ရမယ်။ အခုလက်စတာတို့ ကြမ်းဖို့ပဲကျန်တော့တယ်။ အသစ်ခေါ်ထားတဲ့ ကစားသမား ၃-၄ ယောက်က တော်တော်အဆင်ပြေတယ်။ တီတီက အရည်အချင်းကောင်းတယ်။ ခရစ်ယာန်ဆန်လည်း ခံစစ်ပိတ်ကစားတဲ့နေရာတော်တော်ကောင်းတယ်။ Suttar နဲ့တစ်ယောက်ကိုလည်း ဘယ်ကခေါ်သွင်းလိုက်လဲမသိဘူး အရမ်းပဲကောင်းနေရော။ ရာသီဈေးပြီးသွားတော့ လက်စတာတို့ ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အရှုံးပွဲမရှိတာ ၃ ပွဲဆက်တိုက်ရှိသွားပါပြီ။ လက်စတာတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းပဲကောင်းနေကြတယ်။ ရွှေစပါးရဲ့အမွှေးကိုတောင် ၄ ဂိုး ၁ ဂိုးနဲ့ တက်နှုတ်သွားသေးတယ်။ အမှန်တော့ ၅ ဂိုး ၆ ဂိုးအထိတောင် မိတော့မလို့ပဲ VAR ကယ်သွားလို့သာ ၄ လုံးနဲ့ပြီးသွားပါတယ်။ ဒီနှစ် VAR စနစ်က ဘယ်လိုမျိုးလည်းမသိဘူး။ ထားပါတော့ လက်စတာတို့ အခုတလော အတန်းမဆင်းဖို့အရေး ရှယ်ရုန်းကန်နေပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်ထဲပဲသာနေတဲ့အတွက် မလုံခြုံသေးပါဘူး။ ဒီပွဲ အမှတ်ကောက်နိုင်ပြီး နောက်ပွဲ အာဆင်နယ်နဲ့ပါ ကောက်နိုင်ခဲ့ရင်တော့ သူတို့ အတန်းဆင်းဖို့မရှိတော့ပါဘူး။ ကိုယ့်အခြေနေကကောင်းနေတဲ့အချိန်ဖြစ်ပြီး ကြီးမားတဲ့အသင်းတွေနဲ့တွေ့ခဲ့ရရင် ဒီအချိန်ထက် ဘယ်အချိန်မှအဆင်ပြေမယ်မထင်တော့ပါဘူး။ ဒီပွဲ အသစ်ခေါ်သွင်းလိုက်တဲ့ နေရာအသီးသီးကို ကြည့်ပြီးပြောရင် သူတို့ရဲ့ခံစစ်ပိတ်ကစားတဲ့နေရာ စိတ်ပူစရာမရှိပါဘူး။ စိတ်ပူရတဲ့အပိုင်းကတော့ အလယ်ပိုင်းပဲဖြစ်ပါတယ်။ ဘောလုံးလွယ်လွယ်လေးနဲ့ဆုံးရှုံးမှာကြောက်တယ်။ ဒီပွဲ Mendy က Ndidi နဲ့ တွဲထားလောက်တယ်။ အဲ့တော့မှ သူတို့ကွင်းလယ်ပိုင်း ပိုမိုတောင့်တင်းမှုရှိလာလိမ့်မယ်။ တိုက်စစ်ပိုင်းကျတော့ တီတီရှိနေတဲ့အတွက် James Madison ကိုထည့်မတွက်နဲ့တော့။ စည်းဘေးမှာ အိမ်ရှင်တို့ကို ဒုက္ခပေးနိုင်တုန်းဖြစ်ပါတယ်။ တိုက်စစ်မှူးဖြစ်တဲ့ Iheanacho က ဆက်တိုက် ဆင်းကစားရမယ်ထင်တယ်။ စပါးနဲ့တွေ့တုန်းကလိုမျိုး Pressing လုပ်နိုင်ရင်တော့ ရှုံးသွားမယ်မထင်သေးပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်ကပိုသာမှန်းသေချာပါတယ်။ ဒါပေမယ့် ဒီနောက်ဆုံး ၃ နှစ်ထဲမှာပဲ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ မန်ယူဘက်က အနိုင် ၂ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ သရေ ၂ ပွဲတောင်ကျသွားပါတယ်။ ပြောမယ်ဆို သူတို့အခြေနေက အရမ်းပဲ ကျဆင်းခဲ့ဖူးပါတယ်။ ကစားပုံမရှိပဲ ကြောင်တော်တော်ပျောက်ခဲ့ပါတယ်။ ဒီနှစ်ရောက်တော့ လူသစ် စိတ်သစ်တွေပြန်ဖြစ်သွားပါပြီ။ လုံးဝအဆင်မပြေခဲ့ဖူးကနေ တန်ဟက်ရောက်လာတော့မှ ပထမနှစ်ပွဲ အရင်ရှုံးပြီး အဲ့ဒီနောက်ပိုင်း လုံးဝပြောင်းလဲသွားပါတယ်။ ကစားသမားတိုင်း အနိုင်လိုချင်စိတ်တွေများလာတယ်။ ကစားသမားအသစ်ခေါ်သွင်းတဲ့နေရာမှာလည်း အရမ်းအဆင်ပြေတယ်။ ရက်ဖိုဒ်ရဲ့ခြေစွမ်းက အလိုလိုနဲ့ကြမ်းလာရော။ ကမ္ဘာ့ဖလားပြီးသွားကတည်းကစပြီး ဂိုးဖန်တီးပေးတာ သူပဲဖြစ်နေတယ်။ အဲ့တာနဲ့ မန်ယူအသင်းက အခုတလော ဦးတည်ချက်ရှိရှိနဲ့ ကစားနေတဲ့အသင်း ဖြစ်နေတယ်။ မန်ယူဖန်တွေက ချန်ပီယံမလိုချင်ဘူးဆိုပေမယ့် ပါးစပ်ပဲပြောပြီး စိတ်ကတော့ လိုချင်နေကြမှာပဲ။ အာဆင်နယ်ကြီးက နံပါတ် ၁ ကနေ ပြုတ်လာပြီး မန်စီးတီးထက် ၆ မှတ်ပဲနည်းနေတော့ ချန်ပီယံမမျှော်မှန်းပဲမနေလောက်ပါဘူး။ မျှော်မှန်းလို့ရပါတယ်။ မမှားပါဘူး။ အမြဲလိုလိုကောင်းနေဖို့တော့လိုလိမ့်မယ်။ အခု အကြီးမားဆုံးပြသာနာကတော့ ကာစီမီရိုမရှိတဲ့အဖြစ်ပါပဲ။ ပြီးခဲ့တဲ့တစ်ပွဲ လိဒ်စ်အပေါ် အနိုင်ရလာတုန်းက ခြေစွမ်းပြပြီးနိုင်လာတာမဟုတ်ပါဘူး။ ကွင်းလယ်ပိုင်းက ကာစီမီရိုမရှိပဲ မက်ကွိုင်းယားကိုပါ အနောက်မှာခံထားတော့ ဘောလုံးက သူ့ခြေထောက်ပေါ်ရောက်တိုင်း ရင်တုန်ခဲ့ရပါတယ်။ ကွန်တန့်များထပ်ဖြစ်အုန်းမလားလို့ အမြဲတွေးမိပါတယ်။ အဲ့တော့ ဒီပွဲမှာလည်း ကာစီမီရိုမရှိတဲ့အတွက် ထပ်ပြီး အတူတူရင်တုန်ကြမယ်။ ဒီပွဲ Eriksen လည်း မရှိသေးဘူး။ အဲ့တာနဲ့ မန်ယူရဲ့ အဓိက ကစားသမား ၂ ယောက် မပါနိုင်တာ သေချာပါတယ်။ မန်ယူရဲ့စွမ်းဆောင်ရည်က လက်စတာထက်ကြည့်ကောင်းပါတယ်။ လက်စတာဘက်ကိုကြည့်မယ်ဆိုရင် လက်စတာတို့ အခုမှအကြွေးဆပ်လို့ပြီးလာပါတယ်။ အကြွေးမရှိတော့တာနဲ့ ဆောင်းတွင်းရာသီဈေးကို ရှော့ပင်ရှယ်ထွက်တော့တာပဲ။ အသစ်ဝယ်ယူလိုက်တဲ့ကစားသမားက တော်တော်အဆင်ပြေတယ်။ Souttar၊ Kristiansen နဲ့ Tete တို့ကို အခုမှဝယ်လာပေမယ့် တန်းပြီးအသုံးပြုလို့ရပါတယ်။ သူတို့က ခြေစွမ်းပါပြနိုင်ခဲ့ကြတယ်။ ၂ ပွဲဆက်တိုက် အနိုင်ရရှိပြီး ဂိုး ၄ လုံး ဖန်တီးနိုင်ခဲ့ပြီလေ။ လက်စတာတို့ရဲ့တိုက်စစ်ပိုင်းက အခုတလော တော်တော်ကောင်းတယ်။ Jame Maddy က အသက်ပြန်ဝင်လာပြီး ခြေစွမ်းတော်တော်ကြမ်းလာတယ်။ ဒါပေမယ့် ဒီပွဲ မန်ယူနဲ့တွေ့ရမှာဆိုတော့ မလွယ်ပါဘူး။ မန်ယူရဲ့အစစအရာရာက လက်စတာထက်သာပါတယ်။ စိတ်ဓာတ်ချင်းယှဉ်ကြည့်ရင်တော့ မနိုင်မရှုံးလေးပေါ့ဗျာ။

11 Players

Manchester United (4-2-3-1) – De Gea – Shaw – Martinez – Varane – Dalot – Sabitzer – Fred – Fernandes – Sancho – Rashford – Wenghorst

Leicester City (4-2-4-1) – Ward – Kristiansen – Souttar – Faes – Castagne – Mendy – Ndidi – Maddison – Tete – Barnes – Iheanacho

Missing Players

Manchester United – Casemiro (Red card suspension), Scott McTominay (Unknown Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Leicester City – Ryan Bertrand (Knee Surgery), Jonny Evans (Calf Injury), James Justin (Achilles tendon rupture)

Facebook

စပါးအသင်း အခုတလော ဘယ်အရာမှ အတိကျယူဆလို့မရသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ဖန်တွေကိုစိတ်ပျက်အောင် လက်စတာကိုရှုံးလာပါတယ်။ အဲ့တာနဲ့ သူတို့ နံပါတ် ၅ အထိ ကျဆင်းသွားပါပြီ။ အဲ့ဒီတော့ ဒီပွဲ ဝက်စ်ဟမ်းဆိုတဲ့ အောက်ပိုင်းအသင်းနဲ့တွေ့ရမှာဖြစ်တဲ့အတွက် နောက်နှစ် UCL တိုက်ပွဲထဲပါချင်သေးတယ်ဆိုရင် အနိုင်ရအောင်တော့ လုပ်ယူသင့်ပါတယ်။ ဒီပွဲ သူတို့မှာ Yves Bissouma, Rodrigo Bentancur, Ryan Sessegnon နဲ့ Hugo Lloris တို့ကို အသုံးပြုလို့မရသေးပါဘူး။ ဒါပေမယ့် ဘန်းစာရင်းမှလွတ်မြောက်လာတဲ့ Christian Romero ကိုတော့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီပွဲ စပါးတို့ ၃-၄-၂-၁ စနစ်နဲ့ အနောက်တန်းနေရာ Romero, Dier နဲ့ Davies တို့ကို ခံထားပြီး အလယ်တန်းနေရာ Emerson, Sarr, Hojbjerg နဲ့ Perisic တို့ကို တာဝန်ပေးထားလောက်တယ်။ ပြီးရင် Dejan Kulusevski နဲ့ Son Huang Min တို့ကို တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ်။ နောက်ဆုံး Striker နေရာ Kane ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

ဝက်စ်ဟမ်းတို့ကျတော့ ပြီးခဲ့တဲ့စွမ်းဆောင်ရည်တွေ ချယ်လ်ဆီးနဲ့ပွဲတုန်းက ခြေစွမ်းတော်တော်ပြနိုင်ပြီး ၁-၁ သရေကျလာခဲ့တာဖြစ်ပါတယ်။ ဒီပွဲ သူတို့မှာ ဒဏ်ရာရထားတဲ့ Maxwell Gornet, Aaron Cresswell, Naif Agurd, Lucas Paqueta, Alphonse Areola, နဲ့ Kurt Zuma တို့ကို အသုံးပြုလို့မရသေးပါဘူး။ ဒေးဗစ်မိုယက်နည်းပြက ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ်။ အနောက်တန်းနေရာ Kehrer, Ogbonna နဲ့ Coufal တို့ကို ခံထားပြီး အလယ်တန်းနေရာ Rice, Soucek နဲ့ Emerson တို့ကို တာဝန်ပေးထားလောက်ပါတယ်။ Bowen နဲ့ Said Benrahma တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်တယ်။ နောက်ဆုံး Striker နေရာကျတော့ Antonio ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

wukong 12bet စပါးနဲ့ ဝက်စ်ဟမ်းတို့ တွေ့ကြရမှာဆိုတော့ လန်ဒန်ဒါဘီတိုက်ပွဲတစ်ခု ဖြစ်ပါတယ်။ အိမ်ရှင်စပါးအသင်း အခုတလော ပရီးမီးယားလိဂ်နံပါတ် ၅ ဖြစ်ပြီး ဝက်စ်ဟမ်းတို့ကျတော့ နံပါတ် ၁၆ ဖြစ်ပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၂ ဆင့်ပဲ ပိုသာပါတယ်။ အခုတလော နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က မနိုင်မရှုံးလေးဖြစ်ပြီး အချင်းချင်းတွေ့ရမှာဖြစ်တဲ့အတွက် တော်တော်သင့်တော်ပါတယ်။ စပါးဘက်က ဒဏ်ရာရထားတဲ့ကစားသမားအရေအတွက် ပိုနည်းပြီး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ တစ်ပွဲက လက်စတကို ပိုးစိုးပက်စက် ၄ ဂိုး ၁ ဂိုးနဲ့ရှုံးပြီး နောက်တစ်ပွဲ UCL ၁၆ သင့်အဆင့်မှာ အေစီကိုရှုံးလာပါတယ်။ ဝက်စ်ဟမ်းတို့ကျတော့ ဒဏ်ရာရထားတဲ့ကစားသမားပိုများနေပေမယ့် ကိုယ့်မှာ အတန်းမဆင်းဖို့အရေး ရုန်းကန်နေရမှန်းသိနေကြတော့ အလုပ်တွေတော်တော်ကြိုးစားနေကြပါတယ်။ လိဂ်ပွဲစဉ်ဖြစ်တဲ့ နောက်ဆုံး ၃ ပွဲမှာ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ အနိုင် ၁ ပွဲနဲ့ သရေ ၂ ပွဲ လုပ်နိုင်ကြပါတယ်။ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့ကို ၁-၁ နဲ့ပဲ သရေကျလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတော့ သူတို့ အနီရောင်ဇုန်ထက် ၂ မှတ် ပိုဝေးသွားပါတယ်။ ဒီပွဲ စပါးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးဖို့ရှိလောက်တယ်။ ဝက်စ်ဟမ်းတို့ကျတော့ အရင်ကနည်းလမ်းအတိုင်းပဲ အသုံးပြုသွားမယ်ထင်တယ်။ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်မယ်။ ဒါပေမယ့် ကွင်းဘေးမှာ အန်တိုနီယိုကွန်တီနည်းပြမရှိတော့ စပါးနဲ့တော်တော်ထိခိုက်သွားပါတယ်။ နောက်ပြီး အနားတွေလည်း သိပ်မယူခဲ့ကြရဘူး။ တစ်ပတ်လုံး ပင်ပန်းထားကြတယ်။ အဲ့တော့ အသင်းရဲ့ အဆင်သင့်ပိုင်းကို ထိခိုက်လိမ့်မယ်။ ဒီပွဲ ဂိုးသွင်းမှုတွေ သိပ်ဖြစ်ပေါ်မယ်မထင်ဘူး။ စပါးဘက်က Top4 နေရာနဲ့ ပိုဝေးမသွားဖို့ ၃ မှတ်ရအောင် တော်တော်ကြိုးစားလိမ့်မယ်။

11 Players

Tottenham Hotspur (3-4-2-1): Forster; Romero, Dier, Davies; Emerson, Sarr, Hojbjerg, Perisic; Richarlison, Kane, Son

West Ham United (3-4-2-1): Fabianski; Kehrer, Ogbonna, Cresswell; Coufal, Rice, Soucek, Emerson; Bowen, Antonio, Benrahma

Missing Players

Tottenham Hotspur : Yves Bissouma (Ankle Fracture), Hugo Lloris (Knee Injury), Ryan Sessegnon (Hamstring Injury), Rodrigo Bentancur (Cruciate Ligament Rupture)

West Ham United : Danny Ings (Knee Injury), Gianluca Scamacca (Knee Injury), Kurt Zouma (Hamstring Injury), Maxwel Cornet (Calf Injury), A.Rreola (Hamstring Injury), A. Cresswell (Virus), L.Paqueta (Shoulder Injury), N.Aguerd (Hamstring Injury)

Facebook