welcome to ibet789

ရီးရဲလ်ဘက်တစ် Vs ရိုးမား [13 Oct 22 - 23:15 hrs]

welcome to ibet789 အိမ်ရှင်ရီးရဲလ်ဘက်တစ်အသင်း ဒီ ယူရိုပါလိဂ်ထဲက ဂရုအဆင့်ပွဲစဉ်ထဲမှာ အခြေနေကောင်းတယ်။ ၃ ပွဲကစားပြီး ၃ ပွဲစလုံး အနိုင်ရသွားပါတယ်။ အဲ့တာနဲ့ပဲ လက်ထဲမှာ ၉ မှတ်ရှိပြီး ထိပ်ဆုံးမှာရောက်ရှိနေပါတယ်။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့အခွင့်ရေးများနေပါပြီ။ သူတို့ရဲ့ခြေစွမ်းက ဒီအစဉ်ထဲမှာပဲကောင်းတာမဟုတ်ပါဘူး လိဂ်ပွဲစဉ်တွေမှာလည်း တောင့်တင်းမှုရှိပါတယ်။ လိဂ်ထဲမှာ ၈ ပွဲကစားပြီး အနိုင် ၅ ပွဲ သ‌ရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ ဖြစ်ပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ ခံစစ်ပိုင်းဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ လိဂ်ပွဲစဉ်ထဲမှာ ဂိုး ၅ လုံးထဲပဲ သွင်းခံထိထားတယ်။ ဒါပေမယ့် နည်းနည်းလိုနေတဲ့အပိုင်းကတော့ တိုက်စစ်ပိုင်းပါပဲ သွင်းဂိုးနည်းတယ်။ ဒါပေမယ့် အမှတ် ၃ မှတ်ဖို့အရေး လုံလောက်ပါတယ်။ အသင်းရဲ့အဓိကဖြစ်တဲ့ကစားသမားတွေကျတော့ သွင်းဂိုးအများဆုံးနဲ့ Borja Iglesias ပြီးတော့ playmaker နဲ့ Nabil Fekir တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘော်လုံးစတိုင်လ်က လိမ့်ဘောဖြစ်ပြီး လျင်မြန်တဲ့တိုက်စစ် ဆင်တတ်တယ်။ သူတို့ရဲ့ခံစစ်ပိုင်းက အားကောင်းပြီးသားဆိုတော့ ဂိုးသွင်းနိုင်တာနဲ့ အမှတ် ၃ မှတ်ရဖို့အခွင့်အရေး များလိမ့်မယ်။

ရိုးမားတို့ရဲ့ စွမ်းဆောင်ရည်က ဘက်တစ်နဲ့တူတူပဲ။ လိဂ်ထဲမှာ အဆင့် ၅ ဖြစ်ပြီး အခြေနေတော်တော်ကောင်းနေတယ်။ သွင်းခံထိတဲ့ဂိုးက ဘာလို့များသလဲဆိုရင် အူဒီးနီးစ်နဲ့တစ်ပွဲတုန်းက ၄ လုံးတောင်သွင်းခံထိသွားလို့ များတယ်ထင်ရပါတယ်။ ရိုးမားတို့အတွက် ဒီအစီစဉ်ထဲမှာ မလွယ်ဘူးဗျ ဘာလို့လည်းဆိုတော့ နောက်တစ်ဆင့် ဆန်ကာတင်ချင်ရင် ကျန်တဲ့ ဒီနောက်ဆုံး ၃ ပွဲမှာ ၃ ပွဲစလုံး အနိုင်ရမှရမယ်။ ဒီလိုဖြစ်ရအောင် အစကတည်းက ရှုံးထားလို့ပါ အဲ့တော့ ရွေးစရာလမ်းမရှိတော့ပါဘူး။ ဒီပွဲမှာ ခလုတ်တိုက်သွားရင် ဖယ်ထုတ်ခံထိဖို့သာ ပြင်ဆင်ခဲ့ရလိမ့်မယ်။ ရိုးမားအသင်းရဲ့ အဓိက ကျတဲ့ကစားသမားတွေကတော့ Dybala နဲ့ Abraham တို့ပဲဖြစ်တယ်။ ပြီးတော့ Assist ရှယ်ပေးနိုင်တဲ့ နောက်တစ်ယောက်ကျတော့ Pellegrini ပဲဖြစ်တယ်။ ဒီပွဲ ရိုးမားတို့က ကွင်းလယ်ပိုင်းကို အရင်ပွဲတုန်းကထက် ကောင်းအောင်စီစဉ်ရမယ်။ အရင်တုန်းကလို ထပ်ပြီး မှားလို့မရတော့ပါဘူး။ ဒီကိစ္စ မော်ရင်ဟိုကိုယ်တိုင်သိပါတယ်။ ခံစစ်ပိုင်းကို တင်းကျပ်ပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကို ဆင်ဖို့စီစဉ်ထားလောက်တယ်။

အချင်းချင်းတွေ့ဖူးတာ အရင်ကတစ်ပွဲထဲပဲဖြစ်ပါတယ်။ အဲ့ပွဲ အိမ်ရှင်ဘက်က ပိုပြတ်သားပြီး ရိုးမားကို ရိုးမားအိမ်ကွင်းအထိ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ပြန်ကစားရတဲ့အတွက် အကျော ၀.၂၅ ပေးထားခဲ့ရပါတယ်။ နည်းနည်းပါးပါးပါပဲ။ အရင်တစ်ပွဲမှာ ဘက်တစ်ဘက်က ဧည့်သည်အသင်းဖြစ်နေတာတောင် ဘော်လုံး ၆၀% ပိုင်ဆိုင်ထားနိုင်တယ်။  ဂိုးသွင်းဖို့အခွင့်ရေးလည်း ရိုးမားနဲ့ တူတူပဲ။ အဲ့တော့ ရိုးမားတို့လည်း သူတို့ထက် ညံ့မနေပါဘူး အဲ့ပွဲ တော်တော်ကြည့်ကောင်းပါတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့အခြေနေက မတူကြပါဘူး ရိုးမားဘက်က နောက်စုတ်လို့မရတော့ဘူး။ ဂရုထဲမှာ နံပါတ် ၃ ဖြစ်နေတဲ့အတွက် ထပ်ရှုံးလို့မရတော့ပါဘူး။ ရိုးမားတို့ Ludogorets အသင်းထက် အမှတ် ၁ မှတ်နည်းနေတော့ ရိုးမားတို့ Position အသီးသီးကို တင်းကျပ်ပြီး ကစားဖို့လိုလိမ့်မယ်။ ဘော်လုံးထိန်းချုပ်ပြီး လျင်မြန်တဲ့တိုက်စစ်ဆင်ရမယ်။ ဒီတိုင်းဖြစ်နိုင်ရင်တော့ ဒီပွဲဆီကအမှတ်ရဖို့အခွင့်ရေး ရှိပါတယ်။ နောက်ဆုံး နှစ်သင်းစလုံးရဲ့နည်းပြက ဦးနှောက်ချင်း တိုက်ခိုက်တဲ့နေရာမှာ မော်ရင်ဟိုဘက်က အနိုင်ပိုရသွားခဲ့ပါတယ်။

11 Players

Real Betis (4-2-3-1) – Silva – Moreno – Ruiz – Pezzella – Montoya – Rodriguez – Carvalho – Caneles – Luiz Henrique – Sanchez – Iglesias

AS Roma (3-4-2-1) – Patricio – Smalling – Roger Ibanez – Mancini – Pellegrini – Cristante – Vina – Zalewski – Zaniolo – Dybala – Abraham

Missing Players

Real Betis Balompié  – Martín Montoya (No eligibility), Loren Morón (No eligibility), Juanmi (Torn Ankle Ligament)

AS Roma – Nicolò Zaniolo (Red card suspension), Ebrima Darboe(Cruciate Ligament Surgery), Georginio Wijnaldum (Tibia Fracture), Zeki Celik (Medial Collateral Ligament Injury), Rick Karsdorp (Mensical Laceration)

အိမ်ရှင်မန်ယူအသင်း မန်စီးတီးနဲ့ပွဲတုန်းက ထည့်မတွက်ရင် အခြေနေတော်တော်ကောင်းနေကြပါတယ်။ မန်ယူတို့က မန်စီးတီးကိုရှုံးသွားတာနဲ့ ကိုယ့်စနစ်နဲ့ကိုယ် ထိန်းကစားနိုင်တယ်။ welcome to ibet789 ကစားသမားရဲ့ ကိုယ်ပိုင်မှားယွင်းရှိနေကြပေမယ့် တိုက်စစ်ပိုင်းကတော့ ပြတ်သားမှုရှိပါတယ်။ အဲဗာတန်နဲ့တွေ့တဲ့တစ်ပွဲတုန်းက အနောက်တန်းကနေ ဘော်လုံးကစားပြီး အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သရေဂိုးရသွားတဲ့နေရာကျတော့ Pressing ကိုအားကိုးပြီး ရသွားတယ်။ အခုတလော မန်ယူရဲ့အခြေနေက အရင်ထက်တိုးတက်လာပါပြီ။ ဒီလိုမျိုး ဆက်ဖြစ်သွားရင်တော့ တန်ဟက်ရဲ့အနာဂတ်က တော်တော်သာယာလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံအထိရည်ရွယ်ရင် Position ၄ ခုလောက်တော့ ပြောင်းလဲဖို့လိုလိမ့်မယ်။ ညာဘက်ခြမ်းခံစစ်မှူးနေရာမှာ Dalot က ကောင်းမလိုလိုနဲ့ တိုက်စစ်မဆင်နိုင်ပါဘူး။ ပြီးတော့ ကွင်းလယ်ခံစစ် ကွင်းလယ်တိုက်စစ်နဲ့ ဂိုးရှေ့နေရာတွေ လိုအပ်နေတုန်းပါ။ အဲ့တော့မှ မန်စီးတီးနဲ့ယှဉ်ခုတ်လို့ရမှာဗျ။ မန်ယူရဲ့ အခုလက်ရှိဟာက မကောင်းဘူးလို့မပြောပါဘူး။ ဒါပေမယ့် မန်စီးတီးကိုမမှီသေးတာကိုပြောချင်ပါတယ်။ ဒီပွဲကျတော့ ဘာမှမရှိပါဘူး မန်ယူက ယူရိုပါဖလားရဖို့များပါတယ်။ အာဆင်နယ်တောင် သူတို့ကိုမမှီသေးပါဘူး။

Omonia Nicosia အသင်းကျတော့ ဒီအသင်းကိုမသိပါဘူး အရင်တစ်ပွဲတုန်းက မန်ယူနဲ့ကစားလိုက်တော့မှ မြင်ဖူးသွားတယ်။ ရှင်းရှင်းပြောရင် အဆင့်အတန်းအရမ်းကွာနေပါတယ်။ သူတို့ရဲ့ ကစားပုံကစားနည်းက မန်ယူကို တစ်စက်မှမမှီပါဘူး။ အရင်တစ်ပွဲတုန်းက တစ်ပွဲလုံးမှ ဂိုးသွင်းဖို့အခွင့်ရေး ၈ ကြိမ်ထဲပဲရရှိတယ်။ မန်ယူဘက်က ၂၈ ကြိမ်တောင် ရရှိခဲ့တယ်။ Nicosia ဘက်က ဂိုးနှစ်လုံးသွင်းနိုင်တဲ့နေရာကလည်း မန်ယူဘက်က မှားယွင်းသွားလို့သာ သွင်းနိုင်တာပါ။ ခံစစ်ပိုင်းက မမာလို့ပါ။ အဲ့ပွဲ မန်ယူဘက်က အနည်းဆုံး ဂိုး ၅ လုံးလောက်တော့ သွင်းနိုင်သင့်ပါတယ်။ ရော်နယ်ဒိုက အရင်လိုမကောင်းလို့သာ မရခဲ့ဘူး။ Omonia Nicosia တို့ရဲ့ အဓိကကျတဲ့ကစားသမားကတော့ အခုလက်ရှိ ဂိုး ၄ လုံးသွင်းပြီးသား ညာဘက်တောင်ပံကစားသမားနဲ့ ဘရူနိုပဲဖြစ်တယ်။ ကျန်တာ ဘာမှစိတ်ဝင်စားစရာမကောင်းသေးပါဘူး။ ဒီနေ့တော့ ဘာမှတွေးမနေနဲ့ အပယ်ခံထိမှာသေချာတယ်။ ခံစစ်ပိတ်ကစားမယ်ဆိုရင်တောင် ခံနိုင်မယ့်ပုံမပေါ်ပါဘူး။ ဒီပွဲ မန်ယူနိုင်ဖို့ သေချာတယ်။

ပြီးခဲ့တဲ့တစ်ပွဲတုန်းက အချင်းချင်းတွေ့ပြီး မန်ယူဘက်က အဝေးကွင်းနဲ့ ကပ်နိုင်လာတယ်။ မန်ယူတို့ အဲ့ပွဲပြီးတာနဲ့ အဲဗာတန်အပေါ် အနိုင်ထပ်ရလာသေးတယ်။ အဲ့တော့ မန်စီးတီးကိုရှုံးသွားတုန်းက စိတ်ပိုင်းဆိုင်ရာ ဘာမှမထိခိုက်မှန်း မြင်ခဲ့ရပါတယ်။ ပြီးတော့ အရေးကြီးတဲ့ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ် ဘယ်လိုလည်းဆိုရင် Casemiro နဲ့ ရော်နယ်ဒိုတို့ ပထမကစားသမားအနေနဲ့ ဆင်းကစားရတဲ့နေရာပဲ ဖြစ်ပါတယ်။ အချင်းချင်းတွေ့ကြတဲ့တစ်ပွဲတုန်းက မန်ယူဘက်က နည်းနည်းပြတ်သားနိုင်ရင် ဂိုးတွေပုံလိုက်ကြီးသွင်းနိုင်ကြလောက်တယ်။ အနည်းဆုံး ၅ လုံးမှအထက်ဖြစ်နိုင်တယ်။ မန်ယူဘက်က ဂိုးသွင်းခံထိတဲ့နေရာ ကိုယ့်အမှားနဲ့ကိုယ် ခံရတာတွေချည်းဖြစ်တယ်။ ဒါပေမယ့် နည်းပြရဲ့ စနစ်အတိုင်းတော့ ကစားနိုင်နေကြပါတယ်။ ဒီပွဲ သေချာပြောရင် မန်ယူဘက်က အနိုင်ရဖို့များတယ်။ ဒါပေမယ့် ပေါက်ကြေးနေရာက ၂.၅ တောင် ဖြစ်နေတဲ့အတွက် နည်းနည်းများသွားပါတယ်။ မန်ယူအသင်းက ဆန်ကာတင်ဖို့များတဲ့အတွက် အဓိကကစားသမားတွေကို အနားယူထားခိုင်းလောက်တယ်။ ဒီပွဲ မန်ယူဘက်က အနိုင်ရဖို့ရှိပေမယ့် အကျောပေးထားတာထက်တော့ ဂိုးမသွင်းနိုင်လောက်ပါဘူး။

11 Players

Man Utd (4-2-3-1) – De Gea – Dalot – Shaw – McGuire – Martinez – Fred – Casemiro – Fernandes – Rashford – Sancho – Ronaldo

Omonia Nicosia (5-3-2) – Fabiano – Lang – Yuste – Miletic – Matthew – Lecjaks – Diskerud – Charalampous – Bruno – Barker – Ansarifard

Missing Players

Manchester United  – Raphaël Varane (Sprained Ankle), Donny van de Beek(Knock)

Omonia Nicosia – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်။