welcome to ibet789 management

အာဆင်နယ် Vs လီဗာပူးလ် [9 Oct 22 - 22 :00 hrs]

welcome to ibet789 management  အိမ်ရှင်အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေ အရမ်းကောင်းနေတယ်။ နောက်တုံးတစ်ပွဲတုန်းက စပါးအပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတယ်။ အဲ့ပွဲ သူတို့ တစ်ပွဲလုံးပဲ ခြေစွမ်းပြနိုင်တယ်။ အဓိက Martinelli ပေါ့ တော်တော်ပဲ အားရစရာကောင်းတယ်။ Saka ရောပဲ တော်တော်အနှောက်ယှက်ပေးတယ်။ ပြီးတော့ Jesus ကပါရှိနေတော့ ဒီနှစ် တော်တော်ပဲအဆင်ပြေနေကြတယ်။ ပြောမယ်ဆိုရင် အာတီတာရဲ့ သစ်သီးတွေက ခူးစားရမယ့်အချိန် ရောက်လာပြီလို့တောင် ယူဆနိုင်တယ်။ အသင်းထဲက အသက်တွေ ပျှမ်းမျှလိုက်ရင် ၂၅ နှစ်ထက်မကျော်ဘူးဗျာ။ တကယ့်အားကောင်းတဲ့လူငယ်အဖွဲ့ကြီးဖြစ်နေတယ်။ တစ်ပွဲလုံးပတ်ပြေးနိုင်တယ်။ ပြီးတော့ တိုက်စစ်မှူးအသီးသီးက ခြေစွမ်းအကောင်းဆုံး ပြနိုင်တဲ့အရွယ်ထဲ ကျရောက်သွားပါပြီ။ အဲ့တော့ အရင်နှစ်မှ UCL တိုက်ပွဲထဲ မပါလိုက်ရတဲ့အဖြစ်ကို နမူနာထားပြီး ပွဲတိုင်းပဲ ကြိုးစားခဲ့ကြလိမ့်မယ်။ အရင်နှစ်လိုမျိုး ထပ်မမှားအောင် အထူးဂရုစိုက်လိမ့်မယ်။ ဒါပေမယ့် ဒီနေ့ သတိထားရဦးမယ် ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ကစားပုံကစားနည်းက လီဗာပူးလ်ရဲ့အကြိုက်ဖြစ်နေလို့ပါ။ လီဗာပူးလ်တို့ရဲ့တိုက်စစ်ပိုင်းက ကြောက်စရာကောင်းပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက နေသားကျသွားပြီဆိုရင်တော့ အာကြီးတို့ တန်းဒုက္ခရောက်နိုင်တယ်။ အဲ့တော့ ဒီပွဲ အာကြီးတို့ ဘယ်ဘက်ခြမ်းက Martinelli ကို အဓိကထားပြီး သွက်လက်စွာဂိုးဝင်သွင်းရမယ်။

လီဗာပူးလ်တို့ကျတော့ ကောင်းမလိုလိုနဲ့ မကောင်းပြန်ဘူး။ အခုတလော Form တွေ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ တိုက်စစ်ပိုင်းက ကိစ္စမရှိပါဘူး ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်ပါတယ်။ အဓိကပြသာနာက ခံစစ်ပိုင်းဖြစ်နေတယ်။ ဂိုးတွေ လွယ်လွယ်လေးသွင်းခံထိတတ်တယ်။ ဘရိုက်တန်နဲ့ပွဲတုန်းက Alisson ကောင်းလို့ ကယ်ပေးနိုင်တာနော်။ Alisson သာ မကယ်နိုင်ရင်တော့ ဂိုး ၃ လုံးမှအထက် ခံရလိမ့်မယ်။ Arnold ဘက်က ဘော်လုံးရောက်လာတိုင်း အဆင်ပြေအောင်မထိန်းနိုင်တော့ဘူး။ ဒီနေရာ ကလော့ပ်ပြုပြင်ဖို့လိုနေတယ်။ ညာဘက်ခြမ်းမှာ ခံစစ်ပိုင်းပဲမကောင်းတာမဟုတ်ဘူးနော် တိုက်စစ်ပိုင်းက တိုက်စစ်မှူး ဆာလက်ဆိုတဲ့တစ်ယောက်ကလည်း ပြိုင်ဘက်နဲ့ By1 တောင် ဖြတ်မကျော်နိုင်တော့ဘူး။ အဲ့တော့ ဂိုးသွင်းတဲ့စံချိန်ကလည်း ပျောက်ဆုံးသွားပြီ။ အသင်းကို နည်းနည်းထိန်းပေးနိုင်တယ်ဆိုတာ သီယာကိုပဲရှိတယ်။ Fabinho ကလည်း အရင်ထက် ခြေတစ်လှမ်းပိုနှေးသွားပါပြီ။ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ကို အရင်လိုမဖျက်နိုင်တော့ဘူး။ ဗန်ဒိုက်ဆိုတဲ့တစ်ယောက်ဟာလည်း အခြေခံထက်နိမ့်နေပါတယ်။ နည်းနည်းကောင်းတဲ့ ခံစစ်မှူးကတော့ Matip နဲ့ Alisson ပဲရှိပါတယ်။ ကျန်တာ ခေါင်းခါပါရစေ။ ဒီတိုင်းပဲ ဆက်ဖြစ်သွားမယ်ဆိုရင် နောက်နှစ် UCL တိုက်ပွဲကို နှုတ်ဆက်လိုက်တော့။ Arnold က ကမ္ဘာ့ဘော်လုံးပွဲထဲတောင် ပါဖို့စိတ်ကူးစရာမရှိတော့ဘူး သူ့ထက်ကောင်းတာ တစ်ပုံကြီး။

ဒီပွဲက ဒါဘီတိုက်ပွဲဖြစ်တယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းဆိုရင် ပိုဆိုးတယ်။ အဲ့ဒီတော့ ဧည့်သည်ဖြစ်နေပေမယ့် အကျော ၀.၂၅ တော့ ပေးထားပါတယ်။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form ကိုယှဉ်ကြည့်ရင် အာဆင်နယ်ဘက်က ပိုသာတယ်။ အာဆင်နယ်တို့က အခုမှ စပါးအပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတဲ့အတွက် ဒီပွဲ ဘဲနီကိုလည်း ထပ်ရိုက်ချင် ရိုက်လိမ့်မယ်။ ဖြစ်နိုင်ချေရှိပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်ပိုင်းက ကောင်းနေပေမယ့် ခံစစ်ပိုင်းကတော့ ကြောင်ပျောက်နေပါပြီ။ အဓီက Alexander Arnold တာဝန်ယူနေတဲ့ Position ပဲ သူ့ဘက်က ထိုးဖောက်ရင် အမြဲပေါက်တယ်။ အသင်းထဲက မုန့်စိန် ကြီးဗျ။ အဲ့တော့ ဒီပွဲ အာကြီးတို့ လီဗာပူးလ်အပေါ် အနိုင်ရသွားမယ့်ပွဲ ဖြစ်သွားလောက်တယ်။ ဒီလိုအခွင့်ရေးမျိုးက ခန ခန မကြုံရတော့ လက်စားချေဖို့ တော်တော်ကြိုးစားလောက်တယ်။ အာကြီးတို့ ဒီပွဲ ရှိတာအကုန်လုပ်ပြီး နံပါတ် ၁ မှာပဲ နောက်တစ်ပတ်လောက်တော့ ဆက်လက်နေထိုင်သွားမယ်ထင်ပါတယ်

11 Players

Arsenal (4-2-3-1) – Ramsdale – Zinchenko – Gabriel – Saliba – White – Partey – Xhaka – Saka – Odegaard – Martinelli – Jesus

Liverpool (4-3-3) – Alisson – Tsimikas – Matip – Van Dijk – Alexander Arnold – Fabinho – Thiago – Henderson – Diaz – Jota – Salah

Missing Players

Arsenal FC – Mohamed Elneny (Thigh Problems), Emile Smith Rowe(Groin Surgery), Oleksandr Zinchenko (Calf Injury), Reiss Nelson (Thigh Problems)

Liverpool FC – Alex Oxlade-Chamberlain (Hamstring Injury), Naby Keïta (Hamstring Injury), Curtis Jones (Stress response of the bone)]

အိမ်ရှင်အဲဗာတန်အသင်း အခြားအသင်းတွေနဲ့ မိတ်မဖွဲ့ချင်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ နောက်ဆုံးတစ်ပွဲကမှ ဆောက်သန်တမ်အပေါ် အနိုင်ရလာခဲ့ပြီမို့လို့ပါ။ စွမ်းဆောင်ရည်က အရင်လိုမျိုး ပြန်ဖြစ်သွားပါပြီ။ အဓိက ကွင်းလယ်ပိုင်းမှာရှိတဲ့ Iwobi ပါပဲ သူ့မှာ စကေးတော်တော်ပြနိုင်တယ်။ လျင်မြန်မှုရှိပြီး ပြိုင်ဘက်ဆီက ဘော်လုံးလုယူတတ်တယ်။ အခုလက်ရှိ အဲဗာတန်အသင်းရဲ့ ကွင်းလယ်ကစားသမား ၃ ယောက် တော်တော်အဆင်ပြေနေတယ်။ အဲဗာတန်ရဲ့ ကြီးမားတဲ့ ပြသာာနာက တိုက်စစ်ပိုင်းတွေ ဂိုးမသွင်းနိုင်ဘူးဖြစ်နေတယ်။ အချို့နေရာက အချိန်ဆွဲလွန်တယ်။ အဲ့တာ ပြုပြင်သင့်ပါတယ်။ ဒီနေ့တိုက်စစ်ပိုင်းကို Gray – Gordon – Maupay တို့ကိုပဲ ထားထားလောက်တယ်။ Gordon ဆိုတဲ့တစ်ယောက်ကတော့ ခနလေးပဲနားရပေမယ့် ဒီပွဲ ဆင်းရတော့မယ်ထင်တယ်။ ဒီနေ့ အဲဗာတန်တို့ အမှတ်လိုချင်ရင်တော့ လျင်မြန်တဲ့ Pressing ကို အသုံးပြုရမယ်။ Eriksen စကေးပြဖို့အချိန်မပေးနဲ့ နို့မို့ဆို သူ့ရဲ့ဘော်လုံးပေးပို့မှုက အန္တရာယ်ပြုသွားလိမ့်မယ်။ welcome to ibet789 management 

မန်ယူတို့ကျတော့ အခုတလော အခြေနေကောင်းနေတယ်။ မန်စီးတီးနဲ့တွေ့တဲ့ပွဲမပါဘူး။ ဒီသုံးသပ်ချက်က မန်စီးတီးနဲ့မတွေ့ခင် ရေးလိုက်တော့ ဘယ်လိုအဖြေမျိုးထွက်လာမယ်မသိဘူး။ ဒါပေမယ့် မန်ယူရဲ့ Form အသီးသီးကတော့ အဲဗာတန်ထက် ကြည့်ကောင်းပါတယ်။ ကစားသမားအသီးသီးတွေလည်း ပိုကောင်းတယ်။ ဒီပွဲ မလွယ်ပေမယ့် မခက်ပါဘူး။ ကွင်းလယ်ကစားသမားတွေက အရင်ပွဲတုန်းကလိုမျိုး ကစားနိုင်ရင် အဆင်ပြေပါတယ်။ တိုက်စစ်ပိုင်းကျတော့ ကိစ္စမရှိပါဘူး။ အန်တိုနီနဲ့ ဆန်ချိုတို့က သူ့ဟာနဲ့သူ ကောင်းပါတယ်။ ကိုယ့်အရည်အချင်းနဲ့ အခွင့်ရေးဖန်တီးတတ်ပါတယ်။ ခံစစ်ပိုင်းကျတော့ မက်ကွိုင်းမရှိတော့တဲ့နောက်ပိုင်း ပိုမိုတောင့်တင်းလာပါတယ်။ မန်ယူက အခုမှပဲ သရဲနီပြန်ဖြစ်သွားပါပြီ။ အခြားအလုပ်ထုတ်ခံထိသွားတဲ့ နည်းပြတွေ မက်ကွိုင်းကို အနားမပေးပဲ အတင်းအသုံးပြုလိုက်လို့ အလုပ်ပြုတ်သွားတာနေမယ်။ ဒါပေမယ့် တန်ဟက်နဲ့တော့မရဘူး သူက ရဲတင်းပြီးသွက်လက်တယ်။ ကွင်းထဲလူလဲရမယ်ဆိုရင်လည်း မြန်တယ်။ အတွေးအခေါ်မြန်ပြီး လက်တွေ့လဲမြန်တယ်။ မန်ယူလိုအပ်တာဒါမျိုးပဲဗျာ။ ပြီးတော့ သူ့ရဲ့အမူအရာက အရမ်းထူးခြားတယ်။ ကွင်းဘေးမှာရပ်နေနေတဲ့ Passion က အသင်းသားတွေကို တိုက်တွန်းပေးသလိုမျိုးဖြစ်တယ်။ အဲ့တာနဲ့ပဲ မန်ယူက ဒီပွဲ အမှတ် ၃ မှတ်ရသွားမယ်ဆိုရင် မထူးဆန်းပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်ကပိုသာပါတယ်။ အဲ့တော့ ဒီပွဲ မန်ယူဘက်က အကျော ၀.၇၅ ပေးထားတယ်။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form ချင်း ယှဉ်ကြည့်ရင် အဲဗာတန်ဘက်က မဆိုးပါဘူး အရင်ထက် တိုးတက်လာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဂိုးသွင်းချက်ကသာ ကောင်းသင့်သလောက် မကောင်းသေးပါဘူး။ အဲ့တော့ အမှတ် ၃ မှတ်ရသွားတဲ့ပွဲတွေမှာ တော်တော်ရုန်းလိုက်ရပါတယ်။ ဒါပေမယ့် အခုတော့ နည်းနည်းပြန်ကောင်းလာပြီ အရင်တစ်ပွဲတုန်းကဆိုရင် ဆောက်သန်တမ်အပေါ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာသေးတယ်။ မန်ယူတို့ကျတော့ အခြေနေတော်တော်ပြန်ကောင်းနေတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ တွေ့ရတာတော့ နည်းနည်းစောသွားပါတယ်။ အခုရေးနေတာ ပွဲရလဒ်မသိသေးပါဘူး။ ဒါပေမယ့်တော့ ထင်ထားသလိုမလွဲလောက်ဘူး။ ဒီပွဲ မန်ယူဘက်က အစစအရာရာအဲဗာတန်ထက်သာပါတယ်။ ပြီးတော့ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုကြည့်ကောင်းနေတော့ ဒီပွဲမန်ယူဘက်ကပဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Everton (4-3-3) – Pickford – Mykolenko – Tarkowski – Coady – Coleman – Gueye – Onana – Iwobi – Gray – Gordon – Maupay

Man Utd (4-2-3-1) – De Gea – Malacia – Dalot – Varane – Martinez – McTominay – Eriksen – Fernandes – Sancho – Anthony – Rashford

Missing Players

Everton FC – Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury), Mason Holgate (Knee Injury), Abdoulaye Doucouré(Hamstring Injury), Yerry Mina

Yerry Mina (Ankle Injury), Nathan Patterson (Ankle Injury), Ben Godfrey (Fibula Fracture)

Manchester United  – Anthony Martial (Achilles Irritation)