wave 2d gaming

wave 2d gaming မန်ယူ Vs အဲဗာတန် [8 Apr 23 - 18:00 hrs]

wave 2d gaming  တန်ဟက်နည်းပြလက်ထဲကမန်ယူအသင်း ပြီးခဲ့တဲ့တစ်ပွဲ ဘရန်ဖိုတ့်အပေါ် ၁-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲမတိုင်ခင် နယူးကာဆယ်နဲ့ပွဲတုန်းကကျတော့ ၂-၀ နဲ့ ရှုံးလာပါတယ်။ လက်ရှိအချိန် ၂၈ ပွဲ ဆင်းကစားပြီး ၅၃ မှတ်လေးနဲ့ အဆင့် ၄ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ရမှတ်ချင်းတူပေမယ့် သွင်းဂိုးစံချိန်ကတော့ နယူးကာဆယ်ဘက်က ပိုသာလို့ အဆင့် ၃ ဖြစ်နေပါတယ်။ မန်ယူတို့ ဒီပွဲ Christian Eriksen၊ Donny van de Beek၊ Alejandro Carnacho နဲ့ Luke Shaw တို့ကို အသုံးပြုလို့မရသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ ကာစီမီရိုနဲ့တစ်ယောက်ကလည်း ဘန်းခံထိထားပါတယ်။ တန်ဟက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ခံစစ်ပိုင်းနေရာ Dalot၊ Varane၊ Martinez နဲ့ Malacia တို့ကို ချထားပြီး ကွင်းလယ်ပိုင်းမှာ Fred နဲ့ Sabitzer တို့ကို ချထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Antony နဲ့အတူ Fernandes နဲ့ ဆန်ချိုတို့ကို တာဝန်ပေးထားပြီး Striker နေရာ Fred ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

Sean Dyche နည်းပြလက်ထဲကအဲဗာတန်အသင်းကျတော့ အခုမှစပါးနဲ့ ၁-၁ သရေကျလာခဲ့ပါတယ်။ သူတို့မှာ ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမယ့်လည်း ၃ ပွဲက သရေကျသွားပြီး ၁ ပွဲ အနိုင်ရသွားခဲ့ပါတယ်။ အခုတလော လိဂ်ရဲ့ အဆင့် ၁၆ မှာရောက်ရှိနေပြီး ရမှတ် ၂၇ မှတ်လေးနဲ့ အဆင့် ၁၈ မှာရှိတဲ့ ဘုန်းမောက်နဲ့ ရမှတ်ချင်း တူနေပါတယ်။ သွင်းဂိုးစံချိန်ပဲ ပိုကောင်းနေလို့ အဆင့်ပိုသာနေပါတယ်။ အဲဗာတန်ရဲ့ ဒီပွဲအခြေနေ Andros Townsend ကို အသုံးပြုလို့မရသေးပါဘူး။ D.Calvert-Lewin နဲ့တစ်ယောက်မှာလည်း ဒဏ်ရာမသက်သာသေးပါဘူး။ A.Doucoure နဲ့တစ်ယောက်ကျတော့ ၃ ပွဲ ဘန်းခံထိထားပါတယ်။ ဒီပွဲ Dyche က ၄-၅-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ အရင်အတိုင်းပဲ ကစားသမားတွေကိုအသုံးပြုသွားလိမ့်မယ်။ ခံစစ်ပိုင်း ၄ ယောက်နေရာ Keane၊ Tarkowski၊ Godfrey နဲ့ Coleman တို့ကိုပဲ တာဝန်ပေးထားပြီး အလယ်တန်း ၅ ယောက်ကျတော့ Onana၊ Gueye၊ Mykolenko၊ Iwobi နဲ့ McNeil တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် ဂိုးသွင်းဖို့နေရာ Gray ကိုပဲ အားကိုးသွားလိမ့်မယ်။

မန်ယူတို့ ဒီပွဲမတိုင်ခင် အနိုင်ရလာတဲ့အတွက် ယုံကြည်မှုတွေ တော်တော်ပြန်ရနေကြလောက်တယ်။ အခုတလော Top4 နေရာ လုယက်နေပြီး အဓိက ပြိုင်ဘက်ကျတော့ စပါးနဲ့ နယူးကာဆယ်တို့ပဲ ဖြစ်ပါတယ်။ ကာစီမီရိုမရှိတော့တဲ့နောက်ပိုင်း စွမ်းဆောင်ရည်တွေ အတိကျယူဆလို့တောင်မရတော့ဘူး။ ဒါပေမယ့် အစစအရာရာခြုံပြီးကြည့်ရင်တော့ နောက်ဆုံး ၄ ပွဲတုန်းက အနိုင် ၃ ပွဲတောင် လုပ်နိုင်ခဲ့တယ်။ အိမ်ကွင်းနဲ့ နောက်ဆုံး ၂၄ ပွဲတုန်းက အနိုင် ၂၁ ပွဲ လုပ်နိုင်ပါတယ်။ အဲဗာတန်တို့ကျတော့ အခုတလော နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ်။ လက်ထဲမှာ ၂၇ မှတ်ရှိပြီး အဆင့် ၁၆ မှာ ရောက်ရှိနေပါတယ်။ အတန်းဆင်းမယ့် အဆင့် ၁၈ နဲ့ ရမှတ်ချင်းတူနေပါတယ်။ သွင်းဂိုးစံချိန်ပိုကောင်းနေလို့သာ အဆင့်ပိုကောင်းနေပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာကတော့ ဒီရာသီအတွင်း ၂ ပွဲ တွေ့ခဲ့ကြပြီး နောက်ဆုံးတစ်ပွဲတုန်းက FA ဖလား တတိယအဆင့်မှာ မန်ယူဘက်က ၃-၁ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲကတော့ အဲဗာတန်တို့ တတ်နိုင်သလောက် ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ်။ ခံစစ်ပိုင်းက သေသေချာချာ အပေါက်မပိတ်နိုင်ရင်တော့ ရှုံးနိမ့်ဖို့တော်တော်များပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ဂိုး ၉ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ အစစအရာရာကြည့်ပြီး မန်ယူဘက်က အမှားမရှိခဲ့ရင်တော့ အနိုင်ရသွားလောက်ပါတယ်။

11 Players

Manchester United (4-2-3-1) : De Gea; Wan-Bissaka, Varane, Martinez, Malacia; Fred, Sabitzer; Antony, Fernandes, Rashford; Martial

Everton (4-5-1) : Pickford; Keane, Tarkowski, Godfrey; Coleman, Onana, Gueye, Mykolenko; Iwobi, Gray, McNeil

Missing Players

Manchester United : Casemiro (Red card suspension), Alejandro Garnacho (Ankle Injury), Marcus Rashford (Unknown Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Everton : Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury), A. Doucoure (Red card suspension), D.Calvert-Lewin

Facebook

Julian Lopetegui နည်းပြလက်ထဲက ဝုဗ်ဗာဟန်တန်အသင်း အခုလက်ရှိ အဆင့် ၁၄ မှာ ရောက်ရှိနေပြီး ဒီပွဲ သရေကျသွားရင်တော့ အတန်းဆင်းမယ့်ထဲ တန်းကျသွားနိုင်တယ်။ သူတို့က အဆင့် ၁၈ မှာရှိတဲ့ဘုန်းမောက်ထက် ၁ မှတ်လေးပဲသာနေပါတယ်။ ဒီပွဲမှာတော့ Sasa Kalajdzic နဲ့ Chiquinho တို့ကို အသုံးပြုလို့မရသေးပါဘူး။ Hee-Chan Hwang နဲ့ Boubacar Traoré တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုတော့တယ်။ Francisco Tavares နဲ့ Sasa Kalajdzic တို့ မရှိတဲ့အပြင် အနီကဒ်ထိထားတဲ့ Jonny ကပါ မရှိသေးဘူးဖြစ်နေပါတယ်။ လိဒ်စ်နဲ့တစ်ပွဲတုန်းက အနီကဒ် တိုက်ရိုက် ပြခံထိထားပါတယ်။ Ruben Neves မှာလည်း အဝါကဒ် ၁၀ ကဒ်ပြည့်သွားလို့ ဒီပွဲ မပါနိုင်သေးပါဘူး။ သူတို့နှစ်ယောက်က လက်စတာနဲ့တစ်ပွဲရောက်တော့မှ ပြန်လာလိမ့်မယ်။

wave 2d gaming ချယ်လ်ဆီးတို့ကျတော့ လီဗာပူးလ်နဲ့သရေကျရုံပဲပြီးလာပြီး ယာယီနည်းပြက ဖရန့် လမ်းပတ်ပါ ဖြစ်သွားတော့ အရမ်းပဲအံ့ဩသွားပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ C.Azpilicueta၊ Thiago Silva နဲ့ Armando Broja တို့ကို အသုံးပြုလို့မရသေးပါဘူး။ သူတို့ ၃ ယောက်စလုံးက ဒဏ်ရာရထားခဲ့ကြလို့ပါ။ လတစ်ဝက်လောက်မှ ပြန်လာနိုင်မယ်ထင်ပါတယ်။ ချယ်လ်ဆီးတို့ ဒီပွဲ အူဘာမီယန်းကို ပြန်ရလာပြီထင်တယ်။ သူက ကျောကုန်းနာလို့ဆိုပြီး အကြာကြီးပဲ အနားယူသွားပါတယ်။ ကျန်တဲ့ Kalidou Koulibaly, Reece James, Ben Chilwell, Enzo Fernandez, Mateo Kovacic, Mikailo Mudric, Kai Havertz နဲ့ Joao Felix တို့ကျတော့ ဆင်းကစားဖို့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

ဝုဗ်ဗာဟန်တန်တို့ရဲ့စွမ်းဆောင်ရည်က ကျဆင်းနေမှန်း ကောင်းကောင်းမြင်ခဲ့ရပြီး အတန်းဆင်းမယ့်ထဲ ပါချင်ချင်ဖြစ်နေပါတယ်။ နောက်ဆုံး ၇ ပွဲတုန်းက အနိုင် ၁ ပွဲလေးပဲ ရရှိခဲ့ပြီး အရှံး ၄ ပွဲတောင် ရရှိသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် နော်တင်ဟမ်ဖောရက်စ်နဲ့ ၁-၁ သရေကျလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အတန်းမဆင်းအောင် ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ အခုလက်ရှိ အဆင့် ၁၄ ဖြစ်နေပေမယ့် အတန်းဆင်းမယ့် အဆင့် ၁၈ ထက် ၁ မှတ်လေးပဲ ပိုသာနေတယ်။ ချယ်လ်ဆီးတို့ကျတော့ ဂရေဟမ်ပေါ်တာနဲ့ လမ်းခွဲပြီးနောက် ပထမဦးဆုံး လီဗာပူးလ်နဲ့ တန်းပြီး သရေကျလာခဲ့ပါတယ်။ နောက်ဆုံးပေါ်သတင်းထဲမှာတော့ သူတို့ရဲ့ ယာယီနည်းပြက ဖရန့် လမ်းပတ်ဖြစ်ပါတယ်။ သူက ရာသီကုန်တဲ့အထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဒီပွဲမစခင် ချယ်လ်ဆီးအသင်း အခုအချိန် အဆင့် ၁၁ ဖြစ်ပြီး လက်ထဲမှာ ၃၉ မှတ် ပိုင်ဆိုင်ထားပါတယ်။ လက်ရှိရာသီ ၂၉ ပွဲ ဆင်းပြိုင်ပြီးသွားပြီဖြစ်ပါတယ်။ ဒီပွဲ သူတို့ရဲ့ဦးတည်ချက်ကတော့ ၃ မှတ်ရဖို့အရေးပဲဖြစ်လိမ့်မယ်။ နိုင်ငံအသင်းပြိုင်ပွဲပြီးလာကတည်းက ၂ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးပါဘူး။ အဲ့တော့ လမ်းပတ်က ပြောင်းလဲမှုဖြစ်အောင် လာပြင်ပေးနိုင်မလားမသိသေးပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားပုံကစားနည်းက ဒီပွဲ တည့်တည့်ကြီးဝင်လုံးခဲ့ကြလိမ့်မယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်က ဘောလုံးပိုပိုင်ဆိုင်ပြီး တိုက်စစ် ပိုဆင်ရမယ်ထင်ပါတယ်။ ဝုဗ်တို့ရဲ့အားသာချက်ကတော့ အပြေးမြန်ပြီး သွက်လက်တယ်။ ချယ်လ်ဆီးတို့မှာကျတော့ အခွင့်ရေးဖန်တီးတဲ့နေရာ ရင်ခုန်စရာကောင်းပေမယ့် အရင်က ပြောထားသလို ဂိုးသွင်းတဲ့အပိုင်း အဆင်မပြေသေးပါဘူး။ ပြီးတော့ သူတို့ နောက်အပတ်ကျရင် ရီးရဲလ်နဲ့ တွေ့ဖို့ရှိနေသေးတဲ့အတွက် အားတွေ စုထားဦးမှာပါပဲ။ ဒါပေမယ့်လည်း ဝုဗ်ရဲ့ လက်ရှိအခြေနေနဲ့ဆိုရင် ချယ်လ်ဆီးဘက်က ပိုကြည့်ကောင်းနေပါတယ်။ ယုံကြည်မှုပဲ သိပ်မရှိသေးပါဘူး။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးတို့ပဲ ကပ်နိုင်သွားမယ်ထင်ပါတယ်။

11 Players

Wolverhampton (4-5-1) : Sa; Semedo, Dawson, Kilman, Bueno; Lemina, Neves, Nunes; A. Traore, Jimenez, Podence

Chelsea (3-4-2-1): Kepa; James, W. Fofana, Badiashile, Chilwell; Kante, Fernandez, Mount; Madueke, Havertz, Sterling

Missing Players

Wolverhampton : Boubacar Traoré (Groin Injury), Chiquinho (Cruciate Ligament Injury), Sasa Kalajdzic (Cruciate Ligament Rupture),Jonny (Red Card),Ruben Neves (Disciplinary Points),Hee-Chan Hwang (Muscle Injury), Matheus Nunes(Red Card)

Chelsea : Thiago Silva (Ligament Injury), Raheem Sterling (Hamstring Injury), Mason Mount ( bruised pelvis), Armando Broja (Cruciate Ligament Rupture), C.Azpilicueta (Head Injury), P.Aubameyang (Back Injury)

Facebook

အိမ်ရှင်ဆောက်သန်တမ်အသင်း အခုတလော အခြားအသင်းကိုအမှတ်တော်တော်လှူပေးနေပါတယ်။ မန်ယူနဲ့ စပါးတို့ကို သရေကျသွားတုန်းက အခြေနေပြန်ကောင်းတော့မယ်လို့တောင် ထင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အရင်လိုပဲ ပြန်ညံ့သွားပါတယ်။ ဘာတိုးတက်မှုမှမရှိဘူးလို့တောင် ယူဆနိုင်ပါတယ်။ ဒီနှစ်တစ်နှစ်ထဲနဲ့ နည်းပြ ၃ ယောက်တောင် ပြောင်းလဲခဲ့တယ်။ လက်ရှိအသင်းနည်းပြကတော့ ruben selles ပဲဖြစ်ပါတယ်။ တကယ်ပြောရရင် ဒီနည်းပြကို တစ်ခါမှမကြည့်ဖူးသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၄-၅ ပွဲတုန်းကစွမ်းဆောင်ရည်ကတော့ မဆိုးပါဘူး။ စပါးနဲ့ ၃-၃ သရေကျသွားတဲ့ပွဲမပါရင် သူတို့မှာ လွယ်လွယ်လေးနဲ့ ဂိုးသွင်းခံမထိတတ်ပါဘူး။ ဒါပေမယ့် အဲ့ထက်ဆိုးတာ သူတို့လည်း ဂိုးသိပ်မသွင်းနိုင်ဘူးဖြစ်နေတယ်။ အသင်းရဲ့အားသာချက်ကတော့ တည်ငြိမ်မှုပဲဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်ဆင်တဲ့အပိုင်းက အဆင်မပြေဘူး သူတို့ရဲ့တိုက်စစ်ပိုင်းက အဲ့လောက်ထိ အပြေးမမြန်ဘူးဖြစ်နေတယ်။ သီအို ဝဲလ်ကော့တ်က အသက်ကြီးနေပါပြီ။ အဲ့တော့ သူ့ကို အားကိုးလို့မရတော့ပါဘူး။ နည်းနည်းအားကိုးလို့ရတဲ့ကစားသမားဆိုရင် James Ward Prowse ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ အခြားကစားသမားတွေ သူ့ကိုဘောလုံးထိခွင့်ရအောင် ၂ ခါ ၃ ခါလောက်တော့ ဖောင်းခေါ်ပေးရမယ်။ ဒါပေမယ့်လည်း ဒီပွဲ သူတို့ဘက်က ဖောင်းခေါ်ဖို့နေနေသာသာ ဘောလုံးထိခွင့် ဘယ်နှစ်ခါပဲ ရသွားမလဲတောင်မသိသေးပါဘူး။ လက်ရှိအသင်းရဲ့အခြေနေမျိုးနဲ့ မန်စီးတီးကို လက်ခံကြိုဆိုကစားရမှာဆိုတော့ ကြိတ်ခံမထိပဲမနေလောက်ပါဘူး။ ဆောက်သန်တမ်တို့ ဒီပွဲ ခံစစ်ပိုင်းနေရာ ၅ ယောက်လောက်တော့ စီစဉ်ထားသင့်ပါတယ်။ အတွင်းအထိ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ စောင့်နေသင့်ပါတယ်။

မန်စီးတီးတို့ကျတော့ အခုတလော အာဆင်နယ်ရဲ့အနောက်ကနေ ၈ မှတ်လိုက်နေပါတယ်။ ဒါပေမယ့် စီးတီးရဲ့ပြိုင်ပွဲက အာဆင်နယ်ထက် ၁ ပွဲ နည်းနေသေးတယ်။ အဲ့လက်ကျန်ပွဲလုပ်နိုင်ရင်တော့ ၅ မှတ်ပဲ ပိုနည်းသွားလိမ့်မယ်။ အချင်းချင်းတွေ့ဖို့ ၁ ပွဲကျသေးတယ်။ စီးတီးရဲ့ ကစားပွဲတွေကြည့်ပြီးပြောရင် နောက်ဆုံးအချိန်မှာ အာဆင်နယ်ကိုကျော်တက်နိုင်မယ့်အခြေနေ ရှိပါတယ်။ လက်ရှိ စီးတီးရဲ့စွမ်းဆောင်ရည်က တော်တော်ကြမ်းပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကတောင် လီဗာပူးလ်ရှေ့ကို ခြေစွမ်းပြသွားသေးတယ်။ အဓိက Grealish နဲ့တစ်ယောက်ဆိုရင် တော်တော်ပဲ ခြေစွမ်းပြနိုင်ခဲ့တယ်။ De Bruyne မှာလည်း တကယ့် world class football player အစစ်ကြီးပါဗျ။ သူ့ရဲ့ဘောလုံးထိုးပေးချက်က အရမ်းကောင်းတယ်။ ကျန်တဲ့ကစားသမားတွေကလည်း သူ့အခြေခံနဲ့သူ ကောင်းနေတယ်။ ဟာလန်း၊ ဖိုဒန်း၊ Gundogun နဲ့ ရိုဒရီတို့က အခြေနေကောင်းနေကြတုန်းဖြစ်ပါတယ်။ နောက်နှစ်ကျရင် ခံစစ်ပိုင်းနေရာ လူသစ်ထပ်ဖြည့်မယ်ဆိုရင်တော့ ဘယ်အသင်းမှ သူတို့ကို ယှဉ်လို့ရမှာမဟုတ်တော့ပါဘူး။ လက်ရှိ စီးတီးရဲ့ခံစစ်ပိုင်းက ပုံမှန်ပဲ။ ထူးချွန်တဲ့ထဲမရှိဘူး။ ဒါပေမယ့် စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်ဖို့အဓိကထားပြီး တိုက်စစ်ပိုင်းမှာပဲ Pressing ဆွဲတတ်ပါတယ်။ ပြီးတော့ ဘောလုံးကို တော်တော်လုတတ်ကြတယ်။ သူတို့ရဲ့အားသာချက်က အရမ်းကောင်းနေတော့ အားနည်းချက်ကို အလိုလိုနဲ့ ဖုံးကွယ်သွားပါတယ်။ ဒီပွဲ သူတို့ဘက်က ဘာပြောင်းလဲမှုမှမလုပ်လောက်ဘူး။ အရန်ကစားသမားနဲ့ ရောပြီးကစားလို့တောင်ရပါတယ်။ ဘယ်လိုပဲနေနေ ဆောက်သန်တမ်ထက် အရမ်းပဲပိုသာနေပါတယ်။ စီးတီးတို့က နံပါတ် ၁ အသင်းကို ဖိအားပေးဖို့အနေနဲ့ ဒီပွဲ အပီကစားကြလောက်ပါတယ်။ ဒီပွဲဟာ တစ်ဖက်က ချန်ပီယံဖြစ်ဖို့ကစားနေပြီး တစ်ဖက်က အတန်းမဆင်းအောင် ရုန်းကန်နေကြတာဆိုတော့ တော်တော်ကြည့်လို့ကောင်းမယ်ထင်ပါတယ်။ နောက်ဆုံးမှာ‌တော့ စီးတီးတို့ပဲ ၃ မှတ်ရသွားလောက်ပါတယ်။

wave 2d gaming အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ်။ ဒီနှစ်အတွင်း ၂ ပွဲတွေ့ခဲ့ကြပြီး ပထမတစ်ပွဲ စီးတီးဘက်က ၄-၀ နဲ့ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့် ဆောက်သန်တမ်တို့ ကာရာဘောင်းဖလားမှာ လက်စားပြန်ချေခဲ့ပါတယ်။ အဲ့ဖလားပွဲက စီးတီးအတွက် အမြဲရင်ခုန်ရတတ်တဲ့ဖလားလေးလဲ ဖြစ်နေတယ်။ အဲ့ပွဲက မကြာသေးပါဘူး ပြီးခဲ့တဲ့ တစ်လပိုင်းတုန်းကပါပဲ။ နှစ်သင်းစလုံးရဲ့ လက်ရှိအခြေနေကတော့ အိမ်ရှင်အသင်း လိဂ်ရဲ့ အောက်ဆုံးအဆင့်ဖြစ်နေပြီး လုံခြုံတဲ့ဇုန်ထက် ၄ မှတ် ပိုနည်းနေပါတယ်။ ဒီရာသီ ၉ ပွဲထဲပဲကျန်တဲ့အတွက် တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ပြီးတော့ ဒီပွဲပြီးတာနဲ့ အာဆင်နယ်တို့ ဘရိုက်တန်တို့ နယူးကာဆယ်တို့ ပြီတော့ လီဗာပူးလ်တို့ စောင့်နေပြီးသားဖြစ်ပါတယ်။ ဆောက်သန်တမ်ရဲ့ အခြေနေက လက်ရှိအချိန်မှာ အဓိက ခံစစ်မှူးတွေ ပျောက်ဆုံးနေပါတယ်။ အဲ့တာကြောင့် သူတို့ရဲ့တောင့်တင်းမှုတွေ ကျန်ဆင်းနေပါတယ်။ ဒီပွဲ သူတို့ရဲ့အဆင်ပြေဆုံးနေရာကတော့ Ward Prowse ရဲ့ ဘောလုံးချကစားမှုပဲဖြစ်လိမ့်မယ်။ ကျန်တဲ့နေရာ ကြောက်စရာမကောင်းပါဘူး။ မန်စီးတီးတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းတွေပြပြီး လီဗာပူးလ်အပေါ် အနိုင်ရရှိလာပါတယ်။ အသင်းထဲကအခြေနေ အဆင်သင့်တော်တော်ဖြစ်နေကြပါတယ်။ ဒီပွဲ အနိုင်ရခဲ့လို့ရှိရင် အာဆင်နယ်ကို ဖိအားတော်တော်ပေးသွားလိမ့်မယ်။ အဲ့ထက်ကောင်းတာ အာဆင်နယ်တို့ ဒီအပတ်အတွင်း အန်ဖီးလ်ကွင်းအထိ ခရီးစဉ်ဖို့ရှိနေတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့အစစအရာရာကြည့်ပြီး စီးတီးတို့ ဂိုး ၃ လုံးမှစပြီး အသာလေးနဲ့ အနိုင်ရသွားလောက်ပါတယ်။

11 Players

Southampton (5-4-1) – Bazunu – Perraud – Walker Petersen – Caleta – Bednarek – Lyanco – Armstrong – Lavia – Ward Prowse – Elyounoussi – Mara

Manchester City (3-4-2-1) – Ederson – Dias – Akanji – Ake – Rodri – Gundogun – Grealish – Silva – Stones – De Bruyne – Haaland

Missing Players

Southampton FC – Juan Larios (Unknown Injury), Armel Bella-Kotchap (Shoulder Injury), Tino Livramento (Cruciate Ligament Rupture), Kyle Walker-Peters (Hamstring Injury)

Manchester City – ဒဏ်ရာရရှိသူနဲ့ ဘန်းခံထိတဲ့သူမရှိပါ။

Facebook