vwin24

ဖူဟမ် Vs အာဆင်နယ် [12 Mar 23 - 20:30 hrs]

 vwin24  မာကိုဆေးလ်ဗားနည်းပြလက်ထဲက အိမ်ရှင်ဖူဟမ်အသင်း အခုမှဘရန်ဖိုဒ့်ကို ၂-၃ ဂိုးနဲ့ အရှုံးရရှိလာပါတယ်။ အဲ့ပွဲ သူတို့မှာ အခြေခံခြေစွမ်းကို မထိန်းနိုင်ခဲ့ကြပါဘူး။ တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်တွေ အရမ်းဖြုန်းတီးခဲ့ကြပါတယ်။ ဂိုးဖြစ်အောင် လုပ်နိုင်တော့လည်း အချိန်တောင် နည်းနည်းပဲကျန်တော့တယ်။ တစ်ချိန်ထဲ ခံစစ်ပိုင်းကလည်း လွယ်လွယ်လေးမှားယွင်းကြတယ်။ ဒါပေမယ့် အိမ်ကွင်းစံချိန်ကတော့ကောင်းပါတယ်။ အိမ်ကွင်းထဲက နောက်ဆုံး ၁၃ ပွဲထဲမှာဆိုရင် အရှုံး ၃ ပွဲလေးပဲ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ တွေ့ဖုးတဲ့ ၁၈ ပွဲတုန်းကကျတော့ အရှုံး ၁၆ ပွဲတောင် ရရှိသွားပါတယ်။ ဒီပွဲ သူတို့မှာ Layvin Kurzawa၊ Tom Cairney၊ Nisken Kebano နဲ့ Joao Palinha တို့ကို အသုံးပြုလို့မရသေးပါဘူး။ Cedric Soares နဲ့တစ်ယောက်ကလည်း ကိုယ့်မူရင်းအသင်းနဲ့ တွေ့ရမှာဖြစ်တဲ့အတွက် ဆင်းခွင့်မရပါဘူး။ ဖူဟမ်တို့ ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ Striker နေရာ Mitrovic ကို တာဝန်ပေးထားလိမ့်မယ်။ Willian, Pereira နဲ့ Solomon တို့ကျတော့ ကွင်းလယ်တိုက်စစ် တာဝန်ယူထားကြလောက်ပါတယ်။

မိုက်ကယ် အာတီတာနည်းပြလက်ထဲက အာဆင်နယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ယူရိုပါလိဂ်ပွဲစဉ်ဖြစ်ပြီး စပို့တင်းနဲ့ သရေကျလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်သီးသန့်ကြည့်မယ်ဆိုရင် ဖလားရဖို့အရမ်းနီးကပ်နေပါပြီ။ ပြိုင်ပွဲအရေအတွက်က ဘယ်လောက်မှမကျန်တော့ပဲ ရမှတ်တွေက နံပါတ် ၂ ထက် အများကြီးသာနေပါတယ်။ အဲ့တာနဲ့ သူတို့ ဒီနှစ်ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံးပဲ ဖြစ်နေပါတယ်။ အာဆင်နယ်တို့ရဲ့ အဝေးကွင်းနဲ့ နောက်ဆုံး ၇ ပွဲတုန်းက အနိုင် ၆ ပွဲ လုပ်နိုင်ခဲ့ကြပေမယ့် အဲ့ဒီ ၇ ပွဲထဲမှာ ဂိုး ၉ လုံးတောင် သွင်းခံထိသွားပါတယ်။ ဒီပွဲကတော့ သူတို့မှာ Leandro Trossard နဲ့ Eddie Nketiah တို့မပါသေးပါဘူး။ Martin Odegaard ကျတော့ အရင်တစ်ပွဲတုန်းက နေမကောင်းဖြစ်တဲ့အတွက် မပါနိုင်ပဲ ဒီပွဲ ပါမယ်ထင်ပါတယ်။ Aaron Remdel၊ Totus Parte နဲ့ Gabriel Magañez တို့လည်း ဒီပွဲ အကုန်ပဲ ပြန်ရောက်လာခဲ့ကြပါပြီ။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲ လာမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Saka, Martinelli နဲ့ Nelson တို့ ၃ ယောက်ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် ကွင်းလယ်ပိုင်းကို Odegaard, Partey နဲ့ Xhaka တို့ကိုပဲ ထိန်းကစားခိုင်းလိမ့်မယ်။

ဒီလန်ဒန်ဒါဘီတိုက်ပွဲက နံပါတ် ၁ ဖြစ်တဲ့ အာဆင်နယ်အသင်း နံပါတ် ၂ မှာရှိတဲ့ မန်စီးတီးထက် ၅ မှတ် ပိုသာပြီး နံပါတ် ၇ မှာရှိတဲ့ ဖူဟမ်ရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ ဖူဟမ်တို့က ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေမှာ တောင့်တင်းမှုရှိပါတယ်။ ပြီးတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကလည်း တော်တော်ကောင်းနေပါတယ်။ ဥရောပတိုက်ပွဲထဲပါဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ကစားပုံကစားနည်းတွေက ပြတ်သားမှုရှိတယ်။ ဂိုးသွင်းတဲ့အပိုင်း အားရစရာကောင်းပြီး တိုက်စစ်ဆင်ကစားတဲ့နေရာလည်း ကြောက်စရာကောင်းလာပါတယ်။ အာဆင်နယ်တို့ကျတော့ အခုနောက်ပိုင်း ဂိုးလွယ်လွယ်လေးနဲ့ သွင်းခံထိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ တက်ကြွမှုရှိနေတုန်းဆိုတော့ ပွဲတိုင်းပဲ အဆင်ပြေပြီး ကျော်ဖြတ်လာနိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘုန်းမောက်ကို အချိန်ပိုအတွင်းမှာပဲ အနိုင်ဂိုးသွင်းနိုင်တယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိအခြေနေကိုကြည့်ပြီးပြောရင် မနိုင်မရှုံးလေးပါပဲ။ အာဆင်နယ်ဘက်က အကျောလိုချင်တဲ့အတွက် ဒီပွဲကတည်းကစပြီး ၃ မှတ်ရအောင်ကြိုးစားလိမ့်မယ်။ ဒီပွဲကတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခဲ့ကြလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အနိုင်ရသွားမယ့်အသင်းက အာဆင်နယ်တို့ပဲ ဖြစ်ဖို့များပါတယ်။

11 Players

Fulhan (4-2-3-1): Leno; Tete, Diop, Ream, Robinson; Reed, Lukic; Willian, Pereira, Solomon; Mitrovic

Arsenal (4-2-3-1): Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Partey, Xhaka; Saka, Martinelli, Nelson

Missing players

Fulham : João Palhinha (Yellow card suspension), Neeskens Kebano (Achilles tendon rupture), Tom Cairney (Ankle Injury), Layvin Kurzawa (Sideband tear)

Arsenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury), L.Trossard (Groin Injury), E. Nketiah (Knock Injury)

Facebook

အိမ်ရှင်မန်ယူအသင်း နောက်ဆုံးတစ်ပွဲကမှ ရှက်စရာအရမ်းကောင်းတဲ့ ရှုံးနိမ့်မှုနဲ့ ကြုံခဲ့ရပါတယ်။ အဲ့ပွဲ လီဗာပူးလ်ကို အန်ဖီးလ်ကွင်းနဲ့ ၇-၀ တောင် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့လို အနီရောင်တိုက်ပွဲဖြစ်တဲ့အတွက် ရှုံးမယ်ဆိုရင်လည်း ၇-၀ အထိ မရှုံးသင့်ပါဘူး။ မန်ယူဖြစ်ဖြစ် လီဗာပူးလ်ဖြစ်ဖြစ် အဲ့သွင်းဂိုးအရေအတွက်နဲ့ မရှုံးသင့်ပါဘူး။ ဘယ်သူက အဆင့်ပိုမြင့်လည်းဆိုတာထက် ဂုဏ်သရေပြိုင်ပွဲကြီးဖြစ်နေပါတယ်။ ဒီသွင်းဂိုးအရေအတွက်နဲ့ရှုံးတာ နှစ်ပေါင်း ၁၀၀ ထဲက ပထမဦးဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ထပ်ဖြစ်ဦးမလားမသိဘူး။ ဘာပဲပြောပြော လက်ရှိမန်ယူကစားသမားအဖွဲ့အစုက ဒီသမိုင်းကို ရေးတားလိုက်ပါပြီ။ တစ်ပွဲလေးပဲဆိုပြီး ပြောချင်တဲ့သူရှိမှာပဲ ဒါပေမယ့် သေသေချာချာကြည့်ရင် လက်ရှိမန်ယူရဲ့ကစားသမားတွေရဲ့စိတ်ဓာတ်က ရဲတင်းမှုမရှိဘူးဖြစ်နေတယ်။ စိတ်အရမ်းပျော့ကြတယ်။ နည်းနည်းတောင်ထိလို့မရဘူးဖြစ်နေတယ်။ တစ်ပွဲလုံးကိုမှ ကီလိုမီတာ ၉၀ လေးပဲပြေးကြတယ်။ ဘရန်ဖိုဒ့်ကိုရှုံးလာကတည်းကစပြောရင် အနည်းဆုံးအကွာအဝေးပဲဖြစ်ပါတယ်။ တစ်သင်းလုံးပဲမအောင်မြင်ကြဘူး။ ကိုယ့်ဆီကဘောလုံး ဖြတ်လုခံရပြီဆိုတာနဲ့ ပြန်ယူဖို့မလိုက်ကြတော့ဘူး။ ကိုယ့် Position ကိုယ်လည်း မထိန်းနိုင်ကြဘူး။ တတိယဂိုးသွင်းခံထိသွားကတည်းက ကစားဖို့စိတ်တောင် ပျောက်ကင်းသွားနေကြပါပြီ။ အသင်းကပ္ပတိန်ကလည်း ကပ္ပတိန်မဟုတ်တဲ့အတိုင်းဖြစ်သွားတယ်။ ကမ္ဘာ့အဆင့်နဲ့ခံစစ်ပိုင်းလည်း ရွာကခံစစ်မှူးလိုမျိုးဖြစ်သွားတယ်။ ကမ္ဘာ့အဆင့်ရှိတဲ့ ကွင်းလယ်ပိုင်းရဲ့ ကစားပွဲကြိုတင်ခန့်မှန်းချက်ကလည်း ပွဲစစလာချင်းကတည်းက ပိတ်ပင်ခံခဲ့ရပါတယ်။ အဲ့ပွဲ ဘယ်သူက ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ လီဗာပူးလ်ဘက်က ပိုသာတယ်လို့မဟုတ်ပါဘူး။ မန်ယူတို့ရဲ့ ကစားချင်စိတ်က ပျောက်ဆုံးသွားလို့ပါ။ အဲ့ပွဲ ပြောချင်စရာအကောင်းဆုံးကစားသမားကတော့ ဘရူနိုပဲ သူ့က ကစားကိုမကစားတော့တာ ဘောလုံးကိုမလိုက်ဘူး ဖိအားမပေးဘူး ဘာမှမထိန်းခဲ့ပါဘူး။ အဲ့တာနဲ့ပဲ ဂန္နဝင်ကစားသမား တော်တော်များများက သူ့ရဲ့ကပ္ပတိန်လက်မောင်းစွပ်ကိုပြန်သိမ်းဖို့ တိုက်တွန်းခဲ့ကြလေရော။ အဲ့ပွဲ သူ့မှာ ပရော်ဖက်ရှင်နယ်မဆန်ဘူး အဲ့လိုမျိုးဖြစ်နေရင် လီဗာပူးလ်မပြောနဲ့ ဘရိုက်တန်တို့ ဖူဟမ်တို့နဲ့တွေ့ရတာ‌တောင် ရှုံးသွားနိုင်တယ်။ ဒီပွဲကတော့ သိတဲ့အတိုင်းပါပဲ။ ပျော့ပြောင်းနေတဲ့စိတ်ကို သန်မာအောင်လုပ်ရမယ် ဦးတည်ချက်ရှိရမယ်။ ဒီနေရာကတော့ တန်ဟက်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ မဟုတ်ရင်တော့ ထပ်ခံရဖို့ရှိပါတယ်။ ဒီပွဲ ဆောက်သန်တမ်နဲ့တွေ့ရမယ့်နေရာ မလွယ်ပါဘူး။ သူတို့က အတန်းမဆင်းဖို့အရေး ရုန်းကန်နေကြပါတယ်။ မန်ယူဘက်က ခြေစွမ်းကျဆင်းနေမှန်းသိတော့ အပီကစားလိမ့်မယ်။ အဲ့တာနဲ့ပဲ ဒီပွဲ မန်ယူတို့မှာ အနိုင်ရသွားတဲ့အထိ မဖြစ်နိုင်လောက်သေးဘူး။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ သရေကျရုံပဲ ထိန်းလို့ရမယ်ထင်ပါတယ်။

 vwin24 ဆောက်သန်တမ်တို့ကျတော့ ဒီနှစ်အတွင်း ထင်ထားတာထက် နည်းနည်းလွဲနေပါတယ်။ မထင်မှတ်ပဲ အတန်းဆင်းမယ့်ထဲပါနေရော။ အမှန်ဆိုရင် ဆောက်သန်တမ်တို့က အဆင့်ဇယားထဲမှာ အလယ်ပိုင်းကနေ အပေါ်ပိုင်းနီးနီးမှာ ရပ်တည်နေတတ်ပါတယ်။ အဲ့တာနဲ့ သူတို့မှာ စွမ်းဆောင်ရည်ကျဆင်းနေမှန်း မြင်ခဲ့ရပါတယ်။ အိမ်ကွင်းနဲ့ပွဲတွေပဲဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် အဆင်မပြေဘူးဖြစ်နေတယ်။ တိုက်စစ်မှူးတွေက ဂိုးသွင်းမပေးနိုင်ဘူး။ ဒီရာသီ ၂၅ ပွဲဆင်းကစားပြီး သွင်းဂိုး ၂၀ လေးပဲ လုပ်နိုင်ခဲ့တယ်။ သွင်းခံထိတဲ့ဂိုးအရေအတွက်ကျတော့ ၄၁ လုံးတောင်ရှိပါတယ်။ အခုနောက်ပိုင်းအခြေနေကတော့ နည်းနည်းပြန်ကောင်းပါတယ်။ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် အနိုင် ၂ ပွဲ လုပ်နိုင်ပါတယ်။ အခု ရာသီရဲ့ နောက်ဆုံးကာလကျရောက်လာပြီး အတန်းမဆင်းအောင် အသက်ကုန်ရုန်းကန်နေကြပါတယ်။ အရှုံးနဲ့မတိုးဖို့ တတ်နိုင်သလောက် ကြိုးစားရမယ်။ ကြီးမားတဲ့အသင်းနဲ့တွေ့ရင် ခံစစ်ပိတ်ပြီး ၁ မှတ်လောက်ရအောင် ကြိုးစားရမယ်။ အတန်းဆင်းမယ့်ထဲကအသင်းနဲ့ တွေ့ရင်တော့ ၃ မှတ်ရအောင်လုပ်ရလိမ့်မယ်။ ဒီရာသီ သူတို့မှာ ကစားဖို့ ၁၃ ပွဲထဲပဲကျန်ပြီး တောင့်တင်းမှုရှိတဲ့အသင်းနဲ့ ၇ ပွဲတောင် တွေ့ဖို့ရှိပါတယ်။ ဒီပွဲကစပြီး နောက်ပွဲတွေမှာ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ ဘရိုက်တန်၊ လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ပဲ ဖြစ်ပါတယ်။ အဲ့တော့ သူတို့မှာ အရင်တစ်ပွဲတုန်းက လက်စတာအပေါ် ၁-၀ ဂိုးနဲ့ အနိုင်ရသွားသလို ပွဲတိုင်းပဲ ခြေစွမ်းပြုနိုင်ဖို့လိုလိမ့်မယ်။ ဒီပွဲ ခံစစ်ပိုင်းက မာနေဖို့လိုပါတယ်။ ကွင်းလယ်ပိုင်းက ဘောလုံးကို တတ်နိုင်သလောက် ဖြတ်ချုပ်ရမယ်။ တိုက်စစ်ပိုင်းကလည်း တတ်နိုင်သလောက် ဖောင်းတွေရအောင် ကြိုးစားရမယ်။ Set Piece ဘောနဲ့ တိုက်စစ်ဆင်လို့ရရင် အဆင်ပြေတယ်။ ဆောက်သန်တမ်တို့ ဒီပွဲ ၁ မှတ်ရဖို့ရှိပါတယ်။ အခုနောက်ပိုင်း မန်ယူနဲ့တွေ့ရင် သရေကျသွားတာများနေတယ်။ မန်ယူတို့က Pressing အရမ်းဆွဲတတ်တဲ့အသင်းနဲ့ ခံစစ်အရမ်းပိတ်ထားတဲ့အသင်းတို့လိုမျိုးကို အရမ်းမုန်းပါတယ်။ အဲ့၂ ချက်က ဆောက်သန်တမ်မှာရှိပြီးသားပါ။ ပြီးတော့ အိမ်ရှင်ရဲ့အားနည်းချက်က Set Piece ဘောပဲဖြစ်နေတယ်။ အဲ့တော့ ဒီပွဲ ဆောက်သန်တမ်ရဲ့ အရေးကြီးဆုံးကစားသမားက Ward Prowse ပဲ ဖြစ်လိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်ကပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၀ ပွဲစံချိန်ကိုယူကြည့်မယ်ဆိုရင် သရေ ၆ ပွဲတောင် ဖြစ်ပေါ်ခဲ့ပါတယ်။ ကျန်တဲ့ ၄ ပွဲကတော့ မန်ယူဘက်က အနိုင်ရရှိသွားပါတယ်။ ဒီနှစ်မှတော့ နှစ်သင်းစလုံးရဲ့ဦးတည်ချက်နဲ့ စွမ်းဆောင်ရည်က တူမနေကြပါဘူး။ မန်ယူတို့က အခု လိဂ်ရဲ့နံပါတ် ၃ ဖြစ်ပြီး ဆောက်သန်တမ်တို့ကျတော့ အဆင့် ၁၉ ဖြစ်နေပါတယ်။ ရာသီရဲ့ နောက်ဆုံးကာလထဲကျရောက်နေပြီဖြစ်တဲ့အတွက် အတန်းမဆင်းအောင် အသက်ကုန်ရုန်းကန်နေကြပါတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ထူးခြားချက်ကိုကြည့်မယ်။ မန်ယူဘက်က Rashford ပဲ ဖြစ်လိမ့်မယ်။ သူက ဂိုးတွေဆက်တိုက်သွင်းပေးနေပါတယ်။ လီဗာပူးလ်ကို ၇-၀ နဲ့ရှုံးပြီး ဂိုးတစ်လုံးမှ ပြန်မသွင်းနိုင်ခဲ့ပေမယ့် ဘာပဲပြောပြော တိုက်စစ်ပိုင်းမှာ Rashford ကိုပဲ အားကိုးရမှာပါ။ ခံစစ်ပိုင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက စုတ်ပြတ်သတ်တဲ့အတွက် တန်ဟက်က အချို့နေရာ ပြောင်းလဲမှုရှိလိမ့်မယ်။ ကာစီမီရိုနဲ့ လုရှောတို့ကတော့ မဖြစ်မနေ အသုံးပြုနေရဦးမှာပဲ။ သူတို့နဲ့ ဘယ်သူက လာတွဲကစားမလဲပဲကြည့်ရလိမ့်မယ်။ မန်ယူတို့ ယုံကြည်မှုတွေပြန်ခေါ်ဖို့အနေနဲ့ အပီကစားခဲ့ကြလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်မက်လေးကတော့ မဖြစ်နိုင်လောက်တော့ပါဘူး။ အမှတ်တွေအရမ်းကွာနေလို့ပါ။ အဲ့တော့ အမှတ်တွေ တောက်လျှောက်ကောက်သိမ်းပြီး နံပါတ် ၃ နဲ့ပဲ ပြီးသွားလိမ့်မယ်။ ဆောက်သန်တမ်တို့ကျတော့ အထူးခြားဆုံးက Ward Prowse ရဲ့ Set Piece ဘောပဲဖြစ်လိမ့်မယ်။ သူ့ခြေထောက်က တော်တော်တိကျတယ်။ အဲ့တော့ အရေးကြီးတဲ့ဧရိယာမှာ ဖောင်းခေါ်နိုင်ရင်တော့ မန်ယူအတွက် လန့်ချင်စရာကောင်းလိမ့်မယ်။ နောက်တစ်ယောက်ကတော့ ဘယ်လ်လာလေးနဲ့တစ်ယောက်ပါပဲ အခုနောက်ပိုင်း သတင်းတွေ သိပ်မကောင်းပေမယ့် အပြေးကတော့ အရမ်းမြန်ပါတယ်။ တောင့်တင်းမှုလည်းရှိတယ်။ Rashford နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒါအားလုံးဟာ နှစ်သင်းစလုံးရဲ့ထူးခြားချက်တွေဖြစ်ပါတယ်။ ယှဉ်ကြည့်လိုက်ရတော့ အိမ်ရှင်ဘက်က ပိုသာပါတယ်။ ဒါပေမယ့် ဧည့်သည်အသင်းကလည်း မရှုံးချင်ကြပါဘူး။ အဲ့တော့ သူတို့ အိမ်ရှင်နဲ့ တတ်နိုင်သလောက် ကြိုးစားလိမ့်မယ်။ ဒီလို အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အသင်းက ကြောက်စရာကောင်းပါတယ်။ ဒီပွဲကတော့ မန်ယူတို့ အကောင်းဆုံးလုပ်နိုင်ရင် သရေပဲဖြစ်လိမ့မယ်။

11 Players

Man Utd (4-2-3-1) – De Gea – Wan Bissaka – Malacia – Shaw – Lindelof – Casemiro – Sabitzer – Rashford – Sancho – Garnacho – Wenghorst

Southampton (4-2-3-1) – Bazunu – Walker Petersen – Bendarek – Bella – Lavia – Ward Prowse – Sulemana – Alcaraz – Elyounoussi – Adam

Missing Players

Manchester United – Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Southampton FC – Tino Livramento (Cruciate Ligament Rupture), Juan Larios (Unknown Injury)

Facebook