VKyat

ဝက်စ်ဟမ်း Vs အာဆင်နယ် [16 Apr 23 - 19:30 hrs]

VKyat  ဝက်စ်ဟမ်းအသင်း အခုလက်ရှိ လိဂ်ထဲမှာ အဆင့် ၁၄ ဖြစ်ပြီး လက်ထဲမှာ အမှတ် ၃၀ ပိုင်ဆိုင်ထားပါတယ်။ အရင်နှစ်တုန်းက စွမ်းဆောင်ရည်ပိုကောင်းပါတယ်။ ဒီနှစ်မှာ အခြေနေသိပ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်နဲ့တော့ သူတို့ အတန်းဆင်းသွားမယ်မထင်ပါဘူး။ အခြားအသင်းတွေထက် ပြိုင်ပွဲ ၁ ပွဲနည်းပြီး အဲ့ပွဲ အနိုင်ရခဲ့လို့ရှိရင် အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်တောင် သာသွားလိမ့်မယ်။ ပြီးတော့ သူတို့ထက် အဆင့်နိမ့်တဲ့အသင်းတွေကလည်း အချင်းချင်းတွေ့ဖို့ရှိကြသေးတယ်။ အဲ့တော့ သူတို့ရဲ့ ပရီးမီးယားလိဂ်လမ်းခရီးက ထင်သလောက် ကြမ်းတမ်းမနေပါဘူး။ ဒီပွဲ အသင်းထဲက အခြေနေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ အဓိက ကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ Bowen နဲ့တစ်ယောက်က ဒီနှစ်မှာ တော်တော်တိတ်ဆိတ်နေပါတယ်။ အရင်နှစ်လောက်မကြမ်းပါဘူး။ Antonio နဲ့ Benrahma တို့ရောပဲ တော်တော်တိတ်ဆိတ်နေကြပါတယ်။ အသစ်ရောက်လာတဲ့ Lucas Paqueta မှာလည်း အခုထိ ခြေစွမ်းမပြနိုင်သေးပါဘူး။ ပြဖို့အခြေနေတော့ ရှိပါသေးတယ်။ ဒါပေမယ့် ဘရာဇီးနဲ့ ကစားတုန်းကဟာကိုကြည့်ပြီး ပြောတာပါနော်။ ဝက်စ်ဟမ်းတို့ရဲ့လက်ရှိအခြေနေက အဆင်သင့်ဖြစ်နေတဲ့အတွက် အာဆင်နယ်တို့ ပေါ့ဆလို့မရပါဘူး။ အာဆင်နယ်တို့က ဒီပွဲမှာ မှားယွင်းခဲ့ရင်တော့ ချန်ပီယံဖြစ်မယ့်ကိစ္စနဲ့ အရမ်းထိခိုက်သွားလိမ့်မယ်။ ဝက်စ်ဟမ်းရဲ့ ဒီနှစ်အတွင်း အိမ်ကွင်းနဲ့ ၁၅ ပွဲကစားပြီး အနိုင် ၆ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၆ ပွဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့နေရာကတော့ အဲ့ဒီ ၁၅ ပွဲမှာ ဂိုး ၁၉ လုံးပဲ သွင်းခံထိခဲ့ပါတယ်။ အမှန်တော့ များပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကျဆင်းနေတဲ့အသင်းတွေထက်ဆိုင်ရင်တော့ မဆိုးပါဘူး။

အာဆင်နယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက မှားပြီး ၂ မှတ်ပျောက်ဆုံးသွားပါတယ်။ အဲ့ပွဲ လီဗာပူးလ်နဲ့တွေ့ပြီး သရေကျလာလို့ပါ။ ဘာကြောင့် အမှားလို့ပြောသလဲဆိုရင် အဲ့ပွဲ သူတို့ဘက်က ဂိုး ၂ လုံး အရင်ကျောနိုင်လို့လေ။ နောက်ဆုံးမှာတော့ အန်ဖီးလ်ကွင်းရဲ့အစွမ်းအစကိုထိပြီး ၂-၂ သရေကျလာပါတယ်။ အဲ့နေရာ ဒီရာသီရဲ့ ပြောင်းလဲမှုပဲလို့တောင် ယူဆလို့ရပါတယ်။ သူတို့က ကိုယ့်ဘဝကို ကြိုက်သလို ဖန်တီးလို့မရတော့ပါဘူး။ မန်စီးတီးထက် အမှတ်များပေမယ့် ကိုယ့်ဘဝကို ကြိုက်သလိုဖန်တီးလို့မရတာ တော်တော်ထူးဆန်းပါတယ်။ ဒါပေမယ့် သေသေချာချာကြည့်ရင်တော့ သူတို့နဲ့အတူ ချန်ပီယံလုယက်နေတဲ့အသင်းက မန်စီးတီးကြီးဖြစ်နေလို့လေ။ အဲ့ပွဲ အာဆင်နယ်ဘက်က အရမ်းကြိုးစားပြီး ရာသီရဲ့ နောက်ဆုံးတိုက်ပွဲသဘောထားကစားရင်တော့ လီဗာပူးလ်တို့ ဂိုးပြန်သွင်းနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် သူတို့မှာ အဲ့လောက်ထိ အတွေ့ကြုံမရှိသေးတာလည်းပါတယ်။ ဒီပွဲကတော့ သူတို့အပီကစားလောက်ပါတယ်။ ဒီပွဲက ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် မလွယ်ပါဘူး၊ ဒါပေမယ့် အာဆင်နယ်တို့ လုပ်နိုင်ခဲ့ရင်တော့ ရာသီကုန်တဲ့အထိ မန်စီးတီးနဲ့ ချန်ပယံလုယက်ခဲ့ရလိမ့်မယ်။ အသင်းရဲ့အခြေနေကတော့ ပြသာနာမရှိပါဘူး။ တိုက်စစ်မှူးတွေအားလုံးက အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ကွင်းလယ်ပိုင်းက အခုတလော တော်တော်အဆင်ပြေပါတယ်။ ခံစစ်ပိုင်းလည်း အားရစရာကောင်းပါတယ်။ ဂိုးသမားလည်း အရမ်းပဲကောင်းနေတယ်။ အဲ့ဒီတော့ ဒီပွဲ အာဆင်နယ်ဘက်က အနိုင်ရသွားဖို့အခြေနေရှိပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်က အမြဲပဲပိုသာပါတယ်။ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲတုန်းက အာဆင်နယ်တို့ ၈ ပွဲတောင် အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့နှစ်ပွဲမှာ သရေ ၁ ပွဲနဲ့ ဝက်စ်ဟမ်းကို ၁ ပွဲ ရှုံးသွားပါတယ်။ ဒီလိုဒါဘီတိုက်ပွဲက ပွဲတိုင်းပဲကြည့်ကောင်းပါတယ်။ ဒီရာသီ တစ်ပွဲတွေ့ခဲ့ဖူးပြီး အာဆင်နယ်ဘက်က အိမ်ကွင်းနဲ့ ၃-၁ အရင်နိုင်ထားပါတယ်။ အဲ့ပွဲ ဝက်စ်ဟမ်းဘက်က ဂိုး ၁ လုံးအရင်သွင်းနိုင်ပြီးမှ ၃ လုံးဆက်တိုက် ပြန်သွင်းခံထိခဲ့ပါတယ်။ အဲ့ပွဲ အာဆင်နယ်ဘက်က ကစားပုံကစားနည်း တော်တော်ပဲ ပိုသာခဲ့တယ်။ အာဆင်နယ်တို့ ဒီနှစ်အတွင်း ချန်ပီယံနေရာ ကောင်းကောင်းလေး လုယက်နေပါတယ်။ ဒါပေမယ့် လီဗာပူးလ်နဲ့ သရေကျသွားတဲ့အတွက် ချန်ပီယံနေရာ တုန်လှုပ်သွားပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးထက်တော့ နည်းနည်းသာပါသေးတယ်။ မန်စီးတီးက သူတို့ထက် ပြိုင်ပွဲ ၁ ပွဲနည်းနေပေမယ့် အဲ့ဒီလက်ကျန်ပွဲကို အနိုင်ရဖို့ လုံးဝသေချာတယ်တော့မဟုတ်ပါဘူး။ အဲ့တာကြောင့် အာဆင်နယ်တို့အတွက် ချန်ပီယံနေရာ ရင်ခုန်လို့ရပါသေးတယ်။ ဝက်စ်ဟမ်းတို့ကျတော့ အခုတလော လက်ထဲမှာ အမှတ် ၃၀ ရှိပြီး အဆင့် ၁၄ မှာ ရောက်ရှိနေပါတယ်။ အတန်းဆင်းမယ့်ထဲတော့ ပါနေတုန်းပဲလို့ ယူဆနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနှစ်ထဲမှာ အဆင့် ၁၃ ကနေ အဆင့် ၂၀ အထိ အတန်းဆင်းနိုင်တဲ့အခြေနေ ရှိနေကြတုန်းဖြစ်ပါတယ်။ အဲ့ဒီတော့ ဝက်စ်ဟမ်းတို့မှာလည်း အတန်းဆင်းမယ့်ထဲ ပါနိုင်သေးတယ်။ ဒါပေမယ့် သူတို့မှာ လက်ကျန်တစ်ပွဲရှိပြီး အနိုင်ရခဲ့လို့ရှိရင်တော့ အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်သာသွားလိမ့်မယ်။ အဲ့ခါကျမှ အတန်းဆင်းမယ့်ထဲပါဖို့ နည်းနည်းစိတ်အေးရပါတယ်။  ဒီပွဲ နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ တစ်သင်းက အတန်းမဆင်းဖို့ရုန်းကန်နေပြီး တစ်သင်းက ချန်ပီယံနေရာ ရင်ခုန်နေပါတယ်။ ပြီးတော့ ဒါဘီတိုက်ပွဲပါဖြစ်နေတဲ့အတွက် တော်တော်ပဲဆူပူလိမ့်မယ်။ ဝက်စ်ဟမ်းရဲ့အားကိုးရာကတော့ Rice ပဲဖြစ်ပါတယ်။ သူက ခံစစ်ပိုင်းကို တောင့်တင်းမှုရှိအောင် လုပ်ပေးနိုင်တယ်။ အာဆင်နယ်ရဲ့အားကိုးရာကျတော့ တိုက်စစ်မှူး ၃ ယောက် Martinelli၊ Saka နဲ့ Jesus တို့ပဲ ဖြစ်ပါတယ်။ အစစအရာရာကြည့်ပြီး အာဆင်နယ်တို့ပဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Westham United (4-4-1-1) – Fabianski – Cresswell – Ogbonna – Zouma – Coufal – Rice – Soucek – Bowen – Fornals – Antonio – Benrahma

Arsenal (4-2-3-1) – Ramsdale – Zinchenko – Magalhaes – Holding – White – Partey – Xhaka – Odegaard – Martinelli – Saka – Jesus

Missing Players

West Ham United – ဘန်းခံထိတဲ့သူနဲ့ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

Arsenal FC – Mohamed Elneny (Knee Injury), Eddie Nketiah (Ankle Injury), Takehiro Tomiyasu (Knee Surgery)

Facebook

Steve Cooper နည်းပြလက်ထဲက နော်တင်ဟမ်ဖောရက်စ်အသင်း အခုမှ အက်စတွန်ဗီလာနဲ့တွေ့ပြီး ရှုံးလာပါတယ်။ ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိနေပါတယ်။ Giulian Biancone၊ Cheikhou Kouyaté နဲ့ O.Richards တို့ မပါနိုင်တာ လုံးဝသေချာသွားပါပြီ။ Lenan Lodi၊ Gustavo Scarpa၊ Ryan Yates နဲ့ Cher Aurier တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ ကျန်တော့တယ်။ ဒီပွဲ သူတို့မှာ ခြေစွမ်းကောင်းတဲ့ ခရစ်ဝုဒ်ကို အသုံးပြုလို့မရသေးပါဘူး။ သူ့မှာ ဒဏ်ရာပြင်းထံစွာရရှိခဲ့ပြီး တော်တော်ကြာကြာ အနားယူဖို့ရှိနေပါတယ်။ D. Henderson ကျတော့ ဒီလကုန်ခါနီးမှ ပြန်လာမယ်ထင်တယ်။ Willy Boly နဲ့တစ်ယောက်ကျတော့ ရာသီမကုန်ခင် နောက်ဆုံးတစ်ပွဲမှ ပြန်လာမယ်ထင်တယ်။ Cheikku Kouyate၊ Musa Nyagate နဲ့ Gustavo Scarpa တို့ကျတော့ ကစားကွင်းထဲပြန်ဆင်းဖို့အချိန် သတ်မှတ်ထားတာမရှိသေးပါဘူး။ ဒါအပြင် Serge Aurier နဲ့ Ryan Yates တို့ ဒီပွဲ ပါချင် ပါလိမ့်မယ်။ ဖောရက်စ်တို့ ဒီပွဲ ၄-၃-၂-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Gibbs-White ကိုတာဝန်ပေးထားပြီး ကွင်းလယ်တိုက်စစ်နှစ်ယောက် Jonjo Shelvey နဲ့ Brennan Johnson တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

VKyat အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူတို့ကျတော့ အခုမှ ယူရိုပါလိဂ်တိုက်ပွဲမှာ ဆီဗီလာနဲ့ ၂-၂ သရေကျလာပါတယ်။ လိဂ်ထဲကအခြေနေကျတော့ ၂၉ ပွဲကစားပြီး ၅၆ မှတ်လေးနဲ့ အဆင့် ၄ မှာ ရောက်ရှိနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်အပေါ် ၂-၀ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲ သူတို့မှာ Lisandro Martínez ကို အသုံးပြုလို့မရသေးပါဘူး။ တော်တော်ကြာကြာ အနားယူဖို့ရှိပါတယ်။ ဝါရန်းနဲ့တစ်ယောက်မှာလည်း ဒဏ်ရာရထားတဲ့အတွက် ၂ ပတ် ၃ ပတ်လောက်တော့ အနားယူရမယ်ထင်တယ်။ နောက်ပြီး ဒီပွဲ Donny van de Beek၊ Marcus Rashford၊ Alejandro Garnacho နဲ့ Tom Heaton တို့ မပါနိုင်သေးပါဘူး။ လုရှောနဲ့ Scott McTominay တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုတော့တယ်။ သတင်းကောင်းတစ်ခုကတော့ သူတို့ ကာစီမီရိုကို ပြန်ရလာပါပြီ။ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်နဲ့ပဲကစားမယ်ထင်တယ်။ အနောက်တန်းကွင်းလယ်မှာ Lindelof နဲ့ Maguire တို့အတွဲကို ဆင်းထိန်းခိုင်းပြီး Eriksen ကိုပါ အသုံးပြုဖို့ရှိပါတယ်။ ပြီးရင် ဂိုးသွင်းဖို့နေရာကျတော့ Wout Weghorst ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ သူ့အနောက်မှာ အန်တိုနီ၊ ဘရူနိုနဲ့ ဆန်ချိုတို့ကို အထောက်အကူလုပ်ဖို့ ချထားလောက်ပါတယ်။

မန်ယူအသင်း ဆီဗီလာနဲ့ပွဲပြီးသွားတော့ ပရီးမီးယားလိဂ်တိုက်ပွဲတစ်ပွဲပါ ထပ်ပြီး ဆင်းကစားခဲ့ရပါတယ်။ အခု သူတို့ လိဂ်ထဲမှာ အဆင့် ၄ ဖြစ်ပြီး လက်ထဲမှာ ၅၆ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဆင့် ၅ မှာရှိတဲ့ စပါးထက် ၃ မှတ် ပိုသာနေပါတယ်။ ဒါပေမယ့် စပါးက မန်ယူထက် ပြိုင်ပွဲတစ်ပွဲ ပိုများပါတယ်။ မန်ယူအသင်း ဒီပွဲ အဆင့် ၁၈ မှာရှိတဲ့ ဖောရက်စ်ရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ ဖောရက်စ်တို့ ၂ လပိုင်းကတည်းက အခုထိ တစ်ပွဲမှမနိုင်သေးပါဘူး။ နောက်ဆုံး ၉ ပွဲတုန်းကဆိုရင် ၃ မှတ်လေးပဲ ကောက်သိမ်းနိုင်တယ်။ နောက်ဆုံးတစ်ပွဲကမှ အက်စတွန်ဗီလာကို ၂-၀ နဲ့ ရှုံးလာပါတယ်။ အဲ့ဒီတော့ သူတို့လက်ထဲမှာ ၂၇ မှတ် ပိုင်ဆိုင်ထားပြီး အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။ သူတို့ရမှတ်က အဆင့် ၁၇ မှာရှိတဲ့ အဲဗာတန်နဲ့အတူတူပဲဖြစ်ပါတယ်။ ဒီပွဲ မန်ယူဘက်က ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ ဖောရက်စ်တို့ကျတော့ ရွေးချယ်စရာနည်းလမ်းသိပ်မရှိပါဘူး။ အတန်းဆင်းမယ့်ထဲကနေ လွတ်မြောက်ချင်ရင်တော့ အိမ်ကွင်းနဲ့ မန်ယူကို တက်ထောင်းမှရမယ်။ အဲ့တာနဲ့ပဲ ဒီပွဲ မန်ယူဘက်က တိုက်စစ်ဆင်ပြီးကစားခဲ့ကြလိမ့်မယ်။ ဖောရက်စ်တို့ကျတော့ ခံစစ်ပိတ်ပြီး အပြေးမြန်တဲ့တိုက်စစ်မှူးနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ အခုနောက်ပိုင်း စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် ဖောရက်စ်ဘက်က ကြည့်လို့တောင်မရပါဘူး။ မန်ယူရဲ့ အဆင်သင့်ပိုင်းက ဖောရက်စ်ထက်အားနည်းပေမယ့် ဖောရက်စ်ကိုတော့ ရှုံးသွားမယ်မထင်ပါဘူး။ မန်ယူမှာ ဂိုးဖန်တီးရှင်ဖြစ်တဲ့ Rashford မရှိပေမယ့် မာရှယ်လ်နဲ့တော့ အဆင်ပြေနိုင်ပါတယ်။ ဒီပွဲ မှားယွင်းမှုမရှိရင်တော့ မန်ယူတို့ပဲ အနိုင်ရသွားလိမ့်မယ်။

11 Players

Nottingham Forest(4-3-2-1):  avas; Williams, Worrall, Felipe, Toffolo; Freuler, Danilo, Mangala; Gibbs-White, Johnson; Dennis

Manchester United (4-2-3-1) : De Gea; Dalot, Lindelof, Maguire, Malacia; Fernandes, Casemiro, Eriksen; Antony, Martial, Sancho

Missing Players

Nottingham Forest:   Cheikhou Kouyaté (Hamstring Injury), Willy Boly (Hamstring Injury), Chris Wood (Hamstring Injury), Giulian Biancone (Knee Injury), S.Aurier, Gustoavo Scarpa (Knock Injury),M.Niakhate (Muscle Injury),D. Henderson(Muscle Injury), R.Yates(Shoulder Injury),Renan Lodi (Knock Injury),O.Richards (Leg Injury)

Manchester United :  Marcus Rashford (Unknown Injury), Alejandro Garnacho (Ankle Injury), Lisandro Martínez (Hand fracture), Donny van de Beek (Knee Injury),L.Sahw (Muscle Injury)

Facebook