vip168mm

အာဆင်နယ် Vs အဲဗာတန် [1 Mar 23 - 02:15 hrs]

vip168mm အိမ်ရှင် အာဆင်နယ်အသင်း ထစ်ခနဲခြေစွမ်းကျဆင်းခဲ့ဖူးပြီး အဲဗာတန်ကိုရှုံးသွားခဲ့ဖူးပါတယ်။ အာဆင်နယ်အသင်း အခုတလော ၄ ပွဲကစားပြီး အနိုင် ၁ ပွဲလေးပဲ လုပ်နိုင်ကြတယ်။ ပြီးတော့ နောက်ဆုံး ၁၆ ပွဲထဲမှာ Clean sheet ၂ ခါထဲပဲ ကောက်သိမ်းနိုင်ပါတယ်။ အခု ပရီးမီးယားလိဂ်ထဲက နံပါတ် ၂ အသင်းကို ၂ မှတ်ပိုသာနေတယ်။ ပြိုင်ပွဲအရေအတွက်ကျတော့ ၁ ပွဲ ပိုနည်းပါတယ်။ အဲ့ဒီလက်ကျန်တစ်ပွဲကိုပါ အနိုင်ရသွားရင်တော့ နံပါတ် ၂ ထက် အမှတ်တော်တော်သာသွားလိမ့်မယ်။ အာဆင်နယ်တို့ရဲ့တိုက်စစ်ပိုင်းက အရမ်းကောင်းပါတယ်။ ခံစစ်ပိုင်းကသာ ညံ့နေတယ်။ ပွဲတိုင်းပဲ ဂိုးသွင်းခံထိတတ်ပါတယ်။ အဲ့ဒီတော့ ဒီနေရာလေးကို အာတီတာပြုပြင်ဖို့လိုလိမ့်မယ်။ ဒီပွဲ အသင်းထဲမှာ Gabriel Jesus နဲ့ Mohamed Elneny တို့ဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ ဒါပေမယ့် သောမတ်စ် ပါတေးကတော့ ဒီပွဲ ပြန်ဆင်းနိုင်နေပါပြီ။ အရင်တစ်ပွဲတုန်းက သူ့မှာ အရန်ထိုင်ခုံမှာပဲ ဆင်းထိုင်ခဲ့ရပါတယ်။ သူက ကွင်းလယ်ပိုင်းကို ပိုမိုတောင့်တင်းမှုရှိအောင် လုပ်ပေးနိုင်ပါတယ်။ အာကြီးတို့ ဒီပွဲ ၄-၃-၃ စနစ်ကို အသုံးမယ်ထင်တယ်။ တိုက်စစ်ပိုင်းနေရာ Saka, Martinelli နဲ့ Trossard တို့ကိုပဲ အသုံးပြုသွားမယ်ထင်ပါတယ်။

အဲဗာတန်တို့ကျတော့ အသင်းနည်းပြအသစ်ပြောင်းပြီး ၄ ပွဲမှာ အနိုင် ၂ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အနိုင်ရသွားတဲ့ ၂ ပွဲထဲမှာ အာဆင်နယ်ကို ၁ ပွဲ နိုင်ထားတာရှိပါတယ်။ အဲဗာတန်တို့ရဲ့ အခုတလောစွမ်းဆောင်ရည်ကတော့ တက်လိုက် ဆင်းလိုက်ပဲ ဖြစ်နေတယ်။ ပရီးမီးယားလိဂ်ထဲက အဝေးကွင်းမှာ ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးပါဘူး။ ဂိုးတစ်လုံးထဲပဲ သွင်းနိုင်ခဲ့တယ်။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ အက်စတွန်ဗီလာကို ရှုံးလာသေးတယ်။ အဲ့တာနဲ့ပဲ သူတို့ အတန်းဆင်းမယ့်ထဲ ရပ်တည်နေတုန်း ဖြစ်ပါတယ်။ အသင်းထဲက အကြီးမားဆုံးပြသာနာကတော့ တိုက်စစ်ပိုင်းတွေ ဂိုးမသွင်းနိုင်ဘူးဖြစ်နေတယ်။ အခုအချိန်အထိ သွင်းဂိုး ၁၇ လုံးထဲပဲရှိတယ်။ လိဂ်ထဲမှာ သွင်းဂိုးအနည်းဆုံးနဲ့အသင်းပါ ဖြစ်နေပြီ။ အသင်းထဲက ဒီပွဲ Andros Townsend၊ James Garner နဲ့ Nathan Patterson တို့ မရှိသေးပါဘူး။ Dominic Calvert-Lewin နဲ့တစ်ယောက်ကတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ဒီပွဲ အဲဗာတန်တို့ ၄-၃-၃ စနစ်နဲ့ကစားပြီး အလယ်တန်းနေရာ Doucoure, Gueye နဲ့ Onana တို့ကို ထိန်းခိုင်းလိမ့်မယ်။ အရှေ့တန်းနေရာကျတော့ Iwobi, Gray နဲ့ McNeil တို့ကိုပဲ တာဝန်ပေးသွားမယ်ထင်ပါတယ်။

ဒီလက်ကျန် ပရီးမီးယားလိဂ်တိုက်ပွဲ နံပါတ် ၁ နဲ့ အာဆင်အသင်း အိမ်ကွင်းနဲ့ အဲဗာတန်ကိုကြိုဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဝင်ခါစတုန်းကတစ်ပွဲကျတော့ အာဆင်နယ်တို့ Goodison Park နဲ့ အဲဗာတန်ကို အရင်ရှုံးထားခဲ့ဖူးပါတယ်။ ဒီပွဲ အာဆင်နယ်ဘက်က ကိုယ့်အိမ်ကွင်းနဲ့ ပြန်ကစားရမှာဖြစ်တဲ့အတွက် လက်စားချေဖို့အခွင့်ရေး ကျရောက်လာပါပြီ။ ဒါပေမယ့် အဲဗာတန်တို့က အာဆင်နယ်နဲ့တွေ့တိုင်း ခြေစွမ်းပြတတ်ပါတယ်။ ဒါပေမယ့်လည်း အခုမှအသင်းနည်းပြပြောင်းလိုက်လို့ ခြေစွမ်းကောင်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဗာတန်တို့ရဲ့ အကြီးမားဆုံးပြသာနာကတော့ ဂိုးသွင်းတဲ့အပိုင်း ပြတ်သားမှုမရှိဘူးဖြစ်နေတယ်။ သူတို့ခံစစ်ပိုင်းက မှားပြီး ဂိုးသွင်းခံထိသွားပြီဆိုရင် တိုက်စစ်ပိုင်းက ဂိုးပြန်ယူပေးဖို့ မလွယ်ဘူး။ ဒါပေမယ့်အာဆင်နယ်တို့မှာလည်း အခုတလော ဂိုးတွေ ခန ခန သွင်းခံထိနေပါတယ်။ ဒီပွဲ နှစ်သင်းစလုံးက အရင်အတိုင်းပဲ ကစားဖို့ရှိပါတယ်။ အာဆင်နယ်ဘက်က ဘောလုံးပိုင်ဆိုင်ပြီး တိုက်စစ်ဆင်ကစားမယ် အဲဗာတန်တို့ကျတော့ ဘတ်စ်ကားလိုပုံစမျိုးနဲ့ မြောက်ဘောကစားလိမ့်မယ်။ ဒီပွဲကတော့ ကိုယ့်အိမ်ကွင်းနဲ့ကစားခဲ့ရတဲ့ အာဆင်နယ်အသင်း ယုံကြည်မှုရှိရှိနဲ့ လက်စားပြန်ချေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

11 Players

Aresenal (4-3-3) : Ramsdale; Tomiyasu, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Trossard

Everton (4-3-3): Pickford; Coleman, Tarkowski, Coady, Mykolenko; Doucoure, Gueye, Onana; Iwobi, Gray, McNeil

Missing Players

Aresenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury)

Everton : Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury), Nathan Patterson (Knee Injury) ,D. Calvert-Lewin (Thigh injury), J.Garner (Lack of Fitness)

Facebook

လီဗာပူးလ်အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်ကို ဘယ်လိုပြောရမလဲ၊ ညံ့တာထက် စုတ်ပြတ်သတ်နေပါတယ်။ ကျွန်တော်ပြောသလို အဲဗာတန်နဲ့ နယူးကာဆယ်တို့ကို နိုင်သွားတုန်းက ကြမ်းလို့နိုင်တာမဟုတ်ပါဘူး။ နယူးကာဆယ်နဲ့ပွဲတုန်းကဆိုရင် နယူးကာဆယ်ဘက်က ၁၀ ယောက်ပဲကျန်ခဲ့တတာတောင် ဂိုးသွင်းခွင့် ပိုဖန်တီးနိုင်ပါတယ်။ ရီးရဲလ်နဲ့တွေ့ဖို့အားစုထားတယ်ပြောတယ်။ တကယ့်ရီးရဲလ်တွေ့သွားတော့ ဘယ်မှာလည်း စုထားတဲ့အားတွေ မတွေ့ပါဘူး။ ဂိုး ၂ လုံး အရင်သွင်းနိုင်တဲ့ဟာကလည်း ရီးရဲလ်ဂိုးသမားရဲ့အမှားမို့လို့ သွင်းနိုင်တာပါ။ နောက်ဆုံးတော့လည်း သူတို့ဘက်က မှားမိရော။ တစ်လုံးပဲမှားမိတာ နားလည်လို့ရပါတယ်လေ။ ဒုတိယ တတိယအထိ မှားနေတာတော့မဟုတ်တော့ပါဘူး။ သူတို့ရဲ့ကစားသမားတွေ ငကြောက်ကြီးတွေ ဖြစ်နေကြတယ်။ Gomez နဲ့တစ်ယောက်ဆိုရင် ပိုဆိုးတယ်။ ရီးရဲလ်ဘက်က တိုက်စစ်ဆင်လာတဲ့အခါမှာလည်း ပြေးကာမယ် ကွယ်မယ်မရှိဘူး။ အဲ့တာနဲ့ပဲ တတိယဂိုးတွေ စတုတ္ထဂိုးတွေပါ ပေးလိုက်ရရော။ အခုကြည့်လိုက်တာ လက်ရှိလီဗာပူးလ်အသင်းရဲ့ကစားသမားကို ပြောင်းသင့်တာ အနည်းဆုံး ၅ ယောက်လောက်ရှိပါတယ်။ ဘောလုံးဝင်လုတဲ့နေရာလည်း အားရစရာမကောင်းဘူး။ ဖိအားတွေဘာတွေလည်း မပေးတတ်ကြဘူး။ ဦးတည်ချက်လည်းမရှိ တက်ကြွမှုလည်းမရှိဖူးဖြစ်နေတယ်။ ထားပါတော့ ရီးရဲလ်တို့က လီဗာပူးလ်ရဲ့ အမုန်းဆုံးပဲလို့တောင် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ခရစ်စတယ်ပဲလေစ့်တို့ကျတော့ ရီးရဲလ်တို့လို လီဗာပူးလ်ရဲ့အမုန်းမဟုတ်ပေမယ့် အဲ့ပွဲ လီဗာပူးလ်ဘက်က စိတ်ပျက်စရာတွေ တော်တော်ဖြစ်ပေါ်ခဲ့တာပါပဲ။ လီဗာပူးလ်အင်္ကျီဝတ်ရအောင် မထိုက်တန်တဲ့ကစားသမားတွေ တော်တော်များများ ရှိနေကြတယ်။ ဒီပွဲ အရှုံးမရရင်တောင် သရေကျရုံနဲ့ အဆင်မပြေပါဘူး။ ဒီပွဲ အနိုင်မရရင် နောက်ပွဲ မန်ယူနဲ့တွေ့ဖို့ရှိပြီး အိမ်ကွင်းနဲ့ထပ်ရှုံးဖို့ ရှိလိမ့်မယ်။ ဒီပွဲ လီဗာပူးလ်ဘက်က အရင်ပွဲတွေထက် ပြေးဖို့ ၅၀% လောက် ပိုကြိုးစားရင် အနိုင်ရသွားလောက်ပါတယ်။

vip168mm ဝုဗ်ဗာဟမ်တန်အသင်းကျတော့ ဒီရာသီ ၂၄ ပွဲ ဆင်းကစားပြီး ဂိုး ၃၃ လုံးထဲသွင်းခံထိခဲ့ပေမယ့် များတဲ့ထဲမၕှိပါဘူး။ ဒါပေမယ့် သူတို့ဘက်က ဂိုးသိပ်မသွင်းနိုင်လို့သာ ၃၃ လုံး များတယ်လို့ ထင်ခဲ့ရပါတယ်။ ဒီရာသီ သူတို့ရဲ့သွင်းဂိုးက ၁၈ လုံးထဲပဲရှိပါတယ်။ တကယ်စိတ်ပျက်စရာကောင်းတယ်။ သူတို့တိုက်စစ်မှူးအသစ်ရဲ့ ဝယ်ယူမှုက မအောင်မြင်ဘူး။ ဒီတစ်နှစ်ပဲမဟုတ်ပါဘူး နှစ်တိုင်းလိုလို ဖြစ်နေပါတယ်။ အဲ့ဒီတော့ အခြေနေက ပိုပိုဆိုးလာတာ မထူးဆန်းပါဘူး။ အရင်နှစ်တုန်းကကျတော့ သူတို့ရဲ့ခံစစ်ပိုင်းက အရမ်းတောင့်တင်းမှုရှိပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်လို စိတ်ပိုင်းဆိုင်ရာထိခိုက်မနေပါဘူး။ စွမ်း‌ဆောင်ရည်ကသာ မကောင်းဘူးဖြစ်နေတယ်။ ဝုဗ်တို့ ဒီနှစ်မှာ ပြိုင်ဘက်ကို ဖိအားလိုက်ပေးတတ်ပါတယ်။ ကွင်းထဲဆင်းပြီး လမ်းလျှောက်တာမရှိဘူး။ ခံစစ်ပိုင်းက ပစ်မှတ်ရှိရှိနဲ့ ကစားနေကြပါတယ်။ လီဗာပူးလ်နဲ့တစ်ပွဲတုန်းကဟာကိုပဲကြည့်ပေါ့။ ကစားသမားတိုင်းပဲ ဘောလုံးဝင်လုကြတယ်။ ထိထိရောက်ရောက် ဝင်လုကြတာတွေ့ခဲ့ရပါတယ်။ ဒုချန်ပီယံဆိုတဲ့ လီဗာပူးလ်ကိုတောင် မကြောက်ကြဘူး။ အခုမှာလည်း ဘယ်သူမှကြောက်မနေတော့ပါဘူး။ သူတို့နည်းစနစ်ကို ဖျက်ရတာလွယ်ပါတယ်။ ကွင်းလယ်ပိုင်း သေချာထိန်းထားပြီး စည်းဘေးကနေ ထိုးဖောက်ရုံနဲ့ အကုန်ပေါက်ပါတယ်။ သူတို့ရဲ့ကောင်းတဲ့ခံစစ်မှူးက တစ်ယောက်ထဲရှိတဲ့အတွက် တစ်သင်းလုံးကို မရုန်းပေးနိုင်ဘူးလေ။ ဒီပွဲ ဝုဗ်လက်က အပီကစားဖို့ရှိပါတယ်။ ပထမတစ်ပွဲတုန်းက အနိုင်ရထားတော့ စိတ်ဓာတ်တွေကောင်းနေကြပါတယ်။ ဒါပေမယ့် ဝုဗ်တို့မှာ ပြတ်ပြတ်သားသား ဂိုးသွင်းသမားမရှိဘူးဖြစ်နေတယ်။ သူတို့ရဲ့ခံစစ်ပိုင်းကိုလည်း သေသေချာချာစီစဉ်ထားရင်တော့ လီဗာပူးလ်တို့ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က အနိုင်မရရင်တော့ UCL တိုက်ပွဲကို နှုတ်ဆက်ဖို့ပြင်ဆင်ရလိမ့်မယ်။ အဲ့ဒီတော့ ပစ်မှတ်ချင်းယှဉ်ကြည့်တဲ့အခါမှာ အိမ်ရှင်ဘက်က ပိုကြီးမားပါတယ်။ နောက်ပြီး အန်ဖီးလ်ကွင်းနဲ့စံချိန်ထဲမှာလည်း လီဗာပူးလ်ဘက်က ပိုကြည့်ကောင်းနေတော့ ဝုဗ်တို့ မခံနိုင်လောက်ဘူးထင်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ ဒါပေမယ့် ဒီရာသီအတွင်း တွေ့ခဲ့ကြတဲ့တစ်ပွဲတုန်းက လီဗာပူးလ်မှာ အဆင်မပြေတာတွေ များနေတဲ့အတွက် ရှုံးသွားတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ၃ ဂိုး ၀ နဲ့ရှုံးသွားတာကတော့ တော်တော်လန့်စရာကောင်းပါတယ်။ အဲ့ပွဲပြီးသွားတော့ လီဗာပူးလ်ဘက်က နည်းနည်းပြန်ကောင်းလာပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိသွားပါတယ်။ နှစ်သင်းစလုံရဲ့စွမ်းဆောင်ရည်ကတော့ ရှင်းရှင်းပြောရင် အခုအချိန်မှာ အတူတူလောက်ပါပဲ။ လီဗာပူးလ်တို့ အရင်တုန်းကဆိုရင် heavy metal စတိုင်လ်နဲ့ စစ်သည်တော်ပေါ့ အခုကျတော့ jazz ပုံစံနဲ့ ဖြည်းဖြည်းချင်း ကစားသွားသလိုဖြစ်နေတယ်။ သူတို့ကိုကြည့်ရတာ အိပ်ပါအိပ်ငိုက်တယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက သူတို့ကို မနက် ၃ နာရီထကြည့်ပြီး ကြည့်ရင်းနဲ့ပါအိပ်ပျော်သွားတယ်။ ပြောမယ်ဆိုရင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ငါတို့ကို အိပ်မပျော်မှာစိုးလို့နေမယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်က အရင်တုန်းကလိုမျိုးကြမ်းရင် ငါတို့ အိမ်ချင်ကြမှာမဟုတ်လို့လေ။ ဒီလောက်ထိပြောရအောင်လည်း လီဗာပူးလ်က တကယ့်ညံ့နေလို့ပါနော်။ အသင်းထဲမှာ ပြောင်းသင့်တာ ၅ ယောက်လောက်ရှိပါတယ်။ ဝုဗ်တို့မှာလည်း လီဗာပူးလ်လိုပဲညံ့နေပါတယ်။ ဒါပေမယ့် သူတို့ကျတော့ အဆင့်ဇယားရဲ့ အောက်ပိုင်းမှာ လုံးထွေးနေပါတယ်။ လီဗာပူးလ်ကိုထု ဆောက်သန်တမ်ကိုထောင်းပြီး နောက်ဆုံးမှာတော့ အရင်လိုပြန်ဖြစ်ပြန်ရော။ အဲ့တာနဲ့ အခု သူတို့ အတန်းဆင်းနယ့်ဇုန်ထက် ၃ မှတ်ပဲ သာနေပါတယ်။ အဲ့မှာနေရတာ မကြာပါဘူး အတန်းဆင်းဖို့ ရင်ပြန်ခုန်ကိန်းရှိပါတယ်။ ဒီပြွ နှစ်သင်းစလုံးရဲ့အခြေနေက အနိုင်လိုချင်တာချင်းတူတူပဲ။ အိမ်ရှင်ဘက်က နံပါတ် ၄ နေရာအတွက် အခုထိ ရင်ခုန်နိုင်ပါသေးတယ်။ ဧည့်သည်အသင်းကျတော့ အတန်းမဆင်းအောင် ရုန်းကန်နေတုန်းပါ။ အဲ့တော့ ရာသီရဲ့ နောက်ဆုံးအချိန်မရောက်ခင်မှာ ကိုယ့်ခြေစွမ်းကို ကြမ်းအောင်ပြင်ဆင်ထားဖို့လိုနေပါပြီ။ အိမ်ရှင်အသင်း အရင်နှစ်တုန်းက ဖလားပွဲတိုင်းပဲ ဖလားရဖို့ရင်ခုန်ခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ပြောင်းပြန်ကြမ်းနေပါတယ်။ ဘယ်ဖလားကိုမှရဖို့မရှိဘူး။ UCL တိုက်ပွဲထဲမှာဆိုရင် လက်လျှော့ပြီးကစားနေတော့ ၂ ဂိုး ၅ ဂိုးနဲ့ ကျွေးခံထိသွားရော ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ပြီး ကြမ်းမယ်လို့တောင်ထင်ခဲ့ဖူးသေးတယ်။ ဘယ်ဟုတ်မလဲ ရှယ်ညံ့ပါတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က စိတ်ပျက်စရာပိုကောင်းပေမယ့် အရင်တစ်ပွဲကမှ ၃ ဂိုး ၀ နဲ့ရှုံးထားတော့ အဲ့ဒီအရှက်တွေပြန်ယူဖို့ ဒီပွဲ နိုင်အောင် ကစားခဲ့ကြလိမ့်မယ်။ ဒီပွဲပါထပ်ရှုံးရင်တော့ သွားပြီ။ အဲ့ဒီတော့ ကျွန်တော့်စိတ်ထဲမှာ လီဗာပူးလ်တို့ အနိုင်ရသွားလောက်တယ်။

11 Players

Liverpool (4-3-3) – Allison – Trent arnold – Robertson – Van Dijk – Konate – Henderson -Keita – Elliot – Salah – Jota – Gakpo

Wolves (4-4-2) – Sa – Bueno – Kilman – Dawson – Semedo – Lemina – Neves – Matheus – Sarabia – Jimenez – Podence

Missing Players

Liverpool FC – Arthur Melo (Surgery), Calvin Ramsay (Knee Surgery)

Wolverhampton Wanderers – Hee-chan Hwang (Hamstring Injury), Chiquinho (Cruciate Ligament Injury), Boubacar Traoré (Groin Injury), Sasa Kalajdzic (Cruciate Ligament Rupture)

Facebook

မန်ယူအသင်း အခုမှ ကာရာဘောင်းဖလားအစီစဉ်ထဲက နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိလာပြီး ဖလားစွတ်ခူးလာခဲ့တာဖြစ်ပါတယ်။ ဒီအစီစဉ်ထဲကအခြေနေကတော့ ဒီပွဲမတိုင်ခင် ၂ ပွဲတုန်းက လွယ်ကူပါတယ်။ တစ်ပွဲက အဲဗာတန်နဲ့တွေ့ပြီး နောက်တစ်ပွဲကျတော့ Reading နဲ့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီ ၂ ပွဲစလုံး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်း အခုလက်ရှိ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ FA ဖလားပွဲထဲက ပဉ္စမအဆင့်မှာ အိမ်ကွင်းနဲ့ အခြေနေသိပ်မကောင်းခဲ့ပါဘူး။ ဒီအဆင့်ရောက်ပြီး သရေကျသွားတာ ၄၁ ကြိမ်တောင် ရှိခဲ့ဖူးပါတယ်။ ၁၉၂၅-၁၉၂၆ ခုနှစ်မှ စပြီ အရင်နှစ်အထိ ထည့်တွက်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ မန်ယူဘက်က ပိုသာလောက်ပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူရဲ့ FA ဖလားထဲက စွမ်းဆောင်ရည်က ဝက်စ်ဟမ်းထက် ကြည့်ကောင်းနေလို့ပါ။ ဒီနားမတိုင်ခင် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်တုန်းကတစ်ပွဲမှာလည်း မန်ယူဘက်ကပဲ ဝက်စ်ဟမ်းတို့ကို ကပ်နိုင်သွားပါတယ်။ ဒီပွဲ တန်ဟက်ရဲ့အသင်းမှာ အရင်အတိုင်းပဲ Donny van de Beek နဲ့ Christian Eriksen တို့ မရှိသေးပါဘူး။ အန်တိုနီ မာရှယ်နဲ့တစ်ယောက်ကျတော့ တင်ပါးနာနေတဲ့အတွက် ပါနိုင်မလားမသိသေးပါဘူး။ ဒီပွဲ မန်ယူဘက်က ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Tom Heaton မဟုတ်ရင် Jack Butland တို့ပဲ ဖြစ်လိမ့်မယ်။ အနောက်တန်းနေရာကျတော့ Maguire၊ Victor Lindelof၊ Aaron Wan-Bissaka နဲ့ Tyrell Malacia တို့ကို ခံထားလောက်တယ်။ ကွင်းလယ်ပိုင်းကျတော့ ဒီပွဲ Sabitzer က ကာစီမီရိုနဲ့ တွဲဆင်းရလောက်တယ်။ အရှေ့တန်းနေရာမှာ Weghorst က Striker အနေနဲ့ ရောက်ရှိနေပြီး စည်းဘေးမှာကျတော့ Marcus Rashford နဲ့ Alejandro Carnacho တို့ ရှိနေလိမ့်မယ်ထင်ပါတယ်။

ဝက်စ်ဟမ်းတို့ကျတော့ ပြီးခဲ့တဲ့တစ်ပွဲကမှ ခြေစွမ်းတွေပြပြီး ဖောရက်စ်အပေါ် ၄ ဂိုး ၀ နဲ့ အနိုင်ရရှိလာပါတယ်။ FA ဖလားပွဲထဲမှာကျတော့ ပြီးခဲ့တဲ့ ၂ ပွဲတုန်းက ဘရန်ဖိုဒ့်ကိုနိုင်ပြီး နောက်တစ်ပွဲ ဒါဘီကောင်တီတို့ကို နိုင်သွားတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ အိုထရက်ဖိုဒ့်ကွင်းရောက်ဖူးတဲ့ နောက်ဆုံး အခါ ၂၀ ထဲမှာ အနိုင်တစ်ပွဲမှမရဖူးသေးပါဘူး။ ဒီပွဲကတော့ Kurt Zouma နဲ့ Maxwell Cornet တို့ လေ့ကျင့်ခန်းပြန်လုပ်နိုင်နေပါပြီ။ ဒီပွဲ ပါဖို့မရှိလောက်သေးပါဘူး။ Vladimir Soufal နဲ့ Lukas Fabianski တို့ကျတော့ ပြီးခဲ့တဲ့တစ်ပွဲကမှ ဒဏ်ရာရသွားတဲ့အတွက် ဒီပွဲ မပါနိုင်လောက်သေးပါဘူး။ Vladimir Soufal နေရာ ဘင်ဂျွန်ဆင်နဲ့ အစားထိုးဆင်းခိုင်းမယ်ထင်ပါတယ်။ Fabianski Danny Ings ဆိုတဲ့ဂိုးသမားနေရာလည်း Areola ဆိုတဲ့ ဂိုးသမားနဲ့ အစားထိုး ဆင်းခိုင်းလိမ့်မယ်။ Maxwell Gornet နဲ့ တိုက်စစ်မှူး ဒဏ်ရာရထားတုန်းဖြစ်ပါတယ်။ ဒီပွဲ ဝက်စ်ဟမ်းဘက်က ၃-၅-၂ စနစ်နဲ့ကစားမယ်ထင်တယ်။ Striker နေရာ Antonio ကို တာဝန်ပေးပြီး Bowen ကိုကျတော့ တိုက်စစ်ဆင်ကစားဖို့ စီစဉ်ထားလောက်ပါတယ်။ အလယ်တန်းမှာကျတော့ Thomas Schuchek၊ Declan Rice နဲ့ Flynn Downs တို့ကို အဓိက သတ်မှတ်ထားပြီး ခံစစ်ပိုင်းနေရာကျတော့ Kurt Zouma နဲ့ Angelo Ogbonna တို့ကို အဓိက တာဝန်ပေးထားလောက်ပါတယ်။

vip168mm  သရဲနီအသင်း ပြီးခဲ့တဲ့တစ်ပွဲ Reading အပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီအဆင့်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ အရမ်းတွေတက်ကြွနေပြီး နောက်ဆုံး ၅ ပွဲထဲမှာ အနိုင် ၄ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကျတော့ အဝေးကွင်းနဲ့ လိဂ်ပွဲစဉ်ထဲမှာ အခုထိ အနိုင်တစ်ပွဲမှမရသေးပါဘူး။ အိုထရက်ဖိုဒ့်ကွင်းဆီ ၁၅ ပွဲ ခရီးစဉ်ပြီး ၁၁ ပွဲအရှုံးနဲ့ ၄ ပွဲ သရေ ရသွားပါတယ်။ မန်ယူနဲ့ ကစားသမားတစ်ယောက်ချင်းစီထောက်ကြည့်မယ်ဆိုရင်လည်း မန်ယူဘက်က အရမ်းပဲပိုသာနေပါတယ်။ မန်ယူအသင်းဝင်တွေ လောလောဆယ် ယုံကြည်မှုပြည့်ဝနေကြပါတယ်။ ဒီပွဲကတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ်။ ဝက်စ်ဟမ်းတို့ကျတော့ ခံစစ်ပိတ်ပြီး ဘတ်စ်ကားလိုပုံစံနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ အဲ့တာနဲ့ မန်ယူဘက်က ဂိုးဘယ်လောက်စောသွင်းနိုင်မလဲပဲ စောင့်ကြည့်ရလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဝက်စ်ဟမ်းတို့က ဘာမှအရင်မလိုဘူးဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ်လေးနဲ့ပဲ ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ်။ မန်ယူဘက်က ပထမဂိုး စောစောစီးစီးသွင်းနိုင်ရင်တော့ ဝက်စ်ဟမ်းတို့ ငြိမ်ပြီးစောင့်မနေလောက်တော့ပါဘူး။ ဂိုးပြန်ယူဖို့ တိုက်စစ်ဆင်ကစားလိမ့်မယ်။ သူတို့ တိုက်စစ်ဆင်တဲ့အခါမှာ မန်ယူဘက်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ပြန်လုပ်သွားလိမ့်မယ်။ ဒီပွဲ ဘယ်လိုပဲကြည်ကြည့် ဝက်စ်ဟမ်းက မန်ယူရဲ့အစာပြေမုန့်ပါဗျာ။ ဒီပွဲ မန်ယူတို့ပဲ အနိုင်ရသွားမှာ သေချာပါတယ်။

11 Players

Manchester United(4-2-3-1) : Heaton; Wan-Bissaka, Lindelof, Maguire, Malacia; Casemiro, Sabitzer; Sancho, Fernandes, Rashford; Weghorst

West ham United (4-3-3) : Areola; Johnson, Kehrer, Aguerd, Cresswell; Rice, Soucek, Paqueta; Benrahma, Antonio, Bowen

Missing Players

Manchester United : Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

West ham United : Danny Ings (Knee Injury), Gianluca Scamacca (Knee Injury), Kurt Zouma (Hamstring Injury), Maxwel Cornet (Calf Injury) L. Fabianski (Eyeinjury), V. Coufal(Heel injury)

Facebook