vibet77

ဘရိုက်တန် Vs လက်စတာ [04 Sep 22 - 07:30 PM]

vibet77 power by Platinumclubmm အိမ်ရှင်ဘရိုက်တန်အသင်း အခုတလော ခြေစွမ်းတွေအရမ်းရှယ်ကောင်းနေကြပါတယ် သူတို့က Team-work ရှိရှိနဲ့ ကစားနေကြပါတယ် ကစားသမား တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိနေကြတယ် ဒီရာသီ ၄ ပွဲ ကျော်ဖြတ်လာပြီး ကစားသမား ၁၁ ယောက်က လူတိုင်းပဲ ထူးခြားနေပါတယ် နားလည်ရတာ လွယ်ကူတဲ့စနစ်ကိုအသုံးပြုထားပြီး ဘောလုံးမရှိတဲ့အချိန်ရဲ့ လှုပ်ရှားမှုက အရမ်းပဲကောင်းနေတယ် အနောက်တန်း ၃ ယောက်နဲ့ ကွင်းလယ်ခံစစ် ၂ ယောက် ချထားတဲ့စနစ်က Wing-back ၂ ယောက်အတွက် အလုပ်လုပ်ရတာ ပိုအဆင်‌ပြေနေတယ် အခုလက်ရှိ ကွင်းလယ်ကစားသမားတွေက Pressing ကောင်းကောင်းလး ကျွမ်းကျင်ထားတယ် အဓိက Kaiseido ဆိုတဲ့တစ်ယောက်ဆိုရင် ခြေစွမ်းတော်တော်ထူးခြားနေပါတယ် မန်ယူနဲ့တွေ့တုန်းက မန်ယူကို တော်တော်ထိန်းချုပ်နိုင်တယ် ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့နေရာမှာ ရှိနေတတ်တယ် တိုက်စစ်ဆင်ဖို့အတွက်လည်း အရမ်းအကျိုးပေးတယ် အခုတလော လီဗာပူးလ်နဲ့တွဲပြီးတောင် သတင်းထွက်လာသေးတယ် တိုက်စစ်မှူးကျတော့ Trossard ကို ချီးကျူးရမယ် သူက အသင်းရဲ့ play maker လို့တောင် သတ်မှတ်လို့ရတယ် ကွင်းထဲက အန္တရာယ်အသီးသီးဟာ သူ့ဆီကနေ စတာများတယ် ဒီနေ့ သူတို့ရဲ့ပြိုင်ဘက်က ဘာမှကြောက်စရာမကောင်းတဲ့လက်စတာဖြစ်နေတော့ ဘရိုက်တန်တို့ ပျော်ရမယ်ထင်ပါတယ်

လက်စတာတို့ကျတော့ အခြေနေ အရမ်းထိုးကျနေပါတယ် အစီစဉ်အားလုံးထဲက မိနစ် ၉၀ အတွင်း အနိုင်တစ်ပွဲမှမရနိုင်သေးပါဘူး ၅ ပွဲကစားခဲ့ပြီး အရှုံး ၃ ပွဲနဲ့ သရေ ၂ ပွဲပဲ လုပ်နိုင်တယ် မြက်ခင်းပေါ်ကအခြေနေဟာလည်း ရင်နာစရာကောင်းနေတယ် နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးနဲတွေ့ပြီး ချယ်လ်ဆီးဘက်က စောစောစီးစီး ၁၀ ယောက်ထဲပဲကျန်ခဲ့တာတောင် ချယ်လ်ဆီးကိုရှုံးလာသေးတယ် အဲ့ပွဲ လက်စတာဘက်က တိုက်စစ် ခန ခန ဆင်နိုင်ပေမယ့် ဂိုး ၁ လုံးထဲပဲ သွင်းနိုင်တယ် အခြားပြိုင်ပွဲတွေလည်း ဒီတိုင်းပဲ ဒီလောက်ထိဆိုးနေတာတောင် ရာသီဈေးကွက်ထဲမှာ ဘာလှုပ်ရှားမှုမှမရှိခဲ့ပါဘူး အသင်းနည်းပြကလည်း အလုပ်ပြုတ်မလိုလိုသတင်း ခနလေးပဲထွက်ပြီး ပြန်ပျောက်သွားပါပြီ ဒီအခြေနေနဲ့ဆိုရင်တော့ အတန်းဆင်းဖို့သာပြင်ရလိမ့်မယ် ဒီပွဲကစပြီး နောက်လာတဲ့ ၃ ပွဲမှာ မကောင်းနိုင်သေးရင်တော့ အတန်းဆင်းဖို့ တော်တော်သေချာသွားလိမ့်မယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်တုန်းက လက်စတာဘက်က အနိုင်အရှုံးအတွက် ပိုသာခဲ့ဖူးပါတယ် ဒါပေမယ့် ပေါက်ကြေးနှုန်းတွေပါ ထည့်တွက်ရင်တော့ မနိုင်မရှုံးလောက် ဖြစ်နေကြပါတယ် ဘရိုက်တန်အသင်းက ဒီပွဲကို Form ကောင်းကောင်းလေးနဲ့ ဆင်းကစားရမှာဖြစ်ပြီး လက်စတာဘက်ကကျတော့ စိတ်ပျက်စရာကောင်းနေပါတယ် ခါတိုင်း လက်စတာဘက်က အထက်ကြေးဖြစ်တာများတယ် ဒါပေမယ့် အခု အထက်ကြေးဖြစ်ရမယ့်အသင်းက ဘရိုက်တန်ပဲ ဖြစ်သွားပါပြီ အခုလက်ရှိ Form ဟာ မြက်ခင်းပေါ်ကအရည်အချင်းကို ပြသထားပါတယ် ၂ သင်းစလုံးရဲ့ ကစားသမားအင်အားဟာ ဘာပြောင်းလဲမှုမှ သိပ်မရှိပါဘူး အရင်နှစ်အတိုင်းပဲ ဖြစ်နေတယ် ဒါပေမယ့် လုံးဝကွဲပြားသွားတဲ့အပိုင်းကတော့ ကစားသမားတွေရဲ့ ချိတ်တွယ်ကစားခြင်းပဲဖြစ်ပါတယ် ဘရိုက်တန်ဘက်က စနစ်တကျပိုကစားနိုင်နေတယ် သူတို့ရဲ့ခံစစ်ပိုင်းက လက်စတာထက် စည်းကမ်းရှိတယ် အခုအချိန်ထိ ဂိုးတစ်လုံးထဲပဲ သွင်းခံထိထားပါတယ် လက်စတာတို့ကျတော့ ရာသီစတင်လာကတည်းက အနိုင်တစ်ပွဲမှမရသေးပါဘူး အခြေနေအရမ်းဆိုးတယ် စနစ်တကျလည်းမရှိဘူး အခွင့်ရေးကို အလကားဖြုန်းပစ်တာများနေတယ် နောက်ဆုံး ချယ်လ်ဆီးနဲ့တွေ့ခဲ့ရပြီး ဟိုက ၁၀ ယောက် ထဲပဲရှိနေတာတောင် အနိုင်မရနိုင်ဘူး ဒါဆို ဘရန်ဒန် ရော်ဂျာကို မရှက်ဘူးလားလို့ပဲ မေးရမှာပေါ့ ဒီနေ့ ရော်ဂျာရဲ့ခရီးလမ်းက ပိတ်ဆို့သွားလောက်ပြီ ဘာလို့လည်းဆိုတော့ ဒီပွဲ လက်စတာဘက်က ရှယ်ကြုံခံရမှာမလို့လေ

11 Players –

Brighton (4-1-4-1) – Sanchez – Estupinan – Webster – Dunk – Veltman – Mac Allister – Caicedo – Grob – Marsh – Mwepu – Trossard

Leicester City (4-1-4-1) – Ward – Thomas – Evans – Ndidi – Justin – Soumare – Tielemans – Barnes – Maddison – Vardy – Dewsbury

Missing Players –

Brighton & Hove Albion – Adam Lallana (Calf Injury), Jakub Moder (Cruciate Ligament Rupture), Jeremy Sarmiento (Knee Injury)

Leicester City – Ricardo Pereira (Achilles tendon rupture)

ချယ်လ်ဆီးအသင်းဟာနောက်ဆုံးတစ်ပွဲတုန်းက လက်စနဲ့တွေ့ပြီး စောစောစီးစီး ၁၀ ယောက် ထဲပဲကျန်ခဲ့တာတောင် အနိုင်ရလာပါတယ် အဲ့ပွဲ အနိုင်ရလာတဲ့အတွက် သူတို့ရဲ့ခံစစ်ပိုင်းရဲ့တောင့်တင်းမှုကို ပြသနိုင်ခဲ့ပါတယ် အဲ့ပွဲ Sterlings က ဝိုက်ကန်ထည့်ပြီး အနိုင်ဂိုးဖြစ်သွားလို့ သူ့မှာ MOM တောင်ရသွားပါတယ် ပြီးခဲ့တဲ့ ၄ ပွဲတုန်းကအခြေနေကတော့ ဆိုးတာ ၁ ပွဲပဲရှိပါတယ် ကျန်တဲ့ ၃ ပွဲကတော့ ကောင်းအောင် ကစားနိုင်ပါတယ် ကျွန်တော့်အကြိုက်ဆုံးကတော့ James ပဲဗျ သူက အရမ်းတောင့်တင်းပြီး ဂိုးအဝေးကနေလည်း သွင်းနိုင်တယ် မြောက်ဘောလည်းတိကျမှုရှိတယ် နောက်တစ်ယောက်ကျတော့ Wing-back နဲ့ Cucurella ပါပဲ ရာသီစတင်တုန်းက ခြေစွမ်းထိန်းနိုင်ခဲ့ပါတယ် ဒါပေမယ့်လည်း ထူးခြားတဲ့ထဲမရှိသေးပါဘူး အတွေ့ကြုံများတဲ့ Silva နဲ့ Koulibaily တို့ဆိုတဲ့ ခံစစ်မှူး ၂ ယောက်ကလည်း အသင်းကို တော်တော်ကူညီပေးနိုင်တယ် ကျန်တာ ဒီထက်ကောင်းသင့်ပါတယ် Sterlings က အချိန်တော်တော်ဆွဲနေသေးတယ် Mount ဆိုတဲ့တစ်ယောက်ကလည်း လျင်မြန်ပေမယ့် နောက်ဆုံးနေရာမှာ ဂိုးမသွင်းနိုင်သေးပါဘူး အဲ့တော့ Broja က ဘယ်တော့မှ အခွင့်ရေးရမလဲကိုပဲ စောင့်ကြည့်ရဦးမယ် သူက အခုအချိန်အထိ ၁၆ မိနစ်ထဲပဲ ဆင်းကစားခွင့်ရသေးတယ် တူချယ်လ်က တိုက်စစ်ပိုင်းကို ဒီထက်ထိရောက်အောင် ဘယ်လိုပြင်ဆင်ထားမလဲမသိဘူး ဒါပေမယ့် ချယ်လ်ဆီးဘက်က အရမ်းမကောင်းပေမယ့် ဝက်စ်ဟမ်းနဲ့တွေ့ရမှာဆိုတော့ အနိုင်ရဖို့ရှိပါတယ်

vibet77 ဝက်စ်ဟမ်းတို့ကျတော့ အက်စတွန်ဗီလာအပေါ် အနိုင်ရလာတဲ့အတွက် ဒီရာသီရဲ့ ပထမဦးဆုံး အနိုင်ပွဲစတင်သွားခဲ့ပြီဖြစ်ပါတယ် ဝက်စ်ဟမ်းနဲ့အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ ဘယ်လိုကစားနေလို့နေမှန်းမသိဘူး ဒါပေမယ့် ဝက်စ်ဟမ်းဘက်က ပိုကြည့်ကောင်းပါတယ် အဲ့ပွဲ ဒုတိယပိုင်းမှာ သူတို့ဘက်က ကစားပွဲကို ပိုထိန်းချုပ်နိုင်ပေမယ့် ဂိုးသွင်းဖို့အခွင့်ရေးကျ သိပ်မရှိခဲ့ပါဘူး မိနစ် ၉၀ လုံးလုံးမှာ ဂိုးဖန်တီးမှုက ၇ ကြိမ်ထဲပဲရခဲ့ပါတယ် ဂိုးဘောင်နဲ့တည့်တာ ၃ ကြိမ်ထဲပါ တစ်ကယ့် ဘာမှမရှိတဲ့အသင်းတွေပါဗျာ ဒေးဗစ် မိုယက်လက်ထဲက ကစားသမားတွေရဲ့ ဘောလုံးပေးပို့မှုက စိတ်ပိန်စရာကောင်းပါတယ် နီးနီးနားနားပို့တာတောင်လွဲတယ် ဘောလုံးက စကာမကာဆီရောက်လာတာနဲ့ သူက ဘာဆက်လုပ်ရမလဲမသိဘူး အဲ့တော့ သူ့ကို လေ့ကျင့်ပေးဖို့လိုသေးတယ် ကစားသမားအသစ်နဲ့အဟောင်းတွေက တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုမရှိသေးဘူး Team-work လည်းမရှိဘူး ဒီနေ့တော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဖို့ပဲ စီစဉ်ထားလိမ့်မယ် ဝင်လုံးဖို့မရှိတာ သေချာတယ် မျှော်လင့်ချက်အားလုံးကျတော့ Antonio အပေါ်ပဲ ပုံချကြပေါ့ ဒါပမယ့် အဆင်မပြေပါဘူး တစ်ယောက်ထဲ ဘယ်ရုန်းနိုင်မလဲ အဲ့တော့ ဒီပွဲ အရှင်လက်လက် ပြန်ရမယ်မထင်ဘူး

ဒီပွဲ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်ပြန်ပြီ အပတ်တိုင်းရှိနေတော့ ဖန်တွေတော်တော်ပျော်နေကြလောက်တယ် အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က ပိုသာခဲ့ဖူးသလို ပိုလည်း အောင်မြင်မှုရခဲ့ပါတယ် အဲ့တော့ ဒီပွဲ ချယ်လ်ဆီးဘက်က အကျော ၁.၂၅ တောင် ပေးခဲ့ရပါတယ် ဈေးကြီးတယ်လို့ ထင်ခဲ့ရပေမယ့် အသင်းရဲ့အခြေနေကိုကြည့်ပြီး ပြန်ပြောရင်တော့ ဝက်စ်ဟမ်းဘက်က ဘာကြောက်စရာမှမရှိဘူးဖြစ်နေတယ် ဝက်စ်ဟမ်းရဲ့ပွဲကို ကြည့်ဖြစ်ရင် သူတို့ရဲ့တိုက်စစ်ပိုင်းက ဘာပြတ်သားမှုမှမရှိဘူးလို့ မြင်ခဲ့ရလိမ့်မယ် အက်စတွန်ဗီလာကိုနိုင်တုန်းကလည်း ကြမ်းလို့မဟုတ်ဘူး ကံကောင်းလို့ပါ ဘောလုံးခနလေးပဲ ပိုင်ထားနိုင်တယ် အမြဲလိုလိုကောင်မနေဘူး တိုက်စစ်ဆင်ဖို့လည်း သိပ်မကြိုးစားနိုင်ခဲ့ကြပါဘူး ချယ်လ်ဆီးတို့ကျတော့ နာမည်ပိုကောင်းပြီးသားပါ ရာသီဈေးမပိတ်ခင် here we go ကစားသမားအသစ်မရှိသေးဘူး အခုတလော Sterlings က ခြေစွမ်းပြနိုင်နေပါတယ် အသင်းရဲ့ Form ကိုကြည့်မယ်ဆိုရင်တော့ အရင်နှစ်တုန်းကလောက် မကောင်းသေးပါဘူး ဒါပေမယ့် ဒီနေ့ပြိုင်ဘက်က အသုံးမကျတဲ့ ဝက်စ်ဟမ်းဖြစ်နေတော့ အေးအေးဆေးဆေး အနိုင်ရသွားလိမ့်မယ်

11 Players

Chelsea (3-4-2-1) – Mendy – Silva – Chalobah – Koulibaily – Cucurella – James – Kovacic – Jorginho – Sterlings – Havertz – Mount

West Ham (3-5-2) – Fabianski – Kehrer – Zouma – Cresswell – Soucek – Rice – Fornals – Benrahma – Coufal – Bowen – Antonio

Missing Players

Chelsea FC – N’Golo Kanté (Muscular problems)

West Ham United – Nayef Aguerd (Ankle Injury)

အိမ်ရှင်မန်ယူအသင်း ဒီရာသီကို ခပ်ဆိုးဆိုးနဲ့ စတင်ခဲ့ပါတယ် ပထမ ၂ ပွဲတုန်းက အဆဲတွေမတရားခံခဲ့ရပြီး နားရက်ပါ ဖျက်ခံခဲ့ရတော့မှ လီဗာပူးလ်အပေါ် အနိုင်ရသွားပါတယ် အဲ့ပွဲ သူတို့ဘက်က ဘောလုံးနောက်ကနေ ရှယ်ပြေးလိုက်ကြပါတယ် ကွင်းလယ်တွေရဲ့ Pressing က လီဗာပူးလ်ထက်သာတယ် အဲ့ပွဲ Form အရမ်းကောင်းခဲ့ကြတယ် ၄ ပွဲမြောက်ရောက်တော့ ဘရိုက်တန်နဲ့တွေ့ခဲ့ရတယ် အဲ့ပွဲ ကတိကအောက် တော်တော်ဖြစ်တယ် တိုက်စစ်ပိုင်းအခြေနေက အဆင်သိပ်မပြေဘူး ဂိုးဖြစ်နိုင်တဲ့အခိုက်အတန့်က ၂ ခါထဲပဲရှိတယ် ကျန်တာ ဘာမှရင်ခုန်စရာမရှိဘူး ကံကောင်းတာ ဘရိုက်တန်တို့ကလည်း ခြေစွမ်းမကောင်းတော့ ဘောလုံးကို ဟိုကန်ဒီကန်လုပ်သွားလို့ပါပဲ ဘရိုက်တန်တို့သာ နည်းနည်းကောင်းရင်တော့ မန်ယူတို့ရှုံးလောက်တယ် ဒုတိယပွဲပြီးသွားတုန်းက Antony ကို ပေါင် ၁၀၀ နဲ့ HERE WE GO လုပ်လိုက်တော့မှ နောက်ဆုံးတိုက်စစ်မှူးကို ကောင်းကောင်းလေးပိုင်ဆိုင်သွားခဲ့ပါပြီ သူက ဘယ်လောက်ထိကောင်းနိုင်မလဲတော့ မသိသေးပါဘူး ဒီနေ့ ဆင်းရရင်ဆင်းရလိမ့်မယ် ဒီပွဲ မန်ယူရဲ့ ဘောလုံးအပေးအယူက အာဆင်နယ်ကိုမမှီပေမယ့် လျင်မြန်တဲ့ တန်ပြန်တိုက်စစ် ဆင်နိုင်ခဲ့ရင်တော့ အာဆင်နယ်ကို ဒုက္ခပေးနိုင်ပါတယ်

အာဆင်နယ်တို့ကျတော့ ဒီနှစ်ခြေစွမ်းတွေ ရှယ်ကြမ်းနေပါတယ် တိုက်စစ်ပိုင်းမှတိုက်စစ်မှူးတွေ တစ်ယောက်နဲ့တစ်ယောက် အရမ်းနားလည်ထားကြတယ် Jesus ရောက်လာတဲ့နေရာက အရမ်းမှန်သွားတယ် Zinchenko ရဲ့ စည်းဘေးကနေ မြောက်ဘောတင်ပေးလိုက်တဲ့တစ်ချက်ကလည်း အရမ်းအကျိုးရှိတယ် အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းက အရင်ထက် ပိုကြည့်ကောင်းနေတယ် နောက်တစ်ယောက်ကျတော့ White ပေါ့ သူက Center-back ကနေ ညာဘက်ပြောင်းလိုက်တော့ အခြေနေပိုကောင်းနေပါတယ် အာဆင်နယ်ရဲ့ ဒဿနက မန်စီးတီးနဲ့တူတူပဲ အဲ့တာ ဘောလုံးတတ်နိုင်သလောက် အပိုင်ကိုင်ထားမယ် work ball into box ဆိုတဲ့ ဘောလုံးကို ပြိုင်ဘက်ရဲ့ ပင်နယ်တီစည်းထဲ တတ်နိုင်သလောက် ထိုးဖောက်မယ့်စတိုင်လ်ပါ ဒီအစီစဉ်လုပ်ဖို့ဆိုတာ ဘောလုံးအပို့အယူ တိကျဖို့လိုပါတယ် ပြီးတော့ ကစားသမားရဲ့ ကိုယ်ပိုင်စကေးလည်း အရမ်းအသုံးပြုခဲ့ရပါတယ် အဲ့အရာတွေဟာ အာဆင်နယ်ရဲ့ တိုက်စစ်မှူးတွေ တစ်ယောက်မှမရှိပဲမနေဘူးဗျ အဲ့တာကြောင့် အာဆင်နယ်အသင်းက ဒီနှစ်မှာ တော်တော်ကြောက်ဖို့ကောင်းနေတယ် အသစ်ခေါ်ယူထားတဲ့ သူတွေကလည်း အသင်းရဲ့အားနည်းချက်ကို လာကုပေးသွားနိုင်တယ် ဒါပေမယ့်လည်း သူတို့ဘက်က နည်းနည်းပါးပါး မှားမိတာနဲ့ လျင်မြန်တဲ့ မန်ယူရဲ့ တန်ပြန်တိုက်စစ်ကို ခံဖို့ရှိပါတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုသာခဲ့ဖူးပါတယ် မန်ယူအသင်းက အခုနောက်ပိုင်း အာဆင်နယ်အပေါ် အနိုင်သိပ်မရပေမယ့် ဒီနေ့ ဘယ်အသင်းကမှ အထက်ကြေးမဖြစ်ပါဘူး အဲ့တော့ ကျွန်တော်က မန်ယူဘက်ကိုပဲ ပိုပါပါတယ် ဘာလို့လည်းဆိုတော့ မန်ယူက အိမ်ကွင်းနဲ့ကစားရမှာမို့လို့ပါ မန်ယူက ကိုယ့်အိမ်ကွင်းနဲ့ လုပ်ပြဖူးပြီးပြီ အသက်ကုန်ပြေးတဲ့နေ့တုန်းက လီဗာပူးလ်ဖြစ်နေတာတောင် သူတို့ကိုမခံနိုင်ပါဘူး ပထမ ၂ ပွဲကို ကျော်ဖြတ်လာပြီး လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ကို အနိုင်ရလာကတည်းက သူတို့ရဲ့ခံစစ်ပိုင်းဟာ ပိုမိုတောင့်တင်းလာမှန်း မြင်ခဲ့ရပါတယ် မက်ကွိုင်းကို အရံထိုင်ခုံမှာ ထိုင်ခိုင်းလို့ ခံစစ်ပိုင်းက ပိုအားကောင်းလာတာနေမယ် အခု Casemiro ကပါ ရောက်ချလာပြီဆိုတော့ ခံစစ်ပိုင်းက အရင်ထက် ပိုပြီး တောင့်တင်းသွားပါပြီ ဒီပွဲ အာဆင်နယ်တို့ရဲ့ အားသာချက်က တိုက်စစ်ပိုင်းပါ ကွင်းရဲ့ အလယ်မှာပဲ ဘောလုံးဖြတ်ခံခဲ့ရရင်တော့ မန်ယူရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ် ခံရမှာသေချာတယ် အခုမှ ရောက်လာတဲ့ လက်နက်အသစ်နဲ့ Anthony က မန်ယူရဲ့တိုက်စစ်ပိုင်းကို ပိုကြောက်ဖို့ကောင်းအောင် ပံ့ပိုးပေးနေလောက်ပြီ အာဆင်နယ်အသင်းက အခုလက်ရှိ Form ဟာ တကယ်ကောင်းတယ် ၄ ပွဲဆက်တိုက် အနိုင်ရထားပြီးပြီ ဒါပေမယ့် အာဆင်နယ်တို့က တကယ့်စစ်မှန်တဲ့ပြိုင်ဘက်နဲ့ မတွေ့ရသေးလို့ပါ ဒီပွဲပဲ ကောင်းကောင်းမြင်ခဲ့ရလိမ့်မယ် အာဆင်နယ်ဘက်က ဒီပွဲ ဧည့်သည်ဖြစ်နေတော့ နစ်နာနေပါတယ် ပြီးတော့ ကစားသမားအသီးသီးရဲ့ နာမည်ကျော်ကြားမှုကလည်း မန်ယူတို့လောက် မကျော်ကြားပါဘူး သူတို့ဘက်က မန်ယူထက်သာတဲ့နေရာ Team-work ပဲ ဖြစ်လိမ့်မယ် အဲ့တော့ အခွင့်ရေးအပေါ်ပဲ မူတည်လိမ့်မယ် ဒီပွဲ မန်ယူဘက်က ကိုယ့်အိမ်ကွင်းနဲ့ ပြိုင်ဘက်အပေါ် အနိုင်ရသွားမယ်ထင်ပါတယ် vibet77

11 Players

Man Utd (4-2-3-1) – De Gea – Malacia – Varance – Martinez – Dalot – Casemiro – Eriksen – Fernandes – Sancho – Anthony – Ronaldo

Arsenal (4-2-3-1) – Ramsdale – White – Zinchenko – Saliba – Gabriel – Xhaka – Eleny – Martinelli – Odegaard – Saka – Jesus

Missing Players

Manchester United – Victor Lindelöf (Unknown Injury), Facundo Pellistri (Ankle Injury)

Arsenal FC – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်ပါတယ်