vbt77

vbt77 ဘရိုက်တန် Vs မန်ယူ [ 4 May 23 - 01:30 hrs]

vbt77 ရောဘတ်တို ဒီဆာဘီနည်းပြလက်ထဲက ဘရိုက်တန်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ စပြီး မှားယွင်းနေပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ပွဲတုန်းကမှ ခြေစွမ်းတွေပြပြီး ဝုဗ်ဗာဟန်တန်အပေါ် ၆-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲတုန်းက အိမ်ကွင်းနဲ့ကစားရတာဖြစ်ပြီး ဒီပွဲမှာလည်း ဆက်ပြီး အိမ်ကွင်းနဲ့ပဲ ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲ ကြီးမားတဲ့ မန်ယူအသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။ ဘရိုက်တန်တို့ လောလောဆယ် အဆင့်ဇယားထဲမှာ အဆင့် ၈ ဖြစ်ပြီး ဒီရာသီအတွင်း ၃၁ ပွဲ ကစားပြီးသွားပါပြီ။ အဲ့ဒီ ၃၁ ပွဲထဲမှာ ၁၅ ပွဲအနိုင် ၇ ပွဲသရေနဲ့ ၉ ပွဲအရှုံး လုပ်ထားနိုင်ခဲ့ပါတယ်။ လက်ထဲမှာ ၅၂ မှတ်လေးနဲ့ မန်ယူရဲ့နောက်ကနေ ၁၁ မှတ် ကွာဟနေတယ်။ ဒါပေမယ့် မန်ယူဘက်က ဘရိုက်တန်ထက် တစ်ပွဲပိုကစားထားပါတယ်။ ဘရိုက်တန်တို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲအနိုင် ၃ ပွဲအရှုံးဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင် Top6 ထဲပါဖို့ ရှိပါတယ်။ ဥရောပဇုန်ထဲ ပါဖို့ရှိနေပါသေးတယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ Jakub Moder၊ Jeremy Sarmiento၊ Joel Veltman၊ Adam Lallana နဲ့ Tariq Lamptey တို့ မရှိသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ အီဗန် ဖာဂူဆန်နဲ့တစ်ယောက်ကတော့ ခြေချင်းဝတ်မှာဒဏ်ရာရထားလို့ ပါနိုင်မလားမသိသေးပါဘူး။ ဒီပွဲ ဘရိုက်တန်တို့ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ခံစစ်ပိုင်းနေရာ Pascal Gross၊ Adam Webster၊ Lewis Dunk နဲ့ Pervis Estupignan တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းကျတော့ Moises Caicedo၊ Alexis Mac Allister၊ Solly March နဲ့ Julio Enciso တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Kaoru Mitoma နဲ့ Danny Welbeck တို့ကိုပဲ အဓိက ဂိုးသွင်းဖို့တာဝန် ပေးထားလောက်ပါတယ်။

အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူတို့ကျတော့ စွမ်းဆောင်ရည်ကောင်းတုန်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာအပေါ် ၁-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲမတိုင်ခင် စပါးနဲ့ပွဲတုန်းက သရေကျလာပေမယ့် ၃ ပွဲဆက်တိုက် မရှုံးသေးပါဘူး။ အခုလက်ရှိ အဆင့်ဇယားထဲမှာ အဆင့် ၄ ဖြစ်ပြီး ဒီရာသီအတွင်း ၃၂ ပွဲ ဆင်းကစားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ ၃၂ ပွဲထဲမှာ ၁၉ ပွဲအနိုင် ၆ ပွဲသရေနဲ့ ၇ ပွဲအရှုံးဖြစ်ပါတယ်။ လက်ထဲမှာ ၆၃ မှတ် ပိုင်ဆိုင်ထားပြီး အဆင့် ၃ မှာရှိတဲ့နယူးကာဆယ်ရဲ့ အနောက်ကနေ ၂ မှတ် ကွာဟနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဘက်က သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Two main centre-backs Tom Heaton၊ Lisandro Martinez၊ Raphael Varane၊ ပြီးတော့ Donny van de Beek နဲ့ Alejandro Carnacho တို့ရောပဲ ဒဏ်ရာရထားကြပါတယ်။ ဒါပေမယ့် ဒဏ်ရာအနည်းငယ်ရထားတဲ့ Scott McTominay ကျတော့ ဒီပွဲ ဆင်းနိုင်မလားမသိသေးပါဘူး။ ဒီပွဲ တန်ဟက်နည်းပြက ၄-၂-၃-၁ စနစ်ကိုပဲ အသုံးပြုထားလောက်ပါတယ်။ ခံစစ်ပိုင်းနေရာ Aaron Wan-Bissaka၊ Victor Lindelof၊ Luke Shaw နဲ့ ဒီယေဂို ဒါလော့တို့ကိုပဲ တာဝန်ချပေးထားလောက်တယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Christian Eriksen၊ Casemiro၊ Bruno Fernandes၊ Anthony တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ်။ နောက်ဆုံး ဂိုးသွင်းဖို့နေရာကတော့ Rashford နဲ့ ဆန်ချိုတို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

၂၀၂၂/၂၃ ခုနှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ဘက်က အိမ်ကွင်းနဲ့ မန်ယူကို လက်ခံကစားသွားမှာဖြစ်ပါတယ်။ ဘရိုက်တန်ဘက်က အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ကောင်းလိုက်ဆိုးလိုက် ဖြစ်နေတုန်းပါ။ မန်ယူတို့ကျတော့ အခုနောက်ပိုင်း အခြေနေပြန်ကောင်းနေပါပြီ။ နောက်ဆုံး ၈ ပွဲတုန်းကဆိုရင် ၅ ပွဲအနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ်။ ပြီးတော့ ဂိုး ၈ လုံး သွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အသက်ကုန်ရုန်းပြီးမှ အနိုင်ရလာပေမယ့် ဒီပွဲ နှစ်သင်းစလုံးရဲ့ အစစအရာရာကိုယှဉ်ကြည့်ရင်တော့ မန်ယူဘက်က ပိုသာမှန်းသေချာပါတယ်။ ဘရိုက်တန်ရဲ့စွမ်းဆောင် သိပ်မကောင်းပေမယ့် နောက်ဆုံးတစ်ပွဲကမှ ၆-၀ တောင် အနိုင်ရလာတဲ့အတွက် ယုံကြည်မှုတော်တော် ပြန်ရလာကြလောက်ပါတယ်။ ဒီပွဲ ဘရိုက်တန်ရဲ့ပြိုင်ဘက်က သူတို့ကို FA ဖလားတုန်းက အပယ်ခံထိသွားအောင် လုပ်ခဲ့တဲ့အသင်းဖြစ်တဲ့အတွက် လက်စားချေဖို့တော်တော်ကြိုးစားလိမ့်မယ်။ အဲ့ဒီ FA ဖလားပွဲတုန်းက ဘရိုက်တန်နဲ့ မန်ယူတို့ မိနစ် ၁၂၀ အထိ ကစားခဲ့ကြပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မန်ယူဘက်က အနိုင်ရသွားတယ်။ ဒီပွဲ ဘရိုက်တန်တို့ရဲ့ လက်စားချေပွဲဖြစ်တဲ့အတွက် အိမ်ကွင်းနဲ့ တိုက်စစ်ဆင်ပြီး ကစားခဲ့ကြလိမ့်မယ်။ အရင်ပွဲလိုမျိုးပေါ့။ မန်ယူတို့ကျတော့ လောလောဆယ်ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။ အရင်ပွဲတုန်းက နမူနာထားပြီး သတိရှိရှိနဲ့ ကစားခဲ့ကြလိမ့်မယ်။ သူတို့လည်း ဒီပွဲ တိုက်စစ်ဆင်တဲ့စနစ်နဲ့ပဲ ဝင်လုံးလိမ့်မယ်။ အဲ့တာနဲ့ပဲ ဒီပွဲ တော်တော်ကြည့်လို့ကောင်းလိမ့်မယ်။ ဘယ်အသင်းမှ အရှုံးမပေးပဲ ဆူဆူပူပူ တိုက်ခိုက်ခဲ့ကြလိမ့်မယ်။ အမှားလုပ်မိတဲ့ဘက်ကပဲ ရှုံးသွားလိမ့်မယ်။ ပြီးတော့ ဂိုးပြတ်သားမှုပိုရှိတဲ့ဘက်ကပဲ အနိုင်ရသွားမယ်။ ဒီပွဲကတော့ တစ်ယောက်တစ်မှတ်ရသွားဖို့အခြေနေရှိပါတယ်။ ဒါပေမယ့် မဖြစ်မနေ အနိုင်ရရှိသူကိုရွေးရမယ်ဆိုရင်တော့ မန်ယူဘက်ကိုပဲ ပိုအားပါပါတယ်။

11 Players

Brighton & Hove Albion (4-3-2-1) : Steele; Gross, Colwill, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck

Manchester United (4-3-2-1) : De Gea; Wan-Bissaka, Lindelof, Shaw, Malacia; Casemiro; Fernandes, Sabitzer, Eriksen, Antony; Rashford

Missing Players

Brighton & Hove Albion : Jeremy Sarmiento (Metatarsal Fracture), Tariq Lamptey (Knee Injury),A.Lallana (Muscle Injury),J.Veltman(Muscle Injury),E.Ferguson(Ankle Injury)

Manchester United : Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Raphaël Varane (Foot Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Facebook