ufa88myanmar

Red Bull Salzburg Vs ချယ်လ်ဆီး [25 Oct 22 - 23:15 hrs]

ufa88myanmar အိမ်ရှင် Red Bull Salzburg အသင်း UCL ပွဲစဉ်ထဲက လက်ထဲမှာ အမှတ် ၄ မှတ်ထဲပဲရှိတဲ့အတွက် နောက်တစ်ဆင့်ဆန်ကာတင်ဖို့အခြေနေ ၅၀-၅၀ ဖြစ်နေပါတယ်။ နံပါတ် ၂ ဖြစ်သွားမယ့်အသင်းက ဒီပွဲပေါ်မူတည်ပါတယ်။ သူ့တို့ရဲ့ Form အသီးသီးကတော့ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၄ ပွဲတောင်ရရှိသွားတယ်။ အသင်းထဲက အကျော်ကြားဆုံးကစားသမားကတော့ ဒီအချိန် Sessko ပဲရှိပါတယ်။ ကြီးမားတဲ့အသင်းတွေတော်တော်များများ သူ့ကို စိတ်ဝင်စားနေကြတယ်။ Okarfor ရောပဲ အတူတူတွဲကစားရင် တော်တော်အဆင်ပြေပါတယ်။ Red Bull တို့ရဲ့အဓိကပြသာနာဟာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ်။ အဲ့တာနဲ့ပဲ ဒီအသင်းရဲ့ Form က ကောင်းမလို ဆိုးမလိုဖြစ်နေတာဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် အနိုင်တစ်ပွဲလေးပဲရရှိခဲ့တယ်။ ဒီပွဲ ချယ်လ်ဆီးကိုကြိုဆိုရမှာဆိုတော့ ခက်လိမ့်မယ်။

ချယ်လ်ဆီးတို့ကျတော့ UCL ထဲမှာ တော်တော်အဆင်ပြေနေကြပါအတယ်။ ဒီပွဲ ပေါ့ဆလို့မဖြစ်ပါဘူး၊ မှားမိတာနဲ့ နောက်ဆုံးပြိုင်ပွဲအထိ ရုန်းခဲ့ရလိမ့်မယ်။ မန်ယူနဲ့ပွဲတုန်းက သူတို့ခြေစွမ်းတွေ သိပ်ကြည့်မကောင်းပါဘူး။ ပထမပိုင်းတုန်းကဆိုရင်ပိုဆိုးတယ်။ သူတို့ရဲ့ကွင်းလယ်ကစားသမားတွေက ဘောလုံးမပိုင်နိုင်ဘူး၊ ဘောလုံးအပို့အယူလည်း ခန ခန မှားယွင်းတယ်။ အဲ့တာနဲ့ပဲ သူတို့တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်ကောင်းကောင်းမရခဲ့လိုက်ဘူး။ ဒုတိယပိုင်းရောက်တော့ နည်းနည်းပြန်အဆင်ပြေလာတယ်။ ကွင်းလယ်ပိုင်းက မနိုင်တော့ အဲ့ Position ကို နောက်တစ်ယောက်ထပ်ထည့်လိုက်တယ်။ ဒီကိစ္စက ပေါ်တာရဲ့ညာဏ်ရည်ကို ပြသခဲ့ပါတယ်။ အရင်ကတစ်ပွဲရဲ့ Form ကိုကြည့်ပြီး ဒီပွဲကိုခန့်မှန်းမယ်ဆိုရင် ချယ်လ်ဆီးတို့ ပျော်ရလောက်ပါတယ်။ ချယ်လ်ဆီးတို့ရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုရှိပါတယ်။ Kepa ဆိုတဲ့ဂိုးသမားကြီးက အခုတလော လက်စွမ်းတွေပြသနေတယ်။ ပြီးတော့ Mount က အခွင့်ရေးအသီးသီး ဖန်တီးနိုင်လာပြီ၊ အဲ့ဒီတော့ ဒီပွဲဆီကအမှတ် ၃ မှတ်ရဖို့အရေး ထင်သလောက်ခက်မနေလောက်ပါဘူး။

အချင်းချင်းတွေ့ဖူးတာ ၂ ပွဲထဲပဲရှိပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးရဲ့အိမ်ကွင်းဖြစ်ပြီး ၁-၁ နဲ့ သရေကျသွားပါတယ်။  အခုလက်ရှိ ဒီအစီစဉ်ထဲမှာ နှစ်သင်းစလုံးရဲ့ အခြေနေက ပြိုင်ဆိုင်နေရတုန်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ဒီဂရုရဲ့နံပါတ် ၁ ဖြစ်ပြီး Red Bull Salzburg အသင်းထက် အမှတ် ၃ မှတ် ပိုသာနေပါတယ်။ အဲ့တော့ ဒီပွဲဆီကအမှတ် ၃ မှတ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးဘက်က အမှတ်ပိုများနေတော့ စိတ်ဖိအားပိုနည်းပါတယ်။ ကစားသမားအသီးသီးချင်းနဲ့ အသင်းရဲ့အခြေခံချင်းယှဉ်ကြည့်တဲ့အခါမှာလည်း  ချယ်လ်ဆီးဘက်က ပိုသာတယ်။ ချယ်လ်ဆီးတို့ ဒီပွဲပေါ့ဆလို့မဖြစ်သေးပါဘူး။ ဘာလို့လည်းဆိုတော့ Red Bull Salzburg တို့က ကြီးမားတဲ့အသင်းတွေနဲ့ တိုက်ခိုက်ရရင် ကောင်းတဲ့ခြေစွမ်း ပြတတ်လို့ပါ။ ဒီပွဲ နှစ်သင်းစလုံးပဲ အားစိုက်ကစားကြမှာဆိုတော့ နောက်ဆုံးမှာ ချယ်လ်ဆီးတို့ပဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Redbull Salzburg (4-4-2) – Kohn – Ulmer – Pavlovic – Solet – Dedic – Douath – Seiwald – Kjaergaard – Sucic – Okarfor – Sessko

Chelsea (3-4-2-1) – Kepa – Chalobah – Silva – Cucurella – Kovacic – Jorginho – Sterling – Pulisic – Havertz – Mount – Aubameyong

Missing Players

Red Bull Salzburg – Bryan Okoh (No eligibility), Mamady Diambou (No eligibility), Samson Tijani (No eligibility), Andreas Ulmer (Adductor problems), Fernando (Muscle Injury), Luka Sucic (Adductor problems), Nicolás Capaldo (Knee Problems), Ousmane Diakité (Cruciate Ligament Rupture), Sekou Koita (Thigh Problems), Dijon Kameri (Shoulder Injury), Justin Omoregie(Hamstring Injury), Bryan Okoh (Cruciate Ligament Rupture), Samson Tijani (Tibia and Fibula Fracture)

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Reece James (Knee Injury)

အိမ်ရှင်ဒေါ့မွန်အသင်း ဒီပွဲ ချန်ပီယံရမယ့် အသင်းကိုကြိုဆိုရမှာဖြစ်တဲ့အတွက် တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ပထမလိပ်တုန်းက ဒေါ့မွန်တို့ ခြေစွမ်းတော်တော်ပြနိုင်ပြီး မန်စီးတီးကို တိုင်ပတ်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ အဓိက ကွင်းလယ်ကစားသမားနဲ့ Bellingham ပဲ သူ့ရဲ့ ကွင်းလယ်ထိန်းချုပ်မှုက တော်တော်အဆင်ပြေတယ်။ ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။ သူက ကစားပွဲကို ကောင်းအောင်ထိန်းချုပ်နိုင်တာတစ်ခုထဲမဟုတ်ပါဘူး၊ ခံစစ်ပိတ်ကစားလို့လည်းရတယ်။ မန်စီးတီးတို့ ဂိုး ၂ လုံးပြန်သွင်းနိုင်ဖို့အရေး ပွဲပြီးခါနီး မိနစ် ၈၀ ကျော်သွားတော့မှ သွင်းနိုင်တယ်။ အဲ့ပွဲ ဒေါ့မွန်တို့အတွက် နှမြောဖို့ကောင်းပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းဖြစ်နေတော့ ကိုယ့်အားသာချက်နဲ့ ကစားရမှာဖြစ်ပါတယ်။ သူတို့ အစီစဉ်အားလုံးထဲက အိမ်ကွင်းနဲ့ပွဲမှာ အရှုံးတစ်ပွဲလေးပဲရှိပါတယ်။ ဘိုင်ယန်တို့တောင် သူတို့ဧည့်သည်လာလုပ်ပြီး သရေကျရုံနဲ့ ပြီးသွားသေးတယ်။ ဒီပွဲ ဒေါ့မွန်ဘက်က အပီကစားလိမ့်မယ်၊ ဒါပေမယ့်လည်း ခံနိုင်မလားတော့မသိပါဘူး။

မန်စီးတီးအသင်း ဒီ UCL ပွဲစဉ်ထဲမှာ အရင်ပွဲကတည်းက ဆန်ကာတင်သွားခဲ့ပြီဖြစ်ပါတယ်။ အဲ့တော့ ဒီပွဲ ပပ်က ဟာလန်းရယ် De Bruyne ရယ် ပြီးတော့ Bernardo Silva တို့ကို အနားပေးလောက်တယ်။ မန်စီးတီးရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ဟာလန်းမှာ ဂိုး ၂ လုံး ပိတ်သွင်းလာတဲ့အတွက် သူဆင်းကစားတဲ့ ၁၄ ပွဲထဲမှာ ဂိုး ၂၂ လုံးတောင် သွင်းယူသွားပြီးပြီ၊ တော်တော်ရူးနေပြီ။ လီဗာပူးလ်နဲ့ပွဲမပါရင် ပွဲတိုင်းပဲဂိုးသွင်းနိုင်နေတယ်။ ဘရိုက်တန်ပွဲတုန်းက သူ့ရဲ့ပထမဂိုးဟာ သူ့ရဲ့ အလုပ်အရမ်းကြိုးစားမှုကို ဖော်ပြခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ စစထွက်ချင်းအရှိန်နဲ့ ဂိုးသမားကိုရှောင်ပြီး ပြိုင်ဘက်ခံစစ်မှူးနဲ့ဝင်တိုက်တဲ့နေရာက တကယ့်တောင့်တင်းမှုရှိတဲ့အလုပ်ဖြစ်ခဲ့လို့ပါ။ မန်စီးတီးဘက်က ပထမဂိုး ၁ လုံးအရင်ရထားတော့ ဟိုဘက်ကလည်း ဂိုးပြန်သွင်းနိုင်ပေမယ့် မန်စီးတီးတို့အတွက် အေးဆေးပါပဲ။ နောက်ဆုံး De Bruyne က တတိယမြောက်ဂိုးကို ထပ်ပိတ်သွင်းလိုက်သေးတယ်။ ဒါမှ ကမ္ဘာ့အဆင့်ရှိတဲ့ အခွင့်ရေးဖန်တီးမှုပါ။ သဘာဝကျကျနဲ့ တော်တော်အဆင်ပြေတဲ့ ကစားပွဲကို ဖန်တီးနိုင်တယ်။ အဲ့ပွဲ Akanji လည်း တော်တော်ကောင်းတယ်၊ အဲ့တာနဲ့ပဲ သူလည်း ပထမကစားသမားအနေနဲ့ ခန ခန ဆင်းခွင့်ရလောက်တယ်။ ကွင်းလယ်ပိုင်းကတော့ ဘောလုံးအပိုင်ယူထားနိုင်ပြီး တိုက်စစ်ပိုင်းကိုကျတော့ ထည့်ပြောမနေတော့ပါဘူး။ သူတို့ပိတ်သွင်းထားတဲ့ဂိုးအရေအတွက်နဲ့တင် သူတို့ရဲ့တောင့်တင်းမှုကို ခန့်မှန်းနိုင်ပါတယ်။ ဒီပွဲ မန်စီးတီးတို့ အရံကစားသမား တော်တော်များများ အသုံးပြုပေမယ့် ဒေါ့မွန်ထက်တော့ သာနေလောက်ပါတယ်။

ufa88myanmar အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ်။ မန်စီးတီးတို့ ဒေါ့မွန်ကို ရှုံးခဲ့ဖူးပါတယ်။ အဲ့ပွဲကြည့်မယ်ဆိုရင် ဟိုးအရင်က ၂၀၁၂ ခုနှစ်အထိပြန်ကြည့်မှတွေ့ရပါတယ်။ အဲ့တစ်ပွဲလေးပဲရှိပါတယ်။ အဲ့ကနေနောက်ပိုင်းမှာကျတော့ မန်စီးတီးတို့ပဲ အနိုင်ရသွားတာများတယ်။ ဒါပေမယ့် မန်စီးတီးတို့က ဒေါ့မွန်အပေါ် ဂိုးတစ်လုံးထက် ပိုမနိုင်ပါဘူး၊ ကပ်နိုင်သွားတာများပါတယ်။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် ကပ်နိုင်ရုံပဲရှိပါတယ်။ ဒီအစီစဉ်ထဲက နှစ်သင်းစလုံးမှာ နှစ်သင်းစလုံးပဲ အခြေနေကောင်းနေပါတယ်။ နှစ်သင်းစလုံး ဆန်ကာတင်နိုင်မှာဖြစ်ပြီး ဘယ်အသင်းက နံပါတ် ၁ အနေနဲ့ ဆန်ကာတင်သွားမှာလဲပဲရှိပါတယ်။ ဒါပေမယ့် မန်စီးတီးကို ပိုယုံပါတယ်။ မန်စီးတီးတို့ ဒီပွဲမရှုံးရင် ဂရုရဲ့နံပါတ် ၁ အနေနဲ့ ဆန်ကာတင်ဖို့ လုံးဝသေချာတယ်။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form ဟာ ဒေါ့မွန်ဘက်က အမြဲလိုလိုမရှိသေးပါဘူး၊ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတုန်းပါ။ မန်စီးတီးတို့ကျတော့ ကောင်းပဲကောင်းနေတာ နောက်ဆုံးတစ်ပွဲတုန်းကတောင် ဘရိုက်တန်အပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာခဲ့သေးတယ်။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် မန်စီးတီးဘက်က ပပ်ရဲ့စတိုင်လ်အတိုင်း အနိုင်ရသွားလောက်ပါတယ်။

11 Players

Dortmund (4-2-3-1) – Kobel – Guerreiro – Schlotterbeck – Hummels – Sule – Bellingham – Can – Brandt – Hazard – Modeste – Adeyemi

Man City (4-3-3) – Ederson – Akanji – Cancelo – Laporte – Dias – Rodri – Silva – Palmer – Foden – Mahrez – Alvarez

Missing Players

Borussia Dortmund – Salih Özcan (Yellow card suspension), Marco Reus (Ankle problems), Mateu Morey Bauzà (Knee Surgery), Abdoulaye Kamara (Unknown Injury), Thomas Meunier(Cheekbone Fracture), Luca Unbehaun (Back trouble), Donyell Malen (Cold), Sébastien Haller (Testicular Cancer), Jamie Bynoe-Gittens (Shoulder Injury), Mahmoud Dahoud (Shoulder Injury)

Manchester City – Sergio Gómez (Red card suspension), Kyle Walker (Groin Injury), John Stones (Hamstring Injury), Kalvin Phillips(Shoulder Injury)