ubett mm

မန်စီးတီး Vs လီဗာပူးလ် [ 1 Apr 23 - 18:00 hrs]

ubett mm  မန်စီးတီးအသင်း အခု နံပါတ် ၁ မှာရှိနေတဲ့အာဆင်နယ်ကို အနောက်ကနေ အသက်ကုန်လိုက်နေပါတယ်။ စီးတီးရဲ့ရမှတ်က အာဆင်နယ်ထက် ၈ မှတ်နည်းပြီး ပြိုင်ပွဲအရေအတွက်ပါ ၁ ပွဲ ပိုနည်းပါတယ်။ လက်ကျန်ပွဲကို အနိုင်ရခဲ့ရင်တော့ ၅ မှတ်ထဲပဲ ကွာဟလိမ့်မယ်။ ပြီးတော့ အဲ့ထက်အရေးကြီးတာ အာဆင်နယ်နဲ့တွေ့ဖို့ ၁ ပွဲကျန်သေးတယ်။ ရာသီကုန်ဖို့ ရင်ဆိုင်စရာပွဲတွေကြည့်ပြီးပြောရင် မန်စီးတီးထက် အာဆင်နယ်ကို ပိုစိတ်ပူရပါတယ်။ ဘာလို့လည်းဆိုတော့ အာဆင်နယ်တို့က ၄ လပိုင်းအကုန်ကနေ ၅ လပိုင်းအဝင်အတွင်း မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ်၊ ဘရိုက်တန် ပြီးတော့ လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ဖို့ရှိပါတယ်။ မန်စီးတီးရဲ့ Program ထက် ကြမ်းတမ်းပါတယ်။ အဲ့တာကြောင့် စီးတီးတို့ရဲ့ ချန်ပီယံနေရာ ရင်ခုန်လို့ရနေတုန်းဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ရာသီရဲ့ နောက်ဆုံးပြိုင်ပွဲအထိ ကြည့်ခဲ့ရလိမ့်မယ်။ ဒါပေမယ့် ဒီပွဲမှာတော့ လီဗာပူးလ်ကို အရင်နိုင်အောင်ကြိုးစားရမယ်။ အာဆင်နယ်ထက်စောပြီး ပြိုင်ကစားတယ်။ အနိုင်ရသွားလို့ကတော့ အာဆင်နယ်တို့အတွက် ဖိအားများစွာ ရရှိသွားလိမ့်မယ်။ ဒီပွဲ စီးတီးတို့ဆီမှာ ဒဏ်ရာရထားတဲ့သူတွေမရှိပါဘူး။ အားလုံးပဲ ဆင်းကစားဖို့ အဆင်သင့်ဖြစ်ပါတယ်။ အဲ့ထက်ကောင်းတာ စီးတီးတို့က ကိုယ့်အိမ်ကွင်းနဲ့ ခြေစွမ်းတော်တော်ပြတတ်ပါတယ်။ ဒီရာသီအတွင်း အိမ်ကွင်းနဲ့ ၁၃ ပွဲ ကစားပြီး အနိုင် ၁၁ ပွဲတောင် ရရှိသွားပါတယ်။ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲလေးပဲ ရရှိခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီ ၁၃ ပွဲထဲနဲ့ ဂိုး ၄၃ လုံးတောင် သွင်းနိုင်တယ်။ တစ်ပွဲကို ဂိုး ၃ လုံး ပုံမှန်သွင်းနိုင်နေကြတာဖြစ်ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းကြမ်းတယ်။ အဓိက ဟာလန်းနဲ့တစ်ယောက်ဆိုရင် ၂၆ ပွဲ ဆင်းကစားပြီး ဂိုး ၂၈ လုံးတောင် သွင်းနိုင်တယ်။ သူ့ခန္ဓာကိုယ်နဲ့ လျင်မြန်ချက်က ဘယ်သူမှယှဉ်လို့မရဘူး။ တောင့်တင်းမှုတော်တော်ရှိတယ်။ ဒီပွဲ စီးတီးမှာ ဟာလန်း၊ ဒီဘရိုင်း၊ ဆေးလ်ဗား၊ ဖိုဒန်းနဲ့ ရိုဒရီတို့ ရှိနေပါတယ်။ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းက အရမ်းပဲ ပြည့်စုံနေပါတယ်။ ကိုယ့်အမှားကို မလုပ်မိရင်တော့ ဘယ်အသင်းကိုမှ ကြောက်စရာမလိုပါဘူး။ လက်ရှိ ကစားသမားအဖွဲ့အစုက အရင်လောက်မကြမ်းပေမယ့် အရမ်းကောင်းတဲ့ထဲတော့ရှိပါတယ်။ သူတို့ရဲ့ Only one အားနည်းချက်ကတော့ ခံစစ်ပိုင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းကလည်း ပရိသတ်တွေကို ရင်ခုန်အောင် အကြိမ်ကြိမ်လုပ်ဖူးတယ်။ တိုက်စစ်ပိုင်းက အရမ်းကောင်းနေလို့သာ အဆင်ပြေနေတာပါ။ ဒီပွဲ သူတို့ လီဗာပူးလ်ကိုနိုင်မယ်ထင်ပါတယ်။ ဟာလန်းက ဒဏ်ရာရထားပြီး နိုင်ငံအသင်းထဲမပါနိုင်ပေမယ့် ဒီပွဲမှာတော့ မပါပဲမနေလောက်ပါဘူး။

လီဗာပူးလ်တို့ကျတော့ ထာဝရရန်သူအပေါ် ၇-၀ နဲ့ အနိုင်ရသွားကတည်းက ခြေစွမ်းတွေညံ့ပြီး အောက်ဆုံးအဆင့်ဖြစ်တဲ့ ဘုန်းမောက်ကို ရှုံးသွားတယ်။ ပြီးရင် UCL တိုက်ပွဲထဲကနေ အပယ်ခံထိသွားပါတယ်။ ဘုန်းမောက်နဲ့ပွဲတုန်းက အလိုလိုစိတ်လျှော့ချလိုက်တာ မြင်ခဲ့ရပါတယ်။ မန်ယူနဲ့တွေ့တုန်းကလိုမျိုး တက်ကြွမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူးလ်တို့က ခံစစ်အရမ်းပိတ်ထားတဲ့အသင်းနဲ့တွေ့ရင် အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတာ မထူးဆန်းပါဘူး။ နူးနက်ဇ်နဲ့ ဆာလက်တို့ကစားဖို့နေရာတောင် မရလိုက်ပါဘူး။ တိုက်စစ်ပိုင်းက ပိတ်ခံထိတော့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဘောလုံးကို ဟိုပို့ ဒီပို့ရုံပဲ ပြီးသွားတယ်။ လီဗာပူးလ်ရဲ့ လက်ရှိကစားသမားအဖွဲ့အစုက ကွင်းလယ်ပိုင်းမှာ ကစားပွဲဖန်တီးပေးမယ့်သူမရှိဘူး။ အဲ့ဒီတော့ ရာသီဈေးကျရင် Jude Bellingham ကို မဖြစ်မနေ ရအောင်ခေါ်မှဖြစ်မယ်။ ပြီးတော့ Mason Mount နဲ့တစ်ယောက်ကိုလည်း ပါအောင်ခေါ်ရမယ်။ လီဗာပူးလ်ရဲ့ လက်ရှိ ကွင်းလယ်ကစားသမားက အဆင်မပြေဘူး။ အဲ့ထက်ဆိုးတာ Bajcetic က လောလောဆယ် ဒဏ်ရာရထားသေးတယ်။ ဒီလိုကြည့်ပြီးပြောရင် လီဗာပူးလ်တို့ Top4 ထဲ ပါနိုင်မလားဆိုတာ မသေချာတော့ပါဘူး။ နံပါတ် ၄ မှာရှိနေတဲ့အသင်းထက် ပြိုင်ပွဲ ၂ ပွဲ ပိုနည်းပေမယ့် အဲ့ဒီလက်ကျန် ၂ ပွဲစလုံးကို အနိုင်ရခဲ့ရင်တောင် ကျော်မတက်နိုင်သေးပါဘူး။ နောက်ပြီး နယူးကာဆယ်တို့တောင် သူတို့ထက် ၅ မှတ် ပိုများနေပါတယ်။ ဒီပွဲနဲ့ လာမယ့် ၂ ပွဲမှာ ၃ ပွဲလုံး အနိုင်ရသွားခဲ့ရင်တော့ ရင်ခုန်လို့ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ ၃ ပွဲထဲက ၂ ပွဲရှုံးသွားရင်တော့ နှုတ်ဆက်လိုက်ပါ။ စီးတီး၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး ကြားထဲမှာ စပါးနဲ့ ထပ်တွေ့ရမှာဆိုတော့ အရမ်းခက်ပါတယ်။ ဝုဗ်တို့ ဘုန်းမောက်ရယ် ပြီးတော့ ဘရန်ဖိုတ့်တို့ကို ရှုံးသွားကတည်းက လီဗာပူးလ်ရဲ့အရည်အချင်းကို ကောင်းကောင်းမြင်ခဲ့ရပြီးပြီ။ ၃ မှတ်ရသင့်တာကို ၀ ပဲ ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ အစစအရာရာ ကိုယ့်ကိုယ်ကိုပဲ အပြစ်ပြောရပါမယ်။ ကစားသမားအသစ် ခေါ်သွင်းတုန်းက ကွင်းလယ်နဲ့ ခံစစ်ကို ခေါ်ဖို့ စိတ်တောင်မကူးခဲ့ကြဘူး။ အဲ့ဒီကစားသမားအဟောင်းတွေရဲ့ ကစားပုံကစားနည်းတွေ လူတိုင်းက သိနေကြကုန်ပြီ။ အဲ့ဒီတော့ လာမယ့်နွေရာသီဈေးကျရင် အနည်းဆုံး ၅ ယောက်လောက်တော့ ခေါ်သင့်ပါတယ်။ ပြီးရင် နေသားကျဖို့အချိန်လည်း လိုနေကြလိမ့်မယ်။ လီဗာပူးလ်တို့က လွယ်လွယ်လေးနဲ့ ပြန်လာနိုင်မယ်မထင်သေးပါဘူး။ ဒီပွဲ အနိုင်ရသွားခဲ့ရင်တော့ ယုံကြည်မှု ပြန်ကောင်းလာလိမ့်မယ်။ ဒါပေမယ့် လုံးဝမလွယ်ပါဘူး။ သူတို့ရဲ့ အဝေးကွင်းအခြေနေကလည်း ညံ့နေပါတယ်။ အဝေးကွင်းနဲ့ ၁၃ ပွဲထဲမှာ အနိုင် ၃ ပွဲလေးပဲ လုပ်နိုင်ခဲ့ပြီး အရှုံး ၇ ပွဲတောင် ရရှိသွားပါတယ်။ အဲ့ဒီ အဝေးကွင်းစံချိန်ကြီးနဲ့ အိမ်ကွင်းမှာ အရမ်းကြမ်းတဲ့မန်စီးတီးနဲ့တွေ့ရမှာဆိုတော့ ဘယ်လိုမှခံနိုင်မယ်မထင်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်တဲ့အတွက် ခန့်မှန်းရခက်ပါတယ်။ ပြောမယ်ဆိုရင် အခွင့်ရေးဖန်တီးနိုင်တဲ့ဘက်က ပိုသာလိမ့်မယ်။ ပြတ်သားမှုပိုရှိတဲ့ဘက်က အနိုင်ရသွားလိမ့်မယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က ပိုကောင်းပါတယ်။ ပထမကျော့တုန်းက လီဗာပူးလ်ရဲ့အိမ်ကွင်းဖြစ်ပြီး စီးတီးအပေါ် ၁-၀ နဲ့ အနိုင်ရသွားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကာရာဘောင်းဖလားတုန်းက စီးတီးတို့ ၃-၂ နဲ့ ပြန်နိုင်ထားပါတယ်။ နိုင်ငံအသင်းနဲ့ လုံးထွေးပြီး ပြန်လာတာချင်းတူတူပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်းဖြစ်ပါတယ်။ စီးတီးတို့က ချန်ပီယံဖြစ်ချင်တယ်။ အာဆင်နယ်ထက် ပြိုင်ပွဲ ၁ ပွဲပိုနည်းပြီး ရမှတ် ၈ မှတ်ပါ ပိုနည်းနေပါတယ်။ လက်ကျန် ၁ ပွဲကို အနိုင်ရခဲ့ရင်တော့ ၅ မှတ်ထဲပဲ ပိုနည်းခဲ့လိမ့်မယ်။ ပြီးတော့ အချင်းချင်းတွေ့ဖို့တစ်ပွဲပါ ကျန်နေသေးတယ်။ လီဗာပူးလ်တို့ကျတော့ လမ်းခရီးတွေ အရမ်းကြမ်းတမ်းပါတယ်။ ဒီပွဲကစပြီး နောက်လာမယ့် ၂ ပွဲမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ စောင့်နေပါတယ်။ အဲ့ဒီ ၃ ပွဲထဲမှာ အဝေးကွင်းနဲ့ ၂ ပွဲတောင် ဖြစ်နေပါတယ်။ လီဗာပူးလ်ရဲ့ လက်ရှိရာသီအတွင်း အဝေးကွင်းစံချိန်က ဆိုးပါတယ်။ အဲ့ဒီတော့ သူတို့ Top4 နေရာ ရင်ခုန်နိုင်မလားဆိုတာ ဒီ ၃ ပွဲကိုကြည့်ပြီး အဖြေတန်းထွက်လာလိမ့်မယ်။ မထင်မှတ်တဲ့ တက်ကြွမှုမျိုးကို ခေါ်နိုင်ဖို့လိုလိမ့်မယ်။ ထူးချွန်တဲ့ကစားသမားကိုကြည့်မယ်ဆိုရင် အိမ်ရှင်ဘက်က ဟာလန်းနဲ့ ဒီဘရိုင်းတို့အတွဲပဲဖြစ်ပါတယ်။ ကြားထဲ ဖိုဒန်းနဲ့ Grealish တို့အတွဲပါရှိနေသေးတယ်။ သူတို့တွေ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းကို တိုင်ပတ်အောင်လုပ်လိမ့်မယ်။ လီဗာပူးလ်တို့ကျတော့ တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူး ၃ ယောက်ဖြစ်တဲ့ နူးနက်ဇ် Gakpo နဲ့ ဆာလက်တို့ကို အားကိုးရလိမ့်မယ်။ အဲ့ထက်စိတ်ပူစရာကောင်းတာ ဗန်ဒိုက်နဲ့ Konaté တို့ အာနိုးဆီက အလုပ်တွေပါ တာဝန်ယူပေးခဲ့ရလိမ့်မယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် သေမင်းကြီးကျနေတဲ့ မန်စီးတီးရဲ့ ခြေစွမ်းကို လီဗာပူးလ်တို့ လုံးဝခံနိုင်မယ်မထင်ပါဘူး။ စီးတီးတို့ရဲ့ စွမ်းဆောင်ရည်နဲ့ တက်ကြွမှုက လီဗာပူးလ်ထက် အဆပေါင်းများစွာ ရှိနေပါတယ်။ အဲ့ဒီတော့ ဒီပွဲ စီးတီးတို့က လီဗာပူးလ်ကို ပါးရိုက်လွတ်လိမ့်မယ်။

11 Players

Man City (4-3-3) – Ederson – Ake – Dias – Akanji – Walker – Rodri – Gundogun – De Bruyne – Silva – Grealish – Haaland

Liverpool (4-3-3) – Allison – Robertson – Trent Arnold – Konate – Van Dijk – Fabinho – Henderson – Elliot – Salah – Gakpo – Jota

Missing Players

Manchester City – Phil Foden (Appendectomy)

Liverpool FC – Thiago (Problems with the hip flexor), Darwin Núñez (Unknown Injury), Konstantinos Tsimikas (Bruised Rib), Luis Díaz (Knee Injury), Stefan Bajcetic (Tear in the abductor muscle), Calvin Ramsay (Knee Surgery)

Facebook

မိုက်ကယ်အာတီတာနည်းပြလက်ထဲက အာဆင်နယ်အသင်း အခုမှ အိမ်ကွင်းနဲ့ ခရစ်စတယ်ပဲလေစ့်အပေါ် ၄-၁ အနိုင်ရရှိလာပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်ကတော့ အခုထိ တက်ကြွနေတုန်းဖြစ်ပါတယ်။ ဒီပွဲ လိဒ်စ်အပေါ် အနိုင်ပါထပ်ရသွားရင်တော့ သူတို့မှာ ၇ ပွဲဆက်တိုက် ရှုံးနိမ့်မှုမရှိသေးတဲ့ စံချိန်ကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ အသင်းရဲ့ အဆင်သင့်ဖြစ်မှုကတော့ Mohamed Elniney နဲ့ Tomiyasu တို့ ဒဏ်ရာရထားကြလို့ အနားယူခဲ့ရလိမ့်မယ်။ Edward Nketiah နဲ့တစ်ယောက်ရောပဲဖြစ်ပါတယ်။ William Saliba နဲ့ Thomas Partey တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုတော့တယ်။ ဒီပွဲ အာတီတာက ၄-၃-၃ စနစ်နဲ့ကစားမယ်ထင်တယ်။ Bukayo Saka၊ Leandro Trossard နဲ့ Martinelli တို့ကို တိုက်စစ်ပိုင်းနေရာ တာဝန်ယူခိုင်းသွားမှာဖြစ်ပြီး Xhaka၊ Partey နဲ့ Odegaard တို့ကိုကျတော့ ကွင်းလယ်ပိုင်း ထိန်းခိုင်းသွားမှာ ဖြစ်ပါတယ်။

ubett mm လိဒ်စ်တို့ကျတော့ အဆင့်ဇယားထဲက နံပါတ် ၁၄ ဖြစ်ပြီး စွမ်းဆောင်ရည်တွေ အမြဲလိုလို မကောင်းသေးပါဘူး။ လက်ထဲမှာ ၂၆ မှတ်လေးပဲရှိပြီး အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ်ပဲသာနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက စွမ်းဆောင်ရည်တွေပြပြီး ဝုဗ်ဗာဟန်တမ်အပေါ် ၄-၂ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲကတော့ အာဆင်နယ်ရဲ့အိမ်ကွင်းအထိ ခရီးစဉ်ရမှာဖြစ်တဲ့အတွက် လုံးဝမလွယ်ပါဘူး။ Emirates ကွင်းနဲ့ ၃ မှတ်ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ ရက် မေလ ၂၀၀၃ ခုနှစ်တုန်းကဟာကို ပြောပါတယ်။ အဲ့ပွဲ လိဒ်စ်ဘက်က ၂-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လိဒ်စ်အသင်းရဲ့ ဒီပွဲမှာ Forshaw၊ Adams နဲ့ Stuart Dallas တို့ကို အသုံးပြုလို့မရသေးပါဘူး။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်ပါတယ်။ Bamford ကို ဂိုးသွင်းဖို့ တာဝန်ပေးထားပြီး Cresencio Summerville၊ Harrison နဲ့ Aaronson တို့ကို ကွင်းလယ်ပိုင်းကနေ အထောက်အကူလုပ်ပေးဖို့ စီစဉ်ထားလောက်ပါတယ်။

လက်ရှိရာသီမှာ ပြိုင်စရာ ၁၀ ပွဲထဲပဲကျန်တော့တယ်။ အဲ့ဒီတော့ သေနတ်ကြီးတို့အတွက် ပွဲတိုင်းပဲအရေးကြီးပါတယ်။ မန်စီးတီးနဲ့ ဝေးအောင် ၃ မှတ်အရမ်းလိုချင်နေကြပါတယ်။ အာဆင်နယ်တို့က လောလောဆယ် မန်စီးတီးထက် ပြိုင်ပွဲတစ်ပွဲ ပိုများပြီး အမှတ် ၈ မှတ် ပိုသာနေပါတယ်။ လိဒ်စ်တို့ကျတော့ အတန်းမဆင်းအောင် ၃ မှတ်လိုချင်နေကြပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းကကျတော့ မနိုင်မရှုံးလေးဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က အစစအရာရာ ပိုသာနေပါတယ်။ ကစားသမားကစ Team work တွေလည်း ဖြစ်နေပါတယ်။ အာဆင်နယ်တို့ အခုတလော လိဂ်တိုက်ပွဲထဲမှာ ၆ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ဂိုး ၁၉ လုံးတောင် သွင်းနိုင်ခဲ့ကြပါတယ်။ ဒီပွဲ Emirates ကွင်းပါဖြစ်နေတဲ့အတွက် မကြမ်းပဲမနေလောက်ပါဘူး။ လိဒ်စ်တို့ကျတော့ အခုထိ ခံစစ်ပိုင်းနေရာ ချို့ယွင်းမှုရှိနေတုန်းဖြစ်ပါတယ်။ လိဂ်တိုက်ပွဲ ၃ ပွဲတုန်းက အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲပဲ လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ ၃ ပွဲထဲနဲ့ ဂိုး ၅ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် အာဆင်နယ်တို့ ၃ မှတ်မရပဲမနေလောက်ပါဘူး။ သွင်းဂိုး ၁ လုံးကတော့ သေချာပြီးသားပါ။ ဒုတိယဂိုးကိုပဲ ရင်ခုန်ရလိမ့်မယ်။ လက်တွဲမယ်ဆိုရင် အာဆင်နယ်နဲ့ လက်တွဲလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ နောက်ဆုံး ၄ ပွဲတုန်းက တစ်ပွဲကို ဂိုး ၃ လုံးစီ သွင်းနိုင်ခဲ့ကြလို့ပါ။

11 Players

Arsenal (4-3-3) : Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus

Leeds United (4-2-3-1) : Meslier; Ayling, Koch, Struijk, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Bamford

Missing Players

Arsenal : Mohamed Elneny (Knee Injury), Eddie Nketiah (Ankle Injury), Takehiro Tomiyasu (Knee Surgery) Thomas (Konck injury),K. Tierney(Calf Injury), W. Saliba (Back injury)

Leeds United : Stuart Dallas (Femoral Fracture), Maximilian Wöber (Hamstring Injury),A. Forshaw (Hip Injury), T. Adams (Hamstring Injury), Gnonto(Sprained Ankle)

Facebook

ဂရေဟမ်ပေါ်တာလက်ထဲက ချယ်လ်ဆီးအသင်း Thiago Silva နဲ့ Armando Broja တို့ ပါဖို့မရှိမှန်း သေချာသွားပါပြီ။ သူတို့နှစ်ယောက်က ဒဏ်ရာရထားခဲ့ကြလို့ပါ။ Cesar Azpilicueta, Kai Havertz, Eduard Mendy Reece, James Raheem Sterling, Pierre-Emerick Aubameyang, Wesley Fofana နဲ့ Mason Mount တို့ကျတော့ အခြေနေစစ်ဆေးပြီးမှ အဖြေထွက်လာလိမ့်မယ်။ အဲ့ဒီတော့ သူတို့မှာ ဒဏ်ရာရထားတဲ့ကစားသမားကတော့ အပေါ်ကပြောထားတဲ့ နှစ်ယောက်ထဲပဲကျန်တော့တယ်။ ဒါပေမယ့်လည်း အခြေနေစစ်ဆေးဖို့လိုသေးတဲ့ကစားသမားတွေ မနည်းပါဘူး။ အရင်က အသုံးပြုခဲ့တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်ကြပါတယ်။ ဒီပွဲ ပေါ်တာက ၃-၄-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ Mudryk၊ Havertz နဲ့ Felix တို့ကို တိုက်စစ်ပိုင်းနေရာ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းကိုကျတော့ Fernandez နဲ့ Kovacic တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

အက်စတွန်ဗီလာအသင်းကျတော့ နံပါတ် ၁၂ မှာရှိနေတဲ့ ခရစ်စတယ်ပဲလေစ့်ထက် ၁၁ မှတ်များနေပါတယ်။ အခုတလော စွမ်းဆောင်ရည်တွေကောင်းနေပြီး နောက်ဆုံး ၄ ပွဲတုန်းက အနိုင် ၃ ပွဲတောင် ရရှိသွားပါတယ်။ သရေ ၁ ပွဲလေးပဲ ကျသွားပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ ခြေထောက်ဒဏ်ရာရထားတဲ့ Matty Cash နဲ့ Coutinho တို့ မပါနိုင်လောက်သေးပါဘူး။ Leander Dendonger က လက်ဆစ်နာနေပြီး Bubaka Camara နဲ့တစ်ယောက်က ခြေဆစ်မှာ နာနေပါတယ်။ သူတို့ ၄ ယောက်စလုံးက ပါနိုင်ဖို့ရှိမလားတော့ မသေချာသေးပါဘူး။ အက်စတွန်ဗီလာအသင်းက ကစားသမားစီမံတဲ့အပိုင်း ပြသာနာသိပ်မရှိပါဘူး။ အရင်ကတည်းက ဒဏ်ရာရထားတဲ့ J. Steer နဲ့ Matty Cash တို့လောက်ပဲ မရှိတာပါ။ Coutinho နဲ့တစ်ယောက်ကတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ ဒါပေမယ့် သူက သိပ်ပြီးဆင်းခွင့်မရပါဘူး။ ကျန်တဲ့ကစားသမားတွေကျတော့ အရင်အတိုင်းပဲ ဆင်းကစားဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ရောက်လာမယ်ထင်တယ်။ အရှေ့ဆုံးမှာ Watkins ကိုထားပြီး သူ့အနောက်မှာ Buendia ကို နေခိုင်းထားလောက်ပါတယ်။

ubett mm ဒီပွဲကတော့ အဆင့်ဇယားထဲက အဆင့်လုယက်မှုပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးက ရမှတ်ချင်းတူနေပြီး ပြိုင်ပွဲအရေအတွက်ပါ တူနေကြပါတယ်။ ကွာခြားချက်ကတော့ သွင်းဂိုးစံချိန်ပဲဖြစ်ပါတယ်။ အဲ့အပိုင်း ချယ်လ်ဆီးဘက်က ပိုကြည့်ကောင်းပါတယ်။ ချယ်လ်ဆီးတို့ အခုနောက်ပိုင်း ခြေစွမ်းတွေပြန်ကောင်းလာပြီး ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ အဲဗာတန်နဲ့မှားပြီး သရေကျလာပါတယ်။ အဲ့ဒီတော့ သူတို့ ပရီးမီးယားလိဂ်အဆင့်ထဲမှာ နံပါတ် ၁၀ ဖြစ်နေပါတယ်။ လက်ထဲမှာ ၃၈ မှတ်ရှိပြီး Top4 ထက် ၁၁ မှတ် နည်းနေပါတယ်။ အက်စတွန်ဗီလာတို့မှာလည်း စွမ်းဆောင်ရည်တော်တော်ကောင်းနေပါတယ်။ နောက်ဆုံး ၄ ပွဲတုန်းက အနိုင် ၃ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကလည်း ဘုန်းမောက်အပေါ် ၃-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အက်စတွန်ဗီလာတို့က အခြေနေတော်တော်ကောင်းပြီး ချယ်လ်ဆီးနဲ့ ရမှတ်ချင်းတူနေပေမယ့် ခံစစ်ပိတ်ပြီး ကစားခဲ့ကြလိမ့်မယ်။ ချယ်လ်ဆီးရဲ့မှားယွင်းမှုကိုစောင့်ပြီး တန်ပြန်တိုက်စစ် ဆင်ခဲ့ကြလိမ့်မယ်။ အဲ့အပိုင်း ချယ်လ်ဆီးတို့ တော်တော်သထိထားဖို့လိုလိမ့်မယ်။ အက်စတွန်ဗီလာတို့ရဲ့တိုက်စစ်ပိုင်းက နေသားကျလာပြီး ဂိုးတွေ တောက်လျှောက်သွင်းနိုင်နေကြပါတယ်။ အဲ့ဒီတော့ ဒီပွဲ သူတို့ အခွင့်ရေးအသီးသီးကို ဘယ်လောက်ထိဖြုန်းပစ်မလဲဆိုတာ ကြည့်ရလိမ့်မယ်။ ဒီပွဲကတော့ ချယ်လ်ဆီးအတွက် မလွယ်ပါဘူး။ အိမ်ကွင်းနဲ့ အားပေးသံကြောင့် အကျောရထားပေမယ့် အက်စတွန်ဗီလာအပေါ်ကိုတော့ အနိုင်ရသွားမယ်မထင်သေးပါဘူး။ တစ်ယောက်တစ်မှတ်ပဲ ရသွားမယ်ထင်ပါတယ်။

11 Players

Chelsea (3-4-3): Kepa; Badiashile, Koulibaly, Cucurella; James, Fernandez, Kovacic, Chilwell; Mudryk, Havertz, Felix

Aston Villa (4-2-3-1): Martinez; Young, Konsa, Mings, Moreno; McGinn, Luiz; Bailey, Buendia, Ramsey; Watkins

Missing Players

Chelsea : Thiago Silva (Ligament Injury), Raheem Sterling (Hamstring Injury), Mason Mount ( bruised pelvis), Armando Broja (Cruciate Ligament Rupture)P. Aubameyang (Back Injury) E. Mendy, K.Havertz (Illness), R. James(Muscle Injury) W. Fofana (Thigh Injury)

Aston Villa : Matty Cash (Calf Injury),J. Steer (Achilles tendon Injury), P.Coutinho(Hamstring Injury)

Facebook