ubett cash

လိဒ်စ် Vs နယူးကာဆယ် [ 13 May 23 - 18:00 hrs]

ubett cash အိမ်ရှင်လိဒ်စ်အသင်း နည်းပြအသစ်လေးနဲ့ မန်စီးတိးကို ရှုံးလာခဲ့ပါတယ်။ ဒါပေမယ့်မထူးဆန်းပါဘူး။ အသင်းရဲ့အစစအရာရာက တော်တော်ကွာဟနေလို့ပါ။ အဲ့ပွဲရှုံးလာပေမယ့် အသင်းရဲ့ အချို့နေရာတော့ ကောင်းသော ပြောင်းလဲမှုရှိလာပါတယ်။ ဒီပွဲ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ cooper၊ Stuart Dallas နဲ့ Luis Sinisterra တို့ ၃ ယောက်လောက်ပဲမရှိသေးပါဘူး။ ပထမတစ်ယောက်ကတော့ ဒီလကုန်ခါနီးမှ ပြန်လာလောက်တယ်။ ကျန်တဲ့ ၂ ယောက်ကျတော့ ပြန်လာဖို့အချိန် မရှိသေးပါဘူး။ ကျန်တဲ့ Luke Eyling, Junior Firpo, Weston McKennie, Jack Harrison, Brenden Aaronson, Wilfried Gnonto နဲ့ Patrick Bamford တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၄-၂ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Bamford ကိုပဲတာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းကနေ ကစားပွဲထိန်းချုပ်ဖို့နေရာကျတော့ Harrison, Rodrigo နဲ့ Gnonto ပြီးတော့ McKennie, တို့ ၄ ယောက်ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ ခံစစ်ပိုင်းနေရာ Luke Eyling နဲ့ Robin Koch တို့နှစ်ယောက်ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

နယူးကာဆယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲကမှ အာဆင်နယ်ကို အိမ်ကွင်းနဲ့ရှုံးလာပါတယ်။ အနိုင်ပွဲတွေတောက်လျှောက်ရလာပြီးမှ ထစ်ခနဲရှုံးသွားတာဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၃ ပွဲအနိုင် ၂ ပွဲအရှုံး ဖြစ်ပါတယ်။ ဒီရာသီ ၃၄ ပွဲ ဆင်းကစားပြီး ၆၅ မှတ် ကောက်သိမ်းနိုင်ပါတယ်။ အဆင့်ဇယားထဲ အဆင့် ၃ မှာ ရပ်တည်နေတုန်းဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Sean Longstaff, Jamal Lascelles, Emile Kraft နဲ့ Ryan Fraser တို့ မရှိသေးပါဘူး။ ပထမ ၃ ယောက်ကတော့ တော်တော်ကြာကြာပဲ အနားယူဖို့ရှိပါတယ်။ Fraser နဲ့တစ်ယောက်ကလည်း ပြန်ဆင်းဖို့အခြေနေ မရှိသေးပါဘူး။ ကျန်တဲ့ Nick Pope, Sven Botman, Kieran Trippier, Bruno Guimarães, Jolinton, Miguel Almiron, Allan Saint-MaxiMin နဲ့ Alexander Isak တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ကစားမယ်ထင်တယ်။ တိုက်စစ်ပိုင်းနေရာ , Miguel Almiron, Allan Saint-MaxiMin နဲ့ Alexander Isak တို့ ၃ ယောက်ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Bruno Guimarães နဲ့ Jolinton တို့ကိုပဲ အဓိကတာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် ခံစစ်ပိုင်းနေရာ Trippier နဲ့ Fabian Schar တို့ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

လိဒ်စ်အသင်း ဒီရာသီအတွင်း ၃၅ ပွဲ ဆင်းကစားပြီး အမှတ် ၃၀ ပဲ ကောက်သိမ်းနိုင်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အဆင့် ၁၉ မှာရပ်တည်နေပြီး အတန်းဆင်းမယ့်ထဲပါဖို့ တော်တော်သေချာနေပါပြီ။ နောက်ဆုံး ၅ ပွဲတုန်းက သူတို့ ၁ ပွဲသရေနဲ့ ၄ ပွဲအရှုံးပဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ မန်စီးတီးကိုရှုံးလာပါတယ်။ အဲ့ဒီတော့ ဒီပွဲသူတို့ဘက်က အနိုင်ရတာထက် ရွေချယ်စရာလမ်းတွေမရှိတော့ပါဘူး။ နယူးကာဆယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲကမှ အာဆင်နယ်ကိုရှုံးလာပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့တစ်ပွဲ မတိုင်ခင် ၃ ပွဲတုန်းကကျတော့ ၃ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ သူတို့ Top4 နေရာ ဆက်လက်ထိန်းသိမ်းဖို့အနေနဲ့ လိဒ်စ်ကိုနိုင်အောင် လုပ်မှရမယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင်တော့ နယူးကာဆယ်ဘက်က လုံးဝပိုသာပါတယ်။ လိဒ်စ်တို့က ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရပေမယ့် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း အဆင်မပြေသေးပါဘူး။ နောက်ပြီး အခုမှရှုံးလာတဲ့ နယူးကာဆယ်နဲ့ ထပ်တိုးနေရတာဆိုတော့ မရှုံးပဲမနေလောက်ပါဘူး။ ဒါပေမယ့်လည်း လိဒ်စ်တို့မှာ ထူးခြားမှုတွေရှိနေသေးတဲ့အတွက် ပထမပိုင်းမှာ မနိုင်မရှုံးလေးတော့ အရင်ဖြစ်ပါလိမ့်မယ်။ လိဒ်စ်တို့မှာလည်း အနိုင်လိုချင်နေကြလို့ပါ။ တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာတော့ နယူးကာဆယ်တို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Leeds United (4-4-2) : Robles; Ayling, Kristensen, Wober, Firpo; Roca, McKennie, Forshaw; Harrison, Rodrigo, Gnonto

Newcastle United(4-3-3): Pope; Trippier, Schar, Botman, Burn; Willock, Guimaraes, Joelinton; Murphy, Isak, Almiron

Missing Players

Leeds United : Stuart Dallas (Femoral Fracture), Luis Sinisterra (Ankle Injury),L.cooper (Muscle Injury),T.Adams (Hamstring Injury)

Newcastle United : Sean Longstaff (Knock), Matty Longstaff (Knee Injury), Jamaal Lascelles (Calf Injury),E.Krafth (Ligament Injury)

Facebook

ဖရန့်လမ်းပတ်နည်းပြရဲ့ ချယ်လ်ဆီးအသင်း အခုမှဘုန်းမောက်အပေါ် အနိုင်ရလာတဲ့အတွက် အဆင့် ၁၁ တက်သွားခဲ့ပါပြီ။ ဒီရာသီ ၃၄ ပွဲ ဆင်းကစားပြီး ၄၂ မှတ်ပဲ ကောက်သိမ်းနိုင်ခဲ့ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒူးခေါင်းဒဏ်ရာရထားတဲ့ Armando Broja မရှိသေးပါဘူး။ Kalidou Koulibaly၊ Marc Cucurella၊ Ben Chilwell၊ Reece James နဲ့ Fofana တို့မှာလည်း မပါနိုင်သေးပါဘူး။ တင်ပါးဒဏ်ရာရထားတဲ့ Mason Mount ကလည်း အနားယူနေရတုန်းဖြစ်ပြီး ဒီပွဲ ပါဝင်ကစားလို့မရသေးပါဘူး။ ကျန်တဲ့ Thiago Silva, N’Golo Kante, Enzo Fernandez, Mateo Kovacic, Noni Madueke, Mykhaylo Mudryk နဲ့ Kai Havertz တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ လမ်းပတ်က ၄-၃-၃ စနစ်ကိုပဲ စီစဉ်ထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာ ဂိုးသွင်းဖို့ Noni Madueke၊ Joao Felix နဲ့ Mykhaylo Mudryk တို့ကိုတာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာ Fernandez ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

ubett cash  Steve Cooper လက်ထဲက ဖောရက်စ်တို့ကျတော့ အခုမှဆောက်သန်တမ်ကို ၄-၃ နဲ့ အနိုင်ရလာခဲ့ပါတယ်။ ဖောရက်စ်တို့အခြေနေက အတန်းဆင်းမယ့်ထဲ ပါနိုင်သေးတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Giulian Biancone၊ Dean Henderson၊ Chris Wood၊ Omar Richards၊ Scott McKenna၊ J.Colback၊ Shelvey နဲ့ Neco Williams တို့ကို အသုံးပြုလို့မရသေးပါဘူး။ အားလုံးက ဒဏ်ရာရထားခဲ့ကြပါတယ်။ Gustavo Scarpa နဲ့တစ်ယောက်ကတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ ကျန်တဲ့ Keylor Navas, Felipe, Serge Aurier, Danilo, Remo Freuler, Renan Lodi, Brennan Johnson, Morgan Gibbs. S-White နဲ့ Taiwo Awonyi တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ Cooper က ၄-၃-၃ စနစ်ကိုပဲ စီစဉ်ထားမယ်ထင်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Gibbs-White၊ Johnson နဲ့ Awoniyi တို့ကိုပဲ ဂိုးသွင်းဖို့နေရာ တာဝန်ပေးထားလောက်ပါတယ်။

အိမ်ရှင်ချယ်လ်ဆီးအသင်း အခြေနေတွေပြန်မကောင်းသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရလာပေမယ့် ၁၀ ပွဲထဲက ပထမဦးဆုံးအနိုင်တစ်ပွဲပဲ ဖြစ်နေပါတယ်။ အဲ့ပွဲ ကစားပုံကစားနည်းက အရင်လိုပါပဲ။ ဘာထူးခြားမှုမှမရှိပါဘူး။ ပြိုင်ဘက်က သူတို့ထက်ဆိုးနေလို့သာ အနိုင်ရလာခဲ့တာဖြစ်ပါတယ်။ ဖောရက်စ်တို့ကျတော့ အခုတလော ခြေစွမ်းတွေပြနိုင်ပြီး နောက်ဆုံး ၃ ပွဲတုန်းက အနိုင် ၂ ပွဲတောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ ဆောက်သန်တမ်အပေါ် ၄-၃ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ သူတို့ အဆင့် ၁၆ မှာ ရပ်တည်နေပြီး လက်ထဲမှာ ၃၃ မှတ် ပိုင်ဆိုင်ထားပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်သာပါတယ်။ ဒီပွဲအခြေနေကတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဖောရက်စ်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ ဖောရက်စ်တို့ အတန်းဆင်းမယ့်ဇုန်နဲ့ ဝေးချင်ရင်တော့ ထပ်ပြီးမှားလို့မရတော့ပါဘူး။ ခံစစ်ပိုင်းနေရာ အဆင်မပြေတာတွေရှိနေသေးပေမယ့် တိုက်စစ်ပိုင်းကတော့ တတ်နိုင်သလောက် ကြိုးစားပေးပါတယ်။ ဒါပေမယ့် ဒီပွဲ မှားယွင်းမှုမရှိရင်တော့ ချယ်လ်ဆီးဘက်က အနိုင်ရသွားလောက်ပါတယ်။ ဒါပေမယ့်လည်း လွယ်တော့မလွယ်ပါဘူး။ ဖောရက်စ်တို့က အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အတွက် အသက်ကုန်ကြိုးစားလိမ့်မယ်။ ဒီပွဲကတော့ ချယ်လ်ဆီးရဲ့တိုက်စစ်ပိုင်းက ဘယ်လောက်ထိ ပြတ်သားနိုင်မလဲနဲ့ ခံစစ်ပိုင်းက ဘယ်လောက်ထိ မာမလဲပဲ မူတည်လိမ့်မယ်။ ဖောရက်စ်ကိုတော့ အိမ်ကွင်းနဲ့ ရှုံးမသွားလောက်ပါဘူး။

11 Players

Chelsea FC (4-3-3) : Kepa; Chalobah, Silva, Badiashile, Azpilicueta; Kante, Fernandez, Kovacic; Madueke, Havertz, Sterling

Nothing ham Forest (4-3-3) : Navas; Worrall, Felipe, Niakhate, Toffolo; Freuler, Mangala, Danilo; Gibbs-White, Johnson; Awoniyi

Missing Players

Chelsea FC : Kalidou Koulibaly (Hamstring Injury), Marc Cucurella (Muscle Injury), Ben Chilwell (Hamstring Injury), Mason Mount (Pelvis Injury), Reece James (Hamstring Injury), Armando Broja (Cruciate Ligament Rupture),W.Fofana (Muscle Injury)

Nottingham forest : Willy Boly (Hamstring Injury), Dean Henderson (Thigh Problems), Scott McKenna (Shoulder Injury), Neco Williams (Facial Fracture), Omar Richards (Fractured Leg), Chris Wood (Hamstring Injury), Giulian Biancone (Knee Injury),J.Shelvey(Calf Injury),J.Colback(Cuncussion),Gustavo Scarpa(Knock injury)

Facebook

အိမ်ရှင်မန်ယူအသင်း အခုလက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထဲ အဆင့် ၄ မှာရပ်တည်နေပါတယ်။ အခုတလော UCL ဇုန်နဲ့ပတ်သက်ပြီး တိုက်ခိုက်မှုတော်တော်လေးဆူပူနေပါတယ်။ သူတို့ရဲ့ရမှတ်က နယူးကာဆယ်ရဲ့နောက်ကနေ ၂ မှတ်ထဲပဲ ကွာဟနေပါတော့တယ်။ ကစားထားတဲ့ပွဲအရေအတွက်က အတူတူပါပဲ။ အဆင့် ၃ မှာရှိတဲ့အသင်းကို ဖိအားပေးနေရင်းနဲ့ အဆင့် ၅ မှာရှိတဲ့လီဗာပူးလ်ကိုလည်း စိုးရိမ်ရပါတယ်။ မန်ယူရဲ့အမှတ်က လီဗာပူးလ်ထက် ၁ မှတ်ထဲပဲ သာပါတော့တယ်။ ဒါပေမယ့် ကောင်းတာ လီဗာပူးလ်ဘက်က သူတို့ထက် တစ်ပွဲပိုကစားထားပါတယ်။ အဲ့တော့ နောက်ထပ်တစ်ပွဲ မှားယွင်းလို့ရနေပါသေးတယ်။ ရာသီရဲ့ လက်ကျန် ၄ ပွဲထဲမှာ အိမ်ကွင်းနဲ့ ၃ ပွဲတောင်ကစားဖို့ရှိတဲ့အတွက် တော်တော်အဆင်ပြေလောက်ပါတယ်။ မန်ယူက အိမ်ကွင်းနဲ့ပွဲတွေမှာဆိုရင် ခြေစွမ်းပြနိုင်ကြပါတယ်။ မန်ယူအသင်း ဒီရာသီအတွင်း အိမ်ကွင်းနဲ့ ၁၆ ပွဲကစားပြီး အနိုင် ၁၂ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၁ ပွဲလေးပဲ ရရှိခဲ့ပါတယ်။ အဲ့ဒီအရှုံးပွဲကလည်းရာသီရဲ့ စစလာချင်းတုန်းကပွဲပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ မန်ယူက အိမ်ကွင်းနဲ့ ၁၅ ပွဲဆက်တိုက် ရှုံးနိမ့်မှုမရှိသေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒီပွဲကတော့ မဖြစ်မနေနိုင်အောင်လုပ်မှရမယ် ဘာလို့လည်းဆိုတော့ ချယ်လ်ဆီးနဲ့တွေ့ဖို့ တစ်ပွဲကျန်သေးလို့ပါ။ လက်ကျန် ၄ ပွဲထဲမှာ မှားယွင်းမှုဖြစ်နိုင်တဲ့ပွဲ ဒီပွဲပါပြီး ချယ်လ်ဆီးနဲ့တစ်ပွဲရောပဲ မှားယွင်းနိုင်ပါတယ်။ အဲ့ဒီတော့ အိမ်ကွင်းနဲ့ ၃ ပွဲကစားခွင့်ရရင် ၃ ပွဲစလုံးအနိုင်ရအောင်တော့ လုပ်ယူသင့်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အရေးကြီးတဲ့ ခံစစ်မှူး မာတီနက်ဇ်နဲ့ ဝါရန်းတို့မရှိသေးပါဘူး။ ကွင်းလယ်ပိုင်းနေရာကျတော့ ကိစ္စမရှိသလို တိုက်စစ်ပိုင်းမှာလည်း အဆင်သင့် ဖြစ်နေကြပါတယ်။ အခု အကြီးမားဆုံးပြသာနာကတော့ ပင်ပန်းနွမ်းနယ်မှုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲတုန်းက ဒုတိယပိုင်းမှာဆိုရင် တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ကာစီမီရိုရဲ့ ဘောလုံးလုယူမှုက အရင်လိုမဟုတ်တော့ပါဘူး။ အနီကဒ်ကိုစိုးရိမ်နေသလို ဖြစ်နေပါတယ်။ ပြီးတော့ ခံစစ်မှူးတိုင်းက ကိုယ့်အမှားနဲ့ကိုယ် မကင်းနိုင်ကြဘူး။ အရင်တစ်ပွဲမတိုင်ခင်တုန်းကဆိုရင် လုဒ်ရှောမှားပြီး နောက်ဆုံးတစ်ပွဲ ဒီဂီယာမှားတယ်။ ဒီပွဲကျတော့ Lindelof အလှည့်ရောက်လာပြီထင်တယ်။ ဒီပွဲ မန်ယူအသင်း ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဒီပွဲ မန်ယူရဲ့အိမ်ကွင်းဖြစ်နေပေမယ့် ဝုဗ်တို့ရဲ့ ခံစစ်ပိတ်ကစားခြင်းကို ဖောက်ရမှာဆိုတော့ လွယ်ကူမနေပါဘူး။ သေသေချာချာစဉ်းစားကြည့်ရင်တော့ မန်ယူဘက်က ကပ်နိုင်ဖို့ပဲရှိပါတယ်။

ဝုဗ်ဗာဟန်တန်တို့ကျတော့ လက်ရှိ အဆင့် ၁၃ မှာရပ်တည်နေပြီး နောက်နှစ် ဘယ်အစီစဉ်ထဲကိုမှ ပါဖို့ရင်မခုန်ရတော့ပါဘူး။ အခု သူတို့မှာ ၃ ပွဲထဲကစားဖို့ပဲကျန်ပါတော့တယ်။ လက်ရှိ သူတို့ အတန်းဆင်းမယ့်ဇုန်ထက် ၁၀ မှတ် သာနေပါတယ်။ ဒီရာသီ စိတ်ဝင်စားစရာအကောင်းဆုံးနေရာကတော့ Julen Lopetegui ဆိုတဲ့ အသင်းနည်းပြပဲဖြစ်ပါတယ်။ သူက ဝုဗ်ကို ၁၉ ပွဲထိန်းချုပ်ပြီး ၉ ပွဲအနိုင် ၃ ပွဲသရေနဲ့ ၆ ပွဲအရှုံး လုပ်နိုင်ခဲ့ပါတယ်။ အရင်ထက်ပိုပြီး တိုးတက်လာပါတယ်။ ဒါပေမယ့် ဝုဗ်တို့ရဲ့ အခုထိ မပြုပြင်နိုင်တဲ့ပြသာနာကတော့ အဝေးကွင်းနဲ့ပွဲတွေပဲဖြစ်ပါတယ်။ ဒီရာသီ အဝေးကွင်းနဲ့ ၁၇ ပွဲကစားပြီး ၂ ပွဲအနိုင် ၅ ပွဲသရေနဲ့ ၁၀ ပွဲတောင် ရှုံးနိမ့်ခဲ့ပါတယ်။ တိုက်စစ်ပိုင်း တက်ကြွမှုမရှိသလို ခံစစ်ပိုင်းကလည်း တော်တော်အားနည်းပါတယ်။ သူတို့က ဘယ်အစီစဉ်ကိုမှ ရင်ခုန်စရာမရှိတော့တဲ့အတွက် ဒီတိုင်း ပြီးအောင်ကစားရုံပဲ ရှိလောက်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာကိုနိုင်လာပါတယ်။ ဒီပွဲ သူတို့ ၄-၄-၂ စနစ်နဲ့ကစားမယ်ထင်ပါတယ်။ နောက်ဆုံး ၂ ပွဲတုန်းက ဒီစနစ်နဲ့ပဲ အနိုင်ရလာပါတယ်။ အသင်းထဲက ထူးခြားမှုကတော့ Neves ပဲဖြစ်ပါတယ်။ သူက အသင်းရဲ့ဂိုးဖန်တီးရှင်လည်းဖြစ်နေတယ်။ ကွင်းလယ်ခံစစ်ဖြစ်ပြီး အသင်းရဲ့ဂိုးဖန်တီးရှင်ကြီးဖြစ်နေတာ အသင်းရဲ့တိုက်စစ်ပိုင်း ဘယ်လောက်ထိညံ့လည်းဆိုတာ ပြောစရာမလိုလောက်တော့ပါဘူး။ ဒီရာသီကုန်သွားလို့ သူ ဘယ်မှာသွားနေမလဲတော့မသိသေးပါဘူး။ အသင်းရဲ့အားသာဆုံးနေရာက Pressing ပိုင်းနဲ့ ဖိအားပေးတာပဲဖြစ်ပါတယ်။ အဲ့နေရာ မန်ယူရဲ့အားနည်းချက်ဖြစ်နေတယ်။ ဒီပွဲ ခံစစ်ပိုင်းကို သေသေချာချာပိတ်နိုင်ရင်တော့ မန်ယူတို့အတွက် ဒုက္ခပေးနိုင်လိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ Costa နဲ့ Cunha တို့ရှိနေတဲ့အတွက် မြောက်ဘောတော်တော်အဆင်ပြေလိမ့်မယ်။ Set Piece ဘောနဲ့ ဝင်ဖောက်ဖို့ရှိပါတယ်။ ဒီပွဲ ပထမပိုင်းမှာ သွင်းဂိုးမရှိပဲပြီးသွားရင် တစ်ယောက်တစ်မှတ်ရသွားဖို့ တော်တော်သေချာလိမ့်မယ်။

ubett cash  အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်ကပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့် မန်ယူဘက်က ဂိုးအပြတ်နဲ့တော့ တစ်ပွဲမှမနိုင်ခဲ့ဖူးသေးပါဘူး။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် အကုန်လုံးနိုင်ထားပေမယ့် ဂိုးတစ်လုံးထက် ပိုပြီးမနိုင်ခဲ့ပါဘူး။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့အခြေနေက ကွာခြားမှုရှိပါတယ်။ အဓိက အိမ်ရှင်အသင်းဆိုရင် အခြေနေတွေဆိုးပြီး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဝုဗ်တို့ကျတော့ အရင်ထက် ခြေစွမ်းပြနိုင်ပြီး အတန်းဆင်းမယ့်ဇုန်ထက် တော်တော်ဝေးသွားပါပြီ။ အခုတော့ စိတ်အေးနေရပါပြီ။ မန်ယူတို့က Top4 နေရာ မသေချာသေးပါဘူး သူတို့ရဲ့ ထာဝရပြိုင်ဘက်ကြီးဖြစ်တဲ့ လီဗာပူးလ်က သူတို့ရဲ့နောက်ကနေ တစ်မှတ်ပဲကွာနေပါတော့တယ်။ လီဗာပူးလ်က သူတို့ထက် တစ်ပွဲပိုကစားထားပေမယ့် မန်ယူရဲ့စွမ်းဆောင်ရည်က အရင်လိုကောင်းမနေတော့ပါဘူး။ နောက်ပြီး ကစားသမားအသီးသီးတွေကလည်း တော်တော်များများ ပင်ပန်းနေကြပါတယ်။ ကာစီမီရိုနဲ့တစ်ယောက်ဆိုရင် အနီကဒ်ကို ကြောက်ရင်းနဲ့ကစားနေပါတယ်။ ဒီပွဲကတော့ မန်ယူဘက်က အနိုင်ရအောင် လုပ်မှာဖြစ်တဲ့အတွက် အပီကစားဖို့ရှိပါတယ်။ ဒီပွဲကတော့ ဘရူနိုရဲ့ killer pass ကို အားကိုးခဲ့ရပြီး အသင်းရဲ့ ဂိုးဖန်တီးရှင် Rashford ကို ဂိုးဖန်တီးပေးဖို့ အားကိုးခဲ့ရလိမ့်မယ်။ ဒါပေမယ့် Rashford ကြီးက အခု ခြေစွမ်းကျဆင်းနေပါတယ်။ အန်တိုနီရောပဲ ကျဆင်းနေပါတယ်။ ဝုဗ်တို့ကျတော့ အတန်းဆင်းမယ့်ထဲပါဖို့မရှိတော့တဲ့အတွက် အေးအေးဆေးဆေးပဲ ကစားခဲ့ကြလိမ့်မယ်။ ဒီပွဲ မန်ယူနဲ့ တည့်တည့်ဝင်လုံးဖို့မရှိပါဘူး။ direct football ပုံစံနဲ့ ကစားရုံပဲရှိလိမ့်မယ်။ အသင်းထဲမှာ ကစားပွဲက ဘယ်လိုမျိုးနဲ့ ပြီးသွားမလဲဆိုတာ Neves အပေါ် မူတည်လိမ့်မယ်။ သူက ခံစစ်ပိုင်းရဲ့အရှေ့မှာနေပြီး မကောင်းဆိုးဝါးတွေ ရှင်းထုတ်ပေးသူဖြစ်ပါတယ်။ ဒီပွဲကတော့ တော်တော်ကတိကအောက်ဖြစ်မယ့် ကစားပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်။ သွင်းဂိုးတွေလည်း အများကြီးဖြစ်မပေါ်လောက်ပါဘူး။ ပြတ်သားမှုချင်း ယှဉ်ခဲ့ရလိမ့်မယ်။ ဒါပေမယ့် မန်ယူတို့ ကိုယ့်ရဲ့ အိပ်မက်ဇာတ်ရုံလေးဖြစ်တဲ့အတွက် ခြေစွမ်းပိုပြနိုင်မယ်ထင်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ပဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Manchester United (4-2-3-1) – De Gea – Lindelof – Dalot – Wan Bissaka – Shaw – Casemiro – Eriksen – Fernandes – Sancho – Anthony – Rashford

Wolvehampton (4-4-2) – Sa – Toti – Kilman – Dawson – Semedo – Neto – Lemina – Neves – Matheus Nunes – Costa – Cunha

Missing Players

Manchester United – Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Raphaël Varane (Foot Injury), Lisandro Martínez(Metatarsal Fracture), Donny van de Beek (Knee Injury)

Wolverhampton Wanderers – Boubacar Traoré (Groin Injury), Chiquinho (Cruciate Ligament Injury), Sasa Kalajdzic (Cruciate Ligament Rupture)

Facebook