triple nine

triple nine လီဗာပူးလ် Vs မန်ယူ [ 5 Mar 23 - 23:00 hrs]

triple nine လီဗာပူးလ်အသင်း ပြီးခဲ့တဲ့တစ်နှစ်နဲ့ ဒီနှစ်စွမ်းဆောင်ရည်တွေ တခြားစီဖြစ်နေတယ်။ ကြိုးကြာနီကနေ ဘဲနီဖြစ်ဖို့ အချိန်အကြာကြီးမယူလိုက်ရပါဘူး။ ပြီးခဲ့တဲ့တစ်နှစ်တုန်းက ဘယ်အစီစဉ်ပဲဖြစ်ဖြစ် ချန်ပီယံဖြစ်ဖို့ ရင်ခုန်ခဲ့ဖူးပါတယ်။ အခုကျတော့ နံပါတ် ၄ နေရာလုဖို့တောင် အသက်ကုန်ရုန်းနေရပါတယ်။ တက်ကြွဖူးတဲ့တိုက်စစ်ပိုင်း အားကောင်းဖူးတဲ့ခံစစ်ပိုင်းတွေ အခု ဘာတစ်ခုမှမကျန်တော့ဘူး။ ဦးတည်ချက်ပျောက်ဆုံးပြီး ကစားပွဲဖန်တီးမှုပါ ပျောက်ဆုံးနေပါတယ်။ ခံစစ်ပိုင်းမှ ခံစစ်မှူးကတော့ တစ်ယောက်ကောင်း တစ်ယောက်ဆိုးဖြစ်နေတယ်။ ဂျိုးဂိုမက်ဇ်ဟာ အရင်တုန်းက စိတ်ချလို့ရတဲ့ကြယ်ပွင့်လေး ဖြစ်ဖူးပေမယ့် အခုကျတော့ လူရွှင်တော်ကြီးဖြစ်သွားပါပြီ။ မာတစ်နဲ့တစ်ယောက်လည်း ကိုယ့်အကောင်းဆုံးအချိန်ကို ကျော်ဖြတ်သွားပြီ။ အာနိုးမှာလည်း ကြမ်းဖူးတဲ့တိုက်စစ်ဆင်ကစားခြင်း ပျောက်ကွယ်သွားပါပြီ။ ခံစစ်ပိတ်ကျတော့လည်း မကစားတတ်ဘူးဖြစ်နေတယ်။ ရိုဘတ်ဆင်ကတော့ အရင်အတိုင်းကောင်းပေမယ့် အခြားသူတွေကအဆင်မပြေတော့ ဘယ်လို့မှမရုန်းနိုင်ပါဘူး။ ကွင်းလယ်ပိုင်းကျတော့လည်း အသက် ၁၉ နှစ်နဲ့ Bajcetic ကိုပဲ အားကိုနေရပါတယ်။ ဖာဘင်ဟိုနဲ့တစ်ယောက်ဆိုရင် ဘာတွေမှန်းမသိ ကိုယ့်အခြေခံအတိုင်း မကစားနိုင်ဘူးဖြစ်နေတယ်။ ဟင်ဒိုနဲ့တစ်ယောက်လည်း ခရစ်စတယ်ပဲလေစ့်နဲ့ပွဲတုန်းက ဘောလုံးကို အရှေ့တောင်ထိုးမပေးနိုင်ဘူး။ သူ့ကိုကြည့်ရတာ အိပ်ပါအိပ်ငိုက်တယ်။ တစ်သင်းလုံး UCL တိုက်ပွဲထဲ တကယ်ရော ပါချင်ရဲ့လားမသိတော့ဘူး။ အခု သူတို့အသင်းရဲ့ပရိသတ်တွေက နွေရာသီဈေးကို မြန်မြန်ပဲရောက်စေချင်နေကြလောက်တယ်။ ဘာလို့လည်းဆိုတော့ အခုရှိနေတဲ့ကစားသမားတွေက အဆင်မပြေဘူးဖြစ်နေလို့ပါ။ ဒါပေမယ့် သူတို့ UCL ထဲ မပါဘူးဆိုရင် မျှော်လင့်လို့ရတဲ့ Jude Bellingham က သူတို့ဆီ လာချင်ပါ့မလား။ Nicola Barella နဲ့တစ်ယောက်ကိုလည်း လီဗာပူးလ်တို့ စိတ်ဝင်စားနေပါတယ်။ Caiseido ရောပဲလို့ သိရပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေကို လီဗာပူးလ်တို့ပဲ စိတ်ဝင်စားနေတာမဟုတ်ပါဘူး။ အဲ့တော့ UCL ထဲ ပါ၊ မပါဘူးဆိုတာ ရွှေ့ပြောင်းကိစ္စနဲ့ ထိခိုက်လိမ့်မယ်။ အခု လီဗာပူးလ်တို့မှာ စပါးထက် ပြိုင်ပွဲအရေအတွက် ၂ ပွဲ ပိုနည်းပြီး အမှတ်ပါ ၉ မှတ် ပိုနည်းနေပါတယ်။ ဒီရာသီ ပြိုင်ကစားဖို့ ၁၅ ပွဲပဲကျန်တော့တဲ့အတွက် ထပ်ပြီးမှားလို့မရတော့ပါဘူး။ ဖြစ်နိုင်ရင် အဲ့ဒီ ၁၅ ပွဲထဲမှာ အနိုင် ၁၀ ပွဲလောက်တောင် ရသင့်ပါတယ်။ ဖြစ်နိုင်လားဆိုတော့လည်း မဖြစ်နိုင်ပါဘူး။ ဒီပွဲ မန်ယူနဲ့ ဘယ်လိုမျိုးတိုက်ခိုက်မလဲမသိဘူး အိမ်ကွင်းနဲ့ မန်ယူကိုခံရကိန်းရှိပါတယ်။ တက်ကြွမှုကစ စွမ်းဆောင်ရည်တွေရော မန်ယူကိုမမီပါဘူး။ လေ့ကျင့်ခန်းလုပ်တုန်းက ပြုံးပြုံးရွှင်ရွှင်လေးနဲ့ တကယ့်ဆင်းပြိုင်ရမယ့်နေ့ရောက်တော့ ကြောက်စိတ်ရှိနေတဲ့ရုပ်တည်ကြီးကို မြင်နေရပါတယ်။ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် မန်ယူကိုခံရလိမ့်မယ်။

မန်ယူတို့ကျတော့ အမယ် သူတို့က ချန်ပီယံဖြစ်သွားပြီနော်။ ချန်ပီယံမဖြစ်တာတောင် တော်တော်ကြာပြီ။ နောက်ဆုံးမှာတော့ မန်ယူအသင်း ဒီရာသီထဲက ပထမဦးဆုံးဖလားကို စွတ်ခူးနိုင်ခဲ့ပါပြီ။ ဖလားအသေးစားဆိုပေမယ့် တန်ဟက်နဲ့ အသင်းဝင်ကစားသမားတွေရဲ့စိတ်အားကိုတော့ ကောင်းကောင်းလေးဖြည့်ဆည်းပေးနိုင်ပါတယ်။ မန်ယူအသင်း ပြီးခဲ့တဲ့ ရွှေ့ပြောင်းကာလတုန်းက အသစ်ခေါ်ယူမှုဟာ တော်တော်အကျိုးရှိပါတယ်။ အန်တိုနီနဲ့တော့ နည်းနည်းစိတ်ပျက်မိပေမယ့် အစစအရာရာ တော်တော်အဆင်ပြေပါတယ်။ မာတီနက်ဇ်၊ ကာစီမီရို၊ မာလာစီယာ၊ အဲရစ်ဆင်၊ Sabitzer နဲ့ Wout Weghorst တို့က တော်တော်အဆင်ပြေကြပါတယ်။ ကောင်းသောအသစ်ခေါ်ယူမှုပဲလို့မဟုတ်ပါဘူး။ ဒါဟာ အသင်းစနစ် အတွက်လည်း အရမ်းကောင်းမွန်တဲ့ ပေါင်းစည်းမှုတစ်ခုပါဖြစ်တယ်။ မန်ယူတို့ ဒီလိုမျိုးကောင်းတာ မမြင်ရတာ တော်တော်ကြာပြီ။ ကစားပုံကစားနည်းရှိမှန်း ကောင်းကောင်းမြင်ရတယ်။ အခု သူတို့ရဲ့ခံစစ်ပိုင်းက အရမ်းကောင်းမနေပေမယ့် အရင်ထက်ပိုပြီးတော့ ကောင်းပါတယ်။ ဒီဂိယာကြီးပဲ တစ်ယောက်ထဲ ရုန်းမနေရတော့ပါဘူး။ လုရှောနဲ့ Wan-Bissaka တို့က အသက်ပြန်ဝင်လာနေကြပြီ။ Varane ကလည်း မက်ကွိုင်းယားနဲ့ တွဲမကစားရတော့ ကမ္ဘာ့အဆင့်နဲ့ ခံစစ်မှူးတန်းဖြစ်သွားပါတယ်။ အဲ့တော့ မက်ကွိုင်းယားကြောင့်လား မသိဘူးနော် ဟား ဟား။ သူမရှိတော့မှ အစစအရာရာ အရမ်းအဆင်ပြေသွားတယ်။ ရက်ဖိုဒ့်က အခုတလော မန်ယူရဲ့အကောင်းဆုံးဖြစ်နေတယ်။ ဒီလိုမျိုး ဆက်လက်ကောင်းနေမယ်ဆိုရင် ရီးရဲလ်တို့တကယ်စိတ်ဝင်စားသွားနိုင်တယ်။ မန်ယူမှာနေပြီး ခြေစွမ်းအရမ်းကောင်းနေရင် ရီးရဲလ်ဆီရွှေ့ပြောင်းသွားတတ်ကြပါတယ်။ ဥပမာ ဘက်ခမ်းတို့ ဒိုလေးလည်း ရောက်သွားဖူးတယ်။ ဒါပေမယ့်လည်း ဒီတစ်နှစ် နှစ်နှစ်ထဲမှာတော့ မဖြစ်နိုင်လောက်သေးပါဘူး။ သူက မန်ယူရဲ့ အဓိက အခြေခံဖွဲ့စည်းပုံကို ပင့်ပေးရဦးမှာဖြစ်သောကြောင့်ပါ။ ကာစီမီရိုကတော့ မန်ယူနဲ့ နောက်ထပ် ၂ နှစ်လောက် အေးအေးဆေးဆေး နေကစားလို့ရလောက်သေးတယ်။ သူ့မှာ အတွေ့ကြုံရှိပြီး ကစားပွဲကြိုတင်ခန့်မှန်းတတ်တော့ အိမ်ရှင်လိုမျိုး အသက်ကုန်ပြေးစရာမလိုပါဘူး။ အခုပြောထားတဲ့နှစ်ယောက်က ဒီပွဲ အဓိကဆုံးဖြစ်သွားလိမ့်မယ်။ မန်ယူရဲ့ကွင်းလယ်တို့ ဘောလုံးပိုင်ပြီဆိုတာနဲ့ လီဗာပူးလ်တို့အတွက် အဆုံးသတ်သွားလိမ့်မယ်။ ဘောလုံးနည်းနည်းမှားမိတာနဲ့ လျင်မြန်တဲ့ ဘရူနိုရဲ့ ထိုးပေးချက်နဲ့ အပြေးမြန်တဲ့ ရက်ဖိုဒ့်ကို တန်းခံရလိမ့်မယ်။ လီဗာပူးလ်က အခုနောက်ပိုင်း ကိုယ့်ဘာသာ အမှားဖန်တီးနေတာ မမေ့ကြပါနဲ့။ မန်ယူရဲ့ တိုက်စစ်မှူးအားလုံးက အပြေးမြန်တယ်။ ဒါပေမယ့် ဒီပွဲ Weghorst မပါလောက်သေးဘူး။ ဆန်ချို၊ အန်တိုနီနဲ့ Carnachos တို့ကျတော့ အဆင်သင့် ဖြစ်နေကြပါတယ်။ အစစအရာရာ ဒီပွဲ မန်ယူဘက်က ပိုကြည့်ကောင်းတော့ ဘဲနီကို ဘဲလှောင်အိမ်အထိ လာရိုက်သွားလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ပြိုင်ပွဲအားလုံးကိုယူကြည့်မယ်ဆိုရင် မန်ယူဘက်က ပိုသာပါတယ်။ ဒါပေမယ့် မန်ယူအသင်းက ဖာကူဆင်ခေတ်ကုန်သွားတော့ သူတို့မှာ မုန်တိုင်းတွေ တော်တော်ပဲတိုက်ခိုက်ခံခဲ့ရပါတယ်။ လီဗာပူးလ်တို့ကျတော့ယာဂင်ကလော့ပ်ရောက်လာကတည်းကစပြီး ဖလားအသီးသီးတွေ စွတ်ခူးနိုင်တယ်။ နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဖလားကိုပါ တက်ခူးသွားနိုင်ပါတယ်။ အဲ့တာတွေက နှစ်သင်းစလုံးရဲ့အတိတ်ပါ။ ပြီးခဲ့တဲ့ ၆ နှစ် ၇ နှစ်တုန်းကဟာကို ပြောပါတယ်။ ဒီနှစ်ရောက်တော့မှ လီဗာပူးလ်ရဲ့စွမ်းဆောင်ရည် တကယ်ပဲကျဆင်းနေပါတယ်။ ကိုယ့်အခြေခံအရည်အသွေးထက် အများကြီးနိမ့်နေပါတယ်။ ပြောင်းလဲချိန်ရောက်ပြီလို့တောင် ယူဆနိုင်ပါတယ်။ သူတို့ရဲ့ကွင်းလယ်ပိုင်းကနေ ခံစစ်ပိုင်းအထိ အဆင်မပြေဘူး။ မှားယွင်းမှုကနေ ဂိုးသွင်းခံထိတာ မနည်းတော့ဘူး။ သူတို့ကွင်းလယ်ပိုင်းက heavy metal ပုံစံဖြစ်ခဲ့ဖူးပေမယ့် အခုတလော အားရစရာမကောင်းတော့ပါဘူး။ ရာသီရဲ့အစတုန်းကနဲ့ အလယ်ပိုင်းတုန်းက ဒဏ်ရာရထားတဲ့ကစားသမားတွေ များနေလို့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းကာလ ရောက်လာတော့လည်း ကိုယ့်ဘာသာ လူသစ်ထပ်ဖြည့်ဖို့စိတ်မကူးကြဘူး။ တိုက်စစ်ပိုင်းကို ဖြည့်ဆည်းလိုက်တာ မှန်ပါတယ်။ ဒါပေမယ့် လက်ရှိကွင်းလယ်ပိုင်းနဲ့ ခံစစ်ပိုင်းက အရမ်းကြာနေပြီ။ လတ်ဆတ်မှုမရှိတော့ဘူး။ နောက်ပြီး အရင်တစ်နှစ်တုန်းက ၆၃ ပွဲတောင် ဆင်းကစားခဲ့ကြရတယ်။ အဲ့ဒီတော့ အင်အားတွေ လျော့ကျသွားမှာသေချာတယ်။ အဲ့တာနဲ့ပဲ လက်ရှိကစားသမားအဖွဲ့ထဲကိုကြည့်ပြီး ထူးချွန်တဲ့သူကိုရှာဖွေမယ်ဆိုရင် မရှိဘူးလို့ပြောချင်ပါတယ်။ မျှော်လင့်ချက်အသစ်ဖြစ်တဲ့ ဒါဝင်နူးနက်ဇ်ဆိုရင်လည်း အခုထိစိတ်ချလို့မရသေးဘူး။ အပြေးမြန်တာ မှန်ပေမယ့် ဂိုးပြတ်သားမှုမရှိဘူးဖြစ်နေတယ်။ အခုတော့ နည်းနည်းပြန်ကောင်းတာ မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာထပ်ရသွားပြန်ပြီ။ ဆင်းနိုင်မလားမသိသေးဘူး။ ဆာလက်နဲ့တစ်ယောက်ကလည်း အန္တရာယ်မပေးနိုင်တော့ဘူးဖြစ်နေတယ်။ Gakpo လည်း နေသားကျဖို့အချိန်ယူနေတုန်းဖြစ်ပါတယ်။ လက်ရှိ တိုက်စစ်မှူး ၃ ယောက်က မန်ယူရဲ့ခံစစ်ပိုင်းကို ကျော်မဖြတ်နိုင်ပါဘူး။ အဲ့ဒီတော့ ဒီပွဲ ယာဂင်ကလော့ပ်က အသင်းဝင်တွေရဲ့စိတ်ဓာတ်ကို ဘယ်လောက်ထိမွှေးနိုင်မလဲပဲ စောင့်ကြည့်ရလိမ့်မယ်။ ဝုဗ်နဲ့ အခုမှပြီးလာတယ်ဆိုတာ ဆင်ခြေပေးလို့မရဘူး ဒီပွဲက စိတ်ဓာတ်ပေါ်မူတည်ပြီးကစားခဲ့ရလိမ့်မယ်။ နှစ်သင်းစလုံး ရှိတာအကုန်ချမှာပဲ။ မန်ယူတို့ကျတော့ အခုတလော အရမ်းတွေကြမ်းနေပါတယ်။ တစ်နေ့တစ်နေ့ ပိုပိုကောင်းလာပါတယ်။ အဲရစ်တန်ဟက်က မန်ယူအတွက် အရမ်းအဆင်ပြေတယ်။ သူရဲ့စနစ်အသီးသီးက တော်တော်ထိရောက်ပါတယ်။ ပထမ ၂ ပွဲမပါပဲ သူ့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်က အရမ်းကောင်းနေတယ်။ သရဲနီကို တကယ်နှိုးဆော်နိုင်တယ်။ အခု ပထမဦးဆုံးချန်ပီယံပါရသွားပြီ။ နောက်ပြီး ဖလားအားလုံးကို ရင်ခုန်ရတဲ့ တစ်သင်းထဲလည်းဖြစ်နေတယ်။ အရင်နှစ်တုန်းက လီဗာပူးလ်လိုမျိုးဖြစ်နေတယ်။ အသင်းထဲက အဓိကဆုံးကစားသမားကတော့ ရက်ဖိုဒ့်ထက် ဘယ်သူမှမရှိတော့ဘူး၊ သူက ပွဲတိုင်းပဲ ဂိုးသွင်းနိုင်တယ်။ အခဲမကျေတဲ့ရုပ်နဲ့ ဂိုးတွေမတရားသွင်းနေတယ်။ အဲ့ဒါပြီးရင် နောက်အရေးကြီးတဲ့တစ်ခုကတော့ ကာစီမီရိုဟာ အခြားသူတွေရဲ့ အရည်အချင်းကို ဖော်ထုတ်နိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကစားပွဲကြိုတင်ခန့်မှန်းချက်က တကယ်ပဲ စောက်ရမ်းကောင်းတယ်။ သူ့ကြောင့် အခြားကစားသမားတွေက လွယ်လွယ်လေးနဲ့ ကစားခွင့်ရသွားတယ်။ သူရှိနေရင် ခံစစ်ပိုင်းက အရမ်းပဲစိတ်ချရပါတယ်။ မန်ယူဘက်က အားကျသွားတဲ့ပွဲ ရှိလာပေမယ့် သူ့ကြောင့် အဆင်ပြေအောင် ကျော်ဖြတ်လာနိုင်တယ်။ သူ့ကို တကယ်ချီးကျူးသင့်ပါတယ်။ အော့ နောက်တစ်ယောက်လည်း မေ့လို့မရပါဘူး ဒီဂီယာလေ သူက အသင်းကို ဒုက္ခမ‌ရောက်အောင် အမြဲကယ်တင်ပေးနိုင်တယ်။ ဒီပွဲ စွမ်းဆောင်ရည်နဲ့ ကစားပုံကစားနည်းကိုကြည့်ပြီးပြောရင် မန်ယူဘက် အကုန်လုံးပဲ ပိုသာနေပါတယ်။ ဒီပွဲ ဘဲနီတို့ လှောင်အိမ်နဲ့ ကြိတ်ခံထိသွားလောက်ပါတယ်။

11 Players

Liverpoool (4-3-3) – Allison – Konate – Van Dijk – Trent Arnold – Robertson – Fabinho – Bajcetic – Elliot – Salah – Nunez – Gakpo

Manchester United (4-2-3-1) – De Gea – Varane – Shaw – Martinez – Dalot – Casemiro – Fred – Fernandes – Anthony – Sancho – Rashford

Missing Players

Liverpool FC : Arthur Melo (Surgery), Calvin Ramsay (Knee Surgery)

Manchester United : Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Facebook