Sportbooks365 MM

ဘုန်းမောက် Vs မန်ယူ [ 20 May 23 - 20:30 hrs]

Sportbooks365 MM ဂယ်ရီ အိုနေးလ်ယာယီနည်းပြလက်ထဲကဘုန်းမောက်အသင်း ဘယ်ပွဲအစီစဉ်ကိုမှ ရင်ခုန်စရာမရှိတော့သလို စိတ်ပူစရာကောင်းတဲ့အပိုင်းလည်းမရှိတော့ပါဘူး။ ဒီပွဲသရေကျအောင်ထိန်းရုံနဲ့ အဆင်ပြေပါတယ်။ နောက်ဆုံးတစ်ပွဲကမှ ခရစ်စတယ်ပဲလေစ့်ကိုရှုံးလာပါတယ်။ အဲ့တော့ သူတို့ ပရီးမီးယားလိဂ် အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။ ဒီရာသီ ၃၆ ပွဲဆင်းကစားပြီး ၃၉ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ ၃၆ ပွဲထဲမှာ ၁၁ ပွဲအနိုင် ၆ ပွဲသရေနဲ့ ၁၉ ပွဲအရှုံး ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၂ ပွဲအနိုင် ၃ ပွဲအရှုံး ဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ A.Semenyo၊ J.Stanislas၊ M.Tavernier၊ H.Traore နဲ့ R.Fredericks တို့ကိုအသုံးပြုလို့မရသေးပါဘူး။ အိုနေးလ်က ဒီပွဲ ၄-၂-၃-၁ စနစ်ပဲ အသုံးပြမယ်ထင်ပါတယ်။ ဂိုးသမားနေရာ Neto ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ခံစစ်ပိုင်း ၄ ယောက်နေရာကျတော့ Adam Smith၊ Marcos Senesi၊ Lloyd Kelly နဲ့ Mathias Vina တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နှစ်ယောက်နေရာကျတော့ Joe Rothwell နဲ့ Jefferson Lerma တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Ryan Christie၊ Philip Billing နဲ့ Dango Uattara တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးပြီး ဂိုသွင်းဖို့နေရာ Solanke ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

အဲရစ်တန်ဟက်နည်းပြလက်ထဲမန်ယူအသင်းကျတော့ အခုတလော လီဗာပူးလ်က သူတို့ရဲ့နောက်ကနေ ၁ မှတ်ပဲကွာဟနေပါတော့တယ်။ ဒါပေမယ့် လီဗာပူးလ်က သူတို့ထက် တစ်ပွဲ ပိုကစားထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဝုဗ်ဗာဟမ်တန်အပေါ် အနိုင်ရလာပါတယ်။ အဲ့ပွဲမတိုင်ခင် ၂ ပွဲတုန်းကကျတော့ ၂ ပွဲစလုံးပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ကို တစ်ပွဲစီ ရှုံးသွားတာဖြစ်ပါတယ်။ အခုလက်ရှိ ၃၅ ပွဲကစားပြီး ၆၆ မှတ် ကောက်သိမ်းနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ ဖြစ်နေပါတယ်။ အဲ့ဒီ ၃၅ ပွဲထဲမှာ ပွဲ ၂၀ အနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံး ဖြစ်ပါတယ်။ လီဗာပူးလ်ကို ကျော်တက်တာမခံချင်ရင် ဒီပွဲ နိုင်မှဖြစ်မယ်။ အဲ့တော့ စိတ်ဖိအားရှိပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဖီးလ်ဂျုံး၊ Donny van de Beek၊ Tom Heaton၊ Lisandro Martínez နဲ့ Marcel Sabitzer တို့မရှိသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ Scott McTominay နဲ့ Marcus Rashford တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ ဂိုးသမားနေရာ De Gea ကိုပဲ တာဝန်ပေးပြီး Varane နဲ့ Lindelof တို့နှစ်ယောက်ကိုကျတော့ ခံစစ်ပိုင်းနေရာ အဓိကတာဝန် ယူခိုင်းထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ ဘရူနို Rashford နဲ့ Martial တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ဘုန်းမောက်အသင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့အတွက် အခုတလော စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ်။ ဒါပေမယ့်လည်း သူတို့ အတန်းဆင်းမယ့်ဇုန်ထဲ မရှိတော့ပါဘူး။ ဒီပွဲ အိမ်ကွင်းနဲ့ကစားရမှာဖြစ်တဲ့အတွက် ဂုဏ်သရေလောက်ပဲ ဖိအားရှိနေပါတော့တယ်။ မန်ယူတို့ကျတော့ အဆင့်ဇယားထဲကအခြေနေအရ အနိုင်ရဖို့လိုပါတယ်။ အဲ့တာမှ Top4 နေရာ ပိုသေချာသွားမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ နယူးကာဆယ်တို့က အခုမှလက်ကျန်ပွဲကို အနိုင်ကောက်ရသွားပြီး လီဗာပူးလ်ကလည်း အရမ်းနီးလာနေပါပြီ။ ခံစစ်ပိုင်းနေရာ ဝါရန်းပြန်ရလာတဲ့အတွက် အချိန်တော်တော်မှန်ပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ၁၉ ပွဲရှိပြီး ဘုန်းမောက်ဘက်က ၃ ပွဲအနိုင် ၃ ပွဲသရေ လုပ်နိုင်ခဲ့ပါတယ်။ မန်ယူဘက်ကကျတော့ ၁၃ ပွဲ အနိုင်ကောက်ရသွားပါတယ်။ ဒီပွဲကတော့ မန်ယူဘက်က စွမ်းဆောင်ရည်အတိုင်း တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဘုန်းမောက်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့အခွင့်ရေး စောင့်နေလိမ့်မယ်။ မန်ယူတို့ သတိထားရမှာက ဘုန်းမောက်ရဲ့ Philip Billing ပဲ ဖြစ်ပါတယ်။ သူက တောင့်တင်းမှုရှိပြီး နေရာတော်တော်ရှာတတ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် မန်ယူဘက်က ပိုသာပါတယ်။ ပြီးတော့ မန်ယူတို့ ကစားပွဲရလဒ်ကို အလေးထားနေသေးတဲ့အတွက် ပိုပြီးဂရုစိုက်ပါလိမ့်မယ်။ ဒီပွဲကတော့ မန်ယူတို့ ထိန်းနိုင်လောက်ပါတယ်။

11 Players

AFC Bournemouth (4-2-3-1): Neto; Smith, Zabarnyi, Kelly, Vina; Ouattara, Lerma, Rothwell, Christie; Billing; Solanke

Manchester United (4-2-3-1) : De Gea; Wan-Bissaka, Varane, Lindelof, Shaw; Casemiro, Eriksen; Antony, Fernandes, Rashford; Martial

Missing Players

AFC Bournemouth : David Brooks (Fitness),J.Stanislas (Muscle Inury),R.Fredericks(Calf Injury),M.Tavernier(Hamstring Injury)H.Traore(Knock Injury),A.Semenyo(Leg Injury)

Manchester United : Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Marcel Sabitzer (Meniscal Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Facebook

လီဗာပူးလ်အသင်း ရာသီကုန်ခါနီမှကြမ်းပြနေပါတယ်။ အခုလက်ရှိ သူတို့အခြေနေက ချန်ပီယံလိဂ်ဇုန်ထဲရောက်ဖို့ အရမ်းခက်နေပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူတို့ လက်ကျန်ပွဲမှာ အနိုင်ကောက်ရသွားရင် လီဗာပူးလ်ထက် ၄ မှတ် သာသွားမှာဖြစ်သောကြောင့်ပါ။ ပြီးတော့ ရာသီကုန်ဖို့ ၂ ပွဲထဲပဲကျန်တဲ့အတွက် တစ်ပွဲလောက်နိုင်သွားတာနဲ့ ပွဲသိမ်းပါတယ်။ အဲ့တာကြောင့် လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဇုန်ထဲ ပါဖို့လုံးဝမလွယ်တော့ပါဘူး။ မန်ယူတို့က ဒီရာသီအတွင်း အိမ်ကွင်းနဲ့ တောင့်တင်းမှုရှိပါတယ်။ ဒါပေမယ့်လည်း ဘာမှမတွေးပဲပြောရင်တော့ လီဗာပူးလ်တို့အခြေနေက တော်တော်ပြန်ကောင်းနေပါတယ်။ ကစားသမားတော်တော်များများက စွမ်းဆောင်ရည်ပြန်ကောင်းနေကြတာ ဖြစ်ပါတယ်။ ရာသီရဲ့အစပိုင်းတုန်း ခြေစွမ်းမပြနိုင်တဲ့ အာနိုးတို့ Curtis Jones တို့ လောလောဆယ် စွမ်းဆောင်ရည်ကောင်းနေကြပါတယ်။ အဆိုးဆုံးကတော့ အာနိုးပါပဲ သူကညာဘက်နောက်ခံနေရာတာဝန်ယူပြီး ပြိုင်ဘက်အတွက် မုန့်စိန်တော်တော်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အသင်းနည်းပြရဲ့ နည်းစနစ် ပြောင်းလဲသွားတော့မှ သူ့မှာ အယုံကြည်ရဆုံးကစားသမား တန်းဖြစ်သွားပါတယ်။ သူ့ကို ကွင်းလယ်အထိ နေရာရွှေ့ပြီး အသင်းအတွက် အကျိုးအပေးနိုင်ဆုံးနေရာမှာ တာဝန်ပေးခဲ့ပါတယ်။ အဲ့ကနေစပြီး သူ့မှာ အရည်အချင်း ပြန်ပြနိုင်ခဲ့ပါတယ်။ အဲ့ထက်ကောင်းတာ နဂိုက ကွင်းလယ်ကစားသမားဖြစ်တဲ့ Curtis Jones မှာလည်း ဒီတိုင်းနေရင်းနဲ့ ခြေစွမ်းကောင်းလာလေရော။ Curtis Jones က တိုက်စစ်ဆင်ကစားဖို့လောက်ပဲ လုပ်တတ်ပြီး ခံစစ်ပိုင်းကို အမြဲစိတ်ပူခဲ့ရလို့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲ့အပိုင်း အထောက်အကူအနေနဲ့ အာနိုးက ရောက်လာတော့မှ သူ့အတွက် အလိုလိုနဲ့ အကျိုးထိရောက်သွားပါတယ်။ အခု အသင်းက အာနိုးကို ထောက်ကူပေးတာလား အာနိုးက အသင်းကို ထောက်ကူပေးတာလားဆိုတာ မသေချာတော့ပါဘူး။ အစစအရာရာက အရမ်းပဲကောင်းနေပါတယ်။ ဒီပွဲ အသုံးပြုမယ့်ကစားစနစ်ကတော့ လက်စတာကို ၃-၀ နဲ့ အနိုင်ရသွားတဲ့စနစ်ကိုပဲ ဆက်လက်အသုံးပြုမယ်ထင်ပါတယ်။ တိုက်စစ်ဆင်ဖို့ ကြိုးစားပြီး အသက်ကုန်ထုထောင်းလိမ့်မယ်။ ဒီနှစ်အတွင်း အိမ်ကွင်းစံချိန် သိပ်မကောင်းပေမယ့် အိမ်ကွင်းနဲ့ ၃ မှတ်ရမသွားတာ ၅ ပွဲလေးပဲရှိပါတယ်။ ၄ ပွဲသရေ ၁ ပွဲအရှုံးဖြစ်ပါတယ်။ ဒီပွဲကတော့ အန်ဖီးလ်ကွင်းနဲ့ ခြေစွမ်းပြနိုင်လောက်ပါတယ်။

Sportbooks365 MM အက်စတွန်ဗီလာတို့ကျတော့ အခုတလော အဆင့် ၈ မှာ ရပ်တည်နေပြီး ဥရောပဇုန်ထက် ၁ မှတ်ပဲ ကွာဟနေပါတယ်။ ဒါပေမယ့် တစ်ပွဲပိုကစားထားပါတယ်။ ပြီးတော့ သွင်းဂိုးစံချိန်ကလည်း မကောင်းဘူး နောက်ပြီး စွမ်းဆောင်ရည်တွေက တည်ငြိမ်မှုမရှိသေးဘူးဖြစ်ပါတယ်။ ပြီးတော့ ဒီရာသီရဲ့ လက်ကျန်နှစ်ပွဲက တော်တော်ခက်ပါတယ်။ ဥပမာ ဒီပွဲ လီဗာပူးလ်ကို နိုင်ပြီး ဘရိုက်တန်တို့ပွဲစဉ်က သရေကျသွားရင်တော့ နောက်ဆုံးတစ်ပွဲ ဘရိုက်တန်နဲ့ အဆင့် ၆ ကို လုယက်ခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း လီဗာပူးလ်တို့က အန်ဖီးလ်ကွင်းနဲ့ကစားရင် ဘယ်အသင်းအတွက်မှ မလွယ်ပါဘူး။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အသင်းနည်းပြပဲ ညာဏ်ရည်ပြနိုင်မလားမသိဘူး။  သူ့မှာ ယာဂင်ကလော့ပ်နဲ့ ၈ ပွဲရင်ဆိုင်ခဲ့ဖူးပြီး ကလော့ပ်ကို ၆ ပွဲတောင် ရှုံးနိမ့်သွားပါတယ်။ သရေ ၁ ပွဲနဲ့ အနိုင် ၁ ပွဲ လုပ်ထားနိုင်ခဲ့ဖူးပါတယ်။ ဒီရာသီ လီဗာပူးလ်နဲ့ ပထမတစ်ပွဲတုန်းက လီဗာပူးလ်ကို အရင်ရှုံးထားပါတယ်။ လီဗာပူးလ်က သူတို့ရဲ့ငယ်နိုင်လိုမျိုးဖြစ်နေတယ်။ Unai Emery ရောက်လာကတည်းက အက်စတွန်ဗီလာအသင်းရဲ့အခြေနေ ပြန်ကောင်းလာပါတယ်။ ဒါပေမယ့် တိကျမှုနဲ့ အမြဲလိုလိုမှုပဲ သိပ်မရှိသေးပါဘူး။ ကောင်းလိုက် ဆိုးလိုက် ဖြစ်နေတုန်းဖြစ်ပါတယ်။ အဲ့တော့ သူ့ကို ယုံလို့မရသေးပါဘူး။ နောက်ဆုံးတစ်ပွဲကမှ ကြက်တံဆိပ်ကို ၂-၁ နဲ့ နိုင်လာတဲ့အတွက် နည်းနည်းပါးပါးတော့ ချီးကျူးချင်ပါတယ်။ အဲ့တော့ ဒီပွဲ သူတို့ ၄-၄-၂ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ Watkins က သူတို့အသင်းရဲ့ ဂိုးဖန်တီးရှင်ဖြစ်ပြီး ဒီရာသီ ဂိုး ၁၄ လုံး သွင်းထားနိုင်ခဲ့ပါတယ်။ သူ့စွမ်းဆောင်ရည်က မဆိုးပါဘူး။ ဒီရာသီကုန်သွားတာနဲ့ အသင်းပြောင်းတော့မယ်ထင်တယ်။ နောက်တစ်ယောက်ကတော့ Doughlas နဲ့တစ်ယောက်ပါပဲ သူက McGinn နဲ့အတူ ကွင်းလယ်ပိုင်းကို ထိန်းချုပ်တယ်။ Doughlas က အသင်းအတွက် အန္တရာယ်တွေရှင်းထုတ်ပေးပြီး အဝေးကနေ ဂိုးပါသွင်းပေးနိုင်ပါတယ်။ ဒီနေရာ လီဗာပူးလ်တို့ သတိထားခဲ့ရလိမ့်မယ်။ အက်စတွန်ဗီလာရဲ့ခံစစ်ပိုင်းကတော့ ဒီလိုပါပဲ။ တစ်ပွဲကို ဂိုးတစ်လုံးလောက် ပုံမှန်သွင်းခံထိတတ်ပါတယ်။ ဒီပွဲကတော့ ခက်ပါတယ်။ လီဗာပူးလ်ရဲ့ လက်ရှိအခြေနေနဲ့ဆိုရင် အက်စတွန်ဗီလာတို့ အမှတ်မရပဲ ပြန်သွားလိမ့်မယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် လီဗာပူးလ်ဘက်က ၅ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ အခုတလော နှစ်သင်းစလုံးရဲ့အခြေနေက ကွာခြားမှုရှိပါတယ်။ လီဗာပူးလ်ဘက်က UCL ထဲပါဖို့ ရုန်းကန်နေတယ်။ ဒီပွဲအပါဝင် ၂ ပွဲလေးပဲကျန်ပါတော့တယ်။ ဒီပွဲမစခင် သူတို့ နယူးကာဆယ်ထက် ၄ မှတ်နည်းပြီး မန်ယူထက် ၁ မှတ် နည်းနေပါတယ်။ ဒါပေမယ့် သူတို့က မန်ယူထက် ၁ ပွဲ ပိုကစားထားပါတယ်။ အဲ့တော့ ရှင်းရှင်းပြောမယ်ဆိုရင် နယူးကာဆယ်ရဲ့နောက်ကနေ လိုက်နေရတုန်းပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူတို့က မုန့်တွေ အလကားကျွေးမသွားလောက်တော့ပါဘူး။ လီဗာပူးလ်တို့ အခုတလော အနိုင်ရမှာထက် ဘာမှစဉ်စားမနေတော့ပါဘူး။ ဥရောပတိုက်ပွဲထဲပါဖို့ရှိပါသေးတယ်။ UCL မဟုတ်ပဲ UEL ဖြစ်လိမ့်မယ်။ အက်စတွန်ဗီလာတို့ကျတော့ နောက်နှစ် EFL တိုက်ပွဲထဲပါဖို့ရှိပါသေးတယ်။ ဒါပေမယ့်လည်း မရှိသလောက်ဖြစ်နေပါပြီ။ အဲ့တော့ ဒီပွဲ ရည်မှန်းချက်ချင်းယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုပြင်းထံပါတယ်။ နောက်ပြီး အန်ဖီးလ်ကွင်းပါဖြစ်တဲ့အတွက် စိတ်မပူရတော့ပါဘူး။ လီဗာပူးလ်က အိမ်ကွင်းနဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ပါတယ်။ အနိုင်ပွဲတွေ တောက်လျှောက် ကောက်သိမ်းနိုင်နေပါတယ်။ အက်စတွန်ဗီလာတို့ကျတော့ တစ်ပွဲကောင်း တစ်ပွဲဆိုးဖြစ်နေတုန်းပါ။ အဲ့တော့ အစစအရာရာ လီဗာပူးလ်ဘက်က ပိုသာမှန်း မြင်ခဲ့ရပါတယ်။ နှစ်သင်းစလုံးရဲ့ အဆင်သင့်ပိုင်းကတော့ လီဗာပူးလ်မှာ နူးနက်ဇ်လောက်ပဲမရှိသေးတော့ စိတ်ပူစရာမရှိပါဘူး။ အခြား အဓိကကစားသမားတွေ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ အက်စတွန်ဗီလာတို့ကျတော့ ကစားသမားအားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ကစားသမားချင်းယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုသာပါတယ်။ အသင်းရဲ့ ထူးခြားချက်ကတော့ လီဗာပူးလ်မှာ ကွင်းလယ်ကစားသမားအသစ်ဖြစ်တဲ့ အာနိုးပဲဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်က အရမ်းကောင်းနေတယ်။ ဘောလုံးထိုးပေးချက်က တော်တော်ထိရောက်ပါတယ်။ ဒီပွဲမှာလည်း သူ ခြေစွမ်းပြနိုင်လောက်ပါတယ်။ အက်စတွန်ဗီလာမှာကျတော့ ဒီရာသီ ဂိုး ၁၄ လုံးသွင်းနိုင်တဲ့ Watkins ကိုပဲ မျှော်လင့်ခဲ့ရလိမ့်မယ်။ ဒီပွဲကတော့ အိမ်ရှင်ဘက်က အိမ်ကွင်းနဲ့ အကျောရထားပြီး ငယ်နိုင်လိုမျိုးပါဖြစ်တယ် နောက်ပြီး စွမ်းဆောင်ရည်ကလည်း ပိုသာနေတဲ့အတွက် ၃ မှတ်မရပဲမနေလောက်ပါဘူး။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Konate – Van Dijk – Fabinho – Henderson – Jones – Salah – Jota – Gakpo

Aston Villa (4-4-2) – Martinez – Moreno – Mings – Konsa – Young – Ramsey – McGinn – Doughlas Luiz – Bailey – Watkins – Buendia

Missing Players

Liverpool FC – Darwin Núñez (Toe Injury), Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)

Aston Villa – ဒဏ်ရာနဲ့ ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Facebook

Steve Cooper နည်းပြလက်ထဲက နော်တင်ဟမ်ဖောရက်စ်အသင်း စွမ်းဆောင်ရည်တွေ တည်ငြိမ်မှုမရှိသေးပါဘူး။ နောက်ဆုံးတစ်ပွဲကမှ ချယ်လ်ဆီးနဲ့ ၂-၂ သရေကျလာပြီး နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲအနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံး ဖြစ်ပါတယ်။ အခုတလော အဆင့်် ၁၆ မှာ ရပ်တည်နေပြီး အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်ပဲ သာနေတယ်။ ဒီရာသီ ၂ ပွဲကျန်နေသေးတဲ့အတွက် အမှတ်တွေ တောက်လျှောက်ကောက်သိမ်းနိုင်ဖို့လိုပါသေးတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Giulian Biancone၊ Dean Henderson၊ Chris Wood၊ Omar Richards၊ Scott McKenna၊ j.Colback၊ J.Shelvey၊ E.Dennes နဲ့ N.Williams တို့ကို အသုံးပြုလို့မရသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ Gustavo Scarpa နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ ဒီပွဲ Cooper က ၄-၃-၃ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ Serge Aurier၊ Joe Worrall၊ Felipe နဲ့ Niakhate တို့ကို ခံစစ်ပိုင်းနေရာ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာ Lodi၊ Yates၊ Mangala နဲ့ Danilo တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Awoniyi နဲ့ Gibbs-White တို့ကို ဂိုးသွင်းဖို့တာဝန် ပေးထားလောက်ပါတယ်။

မိုက်ကယ်အာတီတာလက်ထဲက အာဆင်နယ်တို့ကျတော့ အခုမှ ထစ်ခနဲဖြစ်ပြီး အိမ်ကွင်းနဲ့ ဘရိုက်တန်ကိုရှုံးလာပါတယ်။ အဲ့တာနဲ့ သူတို့ ချန်ပီယံဖြစ်ဖို့ မရှိတော့ပါဘူး။ အခုလက်ရှိ မန်စီးတီးရဲ့နောက်ကနေ ၄ မှတ် ကွာဟနေပါတယ်။ ပြီးတော့ အာဆင်နယ်တို့က မန်စီးတီးထက် တစ်ပွဲပါပိုကစားထားပါတယ်။ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲအနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံး ဖြစ်ပါတယ်။ ဒီပွဲကတော့ နိုင်မှဖြစ်မယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Mohamed Elneny နဲ့ Takehiro Tomiyasu တို့ကို အသုံးပြုလို့မရသေးပါဘူး။ William Saliba နဲ့တစ်ယောက်လည်း ဒဏ်ရာရထားလို့ မပါနိုင်သေးပဲ ဖြစ်နေပါတယ်။ Gabriel Martinelli နဲ့ Oleksandr Zinchenko တို့မှာလည်း ဆင်းကစားလို့မရကြသေးပါဘူး။ ဒီပွဲ အာတီတာက ၄-၃-၃ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ ခံစစ်ပိုင်းနေရာ ဘင်ဝှိုက်၊ Rob Holding၊ Jakub Kiwior နဲ့ Tierney တို့ကိုပဲ တာဝန်ယူခိုင်းထားပြီး Odegaard၊ Jorginho၊ Xhaka နဲ့ Saka တို့ကို ကွင်းလယ်ပိုင်းနေရာ ထိန်းခိုင်းထားလောက်ပါတယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Jesus နဲ့ Trossard တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

Sportbooks365 MM ဖောရက်စ်တို့ အတန်းမဆင်းချင်ရင်တော့ အနိုင်ရအောင်လုပ်ဖို့လိုပါတယ်။ အနိုင်မရရင်တောင် အမှတ်တော့ ကောက်နိုင်ရမယ်။ သူတို့က အတန်းဆင်းမယ့်ဇုန်ထဲပါဖို့အခွင့်‌ရေး ရှိနေတုန်းဖြစ်ပါတယ်။ လက်ကျန်နှစ်ပွဲလေးနဲ့ ၃ မှတ်ပဲ ကွာဟနေတာ မလုံလောက်သေးပါဘူး။ ပြီးတော့ သူတို့ရဲ့သွင်းဂိုးစံချိန်က အတန်းဆင်းမယ့်ဇုန်ထဲက အသင်းတွေထက် ညံ့ပါတယ်။ အဲ့တော့ ဒီပွဲက သူတို့ဘဝကို ဆုံးဖြတ်သွားလိမ့်မယ်။ အာဆင်နယ်တို့ကျတော့ အပြောနဲ့ဆိုရင် ချန်ပီယံဖြစ်ဖို့အခွင့်ရေးရှိပါသေးတယ်။ ဒါပေမယ့် လက်တွေ့ကတော့ မဖြစ်နိုင်တော့ပါဘူး။ မန်စီးတီးတို့က လက်ကျန်ပွဲတွေအားလုံးမှာ ဆက်တိုက်ရှုံးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီပွဲကတော့ သူတို့အတွက် ဘာမှနစ်နာတာမရှိပါဘူး အပီကစားပြီး အနိုင်ရအောင်လုပ်ရမယ်။ ပွဲပြီးတဲ့အထိ လိုက်ကြိတ်ရမယ်။ အဲ့တော့ ဒီပွဲ အာဆင်နယ်ဘက်ကပဲ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ Gabriel Martinelli မရှိသေးတဲ့အတွက် တိုက်စစ်ပိုင်းနေရာ အားနည်းသွားလိမ့်မယ်။ တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာပေမယ့် အရမ်းတော့ ထိရောက်မယ်မထင်ပါဘူး။ ဖောရက်စ်တို့ကျတော့ ခံစစ်ပိတ်ပြီး အခွင့်ရေးစောင့်နေလိမ့်မယ်။ ဖောရက်စ်တို့ရဲ့ အခြေနေကောင်းစေတဲ့နေရာကတော့ တည့်တည့်ကြီးဝင်လုံးပြီး Moussa Niakhaté ရဲ့ လက်ပစ်ဘောပဲဖြစ်ပါတယ်။ သူ့ရဲ့လက်ပစ်ဘောက အဝေးကြီးပဲ ရောက်သွားတယ်။ အာတီတာက ဒီနေရာကို မကာကွယ်နိုင်ရင်တော့ ချန်ပီယံတံခါးက အပြီးပိတ်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော့စိတ်ထဲမှာကတော့ သူတို့ဘက်က မပေါ့ဆရင် အနိုင်ရတဲ့အထိ မျှော်လင့်လို့ရပါတယ်။ အာဆင်နယ်တို့ ပြတ်သားမှုပြနိုင်မယ်လို့ ယုံကြည်ထားပြီး ၃ မှတ် ကောက်သွားနိုင်မယ်ထင်ပါတယ်။

11 Players

Nottingham Forest (4-3-3): Navas; Worrall, Niakhate, Felipe; Aurier, Yates, Danilo, Mangala, Lodi; Gibbs-White, Awoniyi

Arsenal : (4-3-3 ) : Ramsdale, White, Kiwior, Gabriel, Tierney; Odegaard, Xhaka, Partey; Saka, Jesus, Trossard

Missing Players

Nottingham Forest : Willy Boly (Hamstring Injury), Dean Henderson (Thigh Problems), Scott McKenna (Shoulder Injury), Neco Williams (Facial Fracture), Omar Richards (Fractured Leg), Chris Wood (Hamstring Injury), Giulian Biancone (Knee Injury)N.Williams (Concussion),E.Dennes(Knock Injury),Gustavo Scarpa (Knock Injury),j.Colback(Concussion),J.Shelvey (Calf Injury)

Arsenal : Mohamed Elneny (Knee Injury), William Saliba (Back Injury), Oleksandr Zinchenko (Disrupted Calf Muscle), Gabriel Martinelli (Ankle Injury), Takehiro Tomiyasu (Knee Surgery)

Facebook