SKM777

SKM777 မန်စီးတီး Vs ရီးရဲလ်မက်ဒရစ် [ 17 May 23 - 01:30 hrs]

SKM777 အိမ်ရှင်မန်စီးတီးအသင်း ဒီပွဲ အိမ်ကွင်းနဲ့ရီးရဲလ်ကို လက်ခံကစားရမှာဖြစ်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အရမ်းပဲသေချာနေတဲ့အတွက် သူတို့နဲ့ထပ်တူဝမ်းသာပါတယ်။ အခု အာဆင်နယ်ထက် ၄ မှတ်သာပြီး အာဆင်နယ်က သူတို့ထက် ၁ ပွဲပိုကစားထားတယ်။ ပြီးတော့ ရာသီကုန်ဖို့ ၃ ပွဲပဲ ကျန်ပါတော့တယ်။ အဲ့ဒီလက်ကျန် ၃ ပွဲစလုံးကို ရှုံးသွားရင်တော့ ချန်ပီယံမဖြစ်ပဲနေလိမ့်မယ်။ အပြောနဲ့ဆိုရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကတော့ အာဆင်နယ်အတွက် အိပ်မက်ဆိုးကြီးပါ။ မန်စီးတီးက အဲ့လိုမျိုး ဘယ်လိုမှရှုံးမယ်မထင်ပါဘူး။ အဲ့တာကြောင့် မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံနေရာ ပြေးမလွတ်တော့ပါဘူး။ FA ဖလားအစီစဉ်မှာလည်း ဗိုလ်လုပွဲအထိတက်သွားပြီ။ အခက်ဆုံးကတော့ ဒီ UCL ဖလားပဲဖြစ်ပါတယ်။ ဒီဖလားကို ရီးရဲလ်နဲ့ လုနေရတာဖြစ်ပါတယ်။ ပထမကျော့တုန်းက ရီးရဲလ်ရဲ့အိမ်ကွင်းနဲ့ ၁-၁ သရေကျလာခဲ့တယ်။ အဲ့ပွဲ မန်စီးတီးဘက်က ဘောလုံးပိုင်ဆိုင်မှု ပိုများပါတယ်။ ဒါပမယ့် ဒုတိယပိုင်းရောက်တော့ တော်တော်ရုန်းခဲ့ရပါတယ်။ ဒီပွဲ ပက်က ကစားစနစ်ကို သိပ်ပြီးပြောင်းလဲမယ်မထင်ဘူး၊ အရင်က ကစားစနစ်နဲ့ဆိုရင်လည်း တော်တော်အဆင်ပြေနေပြီမို့လို့ပါ။ ဂိုးသမားနေရာ Ederson ပဲ ဖြစ်လိမ့်မယ်။ ပြီးရင် နောက်ခံ ၄ ယောက်က ကွင်းလယ်ပိုင်းကို အလှည့်ကျ ဝင်ကူပေးလိမ့်မယ်။ စီးတီးတို့ တိုက်စစ်ဆင်တဲ့အခါမှာ သူတို့ရဲ့ ကွင်းလယ်ကစားသမားက ၃ ယောက်ဖြစ်သွားတာ မြင်ခဲ့ရလိမ့်မယ်။ အဲ့တာနဲ့ပဲ ပြိုင်ဘက်ရဲ့ပင်နယ်တီစည်းထဲ အော်တိုစနစ်နဲ့ တိုက်စစ်မှူး ၄ ယောက်တောင် ဝင်သွားတာ မြင်ခဲ့ရလိမ့်မယ်။ ဟာလန်းနဲ့ ဒီဘရိုင်းတို့နှစ်ယောက်က ဒီခေတ်ရဲ့ အကောင်းဆုံးလက်တွဲမှုပဲဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲတုန်းက ဒီဘရိုင်းအနားယူခဲ့ရတဲ့အတွက် အားတွေတော်တော်ပြည့်နေလောက်ပါပြီ။ မန်စီးတီးက အခုတလော နာမည်ကောင်းတွေရထားတဲ့အတွက် ကစားသမားတိုင်းပဲ ယုံကြည်မှုအပြည့်ရှိနေကြလောက်ပါတယ်။ နောက်ပြီး သူတို့ခြေစွမ်းကလည်း အကောင်းဆုံးကာလထဲပါ ရောက်ရှိနေတယ်။ ဒီပွဲကတော့ ရီးရဲလ်အတွက် ခက်ပါတယ်။ မန်စီးတီးရဲ့အိမ်ကွင်းဖြစ်ရင် ဘယ်အသင်းမဆို ခက်ပါတယ်။ ဒီနှစ်မှာတော့ စီးတီးတို့ပဲ ဖလားရသွားလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်တို့ကျတော့ ပြောမယ်ဆိုရင် ဒီဖလားကို အမြဲရသွားတဲ့အသင်းဖြစ်ပါတယ်။ ဒီဖလားကို အများဆုံး ပိုင်ဆိုင်ခဲ့ဖူးတဲ့အသင်းလည်းဖြစ်နေတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကလည်း နေရာတိုင်းပဲအဆင်ပြေနေတယ်။ အခုတလော ရီးရဲလ်အသင်းမှာ ပြောင်းလဲကာလထဲ ကျရောက်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိကကျတဲ့ကစားသမားတွေကတော့ ဆင်းကစားဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ Kroos တို့ Modric တို့ Benzema တို့ Courtois ပြီးတော့ Carvajal တို့အားလုံးက အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ သူတို့က ဒီလိုပွဲကြီးပွဲကောင်းဖြစ်ရင် မပါပဲမနေဘူး။ ဒီပွဲ အသင်းနည်းပြက အရင်တုန်းကပွဲကနေ ကစားစနစ်ပြောင်းလဲမယ်မထင်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ ပိုပြီးသတိထားလိမ့်မယ်။ သူတို့အသင်းရဲ့ အတွေ့ကြုံနဲ့ အားတင်းမှုပြီးတော့ ကွင်းလယ်ပိုင်းရဲ့ ထိန်းချုပ်မှုက သူတို့ရဲ့ အဓိကဖြစ်သွားလိမ့်မယ်။ အိမ်ရှင်အသင်းရဲ့ အမှားကိုစောင့်ပြီး တိကျမှုရှိတဲ့ ဘောလုံးထိုးပေးချက်နဲ့ ဝင်တိုက်လိမ့်မယ်။ Valverde နဲ့တစ်ယောက်က အဝေးကနေ ဂိုးသွင်းတတ်ပြီး ကန်ချက်က တော်တော်ပြင်းထံမှုရှိပါတယ်။ Vinicius ဆိုရင် သွက်လက်မှုရှိပြီး ပြိုင်ဘက်ခံစစ်ပိုင်းကို တိုင်ပတ်အောင်အရည်အချင်းရှိတယ်။ အဓိကကျဆုံးဖြစ်တဲ့ Benzema ကတော့ ဂိုးသွင်းတဲ့အပိုင်း ပြတ်သားမှုရှိတယ်။ ရီးရဲလ်ရဲ့ လက်ရှိကစားသမားအဖွဲ့အစုက ဒီနောက်ဆုံး ၅ နှစ်အတွင်း ချန်ပီယံ ၃ ကြိမ်တောင်ရသွားခဲ့ဖူးပါတယ်။ အဲ့တာနဲ့ သူတို့အားလုံးက ဖိအားအောက်မှာ ကောင်းကောင်းကစားနိုင်ပြီးသားဖြစ်ပါတယ်။ ဒီပွဲကတော့ Etihad ကွင်းအထိ ခရီးစဉ်ရမှာဖြစ်တဲ့အတွက် မလွယ်ပါဘူး။ မန်စီးတီးဖန်ရဲ့အားပေးသံက ဒီတစ်ခါ အကျယ်လှောင်ဆုံးပဲဖြစ်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ ရီးရဲလ်ကိုကျော်ဖြတ်နိုင်ရင် ချန်ပီယံဖြစ်ဖို့ဆိုတာ အရမ်းပဲသေချာသွားမှာဖြစ်သောကြောင့်ပါ။ ဒီပွဲ ရီးရဲလ်ဘက်က အစစအရာရာ ကျွမ်းကျင်မှုရှိပေမယ့် မန်စီးတီးတို့မှာလည်း အတွေ့ကြုံမနည်းပါဘူး။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ၂၀၁၂ ခုနှစ် UCL ပွဲစဉ်ကတည်းကစတွက်ရင် ၉ ပွဲကစားပြီး အနိုင် သရေ အရှုံး ၃ ပွဲစီရသွားခဲ့ဖူးကြပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် သရေကျသွားပါတယ်။ အဲ့သရေပွဲဖြစ်နေပေမယ့် တော်တော်ပဲကြည့်ကောင်းခဲ့တယ်။ အလှည့်ကျတိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးတော့ နည်းပြနှစ်ယောက်စလုံးကလည်း တော်တော်ညာဏ်ရည်ပြသွားနိုင်တယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်နဲ့ဆိုရင် ရီးရဲလ်ဘက်က နည်းနည်းပိုသာပါတယ်။ ဒါပေမယ့် စီးတီးဘက်က ပြိုင်ဘက်အမှားကိုစောင့်ပြီး ဂိုးတန်းသွင်းနိုင်ခဲ့တယ်။ ပြီးတော့ ကံကောင်းလို့ VAR ကိုလည်း မမိခဲ့ပါဘူး။ ဒါပေမယ့်လည်း ရီးရဲလ်ရဲ့အိမ်ကွင်းနဲ့ အဲ့လောက်ထိတိုက်ခိုက်နိုင်တာ တော်တော်အဆင်ပြေနေပါပြီ။ မန်စီးတီးရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဝါကဒ်ပြည့်သွားတဲ့ Gündogan လောက်ပဲမရှိသေးပါဘူး။ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ်။ ဒီဘရိုင်းကလည်း အနားအပြည့်ယူထားပြီးပြီ။ ဟာလန်းမှာလည်း အနားယူထားပါတယ်။ အဲ့ဒီတော့ ဒီနှစ်ယောက်စလုံးက မိနစ် ၉၀ အထိ ဆင်းကစားနိုင်ပါတယ်။ ဆေးလ်ဗားနဲ့တစ်ယောက်ရောပဲပေါ့။ ဒီပွဲ ပက်က ၄-၃-၃ စနစ်ကိုပဲ အသုံးချလောက်တယ်။ အသင်းရဲ့ အထူးခြားဆုံးနေရာကတော့ ငါတို့သိတဲ့အတိုင်း ဒီဘရိုင်းနဲ့ ဟာလန်းတို့ပဲဖြစ်ပါတယ်။ ဟာလန်းက ဒီရာသီအတွင်း ပွဲစုံ ၅၂ ပွဲကစားပြီး ဂိုး ၄၈ လုံးတောင် သွင်းထားနိုင်ပါတယ်။ သူ့ကို European Top Goalscorer လို့တောင် နာမည်ပေးလို့ရတယ်။ သွက်လက်မှုရှိပြီး တောင့်တင်းမှုပါရှိတယ်။ အရပ်က ၁၉၅ စင်တီမီတာရှိတဲ့အတွက် မြောက်ဘောလည်း တော်တော်အဆင်ပြေတယ်။ ဒါကတော့ အိမ်ရှင်ဘက်က ဂိုးသွင်းဖို့လက်နက်ကြီးဖြစ်ပါတယ်။ ရီးရဲလ်တို့ကျတော့ ကစားသမားပိုင်း အဆင်မပြေတာတွေမရှိပါဘူး။ အကောင်းဆုံးကစားသမားအဖွဲအစုကို အသုံးပြုသွားမှာသေချာပါတယ်။ သူတို့လည်း ၄-၃-၃ စနစ်နဲ့ပဲ ကစားလောက်ပါတယ်။ Benzema က ရီးရဲလ်ရဲ့ဂိုးဖန်တီးရှင်ဖြစ်ပါတယ်။ အရင်ရာသီလောက်ဂိုးမသွင်းနိုင်ပေမယ့် သူ့အရည်အချင်းက အသင်းအတွက် အကျိုးတော်တော်ပေးပါတယ်။ သူ့ဆီမှာ ဘောလုံးနားနေလို့ရသလို သူကိုယ်တိုင်က ဂိုးပါသွင်းပေးနိုင်တယ်။ ပင်နယ်တီစည်းထဲရောက်သွားပြီဆိုတာနဲ့ ရင်ခုန်ရတတ်ပါတယ်။ ဒါပေမယ့် ဒီပွဲ အထူးခြားဆုံးနေရာကတော့ ကွင်းလယ်အတွဲပဲဖြစ်လိမ့်မယ်။ Kroos နဲ့ Modric တို့က ရီးရဲလ်အတွက် မရှိလို့မရတဲ့ကစားသမားတွေဖြစ်နေတယ်။ သူတို့နှစ်ယောက်က အပြည့်ပဲအနားယူထားပြီးသားပါ။ အဲ့တော့ မိနစ် ၉၀ အထိ ဆင်းကစားနိုင်လောက်ပါတယ်။ မိနစ် ၁၂၀ အထိတော့ အဆင်မပြေလောက်ပါဘူး။ နောက်ပြီး ကစားပွဲအခြေနေ ပင့်ပေးတတ်ပြီး အရေးကြီးတဲ့ဂိုး အမြဲသွင်းပေးတတ်တဲ့ Vinicius လည်း သူရဲ့သွက်လက်မှုက အကျိုးတော်တော်ရှိလိမ့်မယ်။ ဒီပွဲက Etihad ကွင်းဖြစ်တဲ့အတွက် တော်တော်ရုန်းခဲ့ရလိမ့်မယ်။ နှစ်သင်းစလုံးရဲ့အစစအရာရာက မနိုင်မရှုံးပါပဲ။ ဒါပေမယ့် စီးတီးရဲ့အရံလက်နက်တွေကရီးရဲလ်ထက် ပိုပြီးပြည့်စုံနေပါတယ်။ ပြီးတော့ မိနစ် ၉၀ အတွင်း ပွဲသိမ်းလာက်ပါတယ်။ အနိုင်ရရှိသူကတော့ မန်စီးတီးဖြစ်ဖို့များပါတယ်။

11 Players

Manchester City (4-3-3) – Ederson – Akanji – Dias – Stones – Walker – Rodri – Bernado Silva – De Bruyne – Mahrez – Grealish – Haaland

Real Madrid (4-3-3) – Courtois – Camavinga – Alaba – Rudiger – Carvajal – Kroos – Modric – Tchouameni – Valverde – Vinicius – Benzema

Missing Players

Manchester City – Ilkay Gündogan (Yellow card suspension)

Real Madrid – ဒဏ်ရာရထားတဲ့ကစားသမားမပါရှိပါ။

Facebook