shwe shan

အက်စတွန်ဗီလာ Vs အာဆင်နယ် [18 Feb 23 - 19:00 hrs]

shwe shan အိမ်ရှင်အက်စတွန်ဗီလာအသင်း လက်ရှိ အဆင့်ဇယားထဲက နံပါတ် ၁၁ ဖြစ်ပါတယ်။ ဒီရာသီ ၂၂ ပွဲ ဆင်းကစားပြီး လက်ထဲမှာ ၂၈ မှတ် ကိုင်ဆောင်ထားပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် အမှတ်တော်တော်သာနေပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၂ ပွဲ နဲ့ အရှုံး ၃ ပွဲ လုပ်နိုင်ခဲ့တယ်။ အခုတလော ၂ ပွဲဆက်တိုက် ရှုံးထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက မန်စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးလာပါတယ်။ အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အရှုံး ၄ ပွဲတောင်ရရှိသွားတယ်။ ဒီပွဲ သူတို့အသင်း တော်တော်ပြည့်စုံပါတယ်။ Jake Steer ဆိုတဲ့ဒုတိယဂိုးသမားနဲ့ Diego Carlos တို့လောက်ပဲ မရှိသေးပါဘူး။ ကျန်တဲ့အဓိက ကစားသမားတွေကျတော့ အကုန်လုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၄-၂ စနစ်အသုံးပြုမယ်ထင်တယ်။ တိုက်စစ်မှူးအတွဲကို Watkins နဲ့ Bailey ဖြစ်ပြီး အလယ်တန်းနေရာ Emiliano Buendia၊ Boubacar Kamara နဲ့ Douglas Luiz တို့ကို တာဝန်ပေးထားလောက်ပါတယ်။ အနောက်တန်းကျတော့ Ezri Konza နဲ့ Callum Chambers တို့ကို အရင်တစ်ပွဲလိုမျိုး အနောက်တန်းကွင်းလယ် တွဲထားလောက်ပါတယ်။

အာဆင်နယ်တို့ကျတော့ နံပါတ် ၁ နေရာ အကြာကြီးပဲရပ်တည်လာပြီး အခုလက်ရှိ နံပါတ် ၂ အဆင့် ကျရောက်သွားပါပြီ။ ဒီရာသီ ၂၂ ပွဲ ဆင်းကစားပြီး ၅၁ မှတ် ကိုင်ဆောင်ထားပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ်။ နောက်ဆုံး ၅ ပွဲကစားပြီး အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် အိမ်ကွင်းနဲ့မန်စီးတီးကို ၁ ဂိုး ၃ ဂိုးနဲ့ရှုံးလာပါတယ်။ ရမှတ်ချင်းတူပေမယ့် စီးတီးဘက်က သွင်းဂိုးစံချိန်ပိုသာတော့ နံပါတ် ၁ ဖြစ်သွားပါတယ်။ ဒီပွဲ အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားက အရင်အတိုင်းပါပဲ။ Mohamed Elneny၊ Emil Smith Rowe နဲ့ Gabriel Jesus တို့ပဲ ဖြစ်ပါတယ်။ သောမတ်စ် ပါတေးနဲ့တစ်ယောက်ကတော့ အခြေနေစစ်ဆေးဖို့ပဲလိုတော့တယ်။ ကျန်တဲ့အဓိကကစားသမားတွေကတော့ အကုန်လုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ရောက်လာလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ တိုက်စစ်မှူး Eddie Nketiah၊ Gabriel Martinelli နဲ့ Bukayo Saka တို့ ၃ ယောက်ကို တာဝန်ပေးထားပြီး အလယ်တန်းနေရာ Martin Odegaard နဲ့ Jorginho ကွင်းလယ်နေရာတွဲထားလိမ့်မယ်။ ပြီးရင် အနောက်တန်းကွင်းလယ်နေရာကတော့ Saliba နဲ့ Gabriel တို့ကို ထိန်းခိုင်းထားလောက်ပါတယ်။

အိမ်ရှင်အသင်း ၂ ပွဲဆက်တိုက်ရှုံးလာပေမယ့် Save zone ထဲရှိနေသေးလို့ကံကောင်းပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ကစားရမှာဆိုတော့ ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ အာဆင်နယ်တို့ကျတော့ အခုတလော နံပါတ် ၁ နေရာ လုခံထိပြီး ကြောင်ပျောက်နေပါတယ်။ ဒါပေမယ့် မန်စီးတီးတို့က သူတို့ထက် ပြိုင်ပွဲ ၁ ပွဲ ပိုများနေပါတယ်။ ဒီပွဲ ဗီလာကွင်းဖြစ်နေပေမယ့် နံပါတ် ၁ နေရာ ပြန်တက်ဖို့အတွက် သူတို့ ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ နှစ်သင်းစလုံးရဲ့ နာမည်ကျော်ကြားပိုင်း အာဆင်နယ်ဘက်က ပိုသာပါတယ်။ အက်စတွန်ဗီလာတို့ အခုမှ နည်းပြအသစ်ပြောင်းလဲပြီး အခြေနေကောင်းနေပေမယ့် ခံစစ်ပိုင်းကတော့ ဂိုးသွင်းခံထိနေတုန်းဖြစ်ပါတယ်။ သူတို့တိုက်စစ်ပိုင်းက နောက်ဆုံး ၁၁ ပွဲထဲမှာ ပွဲတိုင်းပဲ ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကလည်း အဲ့ဒီ ၁၁ ပွဲထဲမှာ ဂိုး ၇ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ ဒီည အာဆင်နယ်နဲ့တွေ့ရမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ အခုတလော ကြောင်ပျောက်နေပေမယ့် တိုက်စစ်ပိုင်းကတော့ ကြောက်စရာကောင်းနေတုန်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပြန်ခေါ်နိုင်ပြီး ကြိုးစားမှုရှိရှိနဲ့ဆိုရင်တော့ အာဆင်နယ်တို့ အနိုင်မရပဲမနေလောက်ပါဘူး။ အဲ့ဒီတော့ ဒီပွဲ အာဆင်နယ်တို့ ပွဲစစလာချင်းကတည်းက ရှယ်ထောင်းလိမ့်မယ်။

11 Players

Aston Villa : Martinez; Young, Konsa, Mings, Moreno; Kamara, Luiz, Ramsey; Buendia, Watkins, Bailey

Arsenal : Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Jorginho; Saka, Odegaard, Trossard; Nketiah

Missing Players

Aston Villa : Bertrand Traoré (Knee Injury), Diego Carlos (Achilles tendon rupture), J.Steer (Achilles tendon injury), T.mings(Knock Injury)

Arsenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury), Tomas (Muscle Injury), Smith Rowe(Thigh Injury)

Facebook

အိမ်ရှင်နော်တင်ဟမ်ဖောရက်အသင်း နောက်ဆုံးတစ်ပွဲတုန်းက အခုမှအတန်းတက်လာချင်းတူနေတဲ့ ဖူဟမ်ကိုရှုံးလာပါတယ်။ အဲ့ပွဲ ကစားပုံကစားနည်း မနိုင်မရှုံးလေးဖြစ်ခဲ့ကြပြီး အခွင့်ရေးဖန်တီးနိုင်ချင်းတူပေမယ့် ပြတ်သားမှုပိုင်းကျတော့ ဖူဟမ်ဘက်ကပိုသာခဲ့ပါတယ်။ ဖောရက်စ်တို့ အဲ့ပွဲမတိုင်ခင် ၅ ပွဲတုန်းက တစ်ပွဲမှမရှုံးသေးပါဘူး။ အခုလက်က အဆင့်ဇယားထဲမှာ နံပါတ် ၁၄ ဖြစ်ပြီး အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ် သာနေပါတယ်။ ဒီပွဲ သူတို့မှာ Omar Richards, Moussa Nyagate, Cheikh Ko Kouyate, Taiwo Awoniyi, Dean Henderson နဲ့ Julian Biangon တို့ကို အသုံးပြုလို့မရသေးပါဘူး။ သူတို့တွေဟာ အရင်ကတည်းက ဒဏ်ရာရထားကြတာဖြစ်ပါတယ်။ နောက်ဆုံး ဒဏ်ရာရသွားတဲ့ကစားသမားနှစ်ယောက်ကတော့ Scott McKenna နဲ့ Willie Boley တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ စောင့်နေလိမ့်မယ်။ Worrall နဲ့ Felipe တို့နှစ်ယောက်ကို အနောက်တန်းကွင်းလယ်တွဲထားပြီး Shelvey၊ Gibbs-White နဲ့ Johnson တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့စီစဉ်ထားလိမ့်မယ်။ Striker ကျတော့ Wood ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

shwe shan မန်စီးတီးတို့ကျတော့ ဗုဒ္ဓဟူးနေ့တုန်းကမှ အာဆင်နယ်အပေါ် အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့နှစ်သင်း ရမှတ်ချင်းတူနေပေမယ့် စီးတီးဘက်က သွင်းဂိုးစံချိန်ပိုကောင်းနေတဲ့အတွက် နံပါတ် ၁ နေရာ တက်ရောက်သွားပါပြီ။ ဒါပေမယ့် စီးတီးတို့က အာဆင်နယ်ထက် ပြိုင်ပွဲ ၁ ပွဲ ပိုများနေပါတယ်။ ဒီပွဲ နံပါတ် ၁၄ အသင်းကို ဧည့်သည်သွားလုပ်ရမှာဖြစ်ပါတယ်။ ပက်က အဓိကကစားသမားတွေကို ဆက်လက်အသုံးပြုလာတာကြာပြီးဆိုတော့ အနားယူဖို့အနေနဲ့ ဒဏ်ရာကင်းဖို့အတွက်ပါ ဒီပွဲ အရံကစားသမားအချို့ကိုပဲ အသုံးပြုသွားလောက်တယ်။ အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမား J.Stones ပဲရှိတော့တယ်။ သူက နောက်လအထိ အနားယူရမယ်ထင်တယ်။ ဒီပွဲ ဂိုးသမားနေရာ Ederson ဖြစ်ပြီး Lewis, Dias နဲ့ Laporte တို့ကို အနောက်တန်းနေရာ ဆင်းထိန်းခိုင်းလောက်တယ်။ ကွင်းလယ်အတွဲကျတော့ Rodri နဲ့ Bernardo တို့ကိုတွဲထားပြီး ကွင်းလယ်တိုက်စစ် ၄ ယောက်ကိုကျတော့ Mahrez, De Bruyne, Gundogan နဲ့ Grealish တို့ကို တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် Striker နေရာကျတော့ ဟာလန်းကိုစီစဉ်ထားလိမ့်မယ်။

ချန်ပီယံဟောင်းနဲ့မန်စီးတီးအသင်း အခုမှ အာဆင်နယ်အပေါ် အနိုင်ရရှိလာပြီး ထိပ်ဆုံးနေရာ ပြန်လည်ရောက်ရှိသွားပါပြီ။ အခု သူတို့ ချန်ပီယံနေရာ ကာကွယ်ဖို့အခွင့်ရေး ကျရောက်လာပါပြီ။ ဒီပွဲ နံပါတ် ၁၄ ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်ကို ဧည့်သည်သွားလုပ်ရမှာဖြစ်ပါတယ်။ ဒီရာသီ အချင်းချင်းတွေ့ခဲ့တဲ့တစ်ပွဲတုန်းက စီးတီးတို့အိမ်ကွင်းနဲ့ ဖောရက်စ်ကို ၆-၀ ဂိုးနဲ့ အနိုင်ရသွားခဲ့ဖူးပါတယ်။ အရည်အသွေးချင်း အရမ်းကွာဟနေပါတယ်။ အခုတလော နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က ကွာဟမှုရှိနေပေမယ့် ဖောရက်စ်တို့ အခုနောက်ပိုင်း အရင်ထက်ပိုပြီး ကြည့်ကောင်းလာပါတယ်။ အိမ်ကွင်းနဲ့စံချိန်ထဲမှာလည်း အခြေနေကောင်းတယ်။ အိမ်ကွင်းနဲ့ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ဒီပွဲ မရှုံးပဲ သရေကျသွားရင်တော့ သူတို့အတွက် အောင်မြင်တယ်လို့ယူဆနိုင်ပါတယ်။ မန်စီးတီးတို့ကျတော့ နံပါတ် ၁ နေရာ ဆက်လက်ထိန်းသိမ်းဖို့အနေနဲ့ ဒီပွဲဆီက ၃ မှတ်လိုချင်နေကြပါတယ်။ ဒါပေမယ့် မန်စီးတီးလိုအဆင့်မျိုးဖြစ်ပြီး ဟာလန်းဆိုတဲ့တိုက်စစ်မှူးကိုပါ ပိုင်ဆိုင်ထားတဲ့အတွက် အေးအေးဆေးဆေးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း စီးတီးတို့က UCL တိုက်ပွဲရှိနေသေးတဲ့အတွက် အချို့အဓိက ကစားသမားကို အသက်ကုန်အသုံးမပြုရဲလောက်သေးပါဘူး။ ဒီပွဲ စီးတီးဘက်က အနိုင်ရမှာသေချာပေမယ့် ဂိုးအပြတ်နဲ့တော့ မနိုင်လောက်သေးပါဘူး။

11 Players

Nottingham Forest (4-3-1-2 ): Navas; Aurier, Worrall, Felipe, Lodi; Danilo, Freuler, Shelvey; Gibbs-White; Johnson, Wood

Manchester City (3-2-4-1) : Ederson; Lewis, Dias, Laporte; Rodri, Bernardo; Mahrez, De Bruyne, Gundogan, Grealish; Haaland

Missing Players

Nottingham Forest : Cheikhou Kouyaté (Hamstring Injury), Omar Richards (Fractured Leg), Taiwo Awoniyi (Groin Injury), Dean Henderson (Thigh Problems), Moussa Niakhaté (Hamstring Injury), Scott McKenna (Hamstring Injury), Willy Boly (Hamstring Injury), Giulian Biancone (Knee Injury)

Manchester City : B.Mendy(Disciplinary Sanction), J.Stones(Hamstring Injury)

Facebook

အိမ်ရှင် နယူးကာဆယ်အသင်း ဒီနှစ်စွမ်းဆောင်ရည်အရမ်းကောင်းနေပါတယ်။ အစပိုင်းတုန်းကကောင်းသလို အခုထိလည်းကောင်းနေပါတယ်။ အရှုံးလွယ်လွယ်လေးနဲ့မရတတ်ဘူး။ အခုထိတစ်ပွဲလေးပဲရှုံးသေးတယ်။ အခုနောက်ပိုင်းစွမ်းဆောင်ရည် နည်းနည်းကျဆင်းနေတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင် ၁ ပွဲလေးပဲ လုပ်နိုင်ကြတယ်။ ကျန်တဲ့ ၄ ပွဲမှာ ၄ ပွဲစလုံး သရေကျသွားပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့အမှတ်က အရှေ့မတိုးတော့ပဲဖြစ်နေတယ်။ နောက်ဆုံး ၆ ပွဲထဲမှာ ဂိုးမသွင်းနိုင်ပဲပြီးလာတာ ၄ ပွဲတောင်ရှိတယ်။ အနှံ့နည်းနည်းထွက်နေပါတယ်။ ကံကောင်းလို့ သူတို့ခံစစ်ပိုင်းက နည်းနည်းအားကောင်းနေလို့သာ အဆင်ပြေနေတယ်။ အဲ့တာနဲ့ သူတို့ Top4 ထဲ ပါနေတုန်းဖြစ်ပါတယ်။ သူတို့အသင်းကို စွမ်းဆောင်ရည်ကောင်းအောင် လုပ်ပေးတဲ့ကစားသမားတွေ ကြည့်ကြမယ်။ ဂိုးသမားနဲ့ အနောက်တန်းတွေက တောင့်တင်းမှုတော်တော်ရှိနေတယ်။ အဓိက အနောက်တန်းကွင်းလယ်နှစ်ယောက် Botman နဲ့ Schar တို့ရဲ့ ခန္ဓာကိုယ်ကကြီးမားတဲ့အတွက် မြောက်ဘောနေရာဆိုရင် အရမ်းအဆင်ပြေတယ်။ အနောက်တန်းနေရာ ခြေစွမ်းအကောင်းဆုံးနဲ့တစ်ယောက်ဆိုရင် ညာဘက်ခြမ်းမှာရှိတဲ့ Kevin Trippier ပဲ ဖြစ်ပါတယ်။ သူက တိုက်စစ်ဆင်ကစားတတ်သလို ခံစစ်ပိတ်ကစားတဲ့နေရာမှာလည်းကောင်းတယ်။ ပြီးတော့ Set Piece တဲ့အချိန်မှာလည်း အရမ်းကောင်းတယ်။ အလယ်တန်းမှာ အထူးချွန်ဆုံးကတော့ Joelington ပါပဲ။ သူက ဂိုးတွေဘာတွေ ဝင်သွင်းပေးတတ်ပါတယ်။ နောက်နှစ်ယောက်ကျတော့ willock သို့မဟုတ် longstaff တို့မှာလည်း အဆင်ပြေတဲ့ Pressing အတွဲလေးပါ။ အရှေ့တန်းကျတော့ Almiron က ဒီနှစ် အသင်းအတွက် အကျိုးအရမ်းပေးနိုင်တယ်။ ဂိုးသွင်းတယ်၊ ဘောလုံးအပေးအယူကောင်းတယ်၊ အခွင့်ရေးပါ ဖန်တီးတတ်တယ်။ နောက် ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့ကစားသမားကတော့ အခုမှရောက်လာတဲ့ Isak ပါပဲ။ ဒဏ်ရာရပြီး အခု ပြန်ကောင်းသွားပြီ။ Maximin နဲ့တစ်ယောက်ကတော့ အခုငြိမ်နေတယ်။ တိုက်စစ်ပိုင်းတွင် ရွေးချယ်စရာ Gordon ထပ်တိုးလာပါပြီ။ နှမြောစရာကောင်းတာကတော့ နယူးကာဆယ်တို့က လီဗာပူးလ်နဲ့တွေ့ရင် ခြေစွမ်းသိပ်မပြနိုင်ကြဘူးဖြစ်နေတယ်။

လီဗာပူးလ်တို့ကျတော့ ၂၀၂၃ ခုနှစ် စတင်လာကတည်းက အခုမှပဲအနိုင်ပွဲရသွားတော့တယ်။ အဲ့ဒီအနိုင်ရသွားတဲ့ပွဲမှာ သူတို့ဘက်က စွမ်းဆောင်ရည်ပိုကောင်းပြီး အနိုင်ရလာခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲ သူတို့ရဲ့ပြိုင်ဘက်က တစ်မြို့ထဲရှိတဲ့အဲဗာတန်အသင်းပါပဲ။ အဲ့တော့ အဲ့ဒီရလဒ်က လီဗာပူးလ်တို့ရဲ့ကစားသမားစိတ်ဓာတ်ကို ပြန်တက်ကြွစေမလားမသိသေးဘူး။ လီဗာပူးလ်တို့ ဒီနှစ်အတွင်း အခြေနေတော်တော်ဆိုးပါတယ်။ အားသာခဲ့ဖူးတဲ့ pressing ကလည်း အခု အားနည်းနေတယ်။ ကစားသမားတွေက ကိုယ့် Position ကို သိပ်မထိန်းနိုင်ကြဘူး။ နှေးကွေးတယ်။ တာဝန်ကျေအောင် သိပ်မလုပ်ုနိင်ကြဘူး။ ဒီလိုဖြစ်ရပ်မျိုးဟာ ရာသီရဲ့အစပိုင်းကတည်းက အခုထိပဲ ဖြစ်နေတယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းကပဲ နည်းနည်းကောင်းတယ်။ သူတို့ကစားပုံကစားနည်းက လူသားပိုဆန်လာတယ်။ အစတုန်းကဆိုရင် ကွန်ပျူတာကစားနေတာများလားလို့တောင် ထင်ခဲ့ရတယ်။ အဆင်မပြေဘူး၊ ကစားပုံကစားနည်းက အရင်အတိုင်းဆိုပေမယ့် အရင်ထက် နှေးကွေးတယ်။ Heavy Metal လို့တောင်ထင်ရတယ်။ country song ပုံစံလိုမျိုးပေါ့။ အဲ့တာနဲ့ အဆဲခံထိတာများတော့ အချို့ position ပြောင်းလည်းမှုဖြစ်ပေါ်လာတယ်။ ကစားသမားအသစ်တွေဘာတွေခေါ်သွင်းတာလည်း နည်းနည်းလေးပဲ။ လက်ရှိ အသုံးပြုနေတဲ့ အလယ်တန်းက အသုံးပြုလာတာ ၅ နှစ်လောက်ရှိပြီထင်တယ်။ ဥရောပချန်ပီယံရတုန်းက အခုထိ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အသစ်ဖြစ်တာ သီယာဂိုလောက်ပဲရှိပါတယ်။ အခု အသုံးပြုနေတာလည်း အမှားတွေမကင်းပါဘူး။ အဲ့တာတောင် အသစ်ခေါ်သွင်းဖို့ မလုပ်ကြဘူး။ အဲ့ဒီတော့ အားသာချက်ဖြစ်ခဲ့ဖူးတဲ့ကွင်းလယ်ပိုင်းက အခု သူတို့ရဲ့ အားနည်းချက်ဖြစ်သွားပါပြီ။ ခံစစ်ပိုင်းကျတော့ ပြောစရာတောင်မရှိဘူး။ နည်းနည်းကောင်းတာဆိုလို့ ဗန်ဒိုက်ရယ် Alison နဲ့ Robertson တို့လောက်ပဲရှိတယ်။ ကျန်တာအဆင်မပြေပါဘူး။ ဒါပေမယ့် အရင်တစ်ပွဲတုန်းကကျတော့ တော်တော်ကောင်းခဲ့ပါတယ်။ ပထမပိုင်းတုန်းက မှားယွင်းမှုရှိခဲ့ပေမယ့် ကျန်တဲ့အချိန်မှာ အဆင်ပြေပါတယ်။ သူတို့ရဲ့ကွင်းလယ်ပိုင်းဟာ အရင်နှစ်တုန်းက ၆၃ ပွဲတိတိ ဆင်းကစားခဲ့ရတာဆိုတော့ အရမ်းပင်ပန်းလို့ ခြေစွမ်းထပ်မပြနိုင်တော့တာနေမယ်။ အဲ့တော့ အဲ့အပိုင်း Bajcetic ဆိုတဲ့ကြယ်ပွင့်လေးကိုပဲအားကိုရလိမ့်မယ်။ Fabinho နဲ့ Henderson တို့က အရင်တစ်ပွဲကမှပဲ ခြေစွမ်းပြနိုင်ကြတယ်။ တိုက်စစ်ပိုင်းကလည်း ပိုပြီးအဆင်ပြေလာတယ်။ NGS ခေတ်သစ်တိုက်စစ်မှုး ၃ ယောက် Nunez၊ Gakpo နဲ့ Salah တို့က တိုက်စစ်ပိုင်းကို ဖိအားပိုပေးနိုင်တယ်။ အရင်တုန်းက ဘယ်လိုမျိုးကောင်းခဲ့လည်းမသိဘူး အခုတော့ အနှံနည်းနည်းထွက်နေတယ်။ ဒါပေမယ့်လည်း ရင်ခုန်ရဖို့ရှိပါတယ်။ အဲ့တော့ ဒီပွဲ အနိုင်ရခဲ့လို့ရှိရင် UCL တိုက်ပွဲအတွက် ရင်ခုန်ရမှာဆိုတော့ အပီကစားဖို့ ရှိကြလောက်တယ်။

shwe shan ဒီအချိန်မှ လာတွေ့ကြရတာဆိုတော့ ကြီးမားတဲ့ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ထဲမှာ လီဗာပူးလ်ဘက်က ပိုသာတဲ့အတွက် Top4 နေရာ  ပိုပြီး မျှော်လင့်လို့ရမယ့်ပြိုင်ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ၁၀ ပွဲတုန်းက လီဗာပူးလ်ဘက်က ပိုသာပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲမှာ လီဗာပူးလ်ဘက်က အရှုံးတစ်ပွဲမှမရခဲ့ပဲ အနိုင် ၈ ပွဲတောင် ရသွားပါတယ်။ သရေ ၂ ပွဲလေးပဲ ထွက်ပေါ်လာတယ်။ ဒါပေမယ့်လည်း အဲ့ဒီစံချိန်က အတိတ်ဖြစ်သွားပါပြီ။ လက်ရှိအချိန်မှာတော့ နယူးကာဆယ်ဘက်က ပစွမ်းဆောင်ရည်ပိုင်း ပိုကြည့်ကောင်းပါတယ်။ ပြောမယ်ဆိုရင် နယူးကာဆယ်တို့ ပရီးမီးယားလိဂ်ထဲမှာ သွင်းခံထိတဲ့ဂိုးအရေအတွက် အနည်းဆုံးပဲဖြစ်နေတယ်။ ဒီရာသီ ၂၂ ပွဲ ဆင်းကစားပြီး ၁၃ လုံးပဲ သွင်းခံထိထားပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ အသေချာဆုံးက ခံစစ်ပိုင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအားသာချက်ကြောင့် Top4 ထဲ ပါနေနိုင်တယ်။ နယူးကာဆယ်တို့ရဲ့တိုက်စစ်ပိုင်းက ဆိုးမနေပါဘူး။ အရည်သွေး အလယ်အလတ်လောက်ရှိပါတယ်။ တစ်ပွဲကို သွင်းဂိုးနှုန်း ၁.၅ လုံးလောက် လုပ်နိုင်ကြပါတယ်။ အဲ့တာနဲ့ ဒီပွဲ သူတို့ဘက်က ဂိုးသွင်းနိုင်လိမ့်မယ်။ လီဗာပူးလ်တို့ကျတော့ စွမ်းဆောင်ရည် မကောင်းတကောင်းဖြစ်နေတယ်။ Top4 နေရာ ရင်ခုန်ရတဲ့အကြောင်းရင်းကတော့ ဇယားရဲ့ထိပ်ပိုင်းအသင်းတွေ အချင်းချင်းသရေကျသွားလို့သာ ဖြစ်ပါတယ်။ နယူးကာဆယ်တို့ဆိုရင် သရေ ၂ ပွဲ ကျသွားပါပြီ။ အဲ့တာနဲ့ပဲ လီဗာပူးလ်တို့ UCL တိုက်ပွဲအတွက် အခွင့်ရေးရှိပါသေးတယ်။ အစတုန်းကတော့ အလင်းရောင်နည်းနည်းလေးပဲရှိတယ်။ နောက်ဆုံးတစ်ပွဲတုန်းက တစ်မြို့ထဲရှိတဲ့အသင်းအပေါ် အနိုင်ရလာတဲ့အတွက် လမ်းမှန်ပေါ်ပြန်ရောက်လာပါပြီ။ ဒီပွဲပါအနိုင်ထပ်ရသွားရင်တော့ ယုံကြည်မှုတွေ အကုန်လုံး ပြန်ရောက်ရှိလာလိမ့်မယ်။ အနည်းဆုံး သူတို့ရဲ့အဓိက ကစားသမားတွေ ကွင်းဘေးမှာ အကုန်လုံးပဲ ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ နံပါတ် ၄ မှာရှိတဲ့အသင်းထက် ၉ မှတ်နည်းပြီး ပြိုင်ပွဲအရေအတွက်ပါ ၁ ပွဲ ပိုနည်းနေပါတယ်။ နံပါတ် ၄ အသင်းက သူတို့ရဲ့ ဒီနေ့ပြိုင်ဘက်ပဲဖြစ်ပါတယ်။ အဲ့တော့ ဒီပွဲ အနိုင်ရပြီး လက်ကျန်တစ်ပွဲပါ အနိုင်ရသွားခဲ့ရင်တော့ နယူးကာဆယ်နဲ့ ၃ မှတ်လေးပဲ ကွာဟသွားလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့ချည်းပဲရင်ခုန်ရတာမဟုတ်ပါဘူး။ Top4 နေရာ ရင်ခုန်နိုင်တဲ့အသင်း ၅ သင်းရှိပါသေးတယ်။ အဲ့တော့ သူတို့ ဒီပွဲ အနိုင်ရသွားခဲ့ရင် နောက်ပွဲတွေမှာလည်း ထပ်ပြီးမှားလို့မရတော့ပါဘူး။ ဒီနေ့ မိုးလေဝသအခြေနေကိုကြည့်ပြီး သူတို့ကံက တစ်မျိုးကြီးဖြစ်နေတယ်။ အဲဗာတန်နဲ့ပွဲတုန်းက Top4 ထဲ ပါချင်သေးရင် လုံးဝ အနိုင်ရရမယ်ဆိုတာလည်း အနိုင်ရခဲ့တယ်။ နောက်ပြီး အဓိက ကစားသမားတွေ ဒီနေ့မှ ဒဏ်ရာတွေ ချက်ချင်းသက်သာလာတယ်။ အဲ့တော့ ဒီပွဲ လီဗာပူးလ်တို့ နယူးကာဆယ်ကို ပါးရိုက်သွားမယ်ထင်တယ်။

11 Players

Newcastle UTD (4-3-3) – Pope – Burn – Schar – Botman – Trippier – Joelington – Longstaff – Willock – Gordon – Isak – Almiron

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Konate – Van Dijk – Henderson – Bajcetic – Fabinho – Salah – Nunez – Gakpo

Missing Players

Newcastle United – Matty Longstaff (Knee Injury), Emil Krafth (Cruciate Ligament Rupture)

Liverpool FC – Arthur Melo (Surgery), Luis Díaz (Knee Injury)

Facebook