shwe myanmar2d

မန်စီးတီး Vs နယူးကာဆယ် [ 5 Mar 23 - 19:00 hrs]

shwe myanmar2d အိမ်ရှင်မန်စီးတီးအသင်း ချန်ပီယံဟောင်းအဆင့်ရှိပြီး ဒီ ၁၀ နှစ်အတွင်း အကောင်းဆုံးအသင်းဆိုတာ သူတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ကျမှ စွမ်းဆောင်ရည်တွေ နည်းနည်းကျဆင်းသွားပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံစာရင်းထဲပါနေတုန်းဖြစ်ပါတယ်။ မန်စီးတီးအသင်း သူတို့ရဲ့လက်ထဲမှာ ၅၅ မှတ် ကိုင်ဆောင်ထားပြီး နံပါတ် ၁ အသင်းထက် ၂ မှတ် ပိုနည်းနေပါတယ်။ ဒီနှစ်ထဲမှာ သူတို့ဘက်က အမှတ်ရသင့်တဲ့ပွဲမှာ မရပဲ ဆုံးရှုံးသွားပါတယ်။ အစစအရာရာက ကိုယ့်ကြောင့် ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်အမြဲပြောတာ မန်စီးတီးတို့က တိုက်စစ်ဆင်ကစားတတ်တဲ့အသင်းမျိုးဖြစ်တယ်။ ပက်ရဲ့အယူက အကောင်းဆုံးခံစစ်ပိတ်ကစားခြင်းဟာ တိုက်စစ်ဆင်ကစားခြင်းပဲလို့ ပြောခဲ့ဖူးပါတယ်။ တတ်နိုင်သလောက် ဘောလုံးပိုင်ဆိုင်ထားမယ်။ ဘောလုံးပိုင်ဆိုင်နိုင်တော့ ပြိုင်ဘက်ကရဲ့တိုက်စစ်ဆင်ကစားခြင်းကို အလိုလိုနဲ့ ကာကွယ်သွားပါတယ်။ ပြိုင်ဘက်မှာ ဘောလုံးမရှိတော့ တိုက်စစ်ဆင်လို့မရဘူး။ အဲ့ဒီတော့ ကွင်းထဲက အကျောရရင် ရသလိုအဆင်ပြေတယ်။ ကိုယ့်ဂိုးပေါက်နဲ့ ဝေးအောင် ဘောလုံးထိန်းမယ်။ စီးတီးတို့ ဘောလုံးပိုင်ပြီဆိုတာနဲ့ တစ်သင်းလုံးပဲ အရှေ့အရမ်းထိုးတက်သွားကြပါတယ်။ အဲ့အချိန် အနောက်တန်းမှာ နေရာတော်တော်လွတ်သွားပါတယ်။ ဘောလုံးသယ်ပြီး ပြိုင်ဘက်ရဲ့နယ်မြေထဲ သွားရောက်ကစားကြတာဆိုတော့ မှားပြီဆိုတာနဲ့ အချိန်မရွေး ကျွေးခံထိသွားနိုင်ပါတယ်။ သူတို့ရဲ့အမှားက သူတို့စနစ်မှ ဆင်းတက်လာတယ်လို့ ယူဆနိုင်ပါတယ်။ သူတို့ဆီက ခန ခန မြင်ရတဲ့အမှားကတော့ အနောက်ကနေ အလယ်ကို ဘောလုံးထိုးပေးတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘယ်ပွဲက Pressing ကို မထိန်းချုပ်နိုင်ရင် အလုပ်တန်းပေါ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးခြုံကြည့်ရင်တော့ အမှားသိပ်မရှိပါဘူး။ စီးတီးဘက်က ၆၀% လောက်တော့ ကစားပွဲထိန်းချုပ်နိုင်ကြပါတယ်။ စီးတီးရဲ့ကစားသမားကတော့ ပြောစရာမရှိပါဘူး။ ဟာလန်းက အခုတလော ပြန်ကြမ်းနေတယ်။ ပရီးမီးယားလိဂ်ထဲမှာ ၂၄ ပွဲဆင်းကစားပြီး ဂိုး ၂၇ လုံးတောင် သွင်းနိုင်တယ်။ အခုနောက်ပိုင်း နည်းနည်းငြိမ်နေတာတောင် ဂိုးသွင်းနိုင်ပါတယ်။ ပြောမယ်ဆိုရင် ဘောလုံးရလာတာနဲ့ သူ့ကိုပဲထိုးပေးလိုက်တော့ သူ့ဟာသူ အပေါက်ရှာပြီး ဂိုးသွင်းပေးလိမ့်မယ်။ အသင်းထဲမှာ သူ့ကို ဘောလုံးထိုးပေးတဲ့ ဒီဘရိုင်းတို့ ဆေးလ်ဗားတို့ရှိနေတာကလည်း သူ့ရဲ့အိပ်မက်လေးတစ်ခုပါပဲ။ ဒီပွဲ စီးတီးတို့ရဲ့ အရေးကြီးဆုံးနေရာကတော့ ဂိုးသွင်းတဲ့အပိုင်းပါပဲ။ ပထမဂိုး‌ စောစောသွင်းနိုင်ရင် ကျန်တဲ့ဂိုးတွေ အလိုလို ပေါ်ပေါက်လာလိမ့်မယ်။ နယူးကာဆယ်တို့က သိပ်မရှုံးတတ်ပေမယ့် စီးတီးနဲ့တော့ ပြန်လှန်ခုခံလို့ မရလောက်ပါဘူး။ ဒီပွဲ စီးတီးတို့ ၃ မှတ်ပိုင်ဆိုင်သွားလိမ့်မယ်။

နယူးကာဆယ်တို့ကျတော့ ဒီရာသီမှာ ကောင်းကောင်းလေးစတင်နိုင်ပါတယ်။ အသင်းပိုင်ရှင်က အရမ်းချမ်းသာပေမယ့် ငွေတွေအရမ်းသုံးတတ်ပါတယ်။ နယူးကာဆယ်တို့ ဒီနှစ်ထဲမှာ ကိုယ့်အခြေခံခြေစွမ်းကို ကောင်းကောင်းထိန်းကစားနိုင်ကြပါတယ်။ ကစားသမားအသစ်ခေါ်သွင်းတဲ့အပိုင်းက အကျိုးရှိတယ်။ အသင်းရဲ့ အခြေခံဖွဲ့စည်းပုံကို ဖြည်းဖြည်းချင်း တည်ဆောက်နေပါတယ်။ အသင်းတစ်သင်းမှာ တောင့်တင်းမှုလိုချင်ရင် စနစ်အသီးသီးခိုင်မာဖို့လိုပါတယ်။ ကစားစနစ်အသီးသီးနဲ့ အဆင်ပြေမယ့်ကစားသမားရှာဖွေတတ်တာ Eddie Howe ကို ချီးကျူးသင့်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲရောက်လာတော့ စွမ်းဆောင်ရည်ကျဆင်းသွားပေမယ့် အရှုံးပွဲတွေ သိပ်မရပဲ သရေပွဲတွေ တော်တော်များများ ရရှိခဲ့ပါတယ်။ အရှုံးလွယ်လွယ်လေးနဲ့မရတတ်တဲ့အသင်း ဖြစ်ပါတယ်။ လိဂ်ထဲမှာ အခုထိ ၂ ပွဲလေးပဲရှုံးဖူးပါတယ်။ သူတို့ကို ၂ ပွဲ ရှုံးအောင်လုပ်တဲ့အသင်းကလည်း လီဗာပူးလ်ပဲ ဖြစ်ပါတယ်။ အခုတလော သူတို့ရဲ့အခြေနေက နံပါတ် ၄ ကနေ အပြီးပြုတ်ကျဖို့ရှိပါတယ်။ ကိုယ့်အခြေခံခြေစွမ်းကို မခေါ်နိုင်ရင်တော့ အဆင့် ၄ ကနေ အပြီးလွတ်သွားဖို့ရှိပါတယ်။ မစ်ကီမောက်စ်ဖလား မရလိုက်တဲ့အဖြစ်နဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေသေးလားမသိပါဘူး။ အခုလက်ရှိ စွမ်းဆောင်ရည်နဲ့ဆိုရင်တော့ ဆက်လက်အဆင်မပြေဖို့ရှိပါတယ်။ ဒီပွဲ Nick Pope ဆိုတဲ့ကစားသမား မရှိသေးပါဘူး။ အဲ့ဒီတော့ ဒီပွဲ ဂိုသမားနေရာ Doyravka ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။ အနောက်တန်းနေရာ Trippier ဦးဆောင်လိမ့်မယ်။ သူက တကယ်တည်ငြိမ်မှုရှိတယ်။ စီးတီးနဲ့တစ်ပွဲတုန်းကတောင် သူ့ကိုခံခဲ့ဖူးပြီးပြီ။ အလယ်တန်းနေရာကျတော့ Joelington ဦးဆောင်မယ်။ အရှေ့တန်းနေရာ Almiron ကို အဓိက ဦးဆောင်ဖို့ သတ်မှတ်ထားလောက်ပါတယ်။ နယူးကာဆယ်တို့ရဲ့ လက်ရှိ အရေးကြီးဆုံးပြသာနာက တိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။ ခံစစ်ပိုင်းကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းကသာ ဒီထက်ကောင်းဖို့လိုပါတယ်။ နှစ်သစ်ကူးလာကတည်းက အခုထိ ဂိုးနည်းနည်းပဲသွင်းနိုင်တယ်။ အဲ့တာကြောင့် သရေကျသွားတာများတယ်။ သူတို့ရဲ့စိတ်ဓာတ်က အဓိကပဲ။ ဒီပွဲ ရှုံးသွားလို့ကတော့ နံပါတ် ၄ နေရာကို တော်တော်ကြာကြာ ဆုံးရှုံးသွားလိမ့်မယ်။ ဆုံးရှုံးဖို့ရှိပါတယ်။ ဒီပွဲ တစ်မှတ်မှမရပဲ ပြန်ရလောက်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က အမြဲပဲ ပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီအတွင်း ပထမတစ်ပွဲတုန်းကကျတော့ ၃-၃ နဲ့ ရှယ်ကြည့်လို့ကောင်းပြီး သရေကျသွားခဲ့ပါတယ်။ အဲ့ပွဲ နယူးကာဆယ်ဘက်က ၃ ဂိုး ၁ ဂိုးနဲ့ အကျောနိုင်ပြီး စီးတီးတို့ အနောက်ကနေ ၃-၃ ဖြစ်အောင် လိုက်နိုင်ခဲ့ကြပါတယ်။ အခု လိဂ်ထဲမှာ နှစ်သင်းစလုံးရဲ့ရည်မှန်းချက်က အတူတူပါပဲ အနိုင်လိုချင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်က နံပါတ် ၁ မှာရှိတဲ့အာဆင်နယ်ထက် ၂ မှတ် ပိုနည်းနေတဲ့အတွက် မှားခွင့်မရှိတော့ပါဘူး။ ချန်ပီယံနေရာ ဆက်လက်ထိန်းသိမ်းချင်သေးတယ်ဆိုရင်တော့ ဒီပွဲ ၃ မှတ်ရအောင် လုပ်ဖို့လိုပါတယ်။ ဒီပွဲ စီးတီးဘက်က အနိုင်ရသွားရင်တော့ နံပါတ် ၁ နေရာ တန်းတက်သွားလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ပွဲက သူတို့ထက် အချိန်နောက်ကျလို့ပါ။ ဒီပွဲ စိတ်ဓာတ်တက်ကြွမှုကတော့ မန်စီးတီးဘက်က အရမ်းပဲပိုများပါတယ်။ ကိုယ့်အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ လုံးဝလက်လျှော့ပြီး ကစားဖို့မရှိပါဘူး။ စီးတီးတို့ရဲ့ ကသားသမားအသီးသီးက အဆင်သင့်ဖြစ်နေပါတယ်။ အဓိက ကစားသမားတွေ အဆင်သင့်ဖြစ်နေကြပါတယ်။ စီးတီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က အရင်နှစ်လိုမျိုး ကောင်းမနေပေမယ့် စီးတီးက စီးတီးပါပဲ။ ကစားပုံကစားနည်းက အရင်အတိုင်းကောင်းပါတယ်။ ဒါပေမယ့် တစ်ပွဲတစ်လေ ကြောင်ပျောက်တတ်ပါတယ်။ နယူးကာဆယ်တို့ကျတော့ အခုတလော ကံမကောင်းဘူးဖြစ်နေတယ်။ ကံနိမ့်နေတယ်လို့မပြောပါဘူး။ ပြောချင်တာက အရေးကြီးတဲ့ပြိုင်ပွဲတိုင်း ကြီးမားတဲ့အသင်းတွေနဲ့ အမြဲတိုးနေတာကိုပြောပါတယ်။ အရင်နှစ်တုန်းက နှစ်မကုန်ခင် နယူးကာဆယ်နဲ့ ဖလားလုရမယ်ဆိုရင် မန်ယူဖြစ်နေတာတောင် မနည်းရုန်းခဲ့ရလိမ့်မယ်။ ဒါပေမယ့် နယူးကာဆယ်က အခုတလော ပြောင်းလဲသွားပါပြီ။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင်တစ်ပွဲမှမရှိဘူး။ အရှုံး ၂ ပွဲပါ ရသွားသေးတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက အားနည်းသွားတယ်။ ဂိုးမသွင်းနိုင်ပဲ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ အသင်းထဲက စိတ်ဓာတ်တွေ စိတ်ပူစရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ၂၀၂၃ ခုနှစ် ဝင်လာကတည်းက အခုထိ အနိုင် ၁ ပွဲလေးပဲ လုပ်နိုင်ကြလို့ပါ။ အဲ့တာနဲ့ သူတို့ အခု နံပါတ် ၄ ကနေပြုတ်ပြီး နံပါတ် ၅ ဖြစ်သွားပါပြီ။ ပြိုင်ပွဲအရေအတွက်က ၂ ပွဲပိုနည်းပေမယ့် ဒီလိုစွမ်းဆောင်ရည်နဲ့ဆိုရင်တော့ လက်ကျန် ၂ ပွဲရှိနေရင်လည်း အလကားပါ။ ဒီပွဲ သူတို့အတွက် တော်တော်ခက်ပါတယ်။ ထောင်းခံထိဖို့ရှိပါတယ်။

11 Players

Manchester City (3-4-2-1) – Ederson – Dias – Ake – Akanji – Rodri – Bernado Silva – Foden – Grealish – De Bruyne –  Gundogun – Haaland

Newcastle (4-3-3) – Dubravka – Burn – Botman – Schar – Trippier – Joelington – Longstaff – Anderson – Saint Maximin – Almiron – Isak

Missing Players

Manchester City – John Stones (Hamstring Injury)

Newcastle United – Matty Longstaff (Knee Injury)

Facebook

အိမ်ရှင်အာဆင်နယ်အသင်း အခုနောက်ပိုင်း ချန်ပီယံနေရာနဲ့ ပိုပိုနီးလာနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်အပေါ် ၄ ဂိုး ၀ နဲ့ အနိုင်ရလာတဲ့အတွက် ၃ ပွဲဆက်တိုက် အနိုင်ရရှိနေပါပြီ။ အခု ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်ထဲမှာ နံပါတ် ၁ တောင် ဖြစ်သွားပါပြီ။ နံပါတ် ၂ မှာရှိနေတဲ့မန်စီးတီးထက် ၅ မှတ် ပိုသာနေပါတယ်။ အာဆင်နယ်အသင်း ဒီပွဲ မိုဟာမက်အယ်နီနီက ဒဏ်ရာရထားတုန်းဖြစ်တယ်။ ဂါဗြေလ ယေရှုကျတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပေမယ့် ဒီပွဲ မပါနိုင်လောက်သေးပါဘူး။ နေမကောင်းဖြစ်နေတဲ့ဂျော်ဂျင်ဟိုနဲ့ ဒဏ်ရာနည်းနည်းပါးပါးရထားတဲ့ Eddie Nketiah တို့ အခြေနေစစ်ဆေးဖို့ပဲ လိုတော့တယ်။ ဒီပွဲ အာဆင်နယ်ဘက်က ၄-၃-၃ စနစ်နဲ့ အလယ်တန်းနေရာ သောမတ်စ် ပါတေးဆင်းကစားဖို့ အဆင်သင့်ဖြစ်ပါတယ်။ Bukayo Saka၊ Leandro Trossar နဲ့ Gabriel Martinelli တို့ကျတော့ အရှေ့ဆုံးမှာတာဝန်ယူပြီး ဂိုးဖန်တီးပေးဖို့ တာဝန်ရှိကြလောက်တယ်။

shwe myanmar2d ဘုန်းမောက်တို့ကျတော့ အခုတလော အခြေနေစိတ်ပူစရာကောင်းပါတယ်။ သူတို့ရဲ့ပြိုင်ပွဲက ဒီကနေစပြီး အရမ်းပင်ပန်းတဲ့ပွဲတွေချည်းဖြစ်နေတယ်။ အာဆင်နယ်နဲ့ပွဲပြီးရင် လီဗာပူးလ်တို့ စောင့်နေပါပြီ။ ဘုန်းမောက်တို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၁ ပွဲလေးပဲ လုပ်နိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းက မန်စီးတီးကို ၁ ဂိုး ၄ ဂိုးနဲ့ ရှုံးလာပါတယ်။ ဒီပွဲအတွက် သူတို့မှာ David Brooks၊ Junior Stanilas၊ Matias Biga နဲ့ Marcus Tavernier တို့မှာ ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး။ လူးဝစ်ကွတ်နဲ့ လွိုက်ကယ်လီတို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ဒီပွဲ ဘုန်းမောက်ဘက်က ၅-၄-၁ စနစ်နဲ့ အရင်တုန်းက အဓိက ကစားသမားတွေကိုပဲ အသုံးပြုမယ်ထင်ပါတယ်။ ဂိုးသွင်းဖို့နေရာ Dominic Solanke ကို တာဝန်ပေးပြီး Jefferson Lerma နဲ့ Philip Billing တို့ကျတော့ ကွင်းလယ်ပိုင်းကို အဓိက ထိန်းချုပ်သွားမယ်ထင်ပါတယ်။

ပရီးမီးယားလိဂ်နံပါတ် ၁ နဲ့ အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေပြန်ကောင်းနေပြီး အိမ်ကွင်းနဲ့ ဘုန်းမောက်ကို လက်ခံကစားရမှာဖြစ်ပါတယ်။ အိမ်ရှင်အာဆင်နယ်အသင်း ပြီးခဲ့တဲ့ ၃ ပွဲတုန်းက ခြေစွမ်းပြပြီး ၃ ပွဲစလုံး အနိုင်ရရှိလာပါတယ်။ အဲ့ဒီ ၃ ပွဲထဲနဲ့ ဂိုး ၉ လုံးတောင် ဖန်တီးနိုင်ကြပါတယ်။ နောက်ဆုံးတစ်ပွဲ အဲဗာတန်နဲ့တွေ့ပြီး ၄-၀ နဲ့ အနိုင်ရလာတယ်။ အဲ့ဒီတော့ အမှတ်ဇယားထဲမှာ မန်စီးတီးထက် ၅ မှတ် သာသွားပြီဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ရာသီရဲ့အစပိုင်းတုန်းက အချင်းချင်းတွေ့ခဲ့ဖူးပြီး အာဆင်နယ်ဘက်က ၃ ဂိုး ၀ နဲ့ အရင်နိုင်ရသွားပါတယ်။ ဘုန်းမောက်တို့ကျတော့ အခုတလော စွမ်းဆောင်ရည်တွေ အရမ်းကျဆင်းနေပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းက အရမ်းညံ့တဲ့အတွက် ပရီးမီးယားလိဂ်ထဲမှာ ဂိုးအများဆုံးသွင်းခံထိတဲ့အသင်းတောင် ဖြစ်နေပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက မန်စီးတီးကို ၄ ဂိုး ၁ ဂိုး ခံခဲ့ရပါတယ်။ အဲ့တာနဲ့ သူတို့ အဆင့်ဇယားထဲမှာ နံပါတ် ၁၉ အထိ ကျဆင်းသွားပါပြီ။ အသင်းနည်းပြအသစ်ပြောင်းပြီး ကစားသမားအသစ်တွေ ထပ်ခေါ်ပေမယ့် စွမ်းဆောင်ရည်က ကောင်းမလာနိုင်သေးပါဘူး။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် အာဆင်နယ်ဘက်က တိုက်စစ်တွေ မတရားဆင်လိမ့်မယ်။ ဘုန်းမောက်တို့ကျတော့ ခံစစ်ပိတ်ပြီး တစ်ယောက်တစ်မှတ်ရဖို့ပဲ ကြိုးစားလိမ့်မယ်။ ဒါပေမယ့် ဒီပွဲ ဘုန်းမောက်ဘက်က ဘယ်လောက်ထိပဲ ခံစစ်ပိတ်နေပါစေ အာကြီးရဲ့တိုက်စစ်ပိုင်းကိုတော့ ခံနိုင်မယ်မထင်ဘူး။ ဒီပွဲ ၃ မှတ်က အာကြီးရဲ့အပိုင်ဖြစ်သွားမှာသေချာပေါက်။

11 Players

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Tierney; Xhaka, Partey; Saka, Odegaard, Martinelli; Trossard

Bournemouth (5-4-1): Neto; Smith, Mepham, Senesi, Stephens, Zemura; Ouattara, Billing, Lerma, Traore; Solanke

Missing Players

Arsenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury)

Bournemouth : Lewis Cook (Knee Injury), David Brooks (Fitness),J. Stanislas (Muscle Injury), M. Tavernier (Muscle Injury), M. Vina (Knee Injury), L. Kelly (Knock Injury), I.Zabarnyi (Ankle Injury)

Facebook