shwe casino

ဒေါ့မွန် Vs ချယ်လ်ဆီး [15 Feb 23 - 02:30 hrs]

shwe casino အိမ်ရှင်ဒေါ့မွန်အသင်း ကမ္ဘာ့ဖလားပွဲပြီးလာကတည်းက အခု အနိုင်ပွဲတွေတောက်လျှောက်သိမ်းနိုင်တဲ့အတွက် စွမ်းဆောင်ရည်အရမ်းတက်ကြွနေပါတယ်။ လိဂ်ပွဲစဉ်ထဲမှာဆိုရင် ၅ ပွဲဆက်တိုက် အနိုင်ရထားပြီဖြစ်ပါတယ်။ အဲ့ဒီ ၅ ပွဲထဲနဲ့ ဂိုး ၁၅ လုံးတောင် သွင်းနိုင်ကြပါတယ်။ ပြီးတော့ အဲ့ဒီ ၅ ပွဲထဲမှာ Clean sheet ၂ ပွဲပါ ရသွားသေးတယ်။ ပြောမယ်ဆိုရင်သူတို့အခြေနေက အရမ်းကောင်းနေကြပါတယ်။ ဒေါ့မွန်တို့ လောလောဆယ် ယုံကြည်မှုအပြည့်ရှိနေကြပါတယ်။ သူတို့အသက်ငယ်နေသေးတဲ့ Jude Bellingham၊ Rayna၊ Brunt၊ Mooko တို့ အဓိကကစားသမားအနေနဲ့ အခြေနေအရမ်းကောင်းနေပါတယ်။ သူတို့မှာ ခြေစွမ်းတော်တော်ပြနိုင်နေကြပါတယ်။ နောက်ပြီး လူငယ်ကြယ်ပွင့်တွေကို လမ်းမှန်အောင် Marco Reus နဲ့ ဆင်းထိန်းခိုင်းတယ်။ အဲ့တာနဲ့ပဲ ဒေါ့မွန်တို့ရဲ့ ခံစစ်ပိုင်းကနေ တိုက်စစ်ပိုင်းအထိ အရမ်းအဆင်ပြေအောင် ကစားနိုင်ခြင်းဖြစ်ပါတယ်။ အကယ်၍ ဒီကစားသမားတွေ ဒေါ့မွန်နဲ့ နောက်ထပ် ၂ ရာသီ ၃ ရာသီလောက် ဆက်ကစားသွားရင်တော့ ဒီထက်ကြောက်စရာကောင်းလာလိမ့်မယ်။ ဒါပေမယ့် ကြည့်လိုက်ရင် ဒီရာသီကုန်တာနဲ့ လမ်းခွဲသွားကြမယ်ထင်ပါတယ်။ ဒေါ့မွန်ရဲ့အိမ်ကွင်း ၉ ပွဲတုန်းက သူတို့ခံစစ်ပိုင်း ဂိုး ၉ လုံးထဲပဲ သွင်းခံထိပြီး အရှုံး ၁ ပွဲလေးပဲ ရသွားပါတယ်။ တောင့်တင်းမှုရှိမှန်း မြင်ခဲ့ရပါတယ်။ သူတို့ခံစစ်မှူးတွေက နာမည်ကျော်ကြားမှုမရှိပေမယ့် အခြားအသင်းတွေထက်တော့ ညံ့မနေပါဘူး။ Niklas Sule ကစ Schlotterbeck၊ Paslake နဲ့ Gruierro တို့မှာလည်း ခြေစွမ်းတော်တော်ကောင်းကြပါတယ်။ သူတို့တွေ တွဲကစားလာတာ ကြာပြီဖြစ်တဲ့အတွက် တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က သိပြီးသားဖြစ်ပါတယ်။ ဒီပွဲ ဒေါ့မွန်ဘက်က အဓိက ကစားသမားတွေ အဆင်သင့်ဖြစ်နေကြပါတယ်။ အဲ့ဒီတော့ အနိုင်ရဖို့အခြေနေ ၇၀% လောက်ရှိနေပါတယ်။ ဒီပွဲကတော့ အနည်းဆုံး ဂိုးသွင်းနိုင်ကြမှာ သေချာပါတယ်။

သူဌေးကြီးနဲ့ ချယ်လ်ဆီးတို့ကျတော့ ရင်းနှီးမြှပ်နှံလိုက်တဲ့ ငွေပမာဏနဲ့ပြောရင် ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ပေါင်သန်း ၃၅၀ အထိ အသုံးပြုသွားပြီဖြစ်ပါတယ်။ ငွေတွေအများကြီးသုံးပြီး ဖန်တွေရဲ့အိပ်မက်လေးကို တကယ်ဖြစ်အောင်ဖန်တီးပေးချင်ပေမယ့် ကွင်းထဲကစွမ်းဆောင်ရည်ကျတော့ ကုန်သွားတဲ့ပိုက်ဆံနဲ့ မတန်သေးပါဘူး။ လိဂ်ထဲမှာ ၂၂ ပွဲ ဆင်းကစားပြီး ၃၁ မှတ် သိမ်းနိုင်ကြတယ်။ နံပါတ် ၄ မှာရှိတဲ့ နယူးကာဆယ်ထက် ၁၀ မှတ်တောင်နည်းနေတယ်။ တော်တော်ဝေးတယ်လို့ ယူဆနိုင်ပါတယ်။ ပြိုင်ဖို့ ၁၆ ပွဲကျနေသေးပေမယ့် အခြေနေက အရင်အတိုင်းပဲဖြစ်နေပါတယ်။ အဲ့တော့ နောက်နှစ်ကျရင် UCL ထဲမပါနိုင်ရင်တော့ ရင်နှီးမြှုပ်နှံမှုနဲ့ထိခိုက်သွားလိမ့်မယ်။ ဒီနှစ် ရင်ခုန်လို့ရသေးတဲ့ဖလားက ဒီ UCL ပဲရှိတော့တယ်။ ဂရုအဆင့်ပွဲတုန်းက တော်တော်ပဲကောင်းပြီး ဂရုရဲ့ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ အခုတလော အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေရှိနေတုန်းပါ။ Raheem Sterling၊ Kante၊ Mendy၊ Pulisic တို့က ဒီပွဲ မပါနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူတို့ဆီမှာ ကစားသမားတွေအများကြီးရှိနေသေးတဲ့အတွက် ကြိုက်တာဆင်းခိုင်းလို့ရပါတယ်။ ဂိုးသမား Kepa ကြီးက ကောင်းချင်ကောင်းမယ် ဆိုးချင်လည်းဆိုးမယ်ဖြစ်နေတယ်။ ခံစစ်ပိုင်းနေရာ စိတ်အပူရဆုံးကစားသမားကတော့ Cucurella ပါပဲ။ တိုက်စစ်ပိုင်းကလည်း ဘာမှမရှိဘူး ခံစစ်ပိုင်းဆိုရင်လည်း ဒီလိုပါပဲ။ ထိန်းကစားရုံပဲဖြစ်နေတယ်။ အသစ်ခေါ်ထားတဲ့ Badiashile က Thiago Silva, နဲ့တွဲလို့ရတယ်။ ညာဘက်ခြမ်း Reece James ပေါ့။ ကွင်းလယ်ပိုင်းကျတော့ အများကြီးရှိပါတယ်။ ကြိုက်တာဆင်းခိုင်းလို့ရပေမယ့် Enzo Fernandez နဲ့ ဦးဆောင်ခိုင်းရမယ်။ သူ့ဘောလုံးကြိုတင်ခန့်မှန်းချက်က တော်တော်ကောင်းတယ်။ ဒါပေမယ့် သူနဲ့တွဲကစားနေတဲ့ Loftus ကပဲ အဆင်မပြေသေးတာ။ တိုက်စစ်ပိုင်းနေရာ Mudryk ပါပဲ။ သူ့ကိုထောက်ကူဖို့ Cucurella ထက်ကောင်းတဲ့ ဘယ်ဘက်ခြမ်းခံစစ်မှူးလိုအပ်နေပါတယ်။ အဲ့တာမှ သူ့အရည်အချင်းအပြည့် ထုတ်ဖော်နိုင်မှာဖြစ်ပါတယ်။ Felix နဲ့တစ်ယောက်လည်း တော်တော်အဆင်ပြေနေတယ်။ ညာဘက် Hakim Ziyech လေးနဲ့ပေါ့။ အရှေ့ဆုံးမှာ Havertz ကြီးက ဂိုးသိပ်မပြတ်သားသေးဘူး။ အဲ့တော့ ချယ်လ်ဆီးဘက်က ဒီပွဲ ဒုတိယဂိုးမသွင်းနိုင်တဲ့အခါမှာ သရေဂိုးသွင်းခံထိသွားနိုင်ပါတယ်။ ဒါကတော့ ဘောလုံးလောကကြီးရဲ့သဘာဝပါပဲ။ ချယ်လ်ဆီးရဲ့ လက်ရှိတိုက်စစ်ပိုင်းက ကြောက်စရာမကောင်းဘူး။ ပေါင်သန်း ၃၅၀ အထိ အသုံးပြုပြီး A အရည်သွေးရှိတဲ့တိုက်စစ်မှူးကိုကျတော့ မပိုင်နိုင်ခဲ့ဘူးဆိုတာ အံ့ဩမိပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်မရှိခဲ့ဖူးသေးပါဘူး။ အဲ့ဒီတော့ ဒီပွဲ သမိုင်းဝင်ထဲက သူတို့နှစ်သင်းရဲ့ ပထမဦးဆုံးတိုက်ပွဲပဲဖြစ်ပါတယ်။ အဲ့တော့ တစ်သင်းနဲ့တစ်သင်းရဲ့စွမ်းဆောင်ရည်ကိုပဲ ယူကြည့်ပြီးပြောရမယ်။ ဒေါ့မွန်တို့ ဂရုအဆင့်ပွဲတုန်းက ခပ်လန့်လန့်နဲ့ ဒီအဆင့်ကိုတက်ရောက်လာပါတယ်။ ဒီနှစ် အိမ်ကွင်းနဲ့ အခြေနေရှယ်ကောင်းနေတယ်။ အိမ်ကွင်းနဲ့ခြေစွမ်းတွေ အရမ်းပဲကြမ်းနေပါတယ်။ အိမ်ကွင်းနဲ့ လိဂ်ပွဲစဉ်နဲ့ UCL ပွဲစဉ်အပါအဝင် ၁၂ ပွဲကစားပြီး  အရှုံးတစ်ပွဲလေးပဲ ရသွားခဲ့ပါတယ်။ ပြောမယ်ဆို ငါ့အိမ်ကွင်းဖြစ်ရင် မင်းတို့နိုင်ဖို့မရှိဘူးဆိုတဲ့သဘောပေါ့။ အသင်းရဲ့အဓိကဆုံးကစားသမားကတော့ ငါတို့သိကျွမ်းပြီးသားဖြစ်တဲ့ Bellingham ပါပဲ။ သူက ဒေါ့မွန်အတွက် နောက်ဆုံးနှစ်ပဲ ကစားပေးတော့မယ်ထင်တယ်။ ဥရောပတိုက်ထဲက ကြီးမားတဲ့အသင်းတွေ သူ့လက်မှတ်ကို တော်တော်လိုချင်နေကြလို့ပါ။ ဒေါ့မွန်ရဲ့ လက်ရှိဘောလုံးစတိုင်လ်ကတော့ တိုက်စစ်ဆင်ကစားခြင်းကိုဦးစားပေးပါတယ်။ လျင်မြန်တဲ့ Pressing နဲ့ ပြိုင်ဘက်ကို ဖိအားဝင်ပေးတယ်။ အဓိက သူတို့ကွင်းလယ်ကစားသမားတွေ ထိုးဖောက်ပြီး ဂိုးဝင်သွင်းသွားတတ်ပါတယ်။ ရှင်းရှင်းပြောရင် သူတို့ရဲ့ဂိုးဖန်တီးရှင် ၅ ယောက်က အလယ်တန်းကစားသမား ၃ ယောက်တောင် ပါဝင်နေပါတယ်။ ဒေါ့မွန်အသင်းက ဘောလုံးကောင်းကောင်းပိုင်ဆိုင်နိုင်တယ်။ ကိုယ်ပိုင်စကေးကောင်းကောင်းလေးနဲ့ အရမ်းကောင်းနေကြပါတယ်။ ကြယ်ပွင့်တိုက်စစ်မှူးနဲ့ Moukoko ကလည်း အရည်အချင်းအရမ်းကောင်းတယ်။ သူက ဒီပွဲ အဓိက ကစားသမားဖြစ်လိမ့်မယ်။ အဲ့ဒီတော့ အသင်းရဲ့အစစအရာရာက ဒီပွဲအတွက် အဆင်သင့်တော်တော်ဖြစ်နေကြပါတယ်။ ချယ်လ်ဆီးတို့ကျတော့ ဒီနှစ်မှာ ပေါင်သန်း ၃၅၀ အထိသုံးပြီး တန်ရာတန်ကြေးမဖြစ်သေးပါဘူး။ ပြောမယ်ဆို သူဌေးကြီးလိုငွေသုံးပြီး စွမ်းဆောင်ရည်ကျ ဆင်းရဲသားသလိုမျိုးဖြစ်နေတယ်။ လုံးဝမတန်ဘူးဖြစ်နေတယ်။ ပွဲတိုင်းပဲဆဲခံထိနေတယ်။ ကစားပွဲ ချိတ်ဆက်မှုမရှိဘူးလို့နားလည်ထားပါတယ်။ အဓိက ဘယ်ဘက်ခြမ်းမှာရှိတဲ့ Mudryk ကြီးက အပြေးမြန်ပေမယ့် အကျိုးမဲ့နေတယ်။ ကစားပွဲပါဝင်မှုမရှိတာ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ ဘောလုံးတောင် နည်းနည်းပဲထိရတယ်။ အဲ့တာ Cucurella ကြောင့် အဲ့လိုမျိုးဖြစ်နေတာ။ သူက ဘာမှမလုပ်တတ်ဘူး နည်းနည်းပါးပါးလုပ်ပြီး အနောက်ဘက်ကိုပဲ ပြန်ပြန်ပို့နေတယ်။ ကျန်တဲ့ကြယ်ပွင့်လေးတွေကလည်း Felix လောက်ပဲအဆင်ပြေတယ်။ အဲ့တော့ ဒီပွဲ သူ့ကိုပဲအားကိုးရလိမ့်မယ်။ ရိစ်ဂျိမ်းက အခုပြန်လာပါပြီ၊ ဒါပေမယ့် အရင်လိုပြန်မကြမ်းသေးပါဘူး။ ချယ်လ်ဆီးအသင်းက ဒီလိုအခြေနေမျိုးနဲ့ဆိုရင် တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ဒီပွဲ ဒေါ့မွန်ဘက်ပဲပိုပါပါတယ်။

11 Players

Borussia Dortmund (4-1-4-1) : – Kobel – Guerreiro – Schlotterbeck – Sule – Passlack – Can – Bellingham – Reyna – Brandt – Reus – Moukoko

Chelsea (4-2-3-1) : – Kepa – Chilwell – Badiashile – Silva – James – Fernandez – Gallagher – Felix – Mudryk – Mount – Havertz

Missing Players

Borussia Dortmund – Julien Duranville (Muscle partial avulsion)

Chelsea FC – Raheem Sterling (Knee Problems), Edouard Mendy (Shoulder Injury), Christian Pulisic (Knee Problems), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

Facebook

အာဆင်နယ်အသင်း FA ဖလားပွဲတုန်းက မန်စီးတီးကိုရှုံးသွားကတည်းကစပြီး အခြေနေတွေနည်းနည်း ဆိုးလာနေပါတယ်။ ဒီပွဲ အာဆင်နယ်အသင်း ဒဏ်ရာရထားတဲ့ Mohamed Elneny နဲ့ Gelvia Jesus တို့ကိုအသုံးပြုလို့မရသေးပါဘူး။ ဟိုးအရင်ကတည်းက ဒဏ်ရာရသွားတဲ့ Emil Smith Rowe နဲ့ Reiss Nelson တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ဒီပွဲ အာတီတာက ၄-၃-၃ စနစ်နဲ့ပဲစောင့်နေလိမ့်မယ်။ Ben White၊ William Saliba၊ Gabriel Magalhaes နဲ့ Oleksandr Zinchenko။ တို့ကို ခံစစ်ပိုင်းမှာ ချထားပြီး အလယ်တန်းနေရာကျတော့ Granit Xhaka၊ Thomas Partey၊ Bukayo Saka နဲ့ Martin Odegaard တို့ကိုပဲ ချထားလောက်ပါတယ်။ သူတို့ကို အခွင့်ရေးဖန်တီးဖို့တာဝန်ပေးထားလောက်တယ်။ အရှေ့တန်းနေရာ Gabriel Martinelli နဲ့ Eddie Nketiah တို့ကိုပဲ အဓိက ထားထားလိမ့်မယ်။

shwe casino မန်စီးတီးတို့ကျတော့ အခုမှအက်စတွန်ဗီလာအပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတဲ့အတွက် စွမ်းဆောင်ရည်တွေ ပြန်ကောင်းနေပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အာဆင်နယ်ရဲ့ အနောက်ကနေ လိုက်လို့မှီခါနီးနေပါပြီ။ ပက်ရဲ့အသင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ John Stones ကို အသုံးပြုလို့မရသေးပါဘူး။ အက်စတွန်ဗီလာနဲ့ပွဲတုန်းက ဒဏ်ရာရသွားတဲ့ဟာလန်းလည်း အခြေနေစစ်ဆေးဖို့လိုနေသေးတယ်။ ဟာလန်းနေရာကို အာဂျင်တီးနားလူမျိုးဖြစ်တဲ့ နံပါတ် ၁ တိုက်စစ်မှူး Julian Alvarez နဲ့ အစားထိုးလို့ရပါတယ်။ ဒီပွဲ ပက်က ၄-၂-၃-၁ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ်။ Kyle Walker၊ Manuel Akanji၊ Aymeric Laporte နဲ့ Nathan Ake တို့ကို အနောက်တန်းမှာနေခိုင်းပြီး အလယ်တန်းမှာကျတော့ Ilkay Gundogan၊ Rodri၊ Kevin De Bruyne နဲ့ Riyad Mahrez တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။ ဂိုးသွင်းဖို့တာဝန်ကျတော့ Erling Haaland နဲ့ Jack Grealish တို့ကိုပဲ တာဝန်ပေးသွားလောက်တယ်။

၁၁ လပိုင်းကတည်းက နံပါတ် ၁ ဖြစ်လာတဲ့အာဆင်နယ်အသင်း နံပါတ် ၂ မှာရှိတဲ့ မန်စီးတီးထက် ၃ မှတ်ပဲသာနေတော့တယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က ပြိုင်ပွဲအရေအတွက် ၁ ပွဲ ပိုနည်းပါတယ်။ ဒီပွဲ အနိုင်ရသွားတဲ့အသင်းက နံပါတ် ၁ နေရာတက်သွားမှာဖြစ်တဲ့အတွက် အရေးကြီးတယ်။ အာဆင်နယ်အသင်း အခုတလော အခြေနေသိပ်မကောင်းဘူး။ FA ဖလားတုန်းက စီးတီးကိုရှုံးသွားကတည်းကစပြီး မူးဝေနေပါတယ်။ အနိုင်ပွဲသိပ်မရပဲ အဲဗာတန်ကိုပါရှုံးလာခဲ့သေးတယ်။ ဘရန်ဖိုဒ့်နဲ့လည်း သရေကျလာပါတယ်။ စီးတီးတို့ကျတော့ နောက်ဆုံး ၆ ပွဲထဲမှာ အနိုင် ၄ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ အက်စတွန်ဗီလာအပေါ် အနိုင်ရရှိလာပါတယ်။ နှစ်သင်းလုံးရဲ့ အချင်းချင်းတွေ့ဖူးတဲ့ ၆ ပွဲစံချိန်ထဲမှာ မန်စီးတီးဘက်က ၆ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ အဲ့ဒီ ၆ ပွဲထဲနဲ့ အာဆင်နယ်ကို ဂိုး ၁၄ တောင် သွင်းယူသွားနိုင်တယ်။ အာတီတာနည်းပြအဆင့်နဲ့ဆိုရင် FA ဖလားပွဲတုန်းက စီးတီးကိုရှုံးသွားတဲ့အတွက် နည်းလမ်းတွေရှာဖွေဖို့ကြိုးစားထားလောက်တယ်။ စီးတီးတို့ရဲ့ဟာလန်းက ဒီပွဲ အခြေနေကြည့် ရသေးတယ်ဆိုတော့ အနိုင်ရတဲ့အထိ မသေချာသေးပါဘူး။ ဒီပွဲ နံပါတ် ၁ နေရာနဲ့ လောင်းထားတဲ့အတွက် နှစ်သင်းစလုံး အရမ်းပဲကြိုးစားခဲ့ကြလိမ့်မယ်။ နောက်ဆုံးမှာတော့ သရေကျရုံပဲပြီးသွားလောက်တယ်။

11 Players

Arsenal (4-3-3): Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Jesus

Manchester City (4-2-3-1) : Ederson; Lewis, Dias, Laporte, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland, Grealish

Missing Players

Arsenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury),R. Nelson(Knock injury), Smith Rowe (Thigh Injury)

Manchester City  : B.Mendy (disciplinary sanction), J.Stones (Hamstring Injury), E, Haaland (Knock Injury

Facebook