shanworld77

လက်စတာ Vs အာဆင်နယ် [ 25 Feb 23 - 21:30 hrs]

shanworld77 ဘရန်ဒန် ရော့ဂျာနည်းပြလက်ထဲကလက်စတာအသင်း အခုတလော ဂိုးလွယ်လွယ်လေးသွင်းခံထိနေတဲ့ ခံစစ်ပိုင်းရဲ့ချို့ယွင်းမှုပြသာနာရှိနေပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ Clean sheet မရတာ ၈ ပွဲဆက်တိုက် ရှိသွားပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုရှုံးလာသေးတယ်။ ဒါပေမယ့်လည်း အဆင့်ဇယားနဲ့တော့ မထိခိုက်ခဲ့ပါဘူး။ လက်စတာတို့ အဆင့်ဇယားရဲ့ အလယ်ပိုင်းနေရာ ထိန်းသိမ်းစောင့်လျှောက်ဖို့အတွက် ဒီပွဲ အပီကစားဖို့ရှိပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ James Justin၊ Jonny Evans နဲ့ Ryan Bertrand တို့မရှိသေးပါဘူး။ ဒဏ်ရာတွေရထားတုန်းဖြစ်ပါတယ်။ Yuri Teleman က ဒီပွဲ ပထမ ၁၁ ယောက်စာရင်းထဲ ပါလောက်တယ်။ ဒီပွဲ လက်စတာဘက်က ၄-၂-၃-၁ စနစ်နဲ့ စောင့်နေလိမ့်မယ်။ ဂိုးသမားနေရာ Ward ကိုဆင်းထိန်းခိုင်းမယ်။ Castagne နဲ့ Faes တို့နှစ်ယောက်ကို ခံစစ်ပိုင်းရဲ့အဓိက သတ်မှတ်ထားလောက်တယ်။ ပြီးရင် Tete၊ James Maddison နဲ့ Keenan Dewsbury-Hall တို့ ၃ ယောက်ကို တိုက်စစ်ဆင်ဖို့အတွက် စီစဉ်ထားလောက်တယ်။ Striker နေရာကျတော့ Iheanacho ကိုပဲ အသုံးပြုသွားမယ်ထင်ပါတယ်။ ဂျေမီဗာဒီက အာဆင်နယ်ရဲ့ဂိုးကို ပိုးစိုးပက်စက် သွင်းနိုင်ခဲ့ဖူးပေမယ့် ဒီပွဲ အရန်ထိုင်ခုံမှာပဲ ထိုင်နေရလောက်ပါတယ်။

အာဆင်နယ်တို့ကျတော့ အခုမှခြေစွမ်းတွေပြပြီး အက်စတွန်ဗီလာအပေါ် အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ အနိုင်ရသွားတဲ့နေရာ ဒီရာသီထဲက အကောင်းဆုံး အနိုင်ရမှုတစ်ခုဖြစ်ပါတယ်။ သူတို့ဘက်က ဂိုးအရင်သွင်းခံထိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၃ မှတ်ရအောင် ပြန်လုပ်နိုင်ခဲ့ကြပါတယ်။ ဒီပွဲ နံပါတ် ၁ နေရာ ဆက်လက်ထိန်းသိမ်းဖို့ ကောင်းကောင်းကစားလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်တို့ရဲ့ စိတ်ပူစရာကောင်းတဲ့တစ်ချက်ကတော့ သူတို့မှာ Clean sheet မရတာ ၆ ပွဲဆက်တိုက်ရှိသွားပါပြီ။ သူတို့ပစ်မှတ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် ဒီထက်ကောင်းအောင်တော့ ကစားဖို့လိုပါသေးတယ်။ အာတီတာရဲ့ကစားသမားတွေ ဒီပွဲ Gabriel Jesus နဲ့ Mohamed Elneny တို့ကို အသုံးပြုလို့မရသေးပါဘူး။ ဒါပေမယ့် သောမတ်စ် ပါတေးကတော့ ဒီပွဲ ပြန်လာလောက်ပြီထင်ပါတယ်။ ဒီပွဲ အာဆင်နယ်တို့ ၄-၃-၃ စနစ်နဲ့ ရောက်ချလာလိမ့်မယ်။ ဂိုးသမားနေရာ အကောင်းဆုံးဖြစ်တဲ့ Aaron Ramsdale ကိုပဲ အသုံးပြုလိမ့်မယ်။ ခံစစ်ပိုင်းနေရာ အဓိကခံစစ်မှူးဖြစ်တဲ့ William Saliba နဲ့ Gabriel Magalhaes တို့ကိုပဲ ထိန်းခိုင်းလောက်တယ်။ ကွင်းလယ်ပိုင်းကျတော့ Jorginho၊ Martin Odegaard နဲ့ Xhaka တို့ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် အရှေ့ဆုံးနေရာကျတော့ Saka, Nketiah နဲ့ Martinelli တို့ကို တာဝန်ပေးထားလောက်ပါတယ်။

လက်စတာအသင်း အခုမှသရဲနီကို ၃ ဂိုး ၀ ခံခဲ့ရပါတယ်။ အဲ့ပွဲမတိုင်ခင်တုန်းက လက်စတာမှာ ခြေစွမ်းပြနိုင်ခဲ့ဖူးပြီး အနိုင် ၃ ပွဲတောင် လုပ်ယူနိုင်ခဲ့ပါတယ်။ ဥပမာ အက်စတွန်ဗီလာအပေါ် ၂ ဂိုး ၄ ဂိုး ပြီးရင် စပါးအပေါ် အိမ်ကွင်းနဲ့ ၄ ဂိုး ၁ ဂိုးပေါ့။ ဒါပေမယ့် ဒီပွဲ အခြေနေပြန်ကောင်းနေတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဆိုတော့ အရမ်းခက်တဲ့အလုပ်ဖြစ်ပါတယ်။ နောက်ပြီး အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲ စံချိန်ထဲမှာ လက်စတာဘက်က အနိုင် ၁ ပွဲလေးပဲ လု်ပယူသွားနိုင်ခဲ့ဖူးပါတယ်။ လက်စတာတို့ အာဆင်နယ်နဲ့ပွဲတွေမှာ ဂိုးအနည်းဆုံး ၂ လုံး သွင်းခံထိတတ်ပါတယ်။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် သွင်းခံထိတတ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးထားပါတယ်။ အခုတလော ဘယ်လိုပဲကြည့်ကြည့် အာဆင်နယ်ဘက်က ပိုပိုင်ပါတယ်။ အာဆင်နယ်တို့က ချန်ပီယံဖြစ်မယ့်ထဲ ပါနေတဲ့အတွက် မန်စီးတီးကို လွယ်လွယ်လေးနဲ့ ပေးမကျော်နိုင်ပါဘူး။ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် အာဆင်နယ်ဘက်က အနိုင်ရသွားမှာ ပိုသေချာပါတယ်။

11 Players

Leicester City (4-2-3-1): Ward; Castagne, Souttar, Faes, Kristiansen; Mendy, Tielemans; Tete, Dewsbury-Hall, Barnes; Iheanacho

Arsenal : Ramsdale(4-3-3); White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Xhaka; Saka, Nketiah, Martinelli

Missing Players

Leicester City : Ryan Bertrand (Knee Surgery), Jonny Evans (Calf Injury), James Justin (Achilles tendon rupture)

Arsenal : Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury),Thomes (Muscle Injury)

Facebook

ဘုန်းမောက်အသင်း အခုလက်ရှိအခြေနေနဲ့ဆိုရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ လက်ရှိရာသီ ၂၃ ပွဲ ဆင်းကစားပြီး အနိုင် ၅ ပွဲ သရေ ၆ ပွဲနဲ့ အရှုံး ၁၂ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲပိုသာနေပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်အားလုံးကိုခြုံကြည့်ရင်တော့ အခုနောက်ပိုင်း နည်းနည်းပြန်ကောင်းနေပါတယ်။ သူတို့ ဒီပွဲပြီးသွားတာနဲ့ အာဆင်နယ်နဲ့ထပ်တွေ့ရမှာဖြစ်ပြီး နောက်တစ်ပွဲ လီဗာပူးလ်နဲ့ ထပ်တွေ့ဖို့လည်းရှိနေတယ်။ ပြီးရင် အက်စတွန်ဗီလာနဲ့ ထပ်တွေ့ရမှာဖြစ်ပါတယ်။ သူတို့အတွက် အရမ်းခက်တဲ့ပွဲတွေချည်းဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲထဲမှာ အမှတ် ၃ မှတ်လောက်ကောက်နိုင်ရင် တော်တော်အဆင်ပြေနေပါပြီ။ အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေရှိပါတယ်။ အဲ့တော့ မန်စီးတီးနဲ့ ဘယ်လိုတိုက်ခိုက်မလဲမသိသေးပါဘူး။ စွမ်းဆောင်ရည်လည်း ကောင်းမနေဘူး။ နောက်ပြီး မန်စီးတီးအသင်းက အခုတလော နံပါတ် ၁ နေရာ အရမ်းလိုချင်နေကြတယ်။ ဒီပွဲ ဘုန်းမောက်တို့ရဲ့ အစစအရာရာက မန်စီးတီးကိုမမှီပါဘူး။ အိမ်ကွင်းနဲ့ပွဲတွေမှာ အခြေနေကောင်းပြီး ဂိုး ၁၂ လုံးပဲ သွင်းခံထိခဲ့ပေမယ့် ပွဲတိုင်းပဲ သွင်းခံထိခဲ့ပါတယ်။ မန်စီးတီးနဲ့ ပထမပွဲတုန်းကလည်း စီးတီးရဲ့အိမ်ကွင်းနဲ့ ၄ လုံး ဆော်ခံထိထားပါတယ်။ အဲ့တော့ ဒီပွဲ ကိုယ့်အိမ်ကွင်းဖြစ်နေတာတောင် သရေကျဖို့မရှိပါဘူး။ ၃ လုံးမှအထက် သွင်းခံထိသွားမယ်ထင်ပါတယ်။

shanworld77 မန်စီးတီးတို့ကျတော့ ကမ္ဘာ့ဖလားပွဲပြီးလာကတည်းက အာဆင်နယ်ရဲ့အနောက်ကနေ တောက်လျှောက်လိုက်နေပါတယ်။ ကျော်နိုင်တော့မလိုလိုနဲ့ မကျော်နိုင်သေးပါဘူး။ အမှတ်ရသွားနိုင်တဲ့အခွင့်ရေးကြုံလာတဲ့အချိန် အလကားဖြစ်သွားတာများနေတယ်။ အဲ့တာနဲ့ သူတို့မှာ အာဆင်နယ်ထက် ပြိုင်ပွဲအရေအတွက် ၁ ပွဲပိုများပြီး ရမှတ် ၂ မှတ်ပိုနည်းနေပါတယ်။ နံပါတ် ၁ ကို ကျော်မတက်နိုင်တဲ့အပြင် တစ်မြို့ထဲရှိတဲ့သူငယ်ချင်းအသင်းက သူတို့ကိုမှီခါနီးနေပါပြီ။ မှီဖို့ ၃ မှတ်ပဲ ကျန်တော့တယ်။ ကစားသမားအသီးသီးကတော့ မန်စီးတီးမှာ ဘာပြသာနာမှမရှိပါဘူး။ ကစားသမားတိုင်းပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ ဆိုးတာ ကံမကောင်းတဲ့နေ့ဆိုရင် ဂိုးဘယ်လိုပဲသွင်းသွင်း မဝင်ဘူးဖြစ်နေတယ်။ ဘောလုံးကောင်းကောင်းပိုင်ဆိုင်နိုင်ပေမယ့် ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။ တိုက်စစ်တွေဆင်တဲ့အခါမှာ နည်းနည်းမှားမိတာနဲ့ ဂိုးသွင်းခံထိတတ်နေတယ်။ အခုနောက်ပိုင်းဆိုရင် ခန ခန မြင်ရတတ်ပါတယ်။ အဲ့တာကြောင့် သူတို့အခြေနေက ဟိုမရောက် ဒီမရောက် ဖြစ်နေပါပြီ။ သူတို့ရဲ့စွမ်းဆောင်က ကောင်းလိုက် ဆိုးလိုက် ဖြစ်နေပေမယ့် ဘုန်းမောက်ထက်တော့ အများကြီးပဲ ပိုသာနေပါတယ်။ ဒီပွဲ အပီကစားရင် အနိုင်ရသွားမှာသေချာပါတယ်။ ဒီပွဲ ပက်ဘယ်လိုကစားစေချင်လည်းပဲရှိမယ်။ ပြီးတော့ သူတို့က အခုမှ လိုက်ပ်ဇစ်နဲ့တိုက်ခိုက်လာတာဆိုတော့ ပင်ပန်းနေကြလောက်သေးတယ်။ ဖောရက်စ်နဲ့ပွဲတုန်းကလည်း ဒုတိယဂိုးကိုရဖို့ မနည်းရုန်းခဲ့ရပါတယ်။ အဲ့တော့ ပက်က အဓိကကစားသမားတွေကို အနားပေးချင် ပေးလိမ့်မယ်။ ဒါပေမယ့် ဟာလန်းကတော့ ထိပ်ဆုံးမှာ တာဝန်ဆင်းယူရဦးမှာပဲ။ အဲ့တော့ စီးတီးတို့ အချိန်မှန် လူမှန်ဖြစ်ရင် ဘာမှစိတ်ပူစရာမရှိပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ်။ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် ဘုန်းမောက်ဘက်ကပဲရှုံးသွားတာများတယ်။ ကလပ်အသင်းရဲ့အရွယ်အစားကြောင့် အရည်သွေးတော်တော်ကွာဟနေတာလည်း ဖြစ်နိုင်ပါတယ်။ လူကြီးနဲ့ ကလေးတို့ကစားသလိုမျိုးဖြစ်နေတယ်။ ဘုန်းမောက်တို့ရဲ့အဓိက ကစားသမားတွေ ဒဏ်ရာရထားတဲ့အတွက် အခြေနေဆိုးနေရင်းနဲ့ ပိုဆိုးနေပါတယ်။ အခု သူတို့ လိဂ်ရဲ့နံပါတ် ၁၇ ဖြစ်ပြီး အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်ပဲပိုသာနေပါတယ်။ အတန်းဆင်းမယ့်ထဲပါဖို့ရှိပြီး အခုနောက်ပိုင်း အခြေနေတွေ တော်တော်ဆိုးနေပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်ပဲရှိတာမဟုတ်ပါဘူး။ သူတို့ရဲ့အားသာချက်က အိမ်ကွင်းနဲ့ပွဲပဲဖြစ်ပါတယ်။ အနိုင်ပွဲတွေများလို့ အားသာချက်ဖြစ်နေတာတော့မဟုတ်ပါဘူး။ သွင်းခံထိတဲ့ဂိုးအရေအတွက်နည်းလို့ပဲဖြစ်ပါတယ်။ ဒီလိုသေးငယ်တဲ့အသင်းက တစ်ပွဲကို ဂိုးတစ်လုံးပဲသွင်းခံထိတာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီပွဲ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ စီးတီးတို့က အခုမှသရေကျလာပြီး အာဆင်နယ်ထက် နှစ်မှတ်ပိုနည်းသွားတဲ့အတွက် ထပ်ပြီး မှားလို့မရတော့ပါဘူး။ အဲ့တော့ သူတို့ အပီကစားဖို့ရှိပါတယ်။ စီးတီးတို့ ပြီးခဲ့တဲ့တစ်ပွဲ ဂိုးသွင်းခွင့်တွေ တော်တော်ရရှိခဲ့ပေမယ့် သရေပဲ လုပ်နိုင်တဲ့အတွက် နှမြောစရာကောင်းပါတယ်။ အဲ့တော့ ဒီပွဲ အနိုင်ရကိုရရမှာဖြစ်ပါတယ်။ စီးတီးတို့ရဲ့ အခုနောက်ပိုင်း ခြေစွမ်းတွေ သိပ်မတက်ကြွတော့ပါဘူး။ ရာသီရဲ့စစလာချင်းတုန်းကလောက်မကြမ်းဘူး။ ဒါပေမယ့်လည်း စီးတီးအသင်းက စီးတီးအသင်းပါပဲ။ ပြိုင်ဘက်ကို အချိန်မရွေး ထောင်းဖို့အဆင်သင့်ဖြစ်ပါတယ်။ စီးတီးတို့ရဲ့အကြမ်းဆုံးကတော့ ဒီဘရိုင်းနဲ့ဟာလန်းတို့ပဲဖြစ်ပါတယ်။ စီးတီးတို့ ဒီပွဲ အဆင်သင့်တော်တော်ဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်လိုပဲနေနေ ဘုန်းမောက်ကိုတော့ အသာလေးနဲ့ အနိုင်ရသွားမှာပဲ။

11 Players

Bournemouth (4-2-3-1) – Neto – Zemura – Senesi – Stephens – Smith –  Billing – Lerma – Traore – Quattara – Tavernier – Solanke

Man City (4-3-3) – Ederson – Walker – Laporte – Dias – Gomez – Rodri – Silva – De Bruyne – Grealish – Mahrez – Haaland

Missing Players

AFC Bournemouth – Ryan Fredericks (Knock), David Brooks (Fitness), Lewis Cook (Knee Injury), Ilya Zabarnyi (Unknown Injury), Dominic Solanke (Knee Injury)

Manchester City – ဒဏ်ရာနဲ့ ဘန်းထံထိထားတဲ့ကစားသမားမရှိပါ။

Facebook

အိမ်ရှင်ခရစ်စတယ်ပဲလေစ့်အသင်း နောက်ဆုံးတစ်ပွဲတုန်းက ဘရန်ဖိုဒ့်နဲ့ ၁-၁ သရေကျလာခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲ သူတို့ဘက်က ဂိုးအရင်သွင်းနိုင်ခဲ့ကြပေမယ့် ပွဲမသိမ်းနိုင်တဲ့အတွက် နောက်ဆုံးမှာတော့ အချိန်ပိုအတောတွင်းမှာပဲ သရေဂိုးသွင်းခံထိခဲ့သွားပါတယ်။ အခုလက်ရှိ အဆင့်ဇယားထဲမှာ အလယ်ပိုင်းရောက်ရှိနေပြီး ဘယ်ပွဲအစီစဉ်ကိုမှ ရင်ခုန်စရာမရှိပါဘူး။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲထဲမှာ အရှုံးတစ်ပွဲလေးပဲ ရရှိခဲ့ပြီး ၄ ပွဲ သရေကျသွားတာဖြစ်ပါတယ်။ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒီပွဲအတွက် Samuel Johnstone၊ Nathan Ferguson နဲ့ Wilfried Zaha တို့ ၃ ယောက်မပါနိုင်သေးပါဘူး။ ၃ ယောက်စလုံး ဒဏ်ရာရထားခဲ့ကြပါတယ်။ Wilfried Zaha မရှိပဲကစားခဲ့ရတာ ဂိုးသွင်းတဲ့အပိုင်း လုံးဝအားနည်းသွားမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ Joel Ward နဲ့ James Tomkins တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ Tyric Mitchell နဲ့တစ်ယောက်ကတော့ ဒဏ်ရာပြန်သက်သာလာပြီး ပထမ ၁၁ ယောက်စာရင်းထဲ ပါသွားနိုင်ပါတယ်။ ဒီပွဲ ခရစ်စတယ်ပဲလေစ့်ဘက်က ၄-၂-၃-၁ စနစ်နဲ့စောင့်နေလိမ့်မယ်။ Jean-Philippe Mateta ကို Striker အနေနဲ့ ဆင်းခိုင်းမှာဖြစ်ပြီး Michael Olise၊ Jordan Ayew နဲ့ Jeffrey Schlupp တို့ ၃ ယောက်ကို ကွင်းလယ်တိုက်စစ် တာဝန်ပေးထားလောက်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ heavy metal နဲ့ လီဗာပူးလ်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ နည်းနည်းပါးပါး ပြန်ကောင်းလာပါတယ်။ သူတို့ရဲ့ကစားပုံကစားနည်းက အရင်ထက် ပိုကောင်းလာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက နယူးကာဆယ်အပေါ် ၀-၂ နဲ့ အနိုင်ရရှိလာပါတယ်။ ဥရောပတိုက်ပွဲဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ရီးရဲလ်ကို အိမ်ကွင်းနဲ့ ၂ ဂိုး ၅ ဂိုး ရှုံးလာခဲ့ပါတယ်။ အဲ့တော့ ဒုတိယအကျော့ကိုပဲ စောင့်ကြည့်ခဲ့ရလိမ့်မယ်။ လီဗာပူးလ်တို့ရဲ့ လိဂ်ထဲမှာ Top4 နေရာ ရင်ခုန်နိုင်သေးတယ်။ အဓိကကစားသမားတွေ အကုန်လုံးပြန်ရောက်လာပြီး ကြိုက်တဲ့လက်နက်ကြီးကို ရွေးသုံးနိုင်ပါပြီ။ သူတို့ရဲ့အားနည်းချက်ကတော့ ခံစစ်ပိုင်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် Calvin Ramsey မရှိသေးပါဘူး တော်တော်ကြာဦးမယ်။ Luis Diaz, Thiago Alcantara နဲ့ Calvin Ramsay တို့မှာလည်း အခုထိ ဒဏ်ရာမသက်သာသေးပါဘူး။ ခံစစ်မှူးဖြစ်တဲ့ Ibrahima Konate ကတော့ လေ့ကျင့်ကွင်းထဲပြန်ဆင်းနိုင်ပေမယ့် ဒီပွဲပါဖို့အတွက်ကတော့ မြန်ပါသေးတယ်။ ဒီပွဲ ကလော့ပ်က အရင်ပွဲတုန်းကကစားသမားတွေကိုပဲ အသုံးပြုမယ်ထင်ပါတယ်။ ၄-၃-၃ စနစ်နဲ့ အရှေ့ဆုံးနေရာ ဆာလက်၊ Gakpo နဲ့ နူးနက်ဇ်တို့ ၃ ယောက်ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

shanworld77 အိမ်ရှင်ဖြစ်တဲ့ခရစ်စတယ်ပဲလေစ့်အသင်း အခုတလော အခြေနေဆိုးနေပြီး နိုင်ပွဲတွေပျောက်ဆုံးနေပါတယ်။ လိဂ်ထဲမှာ ၇ ပွဲဆက်တိုက် အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ သရေ ၄ ပွဲနဲ့ အရှုံး ၃ ပွဲပဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီ ၇ ပွဲထဲနဲ့ ဂိုး ၁၀ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ အမှတ်ဇယားထဲမှာ နံပါတ် ၁၂ ဖြစ်နေတယ်။ လီဗာပူးလ်တို့ကျတော့ လိဂ်ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီ နယူးကာဆယ်အပေါ် ၂ ဂိုး ၀ နဲ့ အနိုင်ရရှိလာပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာကျတော့ ရီးရဲလ်ကို ၂ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲအတွက် အဓိက ကစားသမားတွေ တော်တော်များများ ပြန်လာနေကြပါပြီ။ အဲ့တော့ အရင်တုန်းကထက် စွမ်းဆောင်ရည်ပြနိုင်မယ်ထင်ပါတယ်။ ဒီအသင်းနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့ ရာသီရဲ့အစပိုင်းတုန်းက ၁-၁ နဲ့ပဲ သရေကျသွားပါတယ်။ ဒီပွဲ အချင်းချင်းပြန်တွေ့ပြီး လီဗာပူးလ်ဘက်က ယူရိုပါလိဂ်ပွဲစဉ်လက်မှတ် လိုချင်သေးတယ်ဆိုရင်တော့ ဒီပွဲ ၃ မှတ်ကောက်နိုင်အောင် ကြိုးစားခဲ့ရလိမ့်မယ်။ အဲ့တော့မှ ဖူဟမ်ကိုကျော်တက်ပြီး နံပါတ် ၆ နေရာ ရောက်သွားလိမ့်မယ်။ ဒီပွဲ လီဗာပူးလ်အတွက် အရှက်ပြန်ယူရမယ့်ပွဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ ထိရောက်နေတုန်း ဖြစ်ပါတယ်။ ခံစစ်ပိုင်းကတော့ ချို့ယွင်းမှုရှိနေတုန်းဆိုပေမယ့် အိမ်ရှင်ဘက်ကလည်း အခြေနေကောင်းနေတာမဟုတ်ပါဘူး။ သူတို့ရဲ့တိုက်စစ်ပိုင်းကလည်း ကြောက်စရာမကောင်းပါဘူး။ လီဗာပူးလ်ရဲ့ခံစစ်ပိုင်းက မကောင်းပေမယ့် ပဲလေစ့်တို့ရဲ့တိုက်စစ်ပိုင်းကိုတော့ ခံနိုင်လောက်ပါတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က ဂိုးဘယ်လောက်ထိပြတ်သားနိုင်မလဲပဲ ကြည့်ရလိမ့်မယ်။

11 Players

Crystal Palace (4-2-3-1): Guaita; Clyne, Andersen, Guehi, Mitchell; Olise, Doucoure, Hughes, Eze; Ayew, Edouard

Liverpool (4-3-3) : Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Henderson, Fabinho, Keita; Salah, Nunez, Jota

Missing Players

Crystal Palace: Nathan Ferguson (Achilles tendon problems),J.Ward (Calf Injury), W.Zaha (Hamstring Injury), S. Johnstone (Calf Injury)

Liverpool: Arthur Melo (Surgery), Luis Díaz (Knee Injury), Calvin Ramsay (Knee Surgery) I. Konate (Hamstring Injury),Thiago (Muscle Injury), Joe Gomez (Knock Injury)

Facebook