shan99bet

shan99bet ဘိုင်ယန် Vs PSG [ 8 Mar 23 - 02:30 hrs]

shan99bet  ဂျာမနီဘွန်ဒက်လီဂါရဲ့ နံပါတ် ၁ နဲ့ အိမ်ရှင်ဘိုင်ယန်အသင်း ဒီပွဲ PSG အသင်းနဲ့ ဒုတိယအကျော့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ပထမအကျော့တုန်းက အခြေနေကောင်းပြီး PSG အပေါ် ၁-၀ ဂိုးနဲ့ အရင်နိုင်ထားပါတယ်။ အဲ့ဒီတော့ ဒီပွဲ သူတို့ဘက်က ဘာမှလောစရာမရှိပါဘူး။ Team possession ကိုပဲ စိတ်တင်းပြီးစောင့်နေလိမ့်မယ်။ ဒါပေမယ့် သူတို့ဘက်က Pressing ball ဆွဲပြီး PSG တို့ကို ဘောလုံးပေးမယ်မထင်ဘူး။ ဒီပွဲ သတင်းကောင်းတစ်ခုကတော့ မာနေးဆင်းကစားနိုင်ပြီဖြစ်ပါတယ်။ အဲ့တော့ သူ့ကို Striker နေရာ တာဝန်ပေးသွားလိမ့်မယ်။ ပြီးရင် Jamal Musiala နဲ့ Sane Sane တို့နဲ့အတူ တိုက်စစ်ပိုင်းမှာတွဲထားလိမ့်မယ်။ ဘိုင်ယန်ရဲ့ ဒီတိုက်စစ်ပိုင်းဟာ PSG ထက် ညံ့မနေလောက်ဘူး။ အပြေးလည်း အရမ်းမြန်ကြပါတယ်။ ကွင်းလယ်ပိုင်းကျတော့ အရမ်းကြမ်းတဲ့ Box to Box စနစ် ကစားတဲ့ Josua Kimmich ပဲ တာဝန်ယူသွားလိမ့်မယ်။ အရည်အချင်းလည်းကောင်းတယ်။ ဘောလုံးလွယ်လွယ်လေးနဲ့မရှုံးတတ်ဘူး။ ခံစစ်ပိတ်ကစားတဲ့အပိုင်းလည်း အဆင်ပြေတယ်။ Goretzka ဆိုတဲ့တစ်ယောက်မှာလည်း လက်ရှိ ဘိုင်ယန်အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးအဆင်ပြေအောင် လုပ်ပေးနိုင်တယ်။ နောက်တစ်ယောက် Thomus Muller မှာရောပဲ ကစားပွဲရဲ့အခြေနေကို ပြောင်းလဲပေးနိုင်တယ်။ အဲ့တော့ အသင်းနည်းပြက သူ့ကို အရှေ့တန်း ဒုတိယလှိုင်းမှာ တာဝန်ပေးသွားပြီး Sane ကို စည်းဘေးအထိ Position ချယ့်လိုက်မလားမသိသေးဘူး။ အဲ့လိုလုပ်ရင်လည်း အဆင်ပြေတယ်။ ဘာလို့လည်းဆိုတော့ အရှေ့တန်းနေရာမှာ ဘောလုံးနားလို့ရတဲ့နေရာ ရှိသွားမှာဖြစ်သောကြောင့်ပါ။ ညာဘက်ခြမ်းမှာကျတော့ Coman ရှိနေတဲ့အတွက် ဘာမှစိတ်ပူစရာမရှိဘူး။ ခံစစ်ပိုင်း အဓိက ၃ ယောက်မှာတော့ De Ligt နဲ့ Upamecano ဒါပေမယ့် Pavard နဲ့တစ်ယောက်ကျတော့ အဝါကဒ်ကနေ အနီကဒ်ရသွားတဲ့အတွက် မပါနိုင်သေးပါဘူး။ အဲ့ဒီတော့ သူ့နေရာ Stanisic ကိုပဲ တာဝန်ပေးလိုက်မလားမသိသေး။ သူက ဘွန်ဒက်လီဂါပွဲစဉ်ထဲ ပါဖူးတယ်။ အကယ်၍ ဘိုင်ယန်က ကျွန်တော်ထင်ထားတဲ့အတိုင်း ကစားသမားတွေအသုံးပြုသွားရင်တော့ သူတို့မှာ ကစားစနစ်တော်တော်စုံလင်လိမ့်မယ်။ ကွင်းလယ်ပိုင်းက အပြေးမြန်ပြီး Teamwork လည်းရှိတယ်။ ဒီပွဲ ဘယ်အသင်းရဲ့ ကွင်းလယ်ပိုင်း ဘောလုံးထိန်းချုပ်နိုင်ရင်တော့ အနိုင်ရရှိသူဖြစ်သွား သေချာတယ်။ ကွင်းလယ်ပိုင်းချင်းယှဉ်ကြည့်ရင်တော့ ဘိုင်ယန်ဘက်က ပိုသာပါတယ်။ အဲ့တော့ ဒီပွဲ ဘိုင်ယန်တို့ အနိုင်ရဖို့ ပိုများလိမ့်မယ်။

PSG တို့ကျတော့ တကယ့်စူပါစတားတွေစုစည်းနေတဲ့နေရာဖြစ်ပြီး တကယ့်ချမ်းသာတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကတော့ Neymar, Hakimi နဲ့  Kimpembe တို့ကိုအသုံးပြုလို့မရသေးပါဘူး။ အဲ့ဒီ ၃ ယောာက် အသင်းရဲ့ အဓိက ကစားသမားတွေလည်း ဖြစ်နေကြတယ်။ အဲ့ ၃ ယောက်မရှိတဲ့အတွက် အသင်းနဲ့တော်တော်ထိခိုက်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ ပထမကျော့တုန်းက ၄-၄-၂ စနစ်အသုံးပြုခဲ့တာတောင် အဆင်မပြေလို့ပါ။ အဲ့ပွဲ ကိုယ့်အိမ်ကွင်းဖြစ်ပြီး ဂိုးတောင်မသွင်းနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီပွဲ PSG တို့ ၃-၅-၂ စနစ်နဲ့ ကစားမယ်ထင်တယ်။ အရင်တစ်ပွဲတုန်းက Nantes နဲ့တွေ့ပြီး အဲ့စနစ်နဲ့ပဲ အနိုင်ရလာပါတယ်။ အဲ့ပွဲ မက်စီရော အမ်ဘတ်ပီရော ဂိုးသွင်းနိုင်ကြပါတယ်။ နောက်ပြီး သူတို့ချည်းပဲ ဘောလုံးပိုင်ဆိုင်နိုင်တယ်။ one way တောင်ဖြစ်သွားပါတယ်။ အဲ့တော့ ဒီပွဲ အနောက်တန်းနေရာ ၃ ယောက် အလယ်တန်း ၅ ယောက်နဲ့ အရှေ့တန်း ၂ ယောက်စနစ် ကစားခဲ့ကြလိမ့်မယ်။ အနောက်တန်းကနေစကြည့်ပါမယ်။ သူတို့ရဲ့ခံစစ်ပိုင်းမှာ kimpembe နေရာ Marquinhos အစား ဆင်းကစာလိမ့်မယ်။ Danilo နဲ့ ခြေစွမ်းကောင်းတဲ့ Ramos နဲ့ တွဲပြီး ဆင်းကစားရလိမ့်မယ်။ ဒါပေမယ့် Ramos နဲ့တစ်ယောက်ကတော့ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းသွားပါပြီ။ သူ့အပြေးက သိပ်မမြန်တော့ မုန့်စိန်ဖြစ်ချင် ဖြစ်လိမ့်မယ်။ ကွင်လယ်ပိုင်းကတော့ အကုန်လုံးပဲ အဆင်သင့်ဖြစ်ကြပါတယ်။ Vitinha ကစ Emery နဲ့ Ruiz တို့လည်း ပါနိုင်တယ်။ ဒါပေမယ့် ဒီကွင်းလယ်အဖွဲ့အစုက ရှင်းရှင်းပြောရင် အတွေ့ကြုံပိုင်း ဘိုင်ယန်ကိုမမီသေးပါဘူး။ စည်းဘေးနှစ်ယောက်ကျတော့ ဘယ်ဘက်ခြမ်း Mendes ဖြစ်ပြီး ညာဘက်ခြမ်း Mukiele ဖြစ်လိမ့်မယ်။ အရှေ့ဆုံးနှစ်ယောက်ကျတော့ Mpabpe နဲ့ Lionel Messi တို့ပဲ ဖြစ်လိမ့်မယ်။ တိုက်စစ်ပိုင်းချင်းယှဉ်ကြည့်ရင်တော့ အတွေ့ကြုံရှိတာချင်းတူတူပဲ ဒါပေမယ့် အလယ်တန်းကျတော့ ဘိုင်ယန်ကိုမမီလောက်ဘူး။ ဒီပွဲ PSG ဘက်က ဂိုး ၂ လုံးလိုချင်တယ်။ အခွင့်ရေးရှိပါတယ်။ ဝိုင်းဝိုင်းလေးနဲ့အလုံးကြီးဖြစ်နေတော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ အခွင့်ရေးပေါ်မူတည်ပြီး အချိန်အခါနဲ့ လုပ်ယူရမယ်။ ဘိုင်ယန်ဘက်က အပေါက်နည်းနည်းဖွင့်ဟတာနဲ့ အမ်ဘတ်ပီကိုခံရလိမ့်မယ်။ သူက အချိန်မဆွဲတတ်ဘူး သွင်းမယ်ဆိုရင် တန်းသွင်းတယ်။ သူ့ဘာသာ ဘောလုံးယူပြီး ဝင်သွင်းနိုင်တယ်။ နောက်တစ်ခု မက်စီရဲ့ Set Piece ကလည်း အရမ်းတိကျတယ်။ Ramos နဲ့တစ်ယောက်က မြောက်ဘောကို ကောင်းကောင်းကျွမ်းတယ်။ ကိုယ်ပိုင်အရည်အချင်းလည်းရှိတယ်။ အဲ့တော့ PSG တို့ ဒီပွဲ Set Piece နဲ့ ခံစစ်ပိုင်းကို အားကိုးရလိမ့်မယ်။ ပြီးတော့ ဘိုင်ယန်ကိုလုပ်မယ်ဆိုရင် ဒီ Set Piece နဲ့ပဲ လုပ်လို့ရမယ်။ အလယ်တန်းကတော့ ဘိုင်ယန်ကို တကယ်မနိုင်ပါဘူး။ အဲ့တော့ ဒီအားနည်းချက်ကြီးနဲ့ ဒီနှစ်မှာလည်း မအောင်မြင်လောက်သေးပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မထင်ထားတဲ့ပွဲရလဒ်တွေပါဗျာ။ သူတို့ အချင်းချင်း ၁၂ ပွဲတွေ့ဖူးပြီး တစ်သင်းကို ၆ ပွဲစီ အနိုင်ရသွားကြပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ကစပြီး တွက်မယ်ဆိုရင်တော့ ဘိုင်ယန်ဘက်က တော်တော်ပဲ သာပါတယ်။ ဒီနှစ်မှာလည်း တွေ့ပြီး ဘိုင်ယန်ဘက်က အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံးရဲ့ ကစားသမားအသီးသီးကတော့ မနိုင်မရှုံးလေးဖြစ်ပါတယ်။ ပြောမယ်ဆိုရင် PSG ဘက်က ပိုတောင်သာသေးတယ်။ ဒါပေမယ့် ပထမတစ်ပွဲတုန်းက သိပ်အဆင်မပြေခဲ့ကြပါဘူး။ အဲ့ပွဲ ဘိုင်ယန်ဘက်က ဘောလုံးပိုပိုင်နိုင်ပြီး တိုက်စစ်ပိုဆင်ခဲ့ရပါတယ်။ ဂိုးသွင်းခွင့်လည်း ပိုဖန်တီးနိုင်တယ်။ PSG တို့ ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေက အဆင်မပြေပဲ ဒီပွဲ ဘိုင်ယန်အိမ်ကွင်းနဲ့ ပြန်ကစားရမှာဆိုတော့ ပိုခက်လိမ့်မယ်။ နောက်တစ်ဆင့်ဆန်ကာတင်ဖို့အရေး မရှိသလောက်ဖြစ်နေပါပြီ။ ဘိုင်ယန်တို့က ပထမတစ်ပွဲ အနိုင်ရထားတဲ့အတွက် ဒီပွဲ အေးအေးဆေးဆေးပဲကစားလိမ့်မယ်။ အချိန်ဆွဲပြီး ဖြည်းဖြည်းချင်းတက်ကြိတ်မယ်။ ဘိုင်ယန်ရဲ့တိုက်စစ်ပိုင်းမှာ ဒီပွဲ မာနေးကိုပြန်ရလာပြီ။ ဒီပွဲ ဆင်းဖို့ရှိပါတယ်။ နောက်ပြီး အသင်းထဲမှာ Jamal Musiala ဆိုတဲ့ အသက် ၁၉ နှစ်နဲ့ကစားသမားပါရှိနေတယ်။ သူက အားကောင်းတယ်။ ဘောလုံးကို မီရင်မီသလို ပြေးကောက်တယ်။ ပြီးတော့ ပြိုင်ဘက်ကို တော်တော်ထိုးဖောက်နိုင်တယ်။ မကြာမီ European Golden Boy   ဆုက သူ့အတွက် ဖြစ်သွားလိမ့်မယ်။ ဘိုင်ယန်တို့ရဲ့လက်နက်က တကယ့်ပြောရရင် စုံစုံလင်လင်ရှိပါတယ်။ pressing လည်းကောင်းကြတယ်။ တိုက်စစ်ပိုင်းကစ ဖိအားတွေပေးနိုင်တယ်။ အပြေးကတော့ ပြောစရာမရှိဘူး ဘောလုံးဖြတ်ယူနိုင်တာနဲ့ ပြိုင်ဘက်ဂိုးရှေ့တန်းရောက်သွားလိမ့်မယ်။ PSG တို့ကျတော့ ဘာမှသိပ်ပြောစရာမလိုပါဘူး။ သူတို့ရဲ့တိုက်စစ်မှူး Messi, Naymar, Mbappe တို့က ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူး ၃ ယောက်ပူးတွဲမှုပဲလို့တောင် သတ်မှတ်လို့ရပါတယ်။ သူတို့က အခုတလော Top Form ဖြစ်ပြီး ဂိုးတွေ မတရားသွင်းနိုင်နေကြပါတယ်။ ဒီတစ်ချက်က PSG ရဲ့ အားသာဆုံးပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘောလုံးထိုးပေးချက်က ပြိုင်ဘက်ခံစစ်မှူး နည်းနည်းငှေးမိတာနဲ့ ခံရလိမ့်မယ်။ ဒီပွဲ PSG ရဲ့မျှော်လင့်ချက်က ဒီနေရာပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ Teamwork ကတော့ ရှိတာချင်းတူတူပဲ။ အဲ့တော့ အခွင့်ရေးအပေါ်ပဲ မူတည်လိမ့်မယ်။ ပြတ်သားနိုင်တဲ့အသင်းက အနိုင်ရသွားလိမ့်မယ်။ ကျွန်တော့်အမြင်နဲ့ဆိုရင် ဒီပွဲ ဘိုင်ယန်တို့ ထပ်နိုင်သွားလောက်ပါတယ်။

11 Players

Bayern Munich (3-4-2-1) – Sommer – de Ligt – Upamecano – Davies – Goretzka – Kimmich – Coman – Sane – Musiala – Muller – Mane

PSG (3-5-2) – Donnarumma – Ramos – Marquinhos – Danilo – Ruiz – Warren Emery – Vitinha – Mukiele – Mendes – Messi – Mpabbe

Missing Players

Bayern Munich – Benjamin Pavard (Indirect card suspension), Noussair Mazraoui (Inflammation), Manuel Neuer (Fracture of the lower leg), Lucas Hernández (Cruciate Ligament Rupture)

Paris Saint-Germain – Neymar (Sprained ankle), Achraf Hakimi (Hamstring Injury), Renato Sanches (Hamstring Injury), Presnel Kimpembe (Achilles tendon rupture)

Facebook