Shan234

Shan234 မန်ယူ Vs ချယ်လ်ဆီး [ 25 May 23 - 01:30 hrs]

Shan234 အချင်းချင်းတွေ့ခဲ့ဖူးတဲ့ အခုနောက်ပိုင်း သရေကျသွားတာများပါတယ်။ မန်ယူတို့ရဲ့ ချန်ပီယံလိဂ်ဇုန်ကတော့ သာသာယာယာပဲဖြစ်နေတယ်။ ဒီပွဲ သရေကျရုံနဲ့ ချန်ပီယံလိဂ်ထဲပါဖို့ သေချာသွားပါပြီ။ အနိုင်ရသွားရင်တော့ အဆင့် ၃ မှာရှိတဲ့ နယူးကာဆယ်ကိုပါ တက်ကျော်သွားလိမ့်မယ်။ အဲ့ဒီတော့ မန်ယူတို့က ဒီပွဲ အနိုင်ရအောင် ကြိုးစားလိမ့်မယ်။ ချယ်လ်ဆီးတို့ကျတော့ နောက်နှစ် ဘယ်ဥရောပတိုက်ပွဲထဲကိုမှ ပါဖို့မရှိတော့ပါဘူး။ ရာသီကုန်တဲ့အထိ ထိန်းကစားရုံပဲ ရှိပါတော့တယ်။ ရာသီအသစ်ပြန်စဖို့ပဲ စောင့်နေပါတော့တယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ အဆင်သင့်ပိုင်းကတော့ မန်ယူမှာ ရက်ရှ်ဖိုဒ့်မရှိသေးပါဘူး။ Sabitzer တို့ McTom တို့ ပြီးတော့ မာတီနက်ဇ်တို့က အခုထိ ဒဏ်ရာမသက်သာသေးပါဘူး။ ချယ်လ်ဆီးတိုကျတော့ ကွင်းထဲအခြေနေ ဆိုးပြီထင်နေတာ ကွင်းပြင်က ပိုဆိုးနေပါတယ်။ သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိနေတယ်။ အဲ့တာကြောင့် ရှိတဲ့ကစားသမားတွေက ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် မန်ယူဘက်က တော်တော်ပဲ ပိုသာပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ထဲ ပြန်ပါသွားတဲ့အတွက် စိတ်ဓာတ်တွေ ပြန်ကောင်းနေကြလောက်တယ်။ သူတို့ရဲ့ အောက်မှာရှိတဲ့အသင်းတွေကို ဆရာကြီးအထာနဲ့ ပြုံးပြပြီး ချန်ပီယံလိဂ်တိုက်ပွဲ ဝင်လုံးလိမ့်မယ်။ တွေးကြည့်ရင် ချစ်စရာလေးပါ။ ၇-၀ နဲ့ ရှုံးထားပေမယ့် ချန်ပီယံလိဂ်ထဲတော့ ပါဝင်ကစားခွင့်ရှိသွားသေးတယ်လေဗျာ။ ချယ်လ်ဆီးတို့ကျတော့ အခုမှ မန်စီးတီးကိုရှုံးလာပါတယ်။ ဒါပေမယ့်လည်း ဘာမှတော့ မထိခိုက်လောက်ပါဘူး။ သူတို့မှာ ဘာမျှော်လင့်ချက်မှမရှိတော့တာဗျ။ နောက်ရာသီကျမှပဲ ပြန်စကြတာပေါ့။ ဒီနေ့မှာတော့ အစစအရာရာကြည့်ပြီး မန်ယူဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ စွမ်းဆောင်ရည်ကစ အသင်းအခြေနေနဲ့ စိတ်ဓာတ်တွေ ပိုကောင်းတယ်။ အဲ့ဒီလိုနဲ့ပဲ မန်ယူတို့ အေးအေးဆေးဆေး အနိုင်ကောက်ရသွားလိမ့်မယ်။

မန်ယူအသင်း ပရီးမီးယားလိဂ်တိုက်ပွဲထဲ ထပ်မံပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ အခုသူတို့ လီဗာပူးလ်ထက် ၃ မှတ်သာပြီး လီဗာပူးလ်က သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ်။ ဒီလက်ကျန်ပွဲဟာ သူတို့အတွက် အရေးကြီးပါတယ်။ ၁ မှတ်လေးရတာနဲ့ UCL တိုက်ပွဲအတွက် သေချာသွားလိမ့်မယ်။ UCL ထဲ မပါအောင်လုပ်မယ်ဆိုရင်တော့ ကျန်တဲ့ ၂ ပွဲစလုံးရှုံးမှရမယ်။ ပြီးတော့ အဲ့ဒီ ၂ ပွဲစလုံးက အိုထရက်ဖိုဒ်ကွင်းပါ ဖြစ်တဲ့အတွက် ရှုံးဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ နောက်ပြီး သူတို့ရဲ့ပြိုင်ဘက်မှာ တစ်ပွဲကချယ်လ်ဆီးဖြစ်ပြီး တစ်ပွဲက ဖူဟမ်ဖြစ်ပါတယ်။ အဲ့နှစ်သင်းစလုံးက မန်ယူထက်တော်တော်ညံ့တယ်။ ပြောမယ်ဆိုရင် မန်စီးတီးနဲ့ FA ဖလား တက်လုရမယ့်ပွဲကိုပဲ ကျော်ကြည့်နေကြလောက်ပြီ။ ဒီပွဲ မန်ယူမှာ ဘာပြသာနာမှမရှိပါဘူး။ ရက်ရှ်ဖို့ဒ်ကိုတော့ အနားပေးထားမယ်ထင်တယ်။ အားတွေပြည့်အောင် ထားခဲ့လိမ့်မယ်။ ကျန်တဲ့နေရာတွေကတော့ ဘာမှသိပ်ပြီး ပြောင်းလဲမနေတော့ပါဘူး။ ဘုန်းမောက်နဲ့တစ်ပွဲတုန်းက သိပ်ပြီးခြေစွမ်းမပြနိုင်ခဲ့ကြပေမယ့် တောင့်တင်းမှုတော့ရှိကြပါတယ်။ ကာစီမီရိုကြီးက အရင်လိုပြန်ဖြစ်သွားပါပြီ။ ဘန်းခံထိသွားကတည်းက မှားယွင်းမှုမဖန်တီးခဲ့တော့ပါဘူး။ ဆန်ချိုနဲ့ အန်တိုနီတို့လောက်ပဲ ဖန်တွေရဲ့ စိတ်တိုင်းမကျသေးပါဘူး။ အဆိုးဆုံးကတော့ ဆန်ချိုပေါ့။ သူက ဘောလုံးတစ်ခါရတာနဲ့ အတွေးအရမ်းများတယ်။ အဲ့အတွေး လျှော့ချနိုင်ရင်တော့ ဒီထက်တိုးတက်လိမ့်မယ်။ မန်ယူအသင်း အခုတလော ချယ်လ်ဆီးထက်သာပါတယ်။ လမ်ခရီးလည်း ပိုပြီးသာယာပါတယ်။ ဒီပွဲ မန်ယူဘက်က ၄-၂-၃-၁ စနစ်ကိုအသုံးပြုမယ်ထင်တယ်။ ကာစီမီရိုနဲ့ အဲရစ်ဆင်တို့ကို တွဲထားပြီး ကွင်းလယ်တိုက်စစ်နေရာ ဘရူနိုကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် အရှေ့ဆုံးမှာ မာရှယ်လ်တစ်ယောက်ထဲကိုပဲ ချထားလောက်ပါတယ်။ စည်းဘေးနှစ်ယောက်ကျတော့ အသုံးပြုနေကျကစားသမားနှစ်ယောက်ကိုပဲ ဆင်းထိန်းခိုင်းမယ်။ ပြီးရင် ခံစစ်ပိုင်းနေရာ Shaw – Wan Bissaka – Lindelof – Varane တို့ ၄ ယောက်ကိုပဲ ချထားလိမ့်မယ်။ ဒီလိုအင်အားမျိုးနဲ့ဆိုရင် အနိုင်ရသွားတဲ့အထိ မျှော်လင့်လို့ရပါတယ်။

အပြာရောင်ခရုလေးအသင်းကျတော့ နောက်ဆုံးတစ်ပွဲကမှ မန်စီးတီးကို ၁-၀ နဲ့ ကပ်ရှုံးလာပါတယ်။ သူတို့ရဲ့ တစ်ရာသီလုံးရဲ့စွမ်းဆောင်ရည်က တော်တော်ညံ့ပါတယ်။ အခြေခံထက် တော်တော်နိမ့်တယ်။ ကစားပုံကစားနည်းမရှိသလုံး စနစ်လည်းမရှိကြဘူး။ အရင်နှီးအများကြီးသုံးပြီး ကြည့်ကောင်းတာတစ်ခုမှ မရှိခဲ့ပါဘူး။ ပြတ်သားမှုကစ မရှိဘူး။ ကစားသမားသစ် ဝယ်ဖြည့်တဲ့နေရာ မထိရောက်ဘူး။ ပြီးတော့ လက်ရှိအသင်းနည်းပြကလည်း ပါရမီမရှိဘူး။ တစ်ခုမှကိုမကောင်းဘူးဖြစ်နေတယ်။ အရမ်းပဲဆိုးနေတယ်။ အဲ့တာနဲ့ ဒီရာသီ ဒီလိုအခြေနေမျိုးနဲ့ပဲ ပြီးသွားပါတော့တယ်။ နောက်ရာသီကျမှပဲ နောက်ထပ် သန်း ၅၀၀ သုံးကြည့်ပေါ့ အခြေနေကောင်းချင်ကောင်းလိမ့်မယ် ဟား ဟား။ အခုတလော အသင်းထဲမှာ ဘီအရည်သွေးရှိတဲ့ကစားသမားတွေ ပြည့်လျှံနေတယ်။ ပြန်ရောင်းမယ်ဆိုရင်လည်း အမြတ်မရလောက်ပါဘူး အရင်းပါပြုတ်ဖို့ရှိတယ်။ ပထမဦးဆုံး လုပ်ရမယ့်အလုပ်ကတော့ သတိရှိရှိနဲ့ လုပ်ကိုင်ရမယ်။ နေ့စဉ်တရားထိုင်ပါ။ နောက်နှစ်ကျရင် သူတို့ ဥရောပတိုက်မှ ဝင်ငွေမရတော့ အကြွေးပြန်ဆပ်ဖို့ တော်တော်ဒုက္ခရောက်ကြလိမ့်မယ်။ လက်ရှိ ကစားသမားအသီးသီးရဲ့စွမ်းဆောင်ရည်က ဘယ်လိုမှအဆင်မပြေဘူး။ ဒီလိုအခြေနေမျိုးဖြစ်ပြီး UCL အတွက် ကြိုပမ်းနေတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ မရှုံးပဲမနေလောက်ပါဘူး။ ပထမတစ်ပွဲတုန်းက သရေကျသွားပေမယ့် ဒီပွဲ မန်ယူရဲ့အိမ်ကွင်းဖြစ်တဲ့အတွက် အရမ်းခက်ပါလိမ့်မယ်။ ချယ်လ်ဆီးတို့မှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အပြည့်ရှိနေပြီး ရှိတဲ့ကစားသမားတွေက ကိုယ့်အမှားနဲ့ကိုယ် ဖန်တီးနေကြတတ်တယ်။ ပြီးတော့ ကိုယ့် position ကိုလည်း တာဝန်မကျေကြဘူး။ Set Piece နေရာ ထိန်းမကစားတတ်ဘူး။ ပြီးတော့ တိုက်စစ်ပိုင်းက ပြေးပေါက်တွေပါ မရှာတတ်ကြပါဘူး။ အဲ့ထက်ဆိုးတာ ဂိုးသွင်းတဲ့နေရာ လုံးဝကိုအဆင်မပြေဘူးဖြစ်နေတယ်။ နောက်နှစ်မှပဲ B+ အဆင့်တို့ A အဆင့်လောက်ရှိတဲ့ ကစားသမားနဲ့ ပြန်စရမယ်။ ဒီနေ့ကတော့ ဘယ်လိုမှအဆင်မပြေတော့ပါဘူး။ ဂိုးတစ်လုံးမှပြန်မသွင်းနိုင်ပဲ ရှုံးသွားလိမ့်မယ်။

11 Players

Manchester United (4-2-3-1) – De Gea – Shaw – Wan Bissaka – Lindelof – Varane – Casemiro – Eriksen – Fernandes – Anthony – Sancho – Martial

Chelsea (3-4-2-1) – Kepa – Fofana – Silva – Chalobah – Koulibaly – Fernandez – Hall – Mudryk – Ziyech – Streling – Havertz

Missing Players 

Manchester United -Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Marcel Sabitzer (Meniscal Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Chelsea FC – Marc Cucurella (Muscle Injury), Benoît Badiashile (Unknown Injury), Ben Chilwell (Hamstring Injury), N’Golo Kanté (Groin Injury), Reece James (Hamstring Injury), Mason Mount (Pelvis Injury), Armando Broja (Cruciate Ligament Rupture)

Facebook