shan bayin

အာဆင်နယ် Vs ခရစ်စတယ်ပဲလေ့စ် [19 Mar 23 - 20:30 hrs]

shan bayin အာဆင်နယ်အသင်း လိဂ်ထဲမှာ စွမ်းဆောင်ရည်တွေအရမ်းကောင်းနေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ယူရိုပါလိဂ်ပွဲစဉ်ကနေ အပယ်ခံထိလာပေမယ့် လိဂ်ထဲမှာကျတော့ အရမ်းပဲကြမ်းနေကြပါတယ်။ ယူရိုပါလိဂ်နဲ့တစ်ပွဲတုန်းက စပို့တင်းနဲ့တွေ့ပြီး နည်းနည်းပေါ့ဆမိတဲ့အတွက် သရေဂိုးသွင်းခံထိသွားပါတယ်။ အဲ့တာနဲ့ပဲ သူတို့ ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် လိဂ်ထဲမှာကျတော့ ဂိုးအရင်သွင်းခံထိခဲ့ပေမယ့် ခြေစွမ်းတွေပြပြီး ဂိုးပြန်ယူနိုင်ကြပါတယ်။ တစ်ပွဲလေးပဲမဟုတ်ပါဘူး။ ပြောမယ်ဆိုရင် အချိန်ပိုအတောအတွင်းမှာ ဂိုးသွင်းနိုင်တာ ၄ ပွဲ ၅ ပွဲတောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒီအခြေနေမျိုးနဲ့ဆိုရင် ချန်ပီယံဖြစ်ချင်တဲ့အခြေနေမျိုးလို့ ယူဆနိုင်ပါတယ်။ ဒီရာသီမှာ အိမ်ကွင်းနဲ့ ၁၃ ပွဲကစားပြီး အနိုင် ၁၀ ပွဲ လုပ်နိုင်ခဲ့တယ်။ ကျန်တဲ့ ၃ ပွဲက သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက တစ်ပွဲကို ဂိုး ၃ လုံးနီးပါး သွင်းနိုင်နေပါတယ်။ အာဆင်နယ်အသင်းက တိုက်စစ်ဆင်ကစားခြင်းကို ပိုဦးစားပေးပါတယ်။ ဂိုးသွင်းဖို့ ကွင်းလယ်ကနေ တိုက်စစ်ဆင်တတ်သလို စည်းဘေးကနေလည်း ထိုးဖောက်တတ်ပါတယ်။ ကွင်းထဲက ကစားသမားအသီးသီးဟာ လှုပ်ရှားမှုရှိတယ်။ သူတို့ဟာ ရာသီစတင်လာကတည်းက အခုအချိန်အထိ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးပဲလို့တောင် ပြောနိုင်တယ် သူတို့ ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ဒီနည်းစနစ်က သူတို့နဲ့ အရမ်းအဆင်ပြေပါတယ်။ အသက်ငယ်အသင်းကပ္ပတိန်ကြီးရဲ့ အတွေးအခေါ်အဝေါ် အရမ်းကောင်းတယ်။ ကစားလေ ပိုကောင်းလေဖြစ်နေတယ်။ ပြီးတော့ သူက အသင်းကို ဦးဆောင်တဲ့နေရာ တာဝန်ကျေပွန်စွာ လုပ်နိုင်တယ်။ ဒီပွဲ အာကြီးတို့အတွက် အေးဆေးပဲ။

ခရစ်စတယ်ပဲလေ့စ်တို့ကျတော့ အခုတလော စွမ်းဆောင်ရည်တွေမတရားဆိုးနေပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်လေးပဲ သာနေပါတယ်။ ပြီးတော့ သူများတွေထက် ပြိုင်ပွဲတစ်ပွဲ ပိုများပါတယ်။ အဲ့ထက်ဆိုးတာ သူတို့နောက်ဆုံး ၉ ပွဲစံချိန်ထဲမှာဆိုရင် အနိုင်တစ်ပွဲမှမရှိပဲ အရှုံး ၅ ပွဲနဲ့ သရေ ၄ ပွဲပဲ လုပ်နိုင်ကြပါတယ်။ သူတို့အရှုံးရသွားတာချည်းကလည်း ကြီးမားတဲ့ ၆ သင်းနဲ့ ရင်ဆိုင်ခဲ့ရလို့ပါ။ အာဆင်နယ်နဲ့ တွေ့ခဲ့ဖူးတဲ့ ပထမကျော့တုန်းကလည်း ၀-၂ နဲ့ ရှုံးထားခဲ့ဖူးပါတယ်။ ဒီပွဲ အာကြီးရဲ့အိမ်ကွင်း ပြန်ဖြစ်သွားပြီဆိုတော့ အရင်ပွဲထက် ပိုခက်လိမ့်မယ်။ ဒီပွဲကတော့ သူတို့ရဲ့ကစားစနစ်က မန်စီးတီးနဲ့ပွဲတုန်းကလို ၄-၃-၃ စနစ်နဲ့ပဲ ရောက်လာမယ်ထင်ပါတယ်။ ခံစစ်ပိတ်ကစားတဲ့အခါမှာ ၄-၅-၁ ပြန်ပြောင်းတာမျိုးဖြစ်ပါတယ်။ သူတို့ရဲ့ အထူးခြားဆုံးနေရာကတော့ စည်းဘေးပဲဖြစ်ပါတယ်။ Olise နဲ့ Zaha တို့က ပြိုင်ဘက်ခံစစ်ပိုင်းကို အနောက်ယှက်ပေးလိမ့်မယ်။ ဂိုးပြတ်သားမှုမရှိတဲ့ Edouard နဲ့ Eze တို့ကို ကွင်းလယ်အထိ ဆင်းနေခဲ့ရလိမ့်မယ်။ ပဲလေ့စ်တို့ရဲ့စွမ်းဆောင်ရည်က အာကြီးလောက်မကောင်းပေမယ့် အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အသင်း ဖြစ်တဲ့အတွက် ပေါ့ဆလို့မဖြစ်သေးပါဘူး။ ဒီပွဲ သူတို့ရဲ့ဦးတည်ချက်က သရေပဲဖြစ်လိမ့်မယ်။ ပြီးတော့ ပဲလေ့စ်အသင်းနည်းပြက အာကြီးရဲ့ဂန္နဝင်ကစားနဲ့ Viera ကြီးလည်းဖြစ်နေတယ်။ ကောင်းသောလက်ခံကြိုဆိုခြင်းဖြစ်လိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ကစားသမားနဲ့ စွမ်းဆောင်ရည်တွေ ယှဉ်ကြည့်ရင် အိမ်ရှင်ဘက်ကပိုသာပါတယ်။ နည်းပြချင်းယှဉ်ကြည့်ရင်လည်း အိမ်ရှင်ဘက်ကပိုသာပါတယ်။ ပဲလေ့စ်ဘက်က နည်းနည်းတိုက်ခိုက်နိုင်မယ်ဆိုရင် တန်ပြန်တိုက်စစ်ပဲဖြစ်လိမ့်မယ်။ ဒါပေမယ့်လည်း ရှင်းရှင်းပြောရင်တော့ မလွယ်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်ကပိုသာပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် မနိုင်မရှုံးလေးဖြစ်ခဲ့ကြပါတယ်။ သရေ ၅ ပွဲဖြစ်ပေါ်ခဲ့ပြီး အာဆင်နယ်ဘက်က အနိုင် ၃ ပွဲနဲ့ အရှုံး ၂ ပွဲ ရရှိသွားပါတယ်။ ဒီနှစ်အတွင်း အချင်းချင်းတွေ့ပြီး အာဆင်နယ်ဘက်က ၀-၂ နဲ့ အရင်နိုင်ထားပါတယ်။ အခုတလော နှစ်သင်းစလုံးရဲ့အခြေနေကတော့ လုံးဝကွာခြားနေပါပြီ။ အိမ်ရှင်အသင်းက လောလောဆယ်စွမ်းဆောင်ရည်အရမ်းကောင်းတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ယူရိုပါလိဂ်ကနေ အပယ်ခံထိလာပေမယ့် ပရီးမီးယားလိဂ်ထဲမှာကျတော့ ချန်ပီယံဖြစ်မယ့်ထဲက နံပါတ် ၁ ဖြစ်နေပါတယ်။ အခု သူတို့က မန်စီးတီးထက် ၅ မှတ်ပိုသာပြီး မန်စီးတီးနဲ့တွေ့ဖို့ ၁ ပွဲကျန်သေးတယ်။ ဒီနှစ်ကတော့ ချန်ပီယံဖြစ်မယ့်အသင်းကို ရာသီရဲ့နောက်ဆုံးပွဲအထိ လိုက်ကြည့်မှအဖြေသိရမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ရဲ့ခြေစွမ်းက တော်တော်ကောင်းတယ်။ ပြီးခဲ့တဲ့ပွဲတွေ အချိန်ပိုအတောအတွင်းမှာ ဂိုးသွင်းနိုင်ကြတယ်။ ချန်ပီယံဖြစ်မယ့်အခြေနေကြီးဖြစ်နေပါတယ်။ လွယ်လွယ်လေးနဲ့မရှုံးတတ်ဘူး။ အနိုင်ရမယ့်ကံပါရင် ဘယ်လိုပဲနေနေ အနိုင်ရသွားတတ်တယ်။ ကံတရားက သူတို့ဘက်ပါနေတယ်။ ဒါပေမယ့်လည်း အစစအရာရာ အသင်းဝင်ကစားသမားတွေကို ချီးကျိူးသင့်ပါတယ်။ သူတို့တွေက နာလည်မှုရှိရှိနဲ့ Position အသီးသီးကို ဝင်ရောက်အစားထိုးပေးတတ်ကြတယ်။ နားလည်မှုက သူတို့ရဲ့ အဓိကပဲလို့တောင် သတ်မှတ်လို့ရတယ်။ စည်းဘေးကတော့ သူတို့ရဲ့ထူးခြားချက်ပေါ့။ Martinelli နဲ့ Bukayo Saka တို့က ဒီနှစ်မှာ ခြေစွမ်းအရမ်းကောင်းနေကြတယ်။ ပြီးတော့ နွေရာသီဈေးတုန်းက ကစားသမားအသစ်ဝယ်ယူတဲ့နေရာလည်း အရမ်းအဆင်ပြေတယ်။ သင့်တော်တဲ့ကစားသမားကို ကြိုက်သလိုဆင်းကစားခိုင်းလို့ရနေပါတယ်။ တော်တော်ပြည့်စုံပါတယ်။ ခရစ်စတယ်ပဲလေ့စ်တို့ကျတော့ အရေးပေါ်အခန်းထဲမှာရှိနေတုန်းဖြစ်ပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်ပဲသာနေပြီး အခြားအသင်းတွေထက် ပြိုင်ပွဲ ၁ ပွဲ ပိုများနေပါတယ်။ ပြီးတော့ သူတို့ရဲ့ သွင်းဂိုးစံချိန်ကြီးကလည်း -၁၃ တောင် ဖြစ်နေပါပြီ။ အဲ့တာကြောင့် သူတို့မှာ လုံးဝအဆင်ပြေမနေဘူး။ အသင်းရဲ့ အထူးချွန်ဆုံးကစားသမားကတော့ Wilfred Saha ပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့ ဘယ်ခြေထောက်က Free kick ကောင်းတယ်။ ပြိုင်ဘက်ရဲ့ ခံစစ်ပိုင်းကို အနောက်ယှက်ပေးတတ်တယ်။ ဒါပေမယ့်လည်း ဒီပွဲ ဘယ်လိုပဲနေနေ အာဆင်နယ်ကိုမခံနိုင်ပါဘူး။

11 Players

Arsenal (4-3-3) – Ramsdale – Zinchenko – Magalhes – Saliba – White – Partey – Xhaka – Odegaard – Saka – Martinelli – Jesus

Crystal Palace (4-3-3) – Guaita – Mitchell – Guehi – Andersen – Clyne – Millivojevic – Eze – Schlupp – Edouard – Olise – Zaha

Missing Players

Arsenal FC – Mohamed Elneny (Knee Injury)

Crystal Palace – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

Facebook

မန်ယူအသင်း ပြီးခဲ့တဲ့အပတ် ယူရိုပါလိဂ်ပွဲစဉ်တုန်းက ဘက်တစ်အပေါ် ၁-၀ နဲ့ အနိုင်ရရှိလာတဲ့အတွက် ယုံကြည်မှုအပြည့် ရှိနေကြလောက်ပါတယ်။ ဒီဖလားပွဲထဲမှာ အိမ်ကွင်းနဲ့ ကျော်ဖြတ်လာတာတွေချည်းဖြစ်နေတယ်။ ပွဲတိုင်း ၃-၁ နဲ့ အနိုင်ရရှိလာပါတယ်။ ပရီးမီးယားလိဂ်မှအသင်း ၂ သင်းနဲ့လည်း တွေ့ဖူးပါတယ်။ အဲရစ်တန်ဟက်က ဒီပွဲ အရန်ကစားသမားတွေကို ဆင်းခွင့်ပေးလောက်တယ်။ အဓိက ကစားသမားတွေကိုတော့ နည်းနည်းပါးပါးအသုံးပြုလောက်မယ်ထင်တယ်။ မန်ယူတို့ နောက်ဆုံး ၃ ပွဲထဲမှာ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ ဥရောပဖလားပွဲတုန်းကလဲ နောက်တစ်ဆင့် ဆန်ကာတင်သွားနိုင်ခဲ့ပါပြီ။ သူတို့ရဲ့ အခုတလောပြသာနာက ပြိုင်ပွဲရက်တွေ အရမ်းကပ်နေတာပဲဖြစ်ပါတယ်။ ဒီလအတွင်း ၆ ပွဲမြောက်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ အချို့ကစားသမားက ပင်ပန်းနွမ်းနယ်နေပါပြီ။ ဒီပွဲ ကွင်းလယ်ပိုင်းမှာ ကာစီမီရိုမရှိသေးပါဘူး။ သူက ဘန်းခံထိထားတော့ အသင်းနဲ့ များများမဟုတ်ရင်တောင် နည်းနည်းထိခိုက်လိမ့်မယ်။ အဲ့တော့ တန်ဟက်က အဆင်ပြေမယ့်ကစားသမားကိုပဲ သေသေချာချာ ရွေးဆင်းခိုင်းရမယ်။ တိုက်စစ်ပိုင်းနေရာကတော့ Marcus Rashford က မျှော်လင့်ချက်အများဆုံးကစားသမားဖြစ်ပါတယ်။ ဒီရာသီအတွင်း သူ့မှာ ဂိုး ၂၆ လုံး သွင်းထားနိုင်ပါတယ်။ ဒါပေမယ့် အခြားတိုက်စစ်မှူးတွေလည်း သူ့ကို အထောက်အကူပြုနိုင်ဖို့လိုပါတယ်။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ Alejandro Carnacho၊ Donny van de Beck နဲ့ Christian Eriksen တို့ ၃ ယောက် မပါနိုင်သေးပါဘူး။ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ Striker နေရာ Weghorst ကိုပဲ တာဝန်ပေးပြီး Facundo Peñistry၊ Bruno Fernandes နဲ့ Marcus Rashford တို့ ၃ ယောက်ကို ကွင်းလယ်တိုက်စစ် တာဝန်ပေးသွားလောက်ပါတယ်။

shan bayin ဖူဟမ်တို့ကျတော့ အခုမှအာဆင်နယ်ကို ၀-၃ နဲ့ ရှုံးနိမ့်လာပါတယ်။ ဒီအစီစဉ်ထဲမှာ ကံကောင်းတာ တောင့်တင်းမှုရှိတဲ့အသင်းနဲ့ မရင်ဆိုင်ရသေးတာပဲဖြစ်ပါတယ်။ နောက်ဆုံး ၁၆ သင်းအဆင့်တုန်းကလောက်ပဲ ပရီးမီးယားလိဂ်မှအသင်းနဲ့ တွေ့ခဲ့ရပါတယ်။ ပထမ ၂ ပွဲ ဟူးလ်စီးတီးနဲ့ ဆန်းဒါးလန်းတို့နဲ့တွေ့ပြီး နောက်ဆုံး ၁၆ သင်းအဆင့်ရောက်တော့ လိဒ်စ်နဲ့တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကတော့ ကျဆင်းနေပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီးပြီ။ အဲ့ထက်ဆိုးတာ ခံစစ်ပိုင်းက ဂိုး ၆ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ Joao Palinha မရှိလို့လည်းပါပါတယ်။ သူမရှိတော့ ဖူဟမ်ရဲ့ကွင်းလယ်ပိုင်းက အလိုလိုပျော့သွားပါတယ်။ ဒါပေမယ် သူ ဒီပွဲပြန်ဆင်းနိုင်ပါပြီ။ ဖူဟမ်ရဲ့ဘောလုံးစတိုင်လ်က ကြည့်ချင်စရာကောင်းပါတယ်။ ဘယ်သူ့ကိုမှမကြောက်ပဲ တိုက်စစ်ဆင်ကစားတတ်ပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။ ဖူဟမ်ရဲ့ကွင်းလယ်ပိုင်းက ဘောလုံးကိုလိုက်ယူတတ်ပြီး ဖြတ်ချုပ်တတ်တယ်။ ပြီးတော့ လျင်မြန်တဲ့တောင်ပံ ၂ ဖက်စလုံးကို တိုက်ခိုက်ခိုင်းပါတယ်။ သူတို့ရဲ့ဂိုးဖန်တီးရှင်ကတော့ Mitrovic ပဲ ဖြစ်ပါတယ်။ ဒီရာသီအတွင်း သူ့မှာ ဂိုး ၁၁ လုံး သွင်းထားနိုင်ပါတယ်။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ Joao Palinha ပြန်လာပြီဆိုပေမယ့် Nieskens Kebano၊ Tom Cairney နဲ့ Layvin Kurzawa တို့ ၃ ယောက်ကျတော့ ဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ ဒီပွဲ ဖူဟမ်တို့ ၄-၂-၃-၁ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ်။ ဂိုးသမားနေရာကတော့ နံပါတ် ၁ ဖြစ်တဲ့ Bernd Leno ကိုပဲ ချထားလောက်တယ်။ အနောက်တန်းနေရာ Ream နဲ့ Robinson တို့ကို အဓိက တာဝန်ပေးထားပြီး Tete ကို တောင်ပံခံစစ်အနေနဲ့ ဆင်းနေခိုင်းလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Harrison Reid, Andreas Pereira နဲ့ Bobby de Cordova-Reid တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ်။ တိုက်စစ်ပိုင်းကျတော့ Solomon နဲ့ Mitrovic တို့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

ဒီ FA ဖလားပွဲဟာ နောက်ဆုံး ၈ သင်းအဆင့်ဖြစ်ပြီး ဒီနှစ်သင်း လိဂ်ပွဲစဉ်တုန်းက အချင်းချင်း တွေ့ခဲ့ဖူးပါတယ်။ အဲ့ပွဲ မန်ယူဘက်က ၂-၁ နဲ့ ကပ်နိုင်သွားပါတယ်။ မန်ယူကို အနိုင်ဂိုးသွင်းပေးတဲ့ကစားသမားကတော့ Alejandro Garnacho ပဲ ဖြစ်ပါတယ်။ မန်ယူရဲ့ ဒီပွဲပစ်မှတ်ကတော့ ဆီမီဖိုင်နယ်အထိ တက်လှမ်းဖို့အရေး အနိုင်ပဲဖြစ်ပါတယ်။ သူတို့ FA ဖလားထဲ ၂၀၁၈ ခုနှစ်ကတည်းက ဆီမီဖိုင်နယ်အထိ မတက်နိုင်ခဲ့ဖူးသေးပါဘူး။ ဒီဖလားတစ်ခုက မန်ယူတို့ ရင်ခုန်နိုင်တဲ့ ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။ FA ဖလား၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ပါပဲ။ ပရီးမီးယားလိဂ်ကတော့ အခွင့်ရေးအရမ်းနည်းပါတယ်။ မန်ယူတို့က အခုမှ စပိန်ကနေပြန်လာပါတယ်။ အဲ့တော့ ဒီပွဲ သူတို့မှာ Rotation မနည်းလောက်ပါဘူး။ မန်ယူရဲ့ ဒီပွဲ စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ ကာစီမီရိုမရှိတဲ့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ကွင်းလယ်ပိုင်းက အရည်သွေးကျဆင်းလောက်ပါတယ်။ ဖူဟမ်တို့ကျတော့ ဒီအဆင့်အထိ ဝင်ရောက်နိုင်တဲ့အတွက် တော်တော်တက်ကြွနေမှန်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ခြေစွမ်းနည်းနည်းကျဆင်းသွားပါတယ်။ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ်။ ဘရန်ဖိုဒ့်နဲ့တစ်ပွဲဖြစ်ပြီး အာဆင်နယ်နဲ့တစ်ပွဲမှာလည်း ၃-၀ နဲ့ ရှုံးလာပါတယ်။ ဒီပွဲကတော့ ဖူဟမ်တို့ လွယ်လွယ်လေးနဲ့ အရှုံးပေးမယ်မထင်ပါဘူး။ သူတို့အတွက် ဒီဖလားပွဲက နောက်ဆုံးအခွင့်ရေးဖြစ်နေသောကြောင့်ပါ။ အဲရစ်တန်ဟက်မှာလည်း အပီကစားဖို့ရှိပါတယ်။ အိမ်ကွင်းနဲ့ တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ နောက်ဆုံးမှာတော့ မန်ယူဘက်ကပဲ ကပ်နိုင်သွားပြီး နောက်တစ်ဆင့် ဆန်ကာတင်သွားမယ်လို့ ယုံကြည်ထားပါတယ်။

11 Players

Manchester United (4-2-3-1): De Gea; Dalot, Varane, Martinez, Shaw; Fred, Sabitzer; Sancho, Fernandes, Rashford; Weghorst

Fulham (4-2-3-1) : Rodak; Tete, Diop, Ream, Robinson; Palhinha, Reed; Willian, Pereira, Solomon; Mitrovic

Missing Players

Manchester United : Alejandro Garnacho (Ankle Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury) Casemiro (Red Card),Antony (Fever)

Fulham : Neeskens Kebano (Achilles tendon rupture), Layvin Kurzawa (Sideband tear) Willian (Back Injury), T. Cairney (Ankle Injury)

Facebook