sein lucky myanmar

sein lucky myanmar မန်ယူ Vs ဘာစီလိုနာ [ 23 Feb 23 - 02:30 hrs]

sein lucky myanmar အိမ်ရှင်မန်ယူအသင်း ဒီပွဲအတွက် ပြီးခဲ့တဲ့တစ်ပွဲတုန်းက အဓိကကစားသမားတွေကို အနားပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက Rotation ချကစားပေမယ့် ၃ ဂိုး ၀ နဲ့ အနိုင်ရလာတဲ့အတွက် တော်တော်တန်ပါတယ်။ အဲ့ဒီတော့ မန်ယူအသင်း အခုတလော ပရီးမီးယားလိဂ်ချန်ပီယံနဲ့ တော်တော်နီးနေပါပြီ။ သူတို့အထက်မှရှိတဲ့ အသင်း ၂ သင်းက အခုတလော မှားယွင်းမှုတွေ တော်တော်ဖြစ်ပေါ်နေကြပါတယ်။ မန်ယူတို့ နောက်ဆုံးတစ်ပွဲတုန်းက ပထမ မိနစ် ၂၀-၃၀ အတွင်း အခွင့်ရေးသိပ်မရခဲ့ပါဘူး။ ဒီဂီယာကောင်းလို့သာ အဆင်ပြေနေတာပါ။ ရက်ဖိုဒ့်က သူတို့ကို ပထမဆုံးဂိုးဖန်တီးပေးလိုက်တော့မှ ဒုတိယဂိုးနဲ့ တတိယဂိုးတို့ အလိုလို သွင်းနိုင်ခဲ့ကြပါတယ်။ အဲ့ပွဲ ဒီဂီယာရဲ့တောင့်တင်းမှုကို တော်တော်မြင်ခဲ့ရပါတယ်။ ယုံကြည်မှုအပြည့်နဲ့ လက်ရည်အရမ်းကောင်းတယ်။ ခံစစ်ပိုင်းနေရာမှာ ခံစစ်မှူးဖြစ်တဲ့ လုရှောလည်း ခြေစွမ်းပြနိုင်ခဲ့တယ်။ ညာဘက်ခြမ်းမှာရှိတဲ့ Dalot နဲ့ Wan bissaka တို့လည်း တော်တော်တောင့်တင်းမှုရှိကြပါတယ်။ ဒီပွဲ ဘယ်သူ့ကိုပဲဆင်းခိုင်းဆင်းခိုင်း အဆင်ပြေလောက်ပါတယ်။ ဒါပေမယ့် ဒီပွဲ ခံစစ်ပိုင်းရဲ့ ကွင်းလယ်အတွဲကတော့ Varane နဲ့ Martinez ဖြစ်ဖို့များပါတယ်။ အဲ့တော့ အလယ်တန်းတွေ ခံစစ်ပိုင်းအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ တိုက်စစ်ပိုင်းက အရမ်းကောင်းမနေပေမယ့် ကာစီမီရိုရှိနေတဲ့အတွက် တော်တော်ပဲစိတ်အေးရပါတယ်။ Fernandes က ဘောလုံးထိုးပေးပြီး ရက်ဖိုဒ့်က ဂိုးသွင်းရုံပဲဖြစ်ပါတယ်။ ဒီပွဲ မန်ယူဘက်က ထိန်းကစားရုံနဲ့ စတင်သွားလိမ့်မယ်။ ကွင်းအလယ်ပိုင်းမှာ Pressing ဆွဲမယ်။ ထိပ်ဆုံးကလူတွေက ပြိုင်ဘက်ကို အနှောက်ယှက်လိုက်ပေးမယ်။ ပြိုင်ဘက်ရဲ့ နည်းဗျူဟာကိုဖျက်ချုပ်ပြီး လျင်မြန်တဲ့တိုက်စစ်ကို ဆင်ပြီးကစားခဲ့ကြလိမ့်မယ်။ ပထမပွဲတုန်းက အဆင်ပြေသွားသလို ဒီပွဲမှာလည်း အဆင်ပြေသွားလောက်ပါတယ်။ မန်ယူတို့အတွက် ဒီပွဲ ထင်သလောက်မခက်ပါဘူး၊ နောက်တစ်ဆင့်ဆန်ကာတင်ဖို့အခွင့်ရေးရှိပါတယ်။ အင်အားတွေပြည့်စုံပြီး စွမ်းဆောင်ရည်ကပါကောင်းနေတော့ အိုထရက်ဖိုဒ့်ကွင်းနဲ့ ဘာစီကိုဆော်လွတ်လိမ့်မယ်။

ဘာစီလိုနာတို့ကျတော့ လာလီဂါလိဂ်မှနံပါတ် ၁ အသင်းဖြစ်ပါတယ်။ လိဂ်ထဲကစွမ်းဆောင်ရည်တွေကတော့ အရမ်းကြမ်းပါတယ်။ သူတို့ကို ဘယ်အသင်းမှကျော်မတက်နိုင်တော့ပါဘူး။ လိဂ်ထဲမှာ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပဲ အနိုင် ၁၂ ပွဲတောင် လုပ်ယူသွားနိုင်တယ်။ ဒါပေမယ့် ပြသာနာက လိဂ်ထဲကအခြေနေနဲ့ ဥရောပထဲကအခြေနေ လုံးဝကွားခြားမှုရှိတယ်။ UCL တိုက်ပွဲတုန်းကဆိုရင် ဂရုအဆင့်မှာပဲပြီးသွားတယ်။ ယူရိုပါအထိကျလာတော့လည်း မန်ယူနဲ့လာတွေ့နေရော။ အချင်းချင်းတွေ့ခဲ့တဲ့တစ်ပွဲတုန်းကဆိုရင် ၂-၂ နဲ့ သရေကျသွားပေမယ့် ဘာစီတို့ ကိုယ့်အိမ်ကွင်းဖြစ်နေတာတောင် ကစားပုံကစားနည်းက မန်ယူလောက် ကြည့်မကောင်းပါဘူး။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းဖို့အခွင့်ရေးတူပေမယ့် မန်ယူဘက်က ပိုထိရောက်ပါတယ်။ နောက်ပြီး ဘာစီဘက်က အဝါကဒ်ပြည့်သွားတဲ့ Pedri နဲ့ Gavi တို့ကိုပါ ဆုံးရှုံးသွားပါတယ်။ အဲ့တော့ ဒီပွဲ သူတို့နှစ်ယောက် မရှိတဲ့အတွက် ကွယ်လယ်ပိုင်း အားနည်းသွားလိမ့်မယ်။ ကစားသမားအသီးသီး ကြည့်မယ်ဆိုရင် ဂိုးသမားနေရာ Stegen ပဲ ဖြစ်လိမ့်မယ်။ သူ့လက်စွမ်းကကောင်းပါတယ် စိတ်ချလို့ရပါတယ်။ ခံစစ်ပိုင်းကလည်း အရင်တစ်ပွဲမှ ဆင်းကစားခဲ့တဲ့ ၄ ယောက်ကိုပဲ ထပ်ပြီးဆင်းခိုင်းလိမ့်မယ်။ ဥပမာ Kounde နဲ့ Alonso တို့ပေါ့။ အလယ်တန်းနေရာ ပြောထားတဲ့ အပေါ်နှစ်ယောက်မရှိသေးတဲ့အတွက် Roberto၊ De Jong နဲ့ Kessie တို့ ၃ ယောက်ကို ခံစစ်ပိတ်ကစားဖို့ပဲ ပိုဦးစားခိုင်းလိမ့်မယ်။ တိုက်စစ်ပိုင်းကျတော့ Fati နဲ့တစ်ယောက်က လျင်မြန်တဲ့ ကြယ်ပွင့်တိုက်စစ်မှူးဆိုပေမယ့် ပြင်းထံမှုနဲ့ကြုံရင်တော့ အဆင်ပြေမယ်မထင်ဘူး။ နောက်တစ်ဖက်က Raphinha ပေါ့။ သူက လီဝန်ကို အခွင့်ရေးဖန်တီးပေးလိမ့်မယ်။ ပထမပွဲတုန်းက လီဝန်မှာ ဘာမှတောင်မလုပ်လိုက်ရပါဘူး။ အဲ့တာနဲ့ ဒီပွဲမှာလည်း ဘာစီတို့ အဆင်ပြေမယ်မထင်သေးပါ။

ဒီည ယူရိုပါလိဂ်ပွဲတွေထဲမှာ ကြည့်ချင်စရာအကောင်းဆုံးကတော့ ဒီပွဲပဲဖြစ်ပါတယ်။ အချင်းချင်းတွေခဲ့ဖူးတဲ့စံချိန်နဲ့ စတင်ဝေဖန်သွားမှာဖြစ်ပါတယ်။ အဲ့ဒီစံချိန်ထဲမှာ ဘာစီဘက်ကပိုသာပါတယ်။ ဒါပေမယ့် အဲ့ဒီစံချိန်တုန်းက သူတို့အသင်းထဲမှာ ကမ္ဘာ့ထိပ်တန်းဖြစ်တဲ့ မက်စီ Xavi နဲ့ အင်နီယေစတာတို့ ရှိနေတဲ့အချိန် ဖြစ်နေတာမို့လို့ပါ။ အဲ့ဒီ ၃ ယောက်ထဲကတစ်ယောက်ဟာ အခု ကွင်းဘေးမှာရောက်သွားပါပြီ။ မန်ယူတို့ကျတော့ အဲ့ခေတ်တုန်းက ကြမ်းတဲ့ထဲရှိပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်ချင်းစီ ထောက်ကြည့်ရင်တော့ ဘာစီလောက်မကောင်းပါဘူး။ အခုလက်ရှိအချိန်ရောက်တော့ နှစ်သင်းစလုံးပဲ ပြောင်းလဲမှုတော်တော်ဖြစ်ခဲ့ကြပါတယ်။ အိမ်ရှင်ဘက်က ခေတ်တော်တော်များများကျော်ဖြတ်လာပြီး အခုမှပဲ တည်ငြိမ်သွားပါတော့တယ်။ ဒီနားမတိုင်ခင်တုန်းကဆိုရင် ကောင်းလိုက် ဆိုးလိုက်နဲ့ အလှည့်ကျဖြစ်သွားတာ တော်တော်ကြာခဲ့ပါတယ်။ ဒီနှစ်မှပဲ သရဲနီပြန်ဖြစ်သွားပါပြီ။ အသင်းထဲမှာ ကြယ်ပွင့်လေးတွေအများကြီး ရှိနေပေမယ့် အချိန်လိုသေးတယ်။ လိဂ်တိုက်ပွဲထဲမှာ တောင့်တင်းမှုရှိနေကြပေမယ့် ဥရောပဇာတ်ခုံထဲ ရောက်သွားရင်တော့ ထင်သလောက် မကောင်းနိုင်ကြသေးပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားသမားအသီးသီး ယှဉ်ကြည့်ရင် အိမ်ရှင်ဘက်က ပိုသာပါတယ်။ ဘာလို့လည်းဆိုတော့ ဘာစီဘက်က အဓိကဖြစ်တဲ့ ကစားသမား ၂ ယောက်တောင် မရှိပဲ ကစားရမှာမို့လို့ပါ။ နောက်ပြီး အဲ့ဒီနှစ်ယောက်က ဘာစီရဲ့ လှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ကစားသမားတွေပါ ဖြစ်နေတယ်။ အဲ့တာနဲ့ မန်ယူအတွက် တော်တော်လွယ်လိမ့်မယ်။ ပြီးခဲ့တဲ့တစ်ပွဲ မန်ယူကိုကြိုဆိုရတာတောင် ဒုက္ခရောက်သွားကြသေးတယ်။ ဒီပွဲ သူတို့ အဓိက နှစ်ယောက်ပါမရှိသေးပဲ မန်ယူကို ဧည့်သည်သွားလုပ်ရမှာဆိုတော့ အရှင်လက်လက်နဲ့ပြန်ရမယ်မထင်ပါဘူး။ အဲ့ထက်ဆိုးတာ ရက်ဖိုဒ့်ကြီးရဲ့ခြေထောက်က အခုတလော ရွှေဂွတ်ထားသေးတယ်။ By1 နေရာ သူ့ကို နိုင်မယ့်ကစားသမားမရှိဘူး။ နောက်ပြီး မန်ယူက ကာစီမီရိုကိုပါ ပြန်ရလာပြီဆိုတော့ ဘာစီတို့ ဘာမှသိပ်မတတ်နိုင်ပဲရှုံးသွားလိမ့်မယ်။

11 Players

Man Utd (4-2-3-1) – De Gea – Varane – Martinez – Wan bissaka – Shaw – Casemiro – Fred – Sabitzer – Rashford – Fernandes – Sancho

Barcelona (4-2-3-1) – ter Stegen – Kounde – Alonso – Christensen – Balde – Roberto – De Jong – Kessie – Raphinha – Fati – Lewandowski

Missing Players 

Manchester United – Antony (Leg Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury) 

FC Barcelona – Gavi (Yellow card suspension), Ousmane Dembélé (Hamstring Injury), Pedri (Muscle Injury)

Facebook