Royal Ace Myanmar

ဘရိုက်တန် Vs ဆောက်သန်တမ် [21 May 23 - 19:30 hrs]

Royal Ace Myanmar  ရောဘတ်တို ဒီဆာဘီနည်းပြလက်ထဲက ဆောက်သန်တမ်အသင်း နောက်ဆုံးတစ်ပွဲကမှ နယူးကာဆယ်ကို ၁-၄ နဲ့ရှုံးလာတဲ့အတွက် တော်တော်ရင်နာစရာကောင်းပါတယ်။ အဲ့တာနဲ့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲအနိုင် ၂ ပွဲအရှုံးပဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ A.Lallan၊ Jeremy Sarmiento၊ Tariq Lamptey၊ J.Moder၊ S.March၊ Adam Webster နဲ့ R.Sanchez တို့ကို အသုံးပြုလို့မရသေးပါဘူး။ အားလုံးက ဒဏ်ရာရထားခဲ့ကြလို့ပါ။ ကျန်တဲ့ Joel Veltman၊ Moises Caiseido၊ Pascal Gross၊ Alexis Mac Allister၊ Julio Enchizo၊ Kaoru Mitoma နဲ့ Ivan Ferguson တို့ကျတော့ အားလုံး အဆင်သင့်ပဲဖြစ်နေကြပါတယ်။ ဒီပွဲ ဆာဘီက ၄-၂-၃-၁ စနစ်ကိုပဲ အသုံးချသွားမယ်ထင်တယ်။ နောက်ခံနေရာ Pervis Estupignan၊ Levi Coolwell၊ Luis Dunk နဲ့ Moises Caisedo တို့ကိုပဲ တာဝန်ယူခိုင်းသွားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာ Pascal Gross၊ Alexis Mac Allister၊ Deniz Undaf နဲ့ Julio Enciso တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် အရှေ့ဆုံးမှာ Kaoru Mitoma နဲ့ Ivan Ferguson တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

Ruben Selles နည်းပြလက်ထဲကဆောက်သန်တမ်အသင်းကျတော့ နောက်နှစ် ပရီးမီးယားလိဂ်အဆင့်ထဲမရှိတော့ပါဘူး။ အတန်းဆင်းဖို့ လုံးဝသေချာသွားပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်နဲ့တွေ့ပြီး ၀-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် ၁ ပွဲသရေ ၄ ပွဲအရှုံး ဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Armel Bella-Kotchup၊ Romain Perrod၊ Mohammed Salisu၊ Valentino Livramento၊ Juan Larios Lopez နဲ့ Che Adams တို့ မရှိသေးပါဘူး။ ကျန်တဲ့ Alex McCarthy၊ Jan Bednarek၊ Kyle Walker-Peters၊ James Ward-Prowse၊ Romeo Lavia နဲ့ Carlos Alcaraz တို့လိုကစားသမားအားလုံး အဆင်သင့်ပဲဖြစ်နေကြပါတယ်။ Selles က ဒီပွဲ ၄-၂-၃-၁ စနစ်ကိုပဲ အသုံးချသွားမယ်ထင်ပါတယ်။ ခံစစ်ပိုင်းနေရာ Ainsley Maitland-Niles၊ Jan Bednarek၊ Liyanko နဲ့ Kyle Walker-Peters တို့ ၄ ယောက်ကို တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာ James Ward-Prowse၊ Romeo Lavia၊ Theo Walcott နဲ့ Carlos Alcaraz တို့ကို ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Sulemana နဲ့ Armstrong တို့ကို ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

အိမ်ရှင်ဘရိုက်တန်အသင်း စွမ်းဆောင်ရည်တွေ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတုန်းဖြစ်ပါတယ်။ နောက်နှစ် ဥရောပတိုက်ပွဲထဲပါနိုင်အောင် ကြိုးစားဖို့အတွက် ဒီပွဲ ၃ မှတ်ရအောင် လုပ်မှရမယ်။ ဒီပွဲကတော့ ကိုယ့်အိမ်ကွင်းနဲ့မို့လို့ အကျောပိုရထားပါတယ်။ ဆောက်သန်တမ်တို့ကျတော့ အခြေနေတွေဆိုးပြီး နိုင်ပွဲတွေပျောက်ဆုံးနေပါတယ်။ ဧပြီလကတည်းကစပြီး ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ အာဆင်နယ်နဲ့ စပါးနဲ့ သရေကျသွားခဲ့ဖူးပါတယ်။ ဒီရာသီမှာတော့ အတန်းဆင်းသွားမှာ သေချာသွားပါပြီ။ နှစ်သင်းစလုံးရဲ့ အစစအရာရာနဲ့ စွမ်းဆောင်ရည်ပါယှဉ်ကြည့်ရင် ဘရိုက်တန်ဘက်က ပိုသာပါတယ်။ ဆောက်သန်တမ်တို့ရဲ့ တိုက်စစ်ပိုင်းက ပြန်ပြင်စရာတွေ အများကြီးရှိနေသေးပြီး ခံစစ်ပိုင်းကလည်း အားပျော့နေပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ တက်ကြွမှုရှိနေတဲ့ ဘရိုက်တန်နဲ့ရင်ဆိုင်ရမှာဆိုတော့ မရှုံးပဲမနေလောက်ပါဘူး။ ဘရိုက်တန်တို့ရဲ့ကစားသမားတိုင်းက အနိုင်လိုစိတ်တွေ များနေကြပါတယ်။ ပြီးတော့ ပြိုင်ဘက်ကို နေရာတိုင်းပဲအန္တရာယ်ပြုနိုင်ပါတယ်။ ဒီလိုမျိုးနဲ့ ဘရိုက်တန်တို့ အေးအေးဆေးဆေး အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Brighton & Hove Albion (4-2-3-1): Steele; Gross, Dunk, Colwill, Estupinan; Caicedo, Gilmour; Enciso, Mac Allister, Mitoma; Ferguson

Southampton FC (4-2-3-1): Bazunu; Walker-Peters, Bednarek, Lyanco, Maitland-Niles; Ward-Prowse, Lavia; Sulemana, Alcaraz, S. Armstrong; Mara

Missing Players

Brighton & Hove Albion : Jeremy Sarmiento (Metatarsal Fracture), Tariq Lamptey (Knee Injury),R.Sanchez, J.Moder (Cruciate ligament Injury),S.March(Hamstring Injury),Adam Webster(Muscle Injury),J.Veltman(Muscle Injury),A.Lallan(Muscle Injury)

Southampton FC : Juan Larios (Unknown Injury),R.Perraud(Knock Injury),Che Adams(Knock Injury),M.Salisu(Knock Injury),A.Bella-Kotchap(Hamstring Injury)

Facebook

အင်္ဂလန်ကျွန်းမှ စူပါမန်စီးတီးအသင်း အခုတလော အရမ်းတွေကြမ်းနေပါတယ်။ ဒီနှစ် ကစားသမားသစ် ဝယ်ဖြည့်လိုက်တဲ့နေရာ တော်တော်ထိရောက်ခဲ့ပါတယ်။ ကစားသမားအသစ်တိုင်း ခြေစွမ်းပြနိုင်နေကြပါတယ်။ ကြယ်ပွင့်ကစားသမားတွေလည်း ပိုမိုတိုးပွားလာပါတယ်။ ဥပမာ Lewis တို့ ဂိုမက်စ်တို့လိုကစားသမားတွေပဲ ဖြစ်ပါတယ်။ အဲ့ထက်ကောင်းတာ အရင်းငွေ ယူရိုသန်း ၆၀ ထုတ်ပြီး ဟာလန်းကိုဝယ်ယူလိုက်တဲ့နေရာပဲ ဖြစ်ပါတယ်။ သူရဲ့လုပ်ခကို ခန့်မှန်းရတာခက်နေပါပြီ။ ပြီးတော့ ဂိုးသွင်းဘောနပ်အသီးသီးတွေလည်း အကုန်လုံးပဲ လက်ခံရရှိသွားနေလောက်ပါပြီ။ ဒီရာသီအတွင်း ဂိုး ၅၂ လုံးတောင် သွင်းထားနိုင်တယ်။ သူ့ရဲ့ကြီးထွားတဲ့ခန္ဓာကိုယ်နဲ့ သွက်လက်မှုလည်းရှိနေတယ်။ အခွင့်ရေးလည်းပြေးရှာတတ်ပြီး အခွင့်ရေးဖန်တီးပေးတဲ့ ဒီဘရိုင်းကပါရှိနေတော့ အစစအရာရာ တော်တော်ပဲအဆင်ပြေနေတယ်။ အခုတလော တစ်သင်းလုံးမှာ ယုံကြည်မှုအပြည့်ပဲရှိနေကြလောက်ပါတယ်။ EPL မှာ ချန်ပီယံဖြစ်ဖို့ လုံးဝသေချာသွားပါပြီ။ FA ဖလားမှာဆိုရင်လည်း တစ်မြို့တည်းသောသူငယ်ချင်းနဲ့ ရင်ဆိုင်ရမယ့်နေရာ စိတ်ပူစရာမရှိပါဘူး။ ပြီးတော့ ချန်ပီယံလိဂ်ဖလားမှာလည်း အင်တာနဲ့ တက်လုရမှာဆိုတော့ ဖလား ၃ ခုစလုံးရဖို့အခွင့်ရေး တော်တော်များနေပါတယ်။ ကြီးမားတဲ့ဖလားတွေချည်းလည်းဖြစ်နေတယ်။ ဒီနှစ်ထဲမှာ သူတို့ရဲ့အခြေနေက အပြည့်စုံဆုံးပဲလို့တောင်ယူဆနိုင်ပါတယ်။ မန်စီးတီးအသင်းက နောက်တစ်ဆင့်ထက် ခြေလှမ်းနိုင်ခဲ့ပါပြီ။ အခြားအသင်းတွေကျတော့ အခုထိ အဆင်မပြေကြသေးဘူး အချို့အသင်းဆိုရင် နောက်ပြန်ဆုတ်တာလည်း ရှိနေတယ်။ မန်စီးတီးကိုမီဖို့ဆိုတာ အရမ်းပဲဝေးသွားပါပြီ။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘာပြသာနာမှမရှိပါဘူး။ Rotation ချဖို့တော့ရှိလိမ့်မယ်။ Foden၊ Mahrez၊ Alvarez နဲ့ Laporte တို့က ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းရကြလောက်တယ်။ ပက်နဲ့ စကားများခဲ့တဲ့ ဟာလန်းနဲ့ ဒီဘရိုင်းတို့ကလည်း ပြန်အဆင်ပြေသွားပြီ မဖြစ်မနေ ဒီပွဲ ဆင်းခွင့်ရရင်ရသွားလောက်ပါတယ်။ မန်စီးတီးရဲ့အစစအရာရာကြည့်ပြီး ပက်က ကြိုက်တဲ့ကစားသမားကို ဆင်းကစားခိုင်းလို့ရပါတယ်။ ဒီပွဲ ပက်က ၄-၃-၃ စနစ်ကိုပဲ အသုံးချမယ်ထင်ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်က ဘာအကောင်းမှမရှိတဲ့အတွက် သူတို့ချည်းပဲ တိုက်စစ်ဆင်ပြီးဝင်လုံးသွားလိမ့်မယ်။ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုပဲ တာဝန်ပေးမယ်ထင်တယ်။ သူ့ကို စံချိန်အသီးသီး ကောက်သိမ်းဖို့အနေနဲ့ ဆင်းခိုင်းလိမ့်မယ်။ ဒီပွဲ အနိုင်ရသွားလို့ကတော့ ချန်ပီယံတန်းဖြစ်သွားပါပြီ။ ကိုယ့်အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ ပွဲပြီးတာနဲ့ ချန်ပီယံဖြစ်ဖို့ လုံးဝသေချာသွားလိမ့်မယ်။

Royal Ace Myanmar   အပြာရောင်ခရုလေးနဲ့ချယ်လ်ဆီးအသင်းကျတော့ ယူရိုသန်း ၅၀၀ နဲ့ စွမ်းဆောင်ရည်တွေရှယ်ပြနေတယ်။ အိပ်မက်လေးဘာလေးတော့ပြောကြည့်တာပေါ့။ ဖြစ်ရပ်မှန်က ဆန်ကျင့်ဘက်ဖြစ်နေတယ်။ အခု အဆင့် ၁၁ မှာရပ်တည်နေပြီး အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ စိတ်ပျက်စရာတော်တော်ကောင်းပါတယ်။ နောက်ဆုံး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ပွဲမရှိပေမယ့် အဲ့ ၂ ပွဲမတိုင်ခင်တုန်းကဟာဆိုရင် တကယ့်မနိုင်စိန်ကြီးဖြစ်နေတယ်။ စွမ်းဆောင်ရည်ကို အကောင်ထည်မဖော်နိုင်ဘူး။ တိုက်စစ်ပိုင်းက ဂိုးမသွင်းနိုင်ဘူး ခံစစ်ပိုင်းက အရမ်းပျော့တယ်။ ယူရို သန်း ၅၀၀ သုံးပြီး A အရည်သွေးအဆင့်ရှိတဲ့ Striker တစ်ယောက်မှမရလာခဲ့ပါဘူး။ ဒါပေမယ့် ကွင်းလယ်ပိုင်းနေရာကျတော့ လူတွေများလွန်းလို့ အရမ်းပိုလျှံနေပါတယ်။ ခံစစ်မှူးတွေလည်း အရမ်းများပေမယ့် သုံးစားလို့မရကြဘူး။ နောက်ဆုံး အိမ်ကွင်းနဲ့ဖောရက်စ်ကို ၂ လုံးတောင်ခံခဲ့ရပါတယ်။ ကလပ်ရဲ့အမှုဆောင်အဖွဲ့အစည်းက အဆင်မပြေပါဘူး။ ထိပ်တန်းနည်းပြတွေ ဒီလောက်ပေါသောနေတာတောင် အုပ်ချုပ်ဖူးတဲ့လမ်းပတ်ကို ပြန်ခေါ်လိုက်တာ ဘာသဘောလည်းမသိဘူး။ သူထွက်သွားတုန်းကဆိုရင် မောင်းထုတ်ခံထိပြီးမှ ထွက်သွားတာချည်းဗျ။ ဒီရာသီ ဒီပွဲအပါဝင် ကစားဖို့ ၃ ပွဲထဲပဲကျန်ပြီး ထိပ်တန်းအသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ အရင်စပြီး မန်ယူနဲ့တွေ့မယ် ပြီးတော့ နောက်ဆုံး နယူးကာဆယ်နဲ့ အပြီးသတ်သွားမှာဖြစ်ပါတယ်။ အဲ့တော့ UCL နေရာ လုယက်ရမယ့်အခြေနေက ဆက်ကြည့်ဖို့လိုပါဦးမယ်။ လက်ကျန် ၃ ပွဲကိုကြည့်ပြီး ၂ မှတ်လောက်ရရင် မဆိုးပါဘူး။ ရနိုင်ရင်တော့ ထင်ထားတာထက် ပိုပါလိမ့်မယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အပြည့်ပဲရှိနေတယ်။ စွမ်းဆောင်ရည်အရမ်းညံ့ပြီး အဝေးကွင်းနဲ့ပါကစားရမှာဆိုတော့ ခပ်ပျော်ပျော်နဲ့ ပြန်ရမယ်မထင်ဘူး။ ရီးရဲလ်တို့တောင် မခံနိုင်ပဲ ၄ လုံးတောင် သွင်းခံထိသွားပါတယ်။ အဲ့တော့ ချယ်လ်ဆီးတို့မှာလည်း ဘာမှမတတ်နိုင်ပဲ ပြန်သွားခဲ့ရလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်ကပိုသာပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် မန်စီးတီးဘက်က ချယ်လ်ဆီးကို ဂိုးသွင်းခံမထိပဲ နိုင်သွားတာချည်းဖြစ်နေတယ်။ အဲ့ဒီ ၅ ပွဲမှာ မိနစ်ပေါင်း ၄၅၀ ကျော်ဖြစ်ပြီး ချယ်လ်ဆီးဘက်က ဂိုးတစ်လုံးမှ ပြန်မသွင်းနိုင်ခဲ့ပါဘူး။ ပိုက်ဆံချမ်းသာတာချင်းတူပေမယ့် စွမ်းဆောင်ရည်ကျတော့ အရမ်းကွာဟနေပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ ဒီရာသီ ပြီးသွားပါပြီ။ မန်စီးတီးရဲ့ အခုလောလောဆယ် အဆင့် ၂ မှာရှိတဲ့ အာဆင်နယ်ထက် ၄ မှတ်သာနေပါတယ်။ ပြီးတော့ အာဆင်နယ်ဘက်က သူတို့ထက် ၁ ပွဲပါပိုကစားထားတယ်။ ဒီပွဲအပါဝင် ၃ ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။ ကိုယ့်ဂိုးကိုမှားပြီးမသွင်းမိရင်တော့ ချန်ပီယံဖြစ်သွားမှာ သေချာသွားလိမ့်မယ်။ ပြောမယ်ဆိုရင် ဒီပွဲပြီးတာနဲ့ ဖလားတန်းမလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ချန်ပီယံနေရာ လုံးဝသေချာဖို့အရေး ၃ မှတ်ထဲပဲ လိုနေပါတော့တာမလို့ပါ။ အဆင်သင့်ပိုင်းကတော့ မန်စီးတီးမှာ ဘာပြသာနာမှမရှိပါဘူး။ ဒဏ်ရာရထားတဲ့ကစားသမားတွေက အသင်းနဲ့ ဘာမှမထိခိုက်ဘူး။ ယုံကြည်မှုတွေလည်း ပြောစရာမရှိလောက်အောင် ပြည့်စုံနေတယ်။ ရီးရဲလ်တို့တောင် ၄-၀ နဲ့ ရှုံးသွားတာဆိုတော့ ဘာမှပြောစရာမလိုတော့ပါဘူး။ ချယ်လ်ဆီးတို့ကျတော့ အဓိကကစားသမားတွေ ဒဏ်ရာရထားနေကြပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် အသင်းရဲ့ ဆရာဝန်အဖွဲ့ကို ပြန်ကြည့်ဖို့လိုနေလောက်တယ်။ ဒီနှစ်အတွင်း တိုက်ပွဲတွေ ခန ခန ဝင်ခဲ့ရလို့ နားလည်ပါတယ်။ လီဗာပူးလ်နဲ့တွေ့တိုင်း မိနစ် ၁၂၀ အထိ ကစားရတတ်တယ်။ အဲ့တာကြောင့် ကစားသမားအသီးသီးက ပင်ပန်းနွမ်းနယ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာပဲပြောပြော ဒီထက်ကောင်းတဲ့နည်းလမ်းတော့ ရှိသင့်ပါတယ်။ အခုမှဝယ်ခဲ့တဲ့ ကစားသမားအသစ်တောင် ဒဏ်ရာရသွားပြီ။ Broja ကြီးက အရင်နှစ်တုန်းကဆိုရင် အငှါးစာချုပ်နဲ့ လွတ်ခဲ့တာတောင် ဒဏ်ရာမရဘူး။ အသင်းနဲ့ပြန်နေတော့မှ ဒဏ်ရာရသွားလေရော။ ချယ်လ်ဆီးရဲ့စွမ်းဆောင်ရည်က ဘယ်နေရာမှရင်ခုန်စရာမကောင်းတော့ပါဘူး။ ယူရိုသန်း ၅၀၀ က အလကားပါ။ ကိုယ်ရေးကိုယ်သာကိစ္စကြောင့် တူချယ်လ်ကိုအလုပ်ထုတ်ပြီး ဘာမှလုပ်မပြရသေးတဲ့ ပေါ်တာကို ခန့်အပ်လိုက်တယ်။ နောက်ပြီး လမ်းပတ်ကိုပြန်ခေါ်တယ်။ အဲ့အပိုင်း အမှုဆောင်အဖွဲ့တွေ အလုပ်မလုပ်တတ်မှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ အဲ့တာကြောင့် ငွေကို အလကားဖြုန်းနေတာဖြစ်လိမ့်မယ်။ အစစအရာရာ မန်စီးတီးလောက်မကောင်းတဲ့အတွက် ဂိုးအပြတ်နဲ့ရှုံးဖို့ရှိပါတယ်။

11 Players

Manchester City (4-3-3) – Ederson – Dias – Akaji – Walker – Gomez – Rodri – De Bruyne – Gundogun – Silva – Grealish – Haaland

Chelsea (4-3-3) – Mendy – Hall – Badiashile – Silva – Fofana – Fernandez – Kovacic – Gallagher – Mudryk – Havertz – Felix

Missing players

Manchester City – Benjamin Mendy (Suspended), Nathan Aké (Hamstring Injury)

Chelsea FC – Kalidou Koulibaly (Hamstring Injury), Ben Chilwell (Hamstring Injury), Marc Cucurella (Muscle Injury), N’Golo Kanté (Groin Injury), Reece James (Hamstring Injury), Mason Mount (Pelvis Injury), Armando Broja (Cruciate Ligament Rupture)

Facebook