ptt gaming

အင်တာ Vs ပေါ်တို [ 22 Feb 23 - 02:30 hrs]

ptt gaming အင်တာအသင်း အခုလိဂ်ထဲမှာ နံပါတ် ၂ ဖြစ်ပြီး ရာသီကုန်သွားတဲ့အထိ ဒီအဆင့်မှာပဲ ဆက်လက်ရှိနေမယ်ထင်ပါတယ်။ နာပိုလီကိုမှီဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။ ဒီ UCL တိုက်ပွဲထဲကအခြေနေ သူတို့ Group of Dead ထဲမှာ ပါဝင်ရှိခဲ့တယ်လို့ယူဆနိုင်ပါတယ်။ ဒီနှစ် UCL တိုက်ပွဲ ၆ ပွဲကစားပြီး ၁၀ မှတ် ကောက်သိမ်းနိုင်တယ်။ ဘာစီလိုနာကို ယူရိုပါအထိကျသွားအောင် ပိတ်ကန်လိုက်သေးတယ်။ သူတို့ရဲ့ အသင်းထဲကအခြေနေနဲ့ စွမ်းဆောင်ရည်တွေ ကောင်းပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ အိမ်ကွင်းနဲ့ပွဲတွေပဲ ဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ ၁၂ ပွဲကစားပြီး အနိုင် ၁၀ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒီ ၁၂ ပွဲထဲနဲ့ ဂိုး ၂၅ လုံးတောင် သွင်းယူသွားနိုင်ကြတယ်။ တစ်ပွဲကို ဂိုး ၂ လုံး ပုံမှန်သွင်းနိုင်နေတာဆိုတော့ တော်တော်ကောင်းတဲ့ထဲ ရှိပါတယ်။ အဲ့ထက်ကောင်းတာ ပြန်သွင်းခံထိတဲ့ဂိုးအရေအတွက်ကျတော့ ၆ လုံးထဲပဲရှိပါတယ်။ သူတို့ခံစစ်ပိုင်းလည်း အရမ်းပဲတောင့်တင်းမှုရှိနေကြပါတယ်။ ဂရုအဆင့်ပွဲတုန်းကဆိုရင် ဘိုင်ယန်ကိုပဲ ဂိုးပေးခဲ့ဖူးပါတယ်။ ကျန်တဲ့အသင်းတွေက သူတို့ကို ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ အဲ့တော့ ဒီပွဲ ပေါ်တိုဆိုတဲ့အသင်းကလည်း ဘိုင်ယန်လောက်မကြမ်းတဲ့အတွက် ဂိုးအများကြီးသွင်းနိုင်မယ်မထင်ပါဘူး။ အင်တာတို့ရဲ့ တောင့်တင်းမှုရှိတဲ့ခံစစ်ပိုင်းက ဒီပွဲ တော်တော်အသုံးဝင်လိမ့်မယ်။ တိုက်စစ်ပိုင်းမှ တိုက်စစ်မှူးဖြစ်တဲ့ Lautaro Martinez က ဂိုးသိပ်မသွင်းနိုင်ပေမယ့် မဖြစ်မနေ မပါလို့မဖြစ်တဲ့ကစားသမားပါ။ နောက်ဆုံးတစ်ပွဲတုန်းက အရန်အနေနဲ့ ဆင်းကစားခဲ့ရတာတောင် ဂိုးပိတ်သွင်းနိုင်ခဲ့တယ်။ ဒီပွဲ ပထမ ၁၁ ယောက်စာရင်းထဲ ပါကိုပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းတဲ့နောက်တစ်ယောက်ကျတော့ Dumfires ပါပဲ။ အစတုန်းက သူ့မှာ ညာဘက်ခံစစ်မှူးပါ ဒါပေမယ့် ၃-၅-၂ စနစ်နဲ့ဆိုရင် သူ့မှာခံစစ်ပိတ်ကစားခြင်းကိုပဲ ဦးစားမနေရတော့ပါဘူး တိုက်စစ်ဆင်တဲ့အခါမှာလည်း အထောက်အကူလုပ်ပေးနေရပါတယ်။ သူ့အခြေနေ တော်တော်ကောင်းပါတယ်။ ကွင်းအလယ်ပိုင်းမှာရှိတဲ့ Barella, Brozovic နဲ့ Mkhitaryan တို့ တွဲကစားတဲ့နေရာ တော်တော်အဆင်ပြေတယ်။ ခံစစ်ပိုင်းနေရာကျတော့ Acerbi နဲ့ Bastoni တို့ပဲ ဆင်းထိန်းလိမ့်မယ်။ De Vrij နဲ့တစ်ယောက်ကတော့ ဆင်းရမှာလားမသေချာသေးပါဘူး။ ဒီပွဲ Simone Inzaghi ဆိုတဲ့လူငယ်နည်းပြကြီးက ၃-၅-၂ စနစ်ကိုပဲ အသုံးပြုသွားမယ်ထင်တယ်။ ကွင်းလယ်ပိုင်းဦးစားပေးပြီး တည်တည်ငြိမ်ငြိမ်လေးကစားဖို့ စီစဉ်ထားလောက်ပါတယ်။ အနောက်တန်းနဲ့အလယ်တန်းက စိတ်ပူစရာမရှိပါဘူး အရှေ့တန်းကသာ ဂိုးသွင်းနိုင်ရင် ပွဲသိမ်းပါတယ်။

ပေါ်တူဂီမှ နာမည်ကြီး ပေါ်တိုအသင်းကျတော့ နောက်ဆုံး ၁၆ သင်းအဆင့်နဲ့ ၈ သင်းအဆင့်ထဲ အမြဲပါဝင်နေတတ်တဲ့အသင်းမျိုး ဖြစ်ပါတယ်။ ပြိုင်ပွဲတော်တော်များများ လီဗာပူးလ်နဲ့တွေ့ပြီး အပယ်ခံထိသွားတတ်ကြတယ်။ ဒီနှစ် နည်းနည်းကောင်းတာ အင်တာနဲ့တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာတို့က လီဗာပူးလ်ထက် ကြိုးစားမှုမနည်းပါဘူး။ တိုက်စစ်ဆင်တဲ့အခါမှာပဲ ကွားခြားမှုရှိတယ်။ ပေါ်တိုအသင်းက ဂရုအဆင့်တုန်းက ခြေစွမ်းတွေပြပြီး ဂရုဘီရဲ့နံပါတ် ၁ အနေနဲ့ ကျော်ဖြတ်လာပါတယ်။ ဒါပေမယ့် သူတို့ရှိနေတဲ့ဂရုထဲမှာ ခက်တဲ့ပွဲမရှိပါဘူး။ မထင်မှတ်တဲ့ဖြစ်ရပ်တွေကတော့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဥပမာ အက်သလက်တီကိုတို့ပေါ့ ယူရိုပါဖလားကိုတောင် ပြိုင်ဖို့မရှိပဲ အပယ်ခံထိသွားပါတယ်။ ပေါ်တိုတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က ပုံမှန်ဖြစ်တယ်။ သူ့အခြေခံနဲ့သူ ကောင်းနေပါတယ်။ လိဂ်ပွဲစဉ်တွေမှာလည်း အနိုင်တောက်လျှောက် လုပ်နိုင်နေကြပါတယ်။ ဒါပေမယ့် သူတို့လိဂ်ထဲမှာ တကယ့်ပြိုင်ဘက်သိပ်မရှိကြပါဘူး။ အဲ့တော့ သူတို့ရဲ့ နောက်ဆုံး ၁၁ ပွဲစံချိန်ထဲမှာ အရှုံးပွဲမရှိတာ မထူးဆန်းပါဘူး။ ပေါ်တိုအသင်းဟာ တိုက်စစ်ဆင်ကစားတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်။ အသက် ၃၀ နဲ့ တိုက်စစ်မှူး Taremi က သူတို့ရဲ့အဓိက ကစားသမားဖြစ်ပါတယ်။ လိဂ်ထဲမှာလည်း ဂိုးအများဆုံး သွင်းနိုင်တဲ့စံချိန် ပိုင်ဆိုင်ထားတုန်းပါ။ ဒီ UCL တိုက်ပွဲထဲမှာဆိုရင်လည်း ဂိုး ၅ လုံး သွင်းနိုင်ပြီးပါပြီ။ ဆာလက်နဲ့ အမ်ဘတ်ပီတို့တောင် ၇ လုံးပဲ သွင်းနိုင်ကြသေးတယ်။ ပေါ်တိုတို့ရဲ့ ကစားပုံကစားနည်းကတော့ စည်းဘေးကနေ ထိုးစစ်တတ်ကြပါတယ်။ သူတို့ရဲ့တောင်ပံကစားသမားက အပြေးတော်တော်မြန်ပါတယ်။ Pepe နဲ့ Franco တို့ရဲ့အပြေးက မြန်တဲ့ထဲရှိပါတယ်။ Otavio ကပဲ မပါနိုင်သေးတဲ့အတွက် နှမြောစရာကောင်းပါတယ်။ ပေါ်တိုတို့ အခုတလော ဒဏ်ရာရထားတဲ့ အဓိက ကစားသမားတွေ တော်တော်များများရှိနေပါတယ်။ Galaeno Evanilson နဲ့တစ်ယောက်ဆိုရင် အခုထိ ကွင်းထဲမဆင်းနိုင်သေးပါဘူး။ အဲ့တော့ Taremi နဲ့ အရှေ့မှာတွဲကစားဖို့ Martinez ကိုပဲ တာဝန်ပေးလိုက်ရပါတယ်။ ပေါ်တိုအသင်းရဲ့အခြေနေက မပြည့်စုံသေးပဲ အင်တာကို ဧည့်သည်သွားလုပ်ရမှာဆိုတော့ အရှုံးရသွားမယ်ထင်ပါတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်ကပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း တော်တော်ကြာပါပြီ။ ၂၀၀၅ ခုနှစ်တုန်းကစံချိန်ကိုဆိုလိုပါတယ်။ ပြောမယ်ဆို ၁၈ နှစ်တောင်ရှိသွားပါပြီ။ အဲ့ပွဲပြီးတာနဲ့ တစ်ပွဲမှမတွေ့ကြရသေးပါဘူး။ ဒီပွဲ အချင်းချင်းပြန်တွေ့ပြီဆိုတော့ လက်ရှိစွမ်းဆောင်ရည်ကိုပဲကြည့်ပြီး ယူဆရလိမ့်မယ်။ နှစ်သင်းစလုံး ကစားနေတဲ့လိဂ်ချင်းယှဉ်ကြည့်ရင်တော့ အင်တာဘက်ကပိုခက်ပါတယ်။ ပေါ်တူဂီလိဂ်က အီတလီလိဂ်လောက် တောင့်တင်းမှုမရှိပါဘူး။ အင်တာတို့က အဲ့လိုကြမ်းတဲ့လိဂ်မှ Top4 အသင်းထဲ ပါဝင်နေပါတယ်။ ပေါ်တိုတို့ရောပဲပေါ့်၊ ကိုယ့်လိဂ်နဲ့ကိုယ် ကောင်းနေကြပါတယ်။ နှစ်သင်းစလုံးက UCL တိုက်ပွဲထဲ နှစ်တိုင်းပဲ ပါဝင်ယှဉ်ပြိုင်တတ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုနဲ့ မနီးနိုင်ကြသေးပါဘူး။ အင်တာတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က သုံးစားလို့ရပါတယ် မဆိုးပါဘူး။ ဒါပေမယ့် တိုက်စစ်ပိုင်းကသာ နည်းနည်းလိုနေသေးတယ်။ ပွဲတိုင်းနီးပါး မနည်းရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်းစံချိန်ထဲမှာကတော့ ကြမ်းပါတယ်။ တစ်ပွဲနဲ့တစ်ပွဲမှာ ဂိုးသွင်းနှုန်း ၂.၅ လုံးလောက်ရှိနေပါတယ်။ ဒါပေမယ့် အဝေးကွင်းနဲ့အခြေနေကတော့ နည်းနည်းစိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ အကျောတော်တော်ရထားပါတယ်။ ဒီညပွဲ သူတို့ဂိုးသွင်းဖို့ရှိပါတယ်။ ဧည့်သည်အသင်းကို ဖိအားပေးနိုင်လိမ့်မယ်။ ပေါ်တိုတို့မှာလည်း တိုက်စစ်ဆင်ကစားတဲ့နေရာ တော်တော်ထိရောက်ပါတယ်။ လိဂ်ထဲမှာ ဘင်ဖီကာတို့ရဲ့အနောက်ကနေ လိုက်နေရတယ်ဆိုပေမယ့် သူ့စွမ်းဆောင်ရည်နဲ့သူတော့ ကောင်းနေတုန်းဖြစ်ပါတယ်။ အရှုံးမရှိတာလည်း ၁၁ ပွဲတောင် ရရှိသွားပါပြီ။ သွင်းဂိုးစံချိန်ကပါကောင်းနေတယ်။ သူတို့အဝေးကွင်းနဲ့စံချိန်ကတော့ စိတ်ပူစရာရှိပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သူ့အခြေခံနဲ့သူ ရှိနေကြပါတယ်။ ဒီပွဲ တော်တော်ကြည့်ကောင်းလိမ့်မယ်။ နှစ်သင်းစလုံးရဲ့သွင်းဂိုးပေါင်းလိုက်ရင် ၃ လုံးလောက်ဖြစ်ပေါ်ဖို့ရှိပါတယ်။

11 Players

Inter Milan (3-5-2) – Handanovic – Acerbi – De Vrij – Bastoni – Barella – Mkhitaryan – Brozovic – Dumfries – Dimarco – Lukaku – Martinez

Porto (4-4-2) – Costa – Wendell – Marcano – Pepe – Joao Mario – Eustaquio – Grujic – Pepe – Franco – Taremi – Martinez

Missing Players

Inter Milan – Dalbert (Cruciate Ligament Injury), Joaquín Correa (Hamstring Injury)

FC Porto – Fábio Cardoso (Unknown Injury), Evanilson (Unknown Injury), Galeno (Rupture of the spleen), Mateus Uribe (Rupture of the spleen), Gabriel Veron (Ankle Injury), Otávio (Muscle Fatigue)

Facebook

Marco Rose နည်းပြရဲ့လိုက်ပ်ဇစ်အသင်း လိဂ်ပွဲစဉ်ဖြစ်တဲ့ နောက်ဆုံးတစ်ပွဲကမှ Wolfsburg အပေါ် ၃ ဂိုး ၀ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲအတွက် အသင်းရဲ့အခြေနေက သူတို့အဓိကကစားသမားတွေ စုံစုံလင်လင်ရှိနေကြပါတယ်။ Peter Gulaksi, Abdou Diallo နဲ့ Dani Olmo တို့အပြင် ဘယ်သူမှ ဒဏ်ရာထပ်မရခဲ့ပါဘူး။ သူတို့ ၃ ယောက်စလုံးက အခုထိ အနားယူနေရတုန်းဖြစ်ပါတယ်။ ဒီပွဲကတော့ သူတို့ဆီမှာရှိတဲ့အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်ပြီး မန်စီးတီးနဲ့တိုက်ခိုက်ခဲ့ကြလိမ့်မယ်။ ဒီပွဲ လိုက်ပ်ဇစ်ဘက်က ၄-၂-၃-၁ စနစ်နဲ့ စောင့်နေလိမ့်မယ်။ Striker နေရာ Silva ကိုတာဝန်ပေးပြီး Dominic Soboszlai, Christopher Nkunku နဲ့ Timo Werner တို့ ၃ ယောက်ကို ကွင်းလယ်တိုက်စစ်တာဝန် ပေးထားလိမ့်မယ်။

ptt gaming  ပက် ဂွါဒီယိုလာနည်းပြရဲ့မန်စီးတီးအသင်းကျတော့ အခုမှ လိဂ်ပွဲစဉ်ဖြစ်ပြီး ဖောရက်စ်နဲ့ ၁-၁ သရေကျလာခဲ့ပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ ၂၈ နှစ်အရွယ် John Stones ကလွဲပြီး ဘယ်သူမှ ဒဏ်ရာထပ်ရမသွားခဲ့ပါဘူး။ ဒီပွဲ ပက်က အချို့ဒုတိယကစားသမားတွေကို အသုံးပြုဖို့ရှိလောက်ပါတယ်။ ဖောရက်စ်နဲ့ပွဲတုန်းကတောင် ဒုတိယကစားသမားတွေကို ညှပ်ပြီးပါလာသေးတယ်။ ဥပမာ ပြီးခဲ့တဲ့တစ်ပွဲတုန်းက ပထမလူစာရင်းထဲ ပါခဲ့တဲ့ ဖိုဒန်း ဒီပွဲ သူ့နေရာ Riyad Mahrez နဲ့ အစားထိုး ဆင်းခိုင်းသွားမယ်ထင်ပါတယ်။ Manuel Akanji နဲ့ Nathan Ake တို့မှာလည်း ဒီပွဲ ဆင်းရလောက်ပါတယ်။ ဒီပွဲ ပက်ဘက်က ၃-၄-၂-၁ စနစ်နဲ့ရောက်လာလိမ့်မယ်။ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုတာဝန်ပေးပြီး Gundogan နဲ့ ဒီဘရိုင်းတို့ကို ကွင်းလယ်တိုက်တာဝန်ပေးထားလောက်ပါတယ်။ Rodri နဲ့ Bernardo တို့ကျတော့ အရင်အတိုင်းပဲ ခံစစ်ပိုင်းကို အထောက်အကူလုပ်ဖို့ ကွင်းလယ်ခံစစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

ယူဖာချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် လိုက်ပ်ဇစ် Vs မန်စီးတီးတိုက်ပွဲပဲ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်း ပြီးခဲ့တဲ့တစ်ပွဲကမှ Wolfsburg အပေါ် ၃ ဂိုး ၀ နဲ့ အနိုင်ရရှိလာပြီး ဘွန်ဒက်လီဂါချန်ပီယံဖြစ်ဖို့ ရင်ခုန်နိုင်နေပါတယ်။ အခုတလော လိဂ်ထဲမှာ နံပါတ် ၅ ဖြစ်ပြီး နံပါတ် ၁ အသင်းထက် ၄ မှတ်ပဲ နည်းနေတော့တယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ကစားရမှာဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ နောက်ဆုံးတစ်ပွဲတုန်းက နံပါတ် ၂ အသင်းကိုရှုံးလာသေးတယ်။ အဲ့တော့ ဒီစံချိန်နဲ့ဆိုရင် မန်စီးတီးကိုမမှီပါဘူး။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်တို့က ကြီးမားတဲ့အသင်းတွေနဲ့တွေ့ရင် ခြေစွမ်းပြနိုင်တတ်ကြပါတယ်။ မန်စီးတီးတို့ကျတော့ ဒီပွဲ သူတို့အတွက် မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ အချင်းချင်းတွေ့ခဲ့ဖူးတဲ့နောက်ဆုံး ၅ ပွဲထဲမှာ လိုက်ပ်ဇစ်ဘက်က ၁ ပွဲလေးပဲရှုံးသွားပါတယ်။ နောက်ပြီး မန်စီးတီးတို့ရဲ့ နောက်ဆုံးတစ်ပွဲစွမ်းဆောင်ရည်က ဖောရက်စ်နဲ့ ၁-၁ ပဲ လုပ်နိုင်ပါတယ်။ မန်စီးတီးတို့ နောက်ပွဲကျရင် ကိုယ့်အိမ်ကွင်းဖြစ်မှာဆိုတော့ စိတ်ဖိအားတွေနည်းသွားအောင် ဒီပွဲကတည်းကစပြီး အသက်ကုန်ကြိုးစားလိမ့်မယ်။ ဒီပွဲ ဂိုးအရင်သွင်းနိုင်တဲ့ဘက်က ဂိုးနောက်တစ်လုံးရဖို့အခွင့်ရေး ပိုင်ဆိုင်သွားလိမ့်မယ်။ ဒီပွဲကတော့ မန်စီးတီးဘက်ကို ပိုအားပါပါတယ်။

11 Players

RB Leipzig (4-4-2 ) :  Blaswich; Klostermann, Orban, Gvardiol, Raum; Schlager, Laimer; Szoboszlai, Forsberg, Werner; Silva

Manchester City( 3-4-2-1) : Ederson; Walker, Akanji, Ake; Rodri, Bernardo; Mahrez, De Bruyne, Gundogan, Grealish; Haaland

Missing Players

RB Leipzig : Péter Gulácsi (Cruciate Ligament Rupture), Abdou Diallo (Knee Problems), Dani Olmo (Torn Muscle Fibre)

Manchester City : John Stones (Hamstring Injury)

Facebook