platinumclubmm football bet

platinumclubmm football bet မန်ယူ Vs လိဒ်စ် [ 8 Feb 23 - 02:30 hrs]

platinumclubmm football bet အိမ်ရှင်မန်ယူအသင်း အခုနောက်ပိုင်း ခြေစွမ်းတွေတောက်လျှောက်ကောင်းနေပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲမတိုင်ခင် နှစ်ပွဲတုန်းက ပွဲစလုံး မှတ်မရခဲ့ပါဘူး။ နောက်ဆုံးတစ်ပွဲရောက်တော့မှ ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ပြီး မှတ် ရလာပါတယ်။ အဲ့ပွဲ မန်ယူတို့ရဲ့ တိုက်စစ်ဆင်ကစားခြင်းဟာ တော်တော်ပဲထိရောက်တယ်။ ဒုတိယပိုင်းတုန်းကလောက်ပဲ ကာစီမီရိုက ပြိုင်ဘက်ရဲ့လည်ဂုတ်ကို ညှစ်တယ်။ တကယ့်တကယ်တော့ အဲ့နေရာ သူ့မှာ အသာလေးကိုင်ရုံပါပဲ။ ဒါပေမယ့် ဒိုင်လူကြီးက စည်းကျော်ခဲ့တယ်ဆိုပြီး အရေးယူသွားရော။ အဲ့ပွဲ ဒိုင်လူကြီးက အခြေခံမရှိပဲ ကိုယ့်စိတ်နဲ့ကို ဆုံးဖြတ်ခဲ့တယ်လို့ ယူဆထားပါတယ်။ အကောင်းဘက်ကို ကြည့်ရင်တော့ နောက် ပွဲကျရင် ကျား နဂါးတွေနဲ့တွေ့ဖို့ရှိတဲ့အတွက် အဲ့ပွဲကတည်းကစပြီး ကြိုအနားယူလိုက်တယ်ဆိုတဲ့သဘော။ အဲ့တော့ ကာစီမီရိုမှာ အင်အားတွေပြန်ပြည့်ဖို့ အဆင်ပြေသွားပါတယ်။ ဒီပွဲ မန်ယူဟာ လိဒ်စ်နဲ့တွေ့ရမယ့်နေရာ စိတ်ပူစရာမရှိပါဘူး။ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က တစ်ယောက်တစ်ခြားစီကြီးဖြစ်နေပါတယ်။ နောက်ပြီး မန်ယူက ကိုယ့်အိမ်ကွင်းနဲ့ပါကစားရမှာဖြစ်ပါတယ်။ ဒီပွဲ မန်ယူရဲ့ကွင်းလယ်ပိုင်းနေရာ Sabitzer က McTominay နဲ့ တွဲဆင်းရလောက်တယ်။ နောက်ခံ ယောက်ကျတော့ အရင်တစ်ပွဲတုန်းကအတိုင်းပဲ ဘာပြောင်းလဲမှုမှမရှိလောက်ဘူး။ တိုက်စစ်ပိုင်းကျတော့ ရွေးစရာကစားသမားတွေအများကြီးရှိပါတယ်။ ဥပမာ မာရှယ်တို့ ရက်ဖိုဒ်တို့ အန်တိုနီတို့ ပြီးတော့ ကာနာချိုနဲ့ ဆန်ချိုတို့လည်း အကုန်လုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း တန်ဟက်က အသုံးပြုနေကြတဲ့ တိုက်စစ်မှူး ယောက်ကိုပဲ ရွေးသုံးလောက်ပါတယ်။ ဒီပွဲ အေးအေးဆေးဆေးနဲ့ မှတ်ရသွားလောက်ပါတယ်။

 

လိဒ်စ်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ သိပ်မကောင်းပါဘူး။ အခုအချိန်အထိ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒီရာသီအတွင်း ပွဲ ၂၀ ဆင်းကစားပြီး အနိုင် ပွဲထဲပဲ လုပ်နိုင်ကြပါတယ်။ အဲ့ဒီ ပွဲထဲမှာ ဂိုးသွင်းခံမထိပဲ အနိုင်ရလာတာ ပွဲရှိပါတယ်။ ဒီရာသီအတွင်း အဝေးကွင်းနဲ့စံချိန်တွေကတော့ ၁၀ ပွဲကစားပြီး အရှုံး ပွဲတောင် ရရှိသွားပါတယ်။ အဲ့ဒီ ပွဲထဲနဲ့ ဂိုး အလုံး ၂၀ တောင် သွင်းခံထိခဲ့ပါတယ်။ တစ်ပွဲကို ဂိုး လုံး ပုံမှန်သွင်းခံထိနေတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်ကိုရှုံးလာပါတယ်။ လက်ရှိ အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိပါဘူး။ သူတို့ဘာသာ သူတို့ညံ့နေတာဖြစ်ပါတယ်။ ခံစစ်ပိုင်းက အားရစရာမကောင်းဘူး။ ကွင်းလယ်ပိုင်းလည်း သုံးစားလို့မရ တိုက်စစ်ပိုင်းနေရာကျတော့ ရိုဒရီဂိုလောက်ပဲကောင်းပါတယ်။ ဒီရာသီ သူ့မှာ ဂိုး ၁၀ လုံး သွင်းထားနိုင်ပါတယ်။ အခုထိ လိဒ်စ်တို့ရဲ့သွင်းဂိုးက ၂၆ လုံးပဲရှိပါတယ်။ ပြောမယ်ဆိုရင် ဂိုးသွင်းအတော်ဆုံးကစားသမားက တစ်ယောက်ပဲရှိတယ်လို့ပြောနိုင်ပါတယ်။ အဲ့ဒီတော့ ရိုဒရီဂိုကို တားနိုင်ရင် ပွဲသိမ်းပါတယ်။ လိဒ်စ်တို့ရဲ့ အခြားအဓိကကစားသမားတွေ မကောင်းတဲ့အပြင် ဒုတိယကစားသမားတွေလည်း ကောင်းမနေပါဘူး။ အဲ့တော့ သူတို့ရဲ့ လိဂ်ထဲကအခြေနေ အတန်းဆင်းဖို့တော်တော်များနေပါတယ်။ ဘာလို့လည်းဆိုတော့ အဲဗာတန်အသင်းက အခုမှနည်းပြအသစ်ပြောင်းလိုက်တော့ အာဆင်နယ်နဲ့ပွဲတုန်းက အဲဗာတန်အသင်းမှန်တောင် မဟုတ်သလို တော်တော်ကြမ်းပါတယ်။ ဝုဗ်တို့ ဝက်စ်ဟမ်းတို့ ပြီးတော့ လက်စတာတို့က အခုတလော အခြေနေပြန်ကောင်းနေပါပြီ။ လိဒ်စ်တို့ ဒီလိုမျိုးပဲ ဆက်လက်ညံ့နေမယ်ဆိုရင် အတန်းတကယ်ဆင်းရလောက်ပါတယ်။

 

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ လိဒ်စ်တို့ ပရီးမီးယားလိဂ်ထဲ ပြန်ရောက်လာကတည်းက အခုထိ မန်ယူကိုမနိုင်ခဲ့ဖူးသေးပါဘူး။ မန်ယူဘက်က အနိုင် ပွဲနဲ့ သရေ ပွဲ လုပ်နိုင်ပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ သွင်းဂိုးတွေ အများကြီးဖြစ်ပေါ်တတ်ပါတယ်။ ပြောမယ်ဆိုရင် နှစ်ဖက်စလုံးက ခံစစ်ပိတ်မကစားကြဘူး။ အဲ့တာနဲ့ပဲ အဲ့ဒီ ပွဲထဲနဲ့ သွင်းဂိုး အလုံး ၂၀ တောင် လုပ်နိုင်ကြတယ်။ ပြောမယ်ဆိုရင် သူတို့အချင်းချင်းတွေ့ပြီး တစ်ပွဲဂိုး ဂိုးပေါင်း လုံး သွင်းနိုင်ကြတာ ဖြစ်ပါတယ်။ များပါတယ်။ ဒါပေမယ့် မထူးဆန်းပါဘူး။ ဒီလိုနှင်းဆီတိုက်ပွဲဖြစ်တဲ့အတွက် ဘယ်သူမှမရှုံးချင်ကြပါဘူး။ အိမ်ရှင်အသင်း ဒီနှစ်အတွင်း အခြေနေတော်တော်ပြန်ကောင်းလာပါတယ်။ အရင်နှစ်နဲ့တစ်ခြားစီဖြစ်ပါတယ်။ ရာသီရဲ့အစပိုင်းတုန်းက ပွဲရှုံးပြီး နောက်လာတဲ့ပွဲတွေရောက်တော့ ခြေစွမ်းတောက်လျှောက် ပြနိုင်ကြပါတယ်။ ဒါပေမယ့်လည်း ကစားသမားအသစ်ဝယ်ဖြည့်တဲ့နေရာ တော်တော်မှန်သွားတာလည်းပါပါတယ်။ မန်ယူခံစစ်ပိုင်းရဲ့တောင့်တင်းမှုက လိဂ်ရဲ့ထိပ်တန်းဖြစ်နေပါပြီ။ သူတို့တိုက်စစ်ပိုင်းကတော့ သိပ်ပြီးအားကိုးလို့မရပေမယ့် ခံစစ်ပိုင်းက လိဂ်ရဲ့ ထိပ်ပိုင်းနေရာတောင် ရောက်ရှိနေပါပြီ။ အရင်နှစ်တုန်းကစံချိန်ကိုကြည့်ပြီးပြောရင် မန်ယူအသင်းက ဒီလောက်ထိ ပြန်ကောင်းလာမယ်လို့ ထင်မထားကြပါဘူး။ တိုက်စစ်ပိုင်းကပဲ အားသိပ်မရပေမယ့် လောလောဆယ် ရက်ဖိုဒ်က နည်းလမ်းမှန်နေပါပြီ။ အဲ့တော့ သွင်းဂိုးပမာဏတွေ အလိုလိုနဲ့ တိုးလာလိမ့်မယ်။ အိမ်ရှင်ရဲ့စွမ်းဆောင်ရည်က ဧည့်သည်အသင်းထက်ကောင်းပါတယ်။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ တောင့်တင်းမှု ပိုရှိတယ်။ လိဒ်စ်တို့ကျတော့ ဒီပွဲ ဘာပြသာနာမှမရှိပါဘူး။ စွမ်းဆောင်ရည်ကသာ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ အခု အတန်းဆင်းမယ့်ထဲ ပါဖို့ရင်ခုန်နေရပြန်ပြီ။ မန်ယူတို့ ဒီပွဲ အဓိက ကစားသမားတွေအစုံမရှိသေးပေမယ့် လိဒ်စ်အပေါ်ကိုတော့ အသာလေးနဲ့ အနိုင်ရသွားလောက်ပါတယ်။

11 Players

Man Utd (4231)de Gea Shaw Martinez Varane Wan Bissaka McTominay Sabitzer Fernandes Anthony Rashford Martial

Leeds United (4231) – Meslier Struijk Wober Cooper Aylings Adams Roca Harrison Summerville Sinistrea Bamford

Missing Players

Manchester United Scott McTominay (Unknown Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Leeds United Stuart Dallas (Femoral Fracture)

Facebook