platinumclubmm casino

နော်တင်ဟမ်ဖောရက်စ် Vs လိဒ်စ် [ 5 Feb 23 - 20:30 hrs]

platinumclubmm casino  Steve Cooper ရဲ့ ဖောရက်စ်အသင်း ပြီးခဲ့တဲ့တစ်ပွဲ လိဂ်ဖလားပွဲဖြစ်ပြီး မန်ယူကို ၂ ဂိုး ၀ နဲ့ ရှုံးလာခဲ့ပါတယ်။ အဲ့တော့ ၂ ပွဲ ဂိုးအရေအတွက်ပါထည့်ပေါင်းရင် ၅-၀ တောင် ဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ ဖောရက်စ်တို့ လိဂ်ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်မှ အပယ်ခံထိသွားပြီဖြစ်ပါတယ်။ လိဂ်ထဲက အခြေနေကျတော့ သူတို့ ၄ ပွဲထဲမှာ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ လက်စတာနဲ့ ဆောက်သန်တမ်အပေါ် အနိုင်ရရှိခဲ့ပြီး ကျန်တဲ့ ၂ ပွဲ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့အခြေနေကတော့ Morgan Gibbs-White၊ Tywo Awoniyi၊ Chiku Kuyate နဲ့ Moussa Niacate။ တို့က ဒဏ်ရာရထားတုန်းဖြစ်ပါတယ်။ ပြီးတော့ Ryan Yates၊ Chris Wood နဲ့ Jack Colback တို့ကျတော့ နေမကောင်းဖြစ်နေကြပါတယ်။ သတို့ဂိုးသမား Dean Henderson က အကျောဒဏ်ရာရထားတဲ့အတွက် PSG အသင်းကနေ အငှါးစာချုပ်နဲ့ ခေါ်ထားတဲ့ဂိုးသမား Keylor Navas က ဒီပွဲ ဆင်းကစားရမယ်ထင်ပါတယ်။ ဒီပွဲ Cooper က ၄-၃-၁-၂ စနစ်နဲ့ ဂိုးသွင်းဖို့ Brennan Johnson နဲ့ Chris Wood တို့ကို တာဝန်ပေးထားလောက်တယ်။ ပြီးရင် ဇမ်ဘာသွေးသား Gustavo Scarpa ဆိုတဲ့ playmaker ကို တိုက်စစ်ဆိုင်ဖို့အခွင့်ရေး ဖန်တီးပေးခိုင်းလိမ့်မယ်။

လိဒ်စ်တို့ကျတော့ ပရီးမီးယားလိဂ်ထဲမှာ ၆ ပွဲဆက်တိုက် နိုင်ပွဲ‌ပျောက်ဆုံးနေပါတယ်။ အရင်နှစ် ၈ လပိုင်းကတည်းက အခုထိ အနိုင် ၂ ပွဲလေးပဲ လုပ်နိုင်ကြတယ်။ အဝေးကွင်းနဲ့ ၉ ပွဲထဲမှာ အနိုင် ၁ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၆ ပွဲတောင် ရရှိခဲ့ပါတယ်။ အဝေးကွင်းထဲက အမှတ်ပြည့် ၂၇ မှတ်ထဲမှာ သူတို့ ၅ မှတ်လေးပဲ ကောက်သိမ်းနိုင်တယ်။ အဲ့တာနဲ့ပဲ သူတို့အဝေးကွင်းစံချိန်က လိဂ်ထဲမှာ အညံ့ဆုံးထဲက နံပါတ် ၂ ဖြစ်နေပါတယ်။ ဆောင်းတွင်းရာသီဈေးတုန်းက Maximilian Wober၊ Georginio Ruther နဲ့ Weston McKennie တို့နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Weston McKennie က USA နိုင်ငံအသင်းထဲက ကစားသမားဖြစ်ပြီး အရင်ရာသီတုန်းက ဂျူဗင်တပ်စ်ကနေ အငှါးစာချုပ်နဲ့လိဒ်စ်ထဲ ရောက်ရှိလာသေးတယ်။ အခု လိဒ်စ်ရဲ့အပိုင်ဖြစ်သွားပါပြီ။ သူဟာ ဒီပွဲဆင်းခွင့်ရရင် ဒီရာသီ အသင်းအတွက် ကစားပေးမယ့် တတိယမြောက် အမေရိကန် လက်ရွေးစင် ကစားသမား ဖြစ်လာလိမ့်မယ်။ သူ့ရှေ့ကနှစ်ယောက်မှာတော့ Brenden Aaronson နဲ့ Tyler Adams တို့ပဲဖြစ်ပါတယ်။ အသင်းထဲကအခြေနေကျတော့ ရိုဒရီဂိုမှာ အခုမှခွဲစိတ်ခန်းကနေထွက်လာတဲ့အတွက် ၂ လလောက်အနားယူခဲ့ရလိမ့်မယ်။ အရင်တစ်ပတ် FA ဖလားပွဲတုန်းကဆင်းကစားခဲ့ရတဲ့ ruther ဟာ ဒီပွဲ ထပ်ဆင်းရမယ်ထင်ပါတယ်။ Adam Forshaw, Crisencio Summerville နဲ့ Stuart Dallas တို့ကတော့ အခုထိ အဆင်မပြေကြသေးပါဘူး။ Robin Koch က အဝါကဒ် စုစုပေါင်း ၅ ကဒ်ရှိသွားပြီဖြစ်တဲ့အတွက် ဘန်းစာရင်းထဲ ပါသွားပါပြီ။ အဲ့တော့ သူ့နေရာ Junior Firpo ပဲ အစားဆင်းပေးရလိမ့်မယ်။ ဒီပွဲ လိဒ်စ်တို့ ၄-၂-၃-၁ စနစ်နဲ့ Patrick Bamford ကို ဂိုးသွင်းဖို့ စီစဉ်ထားလောက်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်း City Ground ကွင်းနဲ့ လိဒ်စ်ကိုကြိုဆိုရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နံပါတ် ၁၃ နဲ့ ဖောရက်စ်အသင်း ပွဲ ၂၀ ဆင်းကစားပြီး လက်ထဲမှာ ၂၁ မှတ် ကိုင်ဆောင်ထားပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၄ မှတ် သာနေပါတယ်။ လိဒ်စ်တို့ကျတော့ အခုလက်ရှိ နံပါတ် ၁၅ ဖြစ်ပြီး လက်ထဲမှာ ၁၈ မှတ်လေး ကိုင်ဆောင်ထားပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်ပဲသာနေတော့တယ်။ သူတို့ရဲ့ နောက်ဆုံးအရည်အချင်းကတော့ ဘရန့်ဖိုဒ့်နဲ့တွေ့ပြီး သရေကျရုံပဲပြီးလာပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မဟုတ်တဲ့ တစ်ပွဲတုန်းကကျတော့ Accrington Stanley နဲ့တွေ့ပြီး ၃ ဂိုး ၁ ဂိုး အနိုင်ရရှိလာပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၁၂ ပွဲထဲမှာ လိဒ်စ်ဘက်က တစ်ပွဲမှမနိုင်သေးပါဘူး။ ဒီပွဲ ဖောရက်စ်ဘက်က ကိုယ့်အိမ်ကွင်းနဲ့ကစားရမှာဖြစ်တဲ့အတွက် ယုံကြည်မှုပိုများပြီး အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

11 Players

Nottingham Forest (4-3-1-2) :  Navas; Aurier, Worrall, Boly, Lodi; Danilo, Freuler, Mangala; Scarpa; Johnson, Surridge

Leeds United (4-2-3-1): Meslier; Ayling, Wober, Struijk, Firpo; Adams, Roca; Aaronson, Gnonto, Harrison; Bamford

Missing Players

Nottingham Forest : C. Kouyate (Ankle Injury), J. Colback (Virus), Chris Wood (Virus), T. Awoniyi (Muscle Injury), D. Hendrson (Muscle Injury), R. Yates (Fever), M. Gibbs-White (Ankle Injury), O. Richards (Leg Injury), G. Biancone (Cruciate Ligament Injury)

Leeds United : L. Cooper (Knee Injury), A. Forshaw (Hip Injury), S. Dallas (Broken Leg), T. Adams (Knock Injury), R. Koch (Disciplinary Points), A. Gray (Broken Toe)

Facebook

စပါးအသင်း လက်ရှိအချိန် လိဂ်ရဲ့နံပါတ် ၅ မှာ ရောက်ရှိနေပါတယ်။ အခြားအသင်းတွေထက် ပြိုင်ပွဲအရေအတွက်ပိုများပါတယ်။ ဒီရာသီ ၂၁ ပွဲ ဆင်းကစားပြီး လက်ထဲ ၃၆ မှတ် ကိုင်ဆောင်ထားနိုင်တယ်။ UCL ဇုန်ရဲ့အနောက်ကနေ ၃ မှတ်ပဲ နည်းနေပါတယ်။ သူတို့လက်ရှိရာသီထဲကစွမ်းဆောင်ရည်တွေ သိပ်မကောင်းပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုးဖြစ်လာတာကြာပါပြီ။ ကောင်းလိုက်ဆိုးလိုက်နဲ့ တိကျမှုမရှိဘူး။ အဲ့တာနဲ့ပဲ သူတို့ ဖလားနဲ့ တော်တော်ကြာကြာ ဝေးခွာနေပါပြီ။ ဒီနှစ်အတွင်း ကစားသမားအသစ် ခေါ်သွင်းတဲ့အပိုင်း အဆင်ပြေပါတယ်။ ကစားသမားပိုစုံလာပါတယ်။ စပါးရဲ့ ကစားသမားဟောင်းတွေက အရင်ရာသီတုန်းကလိုမျိုး ကြမ်းမနေတော့ဘူး။ တစ်ယောက်ချင်းစီထောက်ကြည့်မယ်ဆိုရင် တိုက်စစ်ပိုင်းနေရာ အဆင်ပြေတာ ဟယ်ရီကိန်းပဲရှိတယ်။ ကိုဆွန်ကြီးက ခြေစွမ်းကျဆင်းနေပါတယ်။ Kulusevsky မှာလည်း ဒဏ်ရာ ခန ခန ရနေရော။ အခုမှရောက်ရှိလာတဲ့ Richarlison ကလည်း တန်းပြီးရုန်းပေးနိုင်မယ်မထင်သေးဘူး။ အဲ့တော့ တိုက်စစ်ပိုင်းနေရာ ဟယ်ရီကိန်းကြီးပဲ တာဝန်အကုန်လုံးယူနေရပါတယ်။ ကွင်းလယ်ပိုင်းကျတော့ Bentanker ပြန်လာပြီဖြစ်တဲ့အတွက် အခြေနေပြန်ကောင်းဖို့ရှိပါတယ်။ Hoiburg နဲ့ တွဲကစားတာအရမ်းကောင်းတယ်။ စည်းဘေးနှစ်ယောက်ကတော့ အခုတလော ကြမ်းတဲ့ထဲမရှိသေးပါဘူး။ အဆင်ပြေရုံပဲရှိပါတယ်။ ဒါပေမယ့်လည်း ဒီစနစ်က ကွန်တီရဲ့စတိုင်လ်ပါပဲ။ ကြောက်စရာကောင်းအောင် နာမည်ကြီးတွေဆင်းနေခိုင်းတယ်။ စပါးအသင်း အခုတလော ကွင်းလယ်ပိုင်းအဆင်ပြေပါတယ်။ ခံစစ်ပိုင်းကျတော့ ကြီးမားတဲ့အသင်းအနေနဲ့ကြည့်ပြီး ဝေဖန်ရင် ကျေနပ်စရာမကောင်းပါဘူး။ တစ်ပွဲကို ဂိုး ၁.၅ လုံးတောင် သွင်းခံထိနေတော့ ပြန်ပြင်ဖို့လိုနေတယ်။ စပါးအသင်းကို အပေါ်မရောက်စေတဲ့အကြောင်းရင်းက ဒီလိုညံ့တဲ့ခံစစ်ပိုင်းကြောင့်လည်းပါပါတယ်။ ဒီပွဲ အိမ်ရှင်ဖြစ်တဲ့အတွက် ခံစစ်ပိတ်ကစားဖို့မရှိလောက်ဘူး။ ဝင်လုံးမယ်။ သွင်းနိုင်မယ့်ဂိုးနဲ့ သွင်းခံထိမယ့်ဂိုးက အနည်းဆုံး ၁ လုံးလောက်တော့ဖြစ်ပေါ်လိမ့်မယ်။

မန်စီးတီးအသင်း အစစအရာရာခြုံကြည့်ရင် စွမ်းဆောင်ရည်ကောင်းပါတယ်။ ဒါပေမယ့် အခြေခံထက်နိမ့်တာ ၁ ပွဲ ရှိပါတယ်။ အဲ့ပွဲ ၃ မှတ်ရသင့်တာကို မရခဲ့ပါဘူး။ ၃ မှတ်စလုံး ဆုံးရှုံးတဲ့အထိတောင် ဖြစ်သွားပါတယ်။ သူတို့ရဲ့ Position တစ်ခုချင်းစီကြည့်လိုက်ရင် တိုက်စစ်ပိုင်းအတွက် ဘာမှပြောစရာမရှိပါဘူး။ ဟာလန်းက ဘောလုံးရသွားတာနဲ့ ဂိုးဖြစ်ဖို့ ၈၀% တောင်ရှိပါတယ်။ အရှေ့တန်းနေရာ ဟာလန်းရဲ့ဘေးနှစ်ယောက်မှာလည်း ဘယ်ခြေထောက်ကြီးနဲ့ မာရက်ဇ်ကညာဘက်ခြမ်းကို တာဝန်အရမ်းကျေတယ်။ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Foden ကျတော့ ခြေစွမ်းတော်တော်ကျဆင်းနေပါတယ်။ အဲ့ဒီတော့ သူ့နေရာ Grealish နဲ့ အစားထိုးထားခဲ့ရပါတယ်။ Grealish က ညာဘက်ခြမ်းမှာရှိတဲ့မာရက်ဇ်လောက်မကောင်းပေမယ့် ဆိုးတဲ့ထဲတော့မရှိပါဘူး။ ကွင်းလယ်ပိုင်းကျတော့ ပြောစရာမရှိအောင်ကောင်းနေတယ်။ Rodri, De Bruyne နဲ့ Bernardo Silva တို့က အရမ်းပဲကောင်းနေကြပါတယ်။ အဲ့တော့ ဘာမှစိတ်ပူစရာမရှိပါဘူး။ ခံစစ်ပိုင်း ညာဘက်ခြမ်းမှာရှိတဲ့ လူးဝစ်က ကောင်းပါတယ်။ တော်တော်ကောင်းပါတယ်။ ဘယ်ဘက်ခြမ်းကျတော့ Ake ကို တာဝန်ပေးထားတယ်။ ခံစစ်ပိုင်းရဲ့အလယ်နှစ်ယောက်ကျတော့ Akanji နဲ့ Laporte သို့မဟုတ် John Stones သို့မဟုတ် Dias တို့ကို ကြိုက်သလို တွဲကစားခိုင်းလို့ရပါတယ်။ စိတ်ပူစရာနေရာကတော့ ပက်ရဲ့စနစ်က တိုက်စစ်ဆင်တဲ့အခါကျရင် တစ်သင်းလုံးပဲအရှေ့ထိုးတက်ကြတယ်။ အဲ့အချိန်မှာ နည်းနည်းမှားမိတာနဲ့ အပြေးမြန်တဲ့တိုက်စစ်မှူးနဲ့ တန်ပြန်တိုက်စစ်ဆင်ခံရရင်တော့ ဂိုးပေးရတတ်ပါတယ်။ ဒီရာသီအတွင်း အရှုံးရသွားတဲ့ပွဲတုန်းကလည်း အဲ့ကနေပဲစဖြစ်ပါတယ်။ အနောက်တန်းကနေ ဘောလုံးစတင်ပြုပြင်တဲ့အချိန်မှပဲ စမှားတတ်တယ်။ အဲ့တော့ ဒီနေရာလေးပြုပြင်ဖို့လိုပါတယ်။ ဒီပွဲ သရေကျဖို့များသလို ရှုံးဖို့လည်းရှိပါတယ်။ စပါးရဲ့အိမ်ကွင်းနဲ့ရှုံးတာ ၄ ခါဆက်တိုက် ရရှိခဲ့ဖူးပါတယ်။ ဒီပွဲရှုံးမယ်ဆိုရင် မထူးဆန်းပါဘူး။ ဒါပေမယ့် သရေဖြစ်ဖို့ပိုများပါတယ်။

platinumclubmm casino အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်အားလုံးထဲမှာ စပါးဘက်ကပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့် အောင်မြင်မှုပိုင်းယှဉ်ကြည့်ရင်တော့ မန်စီးတီးဘက်ကပိုများပါတယ်။ အခုတလော စွမ်းဆောင်ရည်ကောပဲ မန်စီးတီး ပိုကြည့်ကောင်းပါတယ်။ အသင်းပိုင်ရှင် နောက်ဆုံးပြောင်းလိုက်တော့မှပဲ သူက အသင်းအတွက် အရင်းနှီးတွေအများကြီးထုတ်ပေးပါတယ်။ အဲ့တော့ ဒီ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်ထဲမှာ အအောင်မြင်ဆုံးအသင်းက မန်စီးတီးလောက် ဘယ်အသင်းမှမရှိပါဘူး။ စီးတီးတို့က ဘယ်လောက်ထိပဲအောင်မြင်မှုရရှိပါစေ စပါးအိမ်ကွင်း ရောက်လာတိုင်း အမြဲဒုက္ခရောက်တတ်ကြပါတယ်။ ဥပမာ ၄ ပွဲတုန်းကဆိုရင် တစ်ပွဲမှမနိုင်ပဲ ပြန်ပြန်သွားခဲ့ရပါတယ်။ ဂိုးတစ်လုံးမှတောင်မသွင်းနိုင်ဘူး။ နောက်ဆုံးမှာတော့ အရှုံးလေးနဲ့ အိမ်ပြန်ရတဲ့ပွဲတောင်ရှိတယ်။ ဒါပေမယ့်လည်း အခုတလောအခြေနေက အရင်လိုမျိုးမဟုတ်တော့ပါဘူး။ စွမ်းဆောင်ရည်ပိုင်းယှဉ်ကြည့်ရင် စီးတီးဘက်ကပိုသာပါတယ်။ ကစားသမားအသီးသီးတွေလည်း အရည်သွေးပိုကောင်းပါတယ်။ ဒါပေမယ့် စီးတီးတို့က အမှားလုပ်ချင်ရင် ချက်ချင်းကြီးလုပ်တတ်တာမျိုးတော့ ရှိပါတယ်။ ဒီရာသီအတွင်း ခန ခနပဲ မြင်ခဲ့ရပါတယ်။ နောက်ပြီး အသင်းထဲက ပြသာနာပါတက်လိုက်သေးတယ်။ ပက်က အဆင်ပြေအောင် ဖြေရှင်းပေးနိုင်လို့သာအဆင်ပြေသွားတယ်။ ကျွန်တော်ပြောသလို ဒီကွင်းကြီးက စီးတီးတို့အတွက် တစ်ခါမှမလွယ်ဖူးဘူး။ အခုနောက်ပိုင်းဆိုရင် ငယ်နိုင် ငယ်ရှုံးလိုမျိုးဖြစ်နေရော။ ဒီပွဲ သရေကျရုံနဲ့ပဲ ပြီးသွားလောက်တယ်။

11 Players

Tottenham Hotspur (3-4-2-1) – Lloris – Dier – Romero – Davies – Hojbjerg – Perisic – Bentancur – Emerson – Kulusevski – Son – Kane

Man City (4-3-3) – Ederson – Lewis – Walker – Ake – Akanji – Rodri – Silva – De Bruyne – Grealish – Mahrez – Haaland

Missing Players

Tottenham Hotspur – Richarlison (Hamstring Injury)

Manchester City – ဒဏ်ရာနဲ့ ဘန်းခံထိသောကစားသမားတွေမရှိပါ။

Facebook