platinumclub

အဲဗာတန် Vs အာဆင်နယ် [ 4 Feb 23 - 19:00 hrs]

platinumclub  အဲဗာတန်အသင်း အခုတလော ပရီးမီးယားလိဂ်ထဲမှာ နံပါတ် ၁၉ ဖြစ်နေပြီး အခုအချိန်အထိ အနိုင် ၃ ပွဲလေးပဲ ကောက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားပွဲအားလုံး ပွဲ ၂၀ ဆင်းပြီး ၁၅ မှတ်လေးပဲ သိမ်းနိုင်ခဲ့ပါတယ်။ အဲဗာတန်ရဲ့တိုက်စစ်ပိုင်းက ဂိုး ၁၅ လုံးလောာက်ပဲသွင်းနိုင်ကြပါတယ်။ သူတို့ထက် သွင်းဂိုးနည်းတာက ဝုဗ်ဗာဟမ်တန်တို့ပဲရှိပါတယ်။ အဲဗာတန်အသင်း အခုနောက်ပိုင်း အိမ်ကွင်းနဲ့ အဝေးကွင်းအခြေနေ မကောင်းပါဘူး။ နောက်ဆုံး ၅ ပွဲတုန်းက အနိုင်တစ်ပွဲမှမရှိဘူး။ အဲ့ထက်ဆိုးတာ အိမ်ကွင်းနဲ့ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ သူတို့လက်ရှိအသင်းက ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ဥပမာ Nathan Patterson၊ James Garner၊ Andros Townsend၊ Ben Godfrey နဲ့ Michael Keane တို့ကစ ဒဏ်ရာရရှိထားကြပါတယ်။ ဒီပွဲ နည်းပြအသစ် Sean Dyche လက်ထဲမှာ ၃-၅-၂ စနစ်နဲ့ Demarai Gray နဲ့ Dominic Calvert-Lewin တို့ကို အရှေ့တန်းနေရာ တာဝန်ယူခိုင်းထားလောက်တယ်။ ပြီးရင် Alex Iwobi၊ Idrissa Gueye နဲ့ Amadou Onana တို့ကို ခံစစ်ပိုင်းနေရာ ထိန်းသွားခိုင်းလောက်ပါတယ်။

အာဆင်နယ်တို့ကျတော့ အခုထိ ခြေစွမ်းတွေကြမ်းနေတုန်းဖြစ်ပါတယ်။ ဒီရာသီ ၁၉ ပွဲ ဆင်းကစားပြီး အနိုင် ၁၆ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲလေးပဲရရှိထားပါတယ်။ အခုထိ လိဂ်ပွဲစဉ်ထဲမှာ ၁၃ ပွဲဆက်တိုက် ရှုံးနိမ့်ပွဲ မရှိသေးပါဘူး။ အခုတလော နံပါတ် ၂ ထက် ၅ မှတ် ပိုသာနေပြီး ပြိုင်ပွဲအရေအတွက် ၁ ပွဲ ပိုနည်းနေပါတယ်။ အသင်းရဲ့အခြေနေကတော့ ပြီးခဲ့တဲ့တစ်ပွဲတုန်းက FA ဖလားဖြစ်ပြီး ဒဏ်ရာရသွားတဲ့ကစားသမားတွေ ထပ်တိုးလာတာ မရှိပါဘူး။ Gabriel Jesus၊ Reiss Nelson နဲ့ Mohamed Elneny တို့လောက်ပဲ အရင်ကတည်းက ဒဏ်ရာရထားကြပါတယ်။ ဒီပွဲ မိုက်ကယ်အာတီတာနည်းပြက ၄-၂-၃-၁ စနစ်နဲ့ ရောက်လာပြီး အရင်တစ်ပွဲတုန်းက အနားယူခဲ့ရတဲ့ Ben White၊ William Saliba၊ Zinchenko၊ Martin Odegaard၊ နဲ့ Gabriel Martinelli တို့ကို ပြန်လည်အသုံးပြုလိမ့်မယ်။

ဒီပွဲ အညံ့ဆုံးထဲက နံပါတ် ၂ အသင်းနဲ့ အကြမ်းဆုံးထဲက နံပါတ် ၁ အသင်းတို့ရဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ အဲဗာတန်အသင်း အခုမှအသင်းနည်းပြအသစ် ပြောင်းလဲလိုက်တာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီနည်းပြက အတန်းဆင်းမယ့်ဇုန်ထဲကနေ ရုန်းထွက်တဲ့အလုပ်ကို တော်တော်ကျွမ်းကျင်ပါတယ်။ အဲ့တာနဲ့ပဲ နံပါတ် ၁ အသင်းနဲ့ ညာဏ်ရည်စမ်းသပ်ရမှာဖြစ်ပါတယ်။ အသင်းနည်းပြပြောင်းလိုက်တဲ့အဖြစ်က အသင်းတိုင်းပဲ ကောင်းကောင်းကစားနိုင်တယ်ဆိုတဲ့အကြောင်း မမေ့ကြပါနဲ့။ အဲ့တော့ ဒီပွဲ အာဆင်နယ်တို့ ၃ မှတ်ရဖို့အရေး ထင်သလောက် လွယ်မနေတော့ပါဘူး။ အာဆင်နယ်တို့ အခုမှ ဖလားပွဲမှာ မန်စီးတီးကိုကပ်ရှုံးလာပေမယ့် သူတို့ရဲ့အရည်အချင်းနဲ့တော့ ဒီပွဲ အနိုင်ရအောင် ကြိုးစားနိုင်လိမ့်မယ်။ အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းက အရမ်းတက်ကြွမှုရှိပါတယ်။ အဓိက အိုဒေကတ်နဲ့တစ်ယောက်ဆိုရင် သူ့ခြေစွမ်း အရမ်းပဲတက်ကြွနေပါတယ်။ အသင်းရဲ့ ဂိုးဖန်တီးရှင်တောင် ဖြစ်နေပါတယ်။ ဒီပွဲကတော့ အာဆင်နယ်တို့အတွက် ၃ မှတ်ရဖို့အရေး ထင်သလောက် မခက်ပါဘူး။

11 Players

Everton (3-5-2) – Pickford; Coleman, Tarkowski, Coady, Mykolenko; Iwobi, Gueye, Onana, McNeil; Gray, Calvert-Lewin

Arsenal (4-2-3-1)–  Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Nketiah

Missing Players

Everton –  A. Townsend (Cruciate Ligament Injury), M. Keane (Muscle Injury), B. Godfrey (Sprained Knee Injury)

Arsenal – Thomas (Rib Injury), M. Elneny (Knock Injury), Gabire Jesus (Knee Injury), R.Nelson (Knock Injury), Smith Rowe (Thight injury)

Facebook

အိမ်ရှင်မန်ယူအသင်း လိဂ်ထဲကအခြေနေ Top4 နဲ့ပြီးဖို့အခြေနေရှိနေပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်က ကောင်းတဲ့ထဲပါရှိပါတယ်။ မှားယွင်းမှု နည်းနည်းပါးပါးပဲ မြင်ခဲ့ရပါတယ်။ အသင်းရဲ့ အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ Christian Eriksen မရှိသေးပါဘူး။ သူ့ခြေဆစ်ဒဏ်ရာရထားတဲ့အတွက် ၄ လပိုင်းအထိ မရှိပဲနေလိမ့်မယ်။ Donny Van de Beek နဲ့ Scott McTominay တို့မှာလည်း တစ်ယောက်က ဒူးခေါင်း တစ်ယောက်က ကြွက်သားဒဏ်ရာရထားတဲ့အတွက် မပါနိုင်ပဲ ဖြစ်ပါတယ်။ Diogo Dalot မှာလည်း ဆင်းဖို့အဆင်မပြေသေးပါဘူး။ အဲ့တော့ ညာဘက်ခြမ်းနောက်ခံနေရာကို Aaron Wan-Bissaka ပဲ တာဝန်ဆက်လက်ထမ်းဆောင်ခဲ့ရလိမ့်မယ်။ သူက Raphael Varane၊ Lisandro Martinez နဲ့ Luke Shaw တို့နဲ့အတူ နောက်ခံ ၄ ယောက်အနေနဲ့ ဆင်းကစားခဲ့ရလိမ့်မယ်။ ဆန်ချိုကျတော့ ဒီပွဲ အရံစာရင်းထဲ နာမည်ပါလောက်တယ်။ ပြီးတော့ Marcel Sabitzer က ဒီပွဲ ဆင်းခွင့်ရမယ်ထင်တယ်။ တိုက်စစ်ပိုင်း အန်တိုနီ မာရှယ်ဆင်းနိုင်နေပါပြီ။ Anthony နဲ့ Marcus Rashford တို့နဲ့အတူ ပူးပေါင်းဆင်းကစားခဲ့ရလိမ့်မယ်။ ဂိုးသမားကျတော့ ဒီပွဲ ဒီဂီယာပြန်လာလောက်ပြီ။

platinumclub ပက်ထရစ်ဗီအဲရာလက်ထဲက ခရစ်စတယ်ပဲလေစ့်တို့ကျတော့ အခုတလော နံပါတ် ၁၂ ဖြစ်ပြီး အတန်းဆင်းမယ့်ဇုန်ထက် ၇ မှတ် သာနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက နယူးကာဆယ်နဲ့ ၀-၀ သရေကျလာခဲ့ပါတယ်။ ပဲလေစ့်တို့ရဲ့ ဂိုးသွင်းချက်က ခက်ခဲနေတုန်းပါ။ နောက်ဆုံး ၉ ပွဲထဲမှာ သရေ ၆ ပွဲတောင် ဖြစ်သွားပါတယ်။ ဒါပေမယ့် မန်ယူနဲ့တွေ့ဖူးခဲ့တဲ့ နောက်ဆုံး ၄ ပွဲတုန်းကကျတော့ ၇ မှတ်တောင် ကောက်သိမ်းသွားနိုင်ပါတယ်။ ၂၀၁၉ ၈ လပိုင်းတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ ၂၀၂၀  ၉ လပိုင်းတုန်းက ၃ ဂိုး ၁ ဂိုး အပါဝင် ထည့်တွက်ထားတာဖြစ်ပါတယ်။ ပဲလေစ့်တို့ရဲ့ လက်ရှိအခြေနေ ပြီးခဲ့တဲ့အပတ်တုန်းက တိုက်ပွဲတွေလုံးဝမရှိတော့ ၁၄ ရက်တိတိ အနားယူထားခဲ့ရပါတယ်။ အဲ့တော့ သူတို့ကစားသမားအားလုံးက အဆင်သင့်ပဲ တော်တော်ဖြစ်နေကြပါတယ်။ မန်ယူရဲ့ တောင်ပံကစားသမားဟောင်း Wilfried Zaha ကတော့ ၆ ပတ်တိတိ အနားယူရမှာဖြစ်တဲ့အတွက် ဒီပွဲမပါနိုင်သေးပါဘူး။ သူက James McArthur (ပေါင်ခြံ) နဲ့ Nathan Ferguson (ခြေထောက်) တို့နဲ့အတူ အနားယူခဲ့ရလိမ့်မယ်။ ဂျိုကင်အန်ဒါဆင်ကတော့ ကွင်းထဲပြန်ဆင်းနိုင်ပါပြီ၊ ဒါပေမယ့် ဒီပွဲ ပထမကစားသမားအနေနဲ့ မဆင်းရလောက်သေးပါဘူး။ တိုက်စစ်ပိုင်းနေရာ Michael Olise၊ Jeffrey Schrup နဲ့ Eze တို့ကို ဆင်းခိုင်းလောက်ပါတယ်။ ကျန်တဲ့နေရာ ပြောင်းလဲစရာမရှိလောက်ပါဘူး။

ပရီးမီးယားလိဂ် နံပါတ် ၄ နဲ့ မန်ယူအသင်း ဒီပွဲ အိုထရက်ဖိုဒ်ကွင်းနဲ့ နံပါတ် ၁၂ ခရစ်စတယ်ပဲလေစ့်ကို ကြိုဆိုရမှာဖြစ်ပါတယ်။ နှစ်သင်းရဲ့ရမှတ်က ၁၅ မှတ်တောင် ကွာဟနေကြပါတယ်။ မန်ယူအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကောင်းနေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ အိုထရက်ဖိုဒ့်ကွင်းနဲ့ နောက်ဆုံး ၁၂ ပွဲထဲမှာ ၁၂ ပွဲစလုံးပဲ အနိုင်ရရှိခဲ့ပါတယ်။ ခရစ်စတယ်ပဲလေစ့်တို့ကျတော့ ပရီးမီးယားလိဂ်ထဲမှာ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ အဲ့ဒီ ၅ ပွဲထဲမှာ ဂိုး ၈ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ ဒီအသင်းနှစ်သင်း အခုမှတွေ့ခဲ့ကြပြီး အဲ့ပွဲ မန်ယူဘက်က Free Kick နဲ့သရေဂိုးသွင်းနိုင်ခဲ့တော့ ပဲလေစ့်တို့ တော်တော်ရင်နာသွားကြလောက်တယ်။ အဲ့တော့ ဒီပွဲ စာရင်းရှင်းရမယ့်ပွဲတစ်ပွဲ ဖြစ်သွားပါတယ်။ ဒီပွဲ မန်ယူတို့အတွက် အရေးကြီးတဲ့ ၃ မှတ်လည်းဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ ကစားသမားအရည်သွေးကို ယှဉ်ကြည့်လိုက်ရင် မန်ယူဘက်က ပိုသာမှန်းသေချာပါတယ်။ ဒါပေမယ့် မန်ယူတို့က တိုက်ပွဲတွေ ခန ခန ဝင်ထားကြတာဆိုတော့ ပင်ပန်းနွမ်းနယ်နေကြလောက်ပါတယ်။ ခရစ်စတယ်ပဲလေစ့်တို့ကျတော့ အနားတွေရှယ်ယူထားကြတဲ့အတွက် အင်အားပိုင်း အကျောပိုရထားပါတယ်။ မန်ယူကို ဖိအားလိုက်ပေးဖို့ အဆင်သင့်ပဲ ဖြစ်နေကြလောက်တယ်။ ဒါပေမယ့် တန်ဟက်လက်ထဲက မန်ယူအသင်း စာရင်းရှင်းသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

11 Players

Man united (4-2-3-1) : De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Fred; Antony, Fernandes, Rashford; Weghorst

Crystal Palace (4-2-3-1) : Guaita; Clyne, Richards, Guehi, Mitchell; Eze, Doucoure, Schlupp; Olise, Edouard, Ayew

Missing Players

Man united : C. Eriksen (Ankle Injury), D. Van De Beek (Knee Injury), S. Mctominay (Knock Injury)

Crystal Palace: J. Macrthur (Hip Injury), W.Zaha (Hamstring Injury), J. Andersen(Calf Injury), N.Ferguson

Facebook

အိမ်ရှင်ဝုဗ်ဗာဟမ်တန်အသင်း ခံစစ်ပိတ်ကစားတဲ့အပိုင်း တောင့်တင်းမှုအရမ်းရှိဖူးပါတယ်။ ဒီတောင့်တင်းမှု‌ကြောင့် သူတို့ပရီးမီးယားလိဂ်ထဲမှာ အသက်ရှင်နိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိရာသီကျတော့ အရင်တုန်းကရာသီလိုမျိုးမဟုတ်တော့ပါဘူး။ ဒီရာသီအတွင်း ပွဲ ၂၀ ဆင်းကစားပြီး ဂိုးအလုံး ၃၀ တောင် သွင်းခံထိခဲ့ပါတယ်။ ပြောမယ်ဆို ပွဲတိုင်းပဲ ဂိုးအနည်းဆုံး ၁ လုံး ပုံမှန် သွင်းခံထိနေကြပါတယ်။ သွင်းခံထိတဲ့ဂိုးအလုံး ၃၀ ထဲမှာ အိမ်ကွင်းနဲ့ ခံရတာ တစ်ဝက် အဝေးကွင်းနဲ့ ခံရတာတစ်ဝက် ဖြစ်နေပါတယ်။ အဲ့ဒီတော့ သူတို့ အိမ်ကွင်းနဲ့အခြေနေမှာလည်း တောင့်တင်းမှုမရှိတော့ပါဘူး။ ရိုးရိုးအသင်းတွေနဲ့ယှဉ်ကြည့်ရင် ဂိုး ၃၀ သွင်းခံထိထားတာ မထူးဆန်းပါဘူး၊ ဒါပေမယ့် ဂိုးသွင်းခံထိပြီး ပြန်သွင်းနိုင်တဲ့အရေတွက်က ၁၂ လုံးထဲပဲရှိရင်တော့ အခြေနေတော်တော်ဆိုးနေပါတယ်။ ပြောမယ်ဆို တစ်ပွဲကို ဂိုး ၁ လုံးလေးတောင်မသွင်းနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီစွမ်းဆောင်ရည်ကြောင့် သူတို့ပရီးမီးယားလိဂ်ရဲ့ အောက်ပိုင်းအသင်း ဖြစ်နေရော။ ဝုဗ်တို့ရဲ့လက်ရှိခြေစွမ်းတွေ အခုထိမပြနိုင်သေးပါဘူး။ ဘောလုံးခနလေးပဲ ပိုင်ဆိုင်နိုင်ပြီး ပြန်ဆုံးရှုံးတတ်တယ်။ အသင်းထဲမှာ Podance နဲ့ Ruben Neves တို့လောက်ပဲ အားကိုးလို့ရတယ်။ ကျန်တာ ဘာကိုဘာမှမရှိတော့ပါဘူး။ အဓိက ခံစစ်ပိုင်းဆိုရင် ပွဲတိုင်းပဲ မှားယွင်းတတ်တယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် လီဗာပူးလ်ကို ဘယ်လိုမှခံနိုင်မယ်မထင်ပါဘူး။ ဒါပေမယ်လည်း ရှုံးဖို့ ရှိချင်မှရှိမယ် ဘာလို့လည်းဆိုတော့ ဒီပွဲ သရေကျရုံနဲ့ပြီးဖို့ တော်တော်များနေလို့ပါ။ ဒီပွဲ ဝုဗ်ဘက်က ဂိုး ၁ လုံးလောက်သွင်းနိုင်ရင် သရေကျရုံနဲ့ ပြီးသွားနိုင်ပါတယ်။ ဒီနေ့ ဝုဗ်ဘက်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ ဒီနှစ်အခြေနေနဲ့ အရင်နှစ်တုန်းကအခြေနေတွေ လုံးဝကွာခြားမှုရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ချန်ပီယံ ၄ ခုရင်ခုန်ခဲ့ရပြီး ပြိုင်ပွဲ ၆၀ တောင် ဆင်းကစားခဲ့ကြရတယ်။ ဖလားပွဲတိုင်းပဲ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်တယ်။ ဖလား ၂ ခုပဲရသွားပေမယ့် အဲ့နှစ် သူတို့ တော်တော်ပဲကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ သူတို့ရဲ့ကြိုးစားမှု အားပေးချင်စရာကောင်းပြီး ပြိုင်ဘက်ကို မိနစ် ၉၀ လုံးလုံးပဲ အနှောက်ယှက်လိုက်ပေးနိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်ရာသီရောက်တော့မှ ပွဲတိုင်းပဲ အားရစရာမကောင်းတော့ပါဘူး။ အားရစရာတစ်ပွဲမှမတွေ့သေးဘူးဖြစ်နေတယ်။ ကမ္ဘာ့ဖလားပွဲမစခင်တုန်းက ကောင်းမလိုလိုနဲ့ နောက်ဆုံးတော့ အရင်ထက် ပိုတောင်ဆိုးသွားပါတယ်။ အရင်နှစ်တုန်းက ပင်ပန်းနွမ်းနယ်မှုတွေ ဒီနှစ်အထိ ကူစက်လာတယ်လို့လည်း ပြောလို့ရပါတယ်။ ဒီနှစ်အတွင်း အဓိကပြသာနာကတော့ သူတို့ ကွင်းလယ်အသစ်ကို ထပ်မခေါ်တဲ့နေရာပါပဲ။ လီဗာပူးလ်အသင်းရဲ့ကစားပုံကစားနည်းက အင်အားတွေအရမ်းသုံးတဲ့စနစ်ဖြစ်ပါတယ်။ ပြိုင်ဘက်နဲ့ ဝင်လုံးတယ်။ ပြိုင်ဘက်ကို လွယ်လွယ်လေးကစားခွင့်မပေးဘူး။ ဖောင်းမှန်းသိရက်သားနဲ့ လုပ်ချမယ်ဆိုတာမျိုးပေါ့။ အခုအချိန် ကြည့်လိုက်ရင်တော့ ထိပ်တန်းအသင်းမဟုတ်သလိုမျိုး ဖြစ်နေပါပြီ။ သူတို့ကွင်းလယ်ပိုင်းက သုံးစားလို့မရတော့ဘူးဖြစ်နေတယ်။ ဥပမာ Hendo နဲ့တစ်ယောက်ဆိုရင် ပြိုင်ဘက်ကို လိုက်ဖိပေမယ့် ဘာမှထူးခြားမလာပါဘူး။ သီယာဂိုတစ်ယောက်လောက်ပဲကောင်းတယ်။ အရည်အချင်းနည်းနည်းရှိတဲ့ အရံကစားသမားတွေလည်း တစ်ယောက်မှမရှိဘူး။ တိုက်စစ်ပိုင်းကျတော့ ပြောစရာမလိုဘူး။ ဆာလက်ကြီးက မာနေးမရှိတော့တဲ့နောက်ပိုင်း ခြေစွမ်းကျဆင်းသွားတယ်။ ဖာမီနို Diaz နဲ့ ဂျိုတာတို့ကျတော့ ဆေးခန်းထဲရောက်ရှိနေတုန်းပါ။ နူးနက်ဇ်နဲ့ Gakpo တို့ကျတော့ နေသားကျဖို့အချိန် ယူနေရတုန်းဖြစ်ပါတယ်။ ခံစစ်ပိုင်းဆိုရင် ဗန်ဒိုက်မရှိတော့ ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ အာနိုးကြီးက အရမ်းပျော့တယ်။ ဂိုမက်ဇ်မှာလည်း အဆင့်အတန်းမရှိဘူး။ ဒီကြားထဲ Konaté ကြီးက ဒဏ်ရာထရလာပြန်ရော။ ဒီလိုအခြေနေကြီးနဲ့ ဘယ်လိုနိုင်အောင် ကစားရမှာလဲဗျ။

platinumclub  အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ ဒီနှစ်အတွင်း ၂ ပွဲ တွေ့ခဲ့ဖူးပြီး ၂ ပွဲစလုံး သရေကျသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အချင်းချင်းတွေ့ခဲ့ဖူးပြီး လီဗာပူးလ်ဘက်ကပဲ အနိုင်ရသွားပါတယ်။ ဒီတိုင်းကြည့်ရင်တော့ လီဗာပူးလ်အတွက် အေးဆေးပါပဲ။ ဒါပေမယ့် အရင်လိုမျိုးကြမ်းရင်တော့ တစ်မျိုးပေါ့ဗျာ။ ပြီးခဲ့တဲ့နှစ်ပွဲတုန်းက ဝုဗ်ကိုမရှုံးပေမယ့် ကစားပုံကစားနည်းက ဝုဗ်ထက်မကောင်းပါဘူး။ အဲ့ဒီတော့ ဒီပွဲ လီဗာပူးလ်တို့အတွက် မလွယ်ပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားသမားအသီးသီးယှဉ်ကြည့်ရင်တော့ နာမည်ကျော်ကြားပိုင်း လီဗာပူးလ်ဘက်က ပိုကောင်းတာသေချာပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ အတူတူလောက်ပါပဲ။ လီဗာပူးလ်ရဲ့လက်ရှိကစားသမားတွေ အေအဆင့်ရှိခဲ့ဖူးပေမယ့် အခု ဘီအဆင့် စီအဆင့်တွေ ဖြစ်နေကြကုန်ပြီ။ ဝုဗ်တို့ရဲ့စွမ်းဆောင်ရည်လည်း ကောင်းမနေပါဘူး။ ဒါပေမယ့် လီဗာပူးလ်နဲ့အတူတူပဲဖြစ်နေတယ်။ ပြောမယ်ဆိုရင် ဒီပွဲ ဝုဗ်ဘက်က ပိုရင်ခုန်ရလောက်ပါတယ်။ အရင်ရာသီတုန်းက အရမ်းပင်ပန်းထားတော့ အခုအချိန်မှာ ပြေးဖို့အင်အားတွေမရှိကြတော့သလိုမျိုးဖြစ်နေတယ်။ ကွင်းလယ်အသစ်ခေါ်သင့်တာလည်း မခေါ်ဘူး။ Heavy Metal က ကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်နိုင်တဲ့ ကွင်းလယ်ကစားသမားမျိုးမရှိဘူး။ တက်ကြွခဲ့တဲ့စွမ်းဆောင်ရည်တွေ ပျောက်ဆုံးနေကြပါတယ်။ အိမ်ရှင်အသင်းမှာလည်း အရင်က တောင့်တင်းမှုရှိခဲ့ဖူးတဲ့ ခံစစ်ပိုင်း အခုမရှိတော့ဘူး။ သူတို့ရဲ့ခံစစ်ပိုင်းက ခန ခန မှားယွင်းတတ်တယ်။ အဲ့တော့ အခြေနေချင်း တူနေကြတဲ့အတွက် တစ်ယောက်တစ်မှတ်လေးနဲ့ ပြီးသွားလောက်ပါတယ်။

11 Players

Wolves (4-3-3) – Sa – Nouri – Kilman – Toti – Semedo – Neves – Matheus – Moutinho – Podence – Cunha – Jimenez

Liverpool (4-3-3)– Allison – Robertson – Gomez – Matip – Milner – Bajcetic – Elliot – Thiago – Salah – Nunez – Gakpo

Missing Players

Wolverhampton Wanderers – Chiquinho (Cruciate Ligament Injury), Sasa Kalajdzic(Cruciate Ligament Rupture)

Liverpool FC – Arthur Melo (Surgery), Virgil van Dijk (Hamstring Injury), Luis Díaz (Knee Injury), Diogo Jota (Calf Injury)

Facebook