online games myanmar

ခရိုအေးရှား Vs ဘရာဇီး [ 9 Dec 22 - 21:30 hrs]

online games myanmar ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒုတိယအနေနဲ့ ပြီးသွားတဲ့ ခရိုအေးရှားအသင်း ဒီနှစ်မှာတော့ အခြေနေ တော်တော်ကောင်းနေပါတယ်။ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး အနိုင် ၁ ပွဲနဲ့ သရေ ၂ ပွဲလုပ်နိုင်ခဲ့တယ်။ နောက်ဆုံး ၁၆ သင်းအဆင့်ရောက်သွားတော့ ဂျပန်နဲ့တွေ့ပြီး အဲ့ပွဲ ဂျပန်ဘက်က ဂိုးအရင်ကျောသွားပေမယ့် နောက်ဆုံးမှာတော့ ခရိုအေးရှားတို့ သရေဂိုးရအောင် သွင်းနိုင်ခဲ့တယ်။ မိနစ် ၉၀ အတွင်း သရေကျသွားတဲ့အတွက် မိနစ် ၁၂၀ အထိ ကစားလိုက်ကြရတယ်။ အနိုင်သူမရှိသေးတော့ ပင်နယ်တီနဲ့ဆုံးဖြတ်ပြီး ခရုိအေးရှားဘက် အတွေ့ကြုံပိုများတဲ့အနေနဲ့ အနိုင်ကောက်ရသွားပါတယ်။ အဲ့ပွဲခရိုအေးရှားတို့ရဲ့ဂိုးသမားကြီးက လက်စွမ်းတော်တော်ပြနိုင်ပြီး ပင်နယ်တီဂိုး ၃ လုံးတောင် ဖမ်းနိုင်ခဲ့ပါတယ်။ အဲ့တာနဲ့ပဲ ခရိုအေးရှားတို့ နောက်ဆုံး ၈ သင်းအဆင့် တက်ရောက်လာပါတယ်။ လက်ရှိ သူတို့ရဲ့အားသာချက်ကတော့ ခံစစ်ပိုင်းပဲဖြစ်ပါတယ်။ အခုအချိန်အထိ Clean Sheet ၂ ပွဲ လုပ်ယူနိုင်ပြီး ဂိုး ၂ လုံးလေးပဲ သွင်းခံထိထားပါတယ်။ တိုက်စစ်ပိုင်းကတော့ နည်းနည်းစိတ်ပူရပါတယ်။ ဘာလို့လည်းဆိုတော့ ဂိုးလုံးဝမသွင်းနိုင်ပဲ ၂ ပွဲရှိနေသောကြောင့်ပါ။ သူတို့ရဲ့ ကွင်းလယ်ပိုင်းမှာ အရမ်းကြမ်းတဲ့ Marcelo Brozovic, Mateo Kovacic, Luka Modric တို့ရှိနေပေမယ့် စိတ်ချလို့ရတဲ့ ဂိုးသွင်းသမားကျ မရှိပဲဖြစ်နေတယ်။ ဒီပွဲကတော့ သူတို့ရဲ့ ပြောင်းလဲမှုတစ်ခုက ညာဘက်နောက်ခံပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံအများဆုံးရထားတဲ့ ဘရားဇီးအသင်းကျတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲ​မှာလဲ ချန်ပီယံရမယ့်စာရင်းထဲက နံပါတ် ၁ ဖြစ်နေတုန်းပါ။ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ဖြစ်ပါတယ်။ ပြီးတော့မှ ၁၆ သင်းအဆင့်ထဲ ပါသွားပါတယ်။ ဘရာဇီးတို့ အခုအချိန်ထိ အရှုံးတစ်ပွဲလေးပဲရှိပါတယ်။ ဂရုအဆင့်ပွဲတုန်းက ကင်မရွန်းနဲ့တွေ့ပြီး ရှုံးခဲ့တယ်။ ပြောမယ်ဆို သူတို့ရဲ့နောက်ဆုံး ၁၉ ပွဲစံချိန်ထဲမှာ အဲ့ဒီတစ်ပွဲလေးပဲ ရှုံးခဲ့ပါတယ်။ နောက်ဆုံး ၁၆ သင်းအဆင့်ရောက်တော့ သိပ်မခက်တဲ့ တောင်ကိုးရီးယားတို့နဲ့တွေ့ရပါတယ်။ အဲ့ပွဲ ပထမပိုင်းနဲ့တင် သူတို့ဘက်က ဂိုး ၄ လုံးတောင် အရင်သွင်းနိုင်နေပါပြီ။ ဒုတိယပိုင်းရောက်တော့ အေးအေးဆေးဆေး ထိန်းပြီးကစားလိုက်ကြပါတယ်။ ဂိုးတစ်လုံးလေးတော့ ပြန်သွင်းခံထိခဲ့တယ်။ အဲ့ပွဲ ချန်ပီယံနေရာနဲ့ လုံးဝလိုက်ဖက်အောင် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိလာပါတယ်။ ဘရာဇီးတို့ရဲ့ လက်ရှိကစားသမားအဖွဲ့အစုဟာ Position တိုင်းပဲ တောင်းတင်းမှုရှိပါတယ်။ ကစားသမားတော်တော်များများက ကမ္ဘာ့ထိပ်တန်းတွေချည်းဖြစ်နေကြတယ်။ ကိုယ်ပိုင်အရည်ချင်းကောင်းကောင်းလေးနဲ့ ဘောလုံးအပို့အယူလည်း တော်တော်ကောင်းနေကြပါတယ်။

အချင်းချင်း တွေ့ခဲ့ဖူးတဲ့ ၄ ပွဲတုန်းက ဘရာဇီးတို့ အနိုင် ၃ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ ဘရားဇီးအသင်း အခုတလော ယုံကြည်မှုတွေ တော်တော်ပြည့်လျှံနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ၁၆ သင်းအဆင့်ဖြစ်ပြီး ဘရာဇီးဘက်က နာမည်ကျော်ကြားမှုနဲ့ အခြေခံအဆင့်အတန်းကို ပြသခဲ့ပြီး တောင်ကိုးရီးယားအပေါ် ၄ ဂိုး ၁ ဂိုးနဲ့ ထောင်းလွတ်ခဲ့ပါတယ်။ ဒီ နောက်ဆုံး ၈ သင်းအဆင့်ကို အေးအေးဆေးဆေးနဲ့ တက်ရောက်လာပါတယ်။ အရင်နှစ်ကမ္ဘာ့ဖလားတုန်းက နံပါတ် ၂ နဲ့ ပြီးသွားတဲ့ ခရိုအေးရှားတို့ကျတော့ ဂျပန်နဲ့တွေ့ပြီး ပုံမှန်အချိန်အတောတွင်း သရေကျရုံပဲ လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ပင်နယ်တီနဲ့ပဲ ဖြေရှင်းပြီး အနိုင်ရရှိလာပါတယ်။ ဒီပွဲ သူတို့ရဲ့ Borna Sosa က နေမကောင်းဖြစ်တဲ့အတွက် အသင်းနဲ့ ဘယ်လောက်ထိ ထိခိုက်မှုဖြစ်သွားလဲမသိသေးပါဘူး။ Josip Stanisic ကျတော့ ဒဏ်ရာရထားတဲ့အတွက် ဆင်းနိုင်မလားလဲ မသိသေးပါ။ ခရိုအေးရှားတို့ရဲ့ ခံစစ်ပိုင်းက အားကောင်းပေမယ့် Neymar, Vinicius Jr., Rafinha နဲ့ Richarlison ဆိုတဲ့ ဘရာဇီးရဲ့ တိုက်စစ်ပိုင်းကိုတော့ ဘယ်လိုမှခံနိုင်မယ်မထင်ပါဘူး။ ဒီပွဲကတော့ ဘရာဇီးတို့ပဲ အနိုင်ရသွားပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားလိမ့်မယ်။

11 Player –

Croatia (4-3-3): Dominic Livacovic (GK), Josip Juranovic, Dejan Lovren, Josco Guardiol, Bor. Rna Sosa, Masolo Brozovic, Mateo Kovacic, Luka Modric, Andrej Camaric, Ivan Perisic, Ante Budimir.

Brazil (4-3-3): Alisson Becker (GK), Danilo, Thiago Silva, Marquinhos, Eder Militao, Casemiro. People: Lucas Paqueta, Rafinha, Neymar, Vinicius Junior, Richarlison

Missing Player –

Brazil : Alex Sandro, A.Telles, Gabriel Jesus

Croatia : B.Sosa, J.Stanisic

Facebook

အတွေ့ကြုံများတဲ့ Louis van Gaal ဆိုတဲ့ နယ်သာလန်အသင်းနည်းပြဟာ အခုအချိန်အထိ ၄ ပွဲကစားပြီး တစ်ပွဲမှမရှုံးသေးပဲ Form တွေ တော်တော်ကောင်းနေကြပါတယ်။ အခုထိ ဂိုး ၈ လုံးသွင်းထားနိုင်ပြီး ၂ လုံးလေးပဲ ပြန်သွင်းခံထိခဲ့တယ်။ နောက်ဆုံးတစ်ပွဲတုန်းက USA အပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိလာပါတယ်။ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတစ်ခါမှမရဖူးသေးပါဘူး။ ဗိုလ်လုပွဲအထိတော့ ၃ ကြိမ်တိတိ တက်ရောက်ခဲ့ဖူးပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်တဲ့ခုနှစ်ကတော့ ၂၀၁၀ တုန်းကပဲ ဖြစ်ပါတယ်။ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲလုပ်နိုင်တယ်။ ၁၆ သင်းဆင့်မှာ USA နဲ့တွေ့ပြီး အနိုင်ထပ်ရသွားတော့ အရှုံးမရှိသေးပဲ ၈ သင်းအဆင့်အထိ တက်ရောက်လာနိုင်တယ်။ လက်ရှိနယ်သာလန်အသင်းဟာ စူပါနည်းပြကြောင့် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်း တော်တော်တောင့်တင်းမှုရှိတယ်။

အာဂျင်တီးနားတို့ကျတော့ ကမ္ဘာ့ဖလားပွဲစစလာချင်းတုန်းက ခပ်ညံ့ညံ့လေးနဲ့ ဆော်ဒီကိုရှုံးသွားပြီး နောက်လာတဲ့ ၃ ပွဲကျတော့ အရည်ချင်းရှိရှိနဲ့ ၃ ပွဲစလုံး အနိုင်ရရှိခဲ့တယ်။ သူတို့ရဲ့ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး ၁ ပွဲရှုံး ၂ ပွဲနိုင် သွင်းဂိုး ၇ လုံး သွင်းခံထိတဲ့ဂိုး ၃ လုံး ဖြစ်ပါတယ်။ အခုလက်တလော အသင်းရဲ့ စူပါစတားဖြစ်တဲ့ မက်ဆီက ဂိုး ၃ လုံးနဲ့ Assist ၁ ခါ လုပ်ထားနိုင်ပြီးပြီ။ ဒီကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ရထားတဲ့အသင်းဟာ အခုနောက်ပိုင်း ချန်ပီယံမဖြစ်တာတော်တော်ကြာပါပြီ။ သူတို့ ချန်ပီယံဖြစ်ဖူးတဲ့ ၂ ကြိမ်မှာတော့ ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့ပဲ ဖြစ်ပါတယ်။ အဲကနေပြီးတာနဲ့ ကမ္ဘာ့ဖလားထပ်မရတော့ပဲနေနေတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဗိုလ်လုပွဲအထိတော့ တက်နိုင်သေးတယ်။ ဒါပေမယ့် အချိန်ပိုအတောတွင်းမှာပဲ အရှုံးရသွားတော့ နှမြောစရာတော်တော်ကောင်းပါတယ်။ ဒီနှစ်မှာတော့ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး အနိုင် ၂ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ပြီး ၁၆ သင်းအဆင့်ရောက်တော့ ဩစတြေးလျနဲ့တွေ့သွားပါတယ်။ အဲ့ပွဲ သူတို့ပဲ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး ၈ သင်းအဆင့် တက်ရောက်လာပါတယ်။ ဒီနှစ် အာဂျင်တီနားတို့ရဲ့ စိတ်အားဆေးကတော့ မက်ဆီရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့အတွက်မို့လို့ အနိုင်လိုစိတ်တွေများပြီး ခြေစွမ်းပြနိုင်နေကြပါတယ်။ သူတို့တွေ ကမ္ဘာ့ဖလားတော်တော်လိုချင်နေကြတာဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်မှာ အသင်းရဲ့ အရေးကြီးဆုံးကစားသမားပါပဲ။ အခုထိ ဂိုး ၃ လုံးသွင်းနိုင်ပြီး ကစားပွဲကို ထိရောက်စွာ တာဝန်ယူပေးနိုင်​နေတယ်။ အသင်းရဲ့ အနိုင်အရှုံးက သူ့အပေါ်ပဲ မူတည်သလိုဖြစ်နေပါတယ်။

online games myanmar နယ်သာလန်အသင်း အခုတလော Form တွေ တော်တော်ကောင်းနေသလို စိတိဓာတ်တွေလည်း တော်တော်ကောင်းနေကြပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ဘက် ၄ သင်းက တောင့်တင်းမှုသိပ်မရှိပေမယ့် ယုံကြည်မှုကိုတော့ ဖန်တီးပေးနိုင်ပါတယ်။ နယ်သာလန်တို့ရဲ့ ဗဟိုခံစစ် ၃ ယောက်စနစ်က အရှေ့အရမ်းတိုးထားတဲ့အတွက် တန်ပြန်တိုက်စစ်ဆင်ခံရရင် မှားမိတာနဲ့ တန်းပြီး အပယ်ခံထိသွားနိုင်ပါတယ်။ အာဂျင်တီးနားတို့ကျတော့ ပထမပွဲ ဆော်ဒီကိုရှုံးသွားကတည်းကစပြီး နောက်လာတဲ့ပွဲတွေမှာ ခြေစွမ်းတော်တော်ပြနိုင်ခဲ့ပါတယ်။ အသင်းရဲ့ Form က တစ်ဖြည်းဖြည်းနဲ့ ပြန်ကောင်းလာနေတယ်။ အသင်းရဲ့ Form က ကောင်းသလို မက်ဆီရဲ့ Form လည်း တော်တော်ကောင်းနေတယ်။ ဒီပွဲရဲ့စစလာချင်းမှာတော့ သူတို့ထိန်းပြီးကစားရုံပဲရှိလိမ့်မယ်။ နစ်သင်းစလုံးရဲ့ ဘောလုံးစတိုင်လ်က တိုက်စစ်ဆင်ကစားတဲ့စတိုင်လ်ဖြစ်နေကြပေမယ့် အချင်းချင်းယှဉ်ကြည့်လိုက်ရင်တော့ အာဂျင်တီးနားရဲ့ တိုက်စစ်ပိုင်းက ပိုကြမ်းပါတယ်။ အတွေ့ကြုံနဲ့ ပြတ်သားမှုပိုရှိတယ်။ ပြီးတော့ ကစားသမားအရည်အချင်းလည်း ပိုကောင်းနေပါတယ်။ ဒါပေမယ့် ခံစစပိုင်းနေရာကျတော့ နယ်သာလန်ဘက်က ပိုကြည့်ကောင်းပါတယ်။ နယ်သာလန်အသင်းဟာ စနစ်တကျ ကစားနိုင်ပြီး ကစားသမား တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိနေကြတယ်။ ဒီပွဲ တော်တော်ကြည့်ကောင်းပြီး နှစ်သင်းစလုံး မနည်းရုန်းကစားတဲ့အဖြစ်ကို မြင်ခဲ့ကြရလိမ့်မယ်။ ဒီပွဲ မိနစ် ၁၂၀ အထိတောင် ကစားပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီပင်နယ်တီက နယ်သာလန်တို့ အာဂျင်တီးနားကို ရှုံးဖူးတော့ သူတို့ရဲ့ အိပ်မက်ဆိုးကြီးဖြစ်သွားလိမ့်မယ်။ အဲ့တာနဲ့ပဲ နယ်သာလန်ဘက်က ပွဲသိမ်းဖို့ အသကုန်ကြိုးစားလိမ့်မယ်။ ဒီပွဲကတော့ မိနစ် ၉၀ အတွင်း ကျွန်တော် အာဂျင်တီးနားတို့ကိုပဲ အနိုင်ပေးထားပါတယ်။

11 Player –

Netherland: (3-4-1-2): Andries Noppert – Eurion Timber, Virgil van Dijk, Nathan Ake – Denzel Dumfries, Marten de Roon, Frenkie de Jong, Daley Blind – Davy Klaassen – Cody Gakpo, Memphis Depay.

Argentina: (4-3-3): Emiliano Martinez – Nahuel Molina, Christian Romero, Nicolas Otamendi, Marcos Acuña – Roma. Drigo De Paul, Enzo Fernandez, Alexis McAlister – Julian Alvarez, Lionel Messi, Alejandro Gomez

Missing Player –

Netherland : –

Argentina : Papu Gomez