online casino myanmar

မော်ရိုကို Vs ပေါ်တူဂီ [10 Dec 22 - 21:30 hrs]

online casino myanmar မော်ရိုကိုအသင်း ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို ၅ ကြိမ်တိတိ ကစားခဲ့ဖူးပါတယ်။ သူတို့ရဲ့ အကောင်းဆုံးကတော့ နောက်ဆုံး ၁၆ သင်းအဆင့်အထိပဲ တက်နိုင်ခဲ့တယ်။ အာဖရိကတိုက်မှ နောက်ဆုံး ၈ သင်းအဆင့်ကို တက်နိုင်ဖူးတဲ့အသင်းတွေမှာကတော့ ၁၉၉၀ ခုနှစ်တုန်းက ကင်မရွန်း၊ ၂၀၀၂ ခုနှစ်တုန်းက ဆီနီဂေါနဲ့ ၂၀၁၀ ခုနှစ်တုန်းက ဂါနာတို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ မော်ရိုကိုကပါ ၈ သင်းအဆင့် ဝင်ရောက်နိုင်တဲ့အတွက် အာဖရိကတိုက်မှ ၈ သင်းအဆင့် ဝင်ရောက်နိုင်တဲ့ ၄ သင်းမြောက်ဖြစ်သွားပါပြီ။  အဲ့တာနဲ့ပဲ မော်ရိုကိုနည်းပြ Walid Rekragui ဟာ မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားဖိုင်နယ်သို့ ဦးဆောင်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကနွယ်ဖွားနည်းပြ ဖြစ်လာခဲ့တယ်။ မော်ရိုကိုရဲ့အသင်းဝင် နောက်ခံကစားသမား Nayef Agerd က အခုတလော ဒဏ်ရာရထားပါတယ်။ Abdelhamid Sabiri ဆိုတဲ့တစ်ယောက်ကလည်း အရံထိုင်ခုံမှာပဲ ထိုင်နေရပါတယ်။ သူတို့ရဲ့ ပြီးခဲ့တဲ့ Form တွေ မဆိုးပါဘူး၊ ဂရုအဆင့်တုန်းက ၃ ပွဲကစားပြီးအနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်ခဲ့တယ်။ တစ်ပွဲမှမရှုံးသေးပဲ ဂိုး ၁ လုံး သွင်းခံထိထားပါတယ်။ အခုထိ Clean sheet ၃ ပွဲတောင် ကောက်သိမ်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းက တော်တော်တောင့်တင်းမှုရှိပါတယ်။

ပေါ်တူဂီတို့ကျတော့ Joao Cancelo နေရာ Diogo Dalot ကိုပဲ အရင်ဆင်းခိုင်းလောက်တယ်။ ဆွစ်ဇာလန်နဲ့ပွဲတုန်းက Gonzalo Ramos မှာ ခြေစွမ်းတော်တော်ပြနိုင်တဲ့အတွက် CR7 ကလည်း အရံထိုင်ခုံမှာပဲ ဆက်ထိုင်နေရလောက်ပါတယ်။ အဲ့ပွဲ နောက်ဆုံး ၁၆ သင်းဖြစ်ပြီး Gonzalo Ramos က Hat-trick တောင် လုပ်နိုင်ခဲ့တယ်။ ပေါ်တူဂီရဲ့ နိုင်ငံတကာပြိုင်ပွဲထဲက အကောင်းဆုံးလုပ်နိုင်တဲ့အဆင့်ကတော့ ၁၉၆၆ ကမ္ဘာ့ဖလားပွဲ နံပါတ် ၃ နဲ့ ၂၀၁၆ ယူရိုချန်ပီယံတို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက တော်တော်ပြတ်သားမှုရှိတော့ ပြိုင်ဘက်ကို ဂိုးတော်တော်သွင်းနိုင်ကြပါတယ်။ ခံစစ်ပိုင်းကျတော့ မှားယွင်းမှုတွေရှိနေကြတုန်းပါ။ ဂရုအဆင့် ၃ ပွဲတုန်းက အနိုင် ၂ ပွဲနဲ့ အရှုံး ၁ ပွဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့တွေ့ပြီး ဒဏ်ရာရသွားတဲ့ကစားသမားတွေမရှိပါဘူး။ Gonzalo Ramos နဲ့ Joao Felix တို့က စွမ်းဆောင်ရည်တော်တော်ကောင်းတဲ့အတွက် CR7 က အရံထိုင်ခုံမှာပဲ အကြာကြီးဆက်ထိုင်သွားရလောက်တယ်။

ဒီအာဖရိကတိုက်မှမော်ရိုကိုအသင်း အခုထိ တစ်ပွဲမှမရှုံးသေးပါဘူး။ စပိန်တို့ကိုတောင် ကျော်ဖြတ်ခဲ့ဖူးပြီးပြီ၊ ခရိုအေးရှားရယ်၊ ဘယ်ဂျီယံရယ် ပြီးတော့ စပိန်တို့နဲ့လည်း တွေ့ဖူးပြီးပြီ။ အဲ့တာတောင် သူတို့က မရှုံးသေးပဲ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ မော်ရိုကိုအသင်းဝင်ကစားသမားတွေ လက်တလော ယုံကြည်မှုအပြည့်နဲ့ ပေါ်တူဂီကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။ ပေါ်တူဂီတို့မှာလည်း လောလောဆယ်တော်တော်ကြမ်းနေတယ်။ ဆွစ်ဇာလန်နဲ့ပွဲတုန်းကဆိုရင် ၆ ဂိုး ၁ ဂိုးနဲ့တောင် အနိုင်ရရှိလာတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ကစားသမားချင်း ယှဉ်ကြည့်ရင်တော့ ပေါ်တူဂီဘက်က ပိုကြည့်ကောင်းပါတယ်။ ဒါပေမယ့် စိတ်ဓာတ်နဲ့ အာရုံစိုက်မှုကတော့ မော်ရိုကိုဘက်က ပိုသာတယ်။ မော်ရိုကိုတို့က သူတို့စံချိန်တင်ထားတာထက် ကျော်လွန်လာပါပြီ။ အဲ့ဒီတော့ စိတ်ဖိအားတွေက ပေါ်တူဂီလောက်မရှိတော့ပါဘူး။ ဒီပွဲ မော်ရိုကိုတို့အနိုင်ရသွားခဲ့ရင်တော့ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်တဲ့ အာဖရိကတိုက်မှ ပထမဦးဆုံးအသင်း တန်းဖြစ်သွားလိမ့်မယ်။ ပေါ်တူဂီနဲ့ မော်ရိုကိုတို့ ၂ ခါတွေ့ဖူးကြတယ်။ တစ်ယောက်တစ်ပွဲ အနိုင်ရသွားကြပါတယ်။ ဒီပွဲကတော့ ပေါ်တူဂီတို့အတွက် မလွယ်ပါဘူး။ အဲ့ဒီတော့ Extra time အထိ ကစားရဖို့ ရှိမယ်ထင်ပါတယ်။

11 Player –

Morocco (4-3-3): Yassin Bonu – Achraf Hakimi, Jawad El Yamiq, Romain Sais, Nussair Mazraoui – Sofiane Amrabat, Azzedine Unai, Selim Amallah – Hakeem Ziyech, Youssef Ennessri, Sofiane Boufal

Portugal (4-3-1-2): Diogo Costa; Diogo Dalot, Ruben Dias, Pepe, Rafael Guerrero; Otavio, William. Carvalho, Ruben Neves – Bruno Fernandes – Gonzalo Ramos, Joao Felix

Missing Player –

Morocco : R.Saiss, N.Aguerd

Portugal : D. Pereira, Nuno Mendes

Facebook

၁၉၆၆ ကမ္ဘာ့ချန်ပီယံ ၁ ကြိမ်ရဖူးတဲ့ အင်္ဂလန်အသင်းဟာ ဂရုအဆင့် ၃ ပွဲတုန်းက အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်ပြီး ၁၆ သင်းအဆင့်မှာ ဂါနာနဲ့ တွေ့ခဲ့ရပါတယ်။ ဂါနာနဲ့ပွဲတုန်းက အင်္ဂလန်တို့ အေးအေးဆေးဆေးပဲ အနိုင်ရရှိခဲ့တယ်။ Gareth Southgate ရဲ့ ညာဏ်ရည်က တော်တော်ထူးချွန်ပြီး အခုထိ တစ်ပွဲမှမရှုံးသေးပါဘူး။ အင်္ဂလန်အသင်းဟာ လက်ရှိကစားသမားအသီးသီးက အင်္ဂလန်ပရီးမီးယားလိဂ်ထဲ ပါဝင်ကစားနေကြတဲ့သူတွေဖြစ်တဲ့အတွက် အားပေးချင်စရာတော်တော်ကောင်းနေတယ်။ အခုမှတက်လာတဲ့ကလေးတွေက လူဟောင်းနေရာကို အစားထိုးလဲပေးနိုင်ပါတယ်။ တိုက်စစ်ပိုင်းကလည်း တိုက်စစ်အမျိုးမျိုးဆင်ကစားနိုင်ပြီး အခုအချိန်အထိ ဂိုး ၁၂ လုံးတောင် သွင်းထားပြီးပါပြီ။ သွင်းဂိုးအများဆုံးနဲ့အသင်းတောင်ဖြစ်နေတယ်။ ခံစစ်ပိုင်းကျတော့ ဂိုး ၂ လုံး သွင်းခံထိထားပါတယ်။ ခံစစ်ပိုင်းမှာ Harry Maguire ကို ဦးဆောင်ခိုင်းပါတယ်။ သူ့မှာ ဈေးနှုန်းနဲ့ကိုက်ညီအောင် ခြေစွမ်းပြနိုင်နေပါတယ်။

ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ရဖူးတဲ့ ပြင်သစ်တို့ကျတော့ ဒီနှစ်ကို ချန်ပီယံဟောင်းအနေနဲ့ ရောက်ချလာပါတယ်။ သူတို့ရဲ့ အမြင့်ဆုံးပစ်မှတ်ကတော့ ချန်ပီယံပါပဲ။ ဂရုအဆင့်နဲ့ ၃ ပွဲတုန်းက အနိုင် ၂ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ နောက်ဆုံး ၁၆ သင်းအဆင့်မှာ ပိုလန်နဲ့တွေ့ပြီး ခြေစွမ်းပြနိုင်လို့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ပွဲ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး ၈ သင်းအဆင့်ကို တက်ရောက်လာပါတယ်။ သူတို့ရဲ့ကစားသမားအချို့တွေ နှုတ်ထွက်သွားတာဘာညာ ရှိခဲ့ပေမယ့် အသင်းရဲ့ Form ကိုတော့ မထိခိုက်ပါဘူး။ အသင်းနည်းပြရဲ့ စီမံခန့်ခွဲမှုက တော်တော်လေးအဆင်ပြေလို့ပါ။ သူက အတွေ့ကြုံများပြီး အရင်နှစ်မှ ချန်ပီယံရသွားတဲ့ကစားသမားအဖွဲ့အစုနဲ့ အခုမှတက်လာတဲ့ကလေးတွေကို ရောပြီး ကစားခိုင်းထားပါတယ်။ အဲ့တာ တော်တော်လေး အဆင်ပြေနေပါတယ်။ အဓီက သူတို့ရဲ့တိုက်စစ်ပိုင်းပေါ့၊ တော်တော်လေး ကြောက်စရာကောင်းပြီး ပြတ်သားမှုလည်း အရမ်းရှိပါတယ်။ Kylian Mbappe နဲ့ Olivier Giroud တို့က နှစ်ယောက်ပေါင်း ဂိုး ၈ လုံးတောင် သွင်းထားနိုင်ပြီးပြီ၊ အကောင်းဆုံးဂိုးဖန်တီးရှင်ဆုကို တက်ခူးမယ့်သူတွေဖြစ်နေတယ်။

online casino myanmar ဒီပွဲကတော့ အကြီးစားပြိုင်ပွဲဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို လောင်းကြေးအနေနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အင်္ဂလန်အသင်းဟာ ဒီ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲထဲမှာ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားသမားကိုယှဉ်ကြည့်မယ်ဆိုရင် အရည်သွေး သိပ်မကွာကြပါဘူး။ ပြင်သစ်ဘက်က တိုက်စစ်ပိုင်း အပြေးမြန်တယ်။ အရည်အချင်းကောင်းတယ်။ ကိုယ်ပိုင်စကေးလည်း တော်တော်ကောင်းပါတယ်။ ဒီပွဲအတွက် ၁၀၀% နီးပါးဖြစ်ပါတယ်။ အင်္ဂလန်ဘက်က သတိထားရမှာ Kylian Mbappe ကိုပဲ ဖြစ်လိမ့်မယ်။ သူက အကောင်းဆုံးဂိုးဖန်တီးရှင်ဖြစ်ချင်နေပြီး ခြေစွမ်းအရမ်းတက်ကြွနေပါတယ်။ ပြီးတော့ Olivier Giroud မှာလည်း တူတူပဲ။ သူတို့နှစ်ယောက်က အင်္ဂလန်ရဲ့ခံစစ်ပိုင်းကို တော်တော်ဒုက္ခပေးသွားလိမ့်မယ်။ အင်္ဂလန်ဘက်ကကျတော့ Declan Rice နဲ့ John Stones တို့အခြေနေကို စောင့်ကြည့်ရဦးမယ်ထင်တယ်။ ဒါပေမယ့် အဆင်ပြေလာက်ပါတယ်။ နှစ်သင်းစလုံးရဲ့ Position တစ်ခုနဲ့တစ်ခု ယှဉ်ကြည့်ရင်တော့ ပြင်သစ်ဘက်က နည်းနည်းပိုသာနေပါတယ်။ ပြီးတော့ အင်္ဂလန်ရဲ့ စံချိန်က တန်းတူအသင်းတွေနဲ့ တွေ့တိုင်း ခြေစွမ်းညံ့တတ်နေပါတယ်။ ဒီအသင်းနှစ်သင်း အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ၅ ပွဲထဲမှာ ပြင်သစ်ဘက်က အခြေနေပိုကောင်းပြီး အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ခဲ့ဖူးပါတယ်။ ဒီပွဲကတော့ အင်္ဂလန်အသင်း ခံစစ်ပိတ်တဲ့စနစ်နဲ့ ရောက်ချလာမယ်ထင်တယ်။

11 Player –

England (4-3-3): Jordan Pickford – Kyle Walker, John Stones, Harry Maguire, Luke Shaw – Calvin Phi. Ellips, Declan Rice, Jude Bellingham – Bukayo Saka, Harry Kane, Phil Foden

France (4-2-3-1): Hugo Lloris; Jules Gunde, Raphael Varane, Dayot Upamecano, Theo Hernandez; Aure. Lian Jouameni, Adrian Rabiot – Ousmane Dembele, Antoine Griezmann, Kylian Mbappe – Olivier Giroud

Missing Player –

England : C. Wilson, R. Sterling, B. White 

France :  Lucus Hernandez

Facebook