myanmar maung

ရီးရဲလ်ဘက်တစ် Vs မန်ယူ [16 Mar 23 - 00:15 hrs]

myanmar maung အိမ်ရှင်ရီးရဲလ်ဘက်တစ်အသင်း စပိန်လာလီဂါရဲ့နံပါတ် ၅ ဖြစ်ပြီး နောက်ဆုံးတစ်ပွဲတုန်းက ဗီလာရီးရဲလ်နဲ့ ၁-၁ သရေကျလာခဲ့ပါတယ်။ သူတို့က လွယ်လွယ်လေးနဲ့ မရှုံးတတ်ပါဘူး။ လိဂ်တိုက်ပွဲထဲမှာ အရှုံးပွဲမရှိတာ ၅ ပွဲ ရှိသွားပါပြီ။ ဥရောပဇုန်ထက် ၃ မှတ်ပဲနည်းနေပါတယ်။ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့ ရှိနေတုန်းဖြစ်ပါတယ်။ အသင်းနည်းပြက ဒီအပတ်မှာ ကစားသမားတွေ ၈ ယောက်တောင်ပြောင်းလဲပြီး ကစားခဲ့ပါတယ်။ စွမ်းဆောင်ရည်ကျဆင်းနေလို့ ပြောင်းလိုက်တာလားမသိပါဘူး။ ဒါမှမဟုတ် ဒုကျော့မှာ အသုံးပြုချင်လို့ အနားပေးလိုက်တာလားလည်း ဖြစ်နိုင်ပါတယ်။ ဘက်တစ်တို့ဟာ အိမ်ကွင်းနဲ့ ခြေစွမ်းပြနိုင်ပါတယ်။ အိမ်ကွင်းနဲ့ ကြီးမားတဲ့အသင်းတွေကို ကြိုဆိုတဲ့နေရာမှာ အက်သလက်တီကိုမက်ဒရစ်ကို ၁-၂ နဲ့ ရှုံးထားတယ်။ ဘာစီကိုလည်း ၁-၂ နဲ့ရှုံးထားတယ်။ ပြီးတော့ ဖလားပွဲတစ်ခုမှာ ဘာစီနဲ့ ၂-၂ သရေကျသွားခဲ့ဖူးပါတယ်။ ရီးရဲလ်နဲ့လည်း ၀-၀ သရေကျသွားခဲ့ဖူးပါတယ်။ ဘက်တစ်တို့က ကြီးမားတဲ့အသင်းတွေနဲ့တွေ့ခဲ့ရရင် ကိုယ့်ကစားသမားအရည်သွေးက မမီတော့ ရှုံးသွားတာပိုများပေမယ့် စွမ်းဆောင်ရည်ကို သေသေချာချာကြည့်ရင် စိတ်ပျက်စရာမကောင်းပါဘူး။ ဒီပွဲ ဘက်တစ်ဘက်က လူးဝစ်ဖိလစ်ပီမပါနိုင်သေးပါဘူး။ Nabil Fekir ရောပဲ ဒီနားမတိုင်ခင် အကြာကြီးပဲ ဒဏ်ရာရထားပြီးသားဖြစ်ပါတယ်။ William Carvalho နဲ့ Sergio Canales တို့ကတော့ ဒီပွဲ ပြန်လာနေကြပါပြီ။ ပထမကျော့တုန်းက ဘက်တစ်တို့မန်ယူကို ၄-၁ နဲ့ အရင်ရှုံးထားပါတယ်။ ဒီပွဲကတော့ ဘက်တစ်တို့မှာ Nabil Fekir မရှိမှန်းသေချာပါပြီ။ Martin Montoya ရောပဲ မပါနိုင်ပါဘူး။ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်နေကြပါတယ်။ Position ပြောင်းလဲတာဘာညာတော့ ရှိလိမ့်မယ်။ Striker နေရာကျတော့ Perez ကို အသုံးပြုထားပြီး Luiz Henrique၊ Joaquin နဲ့ Juanmi တို့ကို Striker ရဲ့ အနောက်ကနေ တိုက်စစ်ဆင်ကစားဖို့ စီစဉ်ထားလောက်ပါတယ်။

မန်ယူအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အမှတ်ဇယားထဲက အောက်ပိုင်းအသင်းနဲ့တွေ့ပြီး သရေကျလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့မှာ စောစောစီးစီး ၁၀ ယောက်ထဲပဲကျန်ခဲ့တဲ့အတွက် သရေကျသွားတာ အထူးအဆန်းမဟုတ်ပါဘူး။ ပြီးတော့ အဲ့ဒီအနီကဒ်က ကာစီမီရိုရဲ့ ဒီရာသီအတွင်း ဒုတိယမြောက်ဖြစ်တဲ့အတွက် သနားစရာကောင်းပါတယ်။ မန်ယူအသင်း ပရီးမီးယားလိဂ်ထဲမှာ နံပါတ် ၃ ဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာမရှိပါဘူး။ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းပြီး လိဂ်ပွဲစဉ်တွေမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ။ ပြီးတော့ လိဂ်ထဲက နောက်ဆုံး ၅ ပွဲထဲမှာဆိုရင် အနိုင် ၂ ပွဲလေးပဲ လုပ်နိုင်ခဲ့တယ်။ ခြေစွမ်းသိပ်မပြနိုင်တဲ့အကြောင်းရင်းတစ်ခုက ပြိုင်ပွဲရက်တွေ အရမ်းကပ်နေတာလည်းပါတယ်။ ကစားသမားတွေက အနားသိပ်မရကြတော့ ပင်ပန်းနွမ်းနယ်နေကြပါတယ်။ အရန်ကစားသမားတွေတောင် မခံနိုင်ကြပါဘူး။ အလက်ဂျန်းဒရို ကာနာချိုက ဒီပွဲ မပါနိုင်တော့ပါဘူး။ ကောင်းတာကတော့ ကာစီမီရိုက ယူရိုပါလိဂ်တိုက်ပွဲထဲ ပါနိုင်လို့တော်ပါသေးတယ်။ အဝါကဒ်ရသွားမှာကို စိုးရိမ်ရပါတယ်။ အဝါကဒ်ရသွားရင်တော့ အနီကဒ်တန်းဖြစ်နိုင်ချေရှိနေလို့ပါ။ မန်ယူတို့မှာ ဒီပွဲ အလက်ဂျန်းဒရို ကာနာချိုမရှိသေးဘူး။ ပရီးမီးယားလိဂ်မှာ ဘန်းခံထိထားတဲ့ကာစီမီရိုက ယူရိုပါလိဂ်နဲ့မဆိုင်ဘူး။ မက်ကွိုင်းနဲ့ မာလာစီယာတို့ ဒီပွဲ ဆင်းရလောက်တယ်။ တိုက်စစ်ပိုင်းနေရာ Rashford ကိုချထားပြီး ပြိုင်ဘက်ခံစစ်ပိုင်းကို ဖိအားပေးသွားလိမ့်မယ်။ ဒဏ်ရာရထားတဲ့ကစားသမားတွေကတော့ Donny van de Beek နဲ့ Christian Eriksen တို့ပဲဖြစ်ပါတယ်။ ဆောက်သန်တမ်နဲ့ပွဲတုန်းက အနီကဒ်ထိသွားတဲ့ကာစီမီရိုကတော့ ဒီပွဲ ဆင်းနိုင်ပါတယ်။ အဲ့တော့ သူက ဒီပွဲ Fred နဲ့အတူ တွဲဆင်းရလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကတော့ Rashford ကို အနားပေးပြီး ဆန်ချိုကို စည်းဘေးအထိ ချမှတ်သွားနိုင်ပါတယ်။ Striker နေရာကျတော့ Weghorst ကို တာဝန်ပေးရင် ပေးသွားလိမ့်မယ်။

ဒီယူရိုပါလိဂ် ၁၆ သင်းအဆင့်ဟာ ပရီးမီးယားလိဂ်မှ ကြီးမားတဲ့မန်ယူအသင်း ပထမကျော့တုန်းက အိမ်ကွင်းနဲ့ အနိုင်အရင်ရသွားပါတယ်။ ဒီအပတ်ထဲရောက်တော့ လာလီဂါထဲက နံပါတ် ၅ ဖြစ်တဲ့ဘက်တစ်ရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ အခုတလော ယူနိုက်တက်ဘက်က ဂိုး ၃ လုံးတောင် ကျောထားတဲ့အတွက် ပိုပြီး စိတ်အေးရပါတယ်။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့အခွင့်ရေး အရမ်းပဲများနေပါတယ်။ ပြောမယ်ဆိုရင် နောက်တစ်ဆင့် ဆန်ကာတင်ဖို့ 100% နီးပါးဖြစ်နေပါပြီ။ ဘက်တစ်တို့က ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် ပထမကျော့တုန်းက တော်တော်ရှုံးထားတဲ့အတွက် တော်တော်ပဲနစ်နာနေပါတယ်။ အဲ့တော့ သူတို့ဒီပွဲ ခံစစ်ပိတ်ပြီး စောင့်မနေကြလောက်ပါဘူး။ ဂိုးမြန်မြန်သွင်းနိုင်အောင်ဆိုပြီး တိုက်စစ်ဆင်ကစားလိမ့်မယ်။ အဲ့တာနဲ့ပဲ သူတို့မှာ မန်ယူတို့ရဲ့ တိုက်ခိုက်မှုကို ပြန်ခံရလိမ့်မယ်။ မန်ယူတို့ကျတော့ ဒီပွဲ အေးဆေးဖြစ်ပါတယ်။ သွင်းဂိုးက ပိုသာနေတဲ့အတွက် အေးအေးဆေးဆေးပဲကစားလိမ့်မယ်။ ကိုယ့်စနစ်နဲ့ကိုယ်ကစားပြီး အခွင့်ရေးကြုံလာတော့မှ အားသာတဲ့ တိုက်စစ်ဆင်ကစားခြင်းကို အသုံးချသွားလိမ့်မယ်။ အဲ့တော့ ဒီပွဲ အစစအရာရာ မန်ယူဘက်က ပိုကြည့်ကောင်းနေတယ်။ မန်ယူတို့ဒီပွဲ ကာကွယ်ပိုင်းကို ဦးစားပေးလောက်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ဆီမှာ ဒဏ်ရာရသွားတဲ့ကစားသမားတွေ တော်တော်များများ ဖြစ်ပေါ်နေလို့ပါ။ လက်လျှော့ပြီး ကစားလို့ရတဲ့ပွဲရှိရင်လည်း လျှော့ပြီးကစားသင့်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော ဒီပွဲ အနိုင်ရသွားမှာတော့ ရသွားမှာပါပဲ။

11 Players

Real Betis (4-2-3-1) Bravo; Sabaly, Pezzella, Ruiz, Miranda; Carvalho, Rodriguez; Canales, Perez, Juanmi; Iglesias

Manchester United (4-2-3-1) : De Gea; Wan-Bissaka, Varane, Maguire, Malacia; Casemiro, Fred; Antony, Fernandes, Sancho; Rashford

Missing Players

Real Betis : Martín Montoya (No eligibility), Juan Cruz (Muscle Injury), Nabil Fekir (Cruciate Ligament Rupture)

Manchester United : Alejandro Garnacho (Ankle Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury), V. Lindelof (Fever)

Facebook

အိမ်ရှင်အာဆင်နယ်အသင်း ပရီးမိးယားလိဂ်ရဲ့ အပေါ်ဆုံးအသင်းဖြစ်ပြီး စွမ်း‌ဆောင်ရည်တွေ အရမ်းကောင်းနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်အပေါ် ၀-၃ နဲ့ အေးအေးဆေးဆေး အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ သူတို့ရဲ့တိုက်စစ်ပိုင်းက တော်တော်ပြတ်သားခဲ့ကြတယ်။ အဲ့ပွဲ Trossard က ခြေစွမ်းအရမ်းပြနိုင်ပြီး Assist ၃ ခါတောင် ရသွားပါတယ်။ ဒီကိုရောက်လာကတည်းက Assist ၅ ကြိမ်မြောာက် ဖြစ်သွားပါပြီ။ အာဆင်နယ်တို့ အခု လိဂ်ပွဲစဉ်ထဲမှာ ၅ ပွဲဆက်တိုက် အနိုင်ရရှိသွားပါပြီ။ အဲ့ဒီ ၅ ပွဲထဲနဲ့ ဂိုး ၁၅ လုံးတောင်သွင်းနိုင်ကြပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းပဲကြမ်းနေကြပါတယ်။ ဒီပွဲ အဲ့ထက်ကောင်းတာ ဂါဗြေလ ယေရှုပြန်လာပါပြီ။ ဒီလို အရေးကြီးတဲ့အချိန်မှ ပြန်လာတာဆိုတော့ ကွက်တိကွက်ကျဖြစ်ပါတယ်။ အဲ့တာနဲ့ သူတို့မှာ လက်နက်ကြီးတစ်ခု ပြန်ရလာပြီဆိုတဲ့သဘောပေါ့ဗျာ။ သူ့ကိုရွေးချယ်ပြီး ပြိုင်ဘက်ရဲ့ ခံစစ်ပိုင်းကို ချိုးဖောက်လို့ရတယ်။ အာဆင်နယ်တို့မှာ အခုတလော ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိပါဘူး။ ဟိုးအရင်ကတည်းက ဒဏ်ရာရထားပြီးသားဖြစ်တဲ့ မိုဟာမက်အယ်နီနီတစ်ယောက်ထဲပဲရှိပါတယ်။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ကစားမယ်ထင်တယ်။ Reiss Nelson၊ Gabriel Martinelli နဲ့ Emile Smith Rowe တို့ကို တိုက်စစ်ပိုင်းနေရာ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Fabio Vieira၊ Thomas Partey နဲ့ Granit Xhaka တို့ကိုပဲ တာဝန်ပေးသွားမယ်ထင်ပါတယ်။

myanmar maung စပို့တင်းတို့ကျတော့ ပေါ်တူဂီလိဂ်မှ နံပါတ် ၅ အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဇုန်ထက် ၇ မှတ်တောင်နည်းနေပါတယ်။ သူတို့ လက်ရှိရာသီကုန်တဲ့အထိ တိုက်ခိုက်ခဲ့ရလိမ့်မယ်။ နောက်ဆုံးတစ်ပွဲတုန်းက Boavista အပေါ် ၃-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲတုန်းက အသင်းနည်းပြမှာ ဥရောပမှ ကစားသမား ၅ ယောက်ကို အနားပေးထားပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ အမြဲလိုလိုကောင်းနေကြပြီး ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုပြန်ရှိကြတယ်။ Clean sheet တောင် ၃ ပွဲဆက်တိုက် ရရှိထားပြီးပြီ။ သူတို့ရဲ့တိုက်စစ်ပိုင်းကလည်း ပြန်ကြောက်ဖို့ကောင်းလာပါတယ်။ Francisco Trincao နဲ့ Marcus Edwards တို့က အပြေးမြန်သလို အရည်အချင်းလည်းကောင်းတယ်။ နောက် စိတ်ဝင်စားစရာကောင်းတဲ့ကစားသမားတစ်ယောက်ကတော့ Pedro Goncalves ဆိုတဲ့ ကွင်းလယ်တိုက်စစ်နဲ့တစ်ယောက်ပါပဲ။ သူက အခု ဂိုး ၁၆ လုံးနဲ့ Assist ၇ ကြိမ်တောင် လုပ်ထားပြီးပါပြီ။ ဒီပွဲ မဆင်းနိုင်သေးတဲ့ကစားသမားကတော့ အသက် ၂၃ နှစ်နဲ့ Daniel Bragança ပဲ ဖြစ်ပါတယ်။ ဒီပွဲ စပို့တင်းတို့ ၃-၄-၂-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Paulinho ကို တာဝန်ပေးထားပြီး Edwards နဲ့ Trincao တို့ကို တိုက်စစ်ပိုင်းနေရာ အထောက်အကူ လုပ်ပေးသွားခိုင်းလိမ့်မယ်။

ပရီးမီးယားလိဂ်ထဲက နံပါတ် ၁ ဖြစ်တဲ့အာဆင်နယ်အသင်း ဒီယူရိုပါလိဂ်ပွဲစဉ် ဒုတိယကျော့မှာ အိမ်ကွင်းနဲ့ စပို့တင်းကိုကြိုဆိုသွားလိမ့်မယ်။ ဒီနှစ်သင်း ပထမကျော့တုန်းက ၂-၂ နဲ့ သရေကျသွားပါတယ်။ အဲ့ပွဲ နှစ်သင်းစလုံးက ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ချင်းတူတူပဲ။ ဒါပေမယ့် အာဆင်နယ်ဘက်က ကစားပွဲကို ပိုပြီးထိန်းချုပ်နိုင်ပါတယ်။ ပြီးတော့ ကြောက်စရာကောင်းတဲ့ တန်ပြန်တိုက်စစ်တွေလည်း တော်တော်ဆင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဒုတိယကျော့မှာတော့ လွယ်မယ်မထင်ပါဘူး။ အာဆင်နယ်တို့က ဒီပွဲ ကိုယ့်အိမ်ကွင်းဖြစ်တဲ့အတွက် အပီကစားဖို့ရှိလောက်တယ်။ လိဂ်ထဲမှာ ဘာမှစိတ်ပူစရာမရှိတဲ့အတွက် အာတီတာက အဓိက ကစားသမားတွေကို ဆင်းကစားခိုင်းလောက်ပါတယ်။ ပြတ်သားမှုပိုရှိအောင်ဆိုပြီး အိမ်ကွင်းနဲ့ အနိုင်ရအောင် ကြိုးစားခဲ့ကြလိမ့်မယ်။ စပို့တင်းတို့ကျတော့ ဒီပွဲအတွက် ကစားသမားတော်တော်များများ အနားပေးထားပေမယ့် အာဆင်နယ်ကို ဧည့်သည်လုပ်ရမှာဆိုတော့ အရင်တစ်ပွဲလိုမျိုး လွယ်မယ်မထင်ပါဘူး။ ဒီပွဲ အာဆင်နယ်တို့ရဲ့အခြေခံက စပို့တင်းထက်ကောင်းပေမယ့် ပေါ့ဆလို့တော့မရပါဘူး။ ဒီပွဲကတော့ အာဆင်နယ်တို့ပဲ အနိုင်ရသွားလောက်ပါတယ်။

11 Players

Arsenal (4-3-3) : Turner; Tomiyasu, Saliba, Gabriel, Tierney; Jorginho, Partey, Vieira; Nelson, Trossard, Smith Rowe

Sporting Lisbon (3-4-2-1) : Adan; St. Juste, Inacio, Reis; Esgaio, Ugarte, Goncalves, Santos; Edwards, Paulinho, Trincao

Missing Players

Arsenal : Mohamed Elneny (Knee Injury), E. Nketiah(Knock Injury)

Sporting Lisbon : Antonio Adán (Unknown Injury), Héctor Bellerín (Unknown Injury), Daniel Bragança (Cruciate Ligament Rupture) S. Coates (Disciplinary Points), H. Morita (Disciplinary Points)

Facebook