myan789

myan789 ဘရိုက်တန် Vs မန်စီးတီး [ 24 May 23 - 01:30 hrs]

myan789 ဘရိုက်တန်တို့ နောက်ဆုံးတစ်ပွဲကမှ ဆောက်သန်တန်ကို အိမ်ကွင်းနဲ့ ၃-၁ နိုင်လာပါတယ်။ နောက်နှစ် ယူရိုပါလိဂ်ပွဲစဉ်ထဲ ပါဝင်ခွင့်ရရှိသွားပါပြီ။ ဒီလို ဥရောပတိုက်ပွဲထဲ ပါသွားတာ ပထမဦးဆုံးအကြိမ်ပဲလို့တောင် ပြောနိုင်ပါတယ်။ ဒီပွဲက ဒီရာသီရဲ့ အိမ်ကွင်းနဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက် အပီကစားဖို့ရှိပါတယ်။ ဖန်တွေအတွက် ကြိုးစားပြလိမ့်မယ်။ အိမ်ကွင်းနဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ပူစရာမရှိပါဘူး။ နောက်ဆုံး ၄ ပွဲထဲမှာ ၃ ပွဲအနိုင်ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားပုံကစားနည်းက စနစ်တကျ ဖြစ်ပါတယ်။ လိမ့်ဘောကို သေသေချာချာ ထိန်းချုပ်နိုင်ပါတယ်။ မန်စီးတီးတို့ကျတော့ အခုမှပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်သွားပါတယ်။ အဲ့ပွဲ ချယ်လ်ဆီးနဲ့တွေ့ပြီး ၁-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီရာသီ ၂ ကစားဖို့နှစ်ပွဲကျန်ပြီး ၂ ပွဲစလုံး Rotation ချပြီး ကစားသွားလိမ့်မယ်။ ဒါပေမယ့်လည်း မန်စီးတီးအသင်းဆိုတာ ဘယ်လိုပဲ Rotation ချကစားပါစေ တောင့်တင်းမှုလျော့မသွားပါဘူး။ ချယ်လ်ဆီးနဲ့ပွဲတုန်းကတောင် အရန်ကစားသမားကို ထက်ဝက်လောက်အသုံးပြုခဲ့ပါတယ်။ သူတို့က FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားအတွက် အဓိကကစားသမားတွေကို အနားပေးလိုက်တာဖြစ်ပါတယ်။ ဒီနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ၂၉ ပွဲရှိပြီး မန်စီးတီးဘက်က ၁၉ ပွဲအနိုင် ၄ ပွဲသရေနဲ့ ဘရိုက်တန်ဘက်က ၆ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ်။ နောက်ဆုံးတွေ့ခဲ့ကြတဲ့တစ်ပွဲတုန်းက မန်စီးတီးတို့ အိမ်ကွင်းနဲ့ ၃-၁ အနိုင်ရသွားပါတယ်။ အဲ့ပွဲ ဟာလန်းတစ်ယောက်ထဲနဲ့ ဂိုး ၂ လုံးတောင် ပိတ်သွင်းခဲ့တယ်။ နောက်တစ်လုံးက ဒီဘရိုင်းသွင်းလိုက်တာဖြစ်ပါတယ်။ ဘရိုက်တန်တို့ရဲ့ဂိုးသွင်းသူကျတော့ Leandro Trossard ပဲဖြစ်ပါတယ်။ ဒီနေ့ ဒီပရီးမီးယားလိဂ်လက်ကျန်တစ်ပွဲမှာ ဘရိုက်တန်တို့ရှုံးဖို့မရှိလောက်ပါဘူး။ အပြန်အလှန်တိုက်ခိုက်နိုင်ပြီး အိမ်ကွင်းနဲ အမှတ်ကောက်သွားနိုင်မယ်ထင်ပါတယ်။

Facebook

ရောဘတ်တို ဒီဆာဘီနည်းပြလက်ထဲကဘရိုက်တန်အသင်း အခု အဆင့်ဇယားထဲ အဆင့် ၆ မှာရပ်တည်နေပါတယ်။ ဒီရာသီ ၃၆ ပွဲကစားပြီး ၁၈ ပွဲအနိုင် ၇ ပွဲသရေနဲ့ ၁၁ ပွဲအရှုံးဖြစ်ပါတယ်။ ၆၁ မှတ်လေးပိုင်ဆိုင်ထားပြီး ယူရိုလိဂ်ဇုန်ထဲပါဖို့ ရင်ခုန်နေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဆောက်သန်တန်ကို ၃-၁ နဲ့ နိုင်လာပါတယ်။ ဒီပွဲမှာတော့ Top6 ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အနေနဲ့ အပီကစားဖို့ရှိပါတယ်။ အသင်းထဲမှာ Position တိုင်းနီးပါး ဒဏ်ရာရထားကြပါတယ်။ ဥပမာ myan789 Jeremy Sarmiento၊ Jakub Moder၊ Solomon March နဲ့ Tariq Lamptey တို့ ၄ ယောက်ဆိုရင် အခုထိ ဒဏ်ရာမသက်သာကြသေးပါဘူး။ ပြီးတော့ ရောဘတ်ဆန်းချက်ဇ်ကလည်း ဒီပွဲ ပါဖို့မရှိသေးပါဘူး။ ဒီဆာဘီက ဒီပွဲ ၄-၂-၃-၁ စနစ်ကို အသုံးချသွားမယ်ထင်တယ်။ ဂိုးသမားနေရာ Steele ကိုတာဝန်ပေးထားပြီး Dunk နဲ့ Colwill တို့နှစ်ယောက်ကို ခံစစ်ပိုင်းရဲ့ အဓိကနေရာ တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Mac Allister နဲ့ Mitoma တို့ကိုပဲ ဆင်းကစားခိုင်းလောက်ပါတယ်။ ပြီးရင် ဂိုးသွင်းဖို့နေရာကျတော့ ဖာကူဆန်ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ပက် ဂွာဒီယိုလာနည်းပြလက်ထဲက မန်စီးတီးကျတော့ အခုမှပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အောင်ပွဲခံပြီးလာပါတယ်။ အဲ့ပွဲ ချယ်လ်ဆီးကို ၁-၀ နဲ့ နိုင်သွားပြီး ရာသီသိမ်းသွားပါတယ်။ အခုလက်ရှိ စွမ်းဆောင်ရည်ကတော့ အရမ်းတွေကြမ်းပြီး ၁၃ ပွဲဆက်တိုက် အနိုင်ရရှိထားနေတယ်။ ပြီးတော့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ သူတို့က ဒီပွဲ အချို့ Position ကို လူစားလည်းပြီးဆင်းခိုင်းမယ်ထင်တယ်။ အရန်ကစားသမားတွေကို အခွင့်ရေးပေးသွားမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က ချန်ပီယံဖြစ်ဖို့ ဖလားပွဲနှစ်ခု ကျန်နေသေးလို့ပါ။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Nathan Aké က ပါနိုင်မလားမသိသေးပါဘူး။ ပက်က ဒီပွဲ ၄-၂-၃-၁ စနစ်ကိုပဲ အသုံးချမယ်ထင်ပါတယ်။ ဂိုးသမားနေရာ Stefan Ortega ကို တာဝန်ပေးပြီး နောက်ခံနေရာ Ruben Dias၊ Manuel Akanyi နဲ့ Aymeric Laporte တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Riyad Mahrez၊ Julian Alvarez နဲ့ Cole Palmer တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Brighton & Hove Albion (4-2-3-1) : Steele; Veltman, Dunk, Colwill, Estupinan; Gross, Caicedo; Buonanotte, Mac Allister, Mitoma; Welbeck

Manchester City (4-2-3-1) : Ederson; Walker, Dias, Laporte; Stones, Rodri; Mahrez, De Bruyne, Gundogan, Grealish; Haaland

Missing Players

Brighton & Hove Albion : Jeremy Sarmiento (Metatarsal Fracture), Tariq Lamptey (Knee Injury),R.Sanchez, J.Moder (Cruciate ligament Injury),S.March(Hamstring Injury),Adam Webster(Muscle Injury), A.Lallana (Muscle Injury)

Manchester City : Benjamin Mendy (Suspended), Nathan Aké (Hamstring Injury)