mwd777

အာဂျင်တီးနား Vs ခရုိအေးရှာ [14 Dec 22 - 01:30 hrs]

mwd777 ဒီအဆင့်အထိ တက်ရောက်နိုင်တဲ့ တောင်အမေရိကတိုက်ထဲမှာ အာဂျင်တီးနားပဲရှိပါတယ်။ သူတို့ရဲ့အဆင့်အတန်းကတော့ ကိုပါအမေရိကချန်ပီယံပါ။ ဒီကမ္ဘာ့ဖလားကို အရှုံးလေးနဲ့စတင်ခဲ့ကြပေမယ့် နောက်လာတဲ့ပွဲတွေမှာကျတော့ ေခြစွမ်းပြန်ပြနိုင်ခဲ့ကြပါပြီ။ ငါတို့သိသလို မက်ဆီက အာဂျင်တီးနားနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့အထိ ရည်ရွယ်ထားပါတယ်။ ဆော်ဒီနဲ့ ပထမတစ်ပွဲတုန်းက အရှုံးရသွားပေမယ့် Knock out အဆင့်ကိုတော့ ဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်နိုင်ပါတယ်။ နောက်ဆုံး ၈ သင်းအဆင့် ရောက်တဲ့အချိန်မှာ နယ်သာလန်နဲ့တွေ့ပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။ အဲ့ပွဲ သူတို့ဘက်က နယ်သာလန်ကို ပင်နယ်တီအနိုင်နဲ့ ကျော်တက်ပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ အခုအချိန်အထိ သူတို့မှာ ၅ ပွဲကစားပြီး အနုိင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ သွင်းဂိုး ၉ လုံးရှိပြီး သွင်းခံထိတဲ့ဂိုးကျတော့ ၃ လုံးထဲပဲရှိပါတယ်။ အဲ့ဒီအနိုင်ပွဲတွေထဲမှာ ပင်နယ်တီနဲ့ နိုင်ထားတဲ့ပွဲ ရှိပါတယ်။ အသင်းကပ္ပတိန်ဖြစ်တဲ့ လီယွန်နယ်မက်ဆီက အခုအချိန်မှာ ဂိုး ၄ လုံးနဲ့ Assist ၂ ခါ လုပ်ထားနိုင်ပါပြီ။

ခရုိအေးရှားတို့ကျတော့ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့နံပါတ် ၂ အနေနဲ့ ရောက်ချလာမှာဖြစ်ပါတယ်။ သူတို့က မထင်မှတ်ပဲ ဒီအဆင့်ကို ရောက်ချလာတာမဟုတ်မှန်း ပြသခဲ့ဖူးပြီးပြီ။ နောက်ဆုံး ၈ သင်းအဆင့်မှာ ချန်ပီယံဖြစ်မယ့်စာရင်းထဲက နံပါတ် ၁ နဲ့ဘရာဇီးအပေါ် အနုိင်ရရှိလာပါတယ်။ အဲ့ပွဲ ပင်နယ်တီနဲ့ ၄ ဂိုး ၂ ဂိုး အနုိင်ရရှိလာပါတယ်။ အဲ့ပွဲ သူတို့ရဲ့ဂိုးသမားက ဂျပန်တို့နဲ့ တွေ့တုန်းကလိုမျိုးပဲ ဘောလုံးခန ခန ဖမ်းနိုင်တယ်။ အဲ့တော့ ခရုိအေးရှားတို့ ဒီအဆင့်အဆင့်ထိ တက်ရောက်နိုင်ပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော်တော်ရှိနေကြလောက်ပြီ။ ဗုိလ်လုပွဲအဆင့် ဆန်ကာတင်တဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ အရင်နှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိတက်နိုင်ပြီး ပြင်သစ်ကိုရှုံးသွားတဲ့ သင်ခန်းစာကို တော်တော်မှတ်ထားကြလောက်တယ်။ သူတို့ အခုအချိန်အထိ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ သူတို့ရဲ့ Form က တက်ကြွမနေပေမယ့် အရည်သွေးတော့ရှိပါတယ်။ ဒီနှစ်မှာ ၅ ပွဲကစားပြီး အနုိင် ၁ ပွဲနဲ့ သရေ ၄ ပွဲ လုပ်ထားနိုင်ပါတယ်။ ပင်နယ်တီကန်ပြီး အနုိင်ရသွားတာ ၂ ပွဲတောင်ရှိပါတယ်။ ခရုိအေးရှားတို့ရဲ့ လက်ရှိကစားသမားအစုအဖွဲ့ရဲ့ အားသာချက်ကတော့ Team work ပါပဲ။ ကွင်းလယ်ပိုင်းက တောင့်တင်းမှုတော်တော်ရှိတယ်။ လက်ရှိ ခရုိအေးရှားအသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး။ အဲ့တာနဲ့ပဲ အသင်းနည်းပြက ကြုိက်တဲ့ကစားသမားကို ရွေးသုံးနိုင်ပါတယ်။ ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲသွားမယ်ထင်တယ်။ အသုိးပြုမယ့်ကစားသမားအဖွဲ့အစုကျတော့ ဘရာဇီးအပေါ် အနုိင်ရရှိခဲ့တဲ့သူတွေပဲ အသုံးပြုသွားလောက်တယ်။ သူတို့ရဲ့ ဂိုးသမားက တော်တော်ကောင်းတယ်။ အဲ့ဂိုးသမားကြောင့် ဒီအဆင့်အထိ တက်ရောက်နိုင်တယ်လို့တောင် ယူဆနိုင်ပါတယ်။

ဒီပွဲကတော့ လက်ရှိ ချန်ပီယံဖြစ်မယ့် စာရင်းထဲကနံပါတ် ၁ အသင်းနဲ့ အရင်နှစ်က နံပါတ် ၂ အသင်းတို့ရဲ့ ပြုိင်ပွဲပဲဖြစ်ပါတယ်။ အရင်နှစ် ဗိုလ်လုပွဲအထိ တက်သွားနိုင်တဲ့ ခရုိအေးရှားအသင်း ဒီနှစ်မှာလည်း ထပ်တက်ဖို့အခြေနေရှိပါတယ်။ သူတို့နှစ်သင်း အချင်းချင်း​တွေ့ဖူးတဲ့ ၄ ပွဲထဲမှာ တစ်ယောက် ၂ ခါ အနုိင်ခွဲယူသွားကြပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ၂၀၁၈ ခုနှစ်တုန်းကဖြစ်ပြီး ခရုိအေးရှားဘက်က ၃ ဂိုး ၀ နဲ့ အနုိင်ရရှိခဲ့ပါတယ်။ အဲ့နှစ်မှာ နှစ်သင်းစလုံးပဲ နောက်တစ်ဆင့် ဆန်ကာတင်နိုင်ကြပြီး အာဂျင်တီးနားတို့က နောက်ဆုံး ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့တွေ့ပြီး အရှုံးရသွားတော့ အပယ်ခံထိသွားပါတယ်။ ခရုိအေးရှားကျတော့ ဗိုလ်လုပွဲရောက်တော့မှ ရှုံးသွားပါတယ်။ ဒီပွဲ တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ခရုိအေးရှားအသင်းက ကစားလေ တိုးတက်လေဖြစ်နေပါတယ်။ ပထမတစ်ပွဲ မော်ရိုကိုနဲ့ အရင်စပြီး သရေကျသွားတယ်။ ပြီးရင် ဘရာဇီးကို နိုင်တဲ့အထိ ကောင်းခဲ့ပါတယ်။ ခရုိအေးရှားတို့ရဲ့ ကစားသမားစနစ်က တော်တော်လေးကောင်းတယ်။ ကွင်းလယ်ပိုင်းက တောင့်တင်းမှုရှိပါတယ်။ ခံစစ်ပိုင်းကလည်း စည်းကမ်းရှိရှိနဲ့ ကစားနိုင်နေကြပါတယ်။ သူတို့ရဲ့အားသာချက်ကတော့ တန်ပြန်တိုက်စစ်ပါပဲ။ ဘရာဇီးတို့တောင်မခံနိုင်ဘူး။ အခုတလော ယုံကြည်မှုကပါ ပြည့်လျှံနေလောက်ပါတယ်။ ပြီးတော့ ခရုိအေးရှားတို့က ဒီလို့ ရှုံးထွက်စနစ်ကို ကောင်းကောင်းကစားနိုင်ကြတယ်။ အရင်နှစ်တုန်းကတောင် နံပါတ် ၂ နဲ့ပြီးသွားသေးတယ်။ mwd777 အာဂျင်တီးနားတို့ကျတော့ ဗိုလ်လုပွဲ ၆ ကြိမ်မြောက်ဖြစ်ဖို့ ရင်ခုန်နေရပါတယ်။ လုပ်နိုင်ရင်တော့ ဘရာဇီးနဲ့ အရေအတွက် တူသွားလိမ့်မယ်။ အီတလီတို့နဲ့ရောပေါ့။  ဗိုလ်လုပွဲအထိ တက်ရောက်ဖူးတဲ့ အများဆုံးအသင်းကတော့ ဂျာမနီပဲဖြစ်ပါတယ်။ ၈ ကြိမ်ပါ။ အာဂျင်တီးနားတို့ရဲ့ အားသာချက်က တိုက်စစ်ပိုင်း ဂိုးသွင်းနိုင်စွမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ရဲ့ခံစစ်ပိုင်းကလည်း ဂိုးလွယ်လွယ်လေး သွင်းခံထိတတ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားတို့က ဒီလို ဆီမီးဖိုင်နယ်ပွဲမှာ မရှုံးတာ ၄ ခါဆက်တိုက်ရှိသွားပါပြီ။ အာဂျင်တီးနားတို့ရဲ့တိုက်စစ်ပိုင်းက တကယ်အားကောင်းပါတယ်။ ကိုယ်ပိုင်အရည်အချင်းကောင်းတဲ့ကစားသမားတွေ အများကြီးရှိတယ်။ ဂိုးသွင်းချက်လည်း တော်တော်ပြတ်သားမှုရှိတယ်။ ဒီပွဲ သူတို့ရဲ့ အကောင်းဆုံးကစားသမားကိုပဲ အသုံးပြုလောက်တယ်။ အဓိဿစားသမားတော်တော်များများ ဆင်းကစားရလောက်ပါတယ်။ ဒီပွဲကတော့ အာဂျင်တီးနားဘက်က တိုက်စစ်ပိုဆင်ရမယ်ထင်တယ်။ ကစားပွဲအခြေနေကတော့ တော်တော်ကြည့်ကောင်းလိမ့်မယ်။ ကွင်းလယ်နေရာကို လုယူကြလောက်တယ်။ ခရုိအေးရှားတို့ကတော့ ကစားပွဲကို ကြာနိုင်သလောက် အချိန်ဆွဲထားလိမ့်မယ်။ သူတို့ရဲ့ ပင်နယ်တီဂိုးသွင်းစံချိန်က တော်တော်ကြောက်စရာကောင်းပါတယ်။ အဲ့အထိအချိန်ဆွဲနိုင်ရင်တော့ ဗိုလ်လုပွဲထဲပါဖို့ တော်တော်များသွားလိမ့်မယ်။ သူတို့ရဲ့ ပင်နယ်တီဂိုးသွင်းချက်ကောင်းပြီး ဂိုးသမားကပါ လက်စွမ်းကောင်းနေတော့ တော်တော်မျော်လင့်လို့ရနေပါတယ်။ ခရုိအေးရှားကစားသမားအဖွဲ့အစုက မိနစ် ၁၂၀ အထိ ကစားနေရတာ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ အာဂျင်တီးနားတို့ကျတော့ အဆင်ပြေသလို Rotation ရှိပါတယ်။ သူတို့နှစ်သင်းက အရင်တစ်ပွဲ ပင်နယ်တီနဲ့ အနုိင်ရလာတာချင်းတူတူပဲ။ ဒါပေမယ့် အစစအရာရာယှဉ်ကြည့်လိုက်ရင်တော့ အာဂျင်ဘက်က ပိုသာတယ်လို့ မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအဆင့်အထိ တက်ရောက်လာနိုင်တယ်ဆိုတော့ ကောင်းတာချင်းတူတူပဲ ဖြစ်လိမ့်မယ်။ ဒီပွဲ အရမ်းကြာသွားရင် ခရုိအေးရှားတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုကိုမြင်ရလိမ့်မယ်။ အဲ့ဒီတော့ ဒီပွဲ စနစ်အမျိုးမျိုးဖန်တီးကစားနိုင်တဲ့ အာဂျင်တီးနားတို့ပဲ နောက်တစ်ဆင့်ဆန်ကာတင်သွားမယ်လို့ ထင်မြင်ထားပါတယ်။
11 Player –
Argentina (4-3-3): Emiliano Martinez; Nahuel Molina, Christian Romero, Nicolas Otamendi, Nicolas Tayaflico. – Rodrigo De Paul, Enzo Fernandez, Alexis McAlister – Angel Di Maria, Lionel Messi, Julian Alvarez

Croatia (4-3-3): Dominic Livacovic – Josip Juranovic, Dejan Lovren, Josco Guardiol, Borna So. Za – Luka Modric, Marcelo Brozovic, Mateo Kovacic – Mario Pasalic, Bruno Petkovic, Ivan Perisic

Missing Player
Argentina : M. Auna, G. Montiel
Croatia : –