mwd777 ဒီအဆင့်အထိ တက်ရောက်နိုင်တဲ့ တောင်အမေရိကတိုက်ထဲမှာ အာဂျင်တီးနားပဲရှိပါတယ်။ သူတို့ရဲ့အဆင့်အတန်းကတော့ ကိုပါအမေရိကချန်ပီယံပါ။ ဒီကမ္ဘာ့ဖလားကို အရှုံးလေးနဲ့စတင်ခဲ့ကြပေမယ့် နောက်လာတဲ့ပွဲတွေမှာကျတော့ ေခြစွမ်းပြန်ပြနိုင်ခဲ့ကြပါပြီ။ ငါတို့သိသလို မက်ဆီက အာဂျင်တီးနားနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့အထိ ရည်ရွယ်ထားပါတယ်။ ဆော်ဒီနဲ့ ပထမတစ်ပွဲတုန်းက အရှုံးရသွားပေမယ့် Knock out အဆင့်ကိုတော့ ဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်နိုင်ပါတယ်။ နောက်ဆုံး ၈ သင်းအဆင့် ရောက်တဲ့အချိန်မှာ နယ်သာလန်နဲ့တွေ့ပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ်။ အဲ့ပွဲ သူတို့ဘက်က နယ်သာလန်ကို ပင်နယ်တီအနိုင်နဲ့ ကျော်တက်ပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ အခုအချိန်အထိ သူတို့မှာ ၅ ပွဲကစားပြီး အနုိင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ သွင်းဂိုး ၉ လုံးရှိပြီး သွင်းခံထိတဲ့ဂိုးကျတော့ ၃ လုံးထဲပဲရှိပါတယ်။ အဲ့ဒီအနိုင်ပွဲတွေထဲမှာ ပင်နယ်တီနဲ့ နိုင်ထားတဲ့ပွဲ ရှိပါတယ်။ အသင်းကပ္ပတိန်ဖြစ်တဲ့ လီယွန်နယ်မက်ဆီက အခုအချိန်မှာ ဂိုး ၄ လုံးနဲ့ Assist ၂ ခါ လုပ်ထားနိုင်ပါပြီ။
ခရုိအေးရှားတို့ကျတော့ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့နံပါတ် ၂ အနေနဲ့ ရောက်ချလာမှာဖြစ်ပါတယ်။ သူတို့က မထင်မှတ်ပဲ ဒီအဆင့်ကို ရောက်ချလာတာမဟုတ်မှန်း ပြသခဲ့ဖူးပြီးပြီ။ နောက်ဆုံး ၈ သင်းအဆင့်မှာ ချန်ပီယံဖြစ်မယ့်စာရင်းထဲက နံပါတ် ၁ နဲ့ဘရာဇီးအပေါ် အနုိင်ရရှိလာပါတယ်။ အဲ့ပွဲ ပင်နယ်တီနဲ့ ၄ ဂိုး ၂ ဂိုး အနုိင်ရရှိလာပါတယ်။ အဲ့ပွဲ သူတို့ရဲ့ဂိုးသမားက ဂျပန်တို့နဲ့ တွေ့တုန်းကလိုမျိုးပဲ ဘောလုံးခန ခန ဖမ်းနိုင်တယ်။ အဲ့တော့ ခရုိအေးရှားတို့ ဒီအဆင့်အဆင့်ထိ တက်ရောက်နိုင်ပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော်တော်ရှိနေကြလောက်ပြီ။ ဗုိလ်လုပွဲအဆင့် ဆန်ကာတင်တဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ အရင်နှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိတက်နိုင်ပြီး ပြင်သစ်ကိုရှုံးသွားတဲ့ သင်ခန်းစာကို တော်တော်မှတ်ထားကြလောက်တယ်။ သူတို့ အခုအချိန်အထိ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ သူတို့ရဲ့ Form က တက်ကြွမနေပေမယ့် အရည်သွေးတော့ရှိပါတယ်။ ဒီနှစ်မှာ ၅ ပွဲကစားပြီး အနုိင် ၁ ပွဲနဲ့ သရေ ၄ ပွဲ လုပ်ထားနိုင်ပါတယ်။ ပင်နယ်တီကန်ပြီး အနုိင်ရသွားတာ ၂ ပွဲတောင်ရှိပါတယ်။ ခရုိအေးရှားတို့ရဲ့ လက်ရှိကစားသမားအစုအဖွဲ့ရဲ့ အားသာချက်ကတော့ Team work ပါပဲ။ ကွင်းလယ်ပိုင်းက တောင့်တင်းမှုတော်တော်ရှိတယ်။ လက်ရှိ ခရုိအေးရှားအသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး။ အဲ့တာနဲ့ပဲ အသင်းနည်းပြက ကြုိက်တဲ့ကစားသမားကို ရွေးသုံးနိုင်ပါတယ်။ ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲသွားမယ်ထင်တယ်။ အသုိးပြုမယ့်ကစားသမားအဖွဲ့အစုကျတော့ ဘရာဇီးအပေါ် အနုိင်ရရှိခဲ့တဲ့သူတွေပဲ အသုံးပြုသွားလောက်တယ်။ သူတို့ရဲ့ ဂိုးသမားက တော်တော်ကောင်းတယ်။ အဲ့ဂိုးသမားကြောင့် ဒီအဆင့်အထိ တက်ရောက်နိုင်တယ်လို့တောင် ယူဆနိုင်ပါတယ်။
ဒီပွဲကတော့ လက်ရှိ ချန်ပီယံဖြစ်မယ့် စာရင်းထဲကနံပါတ် ၁ အသင်းနဲ့ အရင်နှစ်က နံပါတ် ၂ အသင်းတို့ရဲ့ ပြုိင်ပွဲပဲဖြစ်ပါတယ်။ အရင်နှစ် ဗိုလ်လုပွဲအထိ တက်သွားနိုင်တဲ့ ခရုိအေးရှားအသင်း ဒီနှစ်မှာလည်း ထပ်တက်ဖို့အခြေနေရှိပါတယ်။ သူတို့နှစ်သင်း အချင်းချင်း
11 Player –
Argentina (4-3-3): Emiliano Martinez; Nahuel Molina, Christian Romero, Nicolas Otamendi, Nicolas Tayaflico. – Rodrigo De Paul, Enzo Fernandez, Alexis McAlister – Angel Di Maria, Lionel Messi, Julian Alvarez
Croatia (4-3-3): Dominic Livacovic – Josip Juranovic, Dejan Lovren, Josco Guardiol, Borna So. Za – Luka Modric, Marcelo Brozovic, Mateo Kovacic – Mario Pasalic, Bruno Petkovic, Ivan Perisic
Missing Player
Argentina : M. Auna, G. Montiel
Croatia : –