mmonline365

ဆီဗီလာ Vs မန်ယူ [20 Apr 23 - 01:30 hrs]

mmonline365 အိမ်ရှင်ဆီဗီလာအသင်း ပြီးခဲ့တဲ့ပထမကျော့တုန်းက မန်ယူရဲ့အိမ်ကွင်းခရီးစဉ်ပြီး ၂-၂ သရေကျလာတဲ့အတွက် ဒီဖလားပွဲထဲက ဆီမီးဖိုင်နယ်အထိ တက်ရောက်ဖို့အခြေနေ ရှိပါသေးတယ်။ ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ကစားသမားတွေကတော့ ရှိနေတုန်း ဖြစ်ပါတယ်။ ဥပမာ Joan Jordan နဲ့ Jesus Corona တို့က မဆင်းနိုင်လောက်သေးပါဘူး။ ဒါပေမယ့် Marcos Acuna နဲ့ Alex Tellis ဆိုတဲ့ အဓိက နောက်ခံကစားသမားနှစ်ယောက်ကိုတော့ ပြန်လည်အသုံးပြုနိုင်ပါပြီ။ pape gay နဲ့တစ်ယောက်မှာလည်း ဒီပွဲ ဆင်းနိုင်ပါတယ်။ ကျန်တဲ့ Eric Lamela၊ Ivan Rakitic နဲ့ Lucas Ocampos တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ ကွင်းလယ်ခံစစ်နေရာ Loic Baden နဲ့ Nmanja Goodelj တို့ကို တာဝန်ပေးထားပြီး ဘယ်ဘက်ခံစစ် Acuna နဲ့ ညာဘက်ခံစစ် Gonzalo Montiel တို့ပဲ တာဝန်ယူသွားလောက်ပါတယ်။ ကွင်းအလယ်ပိုင်းကျတော့ Ivan Rakitic နဲ့ Lucas Ocampos တို့နှစ်ယောက် အဓိကတာဝန်ယူသွားမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာ En-Nesyri အစား Earth Malema ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

မန်ယူတို့ကျတော့ အသင်းထဲမှာ ပြသာနာပေါင်းစုံရှိနေပါတယ်။ စပိန်အထိ ခရီးစဉ်ပြီး မာတီနက်ဇ်ကို ဆုံးရှုံးသွားပါတယ်။ သူက ဒဏ်ရာပြင်းထံစွာရရှိခဲ့တဲ့အတွက် ရာသီကုန်တဲ့အထိ အနားယူခဲ့ရလိမ့်မယ်။ ခံစစ်ပိုင်းနေရာ ဝါရန်းလည်းမရှိသေးတဲ့အတွက် ဒီအပိုင်း တော်တော်နစ်နာနေပါတယ်။ အဲ့ဒီတော့ ကွင်းလယ်ခံစစ်နေရာ Victor Lindelof နဲ့ တွဲဖို့ မက်ဂွိုင်းယားပဲ ဆင်းကစားခဲ့ရလိမ့်မယ်။ ဒီပွဲ ဆင်းမကစားနိုင်သေးတဲ့ကစားသမားကတော့ လုရှော Van de Beek၊ Tom Heaton နဲ့ Alejandro Carnacho တို့ပဲ ဖြစ်ပါတယ်။ Marcus Rashford၊ Tyrell Malacia၊ Scott McTominay နဲ့ Marcel Sabitzer တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ ဘရူနိုနဲ့ တိုက်စစ်မှူးတစ်ယောက်မှာလည်း ဘန်းခံထိထားလို့ မပါနိုင်သေးပါဘူး။ အဲ့ဒီတော့ အဲရစ်ဆင်ကို ကွင်းလယ်တိုက်စစ်အနေနဲ့ တာဝန်ပေးခဲ့ရလိမ့်မယ်။ ပြီးရင် ကွင်းလယ်ပိုင်းမှာ ခံစစ်ပိတ်ကစားဖို့ Fred ကို တာဝန်ပေးထားလောက်ပါတယ်။ အန်တိုနီနဲ့ ဆန်ချိုတို့ကျတော့ စည်းဘေးမှာပဲ တာဝန်ယူထားခဲ့ကြလိမ့်မယ်။ မာရှယ်လ်နဲ့တစ်ယောက်ကတော့ လုံးဝအဆင်သင့်ဖြစ်ပြီး ဂိုးသွင်းနေရာ တာဝန်ယူနိုင်ခဲ့ပါပြီ။ မန်ယူရဲ့ လက်ရှိအခြေနေနဲ့ဆိုရင် တိုက်စစ်ပိုင်းနေရာ အန္တရာယ်နည်းပါးသွားလိမ့်မယ်။

ယူရိုပါလိဂ် ၈ သင်းအဆင့်မှာ ဆီဗီလာအသင်း အိမ်ကွင်းနဲ့ မန်ယူကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ ပထမကျော့တုန်းက မန်ယူတို့ အိမ်ကွင်းနဲ့မှားပြီး ၂-၂ သရေကျအောင်ပဲ လုပ်နိုင်ခဲ့ပါတယ်။ အဲ့ပွဲ မန်ယူကို ဂိုး ၂ လုံး သွင်းပေးတဲ့ကစားသမားကတော့ Marcel Sabitzer တစ်ယောက်ထဲပဲ ဖြစ်ပါတယ်။ ဆီဗီလာတို့ကျတော့ Tyrell Malacia နဲ့ Harry Maguire တို့က ကိုယ့်ဂိုးကို ပြန်သွင်းပြီး ရလာခဲ့တာဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သရေကျရုံနဲ့ ပြီးလာပါတယ်။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့ နှစ်သင်းစလုံးအတွက် အခွင့်ရေးရှိပါသေးတယ်။ မန်ယူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်တုန်းက အနိုင် ၄ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၁၀ လုံး သွင်းနိုင်ပြီး ၅ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက လိဂ်ပွဲစဉ်ဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်အပေါ် ၀-၂ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲ စပိန်အထိခရီးစဉ်ရမှာဖြစ်တဲ့အတွက် တော်တော်ဒုက္ခရောက်လောက်တယ်။ အသင်းရဲ့ အဓိက ပြသာနာကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတာပဲဖြစ်ပါတယ်။ အဓိက ကစားသမား အသုံးပြုလို့မရတဲ့ကြားထဲ ဘရူနိုနဲ့တစ်ယောက်ကလည်း ဘန်းခံထိထားတော့ ပိုဆိုးပါတယ်။ ဆီဗီလာတို့ကျတော့ အခုနောက်ပိုင်း တောင့်တင်းမှုရှိရှိ ပြန်ကစားနိုင်ပါပြီ။ အခုတလော ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ ဖြစ်ပါတယ်။ ဂိုး ၁၁ လုံး သွင်းနိုင်ပြီး ၆ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ တော်တော်ကြည့်ကောင်းပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာကျတော့ သူတို့နှစ်သင်းက ၄ ပွဲတွေ့ခဲ့ကြပြီး မန်ယူဘက်က သိပ်အဆင်မပြေပါဘူး။ အဲ့ဒီ ၄ ပွဲတုန်းက သရေ ၂ ပွဲဖြစ်ပြီး ဆီဗီလာတို့ ၂ ပွဲ အနိုင်ရရှိသွားပါတယ်။ ဒီပွဲကတော့ နှစ်ဖက်စလုံး အရမ်းသတိထားပြီး ကစားခဲ့ကြလိမ့်မယ်။ တစ်ဖက်ရဲ့ တိုက်စစ်ဆင်ပြီး မှားယွင်းမှုကို စောင့်ဆိုင်းခဲ့ကြလိမ့်မယ်။ ဆီဗီလာရဲ့ တိုက်စစ်ပိုင်းက ကြောက်စရာမကောင်းပေမယ့် မန်ယူရဲ့ လက်ရှိခံစစ်ပိုင်းတို့ ပေါ့ဆလို့မရသေးပါဘူး။ မန်ယူတို့က ဒီပွဲ အားသာသလို ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့အစစအရာရာကြည့်ပြီး တော်တော်ရုန်းခဲ့ရလိမ့်မယ်။ Extra time အထိတွေပါ ကြာရှည်သွားပြီး ပင်နယ်တီနဲ့တောင် ဆုံးဖြတ်ရင် ဆုံးဖြတ်ရလိမ့်မယ်။

11 Players

Sevilla Fc (4-2-3-1):  Bounou; Navas, Nianzou, Marcao, Acuna; Fernando, Gudelj; Ocampos, Rakitic, O Torres; En-Nesyri

Manchester United (4-2-3-1): De Gea; Wan-Bissaka, Maguire, Lindelof, Shaw; Casemiro, Fred, Eriksen; Antony, Martial, Sancho

Missing Players

Sevilla Fc : Tecatito (No eligibility), Pape Gueye (No eligibility),G.Montiel(Dissciplinary Points)

Manchester United : Bruno Fernandes (Yellow card suspension), Tom Heaton (Ankle Injury), Luke Shaw (Unknown Injury), Marcel Sabitzer (groin strain), Marcus Rashford (Muscle Injury), Raphaël Varane (Foot Injury), Alejandro Garnacho (Ankle Injury), Donny van de Beek (Knee Injury), Lisandro Martínez (Metatarsal Fracture)

Facebook

Ruben Amorim နည်းပြလက်ထဲက ပေါ်တူဂီမှ ကိုယ်စားလှယ်စပို့တင်းအသင်း ပထမကျော့တုန်းက ဂျူဗီကို ၀-၁ နဲ့ အရင်ရှုံးထားပါတယ်။ စပို့တင်းတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်တုန်းက အနိုင် ၂ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်တယ်။ ဂိုး ၉ လုံး သွင်းနိုင်ပြီး ၆ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ Jeremiah St. Juste ရဲ့ အခြေနေကိုပဲ စစ်ဆေးဖို့လိုပါတော့တယ်။ မဆင်းနိုင်သေးတဲ့ ကစားသမားတွေမှာကတော့ Daniel Bragança နဲ့ Paulinho ပြီးတော့ တိုက်စစ်မှူး Yovane Cabral တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီကစားသမားတွေမရှိပေမယ့် Hector Bellerin နဲ့ Jeremiah St. Juste တို့ကိုတော့ ပြန်လည်အသုံးပြုနိုင်ခဲ့ပါပြီ။ ဒီပွဲ သူတို့ဘက်က ၃-၄-၂-၁ စနစ်နဲ့ ကစားမယ်ထင်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Trincao နဲ့ Edwards တို့ကို ကစားပွဲဖန်တီးဖို့ ချထားပြီး ဂိုးသွင်းဖို့နေရာကျတော့ Chermiti ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

mmonline365 Massimiliano Allegri နည်းပြလက်ထဲက ဂျူဗင်တပ်စ်အသင်းကျတော့ ပထမကျော့တုန်းက စပို့တင်းအပေါ် အောင်မြင်စွာ အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ ဂျူဗင်တပ်စ်တို့ ဥရောပတိုက်ပွဲထဲမှာ ၄ ပွဲဆက်တိုက် သွင်းခံထိတဲ့ဂိုးမရှိပဲ အနိုင်ရရှိထားပြီဖြစ်ပါတယ်။ ဒီပွဲ ပေါ်တူဂီအထိခရီစဉ်ရမှာဖြစ်တဲ့အတွက် မလွယ်ပါဘူး။ ဂျူဗင်တပ်စ်တို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ ဖြစ်ပါတယ်။ ဂိုး ၅ လုံး သွင်းနိုင်ပြီး ၄ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကျတော့ Alex Sandro ကို ပြန်လည်အသုံးပြုနိုင်ခဲ့ပါပြီ ဒါပေမယ့် အရန်ထိုင်ခုံမှာပဲ အရင်ရှိနေလိမ့်မယ်။ ဒဏ်ရာရထားတဲ့ကစားသမားတွေကတော့ Kaio Jorge ပဲ ဖြစ်ပါတယ်။ M.Kean နဲ့ Mattia De Sciglio တို့ကျတော့ အခြေနေစစ်ဆေးဖို့လို့ပါသေးတယ်။ ဒီပွဲ သူတို့ ၃-၅-၂ စနစ်နဲ့ကစားမယ်ထင်တယ်။ ကွင်းလယ်ပိုင်းနေရာ Nicolo Fajoli, Leandro Paredes နဲ့ Adrien Rabiot တို့ကို တာဝန်ပေးထားပြီး အရှေ့ဆုံးမှာ Di Maria နဲ့ Vlahovic တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ပထမကျော့တုန်းက စပို့တင်းတို့ ဂျူဗင်တပ်စ်ကို ကပ်ရှုံးလာပါတယ်။ အဲ့ပွဲ ပွဲပြီးခါနီးမှ ဂိုးထသွင်းခံထိခဲ့တာဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ ဂျူဗင်တပ်စ်တို့ အရေးကြီးတဲ့ ပထမအကျော့မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပထမကျော့တုန်းက ဂျူဗီတို့အနိုင်ရရှိခဲ့ပေမယ့် လက်ရှိအခြေနေနဲ့ဆိုရင်တော့ စပို့တင်းကို ပြန်ရှုံးဖို့အခြေနေရှိပါသေးတယ်။ အဲ့ဒီတော့ ဒီပွဲ စိတ်အေးအေးလေးနဲ့ ကစားလို့ရမယ်မထင်ပါဘူး။ စပို့တင်းတို့က တောင့်တင်းမှုရှိတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းနဲ့ ၆ ပွဲတုန်းကဆိုရင် အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ ပြီးတော့ ဂျူဗီတို့ကို ၁ လုံးလေးပဲရှုံးထားပါတယ်။ ဒါပေမယ့်လည်း စပို့တင်းတို့ နောက်ဆုံး ၂ ပွဲတုန်းက အခြေနေသိပ်မကောင်းခဲ့ပါဘူး။ ဒီပွဲ ဂျူဗီတို့အတွက် ပေါ်တူဂီအထိ ခရီးစဉ်ရမှာဖြစ်တဲ့အတွက် မလွယ်ပါဘူး။ ဒီပွဲ ပေါက်ကြေးနေရာ စပို့တင်းဘက်က အထက်ကြေးဖြစ်တဲ့အတွက် အိမ်ကွင်းနဲ့ အပီကစားဖို့ရှိပါတယ်။ ကိုယ့်အိမ်ကွင်းဆိုပေမယ့် ဂျူဗီနဲ့ ရင်ဆိုင်ရတဲ့နေရာ အခက်ခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဂျူဗီတို့က ဒီပွဲ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ်။ သူတို့မှာ ပထမကျော့တုန်းက အရင်နိုင်ထားတဲ့အတွက် သရေကျရုံနဲ့ ဆန်ကာတင်သွားနိုင်ပါတယ်။ နှစ်သင်းစလုံးရဲ့ အရည်သွေးချင်းယှဉ်ကြည့်ရင် ဂျူဗီဘက်က ပိုကြည့်ကောင်းပါတယ်။ နောက်ပြီး အနိုင်ရသွားတဲ့အထိလည်း ကြိုးစားစရာမလိုတော့ သရေကျအောင်ပဲ ထိန်းကစားခဲ့ကြလိမ့်မယ်။ ဒီပွဲကတော့ ဂျူဗီတို့နဲ့လက်တွဲရင် ပိုပျော်ရလောက်ပါတယ်။

11 Players

Sporting CP (3-4-2-1): Adan; Inacio, Coates, Diomande; Esgaio, Goncalves, Morita, Reis; Edwards, Chermiti, Trincao

Juventus (3-5-2): Szczesny; Gatti, Bremer, Danilo; Cuadrado, Fagioli, Locatelli, Rabiot, Kostic; Di Maria; Vlahovic

Missing Players

Sporting CP : Paulinho (Unknown Injury), Daniel Bragança (Cruciate Ligament Rupture), Jerry St. Juste (Muscle Injury), Jovane (Unknown Injury)

Juventus : Mattia De Sciglio (Muscle Fatigue), Kaio Jorge (Fitness),Alex Sandro(Muscle Injury),M.Kean(Muscle Injury)

Facebook