mdl97 login page

mdl97 login page ချယ်လ်ဆီး Vs ဖူဟမ် [ 3 Feb 23 - 02:30 hrs]

mdl97 login page ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ထဲမှာ နံပါတ် ၁၀ ရောက်ရှိနေပြီး ဖူဟမ်ထက် ၂ မှတ် နည်းနေပါတယ်။ သူတို့ရဲ့ လက်ရှိရာသီထဲကအခြေနေ ရင်နာစရာတော်တော်ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အသစ်ဝယ်ဖြည့်လိုက်တဲ့ငွေပမာဏနဲ့ ထွက်လာတဲ့စွမ်းဆောင်ရည်မညီမျှဘူးဖြစ်နေလို့ပါ။ ဒီရာသီအတွင်း ပေါင်သန်း ၃၀၀ အသုံးပြုပြီး ကစားသမားအသစ်တွေ ဝယ်ဖြည့်ခဲ့တယ်။ ဂရေဟမ်ပေါ်တာကို နည်းပြခန့်အပ်တဲ့နေရာ မသင့်တော်ပါဘူး။ ဘာလို့လည်းဆိုတော့ ပေါ်တာကြီးက အခုထိ ဘာအောင်မြင်မှုမှမရဖူးသေးလို့ပါ။ ပြောမယ်ဆို အသင်းကြီးကိုအုပ်ချုပ်ရအောင် အရည်အချင်းမမှီသေးဘူးလို့ ယူဆနိုင်ပါတယ်။ အခုတ‌လော ချယ်လ်ဆီးအသင်းကို အုပ်ချုပ်ပြီး လမ်းပျောက်နေပါတယ်။ ကစားသမားအသီးသီးတွေ အသက်တော်တော်ကြီးနေတဲ့သူတွေလည်းရှိနေတယ်။ အသက် ၃၀ ကျော်ပြီး အသင်းရဲ့ အဓိကဖြစ်နေတာ ၃ ယောက်တောင်ရှိနေတယ်။ ကွင်းလယ်ပိုင်းကို ထည့်မပြောသေးဘူးနော်။ အဲ့တာနဲ့ပဲ ဆောင်းတွင်းရွှေ့ပြောင်းကာလတုန်းက Badia Shine ကို ခေါ်လိုက်ရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ သူကတော့ မဆိုးပါဘူး။ ဒါပေမယ် ရေရှည်ကြည့်ရသေးတာပေါ့။ စိတ်ဝင်စားစရာနောက်တစ်ယောက်ကျတော့ ဈေးကြီးကြီးနဲ့ ယူကရိန်းလိဂ်မှ ရွှေ့ပြောင်းလာတဲ့ အသက် ၂၂ နှစ်နဲ့ မူဒရစ်ပါပဲ။ သူ့ရဲ့ အားသာချက်ကတော့ အပြေးမြန်တာတစ်ခု မြင်ဖူးတယ်။ သူ့အပြေးဟာ လိဂ်ထဲက နံပါတ် ၂ တောင်ဖြစ်နေတယ်။ ဒီနေရာလေးပဲ ချယ်လ်ဆီးကို ကယ်တင်သွားနိုင်လောက်တယ်။ ချယ်လ်ဆီးတို့ လက်ရှိရာသီမှာ အခြေနေမကောင်းပေမယ့် ဥရောပတိုက်ပွဲထဲပါဖို့အခွင့်ရေး ရှိပါသေးတယ်။ ယူရိုပါလိဂ်ဇုန်ထက် ၂ မှတ်ပဲ နည်းနေလို့ပါ။ အဲ့တော့ ဒီကနေစပြီး ခြေစွမ်းစပြနိုင်ရင်  ဖြစ်နိုင်ချေရှိပါတယ်။ မူဒရစ်က ချယ်လ်ဆီးရဲ့ ကယ်တင်ရှင်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။

ဖူဟမ်တို့ကျတော့ ဒီရာသီအတွင်း ကောင်းလိုက်ဆိုးလိုက်နဲ့ပဲ စတင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သေးငယ်တဲ့အသင်းတွေရဲ့ သဘာဝပါပဲ။ ပြောမယ်ဆိုရင် နံပါတ် ၇ အထိ တက်နိုင်တာ တော်တော်အောင်မြင်နေပါပြီ။ သူတို့ရဲ့ကစားစတိုင်လ်ကတော့ direct football ပေါ့ဗျာ။ Set Piece ကို အကျိုးရှိရှိ အသုံးပြုတတ်ကြတယ်။ အဲ့လိုနေရာနဲ့ပဲ ဂိုးသွင်းလာတာ အခါပေါင်းမနည်းတော့ဘူး။ အဲ့တာနဲ့ပဲ Set Piece က သူတို့ရဲ့အားသာချက်တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ နောက်ဆုံး ၂ ပွဲတုန်းက အရှုံးရလာပါတယ်။ ဂိုးအပြတ်နဲ့တော့မရှုံးပါဘူး။ စပါးနဲ့ နယူးကာဆယ်တို့နဲ့တွေ့ပြီး ၀-၁ ဂိုးနဲ့ပဲ ရှုံးလာပါတယ်။ အဲ့လောက်လေးနဲ့ပဲရှုံးတာ တော်တော်အဆင်ပြေနေပါပြီ။ ကစားသမားအသစ်ဝယ်ဖြည့်တဲ့အပိုင်း မဆိုးပါဘူး။ ရာသီဈေးကွက်ထဲ အရင်း ပေါင်သန်း ၅၀ အသုံးပြုခဲ့ကြပါတယ်။ အဟောင်းကိုလွှတ်ပြီး အသစ်ကိုသွင်းလိုက်တာဖြစ်ပါတယ်။ သူတို့ အသစ်ဝယ်လိုက်တဲ့ကစားသမားအသစ်က အသင်းရဲ့အခြေနေကို ပင့်ပေးနိုင်ပါတယ်။ ဂိုးသမား လီနိုကစ တစ်ခါတစ်လေမှားမိပေမယ့် ခြုံကြည့်ရင်တော့ အဆင်ပြေပါတယ်။ Diop ဆိုတဲ့ နောက်ခံကစားသမားမှာလည်း တာဝန်ကျေတယ်။ Palhinha ဆိုတဲ့ ကွင်းလယ်ခံစစ်ကလည်း တောင့်တင်းမှုရှိတယ်။ တိုက်စစ်မှူးတွေကလည်း ပြိုင်ဘက်ခံစစ်ပိုင်းကို တော်တော်အနှောက်ယှက် ပေးနိုင်ကြတယ်။ သူတို့အသစ်ခေါ်သွင်းလိုက်တဲ့ကစားသမားအသီးသီးက တော်တော်အဆင်ပြေကြတယ်။ အဲ့တာနဲ့ပဲ သူတို့ ဒီနှစ်မှာ အတန်းပြန်ဆင်းဖို့မရှိလောက်ဘူး။ နောက်နှစ် ဥရောပတိုက်ပွဲထဲပါဖို့တောင် မျှော်လင့်လို့ရပါတယ်။ ဒီပွဲကတော့ ချယ်လ်ဆီးနဲ့တွေ့ပြီး ချယ်လ်ဆီးက သူတို့ရဲ့ငယ်နိုင်လိုမျိုးဖြစ်နေတော့ အရှုံးရဖို့ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက အနိုင်ရလာခဲ့ပေမယ့် ဒီပွဲ အဝေးကွင်းဖြစ်တဲ့အတွက် မလွယ်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာမှန်းသေချာပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် ချယ်လ်ဆီးဘက်က အနိုင် ၉ ပွဲတောင် ရရှိသွားပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဖူဟမ်ဘက်က ချယ်လ်ဆီးကိုပါးရိုက်လွတ်ခဲ့တယ်။ ဆောင်တွင်းရာသီဈေးကွက်တုန်းက ချယ်လ်ဆီးမှာ အဓိက ၃ နေရာ အသစ်ဝယ်ဖြည့်လိုက်ပါတယ်။ ခံစစ်မှူးတစ်ယောက် တောင်ပံတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်။ အဓိကကျဆုံးတစ်ယောက်ကတော့ ပေါင်သန်း ၇၀ တန်း မူဒရစ်ပဲဖြစ်ပါတယ်။ သူ့အပြေးက ရှယ်မြန်တယ်။ နှစ်သင်းစလုံးရဲ့ အဆင်သင့်ဖြစ်မှုကတော့ ဧည့်သည်ဘက်က ပိုပြည့်စုံပါတယ်။ သူတို့ရဲ့ ပထမ ၁၁ ယောက်က အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ချယ်လ်ဆီးတို့ကျတော့ အနီကဒ်ထိထားတဲ့ Joao Felix ကို အသုံးပြုလို့မရသေးပါဘူး။ ကျန်တဲ့ဒဏ်ရာရထားတဲ့ကစားသမားတွေလည်းရှိသေးတယ်။ ဒဏ်ရာရထားတဲ့ထဲမှာ Raheem Sterling, Pulisic, Mendy, Kante နဲ့ Zakaria တို့အားလုံးက ဆေးခန်းထဲရောက်ရှိနေကြပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းစလုံးရဲ့ အရွယ်အစားကိုယှဉ်ကြည့်ပြီးပြောရင် ချယ်လ်ဆီးဘက်က ပိုသာနေတုန်းဖြစ်ပါတယ်။ အဲ့တော့ ချယ်လ်ဆီးတို့ လက်ရှိအချိန် အခြေနေမကောင်းပေမယ့် ထင်သလောက် စိုးရိမ်စရာမလိုပါဘူး။ လီဗာပူးလ်နဲ့ပွဲတုန်းကဟာပဲကြည့်ပေါ့ သူတို့ နည်းနည်းပါးပါး ပြန်ကောင်းနေပါပြီ။ ဒီပွဲကတော့ ချယ်လ်ဆီးနဲ့ပဲနေမယ်။ သူတို့က ကိုယ့်အိမ်ကွင်းဖြစ်နေရင် ဘယ်လိုပဲနေနေ ၃ မှတ်ရအောင်တော့ ကြိုးစားပြီး လုပ်နိုင်မယ်ထင်ပါတယ်။

11 Players

Chelsea (4-1-4-1) – Kepa – Cucurella – Badiashile – Silva – Chalaboh – Jorginho – Gallagher – Mount – Ziyech – Mudryk – Havertz

Fulham (4-2-3-1)– Leno – Kurzawa – Ream – Diop – Tete – Palhinha – Reed – Willian – Pereira – James – Mitrovic

Missing Players

Chelsea FC – João Félix (Red card suspension), Raheem Sterling (Hamstring Injury), Edouard Mendy (Shoulder Injury), Christian Pulisic (Knee Problems), Denis Zakaria (Hamstring Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

Fulham FC – Neeskens Kebano (Achilles tendon rupture)

Facebook