mclub333

ရီးရဲလ်မက်ဒရစ် Vs လီဗာပူးလ် [ 15 Mar 23 - 02:30 hrs]

mclub333 ရီးရဲလ်အသင်း ဒီနှစ်အတွင်း စွမ်းဆောင်ရည်တွေ နည်းနည်းကျဆင်းနေပါတယ်။ အဓိက လိဂ်ထဲမှာဆိုရင် ပိုကျဆင်းပါတယ်။ ဒီရာသီ ၂၅ ပွဲ ဆင်းကစားပြီး ၅၆ မှတ် ကောက်သိမ်းနိုင်တယ်။ သူတို့က ဘာစီလိုနာရဲ့ အနောက်ကနေ ၆ မှတ်တောင် လိုက်နေရပါတယ်။ နောက်အပတ်ကျရင် ဘာစီနဲ့တွေ့ဖို့ရှိပြီး အရှုံးရသွားရင်တော့ ပွဲသိမ်းပါတယ်။ ဒီနှစ်မှာတော့ မထင်မှတ်တာတွေ မဖြစ်ပေါ်ခဲ့ရင်တော့ လာလီဂါချန်ပီယံက ဘာစီအသင်းပဲ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် UCL တိုက်ပွဲထဲမှာကျတော့ ရီးရဲလ်တို့ ချန်ပီယံဖြစ်မယ့် လမ်းမပေါ်ပဲ ရောက်ရှိနေတုန်းဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ပထမတစ်ပွဲတုန်းက ၂-၅ နဲ့ အရင်နိုင်ထားတဲ့အတွက် နောက်ဆင့် ဆန်ကာတင်ဖို့အခွင့်ရေး အရမ်းပဲများနေပါတယ်။ ၃ လုံးတောင် အကျောရထားပေမယ့် သူတို့မှာ ပေါ့ဆစွာကစားမယ်တော့မထင်ပါဘူး။ အဲ့တော့ ဒီပွဲ ရီးရဲလ်တို့ အကောင်းဆုံးကစားသမားအဖွဲ့အစုကိုပဲ အသုံးပြုသွားမယ်ထင်ပါတယ်။ ဒီပွဲကတော့ တိုက်စစ်ပိုင်းနေရာ Valverde – Vinicius နဲ့ Benzema တို့ပဲ ဦးဆောင်သွားလိမ့်မယ်။ သူတို့ ၃ ယောက်က အပြေးအရမ်းမြန်တဲ့ထဲမရှိပေမယ့် လီဗာပူးလ်ကိုတော့ ပါးရိုက်သွားခဲ့ဖူးပြီးပြီ။ ရီးရဲလ်တို့က အရင်ပွဲလိုပဲ ကစားဖို့ရှိလောက်တယ်။ မပေါ့ဆဘူး သူတို့က လီဗာပူးလ်ရဲ့ ဘောလုံးစတိုင်လ်ကိုလည်း တော်တော်သိကျွမ်းထားပါတယ်။ အချင်းချင်းတွေ့ခဲ့တဲ့ ၇ ပွဲတုန်းကဆိုရင် ရီးရဲလ်ဘက်က အနိုင် ၆ ပွဲတောင် ရရှိသွားပါတယ်။ ဒီပွဲမှာလည်း ရီးရဲလ်တို့ပဲ အနိုင်ထပ်ရသွားလောက်တယ်။ ဒီနှစ် UCL တိုက်ပွဲထဲ ဗိုလ်လုပွဲအထိပါ တက်ရောက်သွားနိုင်လိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ မန်ယူကို ၇-၀ နဲ့ အနိုင်ရသွားပြီး အောက်ဆုံးအဆင့် ၂၀ ဖြစ်တဲ့ဘုန်းမောက်ကို ၁-၀ ဂိုးနဲ့ ပြန်ရှုံးလာပါတယ်။ ဘယ်လိုဖြစ်သွားမှန်းတောင်မသိလိုက်ဘူး။ Position တစ်ခါလေးပဲလွတ်သွားလို့ ၃ မှတ်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားလေရော။ ပင်နယ်တီရပြန်တော့လည်း ဆာလက်ကြီးက ဂိုးဘောင်နဲ့တောင် မတည့်ဘူး တော်တော်ပဲလွဲချော်သွားပါတယ်။ ဘာမှတောင်ရင်မခုန်လိုက်ရပါဘူး။ လီဗာပူးလ်ဘက်က အခွင့်ရေးတွေ ဖန်တီးနိုင်ပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ ဂျိုတာကြီးက အတိအကျ ကန်သွင်းခဲ့တာလည်း ဂိုးသမားနဲ့နီးလို့ ဟိုက ဖမ်းနိုင်တယ်။ အဲ့ပွဲ လီဗာပူးလ်ဘက်က မဆိုးပါဘူး။ ကွင်းလယ်ပိုင်းနဲ့ ခံစစ်ပိုင်းက အရင်လောက်ဆိုးမနေတော့ပါဘူး။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာကတော့ တိုက်စစ်ပိုင်းဖြစ်နေတယ်။ ခံစစ်ပိတ်တဲ့စနစ်နဲ့တွေ့ရင် မဖောက်နိုင်ကြဘူးဖြစ်နေတယ်။ အခွင့်ရေးတွေက ရှိပေမယ့် မလုပ်နိုင်ကြပါဘူး။ ဂိုးသွင်းခံထိသွားတော့ ကစားပွဲအခြေနေ ပြောင်းလဲသွားတယ်။ နူးနက်ဇ်က အဲ့ပွဲ ဘောလုံးခေါ်ဆောင်ခွင့်တောင် သိပ်မရလိုက်ဘူး။ ဒီပွဲမှာလည်း ခေါ်ဆောင်ခွင့် ရမယ်မထင်ဘူး။ ရီးရဲလ်တို့က သူတို့ရဲ့ခံစစ်ပိုင်းကို သေသေချာချာ ပိတ်ဆို့ထားကြမှာပဲ။ လီဗာပူးလ်တို့ ဒီပွဲ အနိုင်ရပြီး နောက်တစ်ဆင့် ဆန်ကာတင်ချင်ရင်တော့ သူတို့တိုက်စစ်ပိုင်းက စောက်ရမ်းပြတ်သားဖို့လိုလိမ့်မယ်။ အခွင့်ရေးတွေကတော့ သိပ်ဖန်တီးနိုင်မယ်မထင်ဘူး။ အဲ့တော့ အခွင့်ရေးကြုံလာတဲ့အခါမှာ ဂိုးဖြစ်အောင်လုပ်မှရမယ်။ ဒီပွဲ လီဗာပူးလ်ဘက်က တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းက နည်းစနစ်အရမ်းစုံနေတဲ့အသင်းဖြစ်နေတဲ့အတွက် လီဗာပူးလ်ရဲ့ငယ်နိုင်လိုမျိုး ဖြစ်နေတယ်။ လီဗာပူးလ်တို့က တကယ်တမ်းပြောရင် ဒီပွဲမှာပဲ ပြီးသွားလိမ့်မယ်။ ပရီးမီးယားလိဂ်ကိုပဲ အာရုံပြန်စိုက်လိုက်တော့။ ဒီပွဲပြီးတာနဲ့ သူတို့ မန်စီးတီး အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့နဲ့တွေ့ဖို့ ရှိတယ်။ အပိုတွေပြောပြီး အဲ့ ၃ ပွဲစလုံး လီဗာပူးလ်ဘက်က အနိုင်ရသွားခဲ့ရင်တော့ နံပါတ် ၄ နေရာ တန်းတက်သွားလိမ့်မယ်။ ဒါပေမယ့် အဲ့လိုမျိုးဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ မဖြစ်နိုင်ဘူးလို့လည်း မပြောပါဘူး။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ ရှင်းရှင်းပြောရင် ဒီအချိန်လီဗာပူးလ်အကြောက်ဆုံးအသင်းက ရီးရဲလ်တို့ပဲဖြစ်ပါတယ်။ အချင်းချင်းတွေ့တိုင်း လီဗာပူးလ်အတွက် ဘယ်တော့မှမလွယ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့တစ်ပွဲ အန်ဖီးလ်ကွင်းဖြစ်နေတာတောင် ဂိုး ၅ လုံးသွင်းခံထိခဲ့တယ်။ လီဗာပူးလ်ဘက်က ဂိုးအရင်သွင်းနိုင်ပေမယ့် နောက်ဆုံးမှာတော့ ၂-၅ နဲ့ ပြီးလာပါတယ်။ အဲ့တာနဲ့ ပထမလိပ်ပြီးသွားတော့ ရီးရဲလ်ဘက်က အကျောတန်းရသွားပါတယ်။ နောက်တစ်ဆင့် ဆန်ကာတင်သွားပြီလို့တောင် ပြောနိုင်ပါတယ်။ ဒီပွဲကတော့ ဘာမှသိပ်မရှိလောက်တော့ပါဘူး။ ဒီပွဲက ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးဖြစ်တဲ့အတွက် မထင်မှတ်တာတွေ မဖြစ်ပေါ်မှန်းသေချာပါတယ်။ လီဗာပူးလ်တို့ ထပ်ပြီးခံရဖို့တောင်ရှိတယ်။ ရီးရဲလ်တို့ရဲ့ထူးခြားချက်က နည်းစနစ်ပါပဲ။ Team work အရမ်းအားကောင်းတယ်။ ပထမတစ်ပွဲတုန်းက အရည်သွေး ဘယ်လောက်ထိကွာဟနေကြောင်း လုပ်ပြခဲ့ဖူးပြီးပြီ။ ကစားသမားရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ နည်းစနစ်အပေါ် နားလည်မှုတွေ အရမ်းပဲကောင်းနေပါတယ်။ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ တစ်ယောက်ထဲကိုပဲ ရုန်းနေရတာမဟုတ်ပါဘူး။ တစ်သင်းလုံးက လှုပ်ရှားမှုရှိတယ်။ ရီးရဲလ်တို့ရဲ့ လက်ရှိကစားသမားအဖွဲ့အစုက ကျယ်ပွင့်အသစ်လေးတွေရှိသလို အတွေ့ကြုံများတဲ့ကစားသမားတွေလည်း ရှိနေပါတယ်။ ရောနှောပြီး အရမ်းကောင်းနေကြပါတယ်။ ခေတ်ဟောင်းကနေ ခေတ်သစ်ဆီ ကူးပြောင်းတာ အရမ်းအဆင်ပြေတယ်။ လီဗာပူးလ်လိုမျိုး ဆိုးမနေဘူး။ အဲ့တာနဲ့ပဲ ရီးရဲလ်တို့ အခုတလော တောင်ထိပ်ကလေအေး တိုက်ခံနေရပါတယ်။ လီဗာပူးလ်ရဲ့ထူးခြားချက်ကတော့ ကစားနေရင်းနဲ့ပဲ ပေါ်လာတတ်တယ်။ ကောင်းတဲ့နေ့ဆို ရှယ်ကောင်း။ ဆိုးမယ်ဆိုရင်လည်း အသက်ကုန်ဆိုးပါတယ်။ ဒီပွဲကတော့ ဘာမှနစ်နာစရာမရှိပဲ ကစားခဲ့ရလိမ့်မယ်။ ၃ လုံးတောင် လိုက်ရမှာဆိုတော့ လက်လျှော့ပြီးကစားနေလို့မရတော့ပါဘူး။ သူတို့ရဲ့ ထူးခြားချက်ပြောမယ်ဆိုရင် Gegenpressing ပါပဲ ဒါပေမယ့် ထင်သလောက်တော့ pressing ဖြစ်မနေပါဘူး။ ဒီပွဲ ဆာလက်နဲ့ သူငယ်ချင်းအဖွဲ့က ရန်သူကို အတတ်နိုင်ဆုံးဝင်လုံးရမယ်။ နောက်တစ်ဆင့် ဆန်ကာတင်ဖို့အခွင့်ရေး အရမ်းနည်းပေမယ့် လက်လျှော့ဖို့မရှိကြလောက်ပါဘူး။ အဲ့တော့ ဒီပွဲ ငါတို့တွေ ဘောလုံးပွဲကြည့်သူအနေနဲ့ တော်တော်ပျော်စရာကောင်းလိမ့်မယ်။ နောက်ဆုံးမှာတော့ ရီးရဲလ်တို့ရဲ့နည်းစနစ်ကပဲ လီဗာပူးလ်ကို အပိုင်ချုပ်သွားလိမ့်မယ်။

11 Players

Real Madrid (4-3-3) – Courtois – Nacho – Rudiger – Militao – Carvajal – Camavinga – Valverde – Tcouhmani – Vinicius – Rodrygo – Benzema

Liverpool (4-3-3) – Allison – Trent AA – Robertson – Konate – Van Dijk – Henderson – Fabinho – Bajcetic – Jota – Nunez – Salah

Missing Players

Real Madrid – Ferland Mendy (Muscle Injury), David Alaba (Hamstring Injury)

Liverpool FC – Thiago (Problems with the hip flexor), Arthur Melo (Surgery), Luis Díaz (Knee Injury), Calvin Ramsay (Knee Surgery)

Facebook

အိမ်ရှင်နာပိုလီအသင်း နောက်ဆုံးတစ်ပွဲတုန်းက အတ္တလန္တာအပေါ်  ၂-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အမှတ်ပေးဇယားထဲမှာ နံပါတ် ၁ ဖြစ်ပြီး နံပါတ် ၂ ထက် ၁၈ မှတ်တောင် ကွာဟနေပါတယ်။ ဒီရာသီ သူတို့ပဲ ချန်ပီယံရသွားလောက်ပါတယ်။ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ အရမ်းတွေကောင်းပြီး ၁၀ ပွဲထဲမှာ အရှုံး ၁ ပွဲလေးပဲ ရရှိခဲ့ပါတယ်။ ကျန်တဲ့ ၉ ပွဲကျတော့ အနိုင်တွေချည်းဖြစ်ပါတယ်။ ဒီနှစ်အတွင်း သူတို့ Position အသီးသီးက တာဝန်တော်တော်ကျေကြပါတယ်။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အဆင်ပြေနေတယ်။ တောင်ကိုးရီးယားလူမျိုးနဲ့ နောက်ခံကစားသမား Kim က ခံစစ်ပိုင်းနေရာ တောင့်တင်းမှုရှိအောင် ပင့်ပေးနိုင်ပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းဟာ ဒီရာသီအတွင်း ဂိုး ၁၆ လုံးထဲပဲ သွင်းခံထိခဲ့ပါတယ်။ တိုက်စစ်ပိုင်းလည်း အရမ်းတွေတက်ကြွနေပါတယ်။ အဓိကဆုံးကတော့ ကျယ်ပွင့်ကစားသမား Osimhen ဖြစ်ပြီး နောက်တစ်ယောက်ကျတော့ Kvaratskhelia ပဲ ဖြစ်ပါတယ်။ ဒီနှစ်ယောက်ရဲ့သွင်းဂိုး ယူပေါင်းလိုက်ရင် ၃၄ လုံးတောင် ရှိပါတယ်။ ဥရောပတိုက်ပွဲထဲမှာကတော့ ဂရုအဆင့်ပွဲစဉ်တုန်းက ဂရုရဲ့ချန်ပီယံဖြစ်ပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ တစ်ပွဲလေးပဲ ရှုံးခဲ့ပါတယ်။ ပြီးတော့ ဂရုအဆင့်ပွဲတုန်းကဆိုရင် သွင်းဂိုးအများဆုံးနဲ့အသင်းလည်း ဖြစ်ခဲ့ပါတယ်။ နာပိုလီအသင်း ပထမလိပ်တုန်းက ဖရန့်ဖတ်ကို ၂-၀ နဲ့ အရင်နိုင်လာပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ပြန်ကစားရပြီဖြစ်တဲ့အတွက် အပီကစားဖို့ရှိကြလောက်တယ်။ အသင်းထဲမှာ အခု Kim Min-Jae၊ Alex Meret နဲ့ Irving Lozano တို့ အခြေနေပြန်စစ်ဆေးဖို့လိုသေးတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ၃ ယောက်ထဲ ပထမ ၂ ယောက်မှာတော့ ဆင်းနိုင်လောက်ပါပြီ။ ဒီပွဲ နာပိုလီဘက်က ၄-၃-၃ စနစ်ကို အသုံးပြုမယ်ထင်တယ်။ အလယ်တန်းမှာ စတန်နီစလပ်က တိုက်စစ်ပိုင်းကို အထောက်အကူလုပ်ပေးဖို့ တာဝန်ရှိမယ်ထင်တယ်။ တိုက်စစ်ပိုင်းကျတော့ Matteo Politano၊ Victor Osimhen နဲ့ Kwicha Kwaratskellia တို့ပဲ ဂိုးသွင်းဖို့ တာဝန်ယူထားကြလောက်ပါတယ်။

mclub333 ဖရန့်ဖတ်တို့ကျတော့ ဘွန်ဒက်လီဂါထဲက နံပါတ် ၆ အသင်းဖြစ်ပြီး နောက်နှစ်ချန်ပီယံလိဂ်လက်မှတ် ရဖို့အခွင့်ရေး ရှိနေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက စတုကတ်နဲ့ ၁-၁ သရေကျလာပါတယ်။ ဖရန့်ဖတ်တို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေတာ မြင်ခဲ့ရပါတယ်။ ဥပမာ ၅ ပွဲတုန်းကဆိုရင် အနိုင် ၁ ပွဲလေးပဲလုပ်နိုင်ပါတယ်။ ကျန်တာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ သတို့ရဲ့ခံစစ်ပိုင်းက တော်တော်အားနည်းတဲ့အတွက် ပြုပြင်စရာ အကြီးမားဆုံးဖြစ်နေပါတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ပွဲတွေမှာ ပွဲတိုင်းလိုလို ဂိုးသွင်းခံထိတတ်လို့ပါ။ ပြီးတော့ သူတို့မှာ ကစားပွဲနဲ့ အာရုံသိပ်မစိုက်နိုင်ခဲ့ကြပါဘူး။ ဂိုးအရင်သွင်းနိုင်ပြီး သရေဂိုးပြန်သွင်းခံထိတာ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ အားကိုးလို့ရပါတယ်။ လိဂ်ထဲက ထိပ်တန်းထဲမှာ ရောက်ရှိနေတုန်း ဖြစ်ပါတယ်။ အခုတလော Randall Colo Muani က အသင်းရဲ့ ဂိုးဖန်တီးရှင် ဖြစ်နေပါတယ်။ ဒါပေမယ့် သူက ဘန်းခံထိထားတဲ့အတွက် ဒီပွဲ မပါနိုင်သေးပါဘူး။ သူက ဒီရာသီအတွင်း ဂိုး ၁၆ လုံး သွင်းထားနိုင်တယ်။ ဖရန့်ဖတ်တို့ ဂရုအဆင့်တုန်းက ဒုချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ ၇ ပွဲဆင်းကစားပြီး ၃ ပွဲရှုံးသွားကြတယ်။ အသင်းထဲမှာ ဒီပွဲ Ansgar Knauff၊ Jesper Lindstrom နဲ့ Eric Dina Ebimbe တို့ မရှိသေးပါဘူး။ ၃-၄-၂-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ တိုက်စစ်ပိုင်းနေရာ Kamada နဲ့ Gotze တို့ကို ချထားပြီး Striker နေရာကျတော့ Borre ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

အီတလီစီးရီးအေရဲ့ နံပါတ် ၁ ဖြစ်နေတဲ့ နာပိုလီအသင်း လက်ရှိရာသီမှာ စွမ်းဆောင်ရည်အရမ်းကောင်းနေပါတယ်။ ခြေစွမ်းတွေအရမ်းပြနိုင်ပြီး တောင်ထိပ်ကလေအေးကို ခံနေရတုန်းဖြစ်ပါတယ်။ စီးရီးအေရဲ့ ဒီနှစ်ချန်ပီယံက သူတို့ဖြစ်ဖို့တော်တော်များနေတယ်။ ဒီ ဥရောပတိုက်ပွဲထဲမှာကျတော့ ဂျာမနီဘွန်ဒက်လီဂါမှ နံပါတ် ၆ ဖရန့်ဖတ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမတစ်ပွဲတုန်းက နာပိုလီဘက်က ၀-၂ နဲ့ အရင်နိုင်ထားပါတယ်။ အဲ့ပွဲ နာပိုလီဘက်က တော်တော်ပဲကောင်းခဲ့ကြတယ်။ နောက်ပြီး ဖရန့်ဖတ်ဘက်က အဲ့ပွဲ ပွဲပြီးဖို့ နာရီဝက်တောင်ကြာပြီး ၁၀ ယောက်ထဲပဲကျန်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ နာပိုလီကိုမခံနိုင်ခဲ့ပါဘူး။ နာပိုလီတို့က ဒီပွဲ သွင်းဂိုးနှစ်လုံး အရင်ကျောနိုင်ပြီး အိမ်ကွင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲ သူတို့အတွက် လွယ်ကူပါတယ်။ ဘာလို့လည်းဆိုတော့ နာပိုလီတို့က လိဂ်ရဲ့ချန်ပီယံလောင်းအဆင့်နဲ့ ဖရန့်ဖတ်ကို တော်တော်ဖိအားပေးနေပါတယ်။ နာပိုလီတို့က အခုတလော ခြေစွမ်းအရမ်းပဲတက်ကြွနေပါတယ်။ ဖရန့်ဖတ်တို့ကျတော့ စွမ်းဆောင်ရည်တွေကျဆင်းနေပြီး နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးနေပါတယ်။ သူတို့ဘက်က နာပိုလီရဲ့အနောက်ကနေ ဂိုး ၂ လုံး လိုက်ရမှာဖြစ်တဲ့အတွက် တိုက်စစ်ဆင်ပြီကစားခဲ့ကြလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ Randal Muani မရှိတဲ့အတွက် တိုက်စစ်ပိုင်း တော်တော်အားနည်းသွားလိမ့်မယ်။ နာပိုလီရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် ဖရန့်ဖတ်တို့ တိုက်စစ်ဆင်ပြီး မှားတာရှိရင် ပြန်ခံဖို့ရှိနိုင်ပါတယ်။ ဒီပွဲကတော့ နာပိုလီမှ နာပိုလီပဲဗျ။

11 Players

Napoli (4-3-3):  Meret; Di Lorenzo, Kim, Rrahmani, Rui; Anguissa, Lobotka, Zielinski; Politano, Osimhen, Kvaratskhelia

Frankfurt (3-4-2-1) : Trapp; Tuta, Hasebe, Ndicka; Buta, Sow, Rode, Max; Kamada, Gotze; Borre

Missing Players

Napoli : Alex Meret (Wirst Injury), Min-jae Kim (Calf Problems), Giacomo Raspadori (Hamstring Injury)

Frankfurt : Randal Kolo Muani (Red card suspension), Marcel Wenig (No eligibility), Jens Grahl (No eligibility), Simon Simoni (No eligibility), Jesper Lindström (Ankle Injury), Junior Dina Ebimbe (Syndesmotic ligament tear)

Facebook