mcc888

ဘုန်းမောက် Vs ချယ်လ်ဆီး [ 6 May 23 - 20:30 hrs]

mcc888 ဂယ်ရီ အိုနေးလ်ဆိုတဲ့ ယာယီနည်းပြလက်ထဲက ဘုန်းမောက်အသင်း နောက်ဆုံး ၉ ပွဲတုန်းက အနိုင် ၆ ပွဲရသွားတဲ့အတွက် အမှတ်တွေ တောက်လျှောက်ကောက်သိမ်းနိုင်နေကြပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက လိဒ်စ်အပေါ် ၄-၁ နဲ့ အနိုင်ရလာတဲ့အတွက် အဆင့် ၁၂ အထိ ခုန်တက်သွားပါပြီ။ သူတို့ရဲ့ရမှတ်က ၃၉ မှတ်ဖြစ်ပြီး ချယ်လ်ဆီးနဲ့အတူတူဖြစ်နေပါတယ်။ ဒါပေမယ့် သွင်းဂိုးစံချိန်ကပဲ ချယ်လ်ဆီးလောက်မကောင်းသေးပါဘူး။ ပြီးတော့ သူတို့ ချယ်လ်ဆီးထက် ၁ ပွဲပါ ပိုကစားထားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Marcus Tavernier၊ Ryan Fredericks နဲ့ Junior Stanilas တို့ ၃ ယောက်ကို အသုံးပြုလို့မရသေးပါဘူး။ ပြီးတော့ Kiffi Moore၊ Hamed Traore နဲ့ Chris Mevham တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ ကျန်တဲ့ Neto၊ Adam Smith၊ Lloyd Kelly၊ Jefferson Lerma၊ Philip Billing၊ Ryan Christie၊ Dongo Watara နဲ့ Dominic Solanke တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ အိုနေးလ်က ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်ပါတယ်။ ဂိုးသွင်းဖို့နေရာ Dominic Solanke ကိုပဲ တာဝန်ပေးထားပြီး Ryan Christie၊ Philip Billing နဲ့ Dango Uattara တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။

ဖရန့်လမ်းပတ်နည်းပြလက်ထဲက ချယ်လ်ဆီးတို့ကျတော့ ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ၆ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အာဆင်နယ်နဲ့တွေ့ပြီး ၁-၃ နဲ့ ရှုံးလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အဆင့် ၁၁ အထိ ကျဆင်းသွားပါပြီ။ ဒီရာသီ ၃၃ ပွဲကစားပြီး ၃၉ မှတ်ပဲ ကောက်သိမ်းနိုင်ပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၉ မှတ်လေးပဲသာနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒူးခေါင်းဒဏ်ရာရထားတဲ့ Armando Broya မရှိသေးပါဘူး။ ပေါင်သားနေရာ ဒဏ်ရာရထားတဲ့ Kalidou Koulibaly၊ Mark Cucurella နဲ့ Reece James တို့လည်း အခုထိ မသက်သာသေးပါဘူး။ Mason Mount နဲ့တစ်ယောက်မှာလည်း တင်ပါးဒဏ်ရာရထားတဲ့အတွက် ပြန်လာဖို့အစီစဉ်မရှိသေးပဲဖြစ်ပါတယ်။ ကျန်တဲ့

Thiago Silva, Ben Chilwell, Enzo Fernandez, Mateo Kovacic, Raheem Sterling, Noni Madueke နဲ့ Pierre-Emerick Aubameyang တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ လမ်းပတ်က ၄-၃-၃ စနစ်ကိုပဲစီစဉ်ထားလောက်တယ်။ အရှေ့တန်းကနေ ဂိုးဖန်တီးဖို့ Madueke, Havertz, Mudryk တို့ ၃ ယောက်ကိုပဲ ချထားပြီး ကွင်းလယ်ကနေ ကစားပွဲထိန်းဖို့နေရာကျတော့ Fernandez ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ် ဘုန်းမောက် Vs ချယ်လ်ဆီးတို့ ရင်ဆိုင်ကြမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ နာမည်ကြည့်ပြီးပြောရင်တော့ ကြီးမားတဲ့ချယ်လ်ဆီးဘက်က အေးအေးဆေးဆေးနိုင်မယ်ထင်နေကြလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ်တော့ လောလောဆယ် ဘုန်းမောက်က ချယ်လ်ဆီးနဲ့ အမှတ်တူနေပါတယ်။ သွင်းဂိုးစံချိန်ကပဲ ပိုညံ့ပါတယ်။ ဘုန်းမောက်တို့ အခုမှပရီးမီးယားလိဂ်အဆင့်တက်လာပေမယ့် ခြေစွမ်းတွေကတော့ တက်ကြွနေပြီး နောက်ဆုံး ၅ ပွဲတုန်းက ဂိုး ၉ လုံးတောင်သွင်းနိုင်တယ်။ ချယ်လ်ဆီးတို့ကျတော့ အခုမှအာဆင်နယ်ကိုရှုံးလာပါတယ်။ အဲ့တစ်ပွဲ အဝေးကွင်းဖြစ်ပြီး ဒီပွဲမှာလည်း အဝေးကွင်းနဲ့ပဲ ဆက်ကစားနေရပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်က တကယ်ပဲကျဆင်းနေပြီး ၆ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ အဲ့ဒီ ၆ ပွဲထဲနဲ့ ဂိုး ၁၂ တောင် သွင်းခံထိသွားပါတယ်။ ချယ်လ်ဆီးတို့က လောလောဆယ် အဆင့် ၁၁ မှာရှိတဲ့ ခရစ်စတယ်ပဲလေ့စ်ကို ကျော်တက်ဖို့အခွင့်ရေးရှိနေတဲ့အတွက် ဒီပွဲ အနိုင်ရအောင်တော့ကြိုးစားလိမ့်မယ်။ ဒါပေမယ့်လည်း ဘုန်းမောက်တို့ လွယ်လွယ်လေးနဲ့ ရှုံးသွားမယ်မထင်ပါဘူး။ သူတို့မှာလည်း အဆင့် ၁၁ တက်သွားချင်လို့လေ။ သူတို့ အဆင့် ၁၁ တက်ဖို့အရေးကလည်း ခရစ်တယ်ပဲလေစ့်က စပါးနဲ့ အနည်းဆုံး သရေကျသွားဖို့လည်း ဆုတောင်းရပါသေးတယ်။ ဒီပွဲကတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဘုန်းမောက်တို့ကျတော့ ခံစစ်ပိတ်ပြီး အားသာတဲ့ တန်ပြန်တိုက်စစ် ဆင်းကစားခဲ့ကြလိမ့်မယ်။ ချယ်လ်ဆီးဘက်က ဘုန်းမောက်ထက် ကောင်းမနေပါဘူး။ သရေကျရုံနဲ့ ပြီးဖို့ရှိပါတယ်။ ဒါပေမယ့် အနိုင်ရရှိသူကိုခန့်မှန်းရမယ်ဆိုရင်တော့ ဘုန်းမောက်ဘက်ပဲ ဖြစ်ဖို့ပိုများပါတယ်။

11 Players

Bournemouth (4-2-3-1): Neto; Smith, Senesi, Kelly, Vina; Lerma, Rothwell; Ouattara, Billing, Christie; Solanke

Chelsea(4-3-3) : Kepa; Azpilicueta, W. Fofana, Silva, Chilwell; Kante, Fernandez, Kovacic; Madueke, Havertz, Mudryk

Missing Players

Bournemouth: David Brooks (Fitness),J.Stanislas (Muscle Injury),R.Fredericks (Calf Injury),K.Moore(Concussion),M.Tavernier(Hamstring Injury),C.Mepham(Thigh Injury),H.Traore(Knock Injury)

Chelsea : Kalidou Koulibaly (Hamstring Injury), Armando Broja (Cruciate Ligament Rupture),M. Cucurella (Stain Injury),M. Mount(Hip Injury), R.James (Hamstring Injury)

Facebook

ပက် ဂွာဒီယိုလာလက်ထဲက မန်စီးတီးအသင်း အခြေနေတွေ မတရားကောင်းနေပြီး ၁၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းနဲ့တွေ့ပြီး ၃-၀ နဲ့ အနိုင်ရလာပါတယ်။ သူတို့က အခုထိ အနိုင်လိုစိတ်တွေ များနေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က တကယ်ပဲတက်ကြွနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘယ်ဂျီယံကစားသမား ဒီဘရိုင်း ပြန်ရောက်လာပါပြီ။ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက မပါခဲ့ပါဘူး။ အရန်စာရင်းထဲမှာတောင် မပါခဲ့ပါဘူး ပြီးတော့ Ruben Dias, Nathan Ake, John Stones, Rodri Hernandez, Ilkay Gundogan, Riyad Mahrez, Jack Grealish နဲ့ Erling Haaland တို့လည်း အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ပက်က ဒီပွဲ ၃-၄-၂-၁ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုတာဝန်ပေးထားပြီး Gundogan နဲ့ Alvarez တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။

mcc888 Sam Allardyce ဆိုတဲ့ လိဒစ်ရဲ့နည်းပြအသစ်ကတော့ ပထမတစ်ပွဲကတည်းက ကြမ်းတဲ့အသင်းနဲ့ တန်းပြီးရင်ဆိုင်နေရပါတယ်။ အဲ့တော့ ဒီပွဲ လက်ရည်ပြဖို့လိုလိမ့်မယ်။ လိဒ်စ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်ကို ပိုးစိုးပက်စက် ၄-၁ နဲ့ ရှုံးလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ လိဂ်ထဲမှာ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ။ သူတို့ အနီဇုန်ထဲ အချိန်မရွေးကျရောက်ဖို့ရှိနေတဲ့အတွက် ၃ မှတ်မရရင်တော့ အခြေနေသိပ်မကောင်းပဲဖြစ်သွားလိမ့်မယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Tyler Adams မပါနိုင်သေးပါဘူး၊ သူက ရာသီကုန်သွားရင်တောင် ပြန်မလာနိုင်သေးပါဘူး။ ပြီးတော့ Liam Cooper, Stuart Dallas နဲ့ Luis Sinisterra တို့ ၃ ယောက်မှာလည်း ပြန်လာဖို့အချိန် မသတ်မှတ်နိုင်သေးပါဘူး။ ကျန်တဲ့ Luke Eyling, Junior Firpo, Weston McKennie, Jack Harrison, Brenden Aaronson, Wilfried Gnonto နဲ့ Patrick Bamford တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ ဦး Sam ကြီးက ၄-၄-၂ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Wilfried Gnonto နဲ့ Patrick Bamford တို့ကိုပဲ တာဝန်ပေးထားပြီး Roca နဲ့ McKennie တို့ကိုကျတော့ အလယ်တန်းကနေ ကစားပွဲ ထိန်းသိမ်းခိုင်းလိမ့်မယ်။

ဒီပွဲ မန်စီးတီးရဲ့ ချန်ပီယံနေရာကို ဆုံးဖြတ်သွားမယ့်တိုက်ပွဲတစ်ပွဲဖြစ်ပြီး မန်စီးတီးအသင်း အိမ်ကွင်းနဲ့ လိဒ်စ်ကို လက်ခံကစားရမှာဖြစ်ပါတယ်။ လိဒ်စ်အသင်းက နောက်ဆုံးတစ်ပွဲ အိမ်ကွင်းနဲ့ ဝက်စ်ဟမ်းအပေါ် ၃-၀ အနိုင်ရရှိလာပါတယ်။ မန်စီးတီးတို့မှာလည်း အိမ်ကွင်းနဲ့ ဆက်တိုက် ကစားခွင့်ရရှိသွားဦးမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းက အခြားအသင်းတွေရဲ့ အိပ်မက်ဆိုးကြီးဖြစ်နေတယ်။ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ အရမ်းပဲကောင်းနေတယ်။ လိဂ်ထဲမှာ ၉ ပွဲဆက်တိုက် အနိုင်ရှိထားပြီး ဂိုး ၂၇ လုံးတောင် သွင်းယူသွားနိုင်တယ်။ လိဒ်စ်တို့ကျတော့ အခုမှ Sam Allardyce ကို နည်းပြအသစ် ခန့်အပ်ထားပါတယ်။ သူ့ရဲ့ ရွေးချယ်လ်စရာနည်းလမ်းက မန်စီးတီးအပေါ် အနိုင်ရအောင် လုပ်ရမယ်ပဲရှိပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိအခြေနေနဲ့ဆိုရင် အတန်းမဆင်းအောင် မလုံလောက်သေးလို့ပါ။ ဒါပေမယ့် အခုမှ အသင်းထဲရောက်ခါစဖြစ်တဲ့အတွက် တန်းပြီးအဆင်ပြေမယ်မထင်ပါဘူး။ နောက်ပြီးလိဒ်စ်တို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ တော်တော်ဆိုးနေတုန်းဖြစ်ပါတယ်။ လိဂ်ထဲက နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၄ ပွဲတောင်ရှုံးသွားပါတယ်။ တစ်ပွဲမှတောင်မနိုင်ခဲ့ပါဘူး။ ဂိုး ၁၈ လုံးပါ သွင်းခံထိခဲ့သေးတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်အားလုံးထဲမှာ ၁၀၉ ပွဲရှိပြီး မန်စီးတီးဘက်က အနိုင် ၄၈ ပွဲ နဲ့ သ‌ရေ ၁၈ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ လိဒ်စ်ဘက်ကကျတော့ ၄၃ ပွဲ နိုင်ဖူးပါတယ်။ ဒီပွဲမှာတော့ လိဒ်စ်တို့အတွက် ဘယ်လိုမှအဆင်ပြေမယ်မထင်ပါဘူး။ မန်စီးတီးတို့အတွက်ကတော့ အေးအေးဆေးဆေးပဲ အနိုင်ရသွားလိမ့်မယ်။

11 Players

Manchester City (3-4-2-1) : Ederson; Walker, Stones, Dias, Ake; Rodri, Gundogan; Foden, Alvarez, Grealish; Haaland

Leeds United (4-4-2) : Meslier; Ayling, Koch, Wober, Firpo; Roca, McKennie, Forshaw; Summerville, Rodrigo, Gnonto

Missing Players

Manchester City : K.De Bruye (Knock Injury),B.Mendy(Disciplnary Sanction)

Leeds United : Stuart Dallas (Femoral Fracture), Luis Sinisterra (Ankle Injury),L.Cooper (Muscle Injury),T. Adams (Hamstring Injury)

Facebook

လီဗာပူးအသင်း အခုတလော စွမ်းဆောင်ရည်တွေဆက်တိုက်ကောင်းနေကြပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ ရာသီရဲ့အစပိုင်းကတည်းက ရာသီကုန်ခါနီး အခြေနေမကောင်းပေမယ့် အခုကျတော့ ပြန်ကောင်းသွားပါပြီ။ စွမ်းဆောင်ရည်မကောင်းတဲ့အကြောင်းရင်းကတော့ အဓိက ကစားသမားတွေ ဒဏ်ရာရထားကြလို့ပဲဖြစ်ပါတယ်။ အခုကျတော့ အားလုံးနီးပါး ပြန်လည်သက်သာသွားပါပြီ။ နောက်ပြီး အသင်းကိုကောင်းလာစေတဲ့ တစ်ခုက သူတို့ ကစားစနစ်အသစ်ကြောင့်လည်းပါတယ်။ ဖူဟမ်နဲ့တစ်ပွဲတုန်းက နောက်ခံနေရာ ၃ ယောက် အလယ် ၅ ယောက်စနစ်ကို အသုံးချလိုက်ပါတယ်။ အဲ့စနစ်က အာနိုးအတွက် တိုက်စစ်ဆင်တဲ့အခါမှာ ပိုပြီး ထိရောက်စေပါတယ်။ ခံစစ်ပိတ်တဲ့နေရာလည်း တော်တော်အားကောင်းပြီး အခြေနေ တကယ်ပဲကောင်းလာပါတယ်။ ဒီပွဲကတော့ သူတို့ အပီကစားဖို့ရှိလိမ့်မယ်။ သူတို့က လောလောဆယ် Top4 နေရာရအောင်လုပ်ချင်တယ်။ အရမ်းခက်ပေမယ့် ၃၈ ပွဲစလုံးကို ကစားလို့မပြီးမချင်း အခွင့်ရေးရှိပါသေးတယ်။ ဒီပွဲ အဆင်သင့်ပိုင်းကတော့ သီယာဂိုးမရှိတာ သေချာသွားပါပြီ။ ခံစစ်ပိုင်းနေရာ ရောဘတ်ဆန်ကို ပြန်သုံးလို့ရနေပါပြီ။ ကွင်းလယ်ပိုင်းကျတော့ အရင်အတိုင်းပဲ ဟင်ဒို၊ ဖာဘင်ဟိုနဲ့ Jones တို့ကိုပဲ ချထားလောက်ပါတယ်။ ပြီးတော့ သဘာဝဆန်ပြီး ညာဘက်နောက်ခံ နည်းနည်းပဲကစားတတ်တဲ့ ကွင်းလယ်ခံစစ်နေရာဆိုရင် အာနိုးကို အနောက်တန်းကနေ တိုက်စစ်ဆင်ဖို့အတွက် တာဝန်ပေးထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ ဂျိုတာက ဒီပွဲပြန်ဆင်းခွင့်ရသွားလောက်ပါပြီ။ လီဗာပူးလ်က ဒီပွဲ ပထမမိနစ်ကတည်းက စပြီးဝင်လုံးလိမ့်မယ်။ ဖိအားလိုက်ပေးတဲ့နေရာ အားကောင်းလာသလို Pressing တွေလည်း တော်တော်အဆင်ပြေလာပါတယ်။ ရာသီကုန်ခါနီးမှ မြင်ခဲ့ရပေမယ့် ကောင်းသောအခြေနေတော့ ဖြစ်ပါတယ်။ ဒီပွဲ အန်ဖီးလ်ကွင်းရဲ့ အားပေးသံကြောင့် အနိုင်ရသွားလောက်ပါတယ်။

ဘရန်ဖိုတ့်တို့ကျတော့ စွမ်းဆောင်ရည်ပြန်ကောင်းနေပါတယ်။ နောက်ဆုံး ၂ ပွဲတုန်းက ၂ ပွဲလုံးအနိုင်ရထားတဲ့အတွက် သူတို့မှာ ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ အဲ့တာနဲ့ သူတို့ လောလောဆယ် အဆင့် ၉ အထိ တက်သွားခဲ့ပါပြီ။ နောက်နှစ် ဥရောပတိုက်ပွဲထဲ ပါဖို့မရှိတော့ပါဘူး။ ဘယ်ဖလားပွဲကိုမှ ပါဖို့ ရင်ခုန်လို့မရတော့ဘူးဖြစ်ပါတယ်။ ကျန်တဲ့ပွဲတွေ ဒီတိုင်းကစားရုံပဲဖြစ်ပါတယ်။ ဘရန်ဖိုတ့်အသင်းက Preesing ကစားတဲ့အသင်းဖြစ်တဲ့အတွက် ဒီစတိုင်လ်ကိုပဲ ဆက်လက်ကစားသွားမယ်ထင်ပါတယ်။ အဲ့တော့ လီဗာပူလ်းရဲ့ ဖိအားလိုက်ပေးတဲ့စနစ်က ပြန်ချုပ်ခံထိရင်တော့ ဘရန်ဖိုတ့်ကိုပြန်ခံရဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ချုပ်နိုင်ဖို့အခြေနေ မရှိလောက်ပါဘူး။ ဘရန်ဖိုတ့်တို့ရဲ့အားနည်းချက်က ခံစစ်ပိုင်းပဲဖြစ်ပါတယ်။ သူတို့ Pressing လုပ်တဲ့အခါမှာ Wissa၊ Mbeumo နဲ့ Toney တို့ရဲ့ သွက်လက်ချက်ကို အားကိုးခဲ့ရလိမ့်မယ်။ ဒီ ၃ ယောက်က တွဲကစားလာတာ ကြာပြီဖြစ်တဲ့အတွက် တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိနေကြပါတယ်။ ဒီပွဲ ဘရန်ဖိုတ့်ရဲ့ အားသာချက်ကတော့ သွက်လက်တဲ့ တိုက်စစ်ဆင်ကစားခြင်းပဲဖြစ်လိမ့်မယ်။ Set Piece တို့ မြောက်ဘောတို့ အဆင်ပြေပါတယ်။ လိဒ်စ်နဲ့တစ်ပွဲတုန်းကတောင် နမူနာကြည့်ပြီးပြောလို့ရပါတယ်။ ဒီပွဲကတော့ ဘရန်ဖိုတ့် ဝင်လုံးမယ် Pressing ဆွဲမယ် အဲ့စတိုင်လ်နဲ့ဆိုရင် လီဗာပူးလ်နဲ့ ပြန်လှန်တိုက်ခိုက်နိုင် လောက်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်က သူတို့ထက် အများကြီးသာပါသေးတယ်။ နောက်ဆုံး ၅ ပွဲကိုပဲ ကြည့်ပြီးပြောနိုင်ပါတယ်။ သူတို့မှာ ဦးတည်ချက်ပြန်ရှိသွားပါပြီ။ ဒီပွဲကတော့ ဘရန်ဖိုတ့်တို့ ဘယ်လိုမှမခံနိုင်လောက်ပါဘူး။

mcc888 အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီနှစ်အတွင်း ပထမကျော့တုန်းကကျတော့ ဘရန်ဖိုတ့်ဘက်ကပဲ အနိုင်အရင်ရသွားပါတယ်။ ဒါပေမယ့် အဲ့အချိန် လီဗာပူးလ်က အခုလိုမျိုး တောင့်တင်းမှုရှိမနေသေးတာလည်းပါတယ်။ နောက်ပြီး ဒီပွဲ အန်ဖီးလ်ကွင်းပါဖြစ်နေတဲ့အတွက် ခြေစွမ်းပိုပြနိုင်လိမ့်မယ်။ လက်ရှိအခြေနေကတော့ လီဗာပူးလ်မှာ အဆင့် ၅ ဖြစ်ပြီး ဘရန်ဖိုတ့်တို့ကျတော့ အဆင့် ၉ ဖြစ်ပါတယ်။ ရည်မှန်းချက်ချင်းယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုများပါတယ်။ သူတို့က အဆင့် ၄ နေရာ ရင်ခုန်နိုင်သေးလို့ပါ။ အရမ်းတော့ခက်ပါလိမ့်မယ်။ ဒါပေမယ့် မျှော်လင့်လို့ရနေသေးတဲ့အတွက် အရေးကြီးတဲ့အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး သူတို့စွမ်းဆောင်ရည်က ၅ ပွဲဆက်တိုက် နိုင်ထားပြီး ၇ ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး။ အဲ့တော့ သူတို့ မျှော်လင့်ချက်တင်ထားတဲ့နေရာ မထူးဆန်းပါဘူး။ ဘရန်ဖိုတ့်တို့ကျတော့ နောက်နှစ် ပရီးမီးယားလိဂ်ထဲ ဆက်လက်ရှိနေသွားမှာ သေချာသွားပါပြီ။ လိဂ်ပွဲစဉ်ထဲမှာ ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမယ့် ဒီပွဲကစပြီး နောက်လာမယ့်ပွဲတွေမှာ အရမ်းခက်တဲ့ပွဲတွေချည်း ဖြစ်နေတယ်။ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုသာပါတယ်။ လီဗာပူးလ်ရဲ့ ထူးခြားချက်ကလည်း အရင်ထက် ပိုပြီးများလာပါတယ်။ အားနိုးကြီးက တိုက်စစ်ဆင်တဲ့နေရာကို တော်တော်အကျိုးပေးနေတယ်။ ဆာလက်ကြီးကလည်း ပွဲတိုင်းလိုလို ဂိုးတွေလိမ့်သွင်းနေတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းနေတာတောင် သူ့ဟာနဲ့သူတော့ ဂိုးသွင်းနိုင်ပါတယ်။ ဘရန်ဖိုတ့်တို့ကျတော့ စနစ်ရှိရှိနဲ့ ကစားနိုင်ပါတယ်။ ဒီပွဲ ထူးခြားတဲ့နေရာကတော့ Toney ဆိုတဲ့ အသင်းရဲ့ဂိုးဖန်တီးရှင်ပဲဖြစ်ပါတယ်။ သူက လီဗာပူးလ်ရဲ့ခံစစ်ပိုင်းကို တော်တော်ဒုက္ခပေးသွားလိမ့်မယ်။ ဒါပေမယ့်လည်း အစစအရာရာကြည့်ပြီး အန်ဖီးလ်ကွင်းပါဖြစ်တဲ့အတွက် လီဗာပူးလ်တို့မနိုင်ပဲမနေပါဘူး။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Van Dijk – Konate – Henderson – Jones – Fabinho – Jota – Diaz – Salah

Brentford (4-3-3) – Raya – Henry – Mee – Pinnock – Hickey – Janelt – Jensen – Dasilva – Wissa – Mbeumo – Toney

Missing Players

Liverpool FC – Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)

Brentford FC – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

Facebook