mcash24

ဘုန်းမောက် Vs လီဗာပူးလ် [11 Mar 23 - 19:00 hrs]

mcash24 အိမ်ရှင်ဘုန်းမောက်အသင်း ဒီရာသီအတွင်း အတန်းဆင်းမယ့်ထဲက နံပါတ် ၁ ကြီးဖြစ်နေပါတယ်။ ဒီရာသီ ၂၅ ပွဲ ဆင်းကစားပြီး ရမှတ် ၂၁ မှတ်ထဲပဲ ကောက်သိမ်းနိုင်တယ်။ ပြီးတော့ အတန်းဆင်းမယ့်ထဲကအသင်းတွေထက် ဂိုးအပေးအယူပါပိုညံ့ပါတယ်။ အတန်းမဆင်းချင်ဘူးဆိုရင်တော့ အမှတ် ၄၀ ထက်များဖို့လိုပါတယ်။ အဲ့နေရာ သူတို့အတွက် မဖြစ်နိုင်တော့ပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက သရေကျတော့မလို့ပါပဲ Ryan Nelsson ကို ထိန်းမယ့်သူမရှိလို့ ဟိုက ဂိုးထသွင်းလိုက်တော့ ရှုံးပြီပေါ့။ ဒါပေမယ့်လည်း အဲ့ပွဲ သူတို့ရဲ့ပြိုင်ဘက်က ဒီနှစ် ချန်ပီယံလောင်းဖြစ်နေတဲ့ အာဆင်နယ်နဲ့တွေ့ရလို့ပါ။ အရင်တစ်ပွဲတုန်းက ဘုန်းမောက်တို့မှာ အစစအရာရာအဆင်ပြေပါတယ်။ ဒါပေမယ့် အသေးအဖွဲတွေအထိတော့ မထိန်းနိုင်ခဲ့ကြပါဘူး။ ပထမဂိုးသွင်းခံထိတုန်းကဆိုရင် ဆန့်ကျင်ဘက်ဂိုးတိုင်ကို ဘယ်သူမှမစောင့်ခဲ့ဘူး။ နေရာအရမ်းလွတ်နေတော့ အသာလေးနဲ့ သွင်းခံထိခဲ့တယ်။ သူတို့မှာရှိတဲ့ အပေါက်ကြီးကို ဘယ်တော့မှမပိတ်စို့နိုင်ခဲ့ကြဘူး အဲ့တာနဲ့ပဲ ပွဲတိုင်းပဲ ဂိုးသွင်းခံထိခဲ့တယ်။ ကြီးမားတဲ့အသင်းနဲ့တွေ့ရင် ဂိုး ၃ လုံးအနည်းဆုံး သွင်းခံထိတတ်တယ်။ ဥပမာ မန်စီးတီးနဲ့ပွဲဆိုရင် ၄ လုံး မန်ယူ ၃ လုံး အာဆင်နယ် ၃ လုံးနဲ့နဲ့ ခြေစွမ်းကျဆင်းနေတဲ့ ချယ်လ်ဆီးကိုတောင် ၂ လုံး ထိလာပါတယ်။ လီဗာပူးလ်နဲ့ကျတော့ ပထမတစ်ပွဲတုန်းက ၉ လုံးတောင်ခံခဲ့ရပါတယ်။ ရှင်းရှင်းပြောရင် ဒီပွဲ ဘုန်းမောက်ဘက်က ဘယ်လိုမျိုးနဲ့ တိုက်ခိုက်လို့ရမယ်မသိတော့ဘူး။ ဘုန်းမောက်တို့ ဒီပွဲ ပိုးစိုးပက်စက်ရှုံးတာထက် ဘယ်ဟာမှမဖြစ်နိုင်တော့ပါဘူး။

လီဗာပူးလ်တို့ကျတော့ ဖြစ်သင့်တဲ့အခြေနေမျိုး ပြန်ဖြစ်ခဲ့ပါပြီ။ ပြောမယ်ဆိုရင် အချိန်မှန်တယ်။ သူတို့က နံပါတ် ၄ မှာရှိတဲ့စပါးထက် ၃ မှတ်ထဲပဲနည်းနေတော့တယ်။ ပြိုင်ပွဲအရေအတွက်လည်း စပါးထက် ၁ ပွဲ ပိုနည်းနေတယ်။ ဂိုးအပေးအယူကျတော့ တော်တော်ပဲပိုသာနေပါတယ်။ အဲ့ဒီတော့ ဒီပွဲ လီဗာပူးလ်တို့ အနိုင်ရရှိခဲ့ရင် နံပါတ် ၄ နေရာ တန်းတက်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်တို့ရဲ့စွမ်းဆောင်ရည်ကတော့ အဲဗာတန်နဲ့အရင်စနိုင်ပြီး စပါးကိုပါ အနိုင်ရသွားတယ်။ ခရစ်စတယ်ပဲလေ့စ်နဲ့သရေကျပြီး နောက်ဆုံးတစ်ပွဲ မန်ယူကို ၇-၀ အနိုင်ရလာခဲ့ပါတယ်။ အစကတော့ ဒီလိုပဲပေါ့။ ခရစ်စတယ်ပဲလေစ့်နဲ့တောင်သရေကျသေးတာပဲ အသက်မရှိသလိုလိုနဲ့ ဘာညာပေါ့။ မန်ယူနဲ့ပွဲရောက်တော့မှ မန်ယူကိုလိုက်ထောင်းရော။ အဲ့နေရာ လီဗာပူးလ်တို့ရဲ့ဦးတည်ချက်က ပြန်လာပြီလို့တောင်ပြောနိုင်တယ်။ ဦးတည်ချက်ကြီးပဲပြန်လာတာမဟုတ်ပါဘူး ဖာမီနိုနဲ့ ဂျိုတာတို့မှာလည်း ပြန်လာနေကြပါပြီ။ အဲ့ဒီတော့ တရားဝင်အလောင်းကစားရုံက လီဗာပူးလ်ရဲ့ပေါက်ဈေးကို ပြန်သတ်မှတ်လိမ့်မယ်။ လီဗာပူးလ်တို့ရဲ့ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် Top4 နေရာ ငြင်းစရာမရှိပါဘူး။ မန်ယူနဲ့ပွဲတုန်းက သူတို့ ကိုယ့်အခြေခံခြေစွမ်းအတိုင်း ပြန်ထိန်းနိုင်ပြီလို့တောင် ယူဆနိုင်ပါတယ်။ ဒီလိုမျိုးပါ ဖာဘင်ဟိုက ကိုယ့်အခြေခံအရည်အချင်းကို တော်တော်ပြန်ထိန်းနိုင်ခဲ့တယ်။ ဘောလုံးဖြတ်ယူမှုကစ ဘောလုံးကြိုတင်ခန့်မှန်းချက်လည်း ပြန်လည်အဆင်ပြေလာတယ်။ ညာဏ်ရည်ရှိရှိနဲ့ ဘောလုံးထိုးပေးတတ်လာတယ်။ နောက်ခံ Konate နဲ့တစ်ယောက်ကလည်း ဗန်ဒိုက်နဲ့တွဲကစားတာ လုံးဝပြီးပြည့်စုံတယ်။ ဘယ်ဘက်ခြမ်းက ရောဘတ်ဆန်ကလည်း လိုအပ်တဲ့နေရာ ကောင်းကောင်းဝင်ဖြည့်နိုင်တယ်။ တစ်ပွဲလုံး အနှောက်ယှက်တော်တော်ပေးနိုင်တယ်။ ညာဘက်ခြမ်းမှအာနိုးလည်း ခံစစ်ပိတ်ကစားတဲ့နေရာ အဆင်ပြေအောင်တော်တော်လုပ်နိုင်ခဲ့တယ်။ ညာဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းကို ဘောလုံးထိုးပေးတာ တော်တော်တိကျခဲ့တယ်။ ဟင်ဒိုဆိုတဲ့ အသင်းကပ္ပတိန်မှာလည်း ကစားပွဲကို တော်တော်ထိန်းချုပ်နိုင်တယ်။ Elliot မှာလည်း တိုက်စစ်ဆင်တိုင်း အန္တရာယ်ပေးနိုင်တဲ့ ဧရိယာအထိ အမြဲရောက်သွားနိုင်တယ်။ သူ့မှာ မန်ယူနဲ့ပွဲတုန်းက ဂိုးသွင်းမှုနဲ့ ၃ လုံးတောင် ပါဝင်ခဲ့ပါတယ်။ အရှေ့တန်းနေရာကျတော့ ပြောစရာတောင်မရှိပါဘူး။ Gakpo၊ နူးနက်ဇ်နဲ့ ဆာလက်တို့ ၃ ယောက်က အရမ်းအဆင်ပြေတဲ့ ၃ တိုက်စစ်မှူးအတွဲတွေပါ။ အားလုံးက နေသားကျသွားပါပြီ။ အခု ကိုယ့်ခြေစွမ်းကို ကောင်းအောင် ဆက်ထိန်းရုံပဲလိုတော့တယ်။ အဲ့တော့ ကိုယ့်ကိုယ်ကို လုပ်ပြဖို့လိုသေးတယ်။ အနီရောင်တိုက်ပွဲ မဟုတ်တော့တဲ့ပွဲတွေမှာ ဘယ်လိုအခြေနေမျိုးရှိလည်းပေါ့။ လက်ရှိအခြေနေကတော့ ယုံကြည်မှုတွေ စိတ်ဓာတ်တွေ အပြည့်ပဲ။ ရဲတင်းမှုတွေ ဦးတည်ချက်တွေကစ ပြန်လာနေကြပြီ။ ယာဂင်ကလော့ပ်က အနီရောင်စက်ကို ပြန်နှိုးနိုင်ပြီ။ လီဗာပူးလ်ရဲ့ Heavy metal က အသက်ပြန်ဝင်လာပြီ။ ဒီပွဲမှာလည်း ဂိုးမတရားသွင်းနိုင်ခဲ့ကြလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်ကပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ ဥပမာ ပထမတစ်ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က အန်ဖီးလ်ကွင်းနဲ့ ၉-၀ တောင် အနိုင်ရသွားပါတယ်။ ရှင်းရှင်းပြောရင် လီဗာပူးလ်တို့ မုန့်အဝစားခဲ့ဖူးပြီးပြီ။ အဲ့ပွဲ ဘုန်းမောက်ရဲ့ အသက်ငယ်နည်းပြ Scott Parker ရဲ့ထိုင်ခုန်က တော်တော်ပဲပူလောင်သွားပါတယ်။ နောက်ဆုံးမှာတော့ အလုပ်ထုတ်ခံထိခဲ့ပါတယ်။ လက်ရှိ နှစ်သင်းရဲ့ရည်မှန်းချက်ကတော့ ဘုန်းမောက်ဘက်က အခုတလော အတန်းဆင်းမယ့်ထဲက နံပါတ် ၁ ဖြစ်နေတယ်။ ရှင်းရှင်းပြောရင် သူတို့ အတန်းမဆင်းဖို့အရေး ရုန်းရတာအရမ်းခက်သွားပါပြီ။ အခုနောက်ပိုင်း အမှတ်နည်းနည်းပါးပါး ကောက်နိုင်ခဲ့ကြပေမယ့် အတန်းဆင်းမယ့်ထဲကနေတော့ ရုန်းမထွက်နိုင်လောက်တော့ပါဘူး။ အဲ့တော့ သူတို့ အတန်းဆင်းရမယ့်ကိစ္စနဲ့ပဲ ဆက်လက်လုံးထွေးခဲ့ရလိမ့်မယ်။ ရုန်းနိုင်မယ်လည်းမထင်ဘူး အရင်တစ်ပွဲတုန်းကတောင် သရေကျတော့မလိုလိုနဲ့ မထိန်းနိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ၂ ပွဲတုန်းက ကြီးမားတဲ့အသင်းနဲ့တွေ့ပြီး တစ်ပွဲမှမထိန်းနိုင်ခဲ့ကြပါဘူး။ အတန်းဆင်းမယ့်ထဲကနေ ဘယ်လိုမှရုန်းလို့ရမယ်မထင်တော့ဘူး။ လီဗာပူးလ်တို့ကျတော့ အရင်တစ်ပွဲကမှ ဆရာကြီးတွေရဲ့ခန့်မှန်းချက်ကို ရှယ်ဖျက်ဆီးခဲ့တယ်။ မန်ယူကိုလိုက်ကြိတ်တာ ရှင်းရှင်းပြောရင် ကြိတ်တာထက်တောင်လွန်သေးတယ်။ ပြောမယ်ဆို စောက်ခွက်ဖြတ်ရိုက်ပြီး မြေမြှုပ်လိုက်တယ် မြေမြှုပ်ပြီးအလောင်းပြန်တူးယူပြီး စောက်ခွက်ထပ်ရိုက်လိုက်တယ်လို့ပဲ ပြောရမှာဗျ။ ဒီစကားနဲမှ ပိုသင့်တော်ပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်တို့က အဲ့ပွဲ အန်ဖီးလ်ကွင်းနဲ့ ကာရာဘောင်းချန်ပီယံကို ၇-၀ နဲ့ တက်ထိုးသွားလို့ပါ။ လီဗာပူးလ်တို့ရဲ့ လက်ရှိဦးတည်ချက်က အတိကျထွက်လာပြီ အဲ့တာ Top4 နေရာထဲပါဖို့ပဲ ဖြစ်ပါတယ်။ နံပါတ် ၄ ထက် ၃ မှတ်ထဲပဲနည်းနေတော့တယ်။ ပြိုင်ပွဲအရေအတွက် ၁ ပွဲပိုနည်းပြီး ဂိုးအပေးအယူပိုကောင်းနေတယ်။ အဲ့တော့ လီဗာပူးလ်တို့ ဒီပွဲ အပီကစားဖို့ရှိလိမ့်မယ်။ ဒီပွဲ လီဗာပူးလ်ဘက်က စောစောစီးစီး ဂိုးအပြတ်သွင်းနိုင်ရင် UCL တိုက်ပွဲမှာ ရီးရဲလ်နဲ့တွေ့ဖို့ရှိတဲ့အတွက် အဓိက ကစားသမားတွေကို တန်းပြီးနားခိုင်းလိမ့်မယ်။ ရီးရဲလ်နဲ့ ပထမလိပ်တုန်းက ၅-၂ နဲ့ အရင်ရှုံးထားပေမယ့် စိတ်လျှော့ပြီးကစားဖို့မရှိပါဘူး။ ဒီပွဲ နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်ကိုယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုသာပါတယ်။ စိတ်ပူစရာလည်းမရှိဘူး။ အဓိက ကစားသမားအားလုံးလည်း အဆင်သင့် ဖြစ်နေကြပါတယ်။ အဲ့တော့ ဒီကနေစပြီး လီဗာပူးလ်ရဲ့ New update ကို မြင်ခဲ့ရလိမ့်မယ်။ ဒီပွဲ လီဗာပူးလ်တို့ ၃ မှတ်ရသွားမှာ သေချာတယ်။

11 Players

Bournemouth (5-4-1)– Neto – Senesi – Stephens – Mempham – Zemura – Smith – Billing – Rothwell – Ouattara – Semenyo – Solanke

Liverpool (4-3-3) – Allison – Trent Arnolds – Robertson – Konate – Van Dijk – Bajcetic – Fabinho – Elliot – Salah – Gakpo – Nunez

Missing Players

AFC Bournemouth – Lewis Cook (Knee Injury), David Brooks (Fitness)

Liverpool FC – Thiago (Problems with the hip flexor), Arthur Melo (Surgery), Luis Díaz (Knee Injury), Calvin Ramsay (Knee Surgery)

Facebook

ခရစ်စတယ်ပဲလေစ့်အသင်း ဒီတိုင်းကြည့်ရင် ဘာမှမရှိဘူးလို့ထင်ခဲ့ရပေမယ့် သူတို့အိမ်ကွင်းအထိ ခရီးစဉ်ခဲ့ရရင်တော့ ဘယ်တော့မှမလွယ်ပါဘူး။ မန်ယူ၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ လီဗာပူးတို့တောင် သူတို့ကိုမနိုင်ခဲ့ပါဘူး။ ဒီပွဲကတော့ သူတို့မှာ Nathan Ferguson နဲ့ Samuel Johnstone တို့ ဒဏ်ရာရထားတဲ့အတွက် မရှိသေးပါဘူး။ ကွင်းလယ်ကစားသမားနဲ့ Sheikh Doucure လည်း အက်စတွန်ဗီလာနဲ့ပွဲတုန်းက အနီကဒ်ထိသွားလို့ မပါပဲနေလိမ့်မယ်။ ဒါပေမယ့် သူတို့ အဓိကဖြစ်တဲ့ Wilfried Zaha ကိုတော့ ပြန်ရလာပြီဖြစ်ပါတယ်။ သူက တော်တော်ကြာကြာ ပျောက်ကွယ်သွားတယ်။ ခရစ်စတယ်ပဲလေစ့်တို့ ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ကွင်းလယ်အတွဲကို Zambi Loconga နဲ့ Will Hughes တို့ကိုပဲ တာဝန်ပြောင်းပေးရလိမ့်မယ်။ ကျန်တဲ့ Nathaniel Clyne, Tyric Mitchell, Mark Guehi, Michael Olis, Jordan Ayew နဲ့ Eberei Eze တို့ကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ အားလုံးပဲ အဆင်သင့် ဖြစ်နေကြလောက်တယ်။

ပက်ဂွာဒီယိုလာနည်းပြရဲ့ မန်စီးတီးတို့ကျတော့ စွမ်းဆောင်ရည်တောက်လျှောက်ကောင်းနေကြပါတယ်။ ဒီနားမတိုင်ခင် စပါးနဲ့ပွဲတုန်းက အရှုံးရလာပေမယ့် အခုတော့ ပြန်ကောင်းနေပြီဖြစ်ပါတယ်။ ဥရောပတိုက်ပွဲတုန်းကလည်း သရေကျသွားပေမယ့် နောက်တစ်ဆင့် ဆန်ကာတင်သွားပြီဖြစ်ပါတယ်။ FA ဖလားတုန်းကလည်း ၃-၀ နဲ့ အနိုင်ရလာပါတယ်။ ဒီပွဲကတော့ ကိုယ့်ထက်အရည်သွေးနိမ့်တဲ့အသင်းနဲ့ တွေ့ရမှာဆိုပေမယ့် ပဲလေစ့်ရဲ့အိမ်ကွင်းကြီးဖြစ်တဲ့အတွက် ဘယ်တော့မှမလွယ်ပါဘူး။ ပြီးတော့ ပက်ဆိုတဲ့နည်းပြကလည်း ပေါ့ဆမယ်မထင်ပါဘူး။ အဲ့တော့ အရင်တစ်ပွဲတုန်းက ကစားသမားတွေကိုပဲ ဆက်ပြီးအသုံးပြုသွားမယ်ထင်ပါတယ်။ ဒီပွဲ သူတို့မှာ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိသွားတဲ့ကစားသမားအသစ်တွေ မပေါ်လာသေးပါဘူး။ အသက် ၃၀ နဲ့ Stefan Ortega ဆိုတဲ့ ဂိုးသမားကလွဲပြီး ဘယ်သူမှမရှိတော့ဘူး။ ဒီပွဲ ပက်က ၄-၃-၃ စနစ်ကစားလိမ့်မယ်။ Kyle Walker, John Stones, Aymeric Laporte နဲ့ Joao Cancelo တို့ကို ခံထားလိမ့်မယ်။ ကွင်းလယ် ၃ ယောက်ကိုကျတော့ Bernardo, Rodri နဲ့ De Bruyne တို့ကို တာဝန်ပေးထားလောက်တယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Riyad Mahrez, Phil Foden နဲ့ Jack Grealish တို့ ၃ ယောက်ကို တာဝန်ပေးထားလိမ့်မယ်။

mcash24 မန်စီးတီးအသင်း ခြေစွမ်းတွေပြန်ပြနိုင်ပြီး လိဂ်တိုက်ပွဲ ၅ ပွဲတုန်းက အနိုင် ၄ ပွဲတောင် ရရှိသွားပါတယ်။ အဲ့ဒီ ၅ ပွဲထဲနဲ့ ဂိုး ၁၂ လုံးတောင် သွင်းနိုင်ကြတယ်။ ဒါပေမယ့် အဝေးကွင်းအခြေနေကတော့ စိတ်ချလို့မရသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်ကို ၄-၁ နဲ့ အနိုင်ရပြီး ဖောရက်နဲ့ပွဲတုန်းကကျတော့ ၁-၁ လေးပဲ လုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းက သူတို့ထက်စောကစားပြီး အနိုင်ရသွားတဲ့အတွက် စိတ်ဖိအားတွေဖြစ်လိမ့်မယ်။ အခု သူတို့ လီဗာပူးလ်ထက် ၃ မှတ်ထဲပဲ ပိုသာနေပါတယ်။ ပြီးတော့ ခရစ်စတယ်ပဲလေစ့်အသင်းက သူတို့အပေါ် အနိုင်ရသွားခဲ့ဖူးသေးတယ်။ နောက်ပြီး စပါးအသင်းကိုတောင် အသွားရော အပြန်ပါ ရှုံးခဲ့ဖူးပါတယ်။ နောက်လာမယ့်ပွဲကျရင် လိုက်ပ်ဇစ်နဲ့လည်း တွေ့စရာရှိသေးတယ်။ အဲ့တော့ သူတို့မှာ စိတ်ပူစရာတွေရှိနေလိမ့်မယ်။ ဒါပေမယ့်လည်း အစစအရာရာကြည့်ပြီးပြောရင်တော့ မန်စီးတီးဘက်က ပိုသာမှန်းမြင်ခဲ့ရပါတယ်။ အဲ့တာနဲ့ပဲ နောက်ဆုံးမှာတော့ မှားယွင်းမှုမရှိရင် မန်စီးတီးတို့ လက်စားပြန်ချေနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

11 Players

Crystal Palace(4-2-3-1): Guaita; Clyne, Andersen, Guehi, Mitchell; Hughes, Lokonga, Eze; Ayew, Zaha, Olise

Manchester City (3-4-3): Ederson; Lewis, Akanji, Dias, Ake; Bernardo, Rodri, De Bruyne; Foden, Haaland, Grealish

Missing Players

Crystal Palace:  Nathan Ferguson (Achilles tendon problems), S. Johnstone (Calf Injury), C.Doucoure

Manchester City: B. Mendy (Disciplinary Sanction), P. Foden (Foot Injury)

Facebook